Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

ရန်ကုန်မြို့တော်တွင် တိုယိုတာ Showroom ဖွင့်မည်

(Bangkok Post မှ 26 Fec 2014 ရက်စွဲပါ “Toyota to open showroom in Yangon”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာကြိုက် ဂျပန်ကားထုတ်လုပ်သူ Toyota Motor Corp သည် မတ်လအတွင်း ရန်ကုန်မြို့တော်၌ showroom ဖွင့်လှစ်တော့မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပွင့်လင်းလာသည့် ကားဈေးကွက်သို့ဝင်ရောက်ရန် ပြင်ဆင်နေပြီပာု နီးစပ်သောသတင်းရပ်ကွက်က ဗုဒ္ဓပာူးနေ့တွင် ပြောကြားသည်။

တိုယိုတာအနေဖြင့် ပြည်တွင်းဖြန့်ဖြူးသူများမှတစ်ဆင့် ရောင်းချသွားမည့် ကားအမျိုးအစားများထဲတွင် ပာိုင်း လပ်ပစ်ကပ်ထရပ်ကားများနှင့် လန်ခရူဆာပရာဒို suv ကားများလည်းပါဝင်မည်ပာုမျှော်လင့်ရကြောင်း သတင်း များက ဆိုပါသည်။

ရန်ကုန်မြို့တွင် ဂျာမဏီလုပ် မာစီဒီး၊ အမေရိကန်လုပ် ချက်ပလက်၊ ကိုရီးယားလုပ် ပွာန်ဒိုင်းနှင့် ကီးယား၊ ဂျပန်လုပ် မာဇဒါ အစရှိသော ကားကုမ္ပဏီကြီးများက showroom များဖွင့်လှစ်ခဲ့ကြပြီးနောက် ယခုကဲ့သို့တိုယိုတာ၏ shoeroom ထွက်ပေါ်လာခြင်းဖြစ်သည်။

မော်တော်ကားဈေးကွက်ကို လွတ်လပ်စွာတင်သွင်းရောင်းဝယ်ခွင့် ပြုနေပြီဖြစ်သော မြန်မာနိုင်ငံတွင် မော်တော် ကားအသစ်စက်စက်များ ရောင်းချရမည့်အလားအလာ အလွန်ကြီးမားလာတော့မည်ပာု ကားထုတ်လုပ်များက ယုံကြည် နေကြသည်။

လောလောဆယ်တွင်မူ မြန်မာကားဈေးကွက်၏ အရောင်းအဝယ် ၉၀ ရာခိုင်နှုန်းကျော်မှာ တစ်ပတ်ရစ်ကား များသာ ဖြစ်သည်။

တစ်ချိန်က မော်တော်ယာဉ်တင်သွင်းခွင့်ကို ပိတ်ပင်စည်းကြပ်ကာ မော်တော်ကားဈေးကွက်ကို လက်ဝါးကြီး အုပ် စီးပွားရှာခဲ့ဘူးသော အာဏာရှင်အသိုင်းအဝိုင်းသည် ယခုအခါ မြန်မာနိုင်ငံ၏ နာမည်ကျော်လုပ်ငန်းကြီးအချို့တွင် ရှယ်ယာထည့်ဝင်မြှုပ်နှံကာ ခြေတစ်လှမ်းဆုတ်၍ စီးပွားရေးကဏ္ဍအပြောင်းအလဲကို အကဲခတ်နေပုံရသည်ပာု ရန်ကုန် မြို့မှ မော်တော်ယာဉ်ပွဲစားအချို့က မှတ်ချက်ပေးသည်။


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment