Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

"ညကမှ သတင်းတစ်ခုမှာ တွေ့မိလို့ပါ။ သမီးကလေး ကျေးရွာကို ဖယ်ရှားပြီး အဲဒီရွာက လူဦးရေ တစ်ထောင် လောက်ကို နေစရာ စီစဉ်မပေးဘူးလို့ သိရလို့ပါ။ ဒီလူတွေကို ဒီတိုင်း ပစ်ထားလို့ မရပါဘူး။ သူတို့မှာ အနာဂတ် ရှိပါတယ်။ သူတို့ ကျွန်တော်တို့ဆီကို လိုက်ချင်တယ်ဆိုရင် နေစရာရော ၊ အလုပ်အကိုင် တောင်ယာရော ၊ စာသင်ကျောင်းတွေရော အကုန်လုပ်ပေးပါ့မယ်။ သူတို့လိုက်ချင်တယ်ဆိုရင် ကျွန်တော်က ကားခေါ်လိုက်ရုံပဲ။ ဒီနေရာမှာတော့ ကျွန်တော်က ဘာမှ လုပ်လို့မရဘူး။ ဒါပေမဲ့ ဒုက္ခသည်တွေတော့ ကျွန်တော် ခေါ်ပိုင်ခွင့် ရှိတယ်။ အာဏာပိုင်တွေက တားဆီးလည်း ကျွန်တော် မရရအောင် ခေါ်မယ်"

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ 7 Day Daily နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော "အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသူများကို DKBA မှ နေရေး နှင့် အလုပ်ပေးမည်ဆိုကာ လာခေါ်" သတင်းမှ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် DKBA စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်၏ ပြောကြားချက် အား ကောက်နှုတ်ချက်။


"ကျွန်တော်တို့ NNER က ရေးဆွဲထားတာ ပညာရေးမူကြမ်းနဲ့ လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီနောက် အစိုးရ သမ္မတရုံးရဲ့ ပညာရေးမြှင့်တင်ရေး ၊ အကောင်အထည်ဖော်ရေး အဖွဲ့တို့နဲ့အတူ အားလုံး အဆင်ပြေစေ မယ့် ပညာရေးမူဝါဒတစ်ခု ဖြစ်မြောက်ရေးအတွက်ကို ပူးပေါင်းလုပ်ဖို့ ဆွေးနွေးပွဲတွေ လုပ်တဲ့အခါမှာ ကျွန်တော် တို့အနေနဲ့ အဓိက အကြံပေးတာက အခုဆို နိုင်ငံတွင်းမှာ ဖြစ်နေတဲ့ တိုင်းရင်းသား ပဋိပက္ခတွေကို ပြေလည် အောင် ဖြေရှင်းဖို့က နိုင်ငံရေးအနေနဲ့ ဖြေရှင်းနိုင်ရုံနဲ့ မဖြေရှင်းနိုင်ဘူးဆိုရင် ဒီတိုင်းရင်းသား ဘာသာစကား ဆိုင်ရာ အခွင့်အရေးတွေ ပေးပြီးတော့ရော ပညာရေးဆိုင်ရာ ဖြေရှင်းနည်းတွေနဲ့ ဖြေရှင်းရင်ရော မဖြစ်နိုင်ဘူး လား ဆိုပြီး ဒီလိုကြိုးပမ်းပြီး မလုပ်သင့်ဘူး လားဆိုပြီး အကြံပေးခဲ့တယ်"

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော "အစိုးရ အနေဖြင့် တိုင်းရင်းသားအရေး များ နှင့် ပတ်သက်၍ နိုင်ငံရေးအရ မဖြေရှင်းနိုင်မှုများအား တိုင်းရင်းသား ဘာသာစကား အခွင့်အရေးများ ပေး၍ ပညာရေးအရ ဖြေရှင်းရန် ကြိုးပမ်းသင့်ဟု NNER အကြံပြု" သတင်းမှ NNER ပညာရေး သုတေသီ တစ်ဦးဖြစ်သူ ဒေါက်တာသိန်းလွင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


"အခုရောက်နေတဲ့ နိုင်ငံရေးအခြေအနေက အကဲဆတ်နေတဲ့ အခြေအနေ ရောက်နေတာပါ။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်က လုပ်သလို လွှတ်တော်ပြင်ပကလည်း ကျွန်တော်တို့လို အဖွဲ့ အစည်းတွေ အားလုံး ပါဝင်အောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံကို ၂ဝ၁၅ မတိုင်ခင် လိုအပ် တဲ့ အပိုင်းတွေကို အတတ်နိုင်ဆုံး ပြင်ဆင်ရာမှာ ဖြစ်သလို ၂ဝ၁၅ လွန်မှ လုပ်မှာတွေလည်း ရှိပါတယ်"

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ထုတ် True News ဂျာနယ် အတွဲ (၆) ၊ အမှတ် (၁၈) တွင် ပါရှိသော "အခြေခံဥပဒေ ပြင်ဆင်ရေး ၂ဝ၁၅ နှစ်ဆန်းတွင် တိုင်းရင်းသားအားလုံး ပါဝင်သည့် ညီလာခံ ကျင်းပမည်" သတင်းမှ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ဦးကိုကိုကြီး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


"၁၉၇၃ ခုနှစ်မှာ သက်ကြီးရွယ်အို ပြဿနာက (၅) ရာခိုင်နှုန်းပဲ ရှိခဲ့တာ။ အခုဆိုရင် သက်ကြီးရွယ်အို အချိုးအစားက ၁၂ ဒသမ ၂ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တာကြောင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟာတွေကို တိုးချဲ့ဆောက်လုပ်ဖို့ လိုအပ်နေတာ တွေ့ရပါတယ်။ အဲဒီလို ပြဿနာမျိုးတွေကို ဖြေရှင်းနိုင်ဖို့ အတွက် လာမယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူတဲ့အခါမှာ ပြည်သူတွေ အနေနဲ့ မှန်မှန်ကန်ကန် ဖြေဆိုပေးဖို့ အရေးကြီးပါတယ်။ ဒါမှလည်း လိုအပ်တဲ့အရာတွေကို အစိုးရက ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်"

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ The Messenger ဂျာနယ် အတွဲ (၄) ၊ အမှတ် (၃၉) တွင် ပါရှိသော "(၁ဝ) နှစ်အတွင်း သက်ကြီးရွယ်အို ပြဿနာများနှင့် ရင်ဆိုင်ရမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ သတိပေး" သတင်းမှ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။


"ရှစ်လေးလုံး ငွေရတုညီလာခံမှာ ချမှတ်ခဲ့တဲ့ သဘောတူညီချက် သုံးရပ်ကို အကောင်အထည်ဖော်ဖို့ ရှစ် လေးလုံး ငွေရတု ဆုံးဖြတ်ချက်များ ဖော်ဆောင်ရေး ကော်မတီကို ဖွဲ့စည်းထားတယ်။ ကော်မတီကနေ တိုင်းပြု ပြည်ပြု ပုဂ္ဂိုလ်တွေ ၊ နိုင်ငံရေးအရ အခန်းကဏ္ဍအသီးသီးမှာ လုပ်နေကြတဲ့သူတွေကို ချဉ်းကပ်ပြီး ပြည်ထောင် စုညီလာခံကို ဘယ်လို ဖြစ်သင့်သလဲ ၊ ဘယ်လိုပုံစံမျိုးနဲ့ ဆွေးနွေးသင့်လဲ ဆိုတာကို ကြိုးစားကြမယ်။ ဒီလို ဆွေးနွေးကြတဲ့အခါ မိမိနဲ့ သဘောထား တိုက်ဆိုင်သည်ဖြစ်စေ ၊ မတိုက်ဆိုင်သည်ဖြစ်စေ ၊ တစ်ယောက် အင်အားကို တစ်ယောက်က အပြန်အလှန် အသိအမှတ်ပြုပြီး ဆွေးနွေးပွဲတွေကို တက်သွားဖို့လိုတယ်။ နိုင်ငံ ရေးအင်အားစုတွေရဲ့ ညီလာခံဖြစ်ဖို့ ကျွန်တော်တို့အင်အားစုက အင်အားအပြည့် ဖြည့်ပေးတာမျိုး လုပ်ပေးမှာ ပါ။ အားလုံး သဘောတူတဲ့ ပုံစံနဲ့ ညီလာခံတစ်ရပ် ဖြစ်ဖို့ပဲ မျှော်မှန်းပါတယ်"

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ The Flower News ဂျာနယ် အတွဲ (၁၀) ၊ အမှတ် (၈) တွင် ပါရှိသော "၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ရန် အမျိုးသား အင်အားစုအားလုံး ပါဝင်သည့် ပြည်ထောင်စုညီလာခံ ပေါ်ပေါက်ရေး ရှစ်လေးလုံး ငွေရတာ ဆုံးဖြတ်ချက်များ ဖော်ဆောင်ရေး ကော်မတီ ဆောင်ရွက်မည်" သတင်းမှ ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) မှ ဦးမင်းကိုနိုင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment