Transparency Myanmar

transparency.myanmar@gmail.com

International media (1)

Snapshot of the item below:
International media (1)

ဘာသာပြန်သတင်းများ

(Milli Gazztte မှ  March 2, 2014 ရက်စွဲပါ  “PM Manmohan Singh need to threaten Myanmar with trade sarctions” ကို ဘာသာပြန်ဆိုသည်။

(The Korea Times မှ March 2, 2014 ရက်စွဲပါ “Builders eyes Myanmar Malasia” သတင်းကို ဘာသာပြန်ဆိုသည်)


ဝန်ကြီးချုပ် မန်မိုဟန်းဆင် အနေဖြင့် မြန်မာနိုင်ငံကို ကုန်သွယ်ရေး ပိတ်ဆို့ခြိမ်းခြောက်ဖို့လို

(Milli Gazztte မှ  March 2, 2014 ရက်စွဲပါ  “PM Manmohan Singh need to threaten Myanmar with trade sarctions” ကို ဘာသာပြန်ဆိုသည်။

အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းသည် ၂၀၁၄ မတ်လ ၃ ရက်တွင် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာခရီးစဉ် ထွက်ခွာသွားကြောင်း သိရှိရသည်။ ဒေါက်တာဆင်းအနေဖြင့် မြန်မာအစိုးရ ခေါင်းဆောင်များနှင့် ယခင်က တွေ့ဆုံခဲ့ မှုများနှင့်မတူပဲ၊ ယခုတစ်ခေါက်တွင် ထိုနိုင်ငံ၌ မွတ်ဆလင်ဆန့်ကျင်ရေး လူမျိုးရေးသန်စင်မှုများကို အကြီးစားပမာဏ လုပ်ဆောင်နေခြင်းနှင့်ပတ်သက်၍ အိန္ဒိယလူထုနှင့် အစိုးရက အလွန်အမင်း စိတ်မကောင်းဖြစ်ကာ၊ ကန့်ကွက်ကြောင်း ပြတ်ပြတ်သားသား အသိပေးမှုများကို မြန်မာအစိုးရခေါင်းဆောင်များထံ သေသေချာချာ သယ်ဆောင်သွားဖို့ လိုပါ သည်။

လျှော့ပေါ့မသွားဘဲ ပိုမိုချဲ့ကားလာကာ၊ ပမာဏကြီးထွားလာပြီး ညှိနှိုင်းဖြေ၍မရသော လူ့အခွင့်အရေး ချိုးဖောက်မှု များသည် လတ်တလော အချိန်ကာလ တစ်ခုအတွင်း မြန်မာနိုင်ငံ၌ အဆတ်မပြတ် ဖြစ်ပွားလျက်ရှိသည်။ အစောပိုင်းကာလများက မြန်မာနိုင်ငံကို အကာအကွယ်ပေးခဲ့ပြီး၊ လောလောဆယ်တွင် စတုတ္ထမြောက် အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်နေသူ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှအစွန်းရောက် အကြမ်းဖက်လုပ်ရပ်များကို တားဆီးရန် အတွက် နှစ်နိုင်ငံကုန်သွယ်မှုကို ဖြတ်တောက်မည်ဟု ခြိမ်းခြောက်ဖို့လိုနေပါသည်။ အိန္ဒိယ၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံဖြတ် အဝေးပြေးလမ်းစီမံကိန်းကိုလည်း ရပ်ဆိုင်းထားသင့်သည်။ ထို့အပြင် မြန်မာနိုင်ငံကို နိုင်ငံတကာ ကုန်သွယ်ရေး ပိတ်ဆို့မှု Sanction များချမှတ်ဖို့ ASEAN၊ SSARC နှင့် UNOအဖွဲ့အစည်းများအား တောင်းဆိုရန် အိန္ဒိယနိုင်ငံအနေဖြင့် အလောသုံးဆယ် လှုပ်ရှားဆောင်ရွက်ဖို့ လိုအပ်နေကြောင်း တင်ပြလိုပါသည်။


 

ကိုရီးယား ဆောက်လုပ်ရေးကုမ္ပဏီများ မြန်မာနှင့် မလေးရှားဈေးကွက်ကို မျှော်မှန်း

(The Korea Times မှ March 2, 2014 ရက်စွဲပါ “Builders eyes Myanmar Malasia” သတင်းကို ဘာသာပြန်ဆိုသည်)

ကိုရီးယားအကြီးစား ဆောက်လုပ်ရေးနှင့် အင်ဂျင်နီယာရင်းကုမ္ပဏီများသည် အစိုးရထံမှ အပြည့်အဝ အားပေးမှုဖြင့် မြန်မာနှင့် မလေးရှားနိုင်ငံများတွင် မီဂါ စီမံကိန်းများ တည်ဆောက်ခွင့်ရရန် ကြိုးစားနေကြသည်။

ဝန်ကြီးဆူဆောင်ဟွမ် ဦးဆောင်သော အစိုးရတာဝန်ရှိသူများ အထူးကိုယ်စားလှယ်အဖွဲ့ကို ကိုရီယား ဆောက်လုပ်ရေးလုပ်ငန်းများအား ပံ့ပိုးရန်အတွက် မြန်မာနှင့်မလေးရှားသို့ စေလွှတ်လိုက်ပြီဟု မြေယာ၊ အခြေခံ အဆောက်အဦးနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနက ပြောကြားသည်။

၎င်းကိုယ်စားလှယ်အဖွဲ့တွင် နိုင်ငံပိုင် ကိုရီးယား ရေအရင်းအမြစ် ကော်ပိုရေးရှင်း၊ ကိုရီးယားအမြန်လမ်း ကော်ပရေးရှင်း၊ ကိုရီးယား ရထားလမ်းကွန်ယက် အာဏာပိုင်စသော အဖွဲ့များအပါအဝင်ဟွန်ဒိုင်း၊ ဆမ်ဆောင်း၊ ဒေလင်း၊ ဆန်ယောင် စသော ပုဂ္ဂလိက ကုမ္ပဏီကြီး ၁၀ခုမှ ကိုယ်စားလှယ်များ လိုက်ပါသွားကြသည်။

ငါးရက်ကြာခရီးစဉ်အတွင်း ကိုရီးယားကိုယ်စားလှယ်အဖွဲ့သည် မြန်မာနှင့်မလေးရှားနိုင်ငံများ၌ အစိုးရတာဝန် ရှိသူများနှင့်တွေ့ဆုံကာ အမြန်လမ်း၊ ရထားလမ်း၊ ရေနံချက်စက်ရုံ၊ ဓါတ်အားပေးစက်ရုံ၊ ရေအရင်းမြစ် စီမံခန့်ခွဲမှု စီမံကိန်းများ အကောင်အထည်ဖော်ရန် ဆွေးနွေးကြမည်ဟု သိရှိရသည်။

၎င်းစီမံကိန်းများကို အစောဆုံး ပထမနှစ်ဝက်အတွင်း တင်ဒါခေါ်လိမ့်မည်ဟု ဝန်ကြီးဌာနက ဆိုသည်။

“အာရှဟာ ကိုရီးယား ဆောက်လုပ်ရေးကဏ္ဍအတွက် ဈေးကွက်သစ်တစ်ခုဖြစ်လာပါတယ်။ အထူးသဖြင့် အခုတလော အရှေ့တောင်အာရှက စီမံကိန်းအတော်တော်များများကို တင်ဒါအောင်ခဲ့တဲ့ အတွက်မဟာဗျူဟာ မြောက် အရေးပါလာပါတယ်”ဟု ဝန်ကြီးဌာနမှာ တာဝန်ရှိသူ ပတ်ဗြောင်ဆွတ်က ပြောကြားသည်။

ဒေါ်လာ ၆၅ ဘီလီယံ တန်ဖိုးရှိသော ဆောက်လုပ်ရေးတင်ဒါများကို ကိုရီယားကုမ္ပဏီများပါဝင်နိုင်ရန် မြန်မာ အစိုးရ တာဝန်ရှိသူများနှင့် ဆွေးနွေးကြမည်ဖြစ်သည်။ ၂၁၇၀ ကီလိုမီတာရှည်သော ဧရာဝတီသည် မြန်မာနိုင်ငံ၏ အရှည်ဆုံးမြစ်တစ်စင်းဖြစ်ပြီ၊ အရေးအပါဆုံး ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်သည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment