Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“မြန်မာပြည်သူတွေ ဖုန်းတွေပိုသုံးနိုင်တော့မှာပါ။ အနည်းဆုံး တိုင်းသူပြည်သားတွေရဲ့ တစ်ဝက်လောက် ဆိုရင်ကို တော်တော် အဆင်ပြေလိမ့်မယ်။ တောကြိုအုံကြားအထိ မိုဘိုင်းဖုန်းရောက်မယ်ဆိုရင် မလိုအပ်ပဲ ကုန်ကျနေရတဲ့ ခရီးစရိတ်တွေ သက်သာ သွားမယ်။ နိုင်ငံတကာနဲ့ ချိတ်ဆက်ဆောင်ရွက်မှုမှာ ဆိုရင်လဲ အများကြီးပိုလုပ်နိုင်လိမ့်မယ်။ ဒါဟာ လတ်တလော ဆက်သွယ်ရေးကဏ္ဍရဲ့ အပြောင်းအလဲကြီးပါပဲ”

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ထုတ် ရန်ကုန်တိုင်း (မ်) ဂျာနယ် အတွဲ (၁၀) အမှတ် (၈) တွင် ပါရှိသော “မြန်မာ့ ဆက်သွယ်ရေး အပြောင်းအလဲ ဘယ်သူ့အတွက်လဲ” သတင်းဆောင်းပါးမှ ကွန်ပျူတာပညာရှင်တစ်ဦး ဖြစ်သူ ဦးရဲမြတ်သူ ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“လက်ရှိတရားစီရင်ရေး မဏ္ဍိုင်အတွက် အားလုံးကြိုးစားနေကြပါတယ်။ တရားရေးမဏ္ဍိုင်ဟာလည်း ဝေဖန်မှုများစွာနဲ့ ရင်ဆိုင် ကြုံတွေ့နေရသလို ဒီဝေဖန်ခံရမှုတွေဟာလည်း တိုင်းပြည်ရဲ့ ပြုပြင်ပြောင်းလဲရေး အတွက် စိန်ခေါ်မှုတွေပါပဲ။ ဒီတော့ တရားစီရေးမဏ္ဍိုင်ဖြောင့်မတ်ကြံခိုင်ဖို့ ဘယ်အပေါ်မှာ မူတည်သလဲ ဆိုတော့ လက်ရှိဖွဲ့စည်းပုံအခြေခံ ၂၀၀၈ အပေါ်မှာ မူတည်ပါတယ်။ အခြေခံဥပဒေပြင်ဆင်ရေး ကနေပဲ တရားရေးမဏ္ဍိုင် တည့်မတ်ကြံခိုင်ရေးကို လုပ်ဆောင်နိုင်ပါလိမ့်မယ်။ ခုဆိုရင် တရားရေးမဏ္ဍိုင်အပေါ် များစွာသော ဝေဖန်မှုတွေ ရှိလာတယ်။ နောက်မကြာခင်မှာ ဆွေးနွေးမယ့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးတို့ ပြည်တွင်းငြိမ်းချမ်းရေး၊ ထာဝရငြိမ်းချမ်းရေးစတဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ အခြေခံဥပဒေမပြင်ပဲနဲ့တော့ ပြုပြင်ပြောင်းလဲရေးတွေအတွက် တိုင်းပြည်မှာ ဘာရလဒ်တွေမှ ရလာနိုင်မှာ မဟုတ်ပါဘူး”

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ထုတ်Hot News Journal အတွဲ (၄) အမှတ် (၁၈၀) တွင် ပါရှိသော “တရားရေး မဏ္ဍိုင်င်ဖြောင့်မတ်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပေါ် မူတည်နေကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေး ကော်မတီဥက္ကဌဆို” သတင်းမှ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ ဥက္ကဌ သူရဦးအောင်ကို ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်တို့ ရည်မှန်းချက် ပန်းတိုင်မရောက်မချင်း ကျွန်တော်တို့ လက်နက်စွန့်လွှတ်လို့ မရဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် လူမျိုးတွေကို ကူညီကာကွယ်တားဆီးဖို့အတွက် ကျွန်တော်တို့ အတွေ့အကြုံ အရ၊ အမြင်အရပေါ့။ ယုံကြည်မှုအရ ပါးစပ်နဲ့ စကားနဲ့ ကာကွယ်တားဆီးလို့မရဘူး။ လက်နက်မကိုင်လို့မရဘူး၊ အဲလိုအမြင်၊ အဲလို ယုံကြည်မှုတွေ နဲ့ပဲ လက်နက် ကိုင်ထားပါတယ်”

ဖေဖော်ဝါရီလ ၂၁ ရက်ထုတ် မြန်မာပို့စ်ဂလိုဘယ် ဂျာနယ် အမှတ် (၁၄၉) တွင် ပါရှိသော “ထာဝရ ငြိမ်းချမ်းရေးမရမချင်း လက်နက်မစွန့်ဘူးလို့ မွန်ပြည်သစ်ပါတီ” ပြော သတင်းမှ မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


"နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လုပ်ဆောင်ဖို့ ကြိုးပမ်းချက်တွေကို တွေ့မြင်နေရပါတယ်။ ဒါပေမဲ့ လုပ်ဆောင်မှုတွေ က အားနည်းနေပါသေးတယ်။ မြန်မာအစိုးရအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်အခတ် ရပ်စဲရုံတင် မဟုတ်ဘဲ စစ်မှန်ပြီး ရှေရှည်ခံတဲ့ ငြိမ်းချမ်းရေး ရရှိဖို့အတွက် နိုင်ငံရေးဆွေးနွေးမှု တွေပါ ပြုလုပ်ဖို့ လိုပါတယ်"

ဖေဖော်ဝါရီလ ၂ဝ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော "စာနယ်ဇင်း လွတ်လပ်ခွင့် အားနည်းခြင်း ၊ အဓမ္မ မြေယာသိမ်းဆည်းမှုများ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပေါ်နေသေး ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ပြောကြား" သတင်းမှ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အဲဒီ မတ်လထဲမှာပဲ တွေ့နိုင်ဖို့ ကျွန်တော် တို့ဖက်က မျှော်လင့်တယ်။ အဲဒီအတိုင်းပဲ ပြင်ဆင်နေပါတယ်။ အခု ကျွန်တော်တို့ ရန်ကုန်မှာ ဆွေးနွေးတဲ့အပေါ်မှာလည်း မူတည်ပါလိမ့်မယ်။ နှစ်ဖက်လုံးရဲ့ ရည်ရွယ်ချက်ကတော့ ဘားအံ့ပွဲဟာ National Wide ceasefire လက်မှတ်ရေးထိုးတဲ့ နောက်ဆုံးပွဲ ဖြစ်ချင်တဲ့အတွက် ကြိုတင်ပြင်ဆင်မှု တွေလုပ်နေတာပါ”

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ထုတ် First Weekly Journal အတွဲ (၃) အမှတ် (၁၁၉) တွင် ပါရှိသော “နိုင်ငံတော်အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်မှု အဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ နှစ်ဖက် ညှိနှိုင်းဆွေးနွေး ကြမည့်ရက် ထပ်မံရွှေ့ဆိုင်းလိုက်ပြန်” သတင်းမှ ဦးလှမောင်ရွှေ ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment