Transparency Myanmar

transparency.myanmar@gmail.com

International media (1)

Snapshot of the item below:
International media (1)

ဘာသာပြန်သတင်းများ

(Industry Week မှ 21 Feb 2014 ရက်စွဲပါ “Manufacturers investing in Myanmar’s Thilawa Economic Zone”သတင်းကို ဘာသာပြန်ဆိုသည်။)

(HIS Jane’s 360 မှ 20 Feb 2014 ရက်စွဲပါ “US may ease export restrictions against Myanmar and Vietnam” သတင်းကို ဘာသာပြန်ဆိုသည်)


မြန်မာနိုင်ငံ သီလဝါစီးပွားရေးဇုံတွင် ထုတ်လုပ်ရေးကုမ္ပဏီများ ရင်းနှီးမြှုပ်လျက်ရှိ

(Industry Week မှ 21 Feb 2014 ရက်စွဲပါ “Manufacturers investing in Myanmar’s Thilawa Economic Zone”သတင်းကို ဘာသာပြန်ဆိုသည်။)

သီလဝါစက်မှုဇုန်တွင် စက်ရုံထူထောင်ရန် နိုင်ငံခြားထုတ်လုပ်ရေး ကုမ္ပဏီ ၄၀ ခန့်က စိတ်ဝင်စားနေ ကြသည်ဟု မြန်မာတာဝန်ရှိသူတစ်ဦးက ပြောကြားကြောင် Reuters သတင်းအရ သိရှိရသည်။

အထည်အလိပ်၊ စားသောက်ကုန်၊ လျှပ်စစ်ပစ္စည်း၊ ရေချိုးခန်းသုံးပစ္စည်းနှင့် ကားပစ္စည်းအစိတ်အပိုင်း ထုတ်လုပ်သော ကုမ္ပဏီများဖြင့် ၂၀၁၅ တွင် သီလဝါစက်မှုဇုန်၏ ထုတ်လုပ်မှုကို စတင်နိုင်ဖွယ်ရှိသည်ဟု မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌနှင့် စီးပွားရေးဇုန် ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးအချက်အချာ မြို့တော်ရန်ကုန်အနီးရှိ များစွာမျှော်လင့်နေကြသော သီလဝါ စီးပွားရေး ဇုန်တည်ဆောက်မှု ပထမအဆင့်အတွက် လိုအပ်သော ရန်ပုံငွေဒေါ်လာ ၂၁ သန်း ရှာဖွေရန် ကြိုးပမ်းသည့် အနေဖြင့် သီလဝါအထူးစီးပွားရေးဇုန် ရှယ်ယာများကို လာမည့်လတွင် ရောင်းချတော့မည်ဟု International Business Times ကဆိုပါသည်။

၎င်းစီးမံကိန်းသည် မြန်မာအစိုးရ၊ ဂျပန်အစိုးရနှင့် ဂျပန်ကုမ္ပဏီအုပ်စုတို့ ပူးပေါင်းစီစဉ်နေကြသော ဖက်စပ် လုပ်ငန်းတစ်ခု ဖြစ်သည်။ ရန်ကုန်မြို့၏ တောင်ဖက်တွင် ရေနက်ဆိပ်ကမ်းတစ်ခု၊ ဂျပန်စက်ရုံများ၊ အကြီးစား အိမ်ယာ စီမံကိန်းများပါဝင်သော သီလဝါစက်မှုဇုန်စီမံကိန်း၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို မြန်မာဖက်မှ ပိုင်ဆိုင်သည်။

မြန်မာဖက်မှ ပိုင်ဆိုင်သော ရှယ်ယာ ၅၁ ရာခိုင်နှုန်းအနက် မြန်မာကုမ္ပဏီ ၉ ခုစုပေါင်းထားသော Myanmar Thilawa SEZ Holding Public Co. Ltd. က ၄၁ ရာခိုင်နှုန်းနှင့် ဦးဆက်အောင် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော Thilawa Management Committee နိုင်ငံပိုင်လုပ်ငန်းက ၁၀ ရာခိုင်နှုန်း အသီးသီးပါဝင်ကြသည်။

ဂျပန်ဖက်မှ ပိုင်ဆိုင်သော ၄၉ရာခိုင်နှုန်းအနက် Mitsubishi ၊ Marubeni ၊ Sumitomo ကောက်ပရေးရှင်း သုံးခု အုပ်စုဖွဲ့ထားသော MMS Thilawa Development Co. Ltd. က ၃၉ ရာခိုင်နှုန်းနှင့် ဂျပန် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှု အေဂျင်စီ JICA က ၁၀ ရာခိုင်နှုန်း ပါဝင်သည်ဟု သိရှိရသည်။


မြန်မာနှင့်ဗီယက်နမ်အပေါ် လက်နက်ကုန်သွယ်မှု တားမြစ်ချက်များကို အမေရိကန် ဖြေလျှော့ ပေးဖွယ်ရှိ

(HIS Jane’s 360 မှ 20 Feb 2014 ရက်စွဲပါ “US may ease export restrictions against Myanmar and Vietnam” သတင်းကို ဘာသာပြန်ဆိုသည်)

အရှေ့တောင်အာရှ တစ်ခွင်၌ လုံခြုံရေးဆိုင်ရာ ဆက်ဆံမှုများတိုးချဲ့ရန် အမေရိကန် ပြည်ထောင်စုက ကြိုးပမ်းနေခြင်းကြောင် ယခင်က မြန်မာနှင့် ဗီယက်နမ်အပေါ် ရေရှည်လက်နက် အရောင်းအဝယ်တားမြစ် ထားခဲ့ခြင်းကို ဝါရှင်တန်က ဖြေလျော့ပေးမှုများ ဖြစ်ပေါ်နိုင်သည်ဟု အမေရိကန်အစိုးရ နိုင်ငံရေးစစ်ဖက်ရေးရာ ဒုတိယလက်ထောက် အတွင်းဝန် လက်နက်ဟန်ဒယ်မန်က HIS Jane’s 360 အပတ်စဉ် စာစောင်သို့ ပြောကြားသည်။

လောလောဆယ်တွင် မြန်မာနှင့်ဗီယက်နမ်သို့ စစ်လက်နက်ပစ္စည်းများ ရောင်းချပေးရန် မဖြစ်နိုင်သေးသော် လည်း၊ စိုးရိမ်စရာ လူ့အခွင့်အရေး ပြဿနာများကဲ့သို့သော ကိစ္စရပ်များကို ဖြေရှင်းရန် နှစ်နိုင်ငံစလုံးက အားထုတ် ဆောင်ရွက်လာကြမည့် နောင်တစ်ချိန်တွင် လက်နက်အရောင်းအဝယ် ခွင့်ပြုခြင်း ဖြစ်လာနိုင်သည် ဟု ဟန်မန်ဒယ်က ဆိုပါသည်။

မြန်မာနိုင်ငံတွင် အရပ်ဖက်အုပ်ချုပ်ရေးစနစ်သို့ အသွင်ပြောင်းလဲလာပြီးနောက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ပြုလုပ်ရန် ကြိုးပမ်းမှုများကို အသိအမှတ်ပြုတုန့်ပြန်သည့် အနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် အီးယူနှစ်ဖွဲ့ စလုံးက မြန်မာနိုင်ငံ အပေါ် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တားမြစ်ချက်များကို ၂၀၁၃ တွင် ဖြေလျှော့ ရုတ်သိမ်းပေးခဲ့ ကြသည်။

အထူးသဖြင့် မြန်မာ့တပ်မတော် အနေဖြင့် နိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်မှု(သို့) ပါဝင်ပတ်သက်မှု မပြုခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် တိုက်ခိုက်မှု အဆုံးသတ်ကာ လုံးဝငြိမ်းချမ်းရေး ရယူခြင်းတို့ကို အာမခံ နိုင်ပါက အမေရိကန်လုပ် လက်နက်ပစ္စည်းများကို မြန်မြန်ဆန်ဆန် ရရှိနိုင်ဖွယ်အလားအလာ ရှိသည်ဟု ပြည်တွင်းမှ အကဲခတ်လေ့လာသူ အချို့က မှတ်ချက်ပေးကြသည်။


International media (1)(10).jpg


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment