Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

"အကယ်၍ ဒီ ၁၃၅ မျိုး အတိုင်းသာ ဆက်လုပ်သွားမယ်ဆိုရင် နံပါတ်တစ် ထိခိုက်သွားမှာက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ထိခိုက်သွားမှာ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအတိုင်း ဆက်လုပ်သွားလို့ တစ်ဖွဲ့ဖွဲ့က မကျေနပ်ဘူးဆိုရင် လက်နက်ပြန်ကိုင်ကြမှာပဲ။ လောလောဆယ် အနေအထားအရလည်း အပစ်အခတ် ရပ်စဲသေးတာ မဟုတ်ဘူး။ အဲဒီတော့ ကောက်လိုက်လို့ ထွက်လာတဲ့ ရလဒ်ဟာ သူတို့ မျှော်မှန်းထားတဲ့ အတိုင်း မဟုတ်ဘူးဆိုရင် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေက စကားပြန်ပြောလာမှာ ဖြစ်တယ်။ အဲဒီတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ထိခိုက်လာမှာ ဖြစ်တယ်"

ဖေဖော်ဝါရီလ ၉ ရက် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော "သန်းခေါင်စာရင်း ကောက်ယူမှုကို အချိန်ရွှေ့ဆိုင်ပေးရန် ကချင် လူမှုအဖွဲ့အစည်း ၂၃ ဖွဲ့က သမ္မတ နှင့် ပြည်ထောင်စု လွှတ်တော်နာယကထံ တောင်းဆို" သတင်းမှ ကချင် ငြိမ်းချမ်းရေးကွန်ယက်မှ ဒေါ်ခွန်ဂျာ၏ ပြောကြားချက် အား ကောက်နှုတ်ချက်။


"တက္ကသိုလ်တွေ ဖွင့်မယ်။ ဖွင့်တဲ့ တက္ကသိုလ်မှာ ပါမောက္ခတွေ ခန့်ပြီးတော့ ကားကြီးတွေ စီးမယ်ဆိုတဲ့ အစီ အစဉ်နဲ့ စီမံကိန်း ထည့်ထားတယ်လို့ ထင်ပါတယ်။ ဒီဟာတွေကို နည်းနည်းဆင်ခြင်ဖို့ ကောင်းပါတယ်။ အထူး အားဖြင့် ပညာရေးဝန်ကြီးဌာန လက်အောက်မှာ ထားသင့်တဲ့ သင်တန်းကျောင်းကလေး တစ်ခုကို သမဝါယမ ကောလိပ် ၊ သမဝါယမ တက္ကသိုလ်လို့ ခေါ်တယ်ဆိုတာ သူများ တိုင်းပြည်ကြားရင် အလွန် ရှက်စရာ ကောင်းတဲ့ ကိစ္စဖြစ်ပါတယ်"

ဖေဖော်ဝါရီလ ၉ ရက် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော "ပညာရေးဝန်ကြီးဌာန ထားသင့်သော သင်တန်းကျောင်းတစ်ခုကို သမဝါယမ ကောလိပ် ၊ တက္ကသိုလ်ဟု ခေါ်ဆိုခြင်းသည် အခြား တိုင်းပြည်မှ ကြားလျှင် ရှက်စရာကောင်းကြောင်း လွှတ်တော်ကိုယ်စားလှယ် ဝေဖန်" သတင်းမှ ဒဂုံ မြို့သစ် မြောက်ပိုင်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


"မြေအောက်ရထားကတော့ ရင်းနှီးမြှုပ်နှံမှု ပမာဏ ကြီးမားလွန်းတဲ့အတွက် ကျွန်တော်တို့ လောလောဆယ်မှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ ရန်ကုန်မြို့လယ် ရထားလမ်းသစ် ၊ နောက်တစ်ခါ အုတ်ကျင်းနဲ့ လှိုင်သာယာ ၊ ပါရမီ - မြောက်ဒဂုံ ရထားလမ်းသစ် ၊ ပါရမီ နဲ့ အုတ်ကျင်း ၊ ရန်ကုန် - ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ ရထားလမ်းသစ်များ ဖြစ်မြောက်ရေး လေ့လာဆန်းစစ်မှုများ ဆောင်ရွက်သွားမှာဖြစ်တဲ့ အတွက် JICA နဲ့ အသေးစိတ် ဘက်စုံ ညှိနှိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"

ဖေဖော်ဝါရီလ ၁ဝ ရက် The Messenger ဂျာနယ် အတွဲ (၄) ၊ အမှတ် (၃၈) တွင် ပါရှိသော "ရန်ကုန်မြို့တွင် ကောင်းကင် ရထားပြေးဆွဲမှုကို လာမည့်ငါးနှစ်အတွင်း စတင် ဆောင်ရွက်မည်" သတင်းမှ ရထား ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


"အန်တီကတော့ လွှတ်တော်ထဲမှာ ပြင်တာကို ကြိုက်တယ်။ လွှတ်တော်ထဲမှာ ပြင်တဲ့ နည်းတစ်ခုတည်း ရှိတယ် တော့ မပြောလိုပါဘူး။ သို့သော်လည်း အေးအေးဆေးဆေးနဲ့ ပြည်သူလူထု ဘာမှ ရုန်းရင်းဆန်ခတ် မဖြစ်ရ အောင် ၊ တရားဥပဒေ စိုးမိုးရေးဘက်ကလည်း ရှင်သန်အောင် နောက်ပြီးတော့ အစကတည်းက ဒီမိုကရေစီ လမ်းလျှောက်တယ်ဆိုကတည်းက မှန်ကန်တဲ့လမ်းကို လျှောက်နိုင်အောင်လို့ လွှတ်တော်တွင်းက ပြင်မယ်။ လွှတ်တော်တွင်းက ပြင်လို့ရအောင်လည်း ကြိုးစားမှာပဲ"

ဖေဖော်ဝါရီလ ၁၁ ရက် True News ဂျာနယ် အတွဲ (၆) ၊ အမှတ် (၁၇) တွင် ပါရှိသော "အခြေခံဥပဒေ ကို လွှတ်တော်အတွင်း ပြင်ဆင်ခြင်း အကောင်းဆုံးဖြစ်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို" သတင်းမှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment