Transparency Myanmar

transparency.myanmar@gmail.com

အေပီသတင်းဋ္ဌာန၏ Burma vote to be 'Free and Fair' သတင်းကို ဘာသာ ပြန်ထားခြင်းဖြစ်သည်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်း ထားသော်လည်း အစိုးရက လာမည့်နှစ် ၂၀၁၀ ရွေးကောက်ပွဲအားလွပ်လပ်ပြီးတ ရားမျှတမှုရှိစွာ ကျင်းပပေးမည်ဖြစ် ကြောင်း စစ်အစိုးရ၏နိုင်ငံခြားရေးဝန် ကြီး ဦးဉာဏ်ဝင်းက ကတိပေးလိုက် သည်။ ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်ပင်၏အနောက်မြောက်ဘက် ၃၁၄ မိုင်အကွာရှိ ဆိုင်ယမ်ရိဒ်ပ်ပြည်နယ်တွင် ကျင်းပပြုလုပ်သော မဲခေါင်-ဂျပန် နိုင်ငံ ခြားရေးဝန်ကြီးများအစည်းအဝေးပွဲ၌ မြန်မာစစ်အစိုးရ၏နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ် ၀င်းက အခြားနိုင်ငံခြားရေး ၀န်ကြီးများအား ယင်းသို့ကတိပေးခြင်း ဖြစ်သည်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်း ထားမှုရှိသော်လည်း ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲသည် လွတ်လပ်မှုနှင့်တ ရားမျှတမှုရှိမည်ဟု သူကဆိုသည်။

“ကျွန်တော်တို့မြန်မာနိုင်ငံမှာလွတ် လပ်ပြီးတရားမျှတမှုရှိမယ့်ရွေးကောက် ပွဲကျင်းပပေးမယ်လို့ ကျွန်တော်တို့ တရား ၀င်အသိပေးကြေညာထားပြီးပါပြီ” ဟု အဆိုပါအစည်းအဝေးအပြီးတွင် သတင်း ထောက်များအားပြောသည်။ “ရွေး ကောက်ပွဲဟာ တရားမျှတမှုရှိမယ်၊ မရှိ ဘူးဆိုတာကို အခုအချိန်မှာ ဘယ်သူ တစ်ဦးတစ်ယောက်ကမှ အကဲဖြတ်လို့ မရပါဘူး။ ရွေးကောက်ပွဲကျင်းပပြီးတော့ မှ တကယ်တရားမျှတပြီးလွတ်လပ်မှု ရှိ၊ မရှိဆိုတာကို ခင်ဗျားတို့ အကဲဖြတ်နိုင် မှာပါ” ။

စစ်အစိုးရကြိုးကိုင်ထားသော ရန်ကုန် တရားရုံးတော်က အောက်တိုဘာလ ၂ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ အယူခံမှုကို ပယ်ချလိုက်သည်။ စစ်အစိုး ရ၏ တရားရုံးကချမှတ်ထားသော ပစ်ဒဏ်အရ ဒေါ်အောင်ဆန်းစုကြည် သည်နောက်ထပ် ၁၈ နေအိမ်အကျယ် ချုပ်ကျခံရမည်ဖြစ်ရာ ယခု ဦးဉာဏ် ၀င်းက တရားမျှတမည်ဟု ကတိပေး လိုက်သော ရွေးကောက်ပွဲတွင် ပါဝင်နိုင် မည်မဟုတ်ပေ။ ထို့ကြောင့် အတိုက်အခံ နိုင်ငံရေးသမားများနှင့် ဝေဖန်သုံးသပ် သူများက ၂၀၁၀ရွေးကောက်ပွဲသည် အတုအယောင်မျှသာ ဖြစ်လိမ့်မည်ဟု ပြောဆိုလျက်ရှိကြသည်။

ယခုမဲခေါင်-ဂျပန် အစည်းအဝေး တွင် ဦးဉာဏ်ဝင်းသည် ဂျပန်အပါအ ၀င် မဲခေါင်နိုင်ငံများဖြစ်ကြသော ထိုင်း၊ ဗီယက်နမ်၊ကမ္ဘောဒီးယားနှင့်လာအို နိုင်ငံ တို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့်တွေ့ ဆုံခဲ့သည်။ ဆွေးနွေးပွဲအပြီးတွင်ဂျပန် နိုင်ငံခြားရေး ကတ်ဆူရာ အိုကာဒါက နိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံဆွေးနွေး ပွဲ၌ မြန်မာနှင့်ပတ်သက်သော မေးခွန်း များထွက်ပေါ်ခဲ့ကြောင်းပြောဆိုသည်။“ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက် ပြီး နိုင်ငံရေးပါတီတွေအားလုံးပါဝင်နိုင် မယ့်၊ ပွင့်လင်းမြင်သာ မှုရှိမယ့်ရွေး ကောက် ပွဲတစ်ရပ် ကျင်းနိုင်မယ်လို့ ကျွန်တော်တို့မျှော်လင်ပါတယ်” ဟု အိုကာဒါကပြောသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၏ ပြောရေးဆိုခွင့်ရှိသူ ကာဇူကိုဒါမာ၏ အဆိုအရ စစ်အစိုးရနိုင်ငံခြားရေးဝန် ကြီး ဦးဉာဏ်ဝင်းက ဒီမိုကရေစီဟူ သည် ပြည်ပမှသွင်းယူ၍ရနိုင်သောအရ မဟုတ်ကြောင်း ပြောဆိုသည်။ ဂျပန်နိုင် ငံအစိုးရအဖွဲ့သစ်သည် မဲခေါင်နိုင်ငံများ နှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့် လုပ်ကိုင်ရန် မျှော်လင့်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနကဆိုသည်။ ဤ အတောအတွင်း နှစ်ကာလကြာရှည်စွာ ထိန်းသိမ်းခံထားရသော ဒီမိုကရေ စီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် သည် စစ်အစိုးရ၏ ဆက်ဆံရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့်တွေ့ဆုံခဲ့ကြောင်း စစ် အစိုးရသတင်းစာများ၏ဖော်ပြချက် အရသိရသည်။ သူတို့နှစ်ဦးသည် မြန်မာ နိုင်ငံအပေါ်အနောက်ကမ္ဘာ၏ စီးပွားရေး ပိတ်ဆို့မှုများအဆုံးသတ်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြပုံရကြောင်း နိုင်ငံရေးသ မားများက ခန့်မှန်းပြောဆိုနေကြသည်။

မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စနေနေ့တွင် စစ်အစိုးရ ဝန်ကြီးတစ်ဦးနှင့် ရှားရှားပါးပါး တွေ့ဆုံခဲ့ကြောင်း အစိုးရထံမှ လာသော သတင်းတစ်ရပ်က ဆိုပါသည်။ ယခုတွေ့ဆုံမှုမှာ သူမအနေဖြင့် မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများ ရုတ်သိမ်းသွားရေး အတွက် လုပ်ဆောင်ပေးရန် အဆိုပြုသည့် စာတစ်စောင်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပို့ပြီး တစ်ပတ်အကြာတွင် ဖြစ်ပါသည်။

သူမနှင့် စစ်အစိုးရ ဗိုလ်ချုပ်ကြီးများ အကြား ဆက်သွယ်ရေးအတွက် ဆက်ဆံရေးဝန်ကြီး အဖြစ် လွန်ခဲ့သော နှစ်နှစ်က ခန့်ထားခဲ့သော အလုပ်သမား ဝန်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံခြင်းဖြစ်ပါသည်။

“တွေ့ဆုံမှုမှာ မိနစ်ငါးဆယ်ခန့်ကြာပြီး၊ မည်သည့် အကြောင်းအရာကို ဆွေးနွေးကြောင်း မသိပါ” ဟု အမည် မဖော်လိုသူ ပြည်ထဲရေး ဝန်ကြီးဌာနမှ အရာရှိတစ်ဦးက Reuters သတင်းဌာနသို့ ပြောပါသည်။

ပြီးခဲ့သည့် အပတ်က ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများ ရုတ်သိမ်းရေး အတွက် အနောက် နိုင်ငံများနှင့် ညှိုနှိုင်းရေးကို အကူအညီပေးရန် စစ်အစိုးရအား တရားဝင် ကမ်းလှမ်းခဲ့ပါသည်။ ဝေဖန်သူများကမူ ထူးခြားလိမ့်မည် မဟုတ်ဟု ပြောကြပါသည်။ အမေရိကန်တို့ မြန်မာ အစိုးရ ကိုယ်စားလှယ်များနှင့် အင်္ဂါနေ့က နယူးယောက်တွင် တွေ့ဆုံရာတွင် ပိတ်ဆို့ အရေးယူခြင်းကို ရုတ်သိမ်း ပေးခြင်းမှာ အမှား ပြုလုပ်သည်နှင့် တူမည် ဖြစ်ကြောင်း အလေးထား ပြောကြား သွားခဲ့သည်။

စစ်အစိုရ၏ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ခြောက်ကြိမ် တွေ့ဆုံခဲ့ပြီး၊ ၂၀၀၈ ခုနှစ် ဇန်နဝါရီလက နော်ကဆုံး တွေ့ဆုံ ခဲ့ခြင်း ဖြစ်သည်။

ယခု တွေ့ဆုံမှု မတိုင်မီ သောကြာနေ့က သူမ၏ ပြစ်ဒဏ်အပေါ် အယူခံ ဝင်ခဲ့ရာ တရားရုံးက ပယ်ချခြင်းကို ခံခဲ့ရသည်။ ဆိုလိုသည်မှာ လာမည့်နှစ် ရွေးကောက်ပွဲ ပြီးသည် အထိ နေအိမ် အကျယ်ချုပ်ဖြင့် ဆက်လက် ထားရှိလိမ့်မည်ဟု ယူဆရသည်။

NLD ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကမူ ယခု တွေ့ဆုံခြင်းမှာ ပြီးခဲ့သည့် အပတ်က ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပေးပို့သော စာနှင့် သက်ဆိုင်လိမ့်မည်ဟု ထင်ကြောင်း ပြောကြားသွားပါသည်။

“ဘာတွေ ဆွေးနွေးမည် ဆိုသည်ကို မိမိတို့ အတိအကျ မသိရသေးသော်လည်း၊ အဆိုပါ တွေ့ဆုံမှုကိုမူ ကြိုဆိုရလိမ့်မည်” ဟု ဦးဥာဏ်ဝင်းက ပြောပါသည်။

ဝေဖန်ကြသူများ၏ သုံးသပ်ချက်အရ သူမအား အမေရိကန် ရေကူးသမား ဝင်ရောက်မှုဖြင့် ပြစ်ဒဏ် ချမှတ်ခြင်းမှာ သူမအား လာမည့်နှစ် ရွေးကောက်ပွဲတွင် မပါဝင်စေပဲ စစ်အစိုးရ၏ အာဏာကို ခြိမ်းခြောက် လာမည့် အန္တရာယ်ကို ကြိုတင် ကာကွယ်ရန် အတွက် အကွက်ဆင်သည့် ဆင်လုံးသာ ဖြစ်လိမ့်မည်ဟု ပြောကြပါသည်။

AFP 3 October 2009

မြန်မာနိုင်ငံအနေဖြင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားသော်လည်း လာမည့်နှစ်တွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပေးမည်ဖြစ်ကြောင်း စနေနေ့က မြန်မာနိုင်ငံခြားရေး ဝန်ကြီးက ကတိပြု ပြောကြားသွားပါသည်။

“ကျွန်တော်တို့ တိုင်းပြည်မှာ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကို ကျင်းပပေးမှာပါ။ ဒီအကြောင်းကိုလည် ထုတ်ပြန်ကြေငြာပြီးပါပြီ” ဟုနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက ကမ္ဘောဒီယားနိုင်ငံ Siem Reap တွင် ကျင်းပသော မဲခေါင်မြစ်ဝှမ်း ဖွံဖြိုးရေးစီမံကိန်း နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့ပါသည်။

လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဟုတ်မဟုတ်ကိုမူ ကျင်းပပြီးစီးသော အခါမှသာ အကဲဖြတ်နိုင်မည် ဖြစ်သည်။

ပြီးခဲ့သော သောကြာနေ့က ဒေါ်အောင်ဆန်းစုကြည့်၏ အယူခံတင်သွင်းမှုအပေါ် တိုင်းတရားရုံးမှ ပယ်ချခဲ့ပါသည်။

ယင်းကဲ့သို့ ပယ်ချခဲ့ခြင်းကြောင့် သူမသည် ၂၀၁၀ ရွေးကောက်ပွဲပြီးသည်အထိ နေအိမ်အကျယ်ချုပ်ဖြင့် ဆက်လက်နေထိုင်ရမည်ဖြစ်ရာ၊ သူမပါဝင်ခြင်း မရှိသော ရွေးကောက်ပွဲကို အများစုက ယုံကြည်မှု ကင်းမဲ့လိမ့်မည် ဖြစ်ကြောင်း ဝေဖန်သူများက ပြောကြားခဲ့ပါသည်။

ကမ္ဘောဒီးယားနိုင်ငံ Siem Reap တွင် ကျင်းပသော မဲခေါင်မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ အကူအညီပေးရေး အတွက် ဂျပန်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအို၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး အပြီးတွင် ဦးဥာဏ်ဝင်းက အထက်ပါအတိုင်း ကတိပြု ပြောကြားခဲ့ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Katsuya Okada က မြန်မာနိုင်ငံနှင့် ပက်သက်သော မေးခွန်းများကိုသာ ဆွေးနွေးခဲ့ကြောင်း ပြောကြားသွားပါသည်။

“ကျွန်တော်တို့ အားလုံးက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးစေလိုပြီး၊ နိုင်ငံရေးပါတီများ အားလုံးပါဝင်သော မြင်သာထင်သာရှိသော ရွေးကောက်ပွဲ၊ (transparent elections) ဖြစ်စေလိုပါတယ်” ဟုဂျပန်နိုင်ငံခြားရေး ဝန်ကြီးက သတင်းထောက်များကို ပြောကြားသွားပါသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးက ဒီမိုကရေစီကို ပြည်ပမှ လုပ်ဆောင်ပေး၍ မရနိုင်ကြောင်း အခြားဝန်ကြီးများသို့ ပြောကြားသွားပါသည်။

ဂျပန်အစိုးရ အဖွဲ့သစ်သည် မဲခေါင်မြစ်ဝှမ်း ဒေသအတွင်းရှိ နိုင်ငံများနှင့် မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း ဂျပန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Kazuo Kodama က ပြောကြားသွားပါသည်။

စနေနေ့က ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရ၏ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နှင့် ရှားရှားပါးပါး တွေ့ဆုံခဲ့ပါသည်။ သူမ၏ ရှေ့နေက အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများနှင့် ပတ်သက်၍ ဆွေးနွေးလိမ့်မည်ဟု ထင်ကြောင်း ပြောကြားခဲ့ပါသည်။

နိုင်ငံတကာ GSM များမြန်မာနိုင်ငံတွင်အသုံးပြုနိုင်ရေးအတွက် Roaming Agreement သဘောတူညီချက် တရပ်လက်မှတ်ရေးထိုးရန် ဆက်သွယ်ရေးဝန်ကြီးဌာန က ကက်ဘိနက် သို့တင်သွင်းထားကြောင်းသိရသည်။ ကက်ဘိနက် ခွင့်ပြုချက်ရပါက နောက်လတွင်စတင်သုံးစွဲနိုင်မည်ဟု ဝန်ကြီး ဦးသိန်းဇော်က ပြောသည်။

နိုင်ငံတကာ GSM များမြန်မာနိုင်ငံတွင်အသုံးပြုနိုင်တော့မည်ဖြစ်၍ ဆက်သွယ်ရေးမှရောင်းနေသော တခါသုံးများ အရောင်းကျပြီး တရုတ်နှင့် ထိုင်းနိုင်ငံများမှ phone များခေတ်စားလာနိုင်ကြောင်း phone ရောင်းသူများက ခန့်မှန်းနေကြသည်။‌

Joseph Allchin ( Sept 29,2009)

ပြီးခဲ့သည့်ရက်များအတွင်း ကုလသမဂ္ဂတွင် အမေရိကန်နှင့်မြန်မာတို့တွေ့ဆုံဆွေး နွေးမှုနှင့်ပတ်သက်၍ ဝေဖန်မှုများတိုးပွားမလာသည့်အတွက် နောက်ထပ်နှစ်နိုင်ငံအကြား ဖြစ်ပေါ်လာမည့် ဆက်ဆံရေးအတွက် တွန်းအားများဖြစ်စေခဲ့ပါသည်။

အမေရိကန်အစိုးရအနေဖြင့် မြန်မာဗိုလ်ချုပ်များနှင့် မြောက်ကိုရီးယားတို့အကြား နွေးထွေးသောဆက်ဆံရေးကြောင့်ဖြစ်ပေါ်လာမည့်အကျိုးဆက်များကို သံသယဖြင့် စောင့် ကြည့်နေဆဲဖြစ်သော်လည်း မြန်မာစစ်အစိုးရ၏ ရည်ရွယ်ချက်များအပေါ် ကြောက်ရွံ့မှုများ ကတော့ဖုံးဖိ၍မထားနိုင်ခဲ့ပေ။

မြန်မာနိုင်ငံတွင်မြောက်ကိုရီးယားတို့အကူအညီဖြင့်တူးဖော်လျက်ရှိသောဥမင်လိုဏ် များ၊မေလအတွင်းကလက်နက်များ တင်ဆောင်၍ မြန်မာနိုင်ငံသို့ဦးတည်လာနေသည်ဟု ယူဆရသော၊မြောက်ကိုရီးယားသင်္ဘောကိစ္စတို့ကြောင့်အမေရိကန်တို့၏ စိုးရိမ်မှုကို တိုးပွား လာစေခဲ့သည်။မြောက်ကိုရီးယားနှင့်ဆက်ဆံရေးသည် နျူလက်နက်ဖြစ်ပေါ်ရေးအတွက် လမ်းကြောင်းဖြစ်နိုင်သည်။

ယခုလကျင်းပသော နိုင်ငံတကာငြိမ်းချမ်းရေးနေ့တွင်တက်ရောက်လာသည့် မြန်မာ ဘုန်းတော်ကြီးတစ်ပါးကမိမိတို့အနေဖြင့် နျူလက်နက်ကို အလိုမရှိကြောင်း ထုတ်ဖော်ပြော ကြားခဲ့ပါသည်။နေပြည်တော်အစိုးရ၏ နျူလက်နက်ပြန့်ပွားရေးနှင့် ပတ်သက်၍ ခိုင်ခိုင်မာ မာသက်သေပြရန်မရှိသော်လည်း ဖြစ်နိုင်ချေများကိုမူတွေ့နေရသည်။မြန်မာစစ်အစိုးရသည် နိုင်ငံခြားတိုင်းပြည်များ၏ ဝင်ရောက်စွက်ဖက်မှုကိုလည်း အလွန်ကြောက်သည်။

ထို့အပြင် စစ်အစိုးရအား အရာရာထက်အာဏာဖက်တွယ်နိုင်ရေးကိုသာ ဦးစားပေး သူအဖြစ်သတ်မှတ်ရမည်ဖြစ်ပြီး အာဏာတည်မြဲရေးအတွက် တိုင်းပြည်ဘဏ္ဍာများကို အ တိုင်းအဆမရှိစစ်ရေးကဏ္ဍတွင် အသုံးပြုလျက်ရှိသည်။

အိုဗားမားသည် အတိတ်ကာလက အစိုးရများ၏ မြန်မာနိုင်ငံနှင့် ပါဝင်ပတ်သက်မှု များကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။ယခုသူ၏ နိုင်ငံခြားရေးမူဝါဒမှာ မဟာမိတ်ဖြစ် ရေးနှင့် ဆွေးနွေးခြင်းတို့ကို ယခင်အစိုးရများထက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြော ပါသည်။

သို့သော် စိုးရိမ်ပူမှုများအတွက် အခြေခံအကြောင်းတရားများမှာ အတူတူပင်ဖြစ် သည်။အမျိုးသားလုံခြုံရေးအတွက်အဓိကခြိမ်းခြောက်မှုများမှာ နျူလက်နက်ပျံ့ပွားလာခြင်း၊ ကမ္ဘာလုံးဆိုရာအကြမ်းဖက်မှုများနှင့်စည်းကမ်းမလိုက်နာသည့်နိုင်ငံများဖြစ်ကြောင်း၂၀၀၅ ခုနှစ်ကပြောကြားခဲ့သည်။

အဆိုပါသုံးချက်အနက် နှစ်ခုကို မြန်မာ - မြောက်ကိုရီးယားဆက်ဆံရေးတွင် စိုးရိမ် ဖွယ်ရာအဖြစ် အချက်ပေးနေပြီဖြစ်သည်။ထို့ကြောင့် အဆိုပါအာရှ၏ စစ်အာဏာရှင်နှစ်ဦး ကိုယခုထက်ပို၍နွေးထွေးစွာဆက်ဆံလာမည့်အရေးကို ကာကွယ်သည့်အနေဖြင့်မြန်မာ အာဏာရှင်နှင့်ဆက်ဆံရေးပြုလုပ်မည်လားဟု မေးစရာဖြစ်လာပေသည်။

သို့ဖြစ်ရာ အမေရိကန်၏ မြန်မာနိုင်ငံအပေါ်ထားရှိသည့် မူဝါဒသစ်အတွက်အထက် ပါစိုးရိမ်ပူပန်မှုများသည် အကြောင်းတရားများဖြစ်ခဲ့ပါသည်။လက်ထောက်နိုင်ငံခြားရေးဝန် ကြီး Kurt Campbellက မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာသဘောတူကျင့်သုံးနေသော မူ ဝါဒများကို လိုက်နာရန်လိုအပ်သည်။မြောက်ကိုရီးယားနှင့် တားမြစ်ထားသည့် စစ်ရေးလက် နက်မပြန့်ပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို မတိုးပွားအောင် ဖိအားပေးဆောင်ရွက်ရ မည်ဟု သတင်းစာရှင်းလင်းပွဲတွင်ထုတ်ဖော်ပြောဆိုသည်။

အချို့သုံးသပ်သူများက အမေရိကန်နှင့်မြန်မာအစိုးရတို့သည် အချိန်အတန်ကြာက ပင်ကားပြောနေခဲ့ဟန်ရှိသည်ဟု ဆိုပါသည်။ ဆီနိတ်တာဂျင်ဝက်၏ ပြီးခဲ့သည့်လ မြန်မာ ပြည်ခရီးစဉ်နောက်ပိုင်းမှ လျှင်မြန်စွာပြောင်းလဲတိုးတက်လာခြင်းဖြစ်သည်။

ကမ်ဘဲက သူမှတ်မိသမျှယခုအကြိမ်သည် ပထမဆုံးအကြိမ်အဖြစ် မြန်မာအာဏာ ပိုင်များက အမေရိကန်နှင့်ဆက်ဆံရန် စိတ်ဝင်စားကြောင်းပြသခဲ့သဖြင့် အဆိုပါစိတ်ဝင်စား မှုအတွက် မိမိတို့ကလည်း ဆက်လက်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်းပြောပါ သည်။

အမေရိကန်အနေဖြင့် မြန်မာနိုင်ငံအပေါ် ဆက်ဆံရေးတွင် အတိုက်ခံနိုင်ငံရေးသ မားများတောင်းဆိုနေသော ဒီမိုကရေစီနှင့် ပတ်သက်၍ ပြင်းထန်သောအရေးယူမှုများ ပြုလုပ်ရန်နှင့် ယခင်ရွေးကောက်ပွဲအရ NLD အားအာဏာလွဲပေးရေးကိုမူ မြင်တွေ့နိုင်ရန် လွယ်ကူတော့ပေ။

သို့သော် ယခုအခါစစ်အစိုးရသည် လက်နက်ကြီးကိုင်ဆောင်၍အရေးဆိုမည့်အရိပ် အရောင်များတွေ့နေရသည်။မြန်မာနိုင်ငံ၏ နျူလက်နက်တပ်ဆင်ရေးခြိမ်းခြောက်မှုသည် အနောက်ကမ္ဘာကို လှုပ်လှုပ်ရွရွဖြစ်စေခဲ့သည်။

အထူးသဖြင့် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီက သူမ၏ ပြောကြားချက်တွင် မြန်မာအ စိုးရကို နျူလက်နက်မပြန့်ပွားရေးဆောင်ရွက်နိုင်မည့် အစိုးရဖြစ်စေရန်အရေးတကြီးလိုအပ် သည်ဟုထည့်သွင်းပြောကြားသွားသည်။

မြန်မာနိုင်ငံအား အထီးကျန်စေခြင်းအားဖြင့် နျူလက်နက်ပိုင်ဆိုင်ရေးဘက်သို့ ဦးတည်သွားစေပြီး ဒေသတွင်းတည်ငြိမ်မှုများကို ပျက်ပြားစေမည်ဖြစ်သည်။ထို့ပြင် နိုင်ငံတ ကာအစွန့်ပစ်ခံနိုင်ငံများနှင့် သူတော်ချင်းချင်းသီတင်းလွေ့လွေ့ပေါင်းသင်းပြီး အမေရိကန် ဆန့်ကျင်ရေးဝါဒဖြန့်မှုများပြုလုပ်ကြမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် သဘာဝအရင်းအမြစ်များကုန်ဆုံးသွားမည့်နေ့ သို့မဟုတ် မတရား နည်းဖြင့်ချမ်းသာကြွယ်ဝနေသော ဗိုလ်ချုပ်များက အေးအေးဆေးဆေးနေတော့မည်ဟုဆုံး ဖြတ်သည့်နေ့ မတိုင်မီအထိတော့ မြန်မာနိုင်ငံကို အထီးကျန်နိုင်ငံအဖြစ်တွေ့နေရဦးမည် ထင်ပါသည်။

အမေရိကန်- မြန်မာနှစ်နိုင်ငံဆက်ဆံရေးနည်းဖြင့် အမေရိကန်တို့၏ နျူလက်နက် မပျံ့ပွားရေးကို လုပ်ဆောင်ရာတွင် မြန်မာပြည်သူများအနေဖြင့် လူအခွင့်အရေးဆိုင်ရာ ဆုံး ရှုံးမှုများကို စွန့်လွှတ်အနစ်နာခံရမည့် အန္တရာယ်နှင့် ကြုံတွေ့ကြရဦးမည်ဖြစ်သည်။

ခြုံငုံသုံးသပ်ရလျှင် ယခင်က အမေရိကန်အနေဖြင့် မြန်မာနိုင်ငံအပေါ်စိတ်ဝင်စား ဟန်မပြခဲ့ပေ။ အထူးသဖြင့် ဘွတ်ရှ် နှင့် သူ့ဇနီးလက်ထက်တွင် မြန်မာနိုင်ငံနှင့် ပတ်သက် ၍ ပါးစပ်ပြောသာရှိပြီး လက်တွေ့လုပ်ဆောင်မှုမရှိခဲ့ပေ။

ကျူးဘားနှင့်မြောက်ကိုရီးယားတို့ကို ပြင်းပြင်းထန်ထန်အရေးယူသလိုလဲမလုပ်ခဲ့ပေ။ အီရတ်ကို စစ်ရေးအရ ဝင်ရောက်အရေးယူသကဲ့သို့လည်းမလုပ်ခဲ့ပါ။စစ်အစိုးရကလည်း နိုင်ငံတကာ၏တောင်းဆိုဝေဖန်ချက်များကို လစ်လျူရှုပြီး တိုင်းပြည်ကို ကိုင်တွယ်နိုင်ခဲ့ခြင်း၊ အမေရိကန်၏ မြန်မာနိုင်ငံအပေါ်ထားရှိသော မူဝါဒကလည်း လိုအပ်ချက်များရှိနေခဲ့သဖြင့် မည်သည့်အကျိုးရလာဒ်မျှ တစ်စုံတစ်ရာမရရှခဲ့ပေ။

Basic Freedoms Retricted in Cambodia သတင်းကိုဘာသာပြန်ဆို ခြင်းဖြစ်သည်။

ကုလသမဂ္ဂမှ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦး၏ အစီအရင်ခံစာ တစ်ရပ်အရကမ္ဘောဒီးယားနိုင်ငံတွင် တရား စီရင်ရေးအခန်းကဏ္ဍသာမက လွတ်လပ် စွာပြောဆိုရေးသား ခွင့်များ လည်းကန့်သတ်ပိတ်ပင်ခံ နေရကြောင်း သိရသည်။ အဆိုပါအစီရင်ခံစာကို ဆူ ရာဆာဘီဒီဆိုသူက ကုလသမဂ္ဂလုံခြုံရေး ကောင်စီသို့တင်ပြခဲ့ခြင်းဖြစ်ပြီး အရှေ့ တောင်အာရှဒေသတွင် လူ့အခွင့်အရေး များအပြည့်အ၀ရရှိစေရေးကို အကောင် အထည်ဖော်ရန်တိုက်တွန်းလိုက်သည်။

“ကမ္ဘောဒီးယားနိုင်ငံတွင် ဥပဒေစည်း မျဉ်းစည်းကမ်းများလွန်စွာအားနည်းနေ သည်။ တရားရုံးတော်သည်လည်း လွတ် လပ်မှုရှိသင့်သလောက် မရှိသည်ကိုတွေ့ ရသည်။ လွတ်လပ်စွာထုတ်ဖော်ပြောဆို ခွင့်၊ စည်းရုံးဟောပြခွင့် အစရှိသည့် အဓိကကျသော နိုင်ငံရေးအခွင့်အရေး တချို့မှာလည်း ကန့်သတ်ပိတ်ပင်မှုများ ကြောင့် လှိုက်စားခံနေရသည်” ဟု အစီ အရင်ခံစာတွင်ရေးသားဖော်ပြထားသည်။ ကမ္ဘောဒီးယားသည် လွတ်လပ်စွာဟော ပြောခွင့်နှင့်တရားစီရင်ခွင့်တို့ပျောက်ဆုံး နေသည်ဟု မစ္စတာ ဆူ ရာဆာဘီဒီက မှတ်ချက်ပေးပြောကြားသည်။ ကမ္ဘော ဒီးယားသည် ၁၉၆၆ ခုနှစ်နိုင်ငံတကာ ပဋိညာဉ်တွင်ပါဝင်ချုပ်ဆိုထားသည်။ ထို ပဋိညာဉ်မှာ အရပ်သားများလွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် နိုင်ငံရေးအခွင့် အရေးများရယူခွင့်ပြုသော စာချုပ်ဖြစ် သည်။

နိုင်ငံတကာလူ့အခွင့်အရေးစာချုပ် များဟူသည်လွတ်လပ်စွာထုတ်ဖော်ပြော ဆိုခွင့်များပိတ်ပင်မှုများဖြစ်ပေါ်လာသော အခါ ထိရောက်စွာအရေးယူဆောင်ရွက် နိုင်ရန်ချုပ်ဆိုခြင်းဖြစ်ကြောင်း သူက ဆိုသည်။ ကမ္ဘောဒီးယားတွင် ဤသို့လွတ် လပ်ခွင့်နှင့် အခြားအခွင့်အရေးများ ပျောက်ဆုံးနေသော်လည်း ဖနွမ်ပင်အစိုး ရက ကုလသမဂ္ဂနှင့်အတူအပြုသဘော ဆောင်သော စေ့စပ်ညှိနှိုင်းမှုများပြုလုပ် မည်ဆိုသော အချက်များကြောင့်မိမိ အနေဖြင့် စိတ်အားတက်ကြမှုရရှိခဲ့ ကြောင်း မစ္စတာဆူ ရာဆာဘီဒီက ပြောကြားသည်။ လုံခြုံရေးကောင်စီအ နေဖြင့်လည်း ကမ္ဘောဒီးယားအစိုးရကို ခိုင်မာတိကျသော အရေုးယူဆောင်ရွက် မှုများပြုလုပ်လိုစိတ်ဖြစ်ပေါ်လာအောင် အားပေးအားမြှောက်ပြုလုပ်သင့်သည် ဟု ပြောသည်။

AP သတင်းထောက် WilReislert ၏ YN Urges Asean to Get Tougher on Burma သတင်းကိုဘာသာ ပြန်ဆိုထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအပေါ်ခပ်ကြမ်းကြမ်း ကိုင်တွယ်ရန် ကုလသမဂ္ဂက အာဆီယံကို တိုက်တွန်း



ကုလသမဂ္ဂ--

အာဆီယံနိုင်ငံများအနေဖြင့် မြန်မာ နိုင်ငံကို ပြင်းထန်သောမူဝါဒဖြင့် ဆက် ဆံမှုပြုလုပ်သွားရန် စက်တင်ဘာလ ၂၆ ရက် နေ့ပြုလုပ်သော အရှေ့တောင် အာရှနိုင် ငံဝန်ကြီးများတွေ့ဆုံဆွေး နွေးပွဲတွင် ကုလသမဂ္ဂအထွေထွေအ တွင်းရေးမှူးချုပ် ဘန်ကီမွန်းက တိုက် တွန်းပြောကြားလိုက်သည်။ ဘန်ကီမွန်း သည် စစ်အစိုးရအနေဖြင့် နိုင်ငံရေး အကျဉ်း သားများလွှတ်ပေးပြီး ၂၀၁၀ ရွေးကောက် ပွဲကို လွတ်လပ်မျှ တမှုရှိ စွာကျင်းပပေး လာနိုင်ရန်မျှော်မှန်းချက် ဖြင့် ယင်းသို့တိုက်တွန်းခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အခြားသော နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးအောင် စစ်အစိုးရအားဖိအား ပေးခြင်းသည် အာဆီယံအဖွဲ့ဝင်နိုင်ငံ များ၏ အကောင်းဆုံးသောအကျိုးစီးပွား ဖြစ်သည်ဟု မစ္စတာဘန်ကီမွန်းကပြော သည်။

ယခုအခါအသက် ၆၄ နှစ်အရွယ်သို့ ရောက်ရှိနေပြီဖြစ်သော နိုဗယ်ငြိမ်းချမ်း ရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ်အရေးအခင်းနောက်ပိုင်း စစ်အစိုးရအုပ်ချုပ်ခဲ့သည့် နှစ်ပေါင်း ၂၀ ကာလအတွင်း ၁၄ နှစ်လောက်ဖမ်းဆီး ထိန်းသိမ်းခြင်းခံခဲ့ရသူဖြစ်သည်။ မည်သို့ ပင်ဖြစ်နေစေကာမူ အာဆီယံအဖွဲ့ဝင် နိုင်ငံများသည် တစ်ဦးနှင့်တစ်ဦး ပြစ် တင်ဝေဖန်မှုပြုလုပ်ရန် အင်မတန်ဝန် လေးတတ်ကြသည်။ “ ကျွန်တော်တို့ စိတ်ဝင်စားတဲ့ကိစ္စက မြန်မာအစိုးရအ နေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို စေလွှတ်ပေးပြီး အရေးကြီးတဲ့နိုင်ငံရေး ဒိုင်ယာလော့ခ်တွေလုပ်၊. . .တကယ် ခိုင်မာမှုရှိပြီး အလုပ်ဖြစ်မယ့်ရွေးကောက် ပွဲတစ်ရပ်ကျင်းပပေးဖို့ပါပဲ” ဟု မစ္စတာ ဘန်ကီမွန်းကပြောသည်။

စက်တင်ဘာလ လယ်ခန့်လောက်က စစ်အစိုးရက နိုင်ငံရေးအကျဉ်းသား ၂၅ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် စေလွှတ် လိုက်သည်။ သို့သော် ထိုစေလွှတ်မှုမှာ ဖမ်းဆီးထားသောနိုင်ငံရေးအကျဉ်းသား များစုစုပေါင်း၏ ၁ ရာခိုင်နှုန်းသာဖြစ် သည်။ စစ်အစိုးရက လာမည့်နှစ် ရွေး ကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် အလို့ငှာ စေလွှတ်ခြင်းဖြစ်သည်ဟု ဆို သည်။ ကုလအကြီးအကဲဘန်ကီမွန်းက အဆိုပါ အကျဉ်းသား ၁ ရာခိုင်နှုန်းမျှ စေလွှတ်လိုက်သည့် ကိစ္စနှင့်ပတ်သက် ပြီး “မှန်ကန်သောလမ်းကြောင်းဟူသည့် အဆင့်ကိုရောက်မှမျှော်လင့်ချက်များ ပျက်ပြယ်ရသည်” ဟု မှတ်ချက်ပေးဝေ ဖန်လိုက်ပြီး ရှေ့နှစ် ၂၀၁၀ သည် အရေး ကြီးသော နှစ်တစ်နှစ်ဖြစ်လိမ့်မည်ဟု ပြောသည်။

“တကယ်လို့မြန်မာအစိုးရဟာ ပြည် တွင်းရေးတည်ငြိမ်မှု၊ ဒီမိုကရေစီထွန်း ကားမှု၊ အမျိုးသားသင့်မြတ်မှုနဲ့ လူ့အခွင့် အရေးကို အလေးထားမှုရှိမယ်ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲဟာ ယုံကြည်စိတ် ချရမှုရှိပြီး အားလုံးပါဝင်နိုင်မယ့် ရွေး ကောက်ပွဲတစ်ခုဖြစ်ရပါမယ်” ။

အမေရိကန်ပြည်ထောင်စု၌ပြုလုပ် သော ကုလသမဂ္ဂအထွေထွေညီလာခံ ၌ မြန်မာစစ်အစိုးရ ၀န်ကြီးချုပ် သိန်းစိန် တက်ရောက်ပြီး စကားပြောဆိုခွင့်ရရှိခဲ့ သည်။

ကုလအကြီးအကဲ မစ္စတာ ဘန်က မြန်မာအစိုးရသည် နိုင်ငံရေးအသွင်ကူး ပြောင်းမှုတစ်ရပ်ပြုလုပ်တော့မည်ဟု အတိအလင်းထုတ်ဖော်ထားရာ မြန်မာ ပြည်သူများနှင့် နိုင်ငံတကာ အသိုင်း အ၀ိုင်းကို ပြောသည့်အတိုင်းသက်သေ ပြနိုင်မည့် အခွင့်အရေးရှိထားပြီဖြစ် ကြောင်း ပြောကြားသည်။

အာဆီယံနိုင်ငံများသည် မြန်မာပြည် သူများကြယ်ဝချမ်းသာရေးကိစုံ သာမက ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေး တွင်လည်း အရေးပါသောအခန်းကဏ္ဍ တွင်ရှိနေသည်ဟု သူကဆိုသည်။

YSSenator Pushing tiLiftSanctions Against Burma Did Not Invite Junta Opponents to the Hearing
ကိုဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ မူရင်းဆောင်းပါးရှင်မှာPatrickGoodenough ဖြစ်သည်။

မြန်မာစစ်အစိုးရအပေါ်ထားရှိသည့် ပိတ်ဆို့အရေးယူမှု မူဝါဒဖယ်ရှားရေး ကိုလိုလားသော အမေရိကန်ဆီနိတ် ခေါင်းဆောင်အချို့၏ အရှေ့တောင်အာ ရှဒေသအပေါ်ထားရှိသော အမေရိကန် မူဝါဒရီဗျူးလုပ်သည့် ဆွေးနွေးပွဲသို့ တက် ရောက်ရန် မြန်မာအတိုက်အခံနိုင်ငံရေး အင်အားစုများကိုမဖိတ်ကြားခဲ့သည့် အတွက် ဒီမိုကရက်ပါတီမှာ ပြစ်တင်ဝေ ဖန်မှုများခံလိုက်ရသည်။ အမေရိကန်ပြည် ထောင်စု ဆီနိတ်၏ အရှေ့ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဆပ် ကော်မတီ ဥက္ကဋ္ဌ မစ္စတာဂျင်ဝက်ဘ် က မြန်မာအတိုက်အခံနိုင်ငံရေးပါတီ အား အဆိုပါဆွေး နွေးပွဲသို့တက်ရောက်ရန် မဖိတ်ကြားခဲ့ပေ။ ထို့အတူနိုင်ငံရေးလှုပ် ရှားသူ သံဃာတော်များကိုလည်း ဖိတ် ခေါ်ခဲ့ခြင်းမရှိပေ။

အမေရိကန်အစိုးရအနေဖြင့် မြန်မာ အစိုးရအပေါ်ထားရှိသော ပိတ်ဆို့အရေး ယူမှုများကို အမြန်ဆုံး ဖယ်ရှားသင့် ကြောင်း၊အ တိုက်အခံပါတီကြီး အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုလည်းလာ မည့်နှစ် ၂၀၁၀ ရွေးကောက်ပွဲ ၌ ပါဝင် ယှဉ်ပြိုင်ရန် စဉ်းစားသင့်သည်ဟု မြန် မာခရီးစဉ်အတွင်း အကြံပေးခဲ့သော ကြောင့် ဆီနိတ်တာ ဂျင်ဝက်ဘ်မှာ ဒီမို ကရေစီရေးလှုပ်ရှားသော အင်အားစုများ ၏ ဖိအားပေးဝေဖန်မှု အမျိုးမျိုးခံနေရ သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလလောက် ကတည်းက မြန်မာနိုင်ငံအပေါ်ထားရှိ သော မူဝါဒကို ရီဗျူးလုပ်နေခဲ့သည့် အမေရိကန်အစိုးရသည် စက်တင်ဘာ လကုန်ပိုင်းအရောက်တွင် မြန်မာအစိုး ရနှင့် တိုက်ရိုက်စေ့စပ်ညှိနှိုင်းတော့မည် ဟု တရားဝင်ကြေညာလိုက်သည်။ သို့သော် စီးပွားရေးပိတ်ဆို့မှုကို ဖယ်ရှား မည်မဟုတ်ဟု ဆိုသည်။ အဆိုပါကြေ ညာချက်သည် အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကတ်ကမ်းဘဲလ် နှင့် မြန်မာအစိုးရခေါင်းဆောင်တို့ နယူး ယောက်မြို့တွင် ပဏာမ မိတ်ဆက်ဆွေး နွေးပွဲတစ်ရပ်ကို နှစ်နာရီတာမျှ ပြုလုပ် ပြီးနောက် ထွက်ပေါ်လာခဲ့သည်။ အမေ ရိကန် နိုင်ငံခြားရေးဝန်
ကြီးဋ္ဌာနမှ ပြော ရေးဆိုခွင့်ရှိသူက အဆိုပါဆွေးနွေးပွဲ သည် ဆယ်စုနှစ်များအတွင်း ပထမဆုံး ထိပ်တိုက်ရင်ဆိုင်ဆွေးနွေးမှုတစ်ရပ်ဖြစ် သည် ဟု ယုံကြည်ကြောင်းပြောကြား သည်။

နိုင်ငံရေးအကျဉ်းသားဟောင်းတစ် ဦးဖြစ်ပြီး လက်ရှိတွင် SY Campaign for burma (SYCB)၏ အမှုဆောင်ဒါ ရိုက်တာလည်းဖြစ်သူ ကိုအောင်ဒင်ကSYCB အနေဖြင့် မြန်မာစစ်အစိုးရအ ပေါ်အမေရိကန် အစိုးရ၏ချဉ်းကပ်မှု မူဝါဒသစ်ကို ထောက်ခံကြောင်းပြောဆို သည်။ သို့သော်အကယ်၍ စစ်အစိုးရက သာ အတိုက်အခံအင်အားစုများနှင့် ပူး ပေါင်းဆောင်ရွက်မှုမပြုလုပ်ဘဲ အရပ် သားများအပေါ်ဆက်လက်ဖိနှိပ်မှုများ ပြုလုပ်နေပါက အမေရိကန်အစိုးရအနေ ဖြင့် နောက်ထပ်ဖိအားပေးမှုများကိုထပ် မံလုပ်ဆောင်သင့်ကြောင်းပြောကြား သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အနေဖြင့် စစ်အစိုးရအပေါ်လက်နက် ကုန်သွယ်မှုပိတ်ပင်ရေးကို ပါအကောင် အထည်ဖော်သွားသင့်သည် ဟု ကိုအောင် ဒင်က ပြောသည်။

“စစ်အစိုးရနဲ့ အမေရိကန်အစိုးရတို့ စေ့စပ်ညှိနှိုင်းမှုတွေလုပ်တဲ့ကိစ္စဟာ အီလေးဆွဲပြီးသွားတဲ့ပုံစံမျိုးမဖြစ်သင့် ပါဘူး။ တိကျရေရာတဲ့ အချိန်ကန့်သတ် ချက်တို့၊ ရှင်းလင်းပြတ်သားတဲ့ စံသတ် မှတ်ချက်တို့နဲ့ လုပ်ဆောင်သင့်တယ်လို့ ကျွန်တော်တို့အဖွဲ့ကမျှော်လင့်ပါတယ်” ။

ပိတ်ဆို့မှုဖယ်ရှားရေးနှင့် အထီးကျန်နေ မှုအဆုံးသတ်ရေး

စက်တင်ဘာလ ၃၀ ရက်နေ့က Capitol Hill တွင်ပြုလုပ်သောဆွေးနွေး ပွဲ၌ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကတ်ကမ်းဘဲလ်က စစ်အစိုးရနှင့် စေ့စပ် ညှိနှိုင်းမည်ဟူသော ကိစ္စမှာ အမေရိကန် ၏အကျိုးစီးပွားဖြစ်ကြောင်း၊ သို့သော် ပိတ်ဆို့အရေးယူမှုကိုဖယ်ရှားရေးသည် လွဲမှားသောဆုံးဖြတ်ချက်တစ်ရပ်ဖြစ် ကြောင်း ပြောဆိုသည်။ “အခုအချိန်မှာ စစ်အစိုးရကို ပိတ်ဆို့ အရေးယူ တဲ့မူဝါဒ တွေဖယ်ရှားလိုက်မယ်ဆိုရင် မြန်မာ့ဒီမို ကရေစီရေးအတွက် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်လာသူတွေနဲ့ အမေရိကန်အစိုး ရရဲ့ မိတ်ဆွေတွေအပါအ၀င် မြန်မာနိုင် ငံရဲ့ခေါင်းဆောင်တွေကိုပါ လွဲမှားတဲ့ အရိပ်လက္ခဏာပြလိုက်သလိုဖြစ်သွား မှာပေါ့” ဟု သူကပြောသည်။

“ရှင်းရှင်းလင်းလင်းထပ်ပြောရရင် မြန်မာစစ်အစိုးရနဲ့ စစ်အစိုးရကိုထောက် ခံသူတွေ မြန်မာနိုင်ငံထဲကဖြစ်ရပ်တွေ ကိုအရေးတယူတုံ့ပြန်လာနိုင်ဖို့ တင်း ကျပ်တဲ့စီးပွားရေးပိတ်ပင်မှုတွေကို ဆက် လက်ထားရှိသွားမှာပါ” ။

ယင်းဆွေးနွေးပွဲတွင် အမေရိကန်ဆီ နိတ်တာ ဂျင်ဝက်ဘ်က မြန်မာအစိုးရ သည် အမေရိကန်အနေဖြင့် အပြုသ ဘောဆောင်သောပြောင်းလဲမှုများဖြစ် ပေါ်လာရေးအတွက် တွန်းအားပေးမှု များမပြုလုပ်နိုင်အောင် လုပ်ဆောင်ခဲ့ သည်ဟုဆိုသည်။ မြန်မာနိုင်ငံသည် အာ ရှအင်အားကြီးနိုင်ငံများဖြစ်သော တရုတ်နှင့် အိန္ဒိယတို့ကြားတွင်ရှိပြီး ယခု အခါတရုတ်ပြည်၏ သြဇာလွှမ်းမိုးမှုကို ခံနေရကြောင်း၊ နှစ်ကာလကြာရှည်စွာ အထီးကျန်ဖြစ်နေခဲ့မှုကြောင့် နောက်ဆုံး တွင်ဒေသတွင်းမဟာဗျူဟာပြောင်းလဲ မှုများကို အာရုံစိုက်နိုင်မှုလျော့နည်းလာ ကြောင်းပြောဆိုသည်။

SYCB အဖွဲ့က ဆီနိတ်တာဂျင်ဝက် က ထိုဆွေးနွေးပွဲသို့တက်ရောက်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့မှ လွှတ်တော် ကိုယ်စားလှယ်များနှင့် ၂၀၀၇ စက်တင် ဘာလ အရေးအခင်းကိုဦးဆောင်ခဲ့သော သံဃာတော်များကို မဖိတ်ကြားခဲ့သည့် အတွက် လွန်စွာစိတ်ပူပန်မိကြောင်း သဘောထားထုတ်ပြန်သည်။ အဆိုပါ အမေရိကန်ဆီနိတ်၏အရှေ့ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဆပ် ကော်မတီ၏ မြန်မာ့အရေးကြားနာမှုနှင့် အမေရိကန် ပေါ်လစီဆွေးနွေးပွဲတွင် အမေရိကန်နိုင် ငံဖွား၊ ကုလသမဂ္ဂအရာရှိဟောင်းနှင့် သမိုင်းပညာရှင် ဦးသန့်မြင့်လည်းပါဝင် ခဲ့သည်။ သူက ဆွေးနွေးပွဲ၌ မိမိသည် ပိတ်ဆို့အရေးယူမှုအားလုံးကိုဖယ်ရှားပေး ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းတွင် မြန် မာနိုင်ငံအထီးကျန်ဖြစ်နေမှုအားအဆုံး သတ်စေရန် ဆန္ဒရှိကြောင်းပြောဆို သည်။

ထိုဆွေးနွေးပွဲ၏ အဖွဲ့ဝင်တစ်ဦးဖြစ် သော ဂျော့ခ်ျတောင်းယူနီဗာစတီ၊ အာရှ ရေးရာလေ့လာရေးဋ္ဌာန၏ ဒါရိုက်တာ ဒေးဗစ်စတိန်းဘတ်က စီးပွားရေးပိတ်ဆို့ မှုသည် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ နှင့် ပြုပြင်ပြောင်းလဲမှု ကိုလိုလားသော အမေရိကန်အစိုးရ ၏ ဦးတည်ချက်များ တစ်စုံတစ်ခုမှ အကောင်အထည်မပေါ် ခဲ့ပါကြောင်း၊ သို့သော်စစ်အစိုးရဘက်က အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုမျိုး မပါဝင်ဘဲ ပိတ်ဆို့မှုကိုအစောတလျှင် မဖျက်သိမ်းသင့်သည်ဟု နားလည် သဘောပေါက်ထားကြောင်းပြောသည်။

စေ့စပ်ညှိနှိုင်းမှုများကိုတစ်ဆင့်ချင်း အကောင်အထည်ဖော်ဆောင်ရွက်သွား ခြင်းသည် သင့်လျော်သောလမ်းစဉ်ဖြစ် ပြီး ထိုလမ်းစဉ်ကြောင့် ဆက်ဆံရေးများ တိုးတက်လာနိုင်သည်ဟု စတိန်းဘတ်က ဆိုသည်။ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေး၊ သဘာဝဘေးအန္တရာယ်ဆိုး ကြီးများကြိုတင်ကာကွယ်ရေး အစရှိ သောကိစ္စများတွင် ပူးပေါင်းဆောင်ရွက် ခြင်းအားဖြင့် ဆက်ဆံရေးများပိုမိုပြေပြစ် ကောင်းမွန်လာနိုင်သည်ဟု ဆိုသည်။ ထို့ ပြင် စစ်အစိုးရသည် ၁၉၈၉ ခုနှစ်တွင် သူကိုယ်တိုင်ဦးစီးပြောင်းလဲပစ်လိုက် သော မြန်မာနိုင်ငံ၏ အမည်နာမကိစ္စ ကိုလွန်စွာဂရုစိုက်ကြောင်း၊ အမေရိကန် အစိုးရက မြန်မာ ဟုတရားဝင်နာမည် ကို မခေါ်ဆိုဘဲ ဘားမား ဟုခေါ်ဆို နေခြင်းကို စစ်အစိုးရက စော်ကားမှုတစ် ခုအဖြစ်ရှုမြင်ကြောင်း စတိန်းဘတ်က ထောက်ပြပြောဆိုသည်။ သို့အတွက် ကြောင့်အမေရိကန်အစိုးရအနေဖြင့် အခြားနိုင်ငံများခေါ်ဆိုသည့် အခေါ်အ ဝေါ်အတိုင်း မြန်မာဟုပြောင်းလဲဆို ပါ က နှစ်နိုင်ငံဆက်ဆံရေးများ ပိုမိုကောင်း မွန်လာနိုင်သည်ဟု ဆိုသွားသည်။

ထိုဆွေးနွေးပွဲတွင် ပါဝင်သော နောက်ထပ် အဖွဲ့ဝင်တစ်ဦဖြစ်သူ ဒေး ဗစ်ဝီလျံက လာမည့်နှစ် ရွေးကောက်ပွဲ နှင့် စစ်အစိုးရ၏အငြင်းပွားဖွယ်ရာဖြစ် သော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ တို့ကိုဖိုးကပ်စ်လုပ်ဆွေးနွေးသည်။ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အကယ်၍ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အခြားသော နိုင်ငံရေးအကျဉ်းသားများ အားလုံးကို စစ်အစိုးရက မလွှတ်ပေးပါ က မိမိတို့အနေဖြင့် ၂၀၁၀ ရွေးကောက် ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မှုပြုလုပ် မည်မဟုတ်ဟု သဘောထားထုတ်ပြန် ထားသည်။ ထို့အပြင် စစ်အစိုးရအနေ ဖြင့် ၂၀၁၀ ရွေးကောက်ပွဲကိုနိုင်ငံတကာ ၏ စောင့်ကြပ်လေ့လာမှုအောက်တွင်ပြု လုပ်ပြီး ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ၌ စစ်တပ်၏အခန်းကဏ္ဍလွန်စွာပါဝင် နေမှုအားလျှော့ချပေးရေးကိစ္စကို သဘောတူရန်တောင်းဆိုထားသည်။

ဆီနိတ်တာဂျင်ဝက်ဘ်က အမျိုးသား ဒီမိုကရေစီအဖွဲ့အနေဖြင့် အဆိုပါရွေး ကောက်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန် အကြံပြုပြီး အမေရိကန်အစိုးရက ဆန္ဒမဲပေးသည့် ကိစ္စကို အကောင်အ ထည်ဖော်ဆောင်ရွက်နိုင်အောင် အကူအ ညီပေးနိုင်လိမ့်မည်ဟု ပြောသည်။ သို့ သော် မစ္စတာဝီလျံက ရွေးကောက်ပွဲနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ကိစ္စအ ပေါ်အဆိုးမြင်သည့် သဘောထားရှိ သည်။ သူက ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို “မြင်ဖူးသမျှထဲတွင် အဆိုး ရွားဆုံးသောကိစ္စတစ်ခု” ဟု သတ် မှတ်ခေါ်ဆိုသည်။ “တကယ်လို့ ၂၀၁၀ ရွေး ကောက်ပွဲဟာ လွတ်လပ်ပြီးမျှတမှုရှိမယ် ဆိုရင်တောင်မှ . . အရပ်ဘက်အုပ် ချုပ်ရေးမျိုးဖြစ်လာမှာမဟုတ်ဘူး။ဘာ ဖြစ်လို့လဲဆိုတော့ အဲဒီဟာကြီးက အရပ် ဘက်အစိုးရရဲ့အခန်းကဏ္ဍကို မှေးမှိန် အောင်လုပ်ထားလို့ပါပဲ” ဟု သူကပြော သည်။ ပါလီမန်လွှတ်တော်တွင် စစ်တပ် ၏အခန်းကဏ္ဍမှာ ၂၅ ရာခိုင်နှုန်းထိ ပါ ၀င်ထားသည့် ကိစ္စအား နိုင်ငံရေးသမား များနှင့်လေ့လာသုံးသပ်အကဲဖြတ်သူများ က အလေးပေးပြောဆိုလျက်ရှိကြသည်။ သို့သော မစ္စတာဝီလျံက ပြဿနာတွေ အားလုံးသည် ရွေးကောက်ပွဲအလွန်ကာ လများတွင် ကောင်းမွန်သွားဖွယ်ရှိ ကြောင်း၊ အကြောင်းမှာစစ်တပ်က ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ပါ ၀င်သော အချက်များအတိုင်း ပြုမူနေ ထိုင်သွားရမည်ဖြစ်သောကြောင့် ဖြစ် ကြောင်း မစ္စတာဝီလျံကရှင်းပြသည်။

“အဲဒီကွန်စတီကျူးရှင်းဟာ စောင့် ကြည့်ရမယ့်မဟာဗျူဟာတစ်ရပ်ပေါ်မှာ အခြေခံပြီးရေးဆွဲထားတာ။ သဘောက တော့ တကယ်လို့ အရပ်ဘက်အစိုးရတစ် ရပ်ဟာ စစ်တပ်ရဲ့အလိုဆန္ဒအတိုင်း နေထိုင်မယ်ဆိုရင် နိုင်ငံရေးလုပ်ပိုင်ခွင့် ရမယ်ဆိုတာပါ။ မလုပ်ဘူးဆိုရင်တော့ အရပ်ဘက်အုပ်ချုပ်ခွင်ရမှာမဟုတ် ဘူး” ဟု သူကပြောသည်။

“ကွန်စတီကျူးရှင်ကိုကြည့်ရတာ ဒီမို ကရေစီဖော်ဆောင်ဖို့ ကောင်းမွန်တဲ့ အ ရိပ်လက္ခဏာတွေမရှိဘူး။ နိုင်ငံတကာ ဖိအားပေးမှုတွေကနေလွတ်မြောက်ဖို့ ရေးဆွဲပေးထားရုံသက်သက်ပဲ” ။

“ဒီ နိုင်ငံရေးကစားပွဲကြီးကို အကွက် ကောင်းကောင်းရွှေ့နိုင်မှ ကျွန်တော်တို့ အနိုင်ရမှာ။ ကျွန်တော်တို့အနေနဲ့ သံတ မန်ဆက်ဆံရေးနည်းလမ်းမျိုးစုံနဲ့ ဆက် ဆံမှသာ လူထုအပေါ်စစ်အစိုးရညဉ်း ပန်းနှိပ်စက်နေတာတွေရပ်တန့်နိုင်ပြီး အရပ်ဘက်အစိုးရတစ်ရပ်ကို တင် မြှောက်နိုင်မှာပါ၊ အဲဒါကြောင့် အစော တလျင်လိုက်ရောတာတို့၊ အလျှော့ပေး တာတို့လုပ်ရင် ဒီကစားပွဲမှာနိုင်မှာ မဟုတ်ဘူး။ ကစားပွဲပျက်ရုံသက်သက် ပဲရှိမယ်” ဟု ၀ီလျံကဆိုသည်။

အောက်တိုဘာလ ၁ ရက်နေ့တွင် နာမည်ကျော်အိုင်ယာလန်တေးဂီတအဖွဲ့ ဖြစ်သော ယူတူး အဖွဲ့ခေါင်းဆောင် ဘို နိုကCharlottesvileva တွင်သီဆို ဖျော်ဖြေမှုတစ်ရပ်ပြုလုပ်ခဲ့သည်။SYCBအဖွဲ့ကအဆိုပါ ရှိုးပွဲတွင် ဆီနိတ်တာဂျင်ဝက်၏မြန်မာနိုင် ငံအပေါ်စီးပွားရေးပိတ်ဆို့မှုဖယ်ရှား ရေး ကြိုးပမ်းချက်များကို ဆန့်ကျင်သည့် လက်မှတ်ထိုးပွဲပြုလုပ်သည်။ အဆိုတော် ဘိုနိုသည် ဒီမိုကရေစီခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်အား ကာလကြာရှည် စွာထောက်ပံ့ခဲ့သူဖြစ်သည်။ သူ၏ တေး အယ်လ်ဘမ်တစ်ခုဖြစ်သောWalOn မှာ ဒေါ်အောင်ဆန်းစုကြည်ကိုရည်ရွယ် ကာသီဆိုထားခြင်းဖြစ်သည်။ စစ်အစိုး ရက မြန်မာပြည်တွင်း ထိုတေးအယ်လ် ဘမ် ဖြန့်ချိရောင်းချခွင့်ကိုပိတ်ပင်ထား သည်။

Associated Press (Oct 3, 2009)

ကမ္ဘာ့စီးပွားရေးသည် မျှော်လင့်သည်ထက်ပိုမိုလျှင်မြန်စွာဦးမော့လာသော်လည်း အစိုးရများအနေဖြင့် ၎င်းတို့၏ ကြိုးပမ်းမှုအတိုင်းအတာများကို အချိန်မကျသေးမီ ရုတ်သိမ်း ခြင်းမပြုမိအောင်သတိထားရန်လိုအပ်ကြောင်း အပြည်ပြည်ဆိုင်ရာငွေကြေးရံပုံငွေအဖွဲ့ (အိုင်၊အမ်၊အက်ဖ်)က ကြာသပတေးနေ့တွင်ပြောကြားခဲ့သည်။

ရလာဒ်ကောင်းများကို သတိထား၍စောင့်ကြည့်ရမည်ဖြစ်သော်လည်း အများစုအ တွက်စိတ်သက်သာရာ ရှိစေပါသည်။အလုပ်လက်မဲ့နှုန်းမြင့်မားလာပြီး အကြွေးရရှိနိုင်ရန်အ တွက် ပူပင်စရာဖြစ်သော်လည်း စီးပွားရေး ပြန်လည်ကောင်းမွန်လာမှုမှာ အဆင်ပြေချောမွေ့ မှုရှိပါသည်။ ကနဦးက စိုးရိမ်ခဲ့ခြင်းထက် ပျက်စီးဆုံးရှုံးမှု နည်းနိုင်ကြောင်းတွေ့ရှိရသည်။

တစ်နှစ်လျင်နှစ်ကြိမ်ထုတ်ပြန်သော ကမ္ဘာ့စီးပွားရေးထုတ်ပြန်ချက်အရ ကမ္ဘာ့စီးပွား ရေးသည် ၂၀၁၀ ခုနှစ်တွင် ၃.၁ ရာခိုင်နှုန်းတိုးတက်လာဖွယ်ရှိသည်။အဆိုပါတိုးတက်မှုမှာ စီးပွားရေးတိုးတက်လာနေသည့် တရုတ်နှင့် အိန္ဒိယကြောင့်ဖြစ်သည်။

၎င်းမှာ အိုင်အမ်အက်ဖ်က ယခင်ကသတ်မှတ်ထားသည့် ခန့်မှန်းချက် ၂.၅ ရာခိုင်နှုန်းမှ တိုးတက်လာခြင်း ဖြစ်သည်။၂၀၀၉ ခုနှစ်တွင် ကမ္ဘာ့ဂျီဒီပီသည် ဇူလိုင်လအတွင်းက အနိမ့်ဆုံးအဖြစ် ခန့်မှန်းထားသည်။၁.၄ ရာခိုင်နှုန်းအစား ၁.၁ ရာခိုင်နှုန်းအထိကျဆင်းမည် ဟု အိုင်အမ်အက်ဖ်က မျှော်လင့်ထားပါသည်။

သို့သော်အချိန်မကျသေးဘဲ လှုံ့ဆော်ကြိုးပမ်းမှုများကို ရုတ်သိမ်းခြင်းမပြုရန် သတိ ပေးထားသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ မရေရာသောတိုးတက်မှုသည် အစိုးရများကို မိမိတို့၏ အားထုတ်မှုများအတွက် ငွေအကုန်အကျ ဆက်ခံမည် သို့မဟုတ်ဘဏ္ဍာရေးတွင် အကြွေးနှင့် လိုငွေပြမှုကြောင့် ပျက်စီးမှုကို ရှောင်ရန် ငွေအသုံးစရိတ် ရပ်တန့်မည်ဟူသော အချက်နှစ် ချက်ကြားတွင် ကြားညပ်သွားစေနိုင်ကြောင်းပြောဆိုခဲ့သည်။

ကမ္ဘာ့စီးပွားရေးအကြပ်အတည်းကာလအတွင်းက မိမိတာဝန်ယူနိုင်မှုနှင့် ငွေကြေး ဖြည့်ဆည်း နိုင်မှု အင်အားကို သိသည့် အိုင်အမ်အက်ဖ်က စီးပွားရေးတိုးတက်မှုသည် အတက်ဘက်သို့ ဦးတည်နေပြီးဖြစ်ကြောင်း၊ ပြင်သစ်၊ဂျာမနီနှင့် ဂျပန်နိုင်ငံတို့သည် စီးပွားရေး ကပ်ဆိုးမှ တရားဝင်လွတ်မြောက်သွားပြီဖြစ်ကြောင်း၊အစိုးရများနှင့် ဗဟိုဘဏ်များ၏ နှစ်ဦး နှစ်ဘက်ခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှုသည် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပြီး၊ ကမ္ဘာ့ ငွေကြေးစနစ်ကြီးပြိုလဲမည်ကို စိုးရိမ်စိတ်အား လျော့ပါးစေကြောင်းပြောဆိုခဲ့ပါသည်။

ဘဏ်များကို ငွေကြေးထောက်ပံ့ခဲ့ပြီး၊စီပွားရေးကို လိုငွေပြအသုံးစရိတ်ဖြင့် တိုးတက်စေခဲ့ကြောင်း(deficit spending) ၊အတိုးနှုန်းများကို သိသာစွာလျော့ချပေးခဲ့ခြင်း ကြောင့်ဖြစ်သည်။

အိုင်အမ်အက်ဖ် ၏ စီးပွားရေးအတိုင်ပင်ခံ Olivier Blanchard က စီးပွားရေးစတင် နလံထူလာပြီး ငွေကြေးဈေးကွက်များအခြေအနေကောင်းလာ၍ နိုင်ငံအများစုတွင်၂၀၀၉ နှစ်ကုန်ပိုင်းမှ ၂၀၁၀ တွင် အခြေအနေ ကောင်းလာမည်ဖြစ်ကြောင်း ကမ္ဘာ့စီးပွားရေးထုတ် ပြန်ကြေငြာသည့်သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

၎င်းကပင်ဆက်လက်၍ တိုင်းပြည်များသည် စီးပွားရေးကပ်ဆိုးမှ လွတ်မြောက်ပြီဟု သတ်မှတ်ရန် မသင့်သေးကြောင်း၊ လွန်ခဲ့သောနှစ်များက သတ်မှတ်ကျင့်သုံးခဲ့သော ပေါ်လစီများကို အချိန်မကျသေးဘဲ စွန့်လွတ်ရန်မသင့်ကြောင်းသုံးသပ်ပြောကြားသွားသည်။

လာမည့်နှစ်၏တိုးတက်မှုသည် ငွေကြေးပြဿနာမဖြစ်မီနှစ်က ရှိခဲ့သည့်တိုးတက်မှု ထက်များစွာ နိမ့်ကျနေဦးမည်ဖြစ်ပြီး စိတ်ချရသည့်အနေအထားတွင်မရှိကြောင်း၊ဘဏ်များ သည်လည်း အမှောင်ထုမှ ကင်းလွတ်မှုမရှိသေးကြောင်း၊ဝက်တုတ်ကွေးအန္တရာယ်ဖြင့်တင် စားပြောဆိုသည်။

အကောင်းဆုံးမှာ ၁၉၃၀ ခုနှစ်ပုံစံစီးပွားရေးကပ်ဆိုးမဟုတ်၍ စိုးရိမ်မှုများလျော့သွား ပြီးဖြစ်ပေါ်လာသည့် ငွေကြေးဈေးကွက်နှင့် ပတ်သက်သည့် တုန့်ပြန်မှုသည် သုံးစွဲမှုနှင့် ရင်းနှီးမှုတွင်မျှော်မှန်းထားသည်ထက် ကြီးသည့်ရေတိုတိုးတက်မှုကိုဖြစ်ပေါ်စေသည်။

ဘဏ်အခန်းကဏ္ဍနှင့်ပတ်သက်၍ မူဝါဒချမှတ်သူများသည်ဈေးကွက်နှင့် ဘဏ်များ ကစီးပွားရေး ပြန်လည်ဦးမော့လာမှုကိုကူညီထောက်ပံ့ပေးရန်လိုကြောင်း ၊အဆိုပါပြုပြင် ပြောင်းလဲမှုကို စနစ်တကျအသုံးချပြီး အနာဂတ်တွင် အလားတူ ကပ်ဆိုးများမဖြစ်အောင် ကာကွယ်သွားရမည်ဖြစ်ကြောင်းပြောကြားသည်။

ရေရှည်ခိုင်မာသည့်တိုးတက်မှုမျိုးကို အလယ်အလတ်ကာလအတွင်းရရှိရန် ကမ္ဘာ ကြီး၏လိုအပ်ချကပုံစံ ချိန်ညှိမှုအပေါ်တွင်မူတည်နေပါသည်။ပို့ကုန်အပေါ်အခြေခံ၍ ကုန်သွယ်မှုပိုငွေမြောက်များစွာရရှိနိုင်သည့် တိုးတက်မှုနည်းဗျူဟာရှိသည့်နိုင်ငံများသည် သွင်းကုန်အခြေခံပြီး ပြည်တွင်းဈေးကွက်လိုအပ်ချက်အရ စတော့ဈေးကွက်နှင့် အိမ်ရာဈေးကွက်ကိုအလေးပေးသည့်နိုင်ငံများနှင့်ဆက်ဆံရမည့်နည်းလမ်းများကို ရှာဖွေရ
မည် အိုင်အမ်အက်ဖ်က ပြောကြားခဲ့သည်။

တရုတ်၊ဂျာမနီနှင့်ဂျပန်နိုင်ငံတို့သည်ဈေးသက်သာသော ပစ္စည်းများဝယ်ယူသုံးစွဲမှု အဆင့်ရှိသည့် အမေရိကန်လိုနိုင်ငံမျိုးနှင့်ဆက်ဆံတတ်ရန်လိုသည်။အမေရိကန်သည် ငွေ ကြေးတန်ဘိုး နိမ့်သည့် တရုတ်ပြည်မှ တင်သွင်းသည့်ဈေးပေါသော သွင်းကုန်ပစ္စည်းများအပေါ် အကြွေးစနစ်နှင့် မှီခိုလျက်ရှိသည်။

အိုင်အမ်အက်ဖ်မှ ဘလန်ချဒ်က လက်ရှိငွေကြေးလဲလှယ်မှုနှုန်းအရ ကမ္ဘာ့စီးပွားရေးကို ရေချိန်ညှိနိုင်မည့် နည်းလမ်းရှာမတွေ့ကြောင်းပြောပါသည်။တရုတ်ယွမ်ငွေဟုတိုက် ရိုက်မပြောဘဲ အာရှငွေကြေးများသည် ဒေါ်လာငွေထက်တန်ဘိုးရှိလာမည်ဟု မှတ်ချက်ပြုသည်။ယင်းကပင်ဆက်၍ ၎င်းတို့ရဲ့ခန့်မှန်းချက်တွေဟာ ယူဆချက်အပေါ်အခြေခံနေပြီး အဆိုပါယူဆချက်ကိုဖော်ပြပါကအကန့်အသတ်နှင့်ဖြစ်ပေါ်လာမည်ကမ္ဘာ့စီးပွားရေးရေ ချိန်ကိုက်မှုသည် စီးပွားရေးနလံထူမှုကိုအားနည်းစေမည်ဖြစ်ကြောင်း၊အထူးသဖြင့်တိုးတက် သောနိုင်ငံများတွင် ဖြစ်နိုင်ကြောင်းပြောကြားခဲ့သည်။

အိုင်အမ်အက်ဖ်က စီးပွားရေးအကောင်းဆုံးနှင့်အကြီးမားဆုံးသောအမေရိကန်နိုင်ငံ တွင်စီးပွားရေး တိုးတက်မှုကို ၂၀၁၀ တွင်ဝ.၇ မှ ၁.၅ ရာခိုင်နှုန်းအထိခန့်မှန်းထားသည်။၂၀၀၉ခုနှစ်က ၂.၇ ရာခိုင်နှုန်းသာရှိခဲ့ပါသည်။

တစ်ချိန်တည်းမှာပင် ယူရိုငွေကြေးကိုသုံးစွဲသောနိုင်ငံ ၁၆ နိုင်ငံတွင် ၂၀၁၀ ခုနှစ်တွင် ၀.၃ ရာခိုင်နှုန်း တိုးတက်မည်ဟု မျှော်လင့်ထားသည်။ယင်းမျှော်မှန်းထားမှုသည် ကိန်းဂဏန်းမရှိသော်လည်းလက်ခံရမည်ဖြစ်သည်။

အာရှ၏စီးပွားရေးအကြီးဆုံးဖြစ်သည့်ဂျပန်ကိုမူ ၁.၇ ရာခိုင်နှုန်းမျှော်မှန်းထားသည်။ ၂၀၀၉ ခုနှစ်တွင် ဂျပန်ပို့ကုန်သိသိသာသာလျော့ကျသွားသည်။၅.၄ ရာခိုင်နှုန်းလျော့ကျခဲ့သည်ဟု အိုင်အမ်အက်ဖ်က ခန့်မှန်းသည်။တန်ဖိုးမြင့်ပို့ကုန် မော်တော်ကားဝယ်လိုအားသိ သိသာသာကျဆင်းသွားခြင်းဖြစ်သည်။

၂၀၁၀ ခုနှစ်ကမ္ဘာ့စီးပွားရေးတိုးတက်မှုသည် အာရှနိုင်ငံများတွင်မူတည်ကြောင်း၊ တိုးတက်မှု ၉ ရာခိုင်နှုန်းခန့်မှန်းထားသည့်တရုတ်နှင့် ၆.၄ ရာခိုင်နှုန်းခန့်မှန်းထားသည့်အိန္ဒိ ယတို့လည်းပါဝင်ကြောင်း အိုင်အမ်အက်ဖ်က ဖော်ပြထားပါသည်။

အိုင်အမ်အက်ဖ်၏ စာရင်းများအရ ၂၀၀၉ ခုနှစ်တွင်အရံနိုင်ငံခြားငွေပမာဏပုံမှန် တက်လာကြောင်း၊ အဓိကစီးပွားရေးလုပ်ငန်းကြီးများမှ လူထု၏ကြွေးများအတွက် ငွေကြေး ထည့်ဝင်မှုပြုလုပ်ခဲ့၍ဖြစ်သည်။

ဒုတိယနှစ်ပတ်လည်တွင် ဒေါ်လာပမာဏမှာ စုစုပေါင်း၆၃ ရာခိုင်နှုန်းရှိခဲ့သည်။လွန် ခဲ့သည့်၃လတွင် ၆၅ ရာခိုင်နှုန်းရှိရာမှ ကျဆင်းလာခြင်းဖြစ်သည်။ယူရို၏အရံငွေရှယ်ယာ (Euro’s share of reserve) ပမာဏမှာ ၂၆ မှ ၂၇ ရာခိုင်နှုန်းသို့တိုးတက်လာခဲ့ကြောင်း အိုင်အမ်အက်ဖ်အချက်အလက်များမှ သိရှိရပါသည်။

Josh Levs (CNN,Oct 3 ,2009)

ဖိလစ်ပိုင်နိုင်ငံမနီလာမြို့တွင် နေထိုင်သော ဆက်သွယ်ရေးအမှုဆောင်အရာရှိ Arturo fidelino သည် အိပ်၍မပျော်နိုင်ပေ။ သူ့ဇနီးနှင့် အပျိုပေါက်သမီးလေးတို့နှင့်အတူ သောကြာနေ့ညတစ်ညလုံးတိုင်ဖုန်း Parma ကို စောင့်ကြည့်နေရသည်။ယခုလာမည့်တိုင် ဖုန်း Parma သည် ပြီးခဲ့သည့် အပတ်ကဖျက်ဆီးသွားခဲ့သော Ketsana မုန်တိုင်းအပြီးပိုမို ပြင်းထန်မည့်တိုင်ဖုန်းတစ်ခုဖြစ်သည်။

“Ketsana မုန်းတိုင်းတုန်းကလည်း စိတ်ထဲမှာ ထိတ်လန့်တုန်လှုပ်သွားအောင်ခံစား တွေ့ကြုံခဲ့ရပြီးပြီ” ဟု သူကပြောသည်။Ketsana သည် ဖိလစ်ပိုင်တွင် ဝင်ရောက်တိုက်ခိုက် စဉ်က အပူပိုင်းမုန်တိုင်းတစ်ခုအဖြစ်သာ ဖြစ်ပြီး နောက်ပိုင်းတ်ွင်အင်အားကောင်းလာကာ တိုင်ဖုန်းအဖြစ်သို့ပြောင်းသွားခြင်းဖြစ်သည်။Ketsana ကြောင့် လူပေါင်း၁၄၆ ယောက်သေ ဆုံးခဲ့ရသည်။

“ ကျွန်တော်တို့နောက်ထပ်မကြုံခြင်တော့ဘူး။ အခုဖြစ်လာနေတဲ့မုန်တိုင်း ဖိလစ် ပိုင်ကိုရောက်မလာပါစေနဲ့လို့ အားလုံးကဆုတောင်းနေကြပါတယ်။” ဟု သူက CNN ကို သောကြာနေ့ကပြောသည်။

သူတို့အားလုံး အိမ်ကိုအမြန်ပြေး၍ ပစ္စည်းများသိမ်းခြင်း၊ စည်သွပ်ဗူးများ၊ ရေ၊ဖ ယောင်းတိုင်များ ၊ အခြား လျှပ်စစ်ပစ္စည်းများကိုထုတ်ပိုးပြင်ဆင်၍ မလုံခြုံတော့သည့်အခြေအနေကို ခံစားရင်းတိုင်ဖုန်းကိုစောင့်စားနေကြပါသည်။
ကလေးများသည် အပျက်အစီးပုံကြားမှ သူတို့၏မိဘများကိုရှာဖွေနေကြသည်ဟု Doranne Lim က ပြောသည်။

တိုင်ဖုန်းParma သည် ဖိလစ်ပိုင်တွင်သောကြာနေ့ကစတင်ဖြစ်ပေါ်ခဲ့သည်။Lim က သူမသည် သူမ၏ ဒုတိယထပ်တိုက်ခန်းတွင် အမေနှင့် အမေ့အကူ မိန်းကလေးတို့နှင့် အတူ အထုတ်အပိုးများ ကြားတွင် ထိုင်နေရပါသည်။ “ ကျွန်မ ရာဘာလှေတစ်စင်းလည်းအ မြန်ရှာဖွေချင်တယ်။ နောက်ဆုံးကားကိုတောင် ကားရုံထဲမှာစင်လုပ်ပြီးရေမမြုပ်အောင်အပေါ် တင်ထားချင်တော့တယ်” ဟု Lim က ငြီးငြူရှာသည်။
CNN iReport အတွက် ဓါတ်ပုံများပေးပို့ကြသည့် ဖိလစ်ပိုင်များအနက် Lim နှင့်Fidelino တို့အပါအဝင်ဖြစ်သည်။

မိုးလေဝသခန့်မှန်းများက Parma ကြောင့် အဆိုးရွားဆုံးပျက်စီးမည့်နေရာမှာ မနီလာမြို့မြောက်ပိုင်း ဖြစ်မည်ဟု ခန့်မှန်းကြသည်။အာဏာပိုင်များက မြေပြိုမှုများဖြစ်ပွားမှုကို စိုးရိမ်ကြသည်။သို့သော် မနီလာမြို့နှင့် အနီးတစ်ဝိုက်တွင်မူ မိုးရေချိန်လက်မများစွာ ရွာသွန်းလိမ့်မည်ဟု ခန့်မှန်းကြသည်။ကက်သိုလစ် ကယ်ဆယ်ရေးစခန်မှ Luc Picard က အချို့နေရာတွေမှာ ရေမြုပ်လျက်ပင်ရှိနေသေးသည်ဟု ပြောသည်။သူသည် ယင်းဒေသတွင်သူ၏ အေဂျင်စီအတွက် ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်နေသူဖြစ်သည်။

“ လူတွေဟာရေမသန့်ရှင်းမှုကြောင့်ရောဂါတွေရလာကြပြီး ရေနှင့် သန့်ရှင်းရေးလို အပ်ချက်က ကြီးမားတဲ့ပြဿနာဖြစ်နေပါတယ်။ဝမ်းရောဂါ၊အရေပြားရောဂါနဲ့အခြားရောဂါ တွေဖြစ်လာမှာစိုးရိမ်ရပါတယ်။” ဟုသူကပြောသည်။

စာသင်ကျောင်းများမှာ ဒုက္ခသည်စခန်းများအဖြစ်ပြောင်းလဲထားရသော်လည်း ၊ကျောင်းတစ်ကျောင်းတွင် မိသားစု တစ်ရာခန့် ရှိနေပါသည်။ခလေး သုံးယောက်မှငါးယောက် ရှိသော မိသားစုအတွက်နေထိုင်ရေး အဆင်သင့် မဖြစ်သေးပါဟု Luc ကပြောသည်။

လမ်းများတွင် ရွံ့များနှင့် ပြည့်နေဆဲဖြစ်နေသေးကြောင်းဖြည့်စွက်ပြောဆိုသည်။ပြီး ခဲ့သည့် သီတင်းပတ် ကတည်းက လူအများသည် နောက်ထပ်မုန်တိုင်းဖြစ်မည်ကို ကြောက် ရွံ့နေကြသည်ဟု Picard ကပြောသည်။

ကမ်းရိုးတမ်းဒေသမှ လူများသည် ကုန်းတွင်းပိုင်းသို့ပြောင်းရွေ့ကြပြီး အစိုးရက လည်းလူအများကို ကုန်းမြင့်ဒေသ သို့မဟုတ် အမိုးအကာလုံခြုံရာသို့ရွေ့ပြောင်းရေးကို အကူအညီများ ပေးလျက်ရှိကြောင်း ထပ်လောင်းပြောသွားပါသည်။

Brian Marana အပါအဝင် ဖိလစ်ပိုင်များသည် parma တိုင်ဖုန်းအတွက် အဆိုးဆုံး ခန့်မှန်းချက်များ မဖြစ်လာစေရန် ဆုတောင်းနေကြပါသည်။ထို့အပြင် ရင်တမမ နှင့် Ketsana လိုမဖြစ်ပါစေနှင့် ဟုဆုတောင်းရင်းမျှော်လင့်နေကြသည်။

San Juan အရပ်တွင်နေထိုင်သူ Marana သည် အဆိုးဆုံးခံခဲ့ရသည့်ဒေသများ တွင်စည်သွပ်ဘူးများ သွားရောက်ဝေငှခဲ့သူဖြစ်သည်။ “ အားလုံးဟာရွံ့တွေဖုံးနေပြီး ပရိဘောဂ တွေဟာ လမ်းပေါ်ကိုရောက်နေပါတယ်” ဟု Marana ကပြောသည်။

Fidelino ကလည်းကယ်ဆယ်ရေးလုပ်ငန်းများတွင်ပါဝင်လုပ်ကိုင်နေပါ သည်။နေအိမ် ပျက်စီးသွားသူများ အတွက်စိုးရိမ်ပူပန်မိကြောင်းလည်း ထုတ်ဖော်ပြောသွားပါ သည်။

အဓိကပြဿနာအနေဖြင့်သူ့ အမြင်ကိုပြောကြားရာတွင် ကယ်ဆယ်ရေးပစ္စည်း များကိုအမှန်တစ်ကယ်လိုအပ်သူများထံသို့ရောက်ရှိအောင်ပို့ဆောင်ပေးရေးပင်ဖြစ်သည်။ လုံခြုံရေးနှင့်ပတ်သက်၍စိုးရိမ်စရာကို ယခုရက်ပိုင်းအတွင်း အဖြစ်အပျက်ကို ကြည့်၍ Fidelino က သုံးသပ်ရာတွင် “ ကယ်ဆယ်ရေးပစ္စည်းတွေရောက်လာရင်ဖရိုဖရဲ တွေဖြစ်တော့တာပဲ၊အားလုံးကလိုချင်ကြတော့ဝိုင်းယူကုန်ကြတယ်။ လုပ်အားပေးများက လည်းသူတို့အသက်အန္တရာယ်ကိုစိုးရိမ်ရတယ်” ဟုသုံးသပ်ပါသည်။

ယခုလိုအန္တရယ်ဆိုးကြောင့် ဖိလစ်ပိုင်ပြည်သူများ၏ ဝိုင်းဝန်းကူညီလိုသည့် စိတ်ဖြစ်

ပေါ်လာခြင်းမှာ အကျိုးအမြတ်ပင်ဖြစ်ကြောင်းဖိလစ်ပိုင်လူမျိုး Adrian Lauron က ပြောပါ

သည်။

“ပေးကမ်းခြင်း၊မျှဝေခြင်း။လုပ်အားပေးခြင်းများကိုလည်း နေရာတကာတွင်တွေ့နေ

ရပါသည်။” ဟုထပ်မံပြောကြားပါသည်။ဖိလစ်ပိုင်လူမျိုးများသည် အမှန်တကယ်လိုအပ်

လာချိန်တွင် ကူညီလိုစိတ်ရှိပြီး လူမျိုးချစ်စိတ်ကိုပြသရသည့်အချိန်ပင်ဖြစ်ကြောင်း Lauron က ချီးကျူးသွားပါသည်။