Transparency Myanmar

transparency.myanmar@gmail.com

International media (1)

Snapshot of the item below:
International media (1)

ဘာသာပြန်သတင်းများ

ဘာသာရေးလွတ်လပ်ခွင့်ရှိရေးနှင့် ပတ်သက်၍ တရုတ်နှင့်မြန်မာကို အိုဘားမား ရွေးထုတ်ပြ

(AFP 6 Feb 2014 “Obama singles out China, Myanmar on religious freedom” သတင်း ကို ဘာသာပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စု၏ အမျိုးသားလုံခြုံရေးအတွက် ဘာသာရေးလွတ်လပ်ခွင့်သည် များစွာ အရေးပါကြောင်း သမ္မတအိုဘားမားက ကြာသာပတေးနေ့တွင် ပြောကြားလိုက်ပြီး ပိုမိုစိတ်ရှည်သီးခံမှု ပြသသင့်သော နိုင်ငံများအ ဖြစ် တရုတ်နှင့်မြန်မာကို သတ်သတ်မှတ်မှတ် ရွေးထုတ်ပြခဲ့သည်။

နှစ်စဉ်ကျင်းပသော National Prayer Breakfast တွင် သမ္မတအိုဘားမားက “ဘာသာရေးလွတ်လပ်ခွင့် အပါအဝင် ပြည်သူတွေရဲ့ အခွင့်အရေးတွေကို အလေးထားတဲ့ နိုင်ငံတွေဟာ တကယ်ကို ပြည့်ပြည့်ဝဝ ငြိမ်းချမ်းမှု မျှတမှု တွေနဲ့ ပိုမိုအောင်မြင်မှုရကြတယ်ဆိုတာကို သမိုင်းက ပြသနေပါတယ်။ ဒီ အခွင့်အရေးတွေကို အလေးမထားတဲ့ နိုင်ငံတွေ ကတော့ မတည်ငြိမ်မှု၊ အကြမ်းဖက်မှု အစွန်းရောက်ဝါဒ အစရှိတဲ့ ခါးသီးခြင်းမျိုးစေ့တွေကို စိုက်ပျိုးခဲ့ကြတာပါ။ ဒါ့ကြောင့် ဘာသာရေးလွတ်လပ်ခွင့်ဟာ ကျွန်တော်တို့ရဲ့ အမျိုးသားလုံခြုံရေးအတွက် သိပ်ကိုအရေးကြီးပါတယ်” ဟု ပြောကြားခဲ့ သည်။

အိုဘာမားက “လူ့အခွင့်အရေးကိစ္စတွင် အမေရိကန်စံနှုန်းကို မမှီသော အစိုးရများနှင့် အလုပ်လုပ်ရန် တွန်းအား ပေးခံရသော အချိန်များရှိခဲ့သော်လည်း အဓိက အမျိုးသားလုံခြုံရေး အကျိုးစီးပွားများနှင့် ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီမှု ရခဲ့သည်” ဟု ဆိုပါသည်။

ဤ ကိစ္စသည် အမြဲတစေ အဆင်ပြေလွယ်ကူခြင်း မရှိသော်လည်း အခြေခံလူ့အခွင့်အရေးအတွက် ရပ်တည် ခြင်းသည် အမေရိကန်ပြည်ထောင်စု၏ အကျိုးစီးပွားများထဲတွင် ပါဝင်သည်ဟု ၎င်းက ပြောကြားသည်။

“ကျွန်တော်တို့ဟာ တရုတ်တွေနဲ့ အလုပ်တွေအများကြီး လုပ်နေပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံရဲ့ အလား အလာဟာ ခရစ်ယာန်တွေ၊ တိဘက်ဗုဒ္ဒဘာသာဝင်တွေ၊ အူဂါမွတ်ဆလင်တွေရဲ့ အခွင့်အရေးတွေ အပါအဝင် အခြေခံ အခွင့်အရေးတွေကို လေးလေးစားစား လက်ခံစောင့်ရှောက်မှု အပေါ်မှာ မူတည်နေတယ်လို့ နားလည်ခံစားမိကြောင်း ထုတ်ဖော်ပြောချင်ပါတယ်” ဟု အိုဘားမား က ပြောဆိုသည်။

သမ္မတ အိုဘားမားက ၎င်းအနေဖြင့် Burma ဟု လူသိများသော မြန်မာနိုင်ငံအား အဆက်ပြတ်၊ အထီးကျန်နွံ့ ထဲမှ ဆွဲထုတ်ရန် ကြိုးပမ်းရာတွင် အကူအညီပေးနေရသူ သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးရာတွင်လည်း ခရစ်ယာန်နှင့်မွတ်ဆလင် လူမျိုးစုများ အကြောင်း ဆွေးနွေးပြောဆိုခဲ့သည်ဟု ဆိုပါသည်။

ထို့အပြင် နိုက်ဂျီးရီးယား နှင့် တောင်ပိုင်းဆူဒန် တို့တွင် လွတ်လပ်စွာကိုးကွယ်ပေးရန် အိုဘားမားက တောင်းဆို လိုက်ပြီး ၎င်း၏ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ညှိနှိုင်းပေးနေသော အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး စေ့စပ်မှုတွင် ဘာသာရေး အထွဋ်အမြတ်နေရာများသို့ သွားရောက်ခွင့်ပေးရေးကိစ္စ ပါဝင်ရလိမ့်မည်ဟု ပြောကြားသည်။

ဆိုးဆိုးဝါးဝါး ဆီးရီးယားပြည်တွင်းစစ်ကို အဆုံးသတ်မည့် ညှိနှိုင်းမှု မှန်းသမျှတွင်လည်း အလာဝီ၊ ဆွန်နီ၊ ရှီးယား မွတ်ဆလင်များနှင့် ခရစ်ယာန် တို့အတွက် ဘာသာရေး လွတ်လပ်ခွင့်များကို ထည့်သွင်းဖော်ပြရမည်ဟု အိုဘားမား က ဆက်လက်ပြောကြားသည်။

ထို့အပြင် မြောက်ကိုရီးယားမှ အမေရိကန်သင်းအုပ်ဆရာ ကင်းနက်ဘေး၊ အီရန်မှ အမေရိကန်သင်းအုပ်ဆရာ ဆိဒ်အာဘီဒီနီ တို့ အပါအဝင် ကမ္ဘာတစ်လွှား ဘာသာရေး တရားဟောပြော စည်းရုံးရင်း  အဖမ်းခံရသူ ဘာသာရေး မစ်ရှင်များကိုလည်း လွှတ်ပေးရန် အိုဘားမားက တောင်းဆိုလိုက်ပါသည်။

ထိုမျှသာမက စင်ထရယ်အာဖရိက ရီပတ်ဗလစ် နိုင်ငံတွင် အုပ်စုများကွဲနေခြင်းကို ထောက်ပြကာ ကမ္ဘာ့နိုင်ငံ များ နိုင်ငံရေး ချောက်ကမ်းပါးထဲကျအောင် အစွန်းရောက်ဝါဒီများက သွေးခွဲမှုမီးစကို မွှေးနေကြောင်း အမေရိကန် သမ္မတက ထုတ်ဖော်ပြောဆိုသည်။

“ဘာသာရေးကို ခုတုံးလုပ် ခေါင်းစဉ်တပ်ပြီး တစ်ဦးတစ်ယောက် ထိခိုက်နစ်နာအောင် အန္တရာယ်ပြုတာဟာ ဘုရားသခင်နဲ့ ကျွန်ုပ်တို့ကြားက ဆက်နွယ်မှုကို မှေးမှိန်အောင် ပြုလုပ်နေတာပါ”

“အပြစ်မဲ့သူတွေကို သတ်ဖြတ်တာဟာ ဘုရားသခင်ရဲ့ အလိုတော်နဲ့ လုံးဝမကိုက်ညီပါဘူး။ အမှန်တကယ် ဆိုရင် ဒီကိစ္စဟာ ဘုရားသခင်ရဲ့အကိုတော်ကို အဆုံးစွန်သစ္စာဖောက်မှု တစ်ခုဖြစ်ပါတယ်” အစရှိသဖြင့် သမ္မတ အိုဘားမားက ပြောကြားသွားသည်။

National Prayer Breakfast သည် နိုင်ငံရေးပါတီနယ်ပယ်မှ ဥပဒေပြုအမတ်များ အစိုးရတာဝန်ရှိသူများ၊ ဆုံးဖြတ်ချက်ချသူ ခေါင်းဆောင်များ နှစ်စဉ်အတူတကွ စုဝေးကြသော အခမ်းအနား တစ်ခုဖြစ်သည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment