Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

 တရုတ် မြန်မာ နယ်ခြားရေးရာ စီမံခန့်ခွဲမှု အစည်းအဝေး လာမည့်အပတ်တွင် ပြုလုပ်မည်

(Bernama News မှ 15 Feb 2014 ရက်စွဲပါ "China,Myanmar to hold meeting on boundary management next week" သတင်းကို ဘာသာပြန်ဆိုသည်)

တရုတ် - မြန်မာ နယ်ခြားဆိုင်ရာ သဘောတူညီမှု အကောင်အထည်ဖော်ခြင်းနှင့် ပတ်သက်သည့် ၁၂ ကြိမ် မြောက် အစည်းအဝေးကို လာမည့် ဗုဒ္ဓဟူးနေ့ မှ စ၍ ငါးရက်တိုင်တိုင် နေပြည်တော်တွင် ပြုလုပ်သွားမည်ဟု တရုတ် Ximhua သတင်းဌာနက ထုတ်ပြန်သည်။

၎င်း အစည်းအဝေးသို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ နယ်ခြား နှင့် ပင်လယ်ပြင်ရေးရာ ဌာနခွဲ ညွှန်ကြား ရေးမှူး အူယောင်ယူဂျင်း ဦးဆောင်သော တရုတ် ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနမှ နိုင်ငံရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစန်းလွင် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက် ကြမည်ဖြစ်သည်။

အစည်းအဝေးတွင် နယ်ခြား စီမံခန့်ခွဲမှု ၊ လူဝင်မှုကြီးကြပ်မှု ၊ နယ်စပ်တစ်လျှောက် စစ်ဆေးရေး ဂိတ်သစ်များ ဖွင့်လှစ်မှု ၊ နယ်စပ်လုံခြုံမှုတို့နှင့် ပတ်သက်သည့် အကြောင်းအရာများကို နှစ်ဖက်စလုံးက ဆွေးနွေးကြမည်ဟု သိရှိရသည်။

ဍ္ဍ၉၉၇ ခုနှစ်တွင် နှစ်နိုင်ငံ သဘောတူ လက်မှတ်ထိုးခဲ့သော တရုတ် - မြန်မာ နယ်ခြားဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေး နှင့် စီမံခန့်ခွဲရေး သဘောတူညီချကအရ ၎င်းအစည်းအဝေးကို ပုံမှန် ကျင်းပလာခဲ့ခြင်း ဖြစ်သည်။

နှစ်နိုင်ငံ အခြား နယ်စပ်ရေးရာ နှင့် ပတ်သက်၍ ထိရောက်သော စီမံခန့်ခွဲမှုများနှင့် မှန်ကန်သော ပူးပေါင်း ဆောင်ရွက်မှုများကို ဖြစ်ပေါ်စေခဲ့သည့် တရုတ် - မြန်မာ နယ်နမိတ် စာချုပ်ကို ၁၉၆၀ ခုနှစ်များက လက်မှတ် ရေးထိုးခဲ့သည်။

တရုတ် နှင့် မြန်မာ အကြား နယ်ခြားဆိုင်ရာ ကိစ္စများတွင် များသောအားဖြင့် ကူးသန်းရောင်းဝယ်ရေး ကိစ္စများ သာ ရှိသော်ငြားလည်း ၂၀၀၉ ခုနှစ်က မြန်မာစစ်တပ်နှင့် ကိုးကန့်လက်နက်ကိုင်များ အကြား တိုက်ခိုက်ခြင်း ၊ ၂၀၁၁ နောက်ပိုင်း မြန်မာစစ်တပ်နှက့် ကချင် လက်နက်ကိုင်အုပ်စုအကြား တိုက်ပွဲ ပြန်ဖြစ်ခြင်းတို့ကြောင့် မြန်မာဖက်မှ စစ်ဘေးရှောင် ဒုက္ခသည်များ တရုတ်နိုင်ငံဖက်သို့ နယ်စပ်ဖြတ်ကူး ဝင်ရောက်လာမှုများကို နှစ်ဖက် ညှိနှိုင်းဖြေရှင်းရသော အခြေအနေများ ရှိခဲ့သည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment