Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ပြည်သူတွေက တင်ပြလာတဲ့ ဒေသတွင်းလိုအပ်ချက်တွေကို ရပ်ရွာအထောက်အကူပြု ကော်မတီ၊ မြို့နယ် အထောက် အကူပြုကော်မတီ၊ စည်ပင်သာယာရေး အထောက်အကူပြု ကော်မတီတွေနဲ့ ညှိနှိုင်းပြီး အရေးကြီးလုပ်ငန်းတွေ ထပ်မံရွေးချယ် သုံးစွဲတာဖြစ်တယ်။ လွှတ်တော်ကိုယ်စားလှယ်တွေက ငွေကိုင် ခွင့်မရှိဘူး”

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ထုတ် Mizzama Daily နေ့စဉ်ထုတ် သတင်းစာတွင်ပါရှိသော “ပြည်သူ့အကျိုးပြု လုပ်ငန်းများအတွက် ခွဲတမ်းငွေသုံးစွဲစာရင်း ယခုနှစ်မတ်လ၌ အပြီးသတ် တင်ပြသွားကြရမည်” သတင်းမှ  လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“လက်ရှိအချိန်က ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ လုပ်နေတာဖြစ်တဲ့အတွက် နည်းနည်းတော့ လိုအပ်ချက်တွေ ရှိနေ တာပါ။ ပြည်သူကို ဗဟိုပြုထားပါတယ်လို့ ပြောနေတဲ့အကြား အစိုးရရဲ့ဆုံးဖြတ်ချက်ကို ပြန်ယူနေရသေးတာကိုက မဟုတ်သေးတာလေ။ ဒီထက်ပိုပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ပေးစေလိုတယ်။ သတင်းအချက်အလက်တွေကိုလည်း အစိုးရက ထိရောက်အောင် ဖြန့်ဝေပေးစေလိုတာပေါ့။”

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ထုတ် ပြည်မြန်မာ သတင်းစာတွင် ပါရှိသော “အစိုးရ၏ ဆောင်ရွက်ချက်များကို ပြည်သူ ၈၀ရာခိုင်နှုန်းကျော် မသိရှိဟုဆို” သတင်းမှ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး ပြောကြားချက်အား ကောက်နှုတ်ချက်။


“အရင်က ဓာတ်အားပြတ်တောက်မှုဖြစ်ပြီဆိုရင် ဘယ်နေရာကဖြစ်နေတယ်ဆိုတာ လိုက်ရှာနေရတာနဲ့တင် အချိန်ကြာနေ တယ်။ ဒီစနစ်ကို အသုံးပြုလိုက်ပြီဆိုရင် ဖြစ်တဲ့နေရာကို တန်းပြီးသိနိုင်မှာဖြစ်တဲ့အတွက် အချိန်တို အတွင်းမှာ ပြုပြင်နိုင်မှာ ဖြစ်သလို ဖြစ်တဲ့နေရာလေးကိုပဲ ဓာတ်အားခဏ ဖြတ်ထားပြီး ကျန်တဲ့နေရာတွေကို ဓာတ်အားပေးထားနိုင်မှာ ဖြစ်ပါ တယ်။”

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ထုတ် 7 Day Daily သတင်းစာတွင်ပါရှိသော “ရန်ကုန်သုံးမြို့နယ်တွင် ဓာတ်အား ပြတ်တောက်မှု ဧရိယာသိနိုင်မည့်စနစ် JICA အကူအညီဖြင့်တပ်ဆင်မည်” သတင်းမှ ဒုအင်ဂျင်နီယာချုပ် ဦသန့်ဇင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ယခု မြန်မာ့စီးပွားရေးကို ပြောရရင် ရမ်းပြီးလုပ်နေရတဲ့ အခြေအနေပဲ၊ အမှောင်ထဲလမ်းလျှာက်နေရသလိုပဲ၊ မလျှောက် လို့လဲမရဘူး။ အခုအချိန် ဘာမူဝါဒမှ တိတိကျကျကို မရှိသေးတဲ့ အနေအထားမှာ ရှိနေတယ်၊ စီးပွားရေးလုပ်ငန်းကလဲ မလုပ်ဘဲနေလို့မရဘူး၊ မလုပ်ဘူးနေလို့ရှိရင်လဲ ကိုယ်မရယုံဘဲရှိတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်တာက တိုးပွားဖို့ထက် ကိုယ့်ဆီက မပါဖို့ ရုန်းကန်နေရတယ်”

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ(၁၀) အမှတ်(၇) တွင်ပါရှိသော “မြန်မာ့စီးပွားရေး Road Map မရှိသေးဘူးဟု ဦးတေဇ ဝေဖန်”   သတင်းမှ ထူးကုမ္ပဏီအုပ်စု၏ နာယက ဦးတေဇ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရာမှာ မှန်မှန်ကန်ကန်နဲ့ အားလုံး ဖြေဆိုပါဝင်ဖို့ လိုအပ်ပါတယ်။ ဒါမှလည်း ပညာရှင်တွေက တွက်ချက်ပြီး ပံပိုးပေးနိုင်စရာတွေ ပံပိုးပေးနိုင်မှာပါ။ ဒါတွေက ပြည်သူတွေရဲ့ အကျိုးအတွက်ပဲ ဖြစ်ပါ တယ်။ ဒါဟာပြည်သူတွေရဲ့ အကျိုးအတွက်ပဲဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ လူဦးရေကို တွက်ချက်ပြီး လိုအပ်တဲ့ စာသင်ကျောင်း အရေအတွက် ရေပေးဝေမှု၊ လျှပ်စစ်ဓာတ်အား၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီပေးရမယ့် အခြေ အနေ၊ သက်ကြီးရွယ်အို စောင့်ရှောက်မှုကိစ္စမျိုးတွေကို အစိုးရက ပံပိုးပေးနိုင်မှာဖြစ်ပါတယ်”

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ထုတ် The Hot News ဂျာနယ် အတွဲ ၄၊ အမှတ် ၁၇၅၊ တွင်ပါရှိသော “အစိုးရမှ ပံပိုးပေးနိုင်ရေး သန်းခေါင်စာရင်းမေးခွန်းများ မေးမြန်းရခြင်းဖြစ်သည်ဟု ဝန်ကြီးဦးခင်ရီဆို” သတင်းတွင် ပါရှိသော ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment