Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“တရုတ်က မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေတယ်။ ရှေ့လျှောက် အနာဂတ်မှာထပ်လုပ်ဖို့တွေ ရှိနေတယ်။ အရင်က ကျွန်တော်တို့မှာ ရွေးချယ်စရာမရှိခဲ့တော့ တရုတ်နဲ့ပဲ အလုပ်လုပ်ခဲ့ရတဲ့အခါ အကျိုး အမြတ်ရသင့် သလောက်မရတာတွေ၊ ပွင့်လင်းမြင်သာမှု မရှိတာတွေဖြစ်ခဲ့တယ်။ အခု အနာဂတ်ရင်းနှီး မြှုပ်နှံမှုတွေမှာ နိုင်ငံတကာစံမီဖို့၊ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ သဘာဝပတ်ဝန်းကျင် မထိခိုက်ဖို့ အတွက် သမ္မတကြီးက နှစ်ဦးနှစ်ဖက် မျှမျှတတဖြစ်ဖို့ ပြောတာပါ။ လက်ပံတောင်းတောင်ဆိုလည်း အကျိုးအ မြတ်ခွဲဝေမှု စာချုပ်ကို အသစ်ပြန်ပြင်ချုပ်လိုက်နိုင်ပြီ”

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ထုတ် 7Day Daily သတင်းစာတွင် ပါရှိသော “နိုင်ငံတကာစံမီသည့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် တရုတ်အစိုးရကို သမ္မတဦးသိန်းစိန် တိုက်တွန်း” သတင်းမှ နိုင်ငံတော် သမ္မတ ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်တို့ ရောက်နေတာက လမ်းခုလတ် မဟုတ်ဘူး။ လမ်းဆုံလမ်းခွကို ရောက်နေတာ။ နိုင်ငံရေး လမ်းခွဲသင့်ရင် ခွဲရမယ်။ လမ်းသစ်ကို ရှာရဲရမယ်။ အဓိက ပြောချင်တာက အရေးတော်ပုံကြီးဟာ မပြီးဆုံးသေး ဘူး။ ကျွန်တော်တို့ဟာ လမ်းဆုံလမ်းခွရောက်နေပြီ။ လမ်းခွဲထွက်ရတော့မယ်။ စစ်တပ်ပိုင်း အစိုးရ လုပ်နေတဲ့ လမ်းကနေ လမ်းခွဲဖို့ အချိန်ရောက်နေပြီ။ ပထမဆုံးအချက်ဖြစ်တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး လမ်းခွဲပဲဖြစ် တယ်။”

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ထုတ် The Popular News ဂျာနယ် အတွဲ ၆၊ အမှတ် ၉၊ တွင်ပါရှိသော “ပြည်သူများ၏ ပြဿနာကို လွှတ်တော်က ဖြေရှင်းပေးနိုင်ခြင်းမရှိဟု ဒီချုပ်ဦးဝင်းတင်ပြော” သတင်းမှ ဟံသာဝတီ ဦးဝင်းတင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အမျိုးသား ပညာရေး ဥပဒေရေးဆွဲရင် ပါသင့်ပါထိုက်တဲ့ဟာတွေပါဖို့၊ ပညာရေးက အရေးကြီးတယ်။ ခဏခဏ ပြင်လိုက်ပြောင်းလိုက်နဲ့ ပညာရေးစနစ်က တောက်လျှောက် ပျက်စီးခဲ့ပြီးပြီ အဲဒီအတွက်ကြောင့် အမျိုးသား ပညာရေးစနစ်ရေးဆွဲရာမှာ အခြေခံရမယ့် မူဝါဒတွေ ဖြစ်သင့်ဖြစ်ထိုက်တာတွေ လူထုအသံကို စုပြီးတင်ပြ တာပါ။”

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ် အတွဲ ၄၊ အမှတ် ၁၈၆၊ တွင်ပါရှိသော “မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး ဒေါ်အောင်ဆန်းစုကြည်နှင့် NEERတို့ တွေ့ဆုံ ဆွေးနွေး” သတင်းမှ တက်ရောက် ဆွေးနွေးခဲ့သူ ကိုစိုးထွန်း၏ ပြောကြားချက်အား ကောက်နှုတ် ချက်။


“အဓိကကတော့ နှစ်ခုစလုံး ပါပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေကဆိုရင် ပိုက်လိုင်းတွေကြောင့် တပ်အင်အားတွေစုပြီး ထပ်တိုးလာတဲ့ အခြေအနေရှိသလို နောက်ဆုံး ၂ဝ၁၂-၁၃ မှာ ဘာပြန်ကြားလဲဆိုတော့ အဓိက တိုင်းရင်းသား တပ် (TNLA) ကို ချေမှုန်းပစ်မယ်ဆိုတဲ့ မူအရ တပ်တွေကို ပိုပြီးတော့ တိုးလာတဲ့သဘောမှာ ရှိတယ်”  

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ထုတ် Daily Eleven သတင်းစာတွင်ပါရှိသော “တအာင်း (ပလောင်) ဒေသရှိ တိုက်ပွဲများမှာ တရုတ်သို့ပို့သည့် ဓာတ်ငွေ့ပိုက်လိုင်းအား ကာကွယ်လိုခြင်းသည် အဓိက အချက်တစ်ချက် အဖြစ် ပါဝင်နေဟု တအာင်းအမျိုးသမီးအဖွဲ့ ပြောကြား” တအာင်းအမျိုးသမီးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဒီဒီပိုးစင် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


International media (1)(11).jpg


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment