Transparency Myanmar

transparency.myanmar@gmail.com

International media (1)

Snapshot of the item below:
International media (1)

ဘာသာပြန်သတင်းများ

(Reuters မှ 26 Feb 2014 ရက်စွဲပါ "Thailand's True in talks to operate mobile service in Myanmar" သတင်းကို ဘာသာပြန်ဆိုသည်)

(Associated Press မှ 1 Mar 2014 ရက်စွဲပါ “Myanmar says Doctors without Borders not expelled, hints work may stop only in Rakhine State”သတင်းကိုဘာသာပြန်ဆိုသည်)


မြန်မာနိုင်ငံတွင် မိုဘိုင်းလ် အော်ပရေတာ ဝန်ဆောင်မှုပေးရန် ထိုင်း True Corp ဆွေးနွေးနေ

(Reuters မှ 26 Feb 2014 ရက်စွဲပါ "Thailand's True in talks to operate mobile service in Myanmar" သတင်းကို ဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံ၏ True Corp Pol သည် မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း အော်ပရေတာ လုပ်ငန်းကို ဖက်စပ်လုပ်ကိုင်ရန် အတွက် မြန်မာနိုင်ငံမှ ရတနာပုံ တယ်လီပို့ နှင့် ဆွေးနွေးနေကြောင်း True ကုမ္ပဏီမှ အကြီးတန်း အမှုဆောင်တစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

"လောလောဆယ် ရတနာပုံတယ်လီပို့နဲ့ ကျွန်တော်တို့ ညှိနှိုင်းနေတဲ့အဆင့်ဖြစ်ပါတယ်။ အကယ်၍ အောင်မြင် တယ်ဆိုရင် True Corp ဘုတ်အဖွဲ့ဆီက အတည်ပြုချက်ရဖို့ လိုအပ်ပြီး ထိုင်းစတော့အိတ်ချိန်းကို လည်း သတင်းပို့ရမှာ ဖြစ်ပါတယ်" ဟု ဘဏ္ဍာရေးတာဝန်ခံ အကြီးအကဲ နိုဖါဒေါအက်ခ်ျဒဒွန်က Reuters သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၏ အချမ်းသာဆုံး ပုဂ္ဂိုလ် ဒါနင်းချာဗာနွန် ပိုင်ဆိုင်ပြီး ချာရွန်ပိုဟန်း အုပ်စုက ထိန်းချုပ်ထား သော True Corp သည် ကြိုးဖုန်း ၊ မိုဘိုင်းဖုန်း ၊ broad band အင်တာနက် ၊ ကေဘယ်လ် တီဗီ စသော ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် Sky Net ဂြိုလ်တု ရုပ်သံလိုင်းများမပေါ်မှီအချိန်က ထိုင်း True Corp ၏ဂြိုလ်တု ရုပ်သံလိုင်း များကို အားပေး ကြည့်ရှုခဲ့ခြင်းကြောင့် True Corp သည် မြန်မာလူထု နှင့် မစိမ်းဟု သိရှိရသည်.

လက်ရှိတွင် မြန်မာနိုင်ငံမှ အင်တာနက် Service Provider ဖြစ်သော ရတနာပုံတယ်လီပို့သည် မြန်မာအစိုးရနှင့် ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီ ၁၃ ခုတို့ ဖက်စပ် လုပ်ကိုင်နေသော လုပ်ငန်းဖြစ်သည်။

ပြည်တွင်းအော်ပရေတာ နှစ်ဦးဖြစ်သော ရတနာပုံတယ်လီပို့၊ MPT တို့နှင့် ပူးပေါင်းလုပ်ကိုင်ခွင့်ရမည့် ကုမ္ပဏီ များထဲတွင် ခရိုနီများ၏ ဖက်စပ်ကုမ္ပဏီများ ပါဝင်လာခြင်း ရှိ ၊ မရှိကို အကဲခတ်စောင့်ကြည့်ရမည်ဟု ရန်ကုန်မြို့မှ စောင့်ကြည့် လေ့လာသူများက မှတ်ချက်ပေးထားသည်။


နယ်စည်းမထားဆရာဝန်များအဖွဲ့ အင်ဂျီအိုထုတ်ပယ်ခြင်းမပြုဘဲ ရခိုင်ပြည်နယ်တွင်း၌သာ ရပ်ဆိုင်းဖွယ်ရှိ

(Associated Press မှ 1 Mar 2014 ရက်စွဲပါ “Myanmar says Doctors without Borders not expelled, hints work may stop only in Rakhine State”သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် လူသားချင်းစာနာသော ကျန်းမာရေးစောင့်ရှောက်ကယ်ဆယ်မှုလုပ်ငန်းများ လုပ်ကိုင်နေသော အင်ဂျီအိုနယ်စည်းမထားဆရာဝန်များ Doctors without borders က ၎င်းတို့အဖွဲ့ မြန်မာနိုင်ငံမှ မောင်းထုတ်ခံရသည်ပာု ထုတ်ပြန်ကြေညာပြီးနောက် တစ်ရက်အကြာစနေနေ့တွင် မြန်မာအစိုးရက အဆိုပါအင်ဂျီအိုနှင့် စေ့စပ်ညှိနှိုင်းမှုများ ပြု လုပ်နေဆဲဖြစ်ပြီး သွေးစွန်းသော လူမျိုးရေးအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်မှလွဲ၍ အခြားမည်သည့် နေရာတွင်မဆို စီမံချက်လုပ်ငန်းများ ပြန်လည်စတင်ရန် ခွင့်ပြုဖွယ်ရှိကြောင်း ပြောကြားလိုက်ပါသည်။

နိုင်ငံတကာအသိုင်းအဝိုင်း၏ ပြင်းပြင်းထန်ထန်ဖိအားပေးမှုများအပြီး၌ သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က Associated Press သို့ပြောကြားရာတွင် အဆိုပါအင်ဂျီအိုအဖွဲ့၏ လုပ်ငန်းများကို ပြည်နယ်တွင်း၌ရပ်ဆိုင်းရန် ရခိုင် ပြည်နယ်အစိုးရက တောင်းဆိုထားကြောင်းနှင့် ၎င်းအဖွဲ့၏လုပ်ငန်းများ တိုင်းပြည်တွင်းအခြားနေရာများတွင် ရပ်တန့် သွားမည်မပာုတ်ကြောင်း ပြောဆိုခဲ့သည်။

Doctors without Border က အဆိုပါသတင်းကို ကြိုဆိုကြောင်း ကြေညာချက်ထုတ်ပြန်သော်လည်း မြန်မာ နိုင်ငံတွင်း ယာယီစခန်းများတွင် နေထိုင်နေရဆဲ ဒုက္ခသည်ထောင်ပေါင်းများစွာအတွက် စိုးရိမ်ပူပန်လျက်ရှိပြီး ၎င်းဒုက္ခ သည်များသည် ကယ်ဆယ်စောင့်ရှောက်မှုကို အလွန်အမင်းလိုအပ်နေသည်ပာု ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင်းရှိ အဆိုပါ အင်ဂျီအိုအဖွဲ့၏ ဆေးခန်းများအားလုံးကို သောကြာနေ့က ပိတ်ထားလိုက်ပြီ ဖြစ်သည်။

MSF ပာုလည်းလူသိများသော နယ်စည်းမထားဆရာဝန်များအဖွဲ့အတွက် အင်ဂျီအိုခွင့်ပြုလိုင်စင်မှာ ရက်စေ့ သွားပြီဖြစ်၍ သက်တမ်းတိုးမပေးဘဲ ရပ်ဆိုင်းလိုက်ပြီပာု တာဝန်ရှိသူများက သီတင်းပတ်အစောပိုင်းတွင် အကြောင်းကြား ခဲ့သည်။

MSF ၏ဝန်ထမ်းအများစုမှာ မြန်မာအစိုးရက ဘင်္ဂါလီပာုခေါ်ဝေါ်သော ရိုပာင်ဂျာများဖြစ်နေသည့်အပြင် ဒေသခံ ရခိုင်များထက် ရိုပာင်ဂျာမွတ်ဆလင်များကို ပိုမိုကူညီစောင့်ရှောက်သည်ပာူသော သတင်းများမနှစ်က ထွက်ပေါ်လာခဲ့ပြီး မကြာသေးမီက တင်းမာမှုဖြစ်စဉ်များတွင် သတင်းအချက်အလက်အမှားများ ဖြန့်ဖြူးခဲ့သည်ပာု စွပ်စွဲခံရပြီးနောက် ယခုကဲ့သို့အငြင်းပွားစရာကိစ္စများ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment