Transparency Myanmar

transparency.myanmar@gmail.com

International media (1)

Snapshot of the item below:
International media (1)

ဘာသာပြန်သတင်းများ

(Channel News Asia 18 Feb 2014 ရက်စွဲပါ” Singapore Universities to sign legal education agreement with Myanmar varsities” သတင်းကို ဘာသာပြန်ဆိုသည်)

(Bergama News မှ 18 Feb 2014 ရက်စွဲပါ “Myanmar to extend substitute opium cultivation in northern Shan State” သတင်းကိုဘာသာပြန်ဆိုသည်)


စင်္ကာပူနှင့် မြန်မာတက္ကသိုလ်များ ဥပဒေပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှုများ လက်မှတ်ထိုးကြမည်။

(Channel News Asia 18 Feb 2014 ရက်စွဲပါ” Singapore Universities to sign legal education agreement with Myanmar varsities” သတင်းကို ဘာသာပြန်ဆိုသည်)

စင်္ကာပူ တက္ကသိုလ်နှစ်ခုနှင့် မြန်မာတက္ကသိုလ်များအကြား ဥပဒေပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာနှစ်ခုကို ယခုသီတင်းပတ်အတွင်း လက်မှတ်ရေးထိုးကြမည်ဖြစ်သည်။

မြန်မာနိုင်ငံသို့ အင်္ဂါနေ့မှ ကြာသာပတေးနေ့အထိ လာရောက်လည်ပတ်မည့် စင်္ကာပူနိုင်ငံဥပဒေနှင့် ပညာရေး အကြီးတန်း ဝန်ကြီး အင်ဒရာနီရာဂျားက အဆိုပါ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်မည်ဟု သိရှိရသည်။

ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာနနှင့် MOU လက်မှတ်ရေးထိုးကြမည့် စင်္ကာပူ တက္ကသိုလ်နှစ်ခုမှာ National University of Singapore ၏ faculty of law နှင့် Singapore Management University ၏ School of Law တို့ဖြစ်သည်။

အဆိုပါ စင်္ကာပူ တက္ကသိုလ်နှစ်ခုသည် မန္တလေးတက္ကသိုလ် ဥပဒေပညာဌာနနှင့်လည်း နောက်ထပ် MOU လက်မှတ် ရေးထိုးကြမည်ဟု ဆိုပါသည်။

ယခုနားလည်မှု စာချွန်လွှာ MOU သည် နှစ်နိုင်ငံ တက္ကသိုလ်များအကြား ဥပဒေပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အားပေးရန် ရည်ရွယ်သည်ဟု စင်္ကာပူ ဥပဒေသ ပညာရေးဝန်ကြီး ဌာန (Min Law) ကပြောကြားသည်။

ပူးပေါင်းဆောင်ရွက်သွားမည့် အဓိကကဏ္ဍများတွင် ဌာနချင်းအပြန်အလှန်ဖလှယ်မှုများ၊ လေ့လာရေးခရီး စဉ်များ၊ သင်ရိုးညွှန်းတမ်းရေးဆွဲမှုများ၊ ဥပဒေပညာသင်ကြားရေးစနစ် ပူးပေါင်းဆောင်ရွက်မှုများ၊ သုတေသနနှင့် ရင်းမြစ်ဖွံ့ဖြိုးမှု မြှင့်တင်ရေး အစီအစဉ်များပါဝင်သည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဝန်ကြီးမစ္စအင်ဒရာနီသည် သူမ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ခင်စန်းရီ၊ တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ သမ္မတ ဥပဒေအကြံပေး များဖြစ်ကြသော ဦးစစ်အေး၊ ဒေါက်တာခင်မျိုးမြင့်၊ ဦးဥာဏ်နိုင်ဝင်းတို့ အပါအဝင် မြန်မာခေါင်းဆောင် အတော်များများနှင့် တွေ့ဆုံမည် ဖြစ်သည်။

မစ္စ အင်ဒရာနီနှင့်အတူ NUS နှင့် SMU မှ ဥပဒေပညာဌာနမှူးများ၊ ဥပဒေဝန်ကြီးဌာန Min Law မှ အကြီးတန်း တာဝန်ရှိ သူများ လိုက်ပါလာကြမည်ဟု သိရသည်။


ရှမ်းပြည်မြောက်ပိုင်းတွင် ဘိန်းအစားထိုး သီးနှံစိုက်ပျိုးမှု တိုးချဲ့မည်

(Bergama News မှ 18 Feb 2014 ရက်စွဲပါ “Myanmar to extend substitute opium cultivation in northern Shan State” သတင်းကိုဘာသာပြန်ဆိုသည်)

ကုသမဂ္ဂ မူယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာဌာန UNODC ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြို့နယ်အတော်များများတွင် မြန်မာအစိုးရက အကောင်အထည်ဖော်နေသော ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးမှု စီမံကိန်းကို တိုးချဲ့ရန်ရှိသည်ဟု သိရှိရသည်။

နှစ်စဉ်နှစ်တိုင်း ဘိန်းခင်းများဖျက်ဆီးခံရသော ဘိန်းစိုက်တောင်သူများအတွက် စားနပ်ရိက္ခာ ဖူလုံစေရန် ကြိုးပမ်းမှု အစီအစဉ်တစ်ရပ် အနေဖြင့် မိုးနယ်၊ မိုင်းပန်၊ ပင်လောင်၊ ဖယ်ခုံ၊ လင်းခေးနှင့် မိုင်းတုန်မြို့နယ်များတွင် ဘိန်းအစားထိုး သီးနှံစိုက်ပျိုးမှု စီမံကိန်းကို တိုးချဲ့အကောင်အထည်ဖော်မည်ဟု ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း က တနလာင်္နေ့တွင် ပြောကြားသည်။

ဘိန်းစိုက်တောင်သူများအတွက် ဆင်းရဲမွဲတေမှု ဖယ်ရှား၍ သက်မွေးဝမ်းကျောင်းလုပ်ငန်းများ တိုးတက်စေရန် အထောက်အကူပြုမည့် စီမံကိန်းသုံးခုကို မြန်မာအစိုးရနှင့် UNODC တို့ ပူးပေါင်းအကောင်အထည်ဖော်နေခြင်း ဖြစ်သည်။

လက်ရှိအနေအထားတွင် မြန်မာနိုင်ငံ၌ ဘိန်းစိုက်ပျိုးသည့် ဧရိယာ ၅၇၈၀၀ ဟက်တာခန့်ရှိနေသည်။

မြန်မာနိုင်ငံသည် ၎င်း၏ ဘိန်းပပျောက်ရေး စတုတ္ထမြောက်ငါးနှစ်စီမံကိန်းကို နိုင်ငံတစ်ဝှမ်း မြို့နယ်ပေါင်း ၅၁ ခု၌ အကောင် အထည်ဖော်သွားမည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

မြန်မာ့တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့သည် သက်ဆိုင်ရာ လုပ်ဖော်ကိုင်ဖက် အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဘိန်းစိုက်ခင်း ဧကပေါင်း ၁၂,၇၀၀ ဟက်တာခန့်ကို မနှစ်က ဖျက်ဆီးနိုင်ခဲ့သည်ဟု သိရှိရသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“အရင်တုန်းက မြန်မာနိုင်ငံအပေါ်ကို အခြားနိုင်ငံက ပိတ်ဆို့မှုတွေရှိနေတဲ့အတွက် ကိုယ့်နိုင်ငံ အတွင်းမှာပဲ ကုန်ပစ္စည်းတွေ ထုတ်မယ်ဆိုတဲ့ မူ ကကောင်းခဲ့တယ်။ ဒါပေမယ့် သေချာခွဲခြားပြီး မလုပ်ကြဘူး။ အသုံးတည့်မယ့် ပစ္စည်းတွေနဲ့ အသုံးမတည့်မယ့် ပစ္စည်းတွေကိုတော့ ခွဲခြားသိဖို့တော့ လိုအပ်မယ်။ အခုအချိန်မှာ တွေ့နေရတာက အဲဒီလိုမျိုး ခွဲခြားမှုတွေ မရှိခဲ့ဘူး။ အဲဒါကြောင့် တိုင်းပြည်ဘဏ္ဍာလည်း ကုန်တယ်။ ဒီစက်ရုံတွေက အကျိုးအမြတ်မရှိတာ တွေ့ရ တယ်။ Plan တွေကို သေချာမလုပ်ခဲ့ကြဘူးလေ။”

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ထုတ် The Popular News Journal အတွဲ ၆၊ အမှတ် ၈၊ တွင် ပါရှိသော “ခေတ်နှင့် မလျောညီသည့် အရှုံးပြ အစိုးရပိုင် စက်ရုံအချို့ ဆက်လက်လည်ပတ်ရန် သင့်မသင့် စဉ်းစားရန်သင့်ပြီ” သတင်းမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဦး၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“လတ်တလော ကျူးကျော်ကိစ္စတွေ ဆောင်ရွက်တဲ့အခါမှာ အင်းအားသုံးဖြေရှင်းနေတော့ အစိုးရ Image  ကိုထိခိုက်စေတယ်။ ကျူးကျော်အရေးနှင့် ပတ်သက်ပြီး ပြည်သူတွေ ဒုက္ခရောက်နေတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဒီကိစ္စကို ကူညီဖို့လိုသလို လွှတ်တော်မှာလည်း ဆွေးနွေးဖို့လိုနေပါတယ်”

ဖေဖော်ဝါရီလ ၁၉ နေ့ထုတ် လူထုပုံရိပ် ဂျာနယ် အတွဲ ၂၊ အမှတ် ၂၁၊ တွင် ပါရှိသော “ကျူးကျော်အရေး လွှတ်တော်တွင် ဆွေးနွေးရန် ရှိဟုဆိုပြန်” သတင်းတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရည်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“တိုင်းပြည်ရဲ့ အရေးပါတဲ့ နေရာတွေမှာလည်း တကယ့်နိုင်ငံရေးသမား ကောင်းတွေ ရောက်နေဖို့လိုပါတယ်။ နိုးကြားမှု၊ တာဝန်ယူတတ်မှု၊ ကိုယ့်ကိုယ်ရေး ကိုယ်သိအောင်နဲ့ လူထုကြားထဲမှာနေမယ့် သူတွေလည်း လိုသလို လွှတ်တော်၊ အုပ်ချုပ်ရေးပိုင်းနဲ့ တရားစီရင်ရေးတွေမှာ လူကောင်းတွေလည်းလိုပါတယ်၊ ဖြစ်ပြီးသမျှတွေကို သုတေသနလုပ်မယ်၊ ပြီးရင် စစ်တမ်းထုတ်မယ်၊ အဲဒါတွေ အင်မတန်အရေးကြီးလို့ပါ။ ဒါမှ ရှေ့ဆက်သွားရမယ့် ကိစ္စတွေကျရင် ဘာတွေဖြစ်ခဲ့သလဲ၊ ဘယ်သူတွေ ဘာလုပ်နိုင်ခဲ့သလဲ ဆိုတာပေါ်မှာပါ။ ဒါကြောင့် သုတေသနလုပ်ငန်းကို ကိုယ်တိုင်မလုပ်နိုင်ပေမယ့် အားပေးမှာပါ။ ပြီးတော့ လေ့ကျင့်သင်ကြားရေးတွေပါ။ တကယ်ဦးဆောင်နိုင်တဲ့ သူတွေဖြစ်ဖို့ဆိုရင် သင်တန်းတွေ တကယ်လိုပါ တယ်”

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ် အတွဲ ၄၊ အမှတ် ၁၈၅၊ တွင်ပါရှိသော “ဦးကိုကိုကြီး အကြံပေး အဖြစ်ပါဝင်သော ပွင့်လင်းမြန်မာ့ရှေ့ဆောင်၏ သုတေသန လုပ်ငန်းနှင့် ပညာရေးအဖွဲ့အစည်း မိတ်ဆက်” သတင်းမှ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ရွေးကောက်ပွဲ အကြိုကာလက သူတို့တွေရဲ့ ဆောင်ရွက်ပေးမယ်လို့ ပြောကြားချက်တွေနဲ့ အခုနောက်ပိုင်း လုပ်ဆောင် ချက်တွေမှာ အယူအဆလွဲတာလေးတွေ တွေ့လာရတယ်။ အဓိကက ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီအရေး ဆောင်ရွက်ပေးမယ်လို့ပြောခဲ့ပေမယ့် အခုနောက်ပိုင်းသူတို့ရဲ့ လုပ်ဆောင်ချက်အချို့က အာဏာရှင်စနစ်က လာတဲ့ သူတွေကို ထောက်ခံပေးနေသလို ဖြစ်နေတယ်။ သူတို့ပေးထားတဲ့ ကတိတွေတိုင်းမလုပ်ဘဲ သွေဖယ်သွားမယ်ဆိုရင် နောက်ရွေးကောက်ပွဲမှာ အရင်တုန်းကလို ပြည်သူလူထုရဲ့ ထောက်ခံမှုရလဒ်ကိုမျှော်လင့်လို့မရတော့ဘူး”

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ထုတ် 7 Day Journal အတွဲ (၁၂) အမှတ် (၅၀) တွင် ပါရှိသော “အမတ်များပြည်သူ့ ဆန္ဒ ကျောခိုင်းသောအခါ” သတင်းဆောင်းပါးမှ ရနံ့သစ် မဂ္ဂဇင်းတာဝန်ခံ အယ်ဒီတာ ကိုပြည်သွေးနိုင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ နယ်မြေနဲ့ အချုပ်အခြာအာဏာကို လေးစားပါတယ်။ မြန်မာနိုင်ငံရဲ့ အနီးကပ် အိမ်နီးချင်းကောင်းအဖြစ်နဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အမြဲထောက်ပံ့ပေးပြီး ရေရှည်တည်တံ့တဲ့ အပစ် အခတ်ရပ်စဲရေးကနေ နိုင်ငံရေးဆွေးနွေးမှု၊ ငြိမ်းချမ်းတဲ့ ဖြေရှင်းမှုရရှိအောင် ထောက်ပံ့ပေးနေပါတယ်။ နယ်စပ် ဒေသ တွေမှာလည်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးရရှိအောင် မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ လက်တွဲလုပ်ဆောင် နေပါတယ်”

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “ဝ တပ်သားများကို ရဟတ်ယာဉ် မောင်း သင်ပေးမည့် သတင်းမှာ မှားယွင်းပြီး တရုတ်အစိုးရအနေဖြင့် မြန်မာ၏ နယ်မြေ နှင့် အချုပ်အခြာ အာဏာကို လေးစားကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ပြန်ကြားရေး တာဝန်ခံပြောကြား” သတင်းမှ Lei Zhen ၏ ပြောကြားချက်အား ကောက်နှုတ်ချက်



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive