Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ကျွန်တော်တို့က ဘတ်ဂျက်တင်လာတဲ့ ပိုက်ဆံကို စာရွက်ပေါ်မှာ စီစစ်ပြီးပေးလိုက်ရတာပေါ့။ ပေးတဲ့ပိုက်ဆံကို ဘယ်လိုသုံးလဲဆိုတာ စာရင်းစစ်အစီရင်ခံစာကိုကြည့်ရတယ်။ ကျွန်တော်တို့ လွှတ်တော်ကိုလဲတင်တယ် သမ္မတဆီကိုလဲ တင်တယ်။ သူတို့ ဒီအလုပ်လုပ်ဖို့ ပိုက်ဆံထုတ်တယ်။ စာရင်းစစ်ကြည့်တော့ လုပ်တာသိပ်မတွေ့ ရဘူးပေါ့။ ဒါဆိုစာရင်းစစ် တွေကို ဒီငွေပြန်အပ်လားဆိုတာ ကြည့်မယ်။ ပြန်အပ်တယ်ဆိုရင် မလုပ်ဖြစ်လို့ ပြန်အပ်တာပေါ့။ လုပ်လဲမထားဘူး ငွေလဲ မအပ်ဘူးဆိုရင်တော့ ဒါအလွဲသုံးစားမှုဖြစ်သွားပြီ၊ အစိုးရဘက်က ဘာကြောင့်မလုပ့်ဖြစ်ဘူး ဆိုတာတော့ ပြောဖို့လိုတာပေါ့၊ မသုံးဖြစ်တဲ့ဟာကို အကျိုးအကြောင်းတော့ ပြန်တင်ပြရတာပေါ့”

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ထုတ် ကုမုဒြာ အတွဲ ၃၊ အမှတ် ၄၆၊ ဂျာနယ်တွင်ပါရှိသော “ပြည်သူ့ဘဏ္ဍာကို ဝန်ကြီးဌာနတွေ အလွဲသုံးစားလုပ်ခွင့်မရှိ” ဟူသောသတင်းမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ပြည်သူ့ငွေ စာရင်းကော်မတီ အဖွဲ့ဝင် ဦးဖုန်းမြင့်ကျော်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ဒီနိုင်ငံမှာရှိတဲ့ ပြည်သူတွေက လူသားဆန်စွာ နေထိုင်စားသောက်ရေးကို အပြည့်အဝမရဘူး၊  အဓိကကတော့ ကျူးကျော် ဆိုပြီး ပြည်သူတွေကို ဂုဏ်သိက္ခာမဲ့စွာ အင်းအားသုံးဖြိုခွဲနေတာတွေကို ကြည့်ပါ။ အဲဒီလူတွေက ဘယ်မှာနေထိုင် စားသောက်မလဲ။ အဲဒါကြောင့် လူသားဆန်စွာ နေထိုင်စားသောက်နိုင်အောင် အစိုးရက မဖန်တီးပေးနိုင်တဲ့ အတွက် ဒီအစိုးရကို အလိုမရှိနှုတ်ထွက်ပေးဖို့ တောင်းဆိုမှာပါ”

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ထုတ် Venus News အတွဲ ၅၊ အမှတ် ၃၀၊ ဂျာနယ်တွင် ပါရှိသော “လက်ရှိ အစိုးရ နှုတ်ထွက်ပေးရေး ဆန္ဒထုတ်ဖော်မည်”သတင်းတွင် ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစု MDCF အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်တို့က ပညာရေးပြင်ဆင်ရေးနဲ့ ပတ်သတ်ပြီး လွှတ်တော်နဲ့တင် ပြီးပြီလို့ တွေးထားတာ။ သိထားတာကလည်း ဒီအတိုင်းပဲ တကယ်တော့ မပြီးဘူး။ ဝန်ကြီးဌာနက အဓိကနေရာမှာ ပါနေတာတွေ့ရတယ်။ ဒီမိုကရေစီလမ်းစဉ်ကို ကျင့်မယ်ဆိုရင် “လွှတ်တော်”က အဓိကဖြစ်ရမယ်။ ခုတော့ လွှတ်တော်ထဲမှာ တင်ရင်ပြီးရမယ့် ကိစ္စက ဝန်ကြီးဌာနတွေက တစ်ဆင့် ဖြတ်သန်းနေရတာကို တွေ့ရတယ်”

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ထုတ် အတွဲ ၂၊ အမှတ် ၂၃၊ ဂျာနယ်တွင် ပါရှိသော “လွှတ်တော်ထဲ၌ ပြီးရမည့် ကိစ္စ ဝန်ကြီးဌာနများကို ဖြတ်သန်းနေရဟုဆို” သတင်းတွင် iPace ကျောင်းသားဟောင်း ကိုတင်ထွန်းအောင်၏ ပြောကြားချက် အားကောက်နှုတ်ချက်။


“ကျွန်တော်တို့ ရှမ်းပြည်နယ်တစ်ခုထဲမှာတင် ဘိန်းအစားထိုး လုပ်ရမယ့်နေရာ ၂၀ လောက်ရှိပေမယ့် ဘတ်ဂျက်က သုံးလေးနေရာစာ လောက်ပဲရှိတယ်။ နောက်ထပ်တိုးချဲ့ဖို့ဆိုရင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီး လိုအပ်ပါတယ်။ ရေရှည်တည်တံမယ့် စီမံကိန်းတွေဖြစ်ဖို့ လိုအပ်တယ် ရေရှည်မတည်တံ့ဘူးဆိုရင် ဘိန်းကို ပြန်စိုက်ကြမှာပါ”

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ထုတ် Mizzima Daily သတင်းစာတွင် ပါရှိသော “ရှမ်းပြည်နယ်တွင် ဘိန်းအစားထိုး ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်မည်ဟု ပြည်ထဲရေး ဒုဝန်ကြီးပြော” သတင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့၊ အုပ်ချုပ်ရေးမှူးဌာနမှူး ရဲမှူကြီးတင်အောင်၏ ပြောကြားချက်အား ကောက်နှုတ် ချက်။


“ဥပဒေတွေလည်း အချိန်မီပြဌာန်းတာပဲ သူတို့ အသိအမှတ်ပြုအောင် ဒီမှာလည်း အတက်နိုင်ဆုံး လုပ်နေတာပဲ၊ ဒါပေမယ့် စာရင်းထဲထပ် ပါသွားတယ်။ ဒီစာရင်းထဲ ပါနေသရွေ့ကတော့ မြန်မာကိုလာမယ့် ရင်းနှီးမြှုပ်နှံသူတွေက အင်တင်တင် ဖြစ်နေတာပေါ့”

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ထုတ် 7 Day နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုများ ထောက်ပံ့ခြင်းနှင့် ပတ်သက်၍ စောင့်ကြည့်စာရင်းတွင် မြန်မာထပ်မံထည့်သွင်းခံရ” သတင်းမှ မြန်မာနိုင်ငံငွေကြေး ခဝါချမှု တိုက်ဖျက်ရေးအဖွဲ့မှ ရဲမှူးချုပ် ၏ ပြောကြားချက်အား ကောက်နှုတ် ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment