Transparency Myanmar

transparency.myanmar@gmail.com

International media (1)

Snapshot of the item below:
International media (1)

ဘာသာပြန်သတင်းများ

(6 March 2014 ရက်စွဲပါ The New Zealand Herald မှ US: Myanmar still buys N Korea weapons ကို ဘာသာပြန်ပါသည်)

(5 March 2014 ရက်စွဲပါ VOA News မှ ASEAN military chiefs endorse early South China Sea Code ကို ဘာသာပြန်ပါသည်)


မြန်မာနိုင်ငံသည် မြောက်ကိုရီးယားမှ လက်နက် ဝယ်ယူခဲ့

(6 March 2014 ရက်စွဲပါ The New Zealand Herald မှ US: Myanmar still buys N Korea weapons ကို ဘာသာပြန်ပါသည်)

မြန်မာနိုင်ငံသည် မြောက်ကိုရီးယားထံမှ နျူကလီးယား မဟုတ်သော ရိုးရိုးလက်နက်များ ဝယ်ယူနေဆဲ ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သော မြောက်ကိုရီးယား၏ စစ်ရေးအရ စွမ်းဆောင်ရည် နှင့် ပတ်သက်၍ ကွန်ဂရက်သို့ အစီရင်ခံစာတွင် မြောက်ကိုရီးယားသည် လက်နက်ရောင်းရန် ကမ္ဘာအနှံ့ရှိ ကွန်ရက်များကို အသုံးပြုခဲ့ သည်ဟု ဆိုပါသည်။

စာရင်းတွင် ပင်မနိုင်ငံများ အဖြစ် အီရန် ၊ ဆီးရီးယား နှင့် မြန်မာတို့ ပါဝင်သော်လည်း လက်ခံသည့် နိုင်ငံ ဦးရေ မှာ လျော့ကျလျက်ရှိပါသည်။ ထို့အပြင် မြန်မာနိုင်ငံသည် မြောက်ကိုရီးယား နှင့် ဝေးရာသို့ ခွာနေပြီဖြစ်ကြောင်း လည်း ဖော်ပြထားပါသည်။

မြန်မာနိုင်ငံကမူ လက်နက်ဝယ်ယူခြင်းကို တားမြစ်ထားသော ကုလသမဂ္ဂ အရေးယူမှုကို မချိုးဖောက် ကြောင်း ငြင်းဆိုပါသည်။

အမေရိကန်သည် မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲရေး အစိုးရအပေါ် မြောက်ကိုရီးယား မှ လက်နက် ဝယ်ယူခြင်း ရပ်ဆိုင်းရန် ဖိအားပေးခဲ့ပါသည်။ ယခင်ကလည်း မြောက်ကိုရီးယားသည် မြန်မာနိုင်ငံသို့ ဒုံးကျည် နည်းပညာများ ပေးခဲ့သည်ဟု သံသယ ရှိခဲ့ပါသည်။

ဝါရှင်တန်က စိတ်ပူသောအချက်မှာ မြောက်ကိုရီးယား၏ လက်နက် ကုန်သွယ်မှုသည် ၎င်း၏ နျူကလီးယား နှင့် ဒုံးကျည် အစီအစဉ်များအတွက် ငွေရလမ်း ဖြစ်မည်ကို စိုးရိမ်ခြင်း ဖြစ်ပါသည်။

ဒီဇင်ဘာလက အမေရိကန်သည် မြောက်ကိုရီးယား နှင့် လက်နက်ရောင်းဝယ်သော မြန်မာစစ်တပ်မှ အရာရှိ နှင့် ကုမ္ပဏီများကို အမည်မည်း စာရင်းသွင်းခဲ့ပါသည်။


တောင်တရုတ်ပင်လယ် ကိစ္စတွင် လိုက်နာရမည့် ကျင့်ဝတ်များ စောစီးစွာ ရေးဆွဲပြီးရန်လိုဟု အာဆီယံ ဦးစီးချုပ်များ ဆို

(5 March 2014 ရက်စွဲပါ VOA News မှ ASEAN military chiefs endorse early South China Sea Code ကို ဘာသာပြန်ပါသည်)

မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား မတ်လ ၅ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော အာဆီယံ ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးတွင် တွေ့မြင်ရစဉ်

 

တောင်တရုတ်ပင်လယ်တွင် အငြင်းပွားနေမှု နှင့် ပတ်သက်၍ လိုက်နာရမည့် ကျင့်ဝတ်များ (Code of Conduct) ကို စောစီးစွာ သဘောတူညီထားရန် အာဆီယံ စစ်ဦးစီးချုပ်များက တောင်းဆိုခဲ့ပါသည်။

နေပြည်တော်တွင် ဗုဒ္ဓဟူးနေ့က ကျင်းပသော အစည်းအဝေးအပြီးတွင် မြန်မာနိုင်ငံမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒေသတွင်းတွင် Code of Conduct သည် အရေးကြီးလှကြောင်း ပြောပါသည်။

"ကျွန်တော်တို့ အနေနဲ့ ထပ်မံပြောလိုတဲ့ အချက်ကတော့ တောင်တရုတ်ပင်လယ် နှင့် ပတ်သက်တဲ့ Code of Conduct ကို စောစောစီးစီး ပြီးစီးထားဖို့ဟာ ဒေသတွင်း ပင်လယ်ပြင် တည်ငြိမ်ရေးနဲ့ လုံခြုံရေးအတွက် အရေး ပါလှပါတယ်" ဟု ၎င်းက ပြောပါသည်။

ဗုဒ္ဓဟူးနေ့က စစ်ဦးစီးချုပ်များ အစည်းအဝေးက ကြေညာချက် ထုတ်ပြန်ရာတွင် တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် အငြင်းပွားနေမှုအတွက် အဖြေရှာရာတွင် အာဆီယံက ကူညီသင့်ကြောင်း ထည့်သွင်းခဲ့ပါသည်။

သို့သော် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာတပ်မတော်၏ ရပ်တည်ချက်မှာ တရုတ်၏ အမြင်နှင့် ပို၍ နီးစပ်ကြောင်း ညွှန်းဆိုပါသည်။

"တောင်တရုတ်ပင်လယ်က နယ်မြေအငြင်းပွားမှုဟာ အငြင်းပွားမှုမှာ ပါဝင်နေတဲ့ နှစ်နိုင်ငံ သို့မဟုတ် နိုင်ငံတွေ ကြားမှာ ငြိမ်းချမ်းစွာ ဖြေရှင်းရမယ့် ကိစ္စ ဖြစ်ပါတယ်။ ဒါကတော့ အများသိအောင် ပြောလိုတဲ့ မြန်မာ့ တပ်မတော်ရဲ့ ရပ်တည်ချက် ဖြစ်ပါတယ်" ဟု ၎င်းက ဆိုပါသည်။

တောင်တရုတ်ပင်လယ်တွင် အာဆီယံ လေးနိုင်ငံဖြစ်သော ဗီယက်နမ် ၊ ဖိလစ်ပိုင် ၊ ဘရူနိုင်း နှင့် မလေးရှားတို့ သည် တရုတ် နှင့် အငြင်းပွားလျက် ရှိပါသည်။


DATE(6.3.2014).jpg


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment