Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

"ဒေါ်အောင်ဆန်းစုကြည် ဆိုတာ ကမ္ဘာသိ ၊ မြန်မာသိ ၊ ကမ္ဘာကျော် ၊ မြန်မာကျော်အားလုံးကချစ်တဲ့သူ ဖြစ်နေတဲ့ အတွက်ကြောင့် ဗုဒ္ဓဘာသာဝင် အားလုံးအတွက် တကယ်လိုအပ်နေတဲ့ ဒီဥပဒေကို အောင်မြင် ပြီးစီးအောင် ဆောင်ရွက် ပေးစေချင်ပါတယ်။ အဲဒီလို ဖြစ်အောင်လည်း ကြိုးစားပေးပါလို့ တိုက်တွန်းမေတ္တာ ရပ်ခံ ပါတယ်"

မတ်လ ၃ ရက်နေ့ထုတ် 7 Day Daily နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော "မျိုးစောင့်ဥပဒေ အမြန်ဆုံး ပေါ်ထွန်းလာ စေရေး ပူးပေါင်းပါဝင်ရန် မ.ဘ.သ ဆရာတော်အချို့ ဒေါ်အောင်ဆန်းစုကြည်အား တိုက်တွန်း" သတင်းမှ (မ.ဘ.သ) ဗဟိုအဖွဲ့ဝင် မဇ္စိုမဂုဏ်ရည်ဆရာတော် ဒေါက်တာဦးကောဝိဒ၏ ပြောကြားချက်အား ကောက်နှုတ် ချက်။


 

"အိန္ဒိယအစိုးရက နယ်စပ်ဒေသက သောင်းကျန်းသူတွေရဲ့ ပြဿနာကို အမြန်ဆုံး ဖြေရှင်းသွားဖို့ ဆောင်ရွက်နေပါတယ်။ အဓိက အဲ့ဒီဒေသတွေက အစွန်အဖျား ဖြစ်နေတာရယ် ၊ ရာဇဝတ်မှုတွေ ထူပြောတာတွေကြောင့် ဒီလို လက်နက်ကိုင်ပြဿနာတွေကို ရင်ဆိုင်နေရတာပါ"

မတ်လ ၃ ရက်နေ့ထုတ် 7 Day Daily နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော "အိန္ဒိယ သူပုန်ခေါင်းဆောင်များကို ပြန်လွှဲပေးရန် မြန်မာထံ အိန္ဒိယ တောင်းဆိုမည်" သတင်းမှ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E.Mr.Gautam Mukhopadhaya ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


"ဖာပွန်မှာ တွေ့ဆုံသဘောတူညီချက်ထဲက ကရင်အဖွဲ့အစည်းအချင်းချင်း စည်းလုံးညီညွတ်မှု ဆိုတဲ့အချက်ကို သံတောင် တွေ့ဆုံပွဲမှာ လူထုဆီက သဘောထားတွေ တောင်းယူသွားမှာပါ။ ကရင် လက်နက်ကိုင် အဖွဲ့စည်းတွေ စည်းလုံးမှ အခြား တိုင်းရင်းသားတွေနဲ့ စည်းလုံးညီညွတ်မှုကို ဖော်ဆောင်နိုင်မှာလေ။ သံတောင်ဆွေးနွေးပွဲပြီးရင် ကရင် တိုင်းရင်းသားညီလာ ခံ တစ်ရပ် ကျင်းပနိုင်အောင် ညှိနှိုင်းသွားမယ်"

မတ်လ ၃ ရက်နေ့ထုတ် Mizzima Daily နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော "ကရင် စည်းလုံးရေး နှင့် ငြိမ်းချမ်းရေးကော်မတီ ပြည်သူများနှင့် တွေ့ဆုံမည်" သတင်းမှ ကရင် စည်းလုံးရေး နှင့် ငြိမ်းချမ်းရေး ကော်မတီ အဖွဲ့ဝင် ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


"ကျွန်တော်တို့ကို အစိုးရဖွဲ့က ပြန်ပြီး စိစစ်ပေးဖို့ ပြောလို့ ကျွန်တော်တို့ ပြန်စိစစ်တာပါ။ သူတို့က နိုင်ငံရေး အကျဉ်းသား ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ဆီမှာ အထောက်အထားတွေ ရှိပါတယ်။ အခုလိုမျိုး ပြန်ပြီး စိစစ် ခိုင်းတာက ထောင်အသီးသီးမှာ ရှိနေတဲ့ အကျဉ်းသားတွေက အခြား ပုဒ်မတွေနဲ့ ရောနေတာတွေ ရှိတယ်ဆိုလို့ ကျွန်တော်တို့ ကွင်းဆင်းပြီး စစ်ဆေးသွားမှာပါ"

မတ်လ ၅ ရက် The Myanmar Post ဂျာနယ် အတွဲ (၆) ၊ အမှတ် (၁၀) တွင် ပါရှိသော "လက်ကျန် နိုင်ငံရေး အကျဉ်းသား ၃၁ ဦးအား အစိုးရမှ ပြန်လည် စိစစ်ခိုင်းသဖြင့် နိုင်/ကျဉ်း ဟောင်း စိစစ်ရေး ကော်မတီမှ ပြန်လည် စိစစ်မည်" သတင်းမှ လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီမှ ဦးစိုင်းညွန့်လွင်၏ ပြောကြားချက် အား ကောက်နှုတ်ချက်။


 

"ကျွန်တော်တို့နိုင်ငံမှာ ဘယ်လောက်အထိ ဘာတွေပိုင်ဆိုင်ထားလည်းဆိုတာ ဘယ်သူမှ မသိပါဘူး။ အစိုးရ အနေနဲ့လည်း ပြည်သူတွေကို ဘာတွေပိုင်ဆိုင်ထားတယ်ဆိုတာ ဖွင့်ဟပြချင်ပုံလည်း မရပါဘူး။ အဓိက,က ပွင့်လင်းမြင်သာမှု မရှိတာပါ။ ဒီလို နိုင်ငံပိုင်ပစ္စည်းတွေကို ဘယ်လောက်အထိ ပိုင်ဆိုင်ထားတယ်ဆိုတာ သိဖို့ အဆိုပါအဖွဲ့ ဖွဲ့စည်းရာမှာ အစိုးရ ဝန်ထမ်းများ မပါဝင်စေဘဲ လွတ်လပ်သော ကျွမ်းကျင်ပညာရှင်များ ၊ ရှေ့နေများ ၊ စာရင်းကိုင် စာရင်းစစ်များ ၊ စီးပွားရေးပညာရှင်များ ၊ ကုမ္ပဏီများ ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ၊ ပုဂ္ဂလိကပိုင် ပြုလုပ်မည့် ပစ္စည်းအား ထိုက်တန်သည့် တန်ဖိုးအား သုံးသပ်နိုင်မည့် ရာဖြတ်အဖွဲ့ဝင်များ စသည် ဖြင့် လွတ်လပ်သော ပညာရှင်များ ပါဝင်သင့်ပါတယ်"

မတ်လ ၃ ရက်နေ့ Weekly Eleven ဂျာနယ် အတွဲ (၉) ၊ အမှတ် (၂၁) တွင် ပါရှိသော "မြေပေါ်မြေအောက် ပိုင်ဆိုင်သည့် ပစ္စည်းများ ပြည်သူများ သိရှိရန် ပုဂ္ဂလိကပိုင် ပြုလုပ်ရေး အေဂျင်စီ ဖွဲ့စည်းလုပ်ဆောင်သင့် ဟု သမ္မတ ၏ စီးပွားရေးအကြံပေး အဖွဲ့ခေါင်းဆောင် အကြံပြု" သတင်းမှ နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး အဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

 

 

 

 

 



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment