Transparency Myanmar

transparency.myanmar@gmail.com

International media (1)

Snapshot of the item below:
International media (1)

ဘာသာပြန်သတင်းများ

(NDTV News မှ 16 Feb 2014 ရက်စွဲပါ “Indian engineering exporters set sights on Myanmar”  သတင်းကို ဘာသာပြန်ဆိုသည်)

(16 Feb 2014 ရက်စွဲပါ The Record မှ Gwynne Dyer ရေးသားသော “ There may be a better position for Myanmar’s would – be president” ကိုဘာသာပြန်ဆိုပါသည်)


အိန္ဒိယအင်ဂျင်နီယာရင်းပို့ကုန် လုပ်ငန်းရှင်များ မြန်မာဈေးကွက်ကို မျက်စိကျလာ

(NDTV News မှ 16 Feb 2014 ရက်စွဲပါ “Indian engineering exporters set sights on Myanmar”  သတင်းကို ဘာသာပြန်ဆိုသည်)

နှေးကွေးမှုဖိစီးခံနေရသော အမေရိကန်နှင့် ဥရောပကဲ့သို့ ဈေးကွက်များတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရ သော အိန္ဒိယ အင်ဂျင်နီယာရင်းပို့ကုန် လုပ်ငန်းရှင်များသည် သဘာဝဓါတ်ငွေ့နှင့် သတ္တုသယံဇာတ ကြွယ်ဝသော မြန်မာနိုင်ငံကို လှမ်းကြည့်နေကြ ပြီဖြစ်သည်။

“စီးပွားရေး အခွင့်အလမ်းသစ်တွေ ရှာဖွေနေတဲ့အနောက်နိုင်ငံ ကုမ္ပဏီတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ မြန်မာနိုင်ငံမှာ တိုးဝှေ့နေချိန်မျိုးမှာ မဟာဗျူဟာမြောက် စိတ်ဝင်စားစရာကောင်းတဲ့ အိမ်နီးချင်းနိုင်ငံက အခွင့် အလမ်းတွေကို အိန္ဒိယလုပ်ငန်းရှင်တွေအနေနဲ့ လက်လွှတ်မခံချင်ကြပါဘူး” ဟု အိန္ဒိယအင်ဂျီနီယာရင်း ထုတ်ကုန် တင်ပို့သူအသင်း EEPC India ၏ အမှုဆောင် ဒါရိုက်တာ ဘာရက်ဆာကား က ဆိုပါသည်။

မြန်မာနိုင်ငံသည် အိန္ဒီယအတွက် အရှေ့တောင်အာရှသို့ သွားရာ တစ်ခုတည်းသော ကုန်းလမ်းကြောင်း ဖြစ်ပြီး၊ နှစ်နိုင်ငံနယ်စပ်သည် ၁၆၀၀ ကီလိုမီတာ ထိစပ်ရှည်လျားသည်။

လောလောဆယ်တွင် အင်ဂျင်နီယားရင်း ကုမ္မဏီများမြန်မာနိုင်ငံတွင် ခြေချရန်နှင့် ထုတ်ကုန်များပြသရန် အတွက် EEPC India ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့တော်တွင် ရောက်ရှိနေသည်။

မြန်မာဈေးကွက်၏ အခွင့်အလမ်းများကို ဆွတ်ချုရန်အတွက် အိန္ဒိယအင်ဂျင်နီယာရင်း ထုတ်ကုန်ပြပွဲ Indee ကို ရန်ကုန်မြို့တွင် လာမည့်လတွင် ကျင်းဟုန် EEPC က စီစဉ်နေခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင်မူ အိန္ဒိယနိုင်ငံ၏ စုစုပေါင်း နိုင်ငံတကာ ကုန်သွယ်မှု တန်ဖိုး ဒေါ်လာ ၈၀၀ ဘီလီယံတွင် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂ ဘီလီယံမျှသာ ပါဝင်သည်ဟု EEPC က ဆိုပါသည်။

“အရင်ကတော့ အကြောင်းကြောင့် နှစ်နိုင်ငံထိတွေ့မှု နည်းခဲ့ပေမယ့် အခုချိန်မှာ နိုင်ငံရေးရာသီဥတု ကောင်းမွန်လာတဲ့အတွက် မြန်မာဈေးကွက်ရဲ့ အခွင့်အလမ်းတွေကို ဖမ်းဆုပ်ဖို့ အချိန်ကောင်းပါပဲ” ဟု ဘားရက်ဆာကား က ပြောကြားသည်။

အိန္ဒိယအစိုးရ၏  အကူအညီဖြင့် အကောင်အထည်ဖော်နေသော အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေး လမ်း စီမံကိန်းသည်လည်း လာအိုနှင့် ကမ္ဘောဒီးယားသို့ တိုးချဲ့သွားမည်ဖြစ်ရာ ဒေသတွင်း ဆက်သွယ်မှုနှင့် ကုန်သွယ်မှု တိုးတက်လာရန် အလားအလာကောင်းနေသည်။

အိန္ဒိယ အင်ဂျင်နီယာရင်း ပို့ကုန်လုပ်ငန်းရှင်များသည် လောလောဆယ်တွင် မြန်မာနိုင်ငံသို့ လယ်ထွန်စက်၊ ဆန်စက်၊ ဆီစက်၊ auto power transmission နှင့် electrical switch-gears များ  တင်ပို့လျက် ရှိသည်ဟု သိရှိရသည်။


ဒေါ်အောင်ဆန်းစုကြည်အတွက် သမ္မတဖြစ်ခြင်းထက် ပိုမိုကောင်းမွန်သော အခန်းကဏ္ဍ ရှိနိုင်သည်

(16 Feb 2014 ရက်စွဲပါ The Record မှ Gwynne Dyer ရေးသားသော “ There may be a better position for Myanmar’s would – be president” ကိုဘာသာပြန်ဆိုပါသည်)

ဒေါ်အောင်ဆန်းစုကြည်သည် နိုဘယ်ဆုရှင်တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံအတွက် ဒီမိုကရေစီတိုက်ပွဲဝင်ခဲ့သူ တစ်ဦးဖြစ်ပါသည်။ သူသည် ပြီးခဲ့သည် ဇွန်လက ၂၀၁၅ တွင် သမ္မတအဖြစ် အရွေးခံလိုကြောင်း ကျေညာခဲ့ပါသည်။ အကယ်၍ သူသာ ဝင်ရောက်ယှဉ်ပြိုင်ပါက သေချာပေါက်နိုင်မည် ဖြစ်ပါသည်။ တောင်အာဖရိကတွင် နယ်ဆင်မင်ဒဲလား မြန်မာနိုင်ငံတွင်လည်း ဒေါ်အောင်ဆန်းစုကြည် ဟု ဆိုရမည်ဖြစ်ပါသည်။ သို့သော် ၎င်းအနေဖြင့် သမ္မတ မဖြစ်နိုင်အောင် တရားဝင် ခွင့်မပြုထားသော အရာများရှိနေရာ သူအနေဖြင့်ကလည်း သမ္မတဖြစ်ခွင့်ရခြင်း သည် သူ၏ သဘာဝစွမ်းရည်များကို အကောင်းဆုံး အသုံးချနိုင်မည် နည်းလမ်းလောဆိုသည်ကို ပြန်စဉ်းစားရန် အခွင့်ရှိနေပါသေးသည်။

မြန်မာနိုင်ငံသည် နှစ်ပေါင်း ငါးဆယ်ခန့် စစ်အာဏာရှင် စနစ်ဖြင့် အုပ်ချုပ်ခဲ့ရမှ ဒီမိုကရေစီ သို့ အသွင် ကူးးပြောင်းရေး ကာလကို ဖြတ်သန်း နေသည့်အချိန်ဖြစ်ရာ၊ ဒေါ်အောင်ဆန်းစုကြည်သည် ယခုလို ဒီမိုကရေစီ လှုပ်ရှားမှုများ ပြုလုပ်နေသည့် အချိန်တွင် မေခွန်းထုတ်စရာမလိုသည့် ခေါင်းဆောင်တစ်ဦးဖြစ်ပါသည်။ စစ်တပ်ကသာ မရိုးမသား မပြုလုပ်လျှင် သို့မဟုတ် ပယ်ဖျက်မပစ်လိုက်လျှင် ၂၀၁၅ ခုနှစ်တွင် လွှတ်တော်၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ကသာ အများစု အနိုင်ရဖို့ သေချာပေသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်တွင် အုပ်ချုပ်ရေးနှင့် ပတ်သက်သော အတွေ့အကြုံလုံးဝ မရှိပေ။

ထို့အပြင် သူသည် NLDကို ပူးတွဲတည်ထောင်၍ ခေါင်းဆောင်လုပ်ခဲ့သော်လည်း နိုင်ငံရေးပါတီကို ဦးဆောင်ဖူးသည့် အတွေ့အကြုံမရှိပေ။ သူနှင့်  ပါတီခေါင်းဆောင် တော်တော်များများသည် အထိန်းအသိမ်းခံ ထားခဲ့ ရပြီး၊ သူအားပြိုင်ဖက်များက စိန်ခေါ်ခြင်းနှင့် ပါတီကို အုပ်ချုပ်ခဲ့ရသည်ဟူသည့် အချိန်များများမရှိခဲ့ပေ။

သို့သော် ဒေါ်အောင်ဆန်းစုကြည်မှာ အံသြဖွယ်မွေးရာပါ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး သူလိုလူမျိုးမှာ ရှားပါးလှ ပါသည်။ သူသည်လည်း မင်ဒဲလားကဲ့သို့ပင် ဒီမိုကရေစီအတွက် ဆွဲဆောင်မှုအားကောင်းသော သင်္ကေတတစ်ခုဖြစ်ပြီး၊ အုပ်ချုပ်မှုနှင့် ဆိုင်သော ကျွမ်းကျင်မှုမှာ အကန့်အသတ်နှင့်သာ ရှိပါသည်။ သို့ဆိုလျှင် သူ့အနေဖြင့် သူ၏နေရာကို ပြန်စဉ်စားသင့်ပါသည်။

အခြေခံ ဥပဒေ၏ ပုဒ်မ ၅၉(စ) တွင် သူအား သမ္မတမဖြစ်အောင် ပိတ်ပင်ထားသော ကိစ္စမှာ ၂၀၀၈ တွင် စစ်တပ်ကရေးဆွဲထားခဲ့ခြင်း ဖြစ်ပါသည်။

၎င်းမှာ တိုက်ဆိုင်မှုတစ်ခုမဟုတ်ပေ။ ဥပဒေသည် သူ့အား သမ္မတဖြစ်မလာနိုင်အောင် ရေဆွဲထားခြင်း ဖြစ်ပါသည်။ သူအစက တွေးထင်ထားခဲ့သည်မှာ ၂၀၁၁နှောင်းပိုင်းက သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံ၍ NLDကို လွှတ်တော်သို့ ဝင်ရောက်ရန် သဘောတူခဲ့စဉ်က အဆိုပါ ပုဒ်မ ပယ်ဖျက်ရန် ညှိနှိုင်းယူရနိုင်သည်။

အဆိုပါ သဘောတူညီမှုအရ NLDသည် ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲတွင် ၄၅ နေရာအနက် ၄၃နေရာ အနိုင်ရပြီး လွှတ်တော်သို့ ဝင်ရောက်ခဲ့ကြပါသည်။ ကမ္ဘာ့တစ်လွှားကလည်း မြန်မာနိုင်ငံမှ ဒီမိုကရေစီအသွင် ကူးပြောင်းရေးမှာ အမှန်တကယ်ဖြစ်နေသည်ဟု သတ်မှတ်ခဲ့ကြပါသည်။ ထို့အတူ အနောက်နိုင်ငံများမှ အရေးယူမှုများ လည်း ဖြေလျော့သွားခဲ့ပြီး၊ မြန်မာနိုင်ငံ၏ ထိရောက်မှု စွမ်းဆောင်ရည်မရှိတော့သည့် စီးပွားရေးသို့ ရင်းနှီးမြှုပ်နှံမှုများ စတင်ဝင်ရောက်ခဲ့ပါသည်။

သို့သော် ၅၉(စ) မှာ အခြေခံဥဒေပြင်ဆင်ရေးအတွက် သုံးသပ်ရေးကော်မတီတွင် ဗိုလ်ချုပ်အများစု၏ နိုင်ငံရေးပါတီမှ အဖွဲ့ဝင်အများစုပါဝင်ကာ ပြင်ဆင်ရန်လိုလားသူ ၃၀၀၀၀ရှိပြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သော ပုဒ်မပြင်ရန် လူ ၅၀၀၀ ပါဝင်သည်ဟု ပြီးခဲ့သည့် အပတ်က အစီရင်ခံစာတင်ခဲ့ပါသည်။

သို့သော် ၎င်းအစီရင်ခံစာတွင် တင်ပြချက်များကို တင်သွင်းခြင်းသာဖြစ်ပြီး၊ အကြံပြုချက်များ ပါဝင်ခြင်းမရှိပေ။ သို့သော်လည်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးကို အထောက်အကူပြုမည့် ကိစ္စများကို ဦးစားပေးရမည်ဖြစ်ပြီး ၎င်းအတွက် အခြေခံဥပဒေပြင်ဆင်ရန် လူထုဆန္ဒခံယူပွဲလိုအပ်နေပါသည်။ အဘယ်ကြောင့်ဆိုသော ၎င်းကိစ္စမှာ တိုင်းရင်းသား ကိစ္စနှင့် မပတ်သက်သော ကြောင့်ဖြစ်ပါသည်။

မကြာသေးမီက ဦးသိန်းစိန်အား အဆိုပါ ပုဒ်မနှင့်ပတ်သက်၍ မေးမြန်ရာ၊ ၎င်းက “ကျွန်တော်အနေနဲ့ ဘယ်နိုင်ငံသားမဆို တိုင်းပြည်ခေါင်းဆောင်ဖြစ်လုဖို့ရာမှာ ကန့်သတ်ထားတာတွေမလိုလားဘူး။ တစ်ချိန်ထဲမှာပဲ အမျိုးသားအကျိုးစီးပွားနဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့လိုအပ်တဲ့ လုပ်ဆောင်မှုတွေ ထားရှိဖို့တော့လိုပါတယ်” ဟုပြောကြားခဲ့ပါသည်။ “အချုပ်အခြာအာဏာ” ဆိုသည် သမ္မတအနီးတွင် နိုင်ငံခြားနှင့် ပတ်သက်သူများ မကပ်နိုင် အောင် ဥပဒေဖြင့် ကန်သတ်ထားဖြင်းဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အသက်ကြီးပိုင်းတွင် သူ၏ ဘဝထက်ဝက်ခန့်ကို မြန်မာနိုင်ငံသို့ ဒီမိုကရေစီ ဖော်ဆောင်ပေးရေးအတွက် မြှုပ်နှံခဲ့ပါသည်။ ပုဂ္ဂိုလ်ရေးအရများစွာ စွန့်လွှတ်ပေးဆပ်ခဲ့ရပါသည်။ သူ့အနေဖြင့် နှစ်ပေါင်းများစွာ ရှုန်းကန်ရမှုအတွက် တရားဝင် အသိအမှတ်ပြုခံရရေးမှာ သမ္မတအဖြစ် အရေးခံရရေးလိုအပ်သည်ဟု ရှုမြင်နေပုံရပါသည်။ သို့သော် သူ့အနေဖြင့် ၅၉(စ) ကိုပြင်ဆင်ရေးအတွက် တိုက်ပွဲမဆင်နွှဲမီ၊ သမ္မတ ဖြစ်လာခြင်း သည် မိမိ၏ ပင်ကိုယ်အရည်းအသွေးကို အကောင်းဆုံး အသုံးပြုနိုင်ရန် အကောင်းဆုံးနည်း ဟုတ်မဟုတ် ကိုယ့်ကို ပြန်မေးသင့်ပါသည်။

သူ၏ပါတီတွင် ယခုလို ကြီးမားသော နိုင်ငံရေးနှင့် စီးပွားရေး အသွင်ကူးပြောင်းရေးကာ၌ တောင်းဆိုနေသော သမ္မတ ရာထူးထမ်းဆောင်နိုင်သည့် အရည်အသွေးရှိသည့် ပိုမိုငယ်ရွယ်သူ( ၎င်းမှာ ၆၈နှစ်ရှိပြီဖြစ်ပါသည်) တစ်ဦးမရှိတော့ ပြီလော။ သူသည် အိန္ဒိယနိုင်ငံမှာ လုပ်ကြံခံရသော ဝန်ကြီးချုပ်ဟောင်း ရာဂျစ်ဂန္ဓီ၏ အမျိုးသမီး ဆိုနီယာဂန္ဓီ၏ ဥပမာကို စဉ်စားသင့်ပါသည်။ ၎င်း၏ ကွန်ဂရက်ပါတီ ၂၀၁၄ ခုနှစ်က ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပါ သည်။

ဆိုနီယာ ဂန္ဓီ သည် ၎င်းလိုလားပါက ဝန်ကြီးချုပ်ဖြစ်လာနိုင်ပါသည် သို့သော် သူ သည် အိန္ဒိယနိုင်ငံသား ဖြစ်သော်လည်း အီတလီတွင် မွေး၍ ကြီးပြင်းလာသောကြာင့် နိုင်ငံခြားနှင့် ပတ်သက်၍ ပြဿနာရှိပါသည်။ သူသည် စီးပွားရေးပညာရှင် မန်မိုဟန်ဆင်းကို ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခဲ့ရာ လွန်ခဲ့သည့် ၁၀နှစ်အတွင်း ထိရောက်စွာ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၎င်းအနေဖြင့် ပါတီခေါင်းဆောင်အဖြစ်သာ နောက်ကွယ်တွင်နေ၍ ပါတီကို စုစည်းထားနိုင်ခဲ့ပါသည်။

သို့သော် အိန္ဒိယနှင့် မြန်မာတို့၏ နောက်ခံအခြေအနေများမှာတော့ မတူကြပေ။ မြန်မာနိုင်ငံတွင် သမ္မတ လုပ်မည့် သူ သည် တာဝန်ထမ်းဆောင်နိုင်မည့် မှန်ကန်သော ကျွမ်းကျင်မှုရှိရမည်။ အမျိုးသမီးဖြစ်စေ၊ အမျိုးသား ဖြစ်စေ စုစည်းညီညွတ်သော ပါတီက နောက်တွင်ရှိရပါမည်။ ဒေါ်အောင်ဆန်းစုကြည်အတွက် အသုံးဝင်နိုင်မည့် အခန်းကဏ္ဍဖြစ်သင့်ပါသည်။ မြန်မာနိုင်ငံကဲ့သို့ အရာရာနိမ့်ကျနေသည့် နွံ့ထဲကျနေ သကဲ့သို့သော နိုင်ငံတွင် နေ့စဉ် အုပ်ချုပ်မှုအတွက် ဆုံးဖြတ်ချက်ပေး၍ ဝင်ရောက်လုပ်ကိုင်မည်ဆိုပါက ကမ္ဘာပေါ်တွင် မည်မျှလေးစားဖွယ်ကောင်း သည့် ခေါင်းဆောင်ဖြစ်ပါစေ၊ နောက်ဆုံးတွင် လူကြိုက်များမှုပြီး ပျောက်ဆုံးပြီး အများ၏ စိတ်ပျက်လာမည့် အခြေအနေကို ကြုံတွေ့ရလိမ့်မည်ဖြစ်ပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment