Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ကျွန်တော်တို့ အီးယူကနေ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို စာတွေ့ရော၊ လက်တွေ့ပါ သင်ကြားပေးနေပါတယ်။ အခု သင်ကြားပေးနေ တာတွေက နည်းပညာတွေဖြစ်ပြီး အီးယူမှာ လက်ရှိအသုံးပြုနေတဲ့ နိုင်ငံတကာ အဆင့်မီတဲ့ နည်းပညာတွေ ဖြစ်ပါတယ်။ ဒီ နည်းပညာတွေက လူအုပ်စုက သောင်းကျန်းလာမယ်ဆိုရင် ဘယ်လိုစီမံထိန်းသိမ်း ကွပ်ကဲမလဲ။ ကမ္ဘာ့စံချိန်စံညွှန်း ပြည့်မီတဲ့ နည်းပညာတွေကို အသုံးပြုပြီး လေ့ကျင့်ပေးနေတာ ဖြစ်ပါတယ်။ အဆင့်အတန်း ပြည့်မီတဲ့ modern ရဲတပ်ဖွဲ့လို မြင်ချင်တဲ့ အတွက် အခုလို ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။”

ဖဖော်ဝါရီလ ၂၁ ရက်နေ့ထုတ် Daily Eleven သတင်းစာတွင်ပါရှိသော ဥရောပသမဂ္ဂက “မြန်မာနိုင်ငံရဲတပ်ဖွဲ့အား လူထုအခြေပြု ရဲလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် ငွေကျပ် ၁၃ ဘီလျံကျော် အသုံးပြုကာ သင်တန်းပေး”သတင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး ရိုလန်ကိုဘီယာ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


လွှတ်တော်ကိုယ်စားလှယ်များကတော့ အဲဒီလို မသွင်းဘူး။ ရန်ပုံငွေသုံးစွဲမှုကိုလည်း စာရင်းစစ်ချုပ်ရုံးက စစ်မယ့်အစား လွှတ်တော်ကပဲ စစ်မယ်လို့ ပြောနေတာတွေ ကြားနေရတယ်။ ဥပဒေမှာ ဘယ်လိုပါလဲမလဲဆိုတာတော့ ကျွန်တော်တို့မသိဘူး။ ၂ရာခိုင်နှုန်းကောက်တာကတော့ ဘဏ္ဍာရေး စဉ်းမျဉ်းအရ အားလုံးလိုက်နာရတဲ့ ကိစ္စကိုပြောတာပါ”

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ထုတ် 7Day Daily သတင်းစာတွင်ပါရှိသော “လွှတ်တော်အမတ်များ၏ ဖွံ့ဖြိုးရေးရန်ပုံငွေ ၂ရာခိုင်နှုန်း ကောက်ခံမှု အစီအစဉ်အသစ် မဟုတ်ဟုဆို”သတင်းတွင် ပြည်တွင်းအခွန်ဦစီးဌာန တိုင်းအခွန်ဦးစီးမှူးတစ်ဦး ပြောကြားချက်အား ကောက်နှုတ်ချက်။


“သမ္မတကြီးတို့ ဦးအောင်မင်းတို့ ကျွန်တော်အမြင်ကတော့ အာဏာသုံးပြီးတော့ ငြိမ်းချမ်းရေးကို ခပ်ပြတ်ပြတ်လေး လုပ်ဖို့လို တယ်။ ဥပဒေတွေ ဘာတွေ ပါလီမန်အတွင်းမှာကိုက ဆွေးနွေးဖို့လိုတယ်။ ငြိမ်းချမ်းရေးနှင့်ပတ်သတ်လို့ တိုင်းရင်းသားတွေ ရဲ့တောင်းဆိုချက်တွေ။ ရပိုင်ခွင့်တွေ ဆွေးနွေးပြီးတော့မှ။ ငြိမ်းချမ်းရေးလုပ်ငန်းကို ကောက်ခံဖို့လိုတယ်။ နောက်မို့ဆို ငြိမ်းချမ်းရေးက ဟိုရောက်မလို၊ ဒီရောက်မလိုနဲ့ ဘယ်မှမရောက်ဘူး။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ထုတ် မြန်မာသံတော်ဆင့် ဂျာနယ် အတွဲ ၂၊ အမှတ် ၅၀၊ တွင်ပါရှိသော “ငြိမ်းချမ်းရေး လုပ်ငန်းများအား လွှတ်တော်အတွင်းဆွေးနွေးကာ ပြတ်ပြတ်သားသားလုပ်သင့်” သတင်းတွင် UNFC ဒုတိယဥက္ကဋ္ဌ ဖဒိုဒေးဗစ်သာကပေါ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ငြိမ်းချမ်းရေးက လုပ်နေတာ ရှည်ကြာနေပြီ။ တကယ်ခံစားရတဲ့ ပြည်သူတွေအပေါ်ကို ဘာမှအကျိုးသက်ရောက်မှုမရှိဘူး။ တကယ့် အမျိုးသားရေးကဏ္ဍပြန်လည်ရင်ကြားစေ့ရေးရဲ့ အခြေခံက လူထုတွေရဲ့ ပြဿနာကနေ စတင်ခဲ့တာ။ အခု ငြိမ်းချမ်းရေးပန်လုပ်တော့ နိုင်ငံရေးတွေ ဆွေးနွေးနေတယ်။  ငြိမ်းချမ်းရေးဆိုတာ လူထုကို တိုက်ရိုက် အကျိုးသက်ရောက်မှုရှိ ရမယ်။”

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ထုတ် Mizzima Daily သတင်းစာတွင် ပါရှိသော “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြည်သူများအပေါ် အကျိုးသက်ရောက်မှုမရှိသေး” သတင်းတွင် KNU/KNLA (PC) ငြိမ်းချမ်းရေးကောင်စီ၏ ထိပ်တန်း ဗဟိုကော်မတီဝင် ဗိုလ်မှူးချုပ် ဒေါက်တာတင်မိုသီ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


"အစိုးရအနေနဲ့ အလုပ်တွေ အများကြီး လုပ်ပြီးသွားပါပြီ။ ဒါပေမဲ့ လုပ်စရာတွေလည်း အများကြီး ကျန်နေပါသေးတယ်။ ဆက်သွယ်ရေးတာဝါစိုက်ထူတဲ့ လုပ်ငန်းမှာ ပို့ဆောင်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်တို့လို အခက်အခဲတွေ အများကြီး ရှိနေပါတယ်။ မြေနေရာကတော့ တာဝါကုမ္ပဏီတွေအတွက် အဓိက အခက်အခဲပါပဲ"

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ထုတ် မြန်မာတိုင်း(မ်)ဂျာနယ် အတွဲ ၃၄၊ အမှတ် ၆၆၁၊ တွင်ပါရှိသော “ဆက်သွယ်ရေးတာဝါ စိုက်ရန်နေရာအခက်တွေ့” သတင်းတွင်  Golden Towers ကုမ္ပဏီ၏ ဒါရိုက်တာ တစ်ဦးဖြစ်သူ Thomas Thalhammer ၏ ပြောကြားချက်အား ကောတ်နှုတ်ချက်


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment