Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

ငါသိငါတတ် ဆရာကြီးလုပ်လာသည့် တရုတ် အာရှမှအနီးကပ်မိတ်ဆွေများကို ဆုံးရှုံးနေရ

(The Daily Star မှ 17 Feb 2014 ရက်စွဲပါ An increasingly assertive China is losing its closest friends in Asia ကိုဘာသာပြန်ဆိုသည်)

တရုတ်နိုင်ငံက နယ်နမိတ်ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ငါသိငါတတ်လုပ်မှုများကြောင့် အာရှဒေသတွင်းနိုင်ငံ များနှင့် ဆက်ဆံရေးတင်းမာနေချိန်တွင် တစ်ချိန်က အိမ်နီးချင်း မြန်မာနိုင်ငံအပေါ် တင်းကြပ်စွာ ချုပ်ကိုင်ထားနိုင်မှု မှာလည်း လျော့တိ လျောရဲဖြစ်လာသလို လက်အောက်ခံနိုင်ငံသဖွယ်ဖြစ်ခဲ့သည့် မြောက်ကိုရီးယားနှင့် ဆက်ဆံရေးလည်း ဆိုးရွားလာရာ အာရှဆူပါပါဝါ တရုတ်မှာ စစ်မှန်သည့် မဟာမိတ်နိုင်ငံမရှိတော့သည့် အနေအထား မျိုးသို့ ရောက်ရှိ နေပါသည်။ ဤသို့သော အခြေအနေမျိုးတွင် စိတ်ဝင်စားစရာကောင်းလှသည့် မေးခွန်းမှာ အမေရိကန်ပြည်ထောင်စုနှင့် အခြားသော ပါဝါနိုင်ငံကြီးများအနေဖြင့် အရှေ့မြောက်အာရှဒေသ၏ ဝရုန်းသုန်းကားနိုင် လှသော ပထဝ&#