Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ကျွန်တော်တို့က နှစ်ဖက်တိုင်ပင်ပြီးတော့မှ ပြည်ထောင်စုရဲ့ တစ်ခုတည်းသော တပ်မတော်ကို ဘယ်လိုဖွဲ့စည်းမလဲ။ ကျွန်တော်တို့ ဟိုတုန်းက ဂန္ဒီစာချုပ်အရ ၁၉၄၆ မှာ သဘောတူလိုက်တဲ့ ဂန္ဒီစာချုပ်အရ သွားမှာလား။ သို့တည်းမဟုတ် လက်ရှိ ဗမာ့တပ်မတော် ဖွဲ့စည်းပုံအတိုင်းသွားမှာလား။ သို့တည်းမဟုတ် နည်းလမ်းတစ်ခုရှာမှာလား။ အဲဒါကျွန်တော်တို့ တိုင်ပင်ဖို့လိုတယ်။ အခုလက်ရှိ ဗမာ့တပ်မတော်ထဲမှာ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ဘယ်လိုပြန်ပြီးတော့ ပူးပေါင်းပါဝင်စေချင်လဲ။ အဲဒါတွေက မစဉ်းစားလို့ မရဘူး။ မတိုင်ပင်လို့ မရဘူး။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ ဆွေးနွေးဖို့ လိုတယ်ဆိုတာ ပြောတာဖြစ်တယ်။ စိန်ခေါ်တာ မဟုတ်ဘူး။ တိုင်ပင်ဖို့လိုတယ်ဆိုတာ ပြောတာဖြစ်တယ်။ ”

ဇန်နဝါရီ ၂၂ ရက်နေ့ထုတ် Daily Eleven နေ့စဉ်သတင်းစာမှ ပါရှိသော “ဖက်ဒရယ်တပ်မတော် အရေးကို အပစ်ရပ်စာချုပ် လက်မှတ်ထိုးပြီးမှ  နိုင်ငံရေးဆွေးနွေးပွဲများတွင် အချိန်ယူဆွေးနွေးရန် တိုင်းရင်းသားလက်နက်ကိုင်များ လျာထား” သတင်းမှ  NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်၏ ပြောကြားချက်အရ ကောက်နှုတ်ချက်။


“လော်ခီးလာ ညီလာခံပွဲနဲ့ ပတ်သက်ပြီး ကျွန်တော့အနေနဲ့ အတိအကျ မပြောနိုင်ပါဘူး။ ဒါပေမဲ့ ဘယ်လိုအနေအထားပဲ ဖြစ်ဖြစ် တစ်ဖက်နှင့် တစ်ဖက် ညှိနှိုင်းပြီး  အဖြေရှာရမယ့် အလုပ်ပါပဲ။ ဒါကြောင့်မို့လို့ သူတို့ဘက်က ထွက်လာပြီးတဲ့ ညှိနှိုင်းချက်တွေကို ဝန်ကြီးဦးအောင်မင်းတို့နဲ့ အပြင်မှာ နှစ်ကြိမ်အလွတ်သဘောမျိုး ညှိနှိုင်းသွားဖို့ ရှိပါတယ်။ ဒါပြီးမှပဲ ဘားအံသွားမှာပါ ။”

ဇန်နဝါရီ ၂၃ ရက်နေ့ထုတ် ပဲ့တင်သံ ဂျာနယ် အမှတ်(၃၀)တွင် ပါရှိသော “ငြိမ်းချမ်းရေးစကားဝိုင်းသို့ မရောက်မချင်း ငြိမ်းချမ်းရေးဆီသို့ သွား၍မရ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲ အနှေးနှင့် အမြန် အကောင်အထည်ဖော်နိုင်မည်  သတင်းမှ  ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ အထူအကြံပေး ဦးလှမောင်ရွှေ၏ ပြောကြားချက်အရ ကောက်နှုတ်ချက်။


“လယ်ယာမြေ ပြန်ရမယ့်အကြောင်း လယ်သမားကို အကြောင်းကြားစာပေးလိုက်တော့ လယ်သမားတွေ ပျော်သွားတယ်။ တကယ့် လက်တွေ့မှာ လယ်သမားတွေက ပေးသာပေး၏ စာရွက်ပဲရတယ်။ လယ်ပြန်မရတဲ့အပြင် လယ်မြေကျူးကျော်မှုနဲ့ ပုသိမ်မြို့နယ် တရားရုံးမှာ အမှုရင်ဆိုင်နေရတယ်။ ဒီအတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းတွေက ဖြေရှင်းပေးတာ မည်သို့ဖြေရှင်းပေးလဲဆိုတာ သိချင်ပါတယ်။ ”

ဇန်နဝါရီ ၂၂ ရက်နေ့ထုတ် Yangon Times နေ့စဉ်ထုတ် သတင်းစာ အတွဲ(၁) အမှတ်(၂၁၄)တွင် ပါရှိသော သိမ်းဆည်းခံလယ်မြေများ ပြန်ပေးပြီဆိုသော်လည်း လယ်သမားများ အမှန်တကယ် ပြန်မရဘဲ တရားစွဲခံရမှုများ ရှိနေဟု လွှတ်တော်ကိုယ်စားလှယ်များပြော သတင်းမှ  ပုသိမ်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်၏ ပြောကြားချက်အရ ကောက်နှုတ်ချက်။


 

“တိုင်းရင်းသားရေးရာဝန်ကြီးတွေက ခံစားခွင့်ရှိတယ်။ လုပ်ပိုင်ခွင့်က ဘာမှမရှိဘူး။ ဒါပေမဲ့ဥပဒေပြုရေးမှာ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေက ပါဝင်ရမယ်။ နောက်ပြီး အုပ်ချုပ်ရေးပိုင်းမှာ ပါဝင်ရမယ်ဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ  အတိအလင်း ပါတယ်။ ဒါပေမဲ့ အခုဘာမှ လုပ်ပိုင်ခွင့်ဆိုတာ မရှိဘူး။”

ဇန်နဝါရီ ၂၄ ရက်နေ့ထုတ် လူထုပုံရိပ် ဂျာနယ် အတွဲ(၂) အမှတ်(၁၇)တွင် ပါရှိသော “လုပ်ပိုင်ခွင့်နှင့် ဘတ်ဂျက် တိုင်းရင်းသားရေးရာဝန်ကြီး တောင်းဆိုမည်”  သတင်းမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးနိုထန်ကပ်၏  ပြောကြားချက်အရ ကောက်နှုတ်ချက်။


“ဆက်သွယ်ရေးက ဆင်းမ်ကတ်တွေလည်း ရောင်းနေတယ်။ ဖုန်းပြောခတွေကလည်း ပိုက်ဆံတွေ ရနေတယ်။ အဲဒါတွေကနေ တိုးချဲ့လို့ ရနိုင်တာပဲဆိုပြီး လူအများစုက ပြောနေကြတယ်။ မြန်မာ့ဆက်သွယ်ရေးကနေ ရတဲ့ငွေတွေကို နိုင်ငံတော်ဘဏ္ဍာ ထဲမှ ထည့်သွင်းပြီးမှ ဘတ်ဂျက်အနေနဲ့ ပြန်ပြီးတောင်းရတဲ့အတွက် အခုလို ကြန့်ကြာသွားတာပါ။”

ဇန်နဝါရီ ၂၂ ရက်နေ့ထုတ် 7 Day ဂျာနယ် အတွဲ(၁၂) အမှတ်(၄၆)တွင် ပါရှိသော “ယခုဘဏ္ဍာနှစ်တွင် မိုဘိုင်းဖုန်းလိုင်း လေးသန်းတိုးချဲ့ရန် လျာထားသော်လည်း အခက်အခဲကြောင့် တစ်သန်းခန့်သာ တိုးချဲ့နိုင်မည်”  သတင်းမှ မြန်မာ့ဆက်သွယ်ရေးမှ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးခင်မောင်ထွန်း၏  ပြောကြားချက်အရ ကောက်နှုတ်ချက်။


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

မြန်မာ့စီးပွားရေးအသွင်အပြင်သည် သဘောကျစရာ အလားအလာရှိဆဲဟု  IMF ပြောကြား

(Channel News Asia မှ 22 Jan 2014  ရက်စွဲပါ “Myanmar’s economic outlook remains favourable , says IMF” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ စီးပွားရေး အသွင်အပြင်သည် အလားအလာကောင်းနေဆဲဖြစ်ကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ကပြောကြားလိုက်ပါသည်။ မြန်မာနိုင်ငံ၏ တကယ့် GDP တိုးတက်မှုနှုန်းသည် လက်ရှိ ၇.၃  ရာခိုင်နှုန်းမှ  ၂၀၁၄-၁၅ တွင်  ၇.၈ ရာခိုင်နှုန်းသို့ တက်လာလိမ့်မည်ဟု IMF က ဆိုပါသည်။

ရန်ကုန်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် IMF ၏ မြန်မာမစ်ရှင်အကြီးအကဲ မတ်ဒေးဗစ်က အဆိုပါအကဲဖြတ်ချက်ကို ထုတ်ဖော်ပြောကြားခြင်းဖြစ်သည်။ သို့ရာတွင်  စိုးရိမ်စရာကဏ္ဍအမြောက်အများ ရှိနေသည်ဟု လည်း  ၄င်းကထောက်ပြသည်။

ငွေဖောင်းပွနှုန်းသည် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် အကုန်တွင်  ၆ ရာခိုင်နှုန်းခန့်ရှိမည်ဟု မျှော်လင့်ရပြီး လာမည့်နှစ်တွင် ဆက်လက်မြင့်တက်နေလိမ့်မည်ဟု ဆိုသည်။

ဖောင်းပွမှုသည် ငွေကြေးနှင့် ကရက်ဒစ်အကြွေးငွေ မြန်မြန်ဆန်ဆန် တိုးပွားလာခြင်း၊ လျှပ်စစ်ဓာတ်အားခများ မြင့်တက်ရန် အလားအလာရှိခြင်း စသော အကြောင်းရင်းများ၏  ဖိအားများကြောင့် ဖြစ်လိမ့်မည် ဟုသိရှိရသည်။

ထို့ကြောင့် ငွေဖောင်းပွစေမည့်ဖိအားများကို  လျှော့ချရန်အတွက် မြန်မာနိုင်ငံအနေဖြင့်  လိုငွေကို  ငွေစက္ကူရိုက်၍ ဖြေရှင်းခြင်းအား လျှော့ချရလိမ့်မည်ဟု IMF က အကြံပြုသည်။

နောက်ထပ် စိုးရိမ်စရာကိစ္စမှာ မက်ခရိုစီးပွားရေး စီမံခန့်ခွဲမှု စွမ်းရည် အကန့်အသတ်ရှိခြင်း နှင့် အရံငွေ စုဆောင်းမှု နည်းပါးခြင်း တို့ဖြစ်သည်။

IMF မြန်မာမစ်ရှင် အကြီးအကဲ မတ်ဒေးဗစ်က “ငွေကြေး မူဝါဒတွင်  ရေးဆွဲချမှတ်နိုင်ဖို့နဲ့ ဗဟိုဘဏ် သီးသန့်ရန်ပုံငွေ ထူထောင်ထားဖို့အတွက် ဗဟိုဘဏ်ကို စွမ်းရည်တက်လာအောင် လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်  ပေးပို့လိုပါတယ်။ အစိုးရဘတ်ဂျက် အပိုင်းမှာလည်း လူထုအတွက် ဖွံ့ဖြိုးရေးစီမံကိန်းတွေကို  ထောက်ပံ့ပေးနိုင်တဲ့ အဆင့်တစ်ခုမှာ ဘတ်ဂျက်လိုငွေကို ထိန်းထားပြီး မက်ခရိုစီးပွားရေး တည်ငြိမ်အောင် ထိန်းသိမ်းပေးရပါလိမ့်မယ်။ နောက်တစ်ချက်အနေနဲ့ အမှန်တကယ် အောင်မြင်မှု ရစေဖို့အတွက်ဆိုရင်  ဘာအရေးကြီးသလဲဆိုတော့ တာဝန်ကျေ အခွန်ဆောင်မှု တိုးတက်လာရေးပဲ ဖြစ်ပါတယ်။ ဒါမှသာ နိုင်ငံဖွံ့ဖြိုးရေးကို ထောက်ပံ့ပေးဖို့ ပိုက်ဆံပိုရလာမှာပါ” ဟု ရှင်းလင်းပြောဆိုသည်။

မြန်မာနိုင်ငံတွင် ဗဟိုဘဏ်ကဲ့သို့သော ငွေကြေးအာဏာပိုင်များသည် ၄င်း၏ မက်ခရိုစီးပွားရေး ပြုပြင်ပြောင်းလဲရာတွင် တိုးတက်မှု ကောင်းကောင်းရအောင်  ပြုလုပ်နိုင်ခဲ့ကြသည်ဟု IMF က မှတ်ချက်ပေးသည်။

သို့ရာတွင်  ၄င်းတိုးတက်မှုကို ဆက်လက်တည်ဆောက်သွားနိုင်ဖို့ လိုသည်ဟု သတိပေးသည်။ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများသည် မြန်မာနိုင်ငံ၏ ကုန်သွယ်ဖက်များ အထူးသဖြင့် အာဆီယံဒေသတွင်းနိုင်ငံများကို တံခါးဖွင့်ပေးရုံမျှ သာမကပဲ လာမည့်နှစ်တွင်  ထူထောင်မည့် အာဆီယံစီးပွားရေး အသိုက်အဝိုင်း၏  အားသာချက်နှင့် ကောင်းကွက်များကို  မြန်မာနိုင်ငံအပြည့်အဝ ရရှိစေရန်အတွက်လည်း အထောက်အကူ ဖြစ်လိမ့်မည်ဟု IMF က ယုံကြည်ကြောင်း မြန်မာဆိုင်ရာ မစ်ရှင်အကြီးအကဲ မတ်ဒေးဗစ်က ပြောကြားသွားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive