Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“စုံစမ်းစစ်ဆေးခံနေရတဲ့ သတင်းထောက် လေးဦးလုပ်တဲ့ အလုပ်မျိုးဟာ အင်္ဂလန်တို့၊ အမေရိကန်တို့မှာ လုပ်လို့ရှိရင်လည်း သူတို့နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးဥပဒေတွေအရ စုံစမ်းစစ်ဆေးခြင်းခံရမယ့်ဟာပဲ ဒါဟာလွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ တခြားစီပဲ။ ဒါ့ကြောင့် ကျွန်တော်ထင်တယ်။ ကျွန်တော်လည်း ဒါကိုပဲ ရှင်းပြရမှာပဲ။ နိုင်ငံတကာမှာ ဒီကိစ္စတွေ ရင်ဆိုင်တွေ့ နေရတာပဲ။ ဒါဟာ ကျွန်တော်တို့ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ဘာမှမဆိုင်ဘူး။ ဒါ အမျိုးသားလုံခြုံရေးကိစ္စ ဘယ်နိုင်ငံမှာမဆို ဒါမျိုးကိစ္စသွားပြီးတော့ ဓါတ်ပုံရိုက်တာတို့ အထဲဝင်ဖို့ ကြိုးစားရင် ဒီလိုပဲ အရေးယူခံရမှာပဲ”

ဖေဖော်ဝါရီလ ၉ ရက်နေ့ထုတ် မွန်းတည့်နေ ဂျာနယ် အတွဲ (၂) အမှတ် (၇) တွင် ပါရှိသော “စုံစမ်းစစ်ဆေး ခံနေရတဲ့ သတင်းထောက်လေးယောက်ကိစ္စ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ကို ရှင်းပြရန် အသင့် ရှိဟု သမ္မတပြောခွင့်ရှိသူပြော” သတင်းမှ သမ္မတ ပြောခွင့်ရှိသူ ဦးရဲထွဋ် ၏ ပြောကြားချက်အား ကောက်နှုတ် ချက်။


“ကျွန်တော်တို့က တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်  ဒီမိုကရေစီရအောင် မြန်မာနိုင်ငံသားတွေ လူ့အခွင့်အရေး ရအောင် ကျွန်တော်တို့ ကိုယ်စွမ်း၊ဥာဏ်စွမ်း ရှိသမျှ လုပ်ပေးနေတာဗျ၊ အဲဒါကို မထောက်ခံသေးဘူး ဆိုရင်တော့ အဲဒီအခွင့်အရေးတွေ မလိုချင်လို့ အဲဒီ စနစ်ကို မကြိုက်လို့ဘဲ ဖြစ်ချင်ဖြစ်မှာပေါ့ဗျာ”

ဖေဖော်ဝါရီလ ၈ ရက်နေ့ထုတ် မြန်မာသံတော်ဆင့် ဂျာနယ် အတွဲ (၂) အမှတ် (၄၈) တွင်ပါရှိသော “၂၀၀၈ ဖွဲ့စည်းပုံအနေဖြင့် ပြည်ထောင်စုဖွဲ့စည်းပုံဖြစ်သည်ဟု နေမျိုးဝေ၏ ပြောစကားသည် ဒီမိုကရေစီ မလိုလား သောကြောင့် ပြောခြင်းဟု NLD တုံ့ပြန်” သတင်းမှ NLD ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းမြင့် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဧရာဝတီမြစ်ကြီးကို အကျိုးရှိရှိထုတ်ယူသုံးစွဲနိုင်ဖို့နဲ့ တစ်ပွဲတိုးမဟုတ်ဘဲ ရေရှည်ဖွံ့ဖြိုးအောင် ဆောင်ရွက် နိုင်ဖို့လိုပါတယ်။ ပြီးတော့ အစိုးရအနေနဲ့ ပြည်သူတွေ၊ ပညာရှင်တွေရဲ့ သဘောထားကို အလေးထားတဲ့ အနေနဲ့ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်တဲ့ ပညာရှင်တွေ ပူးပေါင်းပြီး ဧရာဝတီမြစ်ဝှမ်းဒေသကြီး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အမျိုးသားကော်မရှင်၊ ဒါမှမဟုတ် ဧရာဝတီမြစ်ဝှမ်းအာဏာပိုင် အဖွဲ့ကိုဖွဲ့ပေးဖို့ တောင်းဆိုပါတယ်”

ဖေဖော်ဝါရီလ ၈ ရက်နေ့ထုတ် The Trade Time Journal အတွဲ (၂) အမှတ် (၉၅) တွင် ပါရှိသော “ဧရာဝတီအာဏာပိုင်ဖွဲ့ရေး” သတင်းမှ ဦးမောင်မောင်အေး ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျန်းမာရေးအာမခံစနစ်က ပြည်သူတွေအတွက် တကယ်လိုအပ်တဲ့ အာမခံပဲ ကျန်းမာရေးအာမခံဆိုတာ ပေးရတဲ့ငွေက နည်းနည်းလေး၊ ကိုယ့်မှာ ရောဂါဘယဖြစ်လာရင် ဆေးကုသဖို့အတွက် ထိုက်သင့်တဲ့ အကာအကွယ် ရသွားတာပေါ့။ ဒီ စနစ် ပေါ်ပေါက်လာဖို့က အသိပညာနှစ်မျိုးပေးရမှာ ပထမက ပြည်သူလူထုကို နောက်ထပ် အသိပညာပေးဖို့က ဆေးရုံ ဆေးခန်းတွေ၊ အဓိကက ဆေးကုသမှုစရိတ်တွေ ညီညွတ်ဖို့လဲ လိုတယ်။ ဥပမာ သွားနုတ်တာချင်းအတူတူ တစ်ဆိုင် ကလေးကျပ် နောက်တစ်ဆိုင်က တစ်ဆယ်ဖြစ်နေရင် လုပ်ရတာ နည်းနည်းခက်တယ်။ အဲဒါတွေ ကြည့်ဖို့လိုတယ်”

ဖေဖော်ဝါရီလ ၇ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၉၅) တွင် ပါရှိသော “အာမခံငွေကြိုပေးထားရင် ကျန်းမာရေး အဆင်ပြေနိုင်” သတင်းမှ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“Risk နည်းနိုင်သမျှနည်းအောင် လုပ်ချင်တယ်ဆိုတဲ့အပိုင်းမှာ Political Risk လည်း တစ်ခုအပါအဝင် ဖြစ်သလို နောက်တစ်ခုက Legal Frame work နဲ့ ပတ်သက်တဲ့ Risk ရှိမယ်။ Infrastructure နဲ့ ပတ်သက်တဲ့ Risk တွေရှိမယ်။ နောက်တစ်ခုက Labour နဲ့ ပတ်သက်ပြီးတော့ ရှိနိုင်တယ်။ Risk ကတော့ မျိုးစုံရှိတာပေါ့။ အဲဒီ တော့ Political Risk လည်း တစ်ခုအပါအဝင် ဖြစ်ပေမယ့်လို့ သူ့ တစ်ခုတည်းတော့ မဟုတ်ဘူး။ ဥပမာ ကြည့်လိုက်မယ်ဆိုရင် နိုင်ငံရေးတည်ငြိမ်မှုကတော့ အရေးကြီးတယ်။ ဥပမာ တရုတ်နိုင်ငံလို နိုင်ငံ၊ ဗီယက်နမ် လို နိုင်ငံမျိုးမှာတောင် ဝင်နေကြတာပဲ။ အချက်တစ်ခုအနေနဲ့တော့ ပါပါတယ်။ ဒါပေမဲ့ လုံးဝဥဿုံကြီး ဒါ့ကြောင့် မလာဘူးဆိုတာတော့ မဟုတ်ပါဘူး။ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ရင် ကျွန်တော်တို့ တိုင်းပြည်မှာ မနှစ်က ဖြစ်ခဲ့ တာလေးတွေရှိတယ်။ ဒါပေမယ့်လည်း ရင်းနှီးမြှုပ်နှံမှုတွေက မကျဘူး။ တိုးလာတယ်”

ဖေဖော်ဝါရီလ ၇ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အီးယူရင်းနှီးမြှုပ်နှံမှု အချို့ဝင်လာနိုင်သော်လည်း မြန်မာနိုင်ငံတွင် ကြုံတွေ့ရနိုင် သည့် Risk Factor များကို ထည့်သွင်းစဉ်းစားနေသည့်အတွက် အများဆုံး ရင်းနှီးမြှုပ်နှံမည့် နိုင်ငံစာရင်းတွင်” သတင်းမှ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment