Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

(4 March 2014 ရက်စွဲပါ Reuter မှ Anna Yukhannan ရေးသားသော Oops, Congress asked to fix slip up in Myanmar aid bill ကို ဘာသာပြန်ပါသည်။)

(4 March 2014 ရက်စွဲပါ VOA NEWS မှ BIMSTEC establishes permanent secretariat ကို ဘာသာပြန်ပါသည်)


ကွန်ဂရက်အား မြန်မာနိုင်ငံ အပေါ် အကူအညီပေးရေး ဥပဒေပြန်လည်ပြင်ရန် တောင်းဆို

(4 March 2014 ရက်စွဲပါ Reuter မှ Anna Yukhannan ရေးသားသော Oops, Congress asked to fix slip up in Myanmar aid bill ကို ဘာသာပြန်ပါသည်။)

အိုဗားမားအစိုးရက ၂၀၁၂ ဥပဒေတွင် နိုင်ငံတကာ ငွေကြေးနှင့် ဆိုင်သော အဖွဲ့အစည်း (၁၂)ခု စာရင်းမှ ကမ္ဘာ့ဘဏ်ကို ချန်လှပ်ပေးရန် ကွန်ဂရက်သို့ တောင်းဆိုခဲ့ပါသည်။ သို့မှသာ ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်ရေးမြှင့်တင်ရာ၌ အမေရိကန်၏ ထောက်ခံကူညီမှုကို လက်ခံနိုင်မည် ဖြစ်ပါသည်။

Multilateral Investment Guarantee Agency (MIGC)သည် တိုးတက်လာသော ဈေးကွက်များတွင် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ပေးပါသည်။ ထိုသို့ မြှင့်တင်ပေးရာတွင် နိုင်ငံရေးအရ စွန့်စားရမည့် ကိစ္စများကို နည်းနိုင်သမျှ နည်းအောင် အကာအကွယ်ပေးပါသည်။

“ဒီဥပဒေကြောင့် အမေရိကန်ပြည်ထောင်စုအနေနဲ့ MIGCက မြန်မာနိုင်ငံမှာ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု အပေါ်အာမခံချက်ပေးနေတာကို ကန့်ကွက်ရမလို ဖြစ်နေတယ်” ဟု အိုဗာမားအစိုးရက ၂၀၁၅ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်တောင်းဆိုမှုကို ကွန်ဂရက်သို့ တင်ပြရာ၌ ဖော်ပြထားပါသည်။

MIGA တွင် ဝန်ထမ်း (၁၃၀)သာရှိပြီး၊ ကမ္ဘာ့အဖွဲ့အစည်းအတွင်းမှ အသေးဆုံး အင်စတီးကျူးရှင်းဖြစ်ပါသည်။ ကမ္ဘာ့ဘဏ်၏ ပင်မယူနစ်တွင် ဝန်ထမ်းပေါင်း (၁၀၀၀၀) ကျော် အလုပ်လုပ်ကိုင်နေပြီး၊ ၎င်း၏ ပုဂ္ဂလိက ကဏ္ဍအတွက် ငွေးချေးပေးသော အဖွဲ့ခွဲဖြစ်သော International Finance Corporation တွင် လူပေါင်း (၃၀၀၀) ကျော် အလုပ်လုပ်ကိုင်နေပါသည်။

အမေရိကန်၏ ဘတ်ဂျက်အဆိုပြုမှုတွင် MIGA က မြန်မာနိုင်ငံတွင် လုပ်ကိုင်မည့် ပရော့ဂျက် စီစဉ်မှုများ ပါဝင်နေရာ အဆိုပါမှားယွင်းနေသော ဥပဒေကြောင့်၊ ကန့်ကွက်ရမည့် သဘောရှိနေပါသည်။ မြန်မာနိုင်ငံတွင် စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှု များအပေါ် စွပ်စွဲချက်များကြောင့် ကွန်ဂရက်သည်  မြန်မာနိုင်ငံ အပေါ် ချေးငွေများကို ပိတ်ပင်ထားခဲ့ပါသည်။ ယခုအခါမြန်မာနိုင်ငံတွင် စီးပွားရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများနှင့် အမေရိကန်နှင့် ဆက်ဆံရေးများကို လျင်မြန်စွာ လုပ်ဆောင်လာခဲ့ပါသည်။


BIMSTEC က အမြဲတမ်း အတွင်းရေးမှူးချုပ်ရုံး ဖွဲ့စည်း

(4 March 2014 ရက်စွဲပါ VOA NEWS မှ BIMSTEC establishes permanent secretariat ကို ဘာသာပြန်ပါသည်)

မြန်မာနိုင်ငံတွင် ကျင်းပသော တတိယ အကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေးတွင် ဒေသတွင် အုပ်စုဖွဲ့မှုကို အချိန်ပြည့်ကြီးကြပ်နိုင်ရန်၊ အမြဲတမ်း အတွင်းရေးမှူးချုပ်ကို ဘင်္ဂလားဒေ့ရှ်တွင် ဖွင့်လှစ်ရန် ဖွဲ့စည်းခဲ့ပါ သည်။

နေပြည်တော်တွင် ကျင်းပပြုလုပ်သော အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် မြန်မာသမ္မတ ဦးသိန်းစိန်က ဒက္ကားမြို့တွင် ဖွင့်လှစ်မည့် ရုံးအဖွဲ့သည် ခုနှစ်နိုင်ငံပါဝင်သော အုပ်စု၏ လုပ်ငန်းဆောင်တာများ ပိုမို ထိရောက်ရေးနှင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်လိမ့်မည်ဟု ဆိုပါသည်။

၎င်းက ဖြည့်စွက်ပြောကြားရာတွင်တွင် BIMSTEC ကဲ့သို့သော အိန္ဒိယ၊ သီရိလင်္ကာ၊ နိပေါ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ ပါဝင်သော Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation အဖွဲ့သည်လည်း ယနေ့ခေတ် ပြဿနာများကို ဖြေရှင်းရာတွင် များစွာ အရေးပါလှပါ သည်ဟု ဆိုပါမည်။

“အခုလို ဂလိုဘယ် လိုက်ဇေရှင်းခေတ်မှာ ဒေသတွင်းနဲ့၊ ဒေသတွင်းအုပ်စုခွဲလေးတွေ အုပ်စုဖွဲ့မှုဟာ ရွေးချယ်စရာ မလိုလောက်အောင် နာရီနဲ့မပြတ်လိုအပ်နေပါပြီ” ဟု ၎င်းက ဆိုပါသည်။

အထွေထွေအတွင်းရေးမှူးနေရာ ရွေးချယ်ရေးအပြင် အိန္ဒိယနိုင်ငံတွင် Center for Weather and Climate တည်ထောင်ရေးအတွက်ပါ ခေါင်းဆောင်မများက သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါ အဖွဲ့သည် မိုးလေဝသ ခန့်မှန်းချက်များနှင့် ရာသီဥတု ပုံသဏ္ဍန် ရေးဆွဲခြင်းများအတွက် သိပ္ပံသုတေသနတွင် ပူးပေါင်းဆောင် ရွက်မှု မြှင့်တင်ပေးမည်ဖြစ်ပါသည်။

နေပြည်တော်တွင် BIMSTEC အစည်းအဝေးကျင်းပစဉ်ကာလအတွင်း မြန်မာနိုင်ငံသည် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်မှ ခေါင်းဆောင်များနှင့် နှစ်နိုင်ငံ ဆွေးနွေးပွဲများကျင်းပခဲ့ပါသည်။

မြန်မာနိုင်င်ငံသည် အင်္ဂါနေ့က BIMSTEC ဥက္ကဋ္ဌနေရာအတွက် နိပေါနိုင်ငံအား လွှဲပြောင်းပေးခဲ့ပါသည်။


DATE(6.3.2014).jpg


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment