Transparency Myanmar

transparency.myanmar@gmail.com

International media (1)

Snapshot of the item below:
International media (1)

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံတွင် သက်ဆင်ဝင်ရောက်ရပ်နားခြင်းသည် အစီစဉ်ထွေထွေထူးထူးမရှိ

(Bangkok Post မှ 13 Feb 2014 ရက်စွဲပါ " Thaksin had no agenda in Myanmar" သတင်းကို ဘာသာပြန်ဆို သည်။)

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ ပြီးခဲ့သောအပတ်က မြန်မာနိုင်ငံခရီးစဉ်သည် ရှမ်းပြည်နယ်တွင် စစ်ဖက်လေ့ကျင့် ရေးကွင်းနှင့် ပို့ဆောင်ရေးစခန်းအဖြစ် အသုံးပြုရန်နေရာကိစ္စ ဆွေးနွေးရန် ဖြစ်သည်ဟူသော ပြည်သူ့ဒီမိုကရက်တစ်အုပ်စု ၏ အပုတ်ချစွပ်စွဲမှုများကို သက်ဆင်၏ ရှေ့နေက ကြာသာပတေးနေ့တွင် ငြင်းဆန်လိုက်ပါသည်။

သက်ဆင်ဖယ်ရှားရေး ပြည်သူ့ဒီမိုကရက်တစ်အင်အားစု (Peoft) ၏ ပူးတွဲခေါင်းဆောင်များဖြစ်သော ဝါချာရာလီသာကနီ နှင့် ထိုင်ကွန်ပိုဆူဝန် တို့က ၎င်းတို့၏ Facbook စာမျက်နှာတွင် ယင်းသို့စွပ်စွဲချက်များ တင်ခဲ့ပြီးနောက် သက်ဆင်၏ ရှေ့နေ နိုပါဒွန်ပတ္တမ ၏ငြင်းဆိုမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်းသည် နိုင်ငံရေးအစီစဉ်များ ပြုလုပ်ရန်အတွက် ထိုင်းနိုင်ငံရေးသမားများနှင့် တွေ့ဆုံခဲ့ပြီး၊ ၎င်းနှင့် တွေ့ဆုံရန် မြန်မာနိုင်ငံသို့ ရောက်လာသော ဇနီးဟောင်း ခွန်ယင်းပိုဂျမန်နာ ပွန်ဘီဂျရာနှင့် သက်ဆင်၏ ညီမ ယိုဝါပါ ဝန်ဆလပ်တို့ အငြင်းပွားခဲ့ကြသည်ဟု Pefot ခေါင်းဆောင်များက ဆိုသည်။

ယင်းစွပ်စွဲမှုအားလုံးကို နိုပါဒွန်က ငြင်းဆိုလိုက်ပြီး အားလုံးအလိမ်အညာများဟု တုန့်ပြန်လိုက်သည်။

ရှေ့နေ နိုပါဒွန်က " သက်ဆင်သည် ဟောင်ကောင်မှ ဒူဘိုင်းသို့ အသွားတွင် မြန်မာနိုင်ငံ၌ တစ်ထောက်နားခြင်းဖြစ်ပြီး အခြားထိုင်း ဗုဒ္ဓဘာသာဝင်များကဲ့သို့ ပုံမှန်အလှူအတန်းပြုလုပ်ခြင်းသာဖြစ်ကြောင်း၊ မြန်မာအာဏာပိုင်များနှင့် မည်သည့် နိုင်ငံရေးဆွေးနွေးမှုမှ မပြုလုပ်ကြောင်း" ရှင်းလင်းပြောကြားသည်။

ထို့အပြင် သက်ဆင်၏ ဇနီးဟောင်း ခွန်ယင်းပိုဂျမန် သည်မြန်မာနိုင်ငံသို့ လာရောက်ခြင်းမရှိသောကြောင့် သက်ဆင်၏ ညီမငယ် ယိုဝါပါနှင့် အငြင်းအခုန်ဖြစ်စရာ အကြောင်းမရှိကြောင်း ရှေ့နေ နိုပါဒွန်က တုန့်ပြန် ရှင်းလင်းခဲ့ သည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment