Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၄.၅.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. သားရွှေအိုးထမ်းလာခြင်းသာ……

*****************************************

ဆောင်းပါးကဏ္ဍ

သားရွှေအိုးထမ်းလာခြင်းသာ……

မိုးမြင့်ငြိမ်း

နိုင်ငံတိုင်းရှိ နိုင်ငံတော်အစိုးရများသည် ၎င်းတို့နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တည်ငြိမ်မှုများရရှိအောင်တနည်း လုံခြုံမှုရှိအောင် ဆောင် ရွက်ခြင်းကို တာဝန်တစ်ရပ်အနေဖြင့် ထမ်းရွက်မြဲဖြစ်သည်။ ပြည်တွင်းရေးရာမူဝါဒများ၊ နိုင်ငံခြားရေးမူဝါဒများကို ချမှတ်ရာတွင် နိုင်ငံတော်လုံခြုံရေး အတွက်တနည်း တည်ငြိမ်ရေးကို ထည့်သွင်းစဉ်းစားမြဲဖြစ်သည်။ ထို့အပြင် စီးပွားရေးအကျပ်အတည်းကြောင့် လူမှုရေးမတည်မငြိမ် ဖြစ်ပေါ်ခြင်းမရှိ အောင်တနည်း တည်ငြိမ်မှုရှိအောင် ဆောင်ရွက်ခြင်းသည် နိုင်ငံတော်လုံခြုံရေးအတွက်ပင် ဖြစ်သည်။ မြန်မာနိုင်ငံသည် တပ်မတော်အစိုးရလက်ထက်က အာဏာရှင်စနစ်ဖြစ်သည်နှင့်အညီ အရာရာကို နိုင်ငံတော်လုံခြုံရေးရှုထောင့်မှ စဉ်းစားခဲ့သည့်အတွက် တံခါးဖွင့်ဝါဒကို ကျင့်သုံးအကောင်အထည်ဖော်ခဲ့ ခြင်းမရှိ။ ထိုအတွက်ကြောင့် ပြဿနာကို ဖြေရှင်းခြင်းထက် နိုင်ငံရေး၊ လူမှုရေး တင်းမာမှုများကို ဖုံးဖိထားနိုင်သလို စီးပွားရေးစီမံခန့်ခွဲမှု အမှားများသည် လည်း ပြည်သူတို့၏ နေ့စဉ်ဘဝကို မသိမသာတိုက်စားလာခဲ့ရာဆင်းရဲတွင်း အတော်ကြီးနက်ခဲ့ပါသည်။

၂၀၁၀ အထွေထွေရွေးကောက်ပွဲကြီးအပြီး ဒီမိုကရေစီအစိုးရသစ်မှ အပြောင်းအလဲများကို အထူးသဖြင့် နိုင်ငံရေးအပြောင်းအလဲ ဆက်တိုက်ဆို သလို လုပ်ဆောင်ခဲ့သည်။ အသစ်ပေါ်ထွန်းလာခဲ့သည့် လွှတ်တော်၊ နိုင်ငံရေးပါတီ အစရှိသည့် နိုင်ငံရေးအင်စတီကျူးရှင်းများလည်း ပေါ်ပေါက်ခဲ့သလို အဆိုပါ အင်စတီကျူးရှင်းများ အလုပ်ဖြစ်အောင်လည်း ဆောင်ရွက်လာကြပြီဖြစ်သည်။ ကြားဖြတ်ရွေးကောက်ပွဲအပြီး အဓိကအတိုက်အခံပါတီဖြစ်သော NLD ပါတီမှ ရွေး ကောက်ပွဲနိုင် လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်သို့ ဝင်ရောက်လာပြီဖြစ်သည့်အတွက် နောင်ကျင်းပမည့် လွှတ်တော်အစည်း အဝေးများမှာ အသံပိုမြိုင်လာနိုင်သည်။ အရေးကြီးသည်မှာ နိုင်ငံရေးအင်စတီကျူးရှင်းများ၏ တောင့်တင်းခိုင်မာမှုတနည်း ဒီမိုကရက်တစ် လက်တွေ့လုပ် ထုံးလုပ်နည်းများကို အသက်ဝင်အောင် စနစ်တကျဆောင်ရွက်နိုင်မှုဖြစ်သည်။

ဆိုခဲ့ပြီးသည့်အတိုင်း အာဏာပိုင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အပြောင်းတွင် ယခင်ကလို သတင်းများ ဖုံးအပ်ထား၍မရသလို ဖွဲ့စည်းပုံက ပေးအပ် ထားသော နိုင်ငံသားအခွင့်အရေးများကို နည်းဥပဒေပေါ်မလာသေးသည့်တိုင် ပစ်ပယ်ထားပြီး ဖိနှိပ်ထားလို့ မဖြစ်တော့ကြောင်းကို စတင်နားလည် သဘောပေါက်လာမှ မှန်ကန်မှုဘက်သို့ ဦးတည်နိုင်မည်။ ထိုသို့ သတင်းမီဒီယာအပေါ် တင်းကျပ်ထားမှု ဖြေလျော့လာမှုနှင့်အတူ လူ့အဖွဲ့အစည်းအတွင်း ပုံသဏ္ဍန်မျိုးစုံ၊ အကြောင်းအရာ မျိုးစုံသော ပဋိပက္ခပုံစံမျိုးစုံကို တွေ့မြင်လာရသည်။ နိုင်ငံသားအခွင့်အရေးများကြောင့် အလုပ်သမားသမဂ္ဂ ဖွဲ့စည်းနိုင်ခွင့် များရရှိလာလေရာ လုပ်ခလစာ တစ်ကိုယ်ရပ်တည်မှုတောင်မရသည့် အလုပ်သမားများမှာ ၎င်းတို့၏ အထွေထွေအရေးအတွက် တောင်းဆိုခွင့်ရှိသည့် လမ်း ကြောင်းများ ပေါ်ထွန်းလာနေပြီဖြစ်သည်။ ဒီမိုကရက်တိုက်ဇေးရှင်းနှင့် ပတ်သက်၍ ပညာရှင်များ၏ ရေးသားပို့ချချက်များတွင် ဒီမိုကရေစီ အသွင်ကူး ပြောင်းသည့် နိုင်ငံများမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အပြောင်းအလဲများကြောင့် တည်ငြိမ်မှု တစ်စုံတစ်ရာကျသွားသည်ဟု ဆိုသည်။ ထိုသို့ တည်ငြိမ်မှု ကျသွားခြင်းကို ကျော်လွှားသွားနိုင်မှု ရှိ၊ မရှိဆိုသည်မှာ အင်စတီကျူးရှင်များ၏ ခိုင်မာမှု ရှိ၊ မရှိပေါ် မူတည်နေသည်။ အင်စတီကျူးရှင်းကို ကားတစ်စီး ရှော့ဘားနှင့်နှိုင်းယှဉ်၍ ဥပမာပေးကြသည်။ ဒီမိုကရက်တိုက်ဇေးရှင်းဟူသော ချိုင့်ခွက်များဖြင့် မညီမညာ မဖြောင့်ဖြူးသည့် လမ်းမကြီးတွင် နိုင်ငံတော် ဟူသော မော်တော်ကားမှ မောင်းသည့်အခါ အတက်အကျမကြမ်းအောင် အလှုပ်အရမ်းနည်းအောင် အင်စတီကျူးရှင်းဟူသော ရှော့ဘားကောင်းရှိမှ တည် တည်ငြိမ်ငြိမ်ဖြင့် ဖြတ်သန်းနိုင်မည်ဖြစ်သည်။ အင်စတီကျူးရှင်း ခိုင်မာအားကောင်းမှု မရှိလျှင်တော့ ဒီမိုကရက်တိုက်ဇေးရှင်း ခရီးရှည်ကြီးမှ နောက် ကြောင်းပြန်သွားနိုင်သည်။

မြန်မာနိုင်ငံမှာ ဒီမိုကရက်တိုက်ဇေးရှင်း လမ်းကြမ်းကြီးတွင် စိန်ခေါ်မှုအပြည့်ဖြင့် နိုင်ငံတည်ဆောက်ရေးကို ဆောင်ရွက်နေရသလို တစ်ဖက်တွင် လည်း ဆယ်စုနှစ်ချီဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ကြီးကို အဆုံးသတ်နိုင်ရန်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ထာဝရငြိမ်းချမ်းရေးရ သည်အထိ အစိုးရသစ်မှ နည်းအမျိုးမျိုးဖြင့် ကြိုးပမ်းမည်ဖြစ်သည်။ လောလောဆယ်ကာလတွင် အားထုတ်မှု၏ ရလဒ်အဖြစ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့နှင့်  ပြည်နယ်အဆင့်တွေ့ဆုံမှုများ ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သည်။ ယင်းမှာ နိုင်ငံတော်၏ ထာဝငြိမ်းချမ်းရေး ဖော်ဆောင်ရေးလမ်းပြ မြေပုံ၏ ပထမအဆင့်သာ ရှိပါသေးသည်။  ဒုတိယအဆင့်တွင် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲများကို ကျင်းပမည်ဖြစ်ပြီး  တတိယအဆင့်တွင် နိုင်ငံရေး တွင် ကိုယ်တိုင်ပါဝင်နေသူအားလုံး လွှတ်တော်တွင် လက်မှတ်ရေးထိုးကြရန် ဖြစ်သည်။ ထိုအတွက်ကြောင့် နိုင်ငံတော်သမ္မတ ဦးဆောင်မှုဖြင့် ပြည်ထောင် စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟိုကော်မတီ ဖွဲ့စည်းခဲ့ပြီး ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်မှုဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော် ဆောင်ရေးလုပ်ငန်းကော်မတီကိုလည်း ဖွဲ့စည်းခဲ့သည်။ အသစ်ဖွဲ့စည်းလိုက်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟိုကော်မတီသည် သမ္မတ ရုံးညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော် (ကော်မတီအတွင်းရေးမှူး)၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင် (ကော်မတီအဖွဲ့ဝင်)မှအပ ကျန်ပုဂ္ဂိုလ်များမှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်အများစုပါဝင်နေသည်။ ကာ/လုံမှ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံခြားရေးဝန် ကြီးတို့နှစ်ဦးသာ ယင်းကော်မတီတွင်မပါဝင်ချေ။

မြန်မာနိုင်ငံ၏ နိုင်ငံတကာအသိုင်းအဝိုင်းတွင် တရားဝင်မှုသည့် ပြည်တွင်းရေးရာမူဝါဒ မှန်ကန်မှုရှိအောင် ဆောင်ရွက်နိုင်မှုအပေါ်တွင် မူတည် သည်။ သမ္မတဦးသိန်းစိန်သည် ပဋိပက္ခလွန် နိုင်ငံတည်ဆောက်ရေးကို အကောင်အထည်ဖော်ရာတွင် မတည်မငြိမ် ဖြစ်ပေါ်လာနိုင်မှုကို တွက်ဆ၍ ကာ/လုံ  အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြင့် လုံခြုံရေးနှင့် တည်ငြိမ်မှုကို ဆောင်ကြဉ်းပေးနိုင်အောင် ဆောင်ရွက်တော့မည်ဖြစ်သည်။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် တကယ့်ကို အကဲဆတ်မည့်သဘောတွင် ရှိသည်။ ပြည်ထောင်စုမှ လုံးဝမခွဲထွက်ရန်၊ ဒို့တာဝန်အရေးသုံးပါးကို လက်ခံ ရန်၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရန်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများကို တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရန်၊ နိုင်ငံရေးပါတီများ ထူထောင်၍ နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်ရန်၊ လွှတ်တော်တွင်းတွင် အခြားသော တိုင်းရင်းသား များနှင့် ညှိနှိုင်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တစ်ခုတည်းသော လက်နက်ကိုင်တပ်မတော် ဖြစ်ထွန်းလာဖို့ ညှိနှိုင်းရန်တို့ဖြစ်သည်။ လုံခြုံ ရေးနှင့် ပဋိပက္ခသဘောတရားကို ပိုင်ပိုင်နိုင်နိုင်နှင့် ကျွမ်းကျွမ်းကျင်ကျင်နားလည်မှ ဖြေရှင်းနိုင်မည့်ပြဿနာမျိုး ဖြစ်သည်။  နိုင်ငံတော်၏ ထာဝရငြိမ်းချမ်းရေးဖော်ဆောင်မှုလမ်းပြမြေပုံအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပြီဆိုပါက ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးမှုကို ရရှိမှာ ဖြစ်သလို စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး နားလည်မှုနှင့် ယုံကြည်မှုပိုမိုရှိလာမှာလည်း ဖြစ်သောကြောင့် သားရွှေအိုးထမ်းလာခြင်းသာဖြစ်ပါကြောင်း။

*****************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle2011
yangonchronicle2011

၁၄.၅.၂၀၁၂

ပြည်တွင်းသတင်းများ

  1. စာနယ်ဇင်းကောင်စီအဖွဲ့ ဖွဲ့စည်းရန်စီစဉ်
  2. မရမ်းကုန်းမြို့နယ်အား ရန်ကုန်၏ ဒုတိယစီးပွားရေးမြို့တော်အဖြစ် တည်ထောင်မည်
  3. ၂၀၁၃ မကုန်မီကာလအတွင်း ငွေကြေးဆိုင်ရာ အကန့်အသတ်များ ရုတ်သိမ်းပေးမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. တောင်ကိုရီးယားသမ္မတ သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံ
  2. NLD နှင့် SNLD ပူးပေါင်းဆောင်ရွက်မည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

စာနယ်ဇင်းကောင်စီအဖွဲ့ ဖွဲ့စည်းရန်စီစဉ်

မေလ ၁၄ရက်နေ့ နေ့လည် ၁နာရီတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာန၌ ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းမှ စာနယ်ဇင်းရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ပြီး ယင်းအခမ်းအနားတွင် နိုင်ငံတော်သမ္မတအမိန့်ဖြင့် စာနယ်ဇင်းကောင်စီအဖွဲ့အား ဖွဲ့စည်းသွား မည်ဖြစ်ကြောင်း ယင်းအခမ်းအနားသို့ တက်ရောက်သည့် ပြည်တွင်းစာနယ်ဇင်းသမားတစ်ဦးထံမှ သိရှိရသည်။

“ဒီလိုမျိုး စာနယ်ဇင်းကောင်စီကို ဖွဲ့စည်းပေးမယ်ဆိုတာ ပထမဦးဆုံးပါပဲ။ နိုင်ငံတော်သမ္မတအမိန့်နဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖော်ဆောင်ဖို့ စတုတ္ထမဏ္ဍိုင်လည်း အရေးပါတယ်ဆိုတာကို အသိအမှတ်ပြုတဲ့အနေနဲ့ အခုလိုမျိုး စာနယ်ဇင်းကောင်စီကို ဖွဲ့စည်းပေးမယ်လို့ ပြောသွားတာပါ။ ဒီပွဲဖြစ် မြောက်ရေးကိုလည်း Myanmar Journalist Union အသင်းကနေ ဦးဆောင်ပြီး ဆောင်ရွက်တာဖြစ်ပါတယ်”ဟု ၎င်းမှ ဆက်လက်ပြောကြားသည်။

ထို့နောက် ယင်းအခမ်းအနားသို့ Myanmar Journalist Network၊ Myanmar Journalist Association၊ Myanmar Journalist Union တို့မှ ကိုယ်စားလှယ်ခြောက်ဦးအား ပါဝင်တက်ရောက်ရန် ဖိတ်ကြားခဲ့ပြီး ယင်းအဖွဲ့အစည်းနှင့် ပတ်သက်၍ အကြံဉာဏ်များပေးရန် ပြောကြားသွားခဲ့သေး ကြောင်း သိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

မရမ်းကုန်းမြို့နယ်အား ရန်ကုန်၏ ဒုတိယစီးပွားရေးမြို့တော်အဖြစ် တည်ထောင်မည်

မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မအား ရန်ကုန်မြို့တော်၏ ဒုတိယစီးပွားရေးမြို့တော်အဖြစ် စင်္ကာပူနိုင်ငံ၏ အကူအညီကိုရယူ၍ တည်ထောင်သွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“မရမ်းကုန်းမြို့နယ် မင်းဓမ္မကို ဒုတိယစီးပွားရေးမြို့တော်အဖြစ်တည်ထောင်နိုင်ဖို့အတွက် စင်္ကာပူနိုင်ငံရဲ့ အကူအညီကိုယူပြီး ဆောင်ရွက်သွားမှာ ပါ။ စည်ပင်ပိုင်မြေကို မိုဒယ်အဖြစ် စတင်ဆောင်ရွက်ဖို့ရှိပါတယ်”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

မရမ်းကုန်းမြို့နယ်အား၊ ရန်ကုန်မြို့၏ ဒုတိယစီးပွားရေးမြို့တော်အဖြစ် တည်ထောင်ရာတွင် ငါးနှစ်စီမံကိန်း(Master Plan)ရေးဆွဲ၍ ဆောင်ရွက် သွားမည်ဖြစ်ပြီး ပြည်တွင်းမှ အတွေ့အကြုံရှိသည့် ပညာရှင်များ၊ စင်္ကာပူကက်ပယ်အဖွဲ့မှ ပညာရှင်များနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းဌာနတို့မှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“MCC ရှိတဲ့ မင်းဓမ္မဘက်မှာ ဒုတိယစီးပွားရေးမြို့တော်လုပ်ဖို့ လျာထားပါတယ်။ စည်ပင်ပိုင်မြေမှာ မိုဒယ်အဖြစ် စတင်ဆောင်ရွက်ဖို့ရှိတယ်။ ဒီနေ ရာနဲ့ ဆက်စပ်နေတဲ့ဝန်ကြီးဌာနတွေက ပူးပေါင်းဆောင်ရွက်ရင် ပိုအောင်မြင်မှာပါ။ နိုင်ငံခြားက ပညာရှင်တွေကို ဖိတ်ခေါ်အကြံဉာဏ်ယူ ရေးဆွဲသွားဖို့ရှိ ပါတယ်။ စင်္ကာပူကယ်ပယ်အဖွဲ့ကို မြို့ပြစီမံကိန်းရေးဆွဲတာနဲ့ ပတ်သက်ပြီး အကူအညီတောင်းထားတာရှိပါတယ်”ပာု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးလှမြင့်က မေ ၁၁ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားကြောင်း အပတ်စဉ်ထုတ် Flower News ဂျာနယ်တွင် ဖော်ပြပါရှိသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် မြို့ပြဖွံ့ဖြိုးတိုး တက်ရေးအတွက် စီမံကိန်းများကို ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ref:Flower News

-----------------------------------------------------------------------------------------------------------------------------------

၂၀၁၃ မကုန်မီကာလအတွင်း ငွေကြေးဆိုင်ရာ အကန့်အသတ်များ ရုတ်သိမ်းပေးမည်

၂၀၁၃ မကုန်မီကာလအတွင်း မြန်မာနိုင်ငံအတွက် ငွေကြေးဆိုင်ရာ အကန့်အသတ်များကို ရုတ်သိမ်းပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF)၏ ပြောကြားချက်အား သတင်းဌာနတစ်ခု၏ ဖော်ပြချက်အရ သိရှိရသည်။

ထိုသို့ မြန်မာနိုင်ငံ၏ ငွေကြေးဆိုင်ရာ အကန့်အသတ်များကို ရုတ်သိမ်းလိုက်မည်ဆိုပါက မြန်မာအစိုးရ၏ နိုင်ငံတကာ ငွေကြေးလွှဲပြောင်းပေးချေ မှုဆိုင်ရာ ကန့်သတ်မှုများမှာ လုံးဝပြေလျော့၍ ကုန်သွယ်ကူးသန်းရောင်းဝယ်မှုများ လွယ်ကူချောမွေ့လာမည်ဖြစ်ပြီး အာရှတိုက်တစ်တိုက်လုံးတွင်လည်း အတိုးတက်ဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF)မှ ငွေကြေးဆိုင်ရာနှင့် နည်းပညာဆိုင်ရာများ အကူအညီပေး လျက်ရှိပြီး မကြာသေးမီကာလအတွင်းကလည်း မြန်မာအစိုးရနှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကြောင့် မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ စီးပွား ရေးပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ထားသည့် အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂ(EU) နိုင်ငံများမှ ဖြေလျော့မှုများ ပြုလုပ်ပေးခဲ့သည့်အပြင် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF)မှလည်း မြန်မာနိုင်ငံအား ငွေကြေးဆိုင်ရာ အကူအညီအထောက်အပံ့များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Ref:Flower News

 *****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

တောင်ကိုရီးယားသမ္မတ သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံ

မေလ ၁၄ရက်နေ့ ညနေ ၃နာရီခန့်တွင် နှစ်ပေါင်း ၃၀အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် တောင်ကိုရီးယားသမ္မတ Mr. Lee Myung Bak သည် မြန်မာနိုင်ငံ သို့ နှစ်ရက်ကြာခရီးစဉ်ဖြင့် ရောက်ရှိလာပြီဖြစ်ကြောင်း သတင်းရရှိသည်။

၎င်းသည် မေလ ၁၄ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိပြီး နေပြည်တော်၌ နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေးကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက်ရန်နှင့် စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းလုပ်ကိုင်နေမှုများအား တိုးချဲ့လုပ်ကိုင်သွားရန်အတွက် ဆွေးနွေး သွားခဲ့သည်ဟု သိရှိရသည်။

ထို့နောက် တောင်ကိုရီးယားသမ္မတ Mr. Lee Myung Bak သည် မေလ ၁၅ရက်နေ့၌ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏နေအိမ် တွင် တွေ့ဆုံရန်ရှိသေးကြောင်း သိရှိရသည်။

ထို့ပြင် ၁၉၈၃ခုနှစ်တွင် ယင်းနိုင်ငံမှ အဆင့်မြင့် သံတမန်အဖွဲ့သည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်စဉ်အချိန်တွင် မြောက်ကိုရီးယားသူလျှို များ၏ အာဇာနည်ကုန်း၌ တိုက်ခိုက်ခြင်းများ ဖြစ်ပွားခဲ့သောကြောင့် ယခုအချိန်တွင် ၎င်းတို့မလာရောက်မီ အချိန်မှစ၍ ရန်ကုန်မြို့နယ်အတွင်း လုံခြုံရေး ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရခြင်းဖြစ်သည်ဟုလည်း သိရှိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

NLD နှင့် SNLD ပူးပေါင်းဆောင်ရွက်မည်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရန် လွှတ်တော်တွင်းသို့ ဝင်ရောက်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် တိုင်းရင်းသားပါတီ တစ်ခုဖြစ်သည့် ရှမ်းတိုင်းရင်းသားဒီမိုကရေစီပါတီ(SNLD)တို့မှ ရည်ရွယ်ချက်တူညီသည့်အတွက် နောင်လာမည့် ရွေးကောက်ပွဲများတွင် ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။

“နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ အောင်နိုင်ဖို့အတွက်ရယ်။ လက်ရှိ အခြေခံဥပဒေကို ပြင်ဆင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တူတဲ့အတွက် NLD နဲ့ SNLD ပါတီအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲနှင့် ဧပြီလ ၁ ရက်နေ့၌ ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမရှိသည့် ရှမ်းတိုင်းရင်း သားဒီမိုကရေစီပါတီ (SNLD) ပါတီသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ၂၀၁၂ မေလ ၈ ရက်နေ့တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ(SNLD)အား ပါတီတည်ထောင်ခွင့်ပြုခဲ့ကြောင်း သိရသည်။

ဦးခွန်ထွန်းဦး ဦးဆောင်သည့် ရှမ်းတိုင်းရင်းသားဒီမိုကရေစီပါတီသည် ၁၉၉၀ ရွေးကောက်ပွဲ၌ ဒုတိယမဲအများဆုံးရရှိခဲ့သည့် တိုင်းရင်းသားပါတီ တစ်ခုဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲအား သပိတ်မှောက်ခဲ့သည့် ပါတီတစ်ခုဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီသည် ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့၌ ကျင်းပခဲ့သည့် လွှတ်တော်တွင်း လစ်လပ်နေရာ ပြန်လည်ဖြည့် တင်းသည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် လစ်လပ်မဲဆန္ဒနယ်(၄၅) နေရာအနက် (၄၃) နေရာတွင် အနိုင်ရရှိခဲ့သည့် ပါတီတစ်ခုဖြစ်သည်။

YC

 ****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ပြီးခဲ့တဲ့ကြားဖြတ်ရွေးကောက်ပွဲ အတွေ့အကြုံရ ဒီနေ့ ပြည်သူတွေရဲ့ဆန္ဒက အပြောင်းအလဲကိုလိုချင်ပြီး ကျွန်တော်တို့ အစိုးရရဲ့ အောက်ခြေရပ်ကွက် ကျေးရွာအဆင့်မှ မြို့နယ်၊ တိုင်းဒေသကြီး၊ ပြည်နယ်မှ ပြည်ထောင်စုအဆင့်အထိ ရှေးယခင် လုပ်နည်းလုပ်ဟန်တွေအတိုင်း လုပ်ကိုင်ဆောင်ရွက်ကြတာ ကို မကြိုက်တော့ဘူးဆိုတဲ့အနေအထားကို ပြသခဲ့ခြင်းဖြစ်ပါတယ်။ ဒါကြောင့် Reform ကို ထိထိရောက်ရောက် ပြောင်းလဲလုပ်ရမယ်ဆိုတဲ့သဘော ဖြစ်ပါ တယ်”

မေ ၁၆ ထုတ် Weekly ELEVEN NEWS အတွဲ (၇) အမှတ် (၃၂) တွင်ပါသည့် “နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွက် ထိရောက်သောပြုပြင် ပြောင်းလဲမှုများ တစ်ဆင့်တက်ကြိုးပမ်းလုပ်ဆောင်ကြရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ပြောကြား”သတင်းမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“သာမန်အတွေးနဲ့ဆိုရင်တော့ လယ်လုပ်သူမှာ လယ်ပိုင်ရတဲ့ အခွင့်အရေးမျိုးပါပဲ။ ဒါပေမဲ့ အခုနပြောသလို ခပ်နက်နက်တွေးကြည့်တော့ အခုလက်ရှိ ရာသီ ဥတု၊ သီးနှံပေါက်ဈေးစတဲ့ ငွေရရှိမှု အခက်အခဲကြောင့် လယ်ယာမြေဆုံးရှုံးရမှာ စိုးမိတယ်။ ဒါပမေဲ့ လုပ်ငန်းအတွက် အဓိကအရေးပါတဲ့ သွင်းအားစုလို့ ထည့်တွက်ရမယ်။ ဒီတော့ နိုင်ငံတော်က ဘာလုပ်ပေးမလဲဆိုတာ၊ တောင်သူလယ်သမားမျိုး ဘယ်လောက်အထိ စောင့်ရှောက်ကာကွယ်မလဲဆိုတာကိုဘဲ မျှော်လင့်ရတော့မလိုဖြစ်နေတယ်”

မေ ၁၅ ထုတ် The Flower News အတွဲ (၈) အမှတ် (၁၈) တွင်ပါသည့် “လယ်ယာမြေဥပဒေသစ်ပါ အခွင့်အ ရေးတချို့ကြောင့် တစ်နိုင်လုံးရှိ မြေယာမဲ့သူရာခိုင်နှုန်း ပိုမိုများလာနိုင်ဖွယ်ရှိ”သတင်းမှ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်မှတောင်သူ ဦးညွှန့်တင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ဆင်းရဲခြင်းလျော့နည်းအောင်ကြိုးစားနေပေတဲ့ ကျွန်တော့်အထင်ဆင်းရဲသူဆင်ရဲသားတွေ ကိုယ့်ကိုယ်ကိုယုံကြည်လာအောင် လုပ်ဖို့က ဒီကိစ္စမှာ သော့ ချက်ထင်တယ်။ သူတို့ရဲ့ ယုံကြည်မှုတည်ဆောက်ဖို့က ဆုံးဖြတ်ချက်တွေချရာမှာ ဆင်းရဲသားတွေ ပါဝင်ပါစေ။ သူတို့ကိုနားထောင်ဖို့ လိုမယ်ထင်တယ်။ သမ္မတကြီးဟာ နားထောင်တတ်တဲ့သူပဲလို့ ဦးကိုကိုလှိုင်ကပြောတာကြားရလို့ သဘောကျတယ်။ ကျေနပ်တယ်။ တခြားဝန်ကြီးတွေ တိုင်းနဲ့ပြည်နယ် တွေက ဝန်ကြီးချုပ်တွေလည်း နားထောင်တတ်သူတွေ ဖြစ်ဖို့က သော့ချက်ပဲ။ ဆင်းရဲခြင်းလျော့အောင် ငွေချေးခြင်းမှာလည်း နည်းရှိစနစ်ရှိတယ်။ အသေး စားငွေချေးခြင်းကိုနည်းနဲ့စနစ်နဲ့ လုပ်မှအောင်မြင်မယ်။ သယံဇာတကျိန်စာကိုဖြေရှင်းဖို့ တိုင်းပြည်စီးပွားရေး ပြဿနာကတော့ ဆရာမြင့်တို့ ရှိနေတာပဲ”

မေ ၁၅ ထုတ် TURE NEWS အတွဲ (၄) အမှတ် (၃၂) တွင်ပါသည့် ဆောင်းပါးရှင် ကိုတာ၏ “ပြောင်းလဲနေတဲ့ခေတ်ကြီးမှာ ဗုဒ္ဓဘာသာဝင်တွေ ဘာလုပ်သင့်သလဲ” ဆောင်းပါးမှ ကောက်နှုတ်ချက်

**************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs