Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

 “နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကိုလွှတ်ပေးဖို့လိုပါတယ်။ အခု လွှတ်ပေးတာကိုလည်း ကြိုဆိုပါတယ်။ အခြား အကျဉ်းသားတွေကိုလည်း နှစ်လျှော့တာတွေကိုလည်း ဝမ်းသာပါတယ်။ အရေးကြီးတဲ့ အချက်က နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရုံနဲ့ မပြီးသေးဘူး။ နောက်ထပ် နိုင်ငံရေးအကျဉ်းသား အသစ်တွေမပေါ်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ ကိစ္စ အဲဒါက အစိုးရနဲ့ လွှတ်တော်မှာ တာဝန်ရှိတယ်။ အစိုးရနဲ့ လွှတ်တော်က အဓိကထား ဆောင်ရွက်ရမှာပါ။ အဲဒါမှ နောက်ထပ် နိုင်ငံရေး အကျဉ်းသားတွေ မပေါ်ပေါက်လာခြင်းအားဖြင့် ဒီမိုကရေစီနိုင်ငံဆိုတာ ပီပြင်လာလိမ့်မယ်”

ဇန်နဝါရီလ ၉ ရက်နေ့ထုတ် Envoy Journal အတွဲ (၄) အမှတ် (၃၂) တွင်ပါရှိသော “နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အပေါ် ပြည်သူလူထု၏ အမြင်များ” သတင်းမှ ဦးဂျင်မီ (၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဒီ ပုဒ်မနဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံမှာ သမ္မတအဖြစ် ရွေးချယ်ခံမဲ့ လူပုဂ္ဂိုလ်တစ်ယောက်ကို တင်းကျပ်တဲ့ အခြေအနေမျိုးဆိုတဲ့ အနေအထားမျိုးတွေက ဒီလိုပုဒ်မမျိုးတွေက ကမ္ဘာနိုင်ငံအသီးသီးမှာ ဘယ်နိုင်ငံမှာမှ မရှိပါဘူး။ ဒီ မြန်မာနိုင်ငံမှာ နိုင်ငံသား ဖြစ်တဲ့ လူတစ်ယောက်ကတစ်ခြား၊ နိုင်ငံသားဝင်လာတဲ့သူတွေကို သမ္မတဖြစ်လာနိုင်တဲ့ အခြေအနေမျိုးတွေ မရှိကြဘူး။ ကျွန်တော်ထင်တယ် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်က လူတစ်ယောက်ကို ဦးတည်ပြီး ပိတ်ဆို့တားမြစ်ဖို့ လုပ်တယ် ဆိုရင် တောင် ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်သင့်ပါတယ်”

ဇန်နဝါရီလ ၉ ရက်နေ့ထုတ် ပြည်သူ့ဆန္ဒ ဂျာနယ် အတွဲ (၁) အမှတ် (၄၃) တွင်ပါရှိသော “သမ္မတအဖြစ် အရွေးချယ်ခံမည့် လူပုဂ္ဂိုလ် တစ်ယောက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တင်းကျပ်ထားမှုမျိုးသည် ကမ္ဘာ့နိုင်ငံ ၏ မည်သည့်နိုင်ငံတွင်မျှမရှိဟုဆို” သတင်းမှ ဦးဖြိုးမင်းသိန်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မြန်မာ့တပ်မတော်က လက်နက်ကိုင်တာ ပြည်ပရန်စွယ်အတွက် ကိုင်မယ်ဆိုရင် ကျွန်တော်တို့ တိုင်းရင်းသား တွေမှာလည်း တာဝန်ရှိပါတယ်။ ဗမာပြည်လွတ်လပ်ရေးအတွက် ကျွန်တော်တို့ တိုင်းရင်းသားတွေလည်း အသက်သွေးတွေရင်းခဲ့ ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရဲဘော်သုံးကျိပ်ထဲမှာ ကျွန်တော်တို့ တိုင်းရင်းသား တွေလည်း ပါပါတယ်”

ဇန်နဝါရီလ ၈ ရက်နေ့ထုတ် မြန်မာပို့စ် ဂျာနယ် အတွဲ (၆) အမှတ် (၂) တွင် ပါရှိသော “အစိုးရချမှတ်ထားသည့် မူဘောင်တွင် တိုင်းရင်းသားများ လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ရမည်ဆိုပါက စစ်တပ်၏ အောက်တွင် ကျွန်ပြု သကဲ့သို့ ဖြစ်နိုင်ဟု DKB Army ပြော” သတင်းမှ စစ်ဗျုဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တောတို့ ဝန်ထမ်းတွေ ခေါ်ယူတဲ့အခါမှာ ဝန်ကြီးဌာနတွေက ဝန်ထမ်းတွေကို ခေါ်ပေမယ့် သူတို့က မလာကြပါဘူး။ အဲဒီ့အတွက်ကြောင့် တပ်မတော်ကနေ ဝန်ထမ်းတွေကို ခန့်ရတာပါ။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဌာနအသစ် လိုဖြစ်နေတော့ ဝန်ထမ်းတွေက သိပ်မလာချင်ဘူး။ ဗိုလ်မှူးအဆင့်ရှိ သူတွေကို ခန့်အပ်တာပါ။ တခြား ဘာသဘောမှ မရှိပါ ဘူး”

ဇန်နဝါရီလ ၇ ရက်နေ့ထုတ် True News Journal အတွဲ (၆) အမှတ် (၁၂) တွင်ပါရှိသော “ဝန်ထမ်းခေါ်မရ၍ ရွေးကောက်ပွဲကော်မရှင်တွင် တပ်မတော်သားများ ခန့်ရခြင်းဖြစ်ဟုဆို” သတင်းမှ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အခုအချိန်မှာ အပစ်အခတ်ရပ်စဲသွားပြီဆိုပေမယ့် ပြည်တွင်းပြန်လည် အခြေချနေထိုင်ဖို့အတွက် သူတို့ နေထိုင်နေခဲ့တဲ့ နေရာတွေမှာ မိုင်းတွေမရှင်းနိုင်သေးတာ၊ လက်ရှိပြည်တွင်းငြိမ်းချမ်းရေး သဘောတူညီချက် မရသေးတာတွေရယ်၊ ပြန်ဝင် လာပြီး လုပ်ကိုင်စားသောက်မြေယာ လုပ်ကိုင်ခွင့်တွေစတဲ့ အခြေအနေအမျိုးမျိုးကြောင့် လက်ရှိပြန်လာဖို့ ဝေးပါသေး တယ်”

ဇန်နဝါရီလ ၆ ရက်နေ့ထုတ် ရန်ကုန်တိုင်း (မ်) နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “နယ်စပ် ဒုက္ခသည်စခန်းများရှိ မြန်မာများ နေရပ်ပြန်ရန် လိုအပ်ချက်များစွာ ရှိနေသေးဟုဆို” သတင်းမှ ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်းများ ကူညီစောင့်ရှောက်ရေး ဆောင်ရွက်သူ ဒေါ်နီလာမြိုင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International Media (1)

Snapshot of the item below:
International Media (1)

 

နိုင်ငံတကာသတင်းများ

ဖိနှိပ်ချုပ်ချယ်သော ဥပဒေများဖျက်သိမ်းရန် မြန်မာလူထုတောင်းဆို

(AFP မှ 6 Jan 2014 ရက်စွဲပါ “Myanmarese call for end to harsh Laws” သတင်းကို ဘာသာပြန်ဆို သည်)

မြန်မာနိုင်ငံတွင် ဖိနှိပ်ချုပ်ချယ်သော ဥပဒေများဖျက်သိမ်းရန်နှင့် နိုင်ငံရေးဆက်စက်ဖမ်းဆီးမှုများ အဆုံးသတ်ရန် တောင်းဆိုသော ဆန္ဒပြချီတက်ပွဲကို တနင်္ဂနွေနေ့က ရန်ကုန်မြို့တော်တွင် ပြုလုပ်ခဲ့ရာ၊ အရေ အတွက် ထောင်နှင့်ချီသော လူများပါဝင်ဆင်နွှဲခဲ့ကြသည်။

ဆန္ဒပြလူအုပ်သည် မြို့တော်ခန်းမအနီး နှစ်နာရီကြာ စုရုံးခဲ့ကြပြီး  ‘နိုင်ငံသားများအား လူ့အခွင့် အရေးနှင့် လွတ်လပ်ခွင့် အပြည့်အဝပေး’ အစရှိသော ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

မြန်မာအာဏာပိုင်များက ကျန်ရှိ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် လွှတ်ပေးလိုက်ပြီဟု ဒီဇင်ဘာ ၃၁ တွင်ပြောကြားထားသည်။ သို့ရာတွင် နိုင်ငံရေးဆက်စပ် ဖမ်းဆီးခံရသူ ၃၅ ဦး ကျန်နေသေးသည်ဟု ချီတက်ပွဲ စီစဉ်သူ ၈၈ မျိုးဆက်အဖွဲ့မှ စည်းရုံးလှုံဆော်သူ ကိုပြုံးချိုက ဆိုပါသည်။ “နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဖမ်းဆီးမှုမှန်သမျှကို ကျွန်တော်တို့ လက်မခံနိုင်ပါဘူး” ဟု ၎င်းက ပြောကြားသည်။

ဆန္ဒပြသူတစ်ဦးဖြစ်သည့် ထွန်းလင်းအောင် က ဧရာဝတီမြစ်ဝကျွန်းပေါ်ရှိ ၎င်း၏ ကျေးရွာမှ လယ်သမား ၂၀၀ ခန့်သည် မြေအငြင်းပွားမှုများတွင် ကျူးကျော်ဝင်ရောက်မှုဖြင့် ထောင်ကျနေသည်ဟု ပြောကြားသည်။

“ကျွန်တော်တို့ကို ကူညီမယ့်သူတစ်ယောက်မှ မရှိဘူး။ ကျွန်တော်တို့ ရွာသားတွေကို လွှတ်ပေးပါလို့ သမ္မတကြီးကို တောင်းဆိုချင်ပါတယ်” ဟု ၎င်းက ဆိုပါသည်။

“အငြင်းပွားလယ်မြေမှာ ဝင်ရောက်ထွန်ယက်လို့ မိဘတွေ တရားစွဲ ပြစ်ဒဏ်ကျခံနေရတဲ့အတွက် အုပ်ထိန်းသူမရှိတဲ့ ကျောင်းသား၊ကျောင်းသူကလေးတွေ အများကြီးရှိပါတယ်” ဟု ထွန်းလင်းအောင်က ရှင်းလင်း ပြောဆိုသည်။

ယခင် တပ်မတော်အစိုးရအဖွဲ့တွင် ရှားရှားပါးပါး အဂတိလိုက်စားမှု ကင်းစင်သော ဗိုလ်ချုပ်ကြီး ဟောင်းတစ်ဦး ဖြစ်သူ သမ္မတဦးသိန်းစိန်သည် နိုင်ငံရေးနှင့် အရပ်သား လွတ်လပ်ခွင့်အသစ်များ စွာကို ခွင့်ပြုခဲ့သောကြောင့် နိုင်ငံတကာမှ ဝိုင်းဝန်းချီးကျူးခြင်း ခံရသည့်အပြင် ယခင်အစိုးရအား ပစ်မှတ်ထား အရေးယူပိတ်ဆို့ထားသည့် Sanctions များကိုလည်း ရုတ်သိမ်းသွားစေခဲ့သည်။

လူထု၏ လေးစားခြင်းကို ခံရသည့် တစ်ဦးတည်းသော တပ်မတော်အစိုးရ အဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သူ လက်ရှိ သမ္မတဦးသိန်းစိန်သည် ၂၀၁၃ နှစ်မကုန်မှီ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် ဆုံးဖြတ်လုပ်ဆောင်ခဲ့ သော်လည်း အဘယ့်ကြောင့် ထောင်ထဲတွင် အချို့သူများ ကျန်နေခဲ့သနည်း ဟူသော အချက်မှာ မသဲကွဲသေးပါ ထောက်လှမ်းရေးတပ်မှူးဟောင်း နှစ်ဦးကိုလည်း လွှတ်ပေးပြီးမှ ပြန်လည် ထိန်းသိမ်းခဲ့သည့်အတွက် သို့လော၊ သို့လော သံသယမေးခွန်းများ ထွက်ပေါ်လာစေပါသည်။

နိုင်ငံရေး၊ လူ့အခွင့်အရေး လှုပ်ရှားသူများ၊ ရှေ့နေများ၊ သတင်းထောက်များကို ပြင်းပြင်းထန်ထန် ဖမ်းဆီးနှိပ်ကွပ်မှုများ ပြုလုပ်ခဲ့သည့်တိုင်အောင် နိုင်ငံရေး အကျဉ်းသားမရှိပါဟု ပြောင်ပြောင်တင်းတင်း ငြင်းဆို ခဲ့သော ဆယ်စုနှစ်ချီ စစ်အုပ်ချုပ်ရေးကာလတွင် မတရားသဖြင့် ထင်တိုင်းကြဲ ဖမ်းဆီးမှုများမှာ ထိုခေတ်၏ အထင်ကရ ပုံရိပ်တစ်ခု ဖြစ်ခဲ့သည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive