Transparency Myanmar

transparency.myanmar@gmail.com

International media (1)

Snapshot of the item below:
International media (1)

ဘာသာပြန်သတင်းများ

(Channel News Asia 18 Feb 2014 ရက်စွဲပါ” Singapore Universities to sign legal education agreement with Myanmar varsities” သတင်းကို ဘာသာပြန်ဆိုသည်)

(Bergama News မှ 18 Feb 2014 ရက်စွဲပါ “Myanmar to extend substitute opium cultivation in northern Shan State” သတင်းကိုဘာသာပြန်ဆိုသည်)


စင်္ကာပူနှင့် မြန်မာတက္ကသိုလ်များ ဥပဒေပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှုများ လက်မှတ်ထိုးကြမည်။

(Channel News Asia 18 Feb 2014 ရက်စွဲပါ” Singapore Universities to sign legal education agreement with Myanmar varsities” သတင်းကို ဘာသာပြန်ဆိုသည်)

စင်္ကာပူ တက္ကသိုလ်နှစ်ခုနှင့် မြန်မာတက္ကသိုလ်များအကြား ဥပဒေပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာနှစ်ခုကို ယခုသီတင်းပတ်အတွင်း လက်မှတ်ရေးထိုးကြမည်ဖြစ်သည်။

မြန်မာနိုင်ငံသို့ အင်္ဂါနေ့မှ ကြာသာပတေးနေ့အထိ လာရောက်လည်ပတ်မည့် စင်္ကာပူနိုင်ငံဥပဒေနှင့် ပညာရေး အကြီးတန်း ဝန်ကြီး အင်ဒရာနီရာဂျားက အဆိုပါ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်မည်ဟု သိရှိရသည်။

ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာနနှင့် MOU လက်မှတ်ရေးထိုးကြမည့် စင်္ကာပူ တက္ကသိုလ်နှစ်ခုမှာ National University of Singapore ၏ faculty of law နှင့် Singapore Management University ၏ School of Law တို့ဖြစ်သည်။

အဆိုပါ စင်္ကာပူ တက္ကသိုလ်နှစ်ခုသည် မန္တလေးတက္ကသိုလ် ဥပဒေပညာဌာနနှင့်လည်း နောက်ထပ် MOU လက်မှတ် ရေးထိုးကြမည်ဟု ဆိုပါသည်။

ယခုနားလည်မှု စာချွန်လွှာ MOU သည် နှစ်နိုင်ငံ တက္ကသိုလ်များအကြား ဥပဒေပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အားပေးရန် ရည်ရွယ်သည်ဟု စင်္ကာပူ ဥပဒေသ ပညာရေးဝန်ကြီး ဌာန (Min Law) ကပြောကြားသည်။

ပူးပေါင်းဆောင်ရွက်သွားမည့် အဓိကကဏ္ဍများတွင် ဌာနချင်းအပြန်အလှန်ဖလှယ်မှုများ၊ လေ့လာရေးခရီး စဉ်များ၊ သင်ရိုးညွှန်းတမ်းရေးဆွဲမှုများ၊ ဥပဒေပညာသင်ကြားရေးစနစ် ပူးပေါင်းဆောင်ရွက်မှုများ၊ သုတေသနနှင့် ရင်းမြစ်ဖွံ့ဖြိုးမှု မြှင့်တင်ရေး အစီအစဉ်များပါဝင်သည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဝန်ကြီးမစ္စအင်ဒရာနီသည် သူမ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ခင်စန်းရီ၊ တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ သမ္မတ ဥပဒေအကြံပေး များဖြစ်ကြသော ဦးစစ်အေး၊ ဒေါက်တာခင်မျိုးမြင့်၊ ဦးဥာဏ်နိုင်ဝင်းတို့ အပါအဝင် မြန်မာခေါင်းဆောင် အတော်များများနှင့် တွေ့ဆုံမည် ဖြစ်သည်။

မစ္စ အင်ဒရာနီနှင့်အတူ NUS နှင့် SMU မှ ဥပဒေပညာဌာနမှူးများ၊ ဥပဒေဝန်ကြီးဌာန Min Law မှ အကြီးတန်း တာဝန်ရှိ သူများ လိုက်ပါလာကြမည်ဟု သိရသည်။


ရှမ်းပြည်မြောက်ပိုင်းတွင် ဘိန်းအစားထိုး သီးနှံစိုက်ပျိုးမှု တိုးချဲ့မည်

(Bergama News မှ 18 Feb 2014 ရက်စွဲပါ “Myanmar to extend substitute opium cultivation in northern Shan State” သတင်းကိုဘာသာပြန်ဆိုသည်)

ကုသမဂ္ဂ မူယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာဌာန UNODC ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြို့နယ်အတော်များများတွင် မြန်မာအစိုးရက အကောင်အထည်ဖော်နေသော ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးမှု စီမံကိန်းကို တိုးချဲ့ရန်ရှိသည်ဟု သိရှိရသည်။

နှစ်စဉ်နှစ်တိုင်း ဘိန်းခင်းများဖျက်ဆီးခံရသော ဘိန်းစိုက်တောင်သူများအတွက် စားနပ်ရိက္ခာ ဖူလုံစေရန် ကြိုးပမ်းမှု အစီအစဉ်တစ်ရပ် အနေဖြင့် မိုးနယ်၊ မိုင်းပန်၊ ပင်လောင်၊ ဖယ်ခုံ၊ လင်းခေးနှင့် မိုင်းတုန်မြို့နယ်များတွင် ဘိန်းအစားထိုး သီးနှံစိုက်ပျိုးမှု စီမံကိန်းကို တိုးချဲ့အကောင်အထည်ဖော်မည်ဟု ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း က တနလာင်္နေ့တွင် ပြောကြားသည်။

ဘိန်းစိုက်တောင်သူများအတွက် ဆင်းရဲမွဲတေမှု ဖယ်ရှား၍ သက်မွေးဝမ်းကျောင်းလုပ်ငန်းများ တိုးတက်စေရန် အထောက်အကူပြုမည့် စီမံကိန်းသုံးခုကို မြန်မာအစိုးရနှင့် UNODC တို့ ပူးပေါင်းအကောင်အထည်ဖော်နေခြင်း ဖြစ်သည်။

လက်ရှိအနေအထားတွင် မြန်မာနိုင်ငံ၌ ဘိန်းစိုက်ပျိုးသည့် ဧရိယာ ၅၇၈၀၀ ဟက်တာခန့်ရှိနေသည်။

မြန်မာနိုင်ငံသည် ၎င်း၏ ဘိန်းပပျောက်ရေး စတုတ္ထမြောက်ငါးနှစ်စီမံကိန်းကို နိုင်ငံတစ်ဝှမ်း မြို့နယ်ပေါင်း ၅၁ ခု၌ အကောင် အထည်ဖော်သွားမည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

မြန်မာ့တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့သည် သက်ဆိုင်ရာ လုပ်ဖော်ကိုင်ဖက် အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဘိန်းစိုက်ခင်း ဧကပေါင်း ၁၂,၇၀၀ ဟက်တာခန့်ကို မနှစ်က ဖျက်ဆီးနိုင်ခဲ့သည်ဟု သိရှိရသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment