Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“အခု ပြဌာန်းထားတဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြောင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု မဝင်တာ မဟုတ်ပါဘူး။ အခု ဥပဒေမှာ ဥပဒေရဲ့ အပြစ်ထက် ဥပဒေကို အကောင်အထည်ဖော်တဲ့နေရာမှာ နှောင့်နှေးနေတာတွေ ကြောင့်ပါ။ ဥပဒေပြင်မှာကို ကန့်ကွက်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ခဏခဏပြင်နေရင် ပိုဆိုးကုန်မယ်”

မတ်လ ၈ ရက်နေ့ထုတ် The Trade Times အတွဲ (၂) အမှတ် (၉၉) တွင် ပါရှိသော “အီးယူနိုင်ငံများ၏ ရင်းနှီးမြုပ်နှံမှု ကာကွယ်ရေးစာချုပ် ချုပ်ဆိုရန်ရှိ” သတင်းမှ တရားလွှတ်တော် ရှေ့နေ စီးပွားရေး ဥပဒေ ပညာရှင် ဦးသန်းမောင် (စစ်တွေ) ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အလုပ်လက်မဲ့ အကျိုးခံစားခွင့်က သူတို့ထည့်ဝင်ကြေး ပေးသွင်းထားတဲ့ အပေါ်မှာမူတည်ပြီး တစ်လကနေ ခြောက်လ အထိရမယ်။ ဒါပေမယ့် ဒီစနစ်က အကောင်အထည်မပေါ်သေးဘူး။ ဘာ့ကြောင့်လဲဆိုတော့ အနည်းဆုံး လုပ်ခလစာ အတည်မဖြစ်သေးလို့ပဲ။ ဒီလိုအချိန်မှာ ထည့်ဝင်ကြေးတွေ အရမ်ကောက်ရင် အလုပ်သမားတွေ ဘာနဲ့သွားစားမလဲ။ ဒါတွေလည်းရှိတော့ နောက်တစ်နှစ်၊ နှစ်နှစ်လောက်နေမှ အကောင် အထည်ဖော်နိုင်မယ်”

မတ်လ ၇ ရက်နေ့ထုတ် မြန်မာပို့စ် ဂလိုဘယ် ဂျာနယ် အမှတ် (၁၅၁) တွင် ပါရှိသော “အနည်းဆုံး လုပ်ခလစာ သတ်မှတ်ပြီးမှ အလုပ်လက်မဲ့အကျိုးခံစားခွင့် အကောင်အထည်ဖော်နိုင်မယ် လို့ဆို” သတင်းမှ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှု့ဖူလုံရေးဥက္ကဌ ဦးယုလွင်အောင် ၏ ပြောကြားချက် အားကောက်နှုတ်ချက်။


“အဓိကကတော့ နိုင်ငံရေးသမား ဖြစ်ခဲ့၊ မဖြစ်ခဲ့ဆိုတဲ့ အချက်ကို ထည့်သွင်းစဉ်းစားသွားမှာပါ။ လက်ရှိ နိုင်ငံရေး အကျဉ်းသားအဖြစ် ဆုံးဖြတ်တဲ့အခါမှာ အမြင်မတူတာတွေ၊ အငြင်းပွားမှုတွေ ရှိနေတာကြောင့် ပြဿနာတွေ ရှုပ်ထွေးသွား နိုင်ပါတယ်။ ဥပဒေက သီးသန့်မရှိခဲ့တာလဲ ပါတယ်။ ဘာလို့လဲဆိုတော့ အလုပ်သမား၊ လယ်သမားတွေ ဘက်ကလဲ တိုက်ပွဲတွေဆင်နွှဲပြီး နိုင်ငံရေးပြစ်မှုနဲ့ ကျခံရတာတွေလဲ ရှိပါတယ်။ ဒါတွေအတွက်ကတော့ ဘယ်လောက်မှန်မှန်ကန်ကန် နိုင်ငံရေးလုပ်ခဲ့တယ် ဆိုတဲ့အချက်ရယ် ထောက်ခံ ပေးမယ့် လူပုဂ္ဂိုလ်ရယ် စတာတွေကို ထည့်သွင်းစဉ်းစားသွားဖို့ ရှိပါ တယ်”

မတ်လ ၆ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၀) တွင် ပါရှိသော “ခေတ်အဆက် ဆက် နိုင်ငံရေးအကျဉ်းသားများစာရင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ခံမည်” သတင်းမှ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) မှ ဦးဘိုကြည် ၏ ပြောကြားချက်အား ကောက်နှုတ် ချက်။


“အပစ်အခတ်ရပ်တယ်ဆိုတာ လက်ရှိစစ်တိုက်နေတဲ့သူတွေက အဓိကဆိုတော့ လက်ရှိတပ်မတော်ရဲ့ သဘောထားနဲ့ ရပ်တည်ချက်က သိပ်အရေးကြီးတယ်။ တပ်မတော်ရဲ့ ရပ်တည်ချက် သဘောထားတွေကို ကျွန်တော်တို့က တိုက်ရိုက်စ ကားပြောခွင့်ရပြီးတော့ သူ့ စိုးရိမ်မှုက ဘာလဲ၊ အမြင်သဘောထားက ဘာလဲဆိုတာကို ကျွန်တော်တို့လို အဖွဲ့ အစည်းတွေနဲ့ စကားပြောလိုက်ပြီးတော့ ဖြေရှင်းလိုက်ရင်တော့ ကြားလူတွေနဲ့ ကွေ့ပတ်သွားတာထက်စာရင် အချိန်တို တိုနဲ့ ပြတ်နိုင်တယ်”

မတ်လ ၇ ရက်နေ့ထုတ် မြန်မာတိုင်းမ် ဂျာနယ် အတွဲ (၃၄) အမှတ် (၆၆၃) တွင် ပါရှိသော “အပစ်ရပ်ရေး တွေ့ဆုံပွဲ စစ်ဘက်ကိုပါ ဖိတ်ကြား” သတင်းမှ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၏ ပြောကြားချက်အား ကောက် နှုတ်ချက်။


“ကျွန်မ တို့နိုင်ငံမှာ အမျိုး၊ဘာသာ သာသနာကို စောင့်ရှောက်ဖို့ ဥပဒေ ပြဌာန်းရတဲ့အထိ ကျွန်မတို့ မြန်မာ လူမျိုးတွေက မယိမ်းမယိုင်သေးပါဘူး။ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်ဖို့ ငယ်စဉ်ကတည်းက စိတ်ထဲမှာ ရှိပြီးသား။ ဥပဒေ ပြဌာန်းစရာ မလိုပါဘူး။ အဲ့ဒီတော့ ပြည်သူတွေကို သိစေချင်တာက ဒါက နိုင်ငံရေးလှည့်ကွက်တစ်ခု ဆိုတာ သိစေချင်ပါ တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘာသာရေးကို နိုင်ငံရေးအတွက် ခုတုံးလုပ် အသုံးမချရဆိုတာလည်း ပါထားပြီးသားပါ”

မတ်လ ၉ ရက်နေ့ထုတ် The Irrawaddy Journal အတွဲ (၁) အမှတ် (၁၀) တွင် ပါရှိသော “Reformist မှ Nationalist ဆီသို့” သတင်းဆောင်းပါးမှ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


DATE(6.3.2014).jpg


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment