Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

"ကျွန်တော် တောင်းပန်ပါတယ်။ တွေ့တဲ့သူတိုင်းကို တောင်းပန်ပါတယ်။ ရွာထဲမှာ အလွတ်သဘော လက်ဖက်ရည်ဆိုင်မှာ ပြောတာဖြစ်တဲ့အတွက် မခံနိုင်တဲ့စကားတွေနဲ့ ပြောကြတာဖြစ်တဲ့အတွက် စကားနိုင်လုပြောသလို ဖြစ်သွားတဲ့အတွက် ကျွန်တော့်ထက် အရွယ်ငယ်တဲ့လူရော၊ အသက်ကြီးတဲ့လူတွေရော၊ နိုင်ငံ့အကျိုး၊ ကိုယ့်ဒေသအကျိုး၊ ကိုယ့်တိုင်းရင်းသား အကျိုးကို ဆောင်ရွက်နေတဲ့လူတွေ၊ နိုင်ငံရေးသမားတွေကို ဂရုမစိုက်ဘူးလို့ ပြောတာတွေကို ရိုင်းပြတာရှိခဲ့ရင် ကျွန်တော့်ကို မမှားသောရှေ့နေ၊ မသေသောဆးသမားကဲ့သို့ ကျွန်တော်များမှားခဲ့တာရှိရင်တောင်းပန်ပါတယ်။ အနူးအညွတ် တောင်းပန်ပါ တယ်"

မတ်လ ၂ ရက်နေ့ထုတ် 7 Day Daily နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော "ရိုင်းပြခဲ့သည်များအတွက် အနူး အညွတ် တောင်းပန်ကြောင်း ဝန်ကြီးဦးအုန်းမြင့်ပြော" သတင်းမှ မွေး၊ရေကျေးလက် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


"ကျွန်တော်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းဆိုင်ရာ အခန်းဆိုတာက နိုင်ငံတွင်းမှာ နိုင်ငံသားတွေရဲ့ ကာလ အလျောက် နစ်နာချက်တွေ လိုအပ်ချက်တွေ၊ ဆန္ဒသဘောထား ပြောင်းလဲမှုတွေအပေါ်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဘောင် ထဲက ပြုပြင်နိုင်ရင် နိုင်ငံကညင်ညင်သာသာနဲ့ အပြောင်းအလဲတွေလုပ်နိုင်မယ်။ အဲဒီလိုမဟုတ်လို့ ဒီဖွဲ့စည်းပုံက နိုင်ငံ သား တွေရဲ့ဆန္ဒကို မလိုက်လျောနိုင်လောက်အောင် သိပ်တင်းကျပ်ထားလို့ ရှိရင် လမ်းပေါ်တိုက်ပွဲတွေ တောတွင်းတိုက်ပွဲတွေ အစ ရှိသဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ ပြင်ပမှာရှိတဲ့ လှုပ်ရှားမှု မျိုးတွေ ဖြစ်လာခဲ့တာဟာ ရှစ်လေးလုံးမှာ ဒါဟာအထင်အရှားပဲ"

မတ်လ ၂ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော "၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံပုဒ်မ ၄၃၆ အားပြင်ဆင်နိုင်ရေး အင်တိုက်အာတိုက် ဆောင်ရွက်သွားမည်ဟု ၈၈ မျိုးဆက်ထုတ်ပြန်"သတင်းမှ ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ အထွေထွေအတွင်းရေးမှူး ဦးကိုကိုကြီး၏ ပြောကြားချက် အား ကောက်နှုတ်ချက်။


"တရုတ်ဘက်ကလာတွေ့တာ ၂ဝ၁၅ ရွေးကောက်ပွဲမှာ NLD က အလားအလာကောင်းတယ်ပေါ့။ အစိုးရနဲ့သာမက နိုင်ငံရေးပါတီတွေ၊ အတိုက်အခံတွေနဲ့ပါ သင့်သင့်မြတ်မြတ် နေချင်တယ်ဆိုတာပာတယ်။ ပြည်တွင်းငြိမ်းချမ်းရေး အခြေအနေ တွေ ဆွေးနွေးကြတယ်။ သူတို့ဘက်က ပြောတာကတော့ တရုတ်ပြည်ကမြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးမှာ ဝင်ရောက် စွက်ဖက်မှာ မဟုတ်ပါဘူးလို့ ပြောသွားတယ်"

မတ်လ ၄ ရက်နေ့ထုတ် True News ဂျာနယ် အတွဲ (၆) ၊ အမှတ် (၂ဝ) တွင် ပါရှိသော "တရုတ်သည် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးတွင် ဝင်ရောက်စွက်ဖက်မည်မဟုတ်ဟုဆို" သတင်းမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


"မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ပတ်သက်ပြီး ထောက်ပြတာလးချက်ရှိတယ်။ တစ်အချက်ထာက်ပြတာက အာဆီယံ ၁ဝ နိုင်ငံထဲမှာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုဥပဒေနှစ်ရပ်ရှိနေတယ်။ ဒါမကောင်းဘူးပေါ့။ အဲ့ဒီလိုနှစ်ခုရှိနေတာလည်း တိုင်းပြည် အတွက် ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်တဲ့အခါမှာ သိပ်ပြီးတော့ ဆွဲဆောင်မှုမရှိလှဘူးပေါ့။ နိုင်ငံခြားက လာတဲ့သူတွေကလဲ သူတို့ကို ခွဲခြားဆက်ဆံတယ်ပေါ့။ ပြည်တွင်းမှာရှိတဲ့ လုပ်ငန်းရှင်တွေကလဲ နိုင်ငံခြားသားတွေကြတော့ အခွင့်အရေးပိုပေးပြီး ပြည်တွင်း က တို့နိုင်ငံသားကြတော့ အခွင့်အရေးလျှော့ပေးတယ်လို့လဲယူဆပြီးပြောနိုင်တယ်။ အဲဒါကြောင့်နိုင်ငံအသီးသီးမှာ အင်ဘက်စ မင့် ပေါ်လစီတွေကို အမြဲတမ်းတစ်ခုတည်းပဲထားလေ့ရှိတယ်။ ဒီတစ်ခုထဲနဲ့ပဲ ကိုယ့်နိုင်ငံသားလဲ ဒီဥပဒေ ၊ နိုင်ငံခြားသားလဲ ဒီဥပဒေပဲ။ ဒါကို ဒီဥပဒေနှစ်ရပ်ကို ပေါင်းစည်းသင့်တယ်လို့ သူတို့ကအကြံပြုတယ်။ ဒုတိယအချက်အကြံပြုတာက ဒီက (MIC)မှာလုပ်နေတဲ့အခါ တချို့လုပ်နည်းတွေက ရှုပ်ထွေးနေတယ်။ တချို့ဟာတွေက ရှင်းရှင်းလင်းလင်း မရှိသေးဘူး။ ဒီ (MIC)လုပ်ငန်းတချို့ကို ရှုပ်ထွေးတယ်လို့ ထောက်ပြတယ်ပေါ့။ တတိယအချက်က(MIC)နဲ့ပတ်သက်ပြီးတော့ ဆုံးဖြတ်ပိုင်ခွင့် တွေပေါ့။ ဘာလုပ်ချင်ချင်(MIC)ကို တင်ပြရတာမျိုးတွေလည်း မကောင်းသေးဘူး။ လုပ်တဲ့သူဘယ်သူဘဲလုပ်လုပ် အင်ဘက်စ မင့် တစ်ယောက်သည် လွယ်လွယ်ကူကူ ရှင်းရှင်းလင်းလင်းနဲ့ လုပ်နိုင်ရမယ်။ ဒါလေးတွေထာက်ပြထားတယ်။ နောက် မြန်မာ နိုင်ငံက ကန့်သတ်ချက်တွေတအားများတယ်။ ဒါကစတုတ္ထထောက်ပြတဲ့အချက်၊ ဘာလုပ်လုပ် တချို့ကိစ္စတွေမှာ ခွင့်မပြုဘူး၊ တချို့ကိစ္စတွေမှာ ဘာတွေလိုအပ်တယ်၊ တချို့ကိစ္စတွေမှာ ဒါတွေလိုအပ်တယ်။ ကန့်သတ်ချက်တွေများတယ်။ အဲ့တော့ တရုတ်ပြီး ကန့်သတ်ချက်များတဲ့ ဒုတိယကန့်သတ်ချက် များတဲ့နိုင်ငံဖြစ်နေတယ်။ တရုတ်နဲ့ မြန်မာနိုင်ငံ အနေအထားတော့ မတူဘူးပေါ့။ တရုတ်ကတော့ သူ့တိုင်းပြည်က ကြီးလဲကြီးတယ်။ မားကတ်လည်း ကြီးတယ်။ အတိုင်းအတာတစ်ခုထိလဲ ဖွံ့ဖြိုး နေတယ်ပေါ့။ မြန်မာနိုင်ငံက တရုတ်လဲမဖြစ်သေးဘူး။ မဖြစ်သေးတဲ့အခါမှာ ဒီလိုကန့်သတ်ချက်တွေ များနေတာလဲ ဒီအင် ဘက်စမင့်ခေါ်တဲ့အခါမှာလုပ်တဲ့အခါမှာ ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာ သိပ်အားမကောင်းဘူးပေါ့နော်။ ဒါလေးတွေကို ထောက်ပြတဲ့ အချက်တွေပေါ့နော်"

မတ်လ ၂ ရက်နေ့ထုတ် Democracy Today နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော "ရင်းနှီးမြှုပ်နှံမှု ဥပဒေတွင် ကန့်သတ်ချက်အများဆုံး နိုင်ငံများတွင် မြန်မာ ဒုတိယ လိုက်ဟု OECD အဖွဲ့ပြော" သတင်းမှ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၏ ပြောကြားချက်အား ကောက်နှုတ် ချက်။


"အဓိကပြောချင်တာကတော့ ဘယ်ပါတီ ၊ ဘယ်အဖွဲ့အစည်း ၊ ဘယ်ပုဂ္ဂိုလ်မဆို နိုင်ငံနဲ့ ပြည်သူကို ဦးဆောင်ချင်တယ်ဆိုရင် မြစ်ဆုံအပေါ်ထားတဲ့ သဘောထားပြတ်သားရမယ်။ ဘယ်သူ့မှာ တာဝန်ရှိတယ်။ မရှိဘူး ပြောနေမယ့်အစား မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်တဲ့သဘောထားကို ပြတ်ပြတ်သားသား ပြောရမယ့်အချိန် ရောက်နေပါပြီ။ ကိုယ်ကျိုးအတွက်လုပ်မှာလား။ နိုင်ငံ အကျိုးအတွက် လုပ်မှာလား။ ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့အတွက် အခုလိုမြစ်ဆုံအထိ လမ်းလျှောက်ဖို့ စီစဉ်ရတာပါ"

မတ်လ ၂ ရက်နေ့ထုတ် စံတော်ချိန် နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော "မြစ်ဆုံစီမံကိန်းရပ်ဆိုင်းရေး မြစ်ဆုံသို့ လမ်းလျှောက်မည့် အစီအစဉ် မတ် ၂၃ ရက်တွင် စတင် ထွက်ခွာမည်" သတင်းမှ နိုင်ငံရေးအကျဉ်းသားဟောင်း များ အဖွဲ့ချုပ် ဦးရဲထွဋ်ခေါင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


International media (1)(13).jpg


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment