Transparency Myanmar

transparency.myanmar@gmail.com

ဘာသာပြန်သတင်းများ (၂)

(HS Jane's 360မှ  11 Feb 2014 ရက်စွဲပါ “China training UWSA air and ground crews” သတင်းကို ဘာသာပြန်ဆိုသည်)

(Bernama News မှ 12 Feb 2014 ရက်စွဲပါ “Police set up special squad to investigate attempt to assassinate MP from Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)


“ဝ”လေတပ် ဝေဟင်နှင့် မြေပြင် ခရူးများကို တရုတ်လေ့ကျင့်ပေး

(HS Jane's 360မှ  11 Feb 2014 ရက်စွဲပါ “China training UWSA air and ground crews” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများ အနက် အင်အားအကြီးဆုံးဖြစ်ပြီး၊ ရှမ်းပြည်နယ်တွင် အခြေ စိုက်ကာ နယ်မြေ အတော်များများကို ထိန်းချုပ်ထားသည့် ဝ ပြည်သွေးစည်းညီညွတ်ရေးစစ်တပ် UWSA ၏ လေကြာင်းတပ်ဖွဲ့သစ်သည် တရုတ်နိုင်ငံတွင် သင်တန်းတက်မည့် ဒေသခံပိုင်းလော့နှင့် စက်မှုပညာရှင်များကို အားကိုးနိုင်တော့မည်ဟု ရန်ကုန်မီဒီယာ သတင်းရပ်ကွက် အဆိုအရ သိရှိရသည်။

တရုတ်နိုင်ငံလုပ် M:17 အမျိုးအစား စစ်ဖက်သုံးသယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များနှင့် သက်ဆိုင်သည့် သင်တန်း အစီအစဉ်အတွက် UWSA တပ်ဖွဲ့ဝင် ၃၀ ကို ရွေးချယ်ထားကြောင်း ပြည်ပအခြေစိုက် မြန်မာသတင်းဌာန တစ်ခုက မကြာသေးမှီက သတင်းထုတ်ပြန်သည်။

မကြာသေးမှီက ရှမ်းပြည် အရှေ့မြောက်ပိုင်း ပန်းဆန်းရှိ UWSA ဌာနချုပ်သို့ သွားရောက်ခဲ့ပြီး၊ မြန်မာစစ်တပ် (တပ်မတော်) နှင့် အပစ်ရပ်သဘောတူညီမှု ရရန်အားထုတ်နေသော တိုင်းရင်းသားလက်နက်ကိုင် နောက်တစ်ဖွဲ့ ဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ KNLA သတင်းရပ်ကွက်ကို ကိုးကားကာ ယင်းသို့ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ရှမ်းပြည်အရှေ့မြောက်ပိုင်း တရုတ်မြန်မာ နယ်စပ်တွင် အခြေစိုက်သော ဝ တပ်ဖွဲ့ UWSA ထံသို့ တရုတ်နိုင်ငံက M:17 စစ်ဖက်သုံး ရဟတ်ယာဉ်အချို့ကို လာအိုနယ်မြေကို ဖြတ်၍ ပို့ဆောင်ခဲ့သည်ဟု ခိုင်လုံသောသတင်းများ မနှစ်က ထွက်ပေါ်ခဲ့သည်။

သို့ရာတွင် တရုတ်နိုင်ငံနှင့် UWSA တို့မူ ၎င်းသတင်းမှားယွင်းကြောင်း ငြင်းဆိုထားကြသည်။


မြန်မာလွှတ်တော်အမတ်များအား လုပ်ကြံရန် ကြိုးစာမှုကို စုံစမ်းရန် အထူးအဖွဲ့ဖွဲ့စည်း

(Bernama News မှ 12 Feb 2014 ရက်စွဲပါ “Police set up special squad to investigate attempt to assassinate MP from Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာလွှတ်တော်အမတ် ဒေါက်တာအေးမောင်ကို ဘူကစ်ဘင်တန်းတွင် လုပ်ကြံရန်ကြိုးပမ်းမှုကို စုံစမ်းရန် အထူးအဖွဲ့ အဖွဲ့လိုက်ပြီဖြစ်ကြောင်း ကွာလာလမ်ပူရဲက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

နိုင်ငံရေးပတ်သက်မှုရှိသော ထိုအမှုကို စုံစမ်းမည့် အထူးအဖွဲ့အား ကွာလာလမ်ပူ စီအိုင်ဒီ အကြီးအကဲ ခါရီအာဆာ ကိုယ်တိုင် ဦးဆောင်မည်ဟု ဆိုပါသည်။

ရခိုင်တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP မှ ဥက္ကဋ္ဌ ဒေါက်တောအေးမောင်သည် ရခိုင်ပြည်နယ်မှ လူမျိုးရေး အဓိကရုဏ်းသတင်းများကို စုံစမ်းရန် အစိုးရက ဖွဲ့စည်းထားသော ကော်မရှင်ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်နေသူ ဖြစ်သည်။

အထူးစုံစမ်းရေးအဖွဲ့သည် ဒေါက်တာအေးမောင်နှင့် ဦးအေးသာအောင် အပါအဝင်လေးဦးတို့ ပစ်ခတ်ခံရသော လမ်းကြောင်းတစ်လျှောက်ရှိ အထောက်အထားများကို စစ်ဆေးလျှက်ရှိသည့် အပြင်၊ နောက်တစ်နေ့တွင် အင်ပန်း၌ မြန်မာနိုင်ငံသား တစ်ဦးပစ်ခတ်ခံရကာ သေဆုံးသည့် ဖြစ်ရပ်နှင့် ဆက်နွယ်မှု ရှိမရှိကိုပါ စုံစမ်းနေသည်ဟု စီအိုင်ဒီ အကြီးအကဲ ခါရီက ပြောကြားသည်။

ရခိုင်တိုင်းရင်းသား ခေါင်းဆောင်နှစ်ဦးကို လုပ်ကြံရန် ကြိုးစားခဲ့သည့် မော်တော်ဆိုင်ကယ်နှစ်စီးကို ခြေရာခံရန်အတွက် မြန်မာသံရုံးနှင့်လည်း ပူးပေါင်းလုပ်ဆောင်နေသည်ဟု သိရှိရသည်။

လုပ်ကြံမှုနှင့် ရင်ဆိုင်ရသူ မြန်မာနိုင်ငံသားငါးဦးအနက် လေးဦးမှာ အခင်းဖြစ်ရပ်အပြီး နောက်တစ်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်သွားကြပြီး၊ UNHCR ကဒ်ကိုင်ဆောင်သူငါးဦးမြောက် ပုဂ္ဂိုလ်မှာမူ ကွာလာလမ်ပူမြို့တွင် ရှိနေဆဲဟု ရဲတပ်ဖွဲ့က ပြောကြားသည်။

ပြီးခဲ့သော ဗုဒ္ဓဟူးနေ့က ဘူတစ်ဘင်တန်းတွင် ရခိုင်ခေါင်းဆောင်နှစ်ဦးလိုက်ပါလာသော မော်တော်ကားကို မော်တော်ဆိုင်ကယ်ပေါ်မှ သေနတ်ကိုင်လူဆိုးနှစ်ဦးက အချက်ပေါင်းများစွာ ပစ်ခတ်လုပ်ကြံရန် ကြိုးစားခဲ့သော်လည်း အဆိုပါ ရခိုင်ခေါင်းဆောင်များ အသက်ဘေးမှ သီသီလေး လွတ်မြောက်သွားခဲ့ကြသည်။


 

 

Attached: International media (2)
Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment