Transparency Myanmar

transparency.myanmar@gmail.com

International media (1)

Snapshot of the item below:
International media (1)

ဘာသာပြန်သတင်းများ

(16 Jan 2014 ရက်စွဲပါ The Independent မှ House of commons spealcer, John Bercow, calls on Burma to allow Aund San Suu Kyi to run for preridency ကိုဘာသာပြန်ဆိုသည်)

(Finance Asia မှ 16 Jan 2014 ရက်စွဲပါ “Myanmar’s opening offers risks and opportunity” သတင်းဆောင်းပါး ကိုဘာသာပြန်ဆိုသည်။)


House of Commons ဥက္ကဋ္ဌ John Bercow က ဒေါ်အောင်ဆန်းစုကြည်အား သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပေးရန်တောင်းဆို

(16 Jan 2014 ရက်စွဲပါ The Independent မှ House of commons spealcer, John Bercow, calls on Burma to allow Aund San Suu Kyi to run for preridency ကိုဘာသာပြန်ဆိုသည်)

ဗြိတိန်နိုင်ငံ House of commons ဥက္ကဋ္ဌ John Bercow က လာမည့်နှစ်ရွေးကောက်ပွဲတွင် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတအဖြစ်အရွေးခံနိုင်ရေးအတွက် ခွင့်ပြုနိုင်ရန် မြန်မာနိုင်ငံ၏ အခြေခံဥပဒေအား ပြင်ဆင်ပေးရန် မေတ္တာရပ်ခံခဲ့ပါသည်။ ၎င်းသည် အဓိကနိုင်ငံခြားရေးမူဝါဒနှင့်ပတ်သက်၍ ဖြစ်တောင့်ဖြစ်ခဲ ဝင်ရောက် စွက်ဖက် ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

Mr.Bercow သည် မြန်မာနိုင်ငံအပေါ် ယခင်ကတည်းက စိတ်ဝင်စားခြင်းဖြစ်ပြီး ပြီးခဲ့သည့် နွေရာသီက မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပါသည်။ ၎င်းက Independent တွင်ရေးသားသော ဆောင်းပါး၌ “အကယ်၍ မြန်မာနိုင်ငံသည် ဒီမိုကရေစီအတွက် သံဓိဋ္ဌာန်ချပြီးဖြစ်ပါက တစ်ဦးတစ်ယောက်၏ ကလေးများသည် နိုင်ငံခြားသာ ဖြစ်ရုံ မျှဖြင့် သမ္မတ ဖြစ်ခွင့်ကို တားဆီးထားခြင်းအား ဖယ်ရှားပေးရမည်”ပာု ဖော်ပြခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် နာမည်အကြီးဆုံး နိုင်ငံရေးသမားဖြစ်ပြီး သူ၏အရွယ် ရောက်ပြီး သော ကလေးနှစ်ဦးသည် သူ၏အမျိုးသား Michael Aris ကဲ့သို့ပင် ဗြိတိန်နိုင်ငံသားများဖြစ်ကြပါသည်။ Mr.Becow က ပြောကြားရာတွင် လက်ရှိသတ်မှတ်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်အား သမ္မတမဖြစ်နိုင်အောင် ရည်ရွယ်ချက်ဖြင့် တားဆီးထားခြင်း ဖြစ်ကြောင်း ပြောပါသည်။

Mr.Bercow ကပြောကြားရာတွင် မြန်မာနိုင်ငံသည် လွန်ခဲ့သည့်သုံးနှစ်အတွင်း စာပေစိစစ်ရေးကို ပယ်ဖျက် ပေးခြင်း၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားရာပေါင်းများစွာကို လွှတ်ပေးခြင်းအပါအဝင် မှတ်မှတ် ထင်ထင်နှင့် ကြိုဆိုရမည့် ဒီမိုကရေစီသို့ဦးတည်ရွေ့လျားခြင်းများ ရှိခဲ့သည်ပာုဆိုပါသည်။ သို့သော် ၎င်းကပြောကြားရာ တွင် ယခုလနှောင်းပိုင်းတွင် အခြေခံဥပဒေသုံးသပ်ရေးကော်မတီ၏ သုံးသပ်ချက်အစီရင်ခံစာတွင် ထိုအချက်ကို ပယ်ဖျက် ရေး တင်ပြရန် အပ်သည်ပာု ဆိုပါသည်။

လွှတ်တော်ဥက္ကဋ္ဌများသည် ပြည်တွင်းကိစ္စ(သို့မပာုတ်)နိုင်ငံခြားကိစ္စရပ်များ၏ မူဝါဒရေးရာများတွင် ဝင်ရောက် ပြောဆိုလေ့ မရှိကြပေ။ သို့သော် Mr.Bercow ကပြောကြားရာတွင် ဒီမိုကရေစီနှင့်ပတ်သက်နေခြင်းကြောင့် မြန်မာ နိုင်ငံ နှင့် ပတ်သက်၍ နှစ်ပေါင်းများစွာကတည်းက တက်ကြွစွာစိတ်ပါဝင်စားခြင်းကြောင့် ရေငုံနှုတ်ပိတ်မနေနိုင် တော့သ ဖြင့် ဝင်ရောက်ပြောကြားခြင်းဖြစ်ကြောင်း ဆိုပါသည်။


မြန်မာနိုင်ငံ၏ တံခါးအဖွင့်သည် အန္တရာယ်နှင့် အခွင့်အလမ်း၊ နှစ်မျိုးစလုံးကိုပေးနေ

(Finance Asia မှ 16 Jan 2014 ရက်စွဲပါ “Myanmar’s opening offers risks and opportunity” သတင်းဆောင်းပါး ကိုဘာသာပြန်ဆိုသည်။)

ရွှေရောင်မြေ The golden land ဟု တင်စားကြသော မြန်မာနိုင်ငံသည် ဆယ်စုနှစ်ချီ စစ်အုပ်ချုပ်ရေးအပြီးတွင် တံခါးများကိုဖွင့်နေပြီဖြစ်သည်။ ရန်ကုန်မြို့တော်တွင် နွေးဦးပန်းများသဖွယ် ဟိုတယ်များပွင့်လန်းကာ ရင်နှီးမြှုပ်နှံသူများ လှိမ့်၍ ဝင်လာနေကြသည်။ သို့သော်မြန်မာတို့၏ တံခါးအဖွင့်သည် အခွင့်အလမ်းကြီးကြီးနှင့် အန္တရာယ်ကြီးကြီး နှစ်မျိုးလုံးကို ကမ်းပေးနေပါသည်။

Rater Telecom က ပိုင်ဆိုင်ထိန်းချုပ်ထားသော Ooredoo ကုမ္ပဏီသည် ပြီးခဲ့သောဇွန်လက စက်ကာပူ Singtel၊ အိန္ဒိယ Bharti Airtel၊  မလေးရှား Axiata အပါအဝင် နိုင်ငံတကာ ကုမ္ပဏီကြီးများနှင့် အတူတင်ဒါပွဲ အပြိုင်နွှဲခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် တယ်လီဖုန်းအော်ပရေတာ လိုင်စင် ရရှိသွားသော ကုမ္ပဏီနှစ်ခု အနက်တစ်ခုဖြစ်သည်။

ကာတာကုမ္ပဏီသည် မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း ကွန်ယက်တည်ဆောက်လုပ်ကိုင်ရန် ၁၅နှစ်လိုင်စင်ကို နော်ဝေး Telonorနှင့်အတူ ရရှိခဲ့ခြင်းဖြစ်သည်။ သို့ရာတွင်၎င်းလိုင်စင်နှစ်ခုကို နောက်ဆုံးအတည်ပြုချက်ပေးရာတွင် ကြန့်ကြာ လျက်ရှိသည်။

“၂၀၁၃ နှစ်မကုန်ခင် လိုင်စင်ရမယ်လို့ ကျွန်တော်တို့ကို ပြောထားပါတယ်။ အခုဇန်နဝါရီ ၁၆ရက်ဆိုတော့ သီတင်းပတ် အနည်းငယ်နောက်ကျနေပါပြီ။ ကျွန်တော်တို့ရထားတဲ့ သတင်းအရ လပိုင်းလောက်မစောင့်ရရင်တောင် နောက်ထပ်ရက်ပိုင်းဖြစ်စေ၊ သီတင်းပတ် အနည်းငယ်ဖြစ်စေ ကြာဦးမယ်လို့ ဆိုပါတယ်” ဟု Ooredoo၏ မြန်မာ နိုင်ငံဆိုင်ရာ chief strategy officer နစ်ဆွာဇီက ဟောင်ကောင်တွင် ကျင်းပသော အာရှပစ္စဖိတ် ရင်နှီးမြှုပ်နှံမှု ကွန်ဖရင့်တစ်ခုတွင် ပြောကြားသည်။

တစ်ကမ္ဘာလုံးနှင့် ကြာမြင့်စွာ အဆက်ဖြတ်ထားခဲ့သော မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံထက် လေးပုံတစ်ပုံပို မိုကျယ်ဝန်းပြီး ကမ္ဘာတွင် မတိုမထိရသေးသော ဈေးကွက်အနည်းထဲမှ တစ်ခုအဖြစ် ကျန်ရှိနေသည်။ အပြစ်တင်စရာ မဟုတ်သော်ငြားလည်း McDonald နှင့် Starbucks ဆိုင်များမရှိသေးခြင်းသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး လမ်းကြောင်းများ မြန်မာနိုင်ငံကို ဖြတ်သွားမှု အတိုင်းအတာကို ညွန်ပြနေခြင်းဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံတံခါးဖွင့်ရန်ပြင်ဆင်ခြင်းနှင့် အတူနိုင်ငံတကာရင်းနှီးမြှုပ်နှံသူများကလည်း တစ်တပ် တစ်အားပါဝင် ဆင်နွှဲကြရန် တိုးဝှေ့လျက်ရှိကြသည်။ မြန်မာနိုင်ငံသည် နိုင်ငံတကာကုမ္ပဏီများကို တံခါးဖွင့်ပေးထားပြီ ဖြစ်သောကြောင့် ဘဏ်လုပ်ငန်းရှင်များကလည်း ယခုနှစ်အတွင်း စတင်လုပ်ကိုင်နိုင်အောင် သဘောတူ ခွင့်ပြုချက်ရရှိရန် မျှော်လင့်နေကြသည်။ ဟောင်ကောင်ဘဏ်လုပ်ငန်းရှင်တစ်ဦးက “မြန်မာနိုင်ငံဟာ လွန်ခဲ့သော နှစ်အနည်းတုန်းက မွန်ဂိုလီယားပုံစံနှင့် တူနေပါတယ်။ ဒီနှစ်ထဲမှာ ဆွေးနွေးညှိနှိုင်းမှုတွေ ပိုလုပ်နိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံသည် ယင်း၏ အခြေခံအဆောက်အဦးစနစ်ကို တည်ဆောက်ရန်လိုအပ်နေပြီး၊ သို့မှသာ လူဦးရေ ၆၃သန်းရှိသော လတ်လတ်ဆတ်ဆတ် ဈေးကွက်ထဲသို့ Ooredooနှင့် Telenor ကဲ့သို့သော နိုင်ငံတကာကုမ္ပဏီများ ခြေချရန် မျှော်လင့်နိုင်ပေလိမ့်မည်။(မိုဘိုင်းဖုန်း ပျံနှံ့သုံးစွဲမှုနှုန်း ၁၀ရာခိုင်နှုန်းပင် မရှိသော မြန်မာနိုင်ငံသည် ကျန်အာရှတစ်တိုက်လုံးနှင့် အလှမ်းကွာလွန်းနေသည်။)

မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံသည် အာရှ၏ အချုပ်ချယ်ဆုံးတိုင်းပြည်ထဲတွင် ပါဝင်နေဆဲပင်ဖြစ်သည်။ သာဓက အနေဖြင့် မြန်မာနိုင်ငံသို့ ဝင်မည့်သတင်းထောက်များ ဗီဇာလျှောက်ထားရာတွင် အခက်အခဲများရှိနေကြသလို။ နိုင်ငံခြားရင်နှီးမြှုပ်နှံသူများ အပေါ်အစိုးရက ဘယ်လိုပုံစံနဲ့ဆက်ဆံမလဲ ဟူသောကိစ္စနှင့် တရားဥပဒေစိုးမိုးရေး ကိစ္စများနှင့် ပတ်သက်ပြီး သံသယဖြစ်စရာ၊ စိုးရိမ်စရာများရှိနေသည်။

တပ်မတော်ပိုင် မြန်မာစီးပွားရေးဦးပိုင်လီမိတက်နှင့် စင်ကာပူ Fraser & Neave (F&N)တို့အကြား ဖက်စပ် လုပ်ကိုင်နေသော Myanmar Brewery နှင့်ပတ်သက်သည့် အငြင်းပွားမှုကိုလည်း ရင်နှီးမြှုပ်နှံသူများက အနီးကပ် စောင့်ကြည့် အကဲခတ်နေကြသည်။

ထိုင်းသန်းကြွယ်သဌေး ဆရီနာဒါနာဗာကီ ထိန်းချုပ်ထားသောကုမ္ပဏီများက F&Nကို လွှဲယူကာ တစ်ဆက်တည်း Myanmar Brewery ရှိ F&N၏ ရှယ်ယာ ၅၅ရာခိုင်နှုန်းကိုလည်း လွှဲယူသွားပြီးနောက်တွင် ပြဿနာ ပေါ်ခဲ့ခြင်းဖြစ်သည်။ မြန်မာစီးပွားရေးဦးပိုင်လီမိတက်က Myanmar Brewery ရှိ F&N၏ ရှယ်ယာ ၅၅ရာခိုင်နှုန်းကို ၎င်းတို့လည်း ဝယ်ယူခွင့်ရှိရမည်ဟု စောဒကတက်ခဲ့ပြီးနောက် F&N ကုမ္ပဏီကို တရားစွဲဆိုခဲ့သည်။

ရန်ကုန်မြို့တွင် မိုဘိုင်းဖုန်းများ လိုင်းကြပ်မှုကြီးထွားလာသည့် အခြေအနေ(အခွင့်အလမ်း)ကြောင့် လိုင်စင်ရ အော်ပရေတာများအနေဖြင့် အန္တရာယ်များကို မမှုတော့သည့် လက္ခဏာရှိပါသည်။ နှောင့်နှေးကြန့်ကြာမှုများ ရှိနေသော်ခြားလည်း အော်ပရေတာတင်ဒါရွေးချယ်သည့် လုပ်ငန်းစှုသည် သန့်ရှင်းမှုရှိခဲ့ကြောင်း Ooredoo၏ CEO ဆွာဇီက ချီးကျူးပြောကြားပါသည်။ အကယ်၍ ဇန်နဝါရီလ(သို့)ဖေဖော်ဝါရီလဆန်းရောက်မှ လိုင်စင် အတည်ပြုချက် ရရှိသည့်တိုင်အောင် လုပ်ငန်းစဉ်၏ ရှုပ်ထွေးသော သဘာဝကြောင့် ကျိုးကြောင်းဆီလျော်ရှိပါသည်ဟု ဆွာဇီက မှတ်ချက်ပေးသည်။

တင်ဒါပြိုင်သူ ကုမ္ပဏီအချို့က ပြည်တွင်းမှ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ဖက်ဆပ်လုပ်လျှင်ပိုကောင်းမည်ဟု ယူဆကြသော်လည်း အရွေးချယ်ခံ ကုမ္ပဏီနှစ်ခုစလုံး နိုင်ငံတကာကုမ္ပဏီစစ်စ်ဖြစ်နေခြင်းက လုပ်ငန်းစဉ်ဖြောင့်ဖြောင့် တန်းတန်း လည်ပတ်စေမည့် အချက်ဖြစ်သည်ဟု Ooredoo၏ မြန်မာနိုင်ငံဆိုင်ရာ CEO ဆွာဇီက ပြောကြားသည်။

ပြည်တွင်းအကဲခတ်လေ့လာသူများက မှတ်ချက်ပေးရာတွင်မှု “မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်းများကို တစ်ဦးတည်လက်ဝါးကြီးလုပ်ကိုင်နေသည့် တပ်မတော်အစိုးရ ဒေါက်တိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPTသည် ဝန်ဆောင်မှု ဆိုးဆိုးဝါးဝါးညံ့ဖျင်းလွန်းသည့်အပြင်၊ အရပ်ဖက်အစိုးရလက်ထက်သို့ ရောက်နေသည့်တိုင်အောင် Internet connection နှေးကွေးလွန်းသည့် ပြဿနာကို ယခုအချိန်ထိ ပွင့်လင်းမြင်သာထိရောက်စွာ ဖြေရှင်းခြင်းမပြုပဲ ဝါးတားတားလုပ်နေသည်” ဟု ဝေဖန်ပြောကြားကြသည်



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

(Bangkok Post မှ 9 Jan 2014 ရက်စွဲပါ ခေါင်းကြီးပိုင်းဖြစ်သော The Shrine to Insensitivity ကို ဘာသာပြန်ဆိုသည်)


စာနာမှုကင်းမဲ့မှုကို ဖော်ကျူးသည့် ယာကူဇူနီဂူဗိမာန်

(Bangkok Post မှ 9 Jan 2014 ရက်စွဲပါ ခေါင်းကြီးပိုင်းဖြစ်သော The Shrine to Insensitivity ကို ဘာသာပြန်ဆိုသည်)

တခါတရံတွင် အတိတ်ကာလဆီမှ ဖြစ်ရပ်များကို မဖြစ်မနေ ကွယ်ဖျောက်ထားပါမှ နိုင်ငံများနှင့် ပြည်သူများ အနေ ဖြင့် ကောင်းစွာ ရှေ့ဆက် ရှင်သန်နိုင်မည်ဖြစ်ပါသည်။

အမေရိကန်ပြည်ထောင်စုသည် တစ်ချိန်တစ်ခါတုန်းက အရှေ့တောင်အာရှဒေသမှ ကွန်မြူနစ်စနစ်ကို ထိန်းချုပ် နိုင်ရေးအတွက် နှစ်ပေါင်းများစွာ စစ်တိုက်ခဲ့ကြသည်။ သို့သော် ထိုသို့အရှေ့တောင် အာရှဒေသတွင် စစ်ဖြစ်ခဲ့သည်ဟူ သော ကိစ္စမှာ မနေ့က (အတိတ်ကာလဆီမှ) ဖြစ်ရပ်တစ်ခုပင် ဖြစ်သည်။ ယနေ့ယခုတွင်မူ ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှု ဖလှယ် ရေးအတွက် ပိုမိုလုပ်ကိုင်လျက်ရှိသည်။ ထို့အတူ မြန်မာဘုရင်များသည်လည်း တစ်ချိန်တစ်ခါက ထိုင်းနိုင်ငံအပေါ် အကြီး အကျယ် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ သို့သော်လည်း ယခုအခါမြန်မာနှင့် ထိုင်းနိုင်ငံတို့မှာ အတူအကွပူးပါင်း ဆောင်ရွက် မှုများလုပ်ကိုင်နေသည်ကိုတွေ့ရပေမည်။ ထိုသို့ အတိတ်ဆီမှ ဖြစ်ရပ်ဆိုးများကို မေ့ဖျောက်ကာ ပစ္စုပ္ပန်ကာလကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်သည်ဟူသည့် သဘောတရားများကို နိုင်ငံအတော်များများတွင် တွေ့ရ သော်လည်း ယင်းနိုင်ငံများထဲတွင် ဂျပန်ကိုတော့ခြွင်းချက်အဖြစ် ဖယ်ထားရမလိုဖြစ်နေသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၆ ရက်နေ့ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ယာကူဇူနီ စစ်ဂူဗိမာန်သို့ သွားရောက်လည်ပတ်ခဲ့မှုသည် အိမ်နီးချင်း နိုင်ငံများအပေါ် ဂျပန်နိုင်ငံ၏လွဲမှားသော ပြုမူဆက်ဆံမှုတစ်ရပ်ဖြစ်သည်။ ရန်ပြုစရာမလိုဘဲရန်ပြုလိုက်သည့် လုပ်ဆောင်ချက် တစ်ရပ်ဟု ၏ ဆိုလျှင်လည်း မှားမည်မဟုတ်ပေ။

ဂျပန်ခေါင်းဆောင်များသည်  ဒုတိယကမ္ဘာစစ်အတွင်း သေဆုံးခဲ့ရသူများကို ဂုဏ်ပြုရန် အလို့ငှာ တိုကျိုရှိ အဆို ပါ ဂူဗိမာန်သို့ သွားရောက်ခြင်းဖြစ်သည်ဟု နှစ်များစွာကတည်းက ပြောဆိုခဲ့ကြသည်။ မှန်ပါသည်။ ဂူဗိမာန်ထားရှိကာ ဂုဏ်ပြု ခံရသော သေဆုံးသူပေါင်းများစွာတို့သည် တစ်ချိန်တစ်ခါကရက်စက်ကြမ်းတမ်းသော စစ်ခေါင်းဆောင်များ၏ ဖိအား ပေးမှုကြောင့် ဒုက္ခပေါင်းများစွာကို ခံစားခဲ့ကြရသူများပင်ဖြစ်သည်။ သို့သော် ဂူဗိမာန်သို့သွားရောက်မှုမှန်သမျှသည် အမည် ပေါင်း ၂ ဒသမ ၄ သန်းခန့်ဖြင့် ကဗျည်းထိုးခြင်း ခံထားရသူများကို ဂါရဝပြုခြင်းပင်ဖြစ်သည်။ ယင်းဂူဗိမာန်သည် တရုတ်တို့ ကြီးစိုးစဉ် အသက်ပေါင်းများစွာ သတ်ဖြတ်ခံခဲ့ရမှုကို ညွှန်းဆိုခြင်းဖြစ်သည်။ သို့သော် ထိုသို့ဂုဏ်ပြုခံရသူများထဲတွင် ဒုတိယ ကမ္ဘာစစ်အတွင်း လူသန်းပေါင်းများစွာကို သတ်ဖြတ်မှု၊ညှဉ်းပန်းနှိပ်စက်မှုများကျူးလွန်ခဲ့သည့် စစ်ရာဇ ဝတ်သား ၁၄ ဦး လည်း ပါဝင်လျက်ရှိပါသည်။

ဂျပန်ဝန်ကြီးချုပ် အာဘေး၊ ကာကွယ်ရေးဝန်ကြီး အစ်ဆာနိုရီအိုနိုဒီရာ နှင့် အခြားသော ထိပ်တန်းအရာရှိကြီး များ သည် အဆိုပါဂူဗိမာန်၏သမိုင်းကြောင်းကို ကောင်းစွာသိကြသည်။ သို့အတွက်ကြောင့် ဂူဗိမာန်သို့ သွားရောက် လည်ပတ်စဉ် မစ္စတာအာဘေးက ယခုလိုထုတ်ဖော်ပြောဆိုသည်။ “စစ်ကြောင့် သေဆုံးခဲ့ရသူတွေရဲ့ ဝိဉာဉ်တွေရှေ့မှာ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြင်ခဲ့ပါတယ်။ ကျွန်တော်ရဲ့ဆုံးဖြတ်ချက်ကဘာလဲဆိုရင် ဘယ်တော့မှစစ်ထပ်မဖြစ် တော့ဘူး ဆိုတဲ့ ကတိကဝတ်ကို အခိုင်အမာပေးဖို့ပါပဲ”ပာု ၎င်းကဆိုသည်။

မစ္စတာအာဘေးအနေဖြင့် ထိုသို့သော ကတိကဝတ်များကို ရက်စက်ကြမ်းတမ်းသော စစ်ရာဇဝတ်ကျူးလွန်သူ များ ကို အောက်မေ့ဖွယ်ပြုလုပ်ထားသည့် ဂူဗိမာန်၌ ပြောဆိုသည်မှာ  အံ့အားသင့်စရာကောင်းသည်။ သို့သော် ထိုသို့ ထူးဆန်း အံ့ဖွယ်ကောင်းသည့် လုပ်ရပ်မျိုးပြုလုပ်ပြသည်မှာ ပြဿနာအစပင် ရှိသေးသည်ဟုဆိုရမည်။ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ဆိုးဆိုးရွားရွား  လျစ်လျူ ရှုထားသည့် အရေးကြီး ပြဿနာနှစ်ရပ်ရှိနေပါသေးသည်။

ပထမတစ်ခုမှာ ယခုကဲ့သို့ နာကျည်းမှုနှင့် အမျက်ဒေါသတို့ပေါင်းစပ်ထားမှုက ဂျပန်နိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများကို ထိခိုက်စေသည်။ တစ်ချိန်က ဖက်ဆစ်ဂျပန်တို့၏ ညှဉ်းပန်းနှိပ်စက်မှုနှင့် အခွင့်အရေးချိုးဖောက်မှုဒဏ်ကို အများဆုံး ခံခဲ့ ရသော တရုတ်နိုင်ငံဆိုလျှင် မစ္စတာ ရှင်ဇိုအာဘေးကို မည်သည့်အခါမျှ နွေးထွေးစွာ ကြိုဆိုတော့မည် မဟုတ်ဟု ဆုံးဖြတ် ထားပြီဖြစ်သည်။ ဂျပန်တို့၏ ကျူးကျော်မှုကိုခံခဲ့ရသော တောင်ကိုရီးယားနိုင်ငံဆိုလျှင် မစ္စတာ အာဘေးသည် ဂျပန်တို့ စစ်မီး မွှေးကာ ကိုလိုနီနယ်ချဲ့မှုပြုခဲ့သည့် ဆယ်စုနှစ်များကို အလှဆင်နေခြင်းဖြစ်သည်ဟု စွပ်စွဲ ပြောဆိုသည်။

မစ္စတာအာဘေးကမူ ၎င်း၏ ဦးတည်ချက်မှာ တရုတ်နှင့် ကိုရီးယားပြည်သူများ၏ ခံစားချက်ကို ထိခိုက်နစ်နာ စေလိုခြင်းမရှိဟု ဆိုသည်။ သူ၏ရှင်းလင်းပြောဆိုချက်မှာ ရိုးစင်းမှုမရှိဟုပင် ဆိုရပေမည်။ မစ္စတာ အာဘေးတွင် စစ်ကို စက်ဆုပ်ရွံမုန်းကြောင်း ထုတ်ဖော်ပြောဆိုနိုင်သည့် နည်းလမ်းပေါင်း မရေမတွက်နိုင်အောင်ရှိပါလိမ့်မည်။ ၎င်းတွင် မည်သို သာ ဦးတည်ချက်ရှိနေသည်ဆိုစေကာမူ အမှန်ပြောရလျှင် မစ္စတာအာဘေးသည် အိမ်နီးချင်းနိုင်ငံများကို ထိခိုက် နစ်နာ စေရုံ မျှမက အခြေအနေကိစ္စအရပ်ရပ်ကိုလည်း သိရှိထားသူဖြစ်သည်။ သို့အတွက်ကြောင့် ရှင်းရှင်းလင်းလင်း ပြောရလျှင် မစ္စတာအာဘေးသည် တရုတ်နှင့် ကိုရီးယားတို့၏ တုံ့ပြန်မှုနှင့်ပတ်သက်၍ မည်သို့မျှ အလေးမထားခဲ့သည်မှာ ထင်ရှား ပါသည်။

ဒုတိယပဿနာတစ်ရပ်မှာ ပို၍ပင်ဆိုးသည်ဟုဆိုရမည်။ မစ္စတာအာဘေးက တရုတ်နှင့် ကိုရီးယားအကြောင်း ထုတ်ဖော်ပြောဆိုမှုပင်ဖြစ်သည်။ သို့သော် ထိုသို့ထုတ်ဖော်ပြောဆိုရခြင်းမှာလည်း အဆိုပါနှစ်နိုင်ငံသည် နိုင်ငံ့ ခေါင်း ဆောင်များက တုံ့ပြန်ထုတ်ဖော်ရသည်အထိ လုံးလုံးလျားလျား စိတ်အနှောက်အယှက် ဖြစ်ခဲ့သောကြောင့်ဖြစ်သည်။ ဂျပန် ဖက်ဆစ်တို့ လက်ထက်က များစွာဖိနှိပ်ညှဉ်းဆဲခံခဲ့ရသော အခြားတိုင်းပြည်များမှ ပြည်သူသန်းပေါင်း များစွာကိုမူ မစ္စတာ အာဘေးအနေဖြင့် ရည်ညွှန်းပြောဆိုခဲ့ခြင်းမရှိပေ။(ဥပမာ- ဖိလစ်ပိုင်၊ အင်ဒိုချိုင်းနား၊မလေးနှင့် စင်ကာပူ၊ မြန်မာနှင့် ထိုင်း) ဝန်ကြီးချုပ် အာဘေး ယာကူဇူနီဂူဗိမာန်သို့ သွားရောက်လည်ပတ်မှုနှင့်ပတ်သက်၍ ထိုင်းလူမျိုးများ အနေဖြင့် ဒွိဟ ဖြစ် ကောင်းဖြစ်နေနိုင်ပါသည်။ သို့သော် စစ်တွင်းလက်ထက်က အသက်မသေဘဲ ကျန်ရစ်ခဲ့သော ဆရီထိုင်း သူရဲကောင်းများမှာ ဂျပန်စစ်ရာဇဝတ်သားများကို ဂါရဝပြုခဲ့သည့် မစ္စတာအာဘေး၏ အပြုအမူကြောင့် အလွန်အ မင်း တုန်လှုပ်ခြောက်ခြားခဲ့ကြသည်။

ရှင်းရှင်းလင်းလင်းပြောရလျှင် ဂျပန်သည် အတိတ်ကာလဆီမှ ရာဇဝတ်မှုများနှင့်ပတ်သက်၍နည်းမှန်လမ်းမှန် ဖြေရှင်းမှု မည်သည့်အခါကမျှ မပြုလုပ်ခဲ့ပေ။ ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်ဖြစ်ခဲ့သော ဂျာမနီကဲ့သို့ စစ်ရာဇဝတ်မှု ကျူးလွန်သူများကို အပြစ်ပေးရန် ကြိုးပမ်းမှု လည်းမပြုလုပ်ခဲ့ပေ။ ဆိုရလျှင် ယာကူဇူနီဂူဗိမာန်သို့ သွားရောက်ဂါရဝ ပြုသည့် မစ္စတာအာဘေး၏ အပြုအမူသည် ကိုယ်ချင်းစာနာစိတ်ကင်းမဲ့သော သဘောထားတွင်အခြေခံပြီး အရှေ့အာရှမှ အိမ်နီးချင်းနိုင်ငံများကို စော်ကားမှုပြုသောအပြုအမူပင်ဖြစ်တော့သည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive