Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

(Channel News Asia မှ 11 Feb 2014 ရက်စွဲပါ “UN envoy to visit Rakhine to assess human rights situation သတင်းကို ဘာသာပြန်ဆိုသည်)

(Business world မှ 11 Feb 2014 ရက်စွဲပါ “ GE Aviation lease 10 air aircraft to Burma” သတင်းကို ဘာသာ ပြန်ဆိုသည်)


လူ့အခွင့်အရေး အနေအထား အကဲဖြတ်ရန် ရခိုင်သို့ ကုလကိုယ်စားလှယ်လာမည်။

(Channel News Asia မှ 11 Feb 2014 ရက်စွဲပါ “UN envoy to visit Rakhine to assess human rights situation သတင်းကို ဘာသာပြန်ဆိုသည်)

ရခိုင်ပြည်နယ်မှ လူ့အခွင့်အရေး အနေအထားကို တိုးတက်စေမည့် ဆောင်ရွက်ချက်များကို မြန်မာအစိုးရက လုပ်ဆောင်နေသည် ဆိုပါက အကဲဖြတ်ရန်အတွက် ရခိုင်ပြည်နယ်သို့ သွားရောက်ရန် မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် မစ္စတာ တိုမားစ် အိုဂျာကင်တားနားက စီစဉ်နေပါသည်။

လူမျိုးရေးအကြမ်းဖက်မှု ဖြစ်ပွားရသည့် အဓိက အကြောင်းအရင်းများကို ဖြေရှင်းရန် အစိုးရက မျက်ကွယ်နေ မှုကြောင့် ရခိုင်ပြည်နယ်သည် အလွန်ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု မနှစ်က ကုလသမဂ္ဂသို့ တင်ပြသော အစီရင်ခံစာတွင် ကင်တာနာက တင်ပြထားသည်။

မစ္စတာ ကင်တာနား၏ မနှစ်က သြဂုတ်က မြန်မာခရီးစဉ်တွင် ၎င်း၏ အကဲဖြတ်ချက်ကို မကျေနပ်သော လူအုပ်စုအချို့၏ ဝိုင်းဝန်းတားဆီးနှောက်ယှက်မှုကို ကြုံတွေ့ခဲ့ရသည်။

ယခုတစ်ခေါက်တွင်မှု အစိုးရ တာဝန်ရှိသူများအပြင် ရိုဟင်ဂျာမွတ်ဆလင် အသိုင်းအဝိုင်းများနှင့် ဗုဒ္ဓဘာသာ ရခိုင်အသိုင်းအဝိုင်းတို့ကိုပါ တွေ့ဆုံရန် ကင်တာနားက စီစဉ်ထားသည်။

မစ္စတာကင်တာနားသည် သောကြာနေ့တွင် စတင်မည့် ခြောက်ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း ကချင် ပြည်နယ်သို့လည်း သွားရောက်မည်ဖြစ်သည်။

ကချင်ပြည်နယ်ခရီးတွင် KIO နှင့် အပစ်ရပ်စဲနိုင်အောင် ပြုလုပ်နေသာ တိုးတက်မှုကို အကဲဖြတ်ရန် မျှော်လင့် ထားကြောင်း မစ္စတာကင်တာနားက ပြောကြားသည်။

“အပစ်ရပ်ဆွေးနွေးမှုတွေ စတင်ပြီးတဲ့အချိန်မှာ တိုင်းရင်းသားအုပ်စု အမျိုးမျိုးရဲ့ အကြောင်းရင်းခံ မကျေ လည်မှုတွေကို ဘယ်နည်းဘယ်ပုံ နားထောင်ပြီး ဖြေရှင်ပေးနေသလဲဆိုတာနဲ့ အပစ်ရပ်သဘောတူညီချက်တွေကို အကောင်အထည်ဖေါ်နေပုံကို ကြည့်ရှုချင်ပါတယ်” ဟု ကင်တာနားက ဆက်လက်ပြောကြားသည်။

ထို့အပြင် ကုလအထူးကိုယ်စားလှယ်သည် အခြေခံဥပဒေ ပြောင်းလဲပြင်ဆင်ရေးနှင့် ပတ်သက်၍ ဆွေးနွေး ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ အကြီးတန်းတရားသူကြီး အဖွဲ့ဝင်များနှင့် တွေ့ဆုံရန် နေပြည်တော်သို့ လည်း သွားရောက်ဦးမည်ဖြစ်သည်။

မစ္စတာ ကင်တာနားသည် ၎င်း၏ အစီရင်ခံစာ အပြည့်အစုံကို မတ်လ ၁၇ တွင် ကုလသမဂ္ဂလူ့အခွင့် အရေး ကောင်စီသို့ တင်ပြမည်ဖြစ်သည်။

ယခင်တစ်ခေါက်က မစ္စတာ ကင်တာနား စီးနင်းလိုက်ပါလာသော မော်တော်ယာဉ်အား လူအုပ်စုအချို့က ဝိုင်း၍ တားဆီးနှောက်ယှက်ခဲ့ကြသည့် လုပ်ရပ်သည် ယခင်အာဏာရှင်အစိုးရလက်ထက်က လုပ်နည်းလုပ်ဟန်များ ဖြစ်သောကြောင့် မြန်မာ အာဏာပိုင်များအနေဖြင့် သိက္ခာကျစရာဖြစ်ခဲ့ရာ၊ ယခုတစ်ကြိမ်တွင်မှု ယင်းကဲ့သို့ ဖြစ်ရပ်မျိုးရှိမည် မဟုတ်တော့ဟု မျှောင်လင့်ရကြောင်း ပြည်တွင်းမှ အကဲခတ်လေ့လာသူ အချို့က မှတ်ချက်ပေး ကြသည်။


GE Aviation က မြန်မာ့လေကြောင်းသို့ ဘိုးအင်းလေယာဉ် ၁၀ စင်းငှားရမ်း

(Business world မှ 11 Feb 2014 ရက်စွဲပါ “ GE Aviation lease 10 air aircraft to Burma” သတင်းကို ဘာသာ ပြန်ဆိုသည်)

GE ကော်ပရေးရှင်၏ အိုင်ယာလန်နှင့် အမေရိကန် ပြည်ထောင်စု အခြေစိုက် လေယာဉ်ငှားရမ်းရေး လုပ်ငန်းခွဲ ကုမ္ပဏီ GE Capital Aviation Service(GECAS) မြန်မာနိုင်ငံသို့ ဘိုးအင်း လေယာဉ်အသေး ၁၀စင်း ငှားရမ်းရန် ကန်ထရိုက်စာချုပ် လက်မှတ်ထိုးလိုက်ပြီဟု ယမန်နေ့က ပြောကြားသည်။

GECAS က ဘိုးအင်းထံမှ လက်ရှိမှာယူထားသော အော်ဒါတွင် ပါဝင်သည့် ၎င်းလေယာဉ်များကို ၂၀၁၅ ဇွန်လတွင် စတင်ပို့ဆောင်မည်ဖြစ်သည်။

ကန်ထရိုက်တိုက်စာချုပ်တွင်ပါဝင်သော လေယာဉ်အမျိုးအစားများမှာ ဘိုးအင်း 737-8 MAX လေစင်းတို့ ဖြစ်သည်။

၁၉၄၈ တွင် စတင်ထူထောင်ခဲ့သော နိုင်ငံပိုင် Myanmar Airways မြန်မာလေကြောင်းသည် ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်တွင် အခြေစိုက်ကာ ပြည်တွင်းခရီးစဉ်အားလုံးကို လက်ရှိပြေးဆွဲပေးနေသည်။

GECAS ၏ ဥက္ကဋ္ဌနှင့် စီအီအို ဖြစ်သည် နော်မန်စီလူးက “GE အနေနဲ့ မြန်မာ့လေကြောင်းအတွက် ဘိုးအင်း လေယာဉ်သစ်တွေ ဖြည့်ဆည်းပေးရတာ ကျေနပ်ပျော်ရွှင်မိပါတယ်။ ဒါဟာမြန်မာ့လေကြာင်းခရီးသွားလာကဏ္ဍနဲ့ လေကြောင်းလိုင်းအတွက် အရေးကြီးတဲ့ မှတ်တိုင်တစ်ခုပါ”  ဟုပြောကြားသည်။

မြန်မာ့လေကြောင်းမှ မန်နေဂျင်း ဒါရိုက်တာ ကပ္ပတိန် သန်းထွန်းကလည်း “ကျွန်တော်တို့ လေကြောင်း လိုင်းရဲ့ လေယာဉ်တွေကို အဆင့်မြှင့်ဖို့နဲ့ ဒေသတွင်းအရေးကြီးခရီးစဉ်တွေကို တိုးချဲ့သွားဖို့အတွက် GECAS နဲ့ ပူးပေါင်းလုပ်ကိုင်ခွင့်ရတာကို ကျေနပ်ပါတယ်။ GE လို အမေရိကန် ကုမ္ပဏီကြီးနဲ့ ကျွန်တော်တို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုဟာ လေကြောင်းလိုင်းနဲ့ မြန်မာ့စီးပွားရေးကဏ္ဍကို အကျိုးဖြစ်ထွန်းစေမှာပါ” ပြောကြားသည်။

သတင်းစာရှင်းလင်းပွဲသို့ ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီးဦးဥာဏ်ထွန်းအောင်၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒရက်မယ်ချယ်၊ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ကူသန်းရောင်းဝယ်ရေး ယာယီအတွင်းဝန် ကက်နက်အီဟတ်တို့လည်း တက်ရောက်ခဲ့ကြသည်။

အမေရိကန်သံအမတ်ကြီး ဒဲရက်မစ်ချယ်သည် မြန်မာဈေးကွက်သို့ GE ကုမ္ပဏီဝင်ရောက်ရန် အားထုတ်မှု များကို အခိုင်အမာထောက်ခံအားပေးသူတစ်ဦးဖြစ်သည။ GECAS သည် မြန်မာနိုင်ငံသို့ Embraer E190 လေယာဉ် နှစ်စင်း လတ်တလော ငှားရမ်းပေးထားသည်။

ထို့အပြင် လေကြောင်းလိုင်း မဟာဗျူဟာမြောက်တိုးချဲ့မှုကို အကောင်အထည်ဖေါ်ဆောင်ရာတွင် အတူ လုပ်ကိုင်ရန်အတွက် GECAS ၏ လေကြောင်းအတိုင်အပင်ခံလုပ်ငန်းနှင့် မြန်မာ့လေကြောင်းတို့ နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးခဲ့ကြသည်။


 

 

 

 

 

 

 

                                                              


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International media (1)

Snapshot of the item below:
International media (1)

နာမည်ကျော် Pan Pacific ဟိုတယ်လုပ်ငန်းစု ဟိုတယ်ကန်ထရိုက်သစ်လေးခု လက်မှတ်ရေးထိုး

(Japan Today မှ 13 Feb 2013 ရက်စွဲပါ Pan Pacific signs 4 new hotels ကိုဘာသာပြန်ဆိုသည်)

အာရှပစိဖိတ်ဒေသရှိ သြစတြေးလျ၊ တရုတ်နှင့် မြန်မာနိုင်ငံတို့တွင် Park Royal ဟိုတယ်သုံးလုံးနှင့် Pan Pacific ဟိုတယ်တစ်လုံးတို့ ထပ်မံလုပ်ကိုင်ရန် Pan Pacific လုပ်ငန်းစုက စီမံခန့်ခွဲရေးကန်ထရိုက်စာချုပ် လေးခုကို လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်းသိရသည်။

အဆိုပါစာချုပ်သစ်များ ချုပ်ဆိုလိုက်ခြင်းအားဖြင့် Pan Pacific သည် အာရှဒေသ၊ ပစိဖိတ်သမုဒ္ဒရာ ကျွန်းစုများဒေသနှင့် မြောက်အမေရိကဒေသတို့တွင် ဟိုတယ်၊ အပန်းဖြေစခန်းနှင့် ဝန်ဆောင်မှုပေးသော နေအိမ်ခန်း စုစုပေါင်း ၃၈ လုံးကို ပိုင်ဆိုင်သော သို့မဟုတ် စီမံခန့်ခွဲပေးသော လုပ်ငန်းစုဖြစ်လာမည်ဖြစ်သည်။

“Pan Pacific ဟာ စီးပွားရေးနဲ့ တိုရစ်ဇင် အခန်းကဏ္ဍအပေါ် ကမ္ဘာလုံးအတိုင်းအတာနဲ့ လွှမ်းမိုးမှုရရှိထားပြီး အာရှပစိဖိတ်ဒေသဆိုတာကလည်း ကျွန်တော်လို့လုပ်ငန်းစုအတွက် လုပ်ငန်းတိုးတက်မှုကို အဓိကပေးစွမ်းနိုင်တဲ့ ဒေသ ဖြစ်ပါတယ်။ အဲဒီဒေသက ကျွန်တော်တို့ရဲ့ အထင်ကရ ဟိုတယ်ကြီးတွေရှိတဲ့ နိုင်ငံတွေမှာ ဈေးကွက်ထပ်ရှာပြီး တိုးတက်ဖြစ်ထွန်းမှုရှိအောင် လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု Pan Pacific Hotel Group မှ အမှုဆောင် အရာရှိချုပ်ဖြစ်သူ Bernold Schroeder ကပြောကြားသည်။

“ယခုနောက်ဆုံးချုပ်ဆိုလိုက်တဲ့ စီမံခန့်ခွဲရေး ကန်ထရိုက်စာချုပ်လေးခုကြောင့် အာရှပစိဖိတ်ဒေသ တစ်လျှောက်မှာ ကျွန်တော်တို့လုပ်ငန်းစုရဲ့ တည်ရှိနေမှုကို ပိုမိုအင်အားကောင်းမွန် လာစေမှာဖြစ်သလို ရှိပြီးသား ဟိုတယ်တွေလည်း ပိုမိုအားကောင်းလာမှာပါ။ ပြီးတော့ ကျွန်တော်တို့ရဲ့ Park Royal နှင့် Pan Pacific အမှတ်တံဆိပ်တွေအတွက် Customer တွေပိုမိုရရှိလာမှာလည်းဖြစ်ပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive