Transparency Myanmar

transparency.myanmar@gmail.com

International media (1)

Snapshot of the item below:
International media (1)

ဘာသာပြန်သတင်းများ

(3 March 2014 ရက်စွဲပါ Bernama မှ ADB to help Myanmar cities improve sanitation, water access ကို ဘာသာပြန်ဆိုသည်)

(3 March 2014 ရက်စွဲပါ Channel News Asia မှ Foreign direct investment in Myanmar act to grow ကို ဘာသာပြန်ပါသည်။)


မြန်မာနိုင်ငံတွင် ရေနှင့် သန့်ရှင်းမှု၊ ရေအသုံးပြုမှုအတွက် ADB ကူမည်

(3 March 2014 ရက်စွဲပါ Bernama မှ ADB to help Myanmar cities improve sanitation, water access ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် ၎င်း၏လူဦးရေ အထူထပ်ဆုံးမြို့နှစ်မြို့တွင် ရေနှင့်သန်းရှင်းမှုလုပ်ငန်း၊ ရေအသုံးပြုမှုများ တိုးတက်ရန် ခွင့်ပြုငွေ အမေရိကန်ဒေါ်လာ (၄) သန်း ရရှိမည်ဖြစ်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က တနလာင်္နေ့က ပြောကြားခဲ့ပါသည်။

ဆင်းရဲမွဲတေမှု လျော့ချရေးအတွက် ဂျပန်ရန်ပုံငွေအဖွဲ့သည် မနီလာ အခြေစိုက် ADB ၏ ကြီးကြပ်မှုဖြင့် အဆိုပါငွေကို ထုတ်ပေးမည်ဖြစ်ကြောင်း ဆင်ဝှာ သတင်းဌာနက သတင်းထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ ငွေဖြင့် ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ရေသုံးအိမ်သာ အလုံး ၂၀၀၀၊ မြို့ပေါ်ကွန်ရက်နှင့် ချိတ်ဆက် မည့် ရေဆိုးမြောင်း(၁၇) ကီလိုမီတာနှင့် ရေဆိုးစွန်ပစ်ရေးစနစ် လေးခုတို့ကို ၂၀၁၈ အပြီး တည်ဆောက်မည်ဖြစ်ပါသည်။

“နေတဲ့လူတွေရဲ့ အခြေအနေဟာ အရမ်းနိမ့်ကျနေပါတယ်။ ရေလျှံခြင်းနဲ့ ကျန်းမာရေးအရ မသင့်လျော်ခြင်း တွေဖြစ်ပြီး၊ စီးပွားရေးအခွင့်အလမ်းတွေကိုလည်း ဆုံးရှုံးစေပါတယ်” ဟု ADB ၏ အရှေ့တောင်အာရှဌာနမှ လူမှုဖွံ့ဖြိုး တိုးတက်ရေး ပညာရှင် Linda Adams ကပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံမြို့ပြ လူဦးရေးများ၏ အရေးပါသော အချိုးအစားများသည် ၁၉၈၀များနှင့် ၁၉၉၀ အစပိုင်းတွင် နေရာချထားသော ဧရိယာများတွင် အခြေခံဖြည့်ဆည်းမှု အနည်းငယ်နှင့်သာ နေထိုင်နေကြရပါသည်။

“ဒီလူအသိုင်းအဝိုင်းတွေမှာ မြို့ပြကို လျင်မြန်စွာ ပြောင်းလဲရွေ့လာနေတဲ့ ဝန်ထုပ်ဝန်ပိုးကို ကြီးစွာ ရင်ဆိုင်နေ ရပါတယ်” ဟု ADB ကပြောပါသည်။


မြန်မာနိုင်ငံမှ FDI ကြီးထွားလာဖွယ်ရှိ

(3 March 2014 ရက်စွဲပါ Channel News Asia မှ Foreign direct investment in Myanmar act to grow ကို ဘာသာပြန်ပါသည်။)

မြန်မာနိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) သည် ယခုဘဏ္ဍာနှစ်ကထက် နှစ်ဆခန့်မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံသို့ ရောက်ရှိခဲ့ပါသည်။

ထိုအရှိန်အဟုန်သည် နှေးကွေးသွားမည့် သဘောမရှိပဲ လာမည့် ဘဏ္ဍာနှစ်တွင် FDI သည် အမေရိကန်ဒေါ်လာ ၄ ဘီလီယံသို့ ရောက်ရှိနိုင်ပါသည်။

တယ်လီဖုန်းဆက်သွယ်ရေးနှင့် ထုတ်လုပ်မှုများသည် အဆိုပါတိုးတက်မှုအတွက် မောင်းနှင်အားများ ဖြစ်ပါ သည်။ တယ်လီကွမ်း ကဏ္ဍသည် ထုတ်လုပ်မှုကဏ္ဍကို ကျော်တက်၍ မြန်မာစီးပွားရေးတွင် ထိပ်တန်းဒေါ်လာ ဝင်ငွေရရှိ သည့် နေရာရောက်လာရန် ရှိပါသည်။

“၃၀ ရာခိုင်နှုန်း၊ ဆိုလိုတာက ဒေါ်လာ ၁.၅ ဘီလီယံ သို့မဟုတ် ဒေါ်လာ ၂ ဘီလီယံဟာ တယ်လီကွမ်းကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အလားအလာရှိတဲ့ ရင်းနှီးမြှုပ်နှံသူများနဲ့ ဆွေးနွေးပြီးပါပြီ။ MIC ရဲ့ အတည်ပြုချက်ကို စောင့်နေပါတယ်”ဟု ရင်းနှီးမြှုပ်နှံမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး ကပြောပါသည်။

အဆိုပါ ပရော့ဂျက်များတွင် အခြေခံအဆောက်အဦးများကို တိုးတက်စေခြင်းဖြင့် ဆက်သွယ်ရေး လမ်းကြောင်း များ ကောင်းမွန်အောင် လုပ်ဆောင်ခြင်းများ ပါဝင်ပါသည်။

တယ်လီကွမ်း ကဏ္ဍအပြင် ကုန်ပစ္စည်းများကို တန်းဖိုးမြှင့် ထုတ်လုပ်ခြင်းများကိုလည်း စီစဉ်ထားပါသည်။

လာမည့် နှစ်နှစ်၊ သုံးနှစ်အတွင်း သစ်လုံးပို့မည့်အစား သစ်အချောထည်များ တင်ပို့ခြင်းကဲ့သို့သော တန်းဖိုးမြှင့် များတင်ပို့ရန် မျှောင့်မှန်းထားပါသည်။

သို့သော် အခြေခံ အဆောက်အဦးအားနည်းခြင်း၊ ကျွမ်းကျင်မှုမရှိသော လုပ်သားအင်းအားစုနှင့် လက်ရှိ တိုင်းရင်းသားများနှင့် တင်းမာနေမှုများသည် ရင်းနှီးမြှုပ်နှံသူများအတွက် စွန့်စားရမည့် ကိစ္စရပ်များဖြစ်ပါသည်။

အချို့က ရင်းနှီးမြှုပ်နှံမှုကိန်းဂဏန်းများ တက်လာခြင်းက စိန်ခေါ်မှုများက သက်ရောက်မှု မရှိခြင်းကြောင့် ဟု ဆိုနိုင်ကြောင်း ပြောနေသော်လည်း၊ အချို့ကမှု သတိထား၍ အကောင်းမြင်လျက်ရှိပါသည်။

“The Report: Myanmar 2014” ကို သုသေသနပြုသူများက ဝင်ရောက်လာသည် ရင်းနှီးမြှုပ်နှံမှုများက အရေးပါသောတိုးတက်မှု အခွင့်အလမ်းများအတွက် ဆက်၍တံခါးဖွင့်ပေးသွားလိမ့်မည်ဟု ဆိုပါသည်။

သို့သော်လည်း ၎င်းတို့က ပရော့ဂျက်များ စတင်နိုင်ရန် လူမျိုးရေးအရ တင်းမာမှုများ ရှေ့ဆက်မဖြစ်ရေးကို ထိန်းသိမ်းရန် လိုအပ်သည်ဟု ဆိုပါသည်။

Oxford စီးပွားရေးအုပ်စုမှ Paulius Kuncinas ကပြောကြားရာတွင် “ရင်နှီးမြှုပ်နှံမယ့် သူတွေက ဒီကိစ္စတွေကို ကျော်ပြီး အခွင့်အလမ်းတွေကိုပဲ ကြည့်နေကြတယ်။ အခွင့်အလမ်းက ကောင်းလွန်းတော့ အန္တရာယ်ကို လစ်လျူရှုထားကြ တယ်”ဟု ဆိုပါသည်။

“ဒီနေ့ခေတ် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ကမ္ဘာကြီးမှာ ရွေးချယ်စရာတွေ အများကြီးရှိပါတယ် အထက်ကဆိုခဲ့တဲ့ ကိစ္စတွေကို မဖြေရှင်းဘူးဆိုရင်တော့ ရင်းနှီးမြှုပ်နှံသူတွေ ထွက်ပြေးရမယ့် အချိန်ကို ရောက်လာနိုင်တဲ့ ကြီးမားတဲ့ စွန့်စားမှုတွေရှိပါတယ်” ဟုဆိုပါသည်။

စာမျက်နှာ ၂၀၀ ပါ အစီရင်ခံစာသည် စွန့်စားရမည့် အန္တရယ်ကို လျော့ချနိုင်ရန် ရည်ရွယ်ပြီး၊ မြန်မာနိုင်ငံရှိ စက်မှုလုပ်ငန်းများ၏ သဘာဝကို သုံးသပ်ပြထားကာ ရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံ အပေါ်ပိုမို နားလည်ရန် ပြုလုပ် ထားပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment