Transparency Myanmar

transparency.myanmar@gmail.com

International media (1)

Snapshot of the item below:
International media (1)

ဘာသာပြန်သတင်းများ

နယ်စပ်ဒုက္ခသည်စခန်းများတွင် လူဦးရေးကိန်းဂဏန်း ကျဆင်းသွား

(Bangkok Post မှ 4 Feb 2014 ရက်စွဲပါ “Border camp population numbers fall” သတင်းကို ဘာသာပြန်ဆိုသည်)

ထိုင်း မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် နောက်ဆုံးကောက်ယူရရှိသော လူဦးရေ ကိန်းဂဏန်းများက ၂၀၁၃ တွင် စုစုပေါင်း လူဦးရေ ၉၀၄၄ ဦး (သို့) ၇.၁ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ပြသနေသည်။

မြန်မာနိုင်ငံမှ စစ်ဘေးရှောင်နှင့် နေစရာပျောက် ဒုက္ခသည်များအတွက် လုပ်ကိုင်နေသော The Border Consortium TBC  အင်ဂျီအို ၏ အဆိုအရ ၂၀၁၃ ဒီဇင်ဘာလကုန်တွင် ထိုင်းနယ်စပ် ဒုက္ခသည် စခန်း ကိုးခုတွင် နေထိုင်နေသော စုစုပေါင်း လူဦးရေမှာ ၁၁၉၊ ၁၅၆ ဦး ဖြစ်ပြီး ၂၀၁၂ ခုနှစ်က ကိန်းဂဏန်းမှာ ၁၂၈ ၂၀၀ ဦး ဖြစ်သည်ဟု သိရှိရသည်။

UNHCR ၏ နေရာချထားရေးအစီအစဉ်အရ Third Countries နိုင်ငံများသို့ ထွက်ခွာသွားသူများ၏ အကြီးမားဆုံးအချိုးမှာ အနည်းဆုံး ၇၆၄၅ ဦး ရှိသည်။

TBC ၏ အမှုဆောင်ဒါရိုက်တာ ဆယ်လီသွမ်ဆမ် က “စခန်းတွေကို ဒုက္ခသည်အသစ်တွေ ဆက်တိုက် ရောက်နေပေမယ့် စုစုပေါင်းလူဦးရေ ကိန်းဂဏန်းကျဆင်းသွားတာဟာ အရေးကြီးတဲ့ သတိပြုစရာ အချက် ဖြစ်ပါတယ်။ ၂၀၁၃ မှာ အလုပ်အကိုင် ရှာဖွေသူလူငယ် ၃၃၀၀ ဝန်းကျင် ထပ်ပြီးရောက်လာခဲ့ပါတယ် ဒါ့ အပြင် ၂၀၁၃ ခုနှစ်အတွင်း ဒုက္ခသည်စခန်းတွေမှာ မွေးဖွားတဲ့ ကလော ၃၁၃၇ ဦးရှိ ပါတယ်” ဟု ပြောကြားသည်။

“လူဦးရေ ကိန်းဂဏန်းလျော့သွားတာဟာ ဒုက္ခသည်စခန်းတွေရဲ့ အကာအကွယ်ပေးမှု၊ စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ပညာရေး၊ ကျန်းမာရေး စတဲ့ စောင့်ရှောက်မှုတွေကို သိပ်မလိုအပ်တော့ဘူးလို့ ဆိုလို တာကတော့ မဟုတ်ပါဘူး”

“ထိုင်း နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ဆိုးဆိုးဝါးဝါး ဂရုဏာသက်စရာ အခြေအနေတွေနဲ့ ဒုက္ခသည်  ၁၂၀ ၀၀၀ လောက် ရှိနေပါသေးတယ်။ သူတို့ဟာ အကာအကွယ်ပေးမှုနဲ့ လူသားချင်းစာနာတဲ့ အကူအညီ တွေကို လိုအပ်နေတုန်းပါပဲ” ဟု  သူမ ကဆိုပါသည်။

ထို့အပြင် ဒုက္ခသည် အမြောက်အများ မြန်မာနိုင်ငံသို့ ပြန့်သွားသည့် လက္ခဏာလည်းမရှိဟု TBC က ပြောကြားသည်။ ၂၀၁၂ ဒီဇင်ဘာလတွင် ကောက်ခံရရှိသော ဒုက္ခသည်စခန်းများရှိ လူဦးရေ၏ ၃.၄ ရာခိုင်နှုန်းမျှသာ မြန်မာနိုင်ငံသို့ ပြန်သွားခဲ့ပြီး ၆ ရာခိုင်နှုန်းမှာ Third Countries နိုင်ငံများသို့ ရွှေ့ပြောင်း အခြေစိုက် နေထိုင်ကြသည်ဟု သိရှိရသည်။

“ဒီတော့ ဒုက္ခသည်တွေဟာ စခန်းကထွက်ခွာပြီး မြန်မာနိုင်ငံကို ပြန်သွားကြတာ မဟုတ်ဘူးဆိုတာကို ဒီ ကိန်းဂဏန်းတွေက ပြသနေပါတယ်။ ပြီးတော့ ပြန်သွားသူအများစုကလည်း ခဏတစ်ဖြုတ် အကဲခတ် လေ့လာတဲ့ သဘောနဲ့ ပြန်သွားကြပုံရပါတယ်” ဟု မစ္စ သွမ်ဆန် က ဆက်လက် ပြောကြားသည်။

ဒုက္ခသည်စခန်းများမှ ထွက်ခွာ၍ မြန်မာနိုင်ငံသို့ ပြန်သွားသူ ၄၃၈၉ အနက် ၇၈ ရာခိုင်နှုန်းတို့မှာ အိမ်ထောင်စု အသီးသီး တစ်ဦးစ နှစ်ဦးစစီ ပါဝင်ကြပြီး ကျန် အိမ်တောင်စုဝင်များမှာ စခန်းများတွင် ဆက်လက်နေထိုင်လျက်ရှိသည်ဟု ကိန်းဂဏန်းများက ညွှန်ပြနေကြောင်း TBC အမ်ဂျီအို က ရှင်းလင်း ပြောကြားသည်။

ဒုက္ခသည်စခန်း advocates များက မည်သို့ပင်ဆိုစေကာမူ KNU အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် များနှင့် မြန်မာအစိုးရအကြား ငြိမ်းချမ်းရေး သဘောတူညီမှုရရှိသွားပါက ထိုင်းနယ်စပ်တွင် ဒုက္ခသည်စခန်းများ ရေရှည်ရပ်တည်စရာအကြောင်း မရှိတော့ဟု အကဲခတ်လေ့လာသူများက မှတ်ချက်ပေးကြသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“၂၀၀၈ ဖွဲ့စည်းပုံအောက်မှာဆိုရင် ငြိမ်းချမ်းရေးဟာ မရနိုင်ဘူး။ ဒီမိုကရေစီလည်း မရနိုင်ဘူး။ တန်းတူ ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်လည်း မရနိုင်ဘူး။ ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စုဆိုတာလည်း မရနိုင် ဘူး။ ၂၀၀၈ ပြင်တာ မြန်လေ ငြိမ်းချမ်းရေးက မြန်သွားမယ်လို့ ပြောချင်တယ်”

ဖေဖော်ဝါရီလ ၄ ရက်နေ့ထုတ် Mizzima နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “ဖွဲ့စည်းပုံပြင်ဆင်မှု နှေးခြင်း၊ မြန်ခြင်း ငြိမ်းချမ်းရေးကို အကျိုးသက်ရောက်နိုင်ဟု SSPP/SSA ထောက်ပြ” သတင်းမှ ရှမ်းပြည်တိုးတက်ရေး ပါတီ/ရှမ်းပြည်မြောက်ပိုင်းတပ်မတော် အထွေထွေအတွင်းရေးမှူး စဝ်ခွန်ဆိုင် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အာဆီယံကလည်း ရှိတယ်။ ဆီးဂိမ်းကလည်း ပြီးတာမကြာသေးဘူး။ ရာသီဥတုလည်း ထည့်တွက်ရသေးတယ်။ ဒါကို ကြားဖြတ်ရွေးကောက်ပွဲလုပ်လိုက်ရင် အနှောင့်အယှက်ဖြစ်မလား။ ကြားဖြတ်လုပ်ဖို့က နေရာကလည်း အများကြီးကျန် တာာတော့ မဟုတ်ဘူး။ ဥပဒေမှာ ကြားဖြတ်ရွေးကောက်ပွဲကို ဘယ်တော့၊ ဘယ်အချိန် ကျင်းပရမယ်လို့ သတ်မှတ်ထား တာ မရှိဘူး”

ဖေဖော်ဝါရီလ ၄ ရက်နေ့ထုတ် 7 Days နေ့စဉ်ထုတ် သတင်းစာ တွင်ပါရှိသော “ကြားဖြတ်ရွေးကောက်ပွဲ ဘတ်ဂျတ်တောင်းထားသော်လည်း ကျင်းပရန်မသေချာသေး” သတင်းမှ ညွှန်ကြားရေးမှူး ဦးသောင်းလှိုင် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“သံလွင်က မြန်မာနိုင်ငံပဲ ပိုင်တာမဟုတ်ဘူး တရုတ်ပြည်နဲ့ ခွဲဝေသုံးနေရတာ ရှိတယ်။ မြစ်ချောင်းတွေ့တာနဲ့ ရေကာတာ ဆောက်တော့မှာလား။ ဇီဝမျိုးစိတ်တွေ ဆုံးရှုံးမလား။ ဒေသခံတွေ ဒုက္ခတွေ့မလား။ စဉ်းစားစေချင်တယ်။ ဧရာဝတီ ကတော့ အပြတ်ပဲ။ သဘောမတူဘူး”

ဖေဖော်ဝါရီလ ၄ ရက်နေ့ထုတ် Voice နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “အပြည်ပြည်ဆိုင်ရာ ရေကာတာ ဆန့်ကျင်ရေးနေ့တွင် သံလွင်ရေကာတာ ဆန့်ကျင်ရေး လှုပ်ရှားမည်” သတင်းမှ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေသူ အမျိုးသမီးတစ်ဦး ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်တို့ အနေနဲ့ ဖြစ်ချင်တာက ပြည်သူလူထုက သဘောတူတဲ့ မူဝါဒ တစ်ခုဖြစ်စေချင်တယ်။ နောက် ကျွန်တော်တို့ NNER အနေနဲ့ ဥပဒေတွေ ပုဒ်မတွေ တပ်ပြီးတော့ အရင်ရေးနေတာ မဟုတ်ဘဲ မူဝါဒတွေ ပြေလည်အောင် ညှိပြီးမှ ဘာသာစကားနဲ့ ပတ်သက်လို့ နောက် သင်ရိုးညွန်းတမ်းနဲ့ ပတ်သက်လို့ နောက် အခြေခံပညာဘယ်လိုမူဝါဒ ဘယ်လိုရှိ သလဲ မူဝါဒတွေ ပြေလည်ပြီဆိုတော့မှ အဲ့ဒါကို ဥပဒေအဖြစ်နဲ့ စဉ်းစားသင့်တယ်လို့ မြင်ပါတယ်။ ဒါကို ပေါင်းစုံနိုင်ဖို့ကတော့ အားလုံးပါတဲ့ ဆွေးနွေးပွဲတစ်ရပ်လုပ်ပြီး ပြည်သူ့လွှတ်တော်ထဲမှာ ဆွေးနွေးနိုင်ဖို့ လိုတယ်လို့ ထင်ပါတယ်”

ဖေဖော်ဝါရီလ ၄ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ် သတင်းစာ တွင် ပါရှိသော “တိုင်းရင်းသားများ ဘာသာစကားဆိုင်ရာ အခွင့်အရေးအတွက် အမျိုးသားပညာရေး မူဝါဒသစ် ရေးဆွဲရန် လိုအပ်ဟု ပညာရေး စနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် ပြောကြား” သတင်းမှ ဒေါက်တာသိန်းလွင် ၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။


“မငြိမ်းချမ်းခြင်းရဲ့ အဓိကတရားခံက စစ်ပွဲဆိုတာ သိသာထင်ရှားနေပါတယ်။ ငြိမ်းချမ်းရေးရဖို့၊ စစ်ပွဲတွေရပ်ဖို့ကို ပြည်သူတွေ မလုပ်နိုင်ကြပါဘူး။ ဝင်ရောက်ကူညီမှုသာ ပေးနိုင်ကြမှာပါ။ နှစ်ဖက်စစ်ခေါင်းဆောင်တွေက လုပ်မှသာရမှာပါ။ သတ္တိရှိရှိနဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲကြောင်း ကြေညာကြပြီး သူတို့တွေ ကိုင်ထားကြတဲ့ လက်နက်တွေကို နိုင်ငံတော် ကာကွယ်ရေးအတွက် အသုံးပြုလိုက် စေချင်ပါတယ်”

ဖေဖော်ဝါရီလ ၆ ရက်နေ့ထုတ် Venus News Journal အတွဲ (၅) အမှတ် (၂၈) တွင် ပါရှိသော “ဧရာဝတီတိုင်း ဒေသကြီး ကရင်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ လူထုတွေ့ဆုံပွဲ KNU မှ ဖဒိုမန်းငြိမ်းမောင် တက်ရောက်” သတင်းမှ ကရင်ပြည်သူ့ပါတီတိုင်း ဥက္ကဌ ဦးမန်းထွန်းတင် ၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive