Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် ပထမ ၁၀ လ အတွင်း မြန်မာနယ်စပ်ကုန်သွယ်ရေး ဒေါ်လာ ၄ ဘီလီယံသို့ ရောက်ရှိ

(Shanghai Daily မှ 8 Feb 2014 ရက်စွဲပါ “Myanmar’s border trade hits over $ 4 billion in to moths” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ပထမဆယ်လ (ဧပြီ-ဇန်နဝါရီ) အတွင်း အမေရိကန် ဒေါ်လာ ၄ ဘီလီယံ အထိရောက်ခဲ့သည်ဟု စနေနေ့က တရားကိန်းဂဏန်းများအရ သိရှိရသည်။

မြန်မာနိုင်ငံသည် တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ အိမ်နီးချင်းလေးနိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှုကို နယ်စပ်ဂိတ် ၁၄ ပေါက်မှ တဆင့် လုပ်ကိုင်နေခြင်းဖြစ်သည်။

အဆိုပါ ကာလအတွင်း စုစုပေါင်း ကုန်သွယ်မှု ပမာဏ တန်ဖိုး ဒေါ်လာလေးဘီလီယံအနက် မြန်မာနိုင်ငံ၏ အကြီးဆုံးနယ်စပ်ဂိတ် မူဆယ်တစ်ခုတည်းမှပင် ကုန်သွယ်မှု တန်ဖိုး ဒေါ်လာ ၃.၁၂ ဘီလီယံရှိခဲ့သည်။

မြန်မာနိုင်ငံသည် မူဆယ်အပြင်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး ဂိတ်များတွင် တရုတ်နိုင်ငံနှင့် လည်းကောင်း၊ တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ နဘူးလည်၊ ထီးခီးနှင့် မောတောင် ဂိတ်များတွင် ထိုင်းနှင့် လည်းကောင်း၊ စစ်တွေနှင့် မောင်းတော ဂိတ်များတွင် ဘင်္ဂလားဒေ့ရှ် နှင့်လည်းကောင်း၊ တမူး နှင့် ရိဒ် ဂိတ်များတွင် အိန္ဒိယနိုင်ငံနှင့်လည်းကောင်း နယ်စပ်ကုန်သွယ်မှုများ အသီးသီး လုပ်ကိုင်လျက်ရှိသည်။

၂၀၁၃ စက်တင်ဘာလ အထိ မြန်မာနိုင်ငံ၏ စုစုပေါင်း နိုင်ငံခြားကုန်သွယ်မှု တန်ဖိုး ၁၅.၂၇ ဘီလီယံ ဒေါ်လာ ရှိခဲ့ရာတွင် ပို့ကုန်ပမာဏ ၇.၈၄ ဘီလီယံဒေါ်လာ ပါဝင်သည်ဟု တရားဝင်ကိန်းဂဏန်းများအရ သိရှိရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment