Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

မြန်မာနိုင်ငံနှင့် နှစ်ဦးနှစ်ဖက်အကျိုးတူပူးပေါင်းမှု အားကောင်းခိုင်မာရေးကို တရုတ်သံအမတ် အလေးထား ပြောဆို

(People Daily မှ 9 Jan 2014 ရက်စွဲပါ “Chinese ambassador stresses strengthening of win-win cooperation with Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံနှင့် ဆွေးမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု တိုးတက်ရေးနှင့် နှစ်ဖက်အကျိုးတူပူးပေါင်းဆောင်ရွက် မှုခိုင်မာရေးတို့ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ရန်ဟိုလန်က ကြာသပတေးနေ့က အလေးထား ပြောဆို လိုက်ပါသည်။

ရန်ကုန်မြို့တော်ရှိ Myanmar Institute for strategic and international studies တွင် အမှာစကား ပြောကြားစဉ် ရန်ဟိုလန် က ထိုသို့ မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။

ရန်ဟိုလန် က နှစ်နိုင်ငံဆက်ဆံရေးနှင့် ပတ်သက်၍ ပြောဆိုရာတွင် “အပြန်အလှန် အကျိုးအမြတ်ရှိခြင်းနှင့် နှစ်ဖက်အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းတို့သည် ဆက်ဆံရေးတွင် အရေးကြီးသော အရာဖြစ်ကြောင်း” ပြောကြားခဲ့ပြီး၊ လွန်ခဲ့သော နှစ်နှစ်အတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုများ အရှိန်မြင့်လာခြင်း နှင့်အတူ တရုတ်-မြန်မာ ဆက်ဆံရေးအပေါ် ဝေဖန်မှုများသည် တရုတ်နိုင်ငံနှင့် ပတ်သက်၍ မမှန်မကန် စွပ်စွဲခြင်းသာ ဖြစ်ကြောင်း လျှော့ပေါ့ပြောဆိုပါသည်။

တရုတ်နိုင်ငံ၏ အိမ်နီးချင်းသည် လုံခြုံရေး၊ ဖွံ့ဖြိုးရေး၊ ကြီးပွားရေးတို့ကြောင့် အရေးပါကြောင်း တရုတ်နိုင်ငံ၏ မျိုးဆက်သစ် ခေါင်းဆောင်ပိုင်းသည် ပတ်ပတ်လည်ဒေသများနှင့် အိမ်နီးဝန်းကျင် ဒစ်ပလိုမေစီကို အထူးအရေးကြီး သည်ဟု ခံယူထားကြောင်း၊ တရုတ်နိုင်ငံသည် ပိုမိုငြိမ်းချမ်း၊ တည်ငြိမ်၊ ဖွံ့ဖြိုးသော အနီးပတ်ဝန်းကျင် ဖန်တီးရေးတွင် ဦးဆောင်ကဏ္ဍမှ ပါဝင်သွားမည်ဖြစ်ပြီး၊ တရုတ်နိုင်ငံ၏ မြန်ဆန်သော စီးပွားရေးဖွံ့ဖြိုးမှုကို အိမ်နီးချင်းနိုင်ငံများ အကျိုး ဖြစ်ထွန်း တိုးတက်ဖွံ့ဖြိုးလာအောင် အသုံးပြုသွားမည်ဖြစ်ကြောင်း ရန်ဟိုလန် က ရှင်းလင်းပြောကြားသည်။

မြန်မာနိုင်ငံ၌ ၂၇ ကြိမ်မြောက် ဆီးဂိမ်းလက်ခံကျင်းပရာတွင် ထိထိရောက်ရောက်၊ အောင်အောင်မြင်မြင် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းသည် နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်ခြင်း အစီအစဉ်၏ ဥပမာကောင်းတစ်ခု ဖြစ်သည်ဟု တရုတ် သံအမတ်က ညွှန်းဆိုသည်။

တရုတ်ပြည်သူတို့သည် မိတ်ဆွေတို့၏ သစ္စာရှိမှုကို အစဉ်အမြဲထားလေ့ရှိပြီး ရိုးဖြောင့်သော သဘောထား၊ တန်းတူရည်တူ တိုင်ပင်နှီးနှောမှု၊ မဟာဗျူဟာမြောက် ဆက်သွယ်မှုတို့မှတဆင့် နှစ်ဦးနှစ်ဖက် အပြန်အလှန် ယုံကြည်မှုကို ဆက်လက် အားပေးသွားမည်ဟုလည်း ၎င်းက ပြောကြားသည်။

“နိုင်ငံရေးစနစ်၊ ဖွံ့ဖြိုးရေးလမ်းကြောင်းတို့နဲ့ ပတ်သက်ပြီး မြန်မာပြည်သူတွေရဲ့ ရွေးချယ်မှု၊ ဆုံးဖြတ်မှုတွေကို တရုတ်နိုင်ငံဖက်က အမြဲတမ်းလေးစားမှု ရှိသလို၊ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စတွေကို ကြားဝင်စွက်ဖက်မှာ မဟုတ်ပါ ဘူး” ဟု ၎င်း ကထပ်မံ ကတိပေးသည်။

ထို့အပြင် တရုတ်၊မြန်မာ၊ အိန္ဒိယ တို့ ၁၉၅၀ ခုနှစ်များက စတင်ခဲ့ကြသော ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေး မူဝါဒ ငါးချက်ကို အခြေခံကာ အခြားနိုင်ငံများနှင့် ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်အောင် မြန်မာနိုင်ငံက ကြိုးပမ်းနေခြင်းကိုလည်း တရုတ်နိုင်ငံက ထောက်ခံအားပေးပါသည်ဟု တရုတ်သံအမတ်က ဆိုသည်။

ရန်ဟိုလန်က တရုတ်၊ မြန်မာ အပါအဝင် ဒေသတွင်း အခြားနိုင်ငံများမှ ပြည်သူများ၏ အကျိုးစီးပွားနှင့် တစ်ထပ်တည်းကျသော ငြိမ်းချမ်း၊ တည်ငြိမ်၊ ဖွံ့ဖြိုးသည့် မြန်မာနိုင်ငံကို တရုတ်နိုင်ငံကလည်း မြင်တွေ့လိုပြီး လက်ရှိ တရုတ်-မြန်မာ တန်းတူရည်တူ ဆက်ဆံမှု၊ အပြန်အလှန် ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှု အစဉ်အလာကောင်း တို့ကို ဆက်လက်ထိန်းသွားပါက တောက်ပသော အနာဂတ်ကို ဦးတည်သွားလိမ့်မည်ဟု ယုံကြည်ကြောင်း ဆက်လက်ပြောဆို သည်။

ထို့အပြင် မြန်မာနိုင်ငံက ဒေသတွင်းရေးရာများတွင် တိုးမြှင့်ပါဝင်လာခြင်း၊ အာဆီယံအလှည့်ကျဥက္ကဌ တာဝန် လက်ခံယူခြင်းတို့နှင့်အတူ တရုတ်နှင့်မြန်မာအကြား ပူးပေါင်းဆောင်ရွက်မှုသည်လည်း ဆက်လက်ကျယ်ပြန့် လာမည်ဟု ၎င်းကဆိုသည်။

တရုတ်-မြန်မာ ဆက်ဆံရေး၏ ကောင်းရာကောင်းကျိုးအတွက် ရန်ဟိုလန်က အဆိုပြုချက်လေးချက် အကြံပြု ရာတွင် ပထမတစ်ချက်အနေဖြင့် အပြန်အလှန် မဟာဗျူဟာမြောက် ယုံကြည်မှုဆက်လက် နက်ရှိုင်းရေး၊ ဒုတိယ တစ်ချက်အနေဖြင့် အပြန်အလှန် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှု ဆက်လက်ကျယ်ပြန့်ရေး၊ တတိယအချက် အနေဖြင့် နှစ်နိုင်ငံ ပြည်သူချင်း ဆက်ဆံမှုနှင့် ယဉ်ကျေးမှုဖလှယ်မှုတို့ ဆက်လက်ကျယ်ပြန့် ရေး၊ စတုတ္တအချက်အနေဖြင့် နိုင်ငံတကာရေးရာ၊ ဒေသတွင်းရေးရာ ညှိနှိုင်းမှု၊ ပူးပေါင်းဆောင်ရွက်မှု အားကောင်းအောင် ကြိုးပမ်းမှုများ ပြုလုပ်ရေးစသည်ဖြင့် တင်ပြပြောဆိုသွားသည်။

အခမ်းအနားအပြီး Xinhua က အင်တာဗျူးပြုလုပ်ရာတွင် MISIS ဥက္ကဌ ဦးညွန့်မောင်ရှိန် နှင့် မြန်မာသမိုင်း ကော်မရှင်အဖွဲ့ဝင် ပါမောက္ခ ဒေါက်တာခင်မောင်ညွန့်တို့ နှစ်ဦးစလုံးက ရန်ဟိုလန် ၏ သုံးသပ်ဆွေးနွေးမှုများ ကောင်းမွန်ကြောင်း၊ တရုတ်နိုင်ငံ၏ သဘောထားကြောင့် တရုတ်-မြန်မာ ဆက်ဆံရေး ပိုမိုကောင်းမွန်လာမည် ဟု ယုံကြည်ကြောင်း မှတ်ချက်ပေးပြောကြား ခဲ့ကြသည်။

မြန်မာလူထုအကြား လတ်တလော ရေပန်းစားနေသော သတင်းဂျာနယ်စာစောင်တစ်ခုတွင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် တရုတ်နိုင်ငံ၏ ခြေလှမ်းများကို ယခင်အပတ်က ပွင့်ပွင့်လင်းလင်း ပြစ်တင်ဝေဖန်ခဲ့ပြီးနောက် ယခုကဲ့သို့ တရုတ်သံအမတ်၏ ရှင်းလင်းပြောဆိုမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International Media (1)

Snapshot of the item below:
International Media (1)

 

နိုင်ငံတကာသတင်းများ

မြန်မာနိုင်ငံတွင် နောက်ထပ် ဟိုတယ်ဇုန်များ ထူထောင်ရန် ခွင့်ပြု

(Xinhua မှ 9 Jan 2014 ရက်စွဲပါ “Myanmar allows establishment of more hotel zones”  သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ဟိုတယ်ခန်းလိုအပ်ချက် ကြီးထွားလာခြင်းကို ကိုင်တွယ်ရန် ကြိုးစားသည့်အနေဖြင့် နိုင်ငံတွင်း ဒေသသုံးခုတွင် နောက်ထပ်ဟိုတယ်ဇုန်များ ထူထောင်လုပ်ကိုင်ရန် မြန်မာအစိုးရဟိုတယ်၊ ခရီးဝန်ကြီးဌာနက ခွင့်ပြုလိုက်ပြီဟု ခရီးသွား လုပ်ငန်းသတင်းရပ်ကွက်က ပြောကြားသည်။

မြန်မာနိုင်ငံ၌ ခရီးသွားဧည့်သည်များအား ဆွဲဆောင်နိုင်သော ရန်ကုန်၊ မန္တလေး၊ တနင်္သာရီဒေသ များတွင် နောက်ထပ် ဟိုတယ်ဇုန် ၁၁ ခု ပေါ်ထွက်လာမည်ဟု ဆိုသည်။

ပြုပြင်ပြောင်းလဲရေးခေတ်သို့ ဝင်ရောက်လာပြီးနောက်ပိုင်း တစ်ဟုန်ထိုး အရှိန်တက်လာသည့် ခရီးသွား လုပ်ငန်း ကဏ္ဍအတွက် ယခု ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၆၂ သန်း ရင်းနှီးမြှုပ်နှံခဲ့သည်ဟုလည်း သိရှိရသည်။

ထိုအတောအတွင်း ၂၀၁၃ ခုနှစ်ပထမ ၇ လအတွင်း မြန်မာနိုင်ငံသို့လာရောက်လည်ပတ်သော ခရီးသွား ဧည့်သည် အရေအတွက် စုစုပေါင်း ၃၁၈,၅၄၃ ဦး ရှိခဲ့သည်ဟုလည်း တရားဝင်ကိန်းဂဏန်းများက ဆိုပါသည်။

ဇန်နဝါရီလအတွင်း ပုဂံနှင့်မန္တလေးတွင် ကျင်းပတော့မည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရန် ဧည့်သည်အမြောက်အများ ရောက်ရှိလာကြဦးမည်ဖြစ်၍ ယခုနှစ်အတွင်း လာရောက်လည်ပတ်သူ အရေအ တွက် တိုးပွားလာဦးမည်ဟု မျှော်လင့်ရသည်။

မြန်မာနိုင်ငံသို့ ၂၀၁၂ တွင် ခရီးသွားဧည့်သည် တစ်သန်းခန့် လာရောက်လည်ပတ်ခဲ့ကြပြီး ၂၀၁၄ တွင် ဧည့်သည် သုံးသန်းခန့်အထိ ဝင်ရောက်လာကြမည်ဟု မြန်မာနိုင်ငံက မျှော်လင့်ထားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive