Transparency Myanmar

transparency.myanmar@gmail.com

International media (1)

Snapshot of the item below:
International media (1)

နာမည်ကျော် Pan Pacific ဟိုတယ်လုပ်ငန်းစု ဟိုတယ်ကန်ထရိုက်သစ်လေးခု လက်မှတ်ရေးထိုး

(Japan Today မှ 13 Feb 2013 ရက်စွဲပါ Pan Pacific signs 4 new hotels ကိုဘာသာပြန်ဆိုသည်)

အာရှပစိဖိတ်ဒေသရှိ သြစတြေးလျ၊ တရုတ်နှင့် မြန်မာနိုင်ငံတို့တွင် Park Royal ဟိုတယ်သုံးလုံးနှင့် Pan Pacific ဟိုတယ်တစ်လုံးတို့ ထပ်မံလုပ်ကိုင်ရန် Pan Pacific လုပ်ငန်းစုက စီမံခန့်ခွဲရေးကန်ထရိုက်စာချုပ် လေးခုကို လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်းသိရသည်။

အဆိုပါစာချုပ်သစ်များ ချုပ်ဆိုလိုက်ခြင်းအားဖြင့် Pan Pacific သည် အာရှဒေသ၊ ပစိဖိတ်သမုဒ္ဒရာ ကျွန်းစုများဒေသနှင့် မြောက်အမေရိကဒေသတို့တွင် ဟိုတယ်၊ အပန်းဖြေစခန်းနှင့် ဝန်ဆောင်မှုပေးသော နေအိမ်ခန်း စုစုပေါင်း ၃၈ လုံးကို ပိုင်ဆိုင်သော သို့မဟုတ် စီမံခန့်ခွဲပေးသော လုပ်ငန်းစုဖြစ်လာမည်ဖြစ်သည်။

“Pan Pacific ဟာ စီးပွားရေးနဲ့ တိုရစ်ဇင် အခန်းကဏ္ဍအပေါ် ကမ္ဘာလုံးအတိုင်းအတာနဲ့ လွှမ်းမိုးမှုရရှိထားပြီး အာရှပစိဖိတ်ဒေသဆိုတာကလည်း ကျွန်တော်လို့လုပ်ငန်းစုအတွက် လုပ်ငန်းတိုးတက်မှုကို အဓိကပေးစွမ်းနိုင်တဲ့ ဒေသ ဖြစ်ပါတယ်။ အဲဒီဒေသက ကျွန်တော်တို့ရဲ့ အထင်ကရ ဟိုတယ်ကြီးတွေရှိတဲ့ နိုင်ငံတွေမှာ ဈေးကွက်ထပ်ရှာပြီး တိုးတက်ဖြစ်ထွန်းမှုရှိအောင် လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု Pan Pacific Hotel Group မှ အမှုဆောင် အရာရှိချုပ်ဖြစ်သူ Bernold Schroeder ကပြောကြားသည်။

“ယခုနောက်ဆုံးချုပ်ဆိုလိုက်တဲ့ စီမံခန့်ခွဲရေး ကန်ထရိုက်စာချုပ်လေးခုကြောင့် အာရှပစိဖိတ်ဒေသ တစ်လျှောက်မှာ ကျွန်တော်တို့လုပ်ငန်းစုရဲ့ တည်ရှိနေမှုကို ပိုမိုအင်အားကောင်းမွန် လာစေမှာဖြစ်သလို ရှိပြီးသား ဟိုတယ်တွေလည်း ပိုမိုအားကောင်းလာမှာပါ။ ပြီးတော့ ကျွန်တော်တို့ရဲ့ Park Royal နှင့် Pan Pacific အမှတ်တံဆိပ်တွေအတွက် Customer တွေပိုမိုရရှိလာမှာလည်းဖြစ်ပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment