Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

"တိုင်းရင်းသားတွေဘက်က လျှော့နိုင်တာတွေကို လျှော့ပြီးတာတွေရှိတယ်။ ဒါပေမယ့်အစိုးရနဲ့ ထပ်ညှိရင် တိုင်းရင်းသားတွေဘက်က ထပ်လျှော့နိုင်မှု ရှိမရှိကို ဒီအစည်းအဝေးပြီးရင် သိနိုင်မယ်။ နှစ်ဖက်အပစ်ရပ် စာချုပ်မှာက သဘောတူတာကများပါတယ်။ အသုံးအနှုန်းတွေ မတူတာတွေလောက်ပဲ ရှိပါတယ်။ ဒီအစည်းအဝေးပြီးရင်တော့ ဒီအတွက် တိုင်းရင်းသားတွေနဲ့ အစိုးရက ပြည်ထောင်စုနေ့ နောက်ပိုင်းမှာ ဆွေးနွေးသွားဖို့ရှိတယ်"

၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့ထုတ် Mizzma နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော "ဖွဲ့စည်းပုံပြင်ရာတွင် တိုင်းရင်းသားညီလာခံမှ သဘောတူညီချက်များလည်း ထည့်သွင်းမည်' သတင်းမှ ဗိုလ်မှူးကြီးခွန်ဥက္ကာ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


"နိုင်ငံရေးဆွေးနွေးမှုများနဲ့ စစ်မှန်တဲ့ပြည်တွင်း ငြိမ်းချမ်းရေးတည်ဆောက်ဖို့ အရေးကြီးဆုံး ခြေလှမ်းတစ်ရပ် ဖြစ်တဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုမှာပါသင့်တဲ့ နှစ်ဖက်တပ်တွေ ပဋိပက္ခမဖြစ်အောင် ဘယ်လိုထိန်းညှိကြမယ်။ လိုအပ်တဲ့ ယန္တရားတွေကို ဘယ်လိုတည်ဆောက်ရမယ် စတဲ့ကိစ္စများအပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား စစ်မှန်တဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက် ဘယ်လို ဘုံသဘောတူညီချက်တွေ ချမှတ်ထားမယ်ဆိုတာကို ညှိနှိုင်းဖို့ပဲ ဖြစ်ပါတယ်"

၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော "တိုင်းရင်းသား လက်နက်ကိုင်များ၏ လော်ခီးလာညီလာခံ၌ နှစ်ဖက်တပ်များ ပဋိပက္ခမဖြစ်စေရေးအချက်ကို အဓိကအချက် တစ်ချက်အနေဖြင့် ထည့်သွင်းဆွေးနွေးမည်" သတင်းမှ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး  မူတူးဆေးဖိုး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


"တပ်မတော်ဘက်က ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ မပါရင် ဒါကမဖြစ်သင့်တဲ့အရာပဲ။ အဲ့ဒီတော့ သူတို့ပါလာဖို့ လိုတယ်။ ကျွန်တော်တို့ဘက်က အလေးအနက်ထားတယ်။ သူတို့ပါလာတယ်။ တော်တော်လည်းဆွေးနွေး ဖြစ်တယ်။ အထူးသဖြင့် ပြည်ထောင်စု အခန်းကဏ္ဍပေါ့။ တပ်မတော်ရဲ့အခန်းကဏ္ဍကိုလည်း တော်တော်ဆွေးနွေးကြတယ်။ ဘယ်အချက်ကို ဘယ်လိုပြောခဲ့ကြတယ်ဆိုတာကတော့ ဒီအချိန်မှာပြောဖို့ စောသေးတယ်။ ဘယ်လို့လဲဆိုတော့ ညှိနှိုင်းတဲ့အပိုင်းဆိုတော့ ဒီကာလမှာ အဖြေရှာဖို့လိုပါတယ်။ ဘယ်လိုပြောလဲဆိုတာတွေက မပြောသင့်သေးဘူး။ တပ်မတော်မပါဘဲ ငြိမ်းချမ်းရေးဆောင်ရွက်လို့မရဘူး"

၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော "မြစ်ကြီးနား ဆွေးနွေးပွဲနောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်များတွင် တပ်မတော်၏ ပူးပေါင်းပါဝင်မှု ပိုမိုအားကောင်း လာ" သတင်းမှ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း (NCCT အဖွဲ့ဝင်) ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


"ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စကလည်း လွှတ်တော်ကိုယ်၌ကိုက လေ့လာရေးကော်မရှင်တွေ ဖွဲ့ပြီးတဲ့အခါမှာ လူထုရဲ့ အကြံဥာဏ်တွေရယူပြီး ဖြစ်ပါတယ်။ ပြည်သူကရော၊ နိုင်ငံရေးပါတီတွေကရော သူတို့ဖြစ်ချင်သော ပါဝင်စေချင်သော ပယ်ဖျက်စေချင်သော အချက်အလက်တွေအားလုံးကို ပေးပို့ပြီး ဖြစ်ပါတယ်။ အားလုံးကလည်း ဥပဒေဘောင်အတွင်းက ညီညီညွှတ်ညွှတ်နဲ့ တိုင်းပြည်ရဲ့တည်ငြိမ်အေးချမ်းမှုကို အားလုံးကတာဝန်သိသိနဲ့ တိုင်းပြည်ရဲ့ ရှေးရှုပြီးတော့ အပြုသဘော လုပ်မယ်ဆိုရင် တိုင်းပြည်က တည်တည်ငြိမ်ငြိမ်နဲ့ ပြင်ဆင်လိုတဲ့ကိစ္စတွေကိုလည်း ပြေပြေလည်လည်ဆွေးနွေးမှုတွေ လုပ်သွားနိုင်တယ်"

၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့ထုတ် ကုမုဒြာသတင်းဂျာနယ်တွင်ပါရှိသော "မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံခြင်း" အင်တာဗျူးမှ ဦးဝဏ္ဏမောင်လွင်၏ ဖြေကြားချက်အား ကောက်နှုတ်ချက်။


"အဲ့ဒါအမှန်တကယ်ပါပဲ။ ဟိုတလောတုန်းကလည်း ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်က သေနတ်နဲ့ပစ်လို့၊ ဘင်္ဂလီလူမျိုးတွေ အများကြီးသေတယ်ဆိုပြီ တစ်ဖက်စောင်းနင်းသတင်းတွေ ကြားရလို့ အစိုးရက တရားဝင်ထုတ်ပြန်ပြီး ရှင်းခဲ့ရတယ်။ သတင်းရေးသားပုံ၊ ချဉ်းကပ်ပုံမတတ်ဘဲနဲ့ နိုင်ငံတကာမီဒီယာကို ဝင်ဆံ့ဖို့ မလွယ်ကူတဲ့ကိစ္စပဲ၊ သတင်းထောက်ရဲ့အရည်အချင်းဆိုတာထက် ရှင်းရှင်းပြောရရင် နိုင်ငံတကာမီဒီယာအသိုင်းအဝိုင်း နောက်ကွယ်မှာ ဗိုင်းရပ်စ်(တစုံတရာ လွှမ်းမိုးမှု) ရှိနေတယ်လို့ပဲ ယူဆပါတယ်"

၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့ထုတ် Venus News Weekly ဂျာနယ်အတွဲ ၅၊ အမှတ် ၂၆ တွင်ပါရှိသော "နိုင်ငံရေး၏ ပကတိအခြေအနေကိုမသိဘဲ ဝင်ရောက်ပြောဆိုရေးသားလျှင် ပြဿနာ ပိုမိုရှုပ်ထွေးရန် ဖန်တီးရာ ရောက်မည်ဟု ဦးကိုကိုကြီးပြော" သတင်းမှ ဦးကိုကိုကြီး၏ ပြောကြားချက်အား ထောက်ခံသည့်အနေဖြင့်  ဦးဇော်အေးမောင်(ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး) ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International media (1)

Snapshot of the item below:
International media (1)

ဘာသာပြန်သတင်းများ

(20 Jan 2014 ရက်စွဲပါ VOA News မှ Gabrielle Paluch ရေးသားသော Reports of religious violence in remote part of Burma draw concern ကို ဘာသာပြန်ပါသည်)

(ETN မှ 20 Jan 2014 ရက်စွဲပါ “Silk Air launches Singapore Mandalay flight” သတင်းကိုဘာသာပြန်ဆိုသည်။)

(The Korea Herald မှ 20 Jan 2014 ရက်စွဲပါ  “Korea, Myanmar to boost agriculture cooperation” သတင်းကို ဘာသာပြန်ဆိုသည်)


ရခိုင်ပြည်နယ် ဝေးလံသောဒေသမှ ဘာသာရေးအရ အကြမ်းဖက်မှုသတင်းများ စိုးရိမ်မှုကို ဖြစ်ပေါ်စေ

(20 Jan 2014 ရက်စွဲပါ VOA News မှ Gabrielle Paluch ရေးသားသော Reports of religious violence in remote part of Burma draw concern ကို ဘာသာပြန်ပါသည်)

မြန်မာနိုင်ငံမှ မငြိမ်သက်သော ရခိုင်ပြည်နယ်ရှိ မူဆလင်နှင့် ဗုဒ္ဓဘာသာအသိုင်းအဝိုင်းကြား ရန်ပွဲများကြောင့် အနည်းဆုံး လူ ၃ ဦးသေဆုံးကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စုနှင့် အခြားအစိုးရများက ဝေးလံသောဒေသများတွင် လုံခြုံရေးတပ်ဖွဲ့များ၏ တုန့်ပြန်မှုများနှင့် ပတ်သက်၍ စိုးရိမ်မှုကို ထုတ်ဖော်ပြောကြား ခဲ့သော်လည်း မြန်မာအစိုးရကမူ အဆိုပါအကြမ်းဖက်မှု မဖြစ်ပေါ်ခဲ့ကြောင်း ငြင်းဆိုခဲ့ပါသည်။

လူ့အခွင့်အရေးအုပ်စုများက ဇန်နဝါရီလ ၁၄ ရက် နံနက်က မောင်းတောမြို့အနီး ဒူးချီးယားတန်းကျေးရွာတွင် ဖြစ်ပွားသည်ဟု သတင်းများက ဖော်ပြသော ကိစ္စရပ်တွင် ပါဝင်သည့် တိုက်ခိုက်ခံရသူများ၏ အမည်များကို ဖော်ထုတ်လျှက် ရှိပါသည်။

အဖြစ်အပျက်မှာ ရိုဟင်ဂျာ ရွာသားများထဲမှ လဒ်ငွေတောင်းသည်ဟု ယူဆရသော ရဲအရာရှိတစ်ဦး ပျောက်ဆုံးခြင်းမှ စတင်သည်ဟု ယုံကြည်ရပါသည်။ ထိုကိစ္စကြောင့် ရွာခံများမှာ လက်တုန့်ပြန်ခံရခြင်း ဖြစ်နိုင်ပါသည်။

မြန်မာနိုင်ငံမှ အာဏာပိုင်များကမူ အကြမ်းဖက်မှုများ လုံးဝမရှိခဲ့ကြောင်း ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပါသည်။ သို့သော် အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Jen Psaki ကမူ ၎င်း တို့စီစစ်ချက်များအရ အလွန်တရာ စိုးရိမ်ကြောင်း ပြောကြားခဲ့ပါသည်။

“အချို့အသတ်ခံရတယ်။ အများအပြား ဒဏ်ရာရတယ်။ တစ်ယောက်ပျောက်နေတယ်။ နေအိမ်တွေ ဖျက်ဆီး ခံရပြီး လုယက်ခံရလို့ အရပ်သား ရာနဲ့ချီပြီး အိုးမဲ့အိမ်မဲ့ဖြစ်ရတယ်လို့ သတင်းတွေ ကြားရတာ ဝမ်းနည်းပါတယ်။ လုံခြုံရေး တပ်ဖွဲ့အင်အားဟာ အင်အားအလွန်အကျွံသုံးတယ်လို့ ကြားရတာ စိတ်အနှောက်အယှက် ဖြစ်ရပါတယ်” ဟု Psake ကပြောပါသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် ဇွန်လမှစ၍ အကြမ်းဖက်မှုများ မကြာခဏ ဖြစ်ပွားလျှက် ရှိပါသည်။ သို့သော် ဝေးလံသော ဒေသမှ အချို့မူဆလင်အများစု နေထိုင်သော ကျေးရွာများကို လုံခြုံရေးတင်းကြပ်ထားသောကြောင့် အကြမ်းဖက်မှုနှင့် ပတ်သက်သော သတင်းများကို အတည်ပြုရန် ခက်ခဲပါသည်။

နိုင်ငံတကာအကူအညီပေးရေး အဖွဲ့တစ်ခုဖြစ်သော နယ်စည်းမခြားဆရာဝန်များအဖွဲ့သည် အခင်းဖြစ်ပွားရာ ဒေသတွင် လုပ်ကိုင်လျှက်ရှိရာ ၎င်းတို့က ပြောကြားရာ၌ သေနတ်ထိမှန်သူတစ်ဦးအပါအဝင် အဆိုပါ အကြမ်းဖက်မှုကြောင့် ဒဏ်ရာရသူနှစ်ဦးကို ဆေးကုသပေးခဲ့ရကြောင်း ဆိုပါသည်။ မြန်မာနိုင်ငံမှ အဆိုပါအဖွဲ့ခေါင်းဆောင် Peter-Paul de Groote ကပြောကြားရာတွင် အဆိုပါ အဖြစ်အပျက် ဖြစ်ပွားပြီးနောက် ဆေးခန်း၌ ထူးထူးခြားခြား လူနာနည်းသွားသည်ကိုတွေ့ရသည်ဟု ဆိုပါသည်။

နိုင်ငံတကာလူ့အခွင့်အရေး အုပ်စုဖြစ်သော Fortify Rights မှ Malthew Smith သည် ရခိုင်ပြည်နယ်မှ သတင်းပေးပို့မှုများကို စောင့်ကြည့်လျှက်ရှိရာ ၎င်းက အချက်အလက်များကို အတည်ပြုရန် ခက်ခဲသည်ဆိုသော်လည်း  အစိုးရ၏ ရှင်းလင်းချက်များနှင့် ပတ်သက်၍ သံသယဖြစ်ဖွယ် ထောက်ပြရမည့် အချက်များရှိသည်ဟု ဆိုပါသည်။

“အစိုးရက တိုင်းပြည်မှာ လုပ်နေတဲ့ အပေါင်းလက္ခဏာဆောင်တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဇာတ်ကြောင်းမှာ ဒီအဖြစ်ဆိုးတွေကို ထည့်ပြောချင်ပုံ မရဘူး။ အခုတိုင်းပြည်မှာ နိုင်ငံသားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ မူဆလင်တွေအပေါ် အကြမ်းဖက်နေတာတွေဟာ အစိုးရပြောနေတဲ့ အပေါင်းလက္ခဏာ ဆောင်တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့ ညီညွတ်မှု မရှိပါဘူး။ ဒါကြောင့် အစိုးရက အကြမ်းဖက်မှုတွေ မဖြစ်ပါဘူးလို့ မျက်စိပိတ်ငြင်းနေတာ ဖြစ်မှာပါ”ဟု Smith က ပြောပါသည်။

Smith ကပြောကြားရာတွင် ရခိုင်းပြည်နယ်တွင် တင်းကြပ်သော လုံခြုံရေးမူဝါဒများ ချမှတ်ထားခြင်းမှာ မူဆလင်လူဦးရေ တိုးမလာအောင် ကာကွယ်ထားခြင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်မည်ဟု ဆိုပါသည်။

Arakan Project ကို ဦးဆောင်နေသူ ရိုဟင်ဂျာအခွင့်အရေးတက်ကြွသူ Chris Lewa က ပြောကြားရာတွင် သူမ၏ အုပ်စုသည် ရိုဟင်ဂျာရွာသား အနည်းဆုံး သုံးဦးသေဆုံးသည်ကို အတည်ပြုကြောင်း ၊ ဓါးထိုးခံရ၍ သေဆုံးကြောင်း၊ ၎င်းမှာ တင်းမာမှု ပိုမိုမြင့်တက်လာသည်ကို ပြနေကြောင်း ဆိုပါသည်။

“တိုက်ခိုက်မှု ဖြစ်တယ်ဆိုတာ သေချာပါတယ်။ ရှင်းနေတဲ့အချက်ကတော့ အဲဒီရွာက ရခိုင်တွေ ပါဝင်ပတ်သက်တယ်ဆိုတာပါပဲ။ ရဲတွေပါမပါ အတည်မပြုနိုင်ပေမယ့် သူတို့ ဝင်ရောက်ထိန်းသိမ်းမှုမရှိတာ သေချာပါ တယ်”ဟု Lewa ကပြောပါသည်။

Lewa က ဖြည့်စွက်ပြောကြားရာတွင် မူဆလင်ဆန့်ကျင်ရေး နာမည်ဆိုးရှိသော အဖွဲ့ဖြစ်သည်။ ‘၉၆၉’သည် ဒီဇင်ဘာလက ထိုဒေသတွင် တရားဟောမှုများ ပြုလုပ်ဟုဆိုပါသည်။ ထို့ကြောင့် အသိုင်းအဝိုင်းနှစ်ခုအတွင်း တင်းမာမှုများ တိုးလာသည်ဟု ဆိုပါသည်။


စကာင်္ပူ မန္တလေး တိုက်ရိုက်ပျံသန်းမှု Silk Air စတင်တော့မည်

(ETN မှ 20 Jan 2014 ရက်စွဲပါ “Silk Air launches Singapore Mandalay flight” သတင်းကိုဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်သော ခရီးသွားတိုးရစ် အရေအတွက် တိုးမြင့်လာခြင်းကြောင့် စကာင်္ပူ အခြေစိုက် Silk Air လေကြောင်းလိုင်းက မြန်မာအလယ်ပိုင်းမြို့တော် မန္တလေးသို့ တိုက်ရိုက်ပျံသန်းမှု ခရီးစဉ်ကို တိုးချဲ့တော့မည် ဟု လေကြောင်းလိုင်းက စနေနေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

စကာင်္ပူမှ မန္တလေးသို့ တိုက်ရိုက်ပျံသန်းမှု ခရီးစဉ်သည် အဓိက မြို့တော်ရန်ကုန်ကို ဖြတ်သွားမည်ဖြစ်ပြီး ယခုနှစ် ဇွန်လမှ စ၍ တစ်ပတ်လျှင်သုံးကြိမ် ပျံသန်းပေးမည်ဟု သိရှိရသည်။

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် လတ်တလောတွင် Bangkok Airline၊ Indian Airlines နှင့် တရုတ်ပြည် Kunming Airlines များအတွက် ဆင်းသက်ရပ်နားရန် ပျံသန်းရေးခရီးစဉ်များကို လက်ခံကိုင်တွယ် ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သည် ၁၉၉၆တွင် Visit Myanmar year 1966 ဟုကြွေးကြော်ကာ တည်ဆောက်ခဲ့ခြင်းဖြစ်သော်လည်း ထိုစဉ်က အကြီးအကဲ၏ အာဏာတည်မြဲရေး တံခါးပိတ်၊ အဆတ်ဖြတ်မှုဝါဒကြောင့် နိုင်ငံတကာ လေကြောင်းလိုင်းများ ဆင်းသက်ခြင်းမရှိပဲ။ ပြည်တွင်းခရီးစဉ်များကိုသာ ဖြစ်ကတတ်ဆန်း ကိုင်တွယ်နေရာမှ ယခုအခါ ဂျပန်ကုမ္ပဏီတစ်ခုအား လုပ်ကိုင်ခွင့်တင်ဒါချပေးကာ နိုင်ငံတကာ အဆင့်အတန်းနှင့် အညီပြုပြင်မွမ်းမံမှုများ ပြုလုပ်လျက်ရှိသည်။

မြန်မာနိုင်ငံသို့ ပျံသန်းနေသော နိုင်ငံတကာလေကြောင်းလိုင်း စုစုပေါင်း ၂၄ခုရှိပြီး၊ ပြည်တွင်းခရီးစဉ်များကိုမှု မြန်မာပြည်တွင်းလေကြောင်းလိုင်း ၇ခုက ပျံသန်းပေးနေသည်ဟု သိရှိရသည်။


ကိုရီးယား၊ မြန်မာ လယ်ယာကဏ္ဍပူးပေါင်းမှု တိုးမြှင့်ကြမည်

(The Korea Herald မှ 20 Jan 2014 ရက်စွဲပါ  “Korea, Myanmar to boost agriculture cooperation” သတင်းကို ဘာသာပြန်ဆိုသည်)

တောင်ကိုရီးယားနှင့် မြန်မာတို့သည် စားနပ်ရိက္ခာ ပိုမိုလုံခြုံမှု ရှိစေရန် တစ်စိတ်တစ်ပိုင်းရည်းမှန်းထားသော လယ်ယာကဏ္ဍပူပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး သဘောတူညီချက်တစ်ရပ်ကို တနလာင်္နေ့က လက်မှတ်ရေးထိုး ခဲ့ကြသည် ဟု တောင်ကိုရီးယားအစိုးရ က ပြောကြားသည်။

အဆိုပါ နားလည်မှု စာချွန်လွှာကို တောင်ကိုရီးယား စိုက်ပျိုးရေးဝန်ကြီး လီဒေါင်ဖီးနှင့် မြန်မာလယ်ယာဝန်ကြီး ဦးမြင့်လှိုင်တို့အကြား လက်မှတ်ရေးထိုးကြခြင်းဖြစ်သည်ဟု တောင်ကိုရီးယား စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် ကျေးလက်ရေးရာ ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ယခုသဘောတူညီချက်အရ ဆိုးလ်၏ခေတ်မှီတိုးတက်သော စိုက်ပျိုးရေးနည်းပညာကို လွှဲပြောင်းပေးမည့်ဖြစ်ရာ၊ ကိုရီးယား၏ လယ်ယာထုတ်ကုန်နှင့် စက်ကိရိယာများ မြန်မာနိုင်ငံသို့ တင်ပို့မှုကိုပါ တိုးတက်စေလိမ့်မည်ဟု သိရှိရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive