Transparency Myanmar

transparency.myanmar@gmail.com

International media (1)

Snapshot of the item below:
International media (1)

ဘာသာပြန်သတင်းများ

ရေနံနှင့်ဓါတ်ငွေ့ကို ပြည်ပသို့ မရောင်းမှီ ပြည်တွင်းလိုအပ်ချက်ကိုအရင်ဖြည့်မည်ဟစွမ်းအင်ဝန်ကြီးဌာနဆို

(International Business Times မှ 7 Feb 2014 ရက်စွဲပါ “ Myanmar oil and gas: Domestic demand comes before exports, Ministry of Energy says” သတင်းကိုဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံသည် သဘာဝသယံဇာတရေနံနှင့်ဓါတ်ငွေ့တို့ကိုတင်ပို့ရောင်းချရန် မစဉ်းစားမှီ ပြည်တွင်းလို အပ်ချက်ကို လုံလောက်အောင် ဖြည့်ဆီးပေးသွားမည်ဟုစွမ်းအင်ဝန်ကြီးဌာနအကြီးတန်း တာဝန်ရှိသူတစ်ဦးကပြော ကြားသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်ရှိရေနံနှင့် ဓါတ်ငွေ့လုပ်ကွက် (၃၀)ကိုရှာဖွေထုတ်ယူခွင့်အတွက် တင်ဒါအောင်သူ စာရင်းကိုယခုလင်္တင် ကြေညာရန် စွမ်းအင်ဝန်ကြီးဌာနကအဆင်သင့်ဖြစ်နေသည့် အလျှောက်ယခု အာမခံချက်ထွက်ပေါ်လာ ခြင်းဖြစ်သည်။ ၎င်းတင်ဒါအတွက် မနှစ်ကဖိတ်ခေါ်ရာတွင် Royal Dutch Shell, Exxon Mobil, Total, Statsil, Conoco Phillips တို့အပါအဝင် နိုင်ငံတကာရေနံကုမ္ပဏီအမြောက်အများပါ ဝင်ခဲ့ကြသော်လည်းယခင်ကရှာဖွေထုတ်ယူမှု မပြုလုပ်ရသေးသောလုပ်ကွက်များမှ မည်သို့ အကျိုးအမြတ်ရမည်ကို မည်သူမှ မသိကြပေ။

တိုကျိုတွင် ကျင်းပနေသောရေနံကွန်ဖရင့်သို့ တက်ရောက်ရန် ရောက်ရှိနေသည့် မြန်မာ့စွမ်းအင်ဝန်ကြီးဌာနမှ စီမံကိန်းရေးဆွဲရေးဌာနညွန်ချုပ်ဦးဝင်းမော်က“ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပြီးမှ တင်ပို့ရောင်းချဖို့ အစိုးရကဆုံးဖြတ်ထားပါတယ်”ဟုရေနံသတင်းဌာနPlattsသို့ သောကြာနေ့ကပြောကြားခဲ့သည်။

ရတနာ၊ ရဲတံခွန်နှင့်ရွှေ ဓါတ်ငွေ့စီမံကိန်း (၃)ခုမှ ထွက်ရှိသောဓါတ်ငွေ့ ၈၀ ရာခိုင်နှုန်းကိုထိုင်းနှင့် တရုတ်သို့ တင်ပို့ရောင်းချနေသော မြန်မာအစိုးရ၏ ယခုထွက်ဖော်ပြောဆိုမှုသည် လက်ရှိသဘာဝသယံဇာတစီမံခခန့်ခွဲပုံမှ လမ်းခွဲထွက်လာခြင်း ဖြစ်သည်။

ယခင်တပ်မတော်အစိုးရလက်ထက်တွင် မြင်မကောင်း၊ ရှုမကောင်းလောက်အောင် တိုင်းပြည်၏ လူနေမှုအဆင့် ပိုးစိုးပက်စက် စုတ်ပြတ်နိမ့်ကျသွားခဲ့ခြင်းကြောင့် အသွင်ပြောင်းခေတ်မှီတိုးတက်ရေးကိုတက်သုတ်ရိုက် လုပ်ဆောင်နေ ရသော မြန်မာနိုင်ငံသည် ၎င်း၏ ခြံထွက် စွမ်းအင်ရင်းမြစ်များကိုမရှိမဖြစ် အသုံးပြုရန်လိုအပ်နေပြီးအထူးသဖြင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်ရာတွင် သုံးရန်ဖြစ်သည်။

မြန်မာနိုင်ငံ ၃၀ ရာခိုင်နှုန်းမျှသာ လျှပ်စစ်ဓါတ်အားကိုသုံးစွဲခွင့်ရသည့်အပြင် ဓါတ်အားလှိုင်းကွန်ယက်မှာ လည်းမကြာခဏ ဖြတ်ဆောက်မှုများနှင့် ကြုံတွေ့နေရဆဲဖြစ်သည်။

လက်ရှိအာဏာရပါတီနောက်ကောက်ကျဖွယ်ရှိသည်ဟုမျှော်လင့်ရသော ၂၀၁၅ ရွေးကောက်ပွဲများနှင့် နီးကပ်လာသည့် အလျှောက် နိုင်ငံတွင် အရေအတွက် အများဆုံးနှင့် အဆင်းရဲဆုံးအခြေခံလူတန်းစားအလွှာကို လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးနိုင်ရန်အစိုးရကအရှိန်မြှင့် ကြိုးပမ်းလျှက်ရှိရာ ကြီးထွားလာသော ပြည်တွင်းလိုအပ်ချက်ကို ပြည့်မှီရန်အတွက် ဈေးကြီးသည့် သဘာဝဓါတ်ငွေ့ရည် CNG ကိုတင်သွင်းရန်အထိပင် အစိုးရကစဉ်းစားနေသည်။

ဘန်ကောက်အခြေစိုက် ဒေသတွင်းစွမ်းအင်ကဏ္ဍ အကဲခတ်လေ့လာသူကောလင်းရေးနိုးကယခုသတင်းသည် ကမ်းလွန်လုပ်ကွက်တင်ဒါဆွဲသူများအတွက် အံအားသင့်စရာမဟုတ်ဟုမှတ်ချက်ပေးသည်။

“ ကမ်းလွန်လုပ်ကွက် ၃၀ အတွက် ပထမအချီတင်ဒါပြိုင်ကြတဲ့ နိုင်ငံတကာရေနံကုမ္ပဏီကြီးတွေ ဟာရေနံဓါတ်ငွေ့သိုက် အသစ်တွေ့ရှိမှု မှန်သမျှအပေါ် ဖြစ်လာနိုင်တဲ့ ပို့ကုန်ကန့်သတ်မှုတွေကိုသိရှိထားကြပါလိမ့်မယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးသူတို့ (ရေနံကုမ္ပဏီများ) ခန့်မှန်းနိုင်တဲ့ အချက်ကတော့ အသစ်တွေ့မဲ့ရေနံဓါတ်ငွေ့သိုက်တွေဟာ မြန်မာပြည်တွင်းသုံးကြောင့် များများစားစားပဲ့မပါသွားလောက်အောင် ကြီးမားမယ်ဆိုရင် ပြည်ပဈေးကွက်ကို ထုတ်ရောင်းလို့ ရနိုင်တယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်” ဟုကောလင်းရေးနိုးကသုံးသပ်ပြောဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ လက်ရှိရေနံချက်စက်ရုံသုံးခု၏ စုစုပေါင်းထုတ်လုပ်နိုင်စွမ်းထက် ပိုများသော ပမာဏဖြစ်သည့် တစ်ရက်လျှင် ရေနံစိမ်းစည် ၅၆,၀၀၀ ချက်လုပ်နိုင်စွမ်းရှိမည့် ရေနံချက်စက်ရုံသစ် တည်ဆောက်ရန် ကန်ထရိုက်လုပ်ငန်းအတွက် နိုင်ငံခြားကုမ္ပဏီများကိုတင်ဒါဖိတ်ခေါ်ရန် စွမ်းအင်ဝန်ကြီးဌာနကစီစဉ်နေကြောင်းPlatts က သတင်းဖော်ပြသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment