Transparency Myanmar

transparency.myanmar@gmail.com

International media (1)

Snapshot of the item below:
International media (1)

ဘာသာပြန်သတင်းများ

(Shanghai Daily မှ 9 Feb 2014 ရက်စွဲပါ “Thai naval ship to call at Myanma port” သတင်းကို ဘာသာပြန်ဆိုသည်)

(8 February 2014 ရက်စွဲပါ Anatoly Agency မှ “Turkey lands helping hand to Myanmar ကို ဘာသာပြန်ဆိုသည်)


သီလဝါဆိပ်ကမ်းသို့ ထိုင်းရေတပ်သဘောင်္များ ဆိုက်ကပ်ရပ်နားမည်

(Shanghai Daily မှ 9 Feb 2014 ရက်စွဲပါ “Thai naval ship to call at Myanma port” သတင်းကို ဘာသာပြန်ဆိုသည်)

ထိုင်းဘုရင့်ရေတပ်မတော် လေ့ကျင့်ရေး ယူနစ်၏ လေ့ကျင့်မှု အစီအစဉ်တစ်ရပ် အနေဖြင့် ဖေဖော်ဝါရီ ၁၉ တွင် မြန်မာနိုင်ငံရန်ကုန်မြို့တော် သီလဝါ ဆိပ်ကမ်း၌ ထိုင်းဘုရင့်ရေတပ်မတော် စစ်သဘောင်္ သုံးစင်း ဝင်ရောက် ဆိုက်ကပ် ရပ်နားရန် စီစဉ်ထားသည်ဟု ထိုင်းသံရုံးက ပြောကြားသည့်အတိုင်း တနင်္ဂနွေနေ့ သတင်းများတွင် ဖေါ်ပြထားသည်။

ထိုင်းရေတပ်အရာရှိဟောင်း ၆၉၅ ဦးနှင့် အုပ်ချုပ်ရေး အရာရှိများလိုက်ပါလာမည့် ထိုင်းစစ်သဘောင်္ သုံးစင်းသည် မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်းတွင် ၅ ရက်ကြာ ဆိုက်ကပ်ရပ်နားမည်ဖြစ်ပြီး၊ ယင်းသို့ ရပ်နားစဉ်အတွင်း ထိုင်းရေတပ် အရာရှိလောင်းများက ရန်ကုန်မြို့ သုဝဏ္ဏ အားကစားရုံတွင် ထိုင်း မြန်မာ ရေတပ် ချစ်ကြည်ရေး ဘော်လီဘော ပြိုင်ပွဲ ယှဉ်ပြိုင်ကစားခြင်း၊ သွေးလှူဒါန်းခြင်း၊ ပြည်သူ့ဥယျာဉ်တွင် သစ်ပင်စိုက်ပျိုးခြင်း အပါအဝင် လှုပ်ရှားမှု အစီအစဉ် အမျိုးမျိုး ပြုလုပ်ကြမည်ဟု သိရှိရသည်။

၂၀၁၃ စက်တင်ဘာကလည်း ဂျပန်ရေတပ်၏ ကမ္ဘာပတ်ခုတ်မောင်းမှု အစီအစဉ်တစ်ရပ်အနေဖြင့် ဂျပန်ရေတပ် သဘောင်္သုံးစင်း ရန်ကုန်မြို့တော် သီလဝါဆိပ်ကမ်းတွင် ဝင်ရောက်ရပ်နားခဲ့သည်။

ရေတပ်သဘောင်္သား ၇၃၀ လိုက်ပါလာသော ဂျပန်ရေတပ်သဘောင်္များ၏ ဝင်ရောက်ရပ်နားမှုသည် ဒုတိယ ကမ္ဘာစစ် ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံသို့ ဂျပန်စစ်သဘောင်္များ ဝင်ရောက်လည်ပတ် ခြင်းဖြစ် သည်။

ယခင် တပ်မတော်အစိုးရ လက်ထပ်ကမူ မြန်မာဆိပ်ကမ်းများသို့ တရုတ်စစ်သဘောင်္များသာ ဝင်ရောက်ရပ်နား လေ့ရှိခဲ့သည်။


တူရကီက မြန်မာကို ကူညီ

(8 February 2014 ရက်စွဲပါ Anatoly Agency မှ “Turkey lands helping hand to Myanmar ကို ဘာသာပြန်ဆိုသည်)

IHH လူသားချင်းစာနာမှုဆိုင်ရာ ကယ်ဆယ်ရေး ဖောင်ဒေးရှင်းသည် တူရကီပြည်သူများ ကိုယ်စား မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်ဆလင်များသို့ လှူဒါန်းမှုများ အောင်မြင်စွာပြုလုပ်ခဲ့ပါသည်။

လှူဒါန်းမှုများကို နေအိမ်မှ နှင်ထုတ်ခံပြီး စခန်းများတွင် လည်းကောင်း၊ ရဲအစောင့်အရှောက်နှင့် နေရသော ရွာများရှိ ရခိုင်များကိုလည်း ပေးခဲ့ပါသည်။

IHH၏ တောင်အာရှ တာဝန်ရှိ ပုဂ္ဂိုလ် Eyup Ural က Anadolu အေဂျင်စီ (AA) သို့ပြောကြားရာတွင် တူရကီများသည် အမြဲတမ်းရိုဟင်ဂျာ မွတ်ဆလင်များကို ထောက်ခံကြောင်းဆိုပါသည်။

“ခြောက်လအတွင် စားနပ်ရိက္ခာနဲ့စောင် ၂၀၀၀၀ ခန့်ကို မိသားစု ၄၀၀၀ ကိုပေးခဲ့ပါတယ်။ တူရကီမှာရှိတဲ့ ရိုဟင်ဂျာ မွတ်ဆလင်များရဲ့ ကျေးဇူးကြောင့် လုပ်ရကိုင်ရတာ အားရှိပါတယ်”ဟု IHH၏ ဖော်လကန် တာဝန်ရှိပုဂ္ဂိုလ် Yuruf Korkmaz ကဖြည့်စွက်ပြောပါသည်။

IHH ဖော်ဒေးရှင်းမှ အဖွဲ့ဝင်များသည် IHH မှ ဆောက်လုပ်သော ဆေးခန်းများကို သွားရောက် လည်ပတ်ခဲ့ ပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment