Transparency Myanmar

transparency.myanmar@gmail.com

1/Nov/2009

Earthtimes-org

       အမေရိကန် ပြည်ထောင်စု သမ္မတဘားရတ် အိုဘားမားသည် အာဆီယံနိုင်ငံများမှ ခေါင်းဆောင် ၁၀ ဦး တို့အား လာမည့်နှစ်တွင် ၀ါရှင်တန်သို့ ဖိတ်ခေါ်ရန် စီစဉ်နေပြီး အရှေ့တောင်အာရှဒေသနှင့် ဆက်ဆံမှုများ ဆက်လက် ခိုင်မြဲသွားရန် ရည်ရွယ်သည် media reports က တနင်္ဂင်္နွေ နေ့တွင် ဖော်ပြထားပါသည်။

မကြာမီ စင်္ကာပူတွင် ကျင်းပမည် အာဆီယံ အမေရိကန် ထိပ်သီးဆွေးနွေးပွဲတွင် အိုဘားမားက တရားဝင် ဖိတ်ကြားမှုကို ပြုလုပ်လိမ့်မည်ဟု အရှေ့အာရှနှင့် ပစ္စဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန် Kurt Campbell က ၀ါရှင်တန်တွင် ပြုလုပ်သော မြန်မာနိုင်ငံဆိုင်ရာ ကွန်ဖရင့်သို့ တက်ရောက်လာသည့် နိုင်ငံဆိုင်ရာ ကွန်ဖရင့်သို့ တက်ရောက်လာသည့် နိုင်ငံတကာ ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း Nation သတင်းစာက ဖော်ပြပါသည်။

       ၁၉၉၇ခုနှစ်ကပင် အာဆီယံ အဖွဲ့ဝင်ဖြစ်ခဲ့သော အထီးကျန် နိုင်ငံနှင့် "၀ါရှင်တန်၏" ပြန်လည်စေ့စပ် ညှိနှိုင်းရေး မူဝါဒကို ဆွေးနွေးရန်အတွက် Campbell သည် မြန်မာနိုင်ငံသို့ ယခုသီတင်းပတ် အတွင်းသွား ရောက်မည်ဖြစ်သည်။

       အိုဘားမားသည် စင်္ကာပူတွင်ကျင်းပမည့်  APEC ဖိုရမ်ကို တက်ရောက်ပြီးနောက် နိုဝင်ဘာ ၁၅ ရက်တွင် အာဆီယံခေါင်းဆောင် ၇ဦးနှင့် တွေ့ဆုံမည်ဖြစ်ပါသည်။

အာရှပစ္စဖိတ်ဒေသ စီးပွားရေးပူး ပေါင်းဆောင်ရွက်ရေး (APEC) အဖွဲ့ဝင်(၂)ဦးတွင် သြစတေးလျ၊ ဘရူနိုင်း၊ ကနေဒါ၊ ချီလီ ၊ တရုတ် ၊ ဟောင်ကောင် ၊ အင်ဒိုနီးရှား ၊ဂျပန် ၊ တောင်ကိုရီးယား ၊ မလေးရှား ၊ မက္ကဆီကို ၊ နယူးဇီလန် ၊ ပါပူဝါ နယူးဂီဦး ၊ ဖိလစ်ပိုင်၊ ပီရူး ၊ ရုရှား ၊ စင်္ကာပူ ၊ တိုင်ပေ ၊ ထိုင်း ၊ အမေရိကန်နိုင်ငံတို့ ပါဝင်သည်။ အာဆီယံ အဖွဲ့ဝင်များဖြစ်သော ကမ္ဘောဒီးယား ၊ လာအို ၊ မြန်မာ တို့APEC တွင်မပါဝင်ပါ။

ဇန်န၀ါရီလက အိမ်ဖြူတော်တွင် တာဝန်လွဲပြောင်းယူခဲ့ပြီးနောက် အိုဘားမားက အရှေ့တောင် အာရှဒေသနှင့် ပြန်လည်ညှိနှိုင်း ဆွေးနွေးရေး မူဝါဒကို အကောင်အထည်ဖေါ် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါဒေသသည် အာရှဘီလူးကြီးတရုတ်နှင့် အိန္ဒိယတို့၏ စီးပွားရေးလျင်မြန်စွာ ဖွံ့ဖြိုးလာမှုနှင့် သံတမန် သြဇာထူထောင်မှု တို့ကြောင့် ဘေးစည်းသို့ ရောက်နေသော ဒေသဖြစ်သည်။

          စင်္ကာပူတွင် ကျင်းပမည့် အာဆီယံ-အမေရိကန် အစည်းအဝေးက အမေရိကန် ပြည်ထောင်စုနှင့်အရှေ့တောင် အာရှဒေသအတွင်း လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် ရရှိနိုင်မည့် ဖြစ်နိုင်ခြေများကို ဆွေးနွေးသွားရန် မျှော်လင့်ထားသည်ဟု The Nations ကဆိုပါသည်။

 

 



--
Posted By icypress to Sensible Rumour at 11/02/2009 02:17:00 AM

Japan Today, 30th Oct, 09

ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ ပထမကော်မတီက ဆုံးဖြတ်ချက်တစ်ခုကို ကြာသပတေးနေ့က ထောက်ခံတင်ပြခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်ကို ဂျပန်နိုင်ငံက တင်ပြလာခြင်းဖြစ်ပြီး နျူကလီယာလက်နက်များ ဖျက်သိမ်းရေးအတွက် တောင်းဆိုချက်တစ်ခု ဖြစ်ပါသည်။ မြောက်ကိုရီးယားနှင့် အိန္ဒိယ ၂ နိုင်ငံက အဆိုပါဆုံးဖြတ်ချက်အပေါ် ကန့်ကွက်ခဲ့ကြသည်။ တရုတ်၊ ကျူးဘား၊ ပြင်သစ်၊ အီရန်၊ မြန်မာ၊ ပါကစ္စတန်၊ ဘူတန်နှင့် အစ္စရေးတို့က ကြားနေခဲ့ကြသည်။

လက်နက် ဖျက်သိမ်းရေး ကိစ္စများကို တာဝန်ယူ ဆောင်ရွက်နေသော ကုလသမဂ္ဂ ပထမ ကော်မတီတွင် အဆိုပါ ကိစ္စကို မဲခွဲဆုံးဖြတ်ရာ အမေရိကန်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း (၁၇၀) က ထောက်ခံခဲ့ကြသည်။ အမေရိကန်သည် (၉) နှစ်အတွင်း ယခုကဲ့သို့ ပထမဆုံးအကြိမ် မဲပေး ထောက်ခံခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဆုံးဖြတ်ချက်တွင် ကုလသမဂ္ဂ အဖွဲ့ဝင်များသည် နျူကလီယာလက်နက် လုံးဝဖျက်သိမ်းရေးအတွက် လက်တွေ့ကျသော ထိရောက်မှုရှိသည့် လုပ်ဆောင်မှုများကို ပြုလုပ်ကြရန် တောင်းဆိုထားသည်။ ငြိမ်းချမ်း သာယာသော နျူကလီယာလက်နက် ကင်းစင်သည့် ကမ္ဘာဖြစ်လာရန် ရည်ရွယ်ကြောင်း သိရသည်။

 



--
Posted By icypress to Sensible Rumour at 11/02/2009 01:29:00 AM

29th Oct, 09

The Economics Times

နိုင်ငံပိုင်သဘာဝ ဓာတ်ငွေ့ကော်ပိုရေးရှင်း ONGC ၏ ပင်လယ်ရပ်ခြားဆိုင်ရာ ဌာနခွဲဖြစ်သည့် ONGC Videsh Ltd အား မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့သိုက် နှစ်ခုတွင် အမေရိကန်ဒေါ်လာ ၁၇၄ သန်း ရင်းနှီးမြှုပ်နှံရန် အစိုးရက ကြာသပတေးနေ့တွင် ခွင့်ပြုလိုက်သည်။

ဘင်္ဂလား ပင်လယ်အော်ရှိ သဘာဝဓာတ်ငွေ့လုပ်ကွက် A1 နှင့် A3 တွင် အမေရိကန်ဒေါ်လာ ၁၇၄ သန်း ရင်းနှီးမြှုပ်နှံမည့် OVL ၏ အစီအစဉ်ကို Cabinet Committee of Economic affairs (စီးပွားရေးမူဝါဒဆိုင်ရာ အစိုးရကော်မတီ) က အတည်ပြုလိုက်သည်ဟု တရားဝင် သတင်းများအရ သိရပါသည်။

OVL က ဓာတ်ငွေ့သိုက်များ၏ အကျိုးအမြတ် ၂၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်မည် ဖြစ်ပြီး အဆိုပါ ဓာတ်ငွေ့သိုက်များတွင် တွေ့ရှိထားသော အရန်သဘာဝ ဓာတ်ငွေ့စီမံကိန်း ဖွံ့ဖြိုးရေးတွင် ရင်းနှီးမြှုပ်နှံရန် လိုအပ်သည့် ငွေကြေးကို ၎င်း၏ ပိုင်ဆိုင်မှုများနှင့် ဘဏ်ချေးငွေများမှ ရရှိပါမည်။

နိုင်ငံပိုင် သဘာဝဓာတ်ငွေ့လုပ်ငန်း GAIL India ကလည်း ၁၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသော အဆိုပါ ရေနံလုပ်ကွက်များကို ဦးဆောင်နေသူမှာ တောင်ကိုရီးယား ဒေဝူး ဖြစ်ပါသည်။

ယခု ရင်းနှီးမြှုပ်နှံမှုများသည် အရန်ထားရှိသည့် ဟိုက်ဒရို ကာဘွန်များ ပိုမိုစုဆောင်းနိုင်ရေးကို အထောက်အကူ ပေးရန်နှင့် OVL, GAIL တို့ ပါဝင်မြှုပ်နှံထားသည့် A1, A3 လုပ်ကွက်များမှ သဘာဝဓာတ်ငွေ့များ ထုတ်လုပ်မှုနှင့် ဈေးကွက်တင်ခြင်းကို ပိုမိုချောမွေ့ လွယ်ကူစေရန် မျှော်လင့်ထားသည်ဟု ဆိုပါသည်။

စီမံကိန်း ဦးဆောင်သူ ဒေဝူးက ရေနံသိုက် ၂ ခုတွင် ၂၀၁၀ မတ်လအထိ သုံးစွဲရန် လျာထားမှုမှာ အမေရိကန်ဒေါ်လာ ၈၆၉.၂၅ သန်းခန့် ဖြစ်သောကြောင့် OVL ၏ ရှယ်ယာ ၂၀ ရာခိုင်နှုန်းမှာ အမေရိကန်ဒေါ်လာ ၁၇၃.၈၅ သန်းခန့် ဖြစ်ဖွယ် ရှိပါသည်။



--
Posted By icypress to Sensible Rumour at 11/02/2009 01:23:00 AM

Gulf Times, 30th Oct, 09

တရုတ်နိုင်ငံသည် အရှေ့တောင်ပိုင်းတွင် ရှိသော ဘင်္ဂလားဒေ့ရှ် ဆိပ်ကမ်းမြို့ စစ်တကောင်း သို့ မြန်မာနိုင်ငံမှ တစ်ဆင့် လမ်းဆက်သွယ်ရန် ဆန္ဒရှိနေပါသည်။ ဒါကာမြို့တွင် ပြုလုပ်သော Dhaka Reporters' Unity Auditorium တွင် ကျင်းပပြုလုပ်ခဲ့သော မီဒီယာ ရှင်းလင်းပွဲတွင် တရုတ်သံအမတ်ကြီး Zhang Xianyi က "ကျွန်ုပ်တို့ စစ်တကောင်း (Cox Bazar) ကို ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် Ghundum ဒေသကနေ တစ်ဆင့် ဆက်သွယ်လိုပါတယ်"  ဟုပြောကြားခဲ့သည်။ Xianyi သည် ယခုနှစ် မတ်လအတွင်းက သံအမတ်ရာထူးကို စတင်တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။ အဆိုပါ ဘင်္ဂလားဒေ့ရှ်- မြန်မာ- တရုတ် အမြန်လမ်းမကြီးကိစ္စကို ၃ နိုင်ငံ အစိုးရများက စဉ်းစားနေကြကြောင်းလည်း ပြောသည်။ တရုတ်နိုင်ငံသည် မြန်မာနယ်စပ်အထိ အဝေးပြေး လမ်းမကြီးကို ဖောက်နေကြောင်း၊ တရုတ်နိုင်ငံသည် သူ၏ အိမ်နီးချင်းနိုင်ငံများနှင့် ကုန်းလမ်းနှင့် ရေလမ်းတို့မှတဆင့် ဆက်သွယ်လိုကြောင်းလည်း ဆက်လက် ပြောကြားခဲ့သည်။

 



--
Posted By icypress to Sensible Rumour at 11/02/2009 12:43:00 AM

[HIM: Bur -143]
Day Clubများ ရန်ကုန်မြို့ လူစည်ကားရာနေရာများ၌ လွန်ခဲ့သော ၂၀၀၀ပြည့်နှစ် ၀န်းကျင်၌ စတင်ပေါ်ပေါက် လာခဲ့ပြီး ၂၀၀၄ ခုနှစ်ဝန်းကျင်တွင် Day Clubများအားလုံး ရပ်ဆိုင်းပိတ်ပစ်ခဲ့ရကာ ၂၀၀၈ခုနှစ် နိုဝင်ဘာလ ၀န်းကျင်မှ စတင်၍ ပြန်လည်ဖွင့်လှစ်လာကြောင်း စုံစမ်းသိရှိရသည်။ Day Clubများမှာ ရန်ကုန်မြို့ လူစည်ကားရာနေရာဖြစ်သည့် ဗဟန်းမြို့နယ်၊ ကန်တော်ကြီးဥယျာဉ်အတွင်း၌လည်းကောင်း၊ ဒဂုံမြို့နယ်ပြည်သူ့ဥယျာဉ် အတွင်း၌ လည်းကောင်း ဖွင့်လှစ်ထားကြောင်း သိရှိရသည်။
ဖွင့်လှစ်ထားသော Day Club များမှာ နံနက် ၁၀နာရီမှ ညနေ ၅ နာရီဝန်းကျင်အထိ ဖွင့်လှစ်ထားသဖြင့် ကျောင်းတက်ကျောင်းဆင်းချိန်နှင့် တိုက်ဆိုင်နေသဖြင့် သွားရောက်သူလူငယ်၊ လူရွယ်အများစုမှာလည်း ကျောင်းနေအရွယ် များဖြစ်ကြောင်း အဆိုပါ Day Clubများသို့ သွားရောက်ဖူးသူ လူငယ်တစ်ဦးက ပြောကြားခဲ့ပါသည်။
''ကျွန်တော်ကတော့ Day Clubကို သူငယ်ချင်းတွေနဲ့စုပြီး တစ်လတစ်ခါလောက်တော့ သွားဖြစ်ပါတယ်။ လာတဲ့အရွယ်တွေ အများစုကလည်း မိဘအုပ်ထိန်းမှုအောက်က မလွတ်သေးတဲ့ အသက် ၁၂နှစ် ကနေ ၁၈နှစ်အရွယ် ကျောင်းနေအရွယ် လူငယ်လူရွယ်တွေ များပါတယ်'' ဟုအသက်၂၀အရွယ်ရှိ လူငယ်တစ်ဦးက ပြောပါသည်။
အဆိုပါ Day Club များသို့ သွားရောက်သူ ကျောင်းသား ကျောင်းသူများမှာ ကျောင်းမတက်၍ သော်လည်းကောင်း၊ အပန်းဖြေဥယျာဉ်များ၌ သွားရောက်ဆော့ကစား ခြင်းစသည့် အကြောင်းပြချက် အမျိုးမျိုးဖြင့် အုပ်ထိန်းသူမိဘများကို အကြောင်းပြကာ သွားရောက်လေ့ ရှိနေကြောင်း သိရှိရသည်။ ထို့အတူ သွားရောက်လေ့ရှိ သည့် ကျောင်းနေအရွယ်လူငယ် များနှင့်စည်းကမ်းကြီးသော အုပ် ထိန်းသူမိဘများ၏ သားသမီးများမှာ Day Club ပိတ်ချိန်အိမ်ပြန်ရာ၌ အ၀တ်အစား တစ်စုံစီအပိုယူလာပြီး အ၀တ်အစားလဲလှယ်၍ အိမ်သို့ပြန်လေ့ရှိကြောင်း သိရှိရသည်။
Day Club ကိုလာတဲ့ လူငယ်တွေက Club ဖွင့်ချိန်၁၀ နာရီတောင် မထိုးသေးဘူး၊ အောက်မှာ စုရုံးစုရုံးနဲ့ အစောကြီး ရောက်ရှိနေပါတယ်။ တချို့လူငယ်တွေကြတော့ လည်း မွန်းတည့်၁၂ နာရီကနေ ၁နာရီအတွင်း အများဆုံးလာကြပါ တယ်။ ကျောင်းကနေ Club ကိုလာတဲ့ လူငယ်တွေဆိုရင် တစ်နေရာရာမှာ အပြင်အကျီလဲပြီး Club ထဲကို လာကြပါတယ်။ ပြန်တော့လည်းသူတို့က မူလအတိုင်းဝတ်လာတဲ့အ ၀တ်အစားတွေကို အိမ်သာထဲနဲ့ကား ထဲတွေမှာပြန်လဲပြီး အိမ်ကိုပြန်ကြပါတယ်။
အချို့မိန်းကလေးတွေဆို ရင်လာတုန်းက မိန်းကလေးသူငယ် ချင်းစုစုပေါင်း ၅ယောက်လာတယ်။ Club ထဲမှာအချိုရည် (သို့မဟုတ်) စိတ်ရစ်ထွေပြားစေတဲ့ အခြားအရည်တွေသောက်ပြီး ပျော်မြူးကြတယ်။ တချို့ကြတော့လည်း စီးကရက်လေးတွေဖွာပြီး ပျော်မြူးနေကြပါတယ်။ အဲဒီအထဲမှာပဲ ပျော်မြူးနေ ရင်းနဲ့ တခြားသူစိမ်း အမျိုးသားတွေနဲ့ ရင်းနှီးပြီးပြန်တဲ့အခါမှာ မိန်းကလေး သူငယ်ချင်းစုစုပေါင်း ငါးယောက်ကနေ စုစုပေါင်း ၁၀ယောက်ဖြစ် သွားပြီး Club ကနေအပြန် အခြား နေရာတွေကို ဆက်လက်ခြေဆန့် တဲ့သူတွေလည်းရှိပါတယ်' ဟုအသက် ၂၇အရွယ်ရှိ အမျိုးသားတစ်ဦးက ဆက်လက် ပြောကြားခဲ့သည်။
အလားတူ Day Club များ အပြန်၌ သူစိမ်းမိန်းကလေးနှင့် သူ စိမ်းအမျိုးသားတို့ ခင်မင်ရင်းနှီးမှု များဖြစ်ခဲ့ပြီး Day Club အတွင်း၌ အခန်းငယ်လေးများတွင် ရင်းရင်းနှီး နှီးပွေ့ဖက်ခြင်းလည်းကောင်း၊ အပြန်၌အခြားနေရာများသို့ ခြေဆန့်ခြင်းလည်းကောင်း၊ အချို့မှာမူ ဆက် သွယ်ရန် email, phone နံပါတ် များရယူ၍ နောက်ပိုင်းတွင်ခင်မင်မှု ရရှိကာ အခြားနေရာများတွင်ချိန်းဆို၍ မိမိအသက်အရွယ်နှင့် မသွားသင့်သည့်နေရာမျိုး သွားသူများ လည်းရှိနေကြောင်း သိရှိရသည်။ '
'ကျွန်တော်ကတော့ ကန်တော်ကြီးအ၀င်အထွက်ပေါက်မှာ အငှားယာဉ်မောင်းပြီး စီးပွားရှာနေတာပါ။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကဆိုရင် ကောင်လေးတစ်ယောက်က အိမ်ပြန်ဖို့ Taxi ငှားတယ်။ ပြီးတော့ အဲဒီကောင်လေးက ကားပေါ်မှာပဲ ဆေးလိပ်သောက်တယ်။ သူ့ကို ကျွန်တော်က ဘယ်နှတန်းရောက်ပြီလဲ မေးတော့ ၆တန်းတက်နေတယ်လို့ ဖြေပါတယ်။ နောက်တစ်ခါကြုံရ တာကမိန်းကလေးက ၁၆နှစ်အရွယ် လောက်ပဲရှိသေးတယ်။ သူနဲ့တွဲလာ တဲ့ကောင်လေးက ၁၈နှစ်လောက်ပဲ ရှိသေးပါတယ်။
ပြီးတော့ သူတို့နှစ် ယောက်စလုံးက မူးနေကြတယ်။ ပို့ခိုင်းတဲ့နေရာကလည်း ဖိုးစတား၊ ဖိုက်စတားအဆင့်ရှိတဲ့ နေရာတစ်နေ ရာပို့ပေးပါလို့ ပြောပါတယ်။ ကျွန်တော်က အငှားယာဉ်မောင်းဖြစ်တယ်။ Customer သွားချင်တဲ့နေရာ ကိုပို့ပေးရတာပါ။ တားပိုင်ခွင့်လည်းမရှိပါဘူး။ နောက်ဆုံးပြောချင်တာကတော့ အုပ်ထိန်းသူမိဘ တွေလိုအပ်ချက် ရှိသလို လူငယ်လူရွယ်တွေအနေနဲ့လည်း ခေတ်နဲ့အညီ အတုယူပြောင်းလဲသင့်တဲ့ ရေစီးကြောင်းတွေ မှားနေတယ်လို့ ထင်ပါတယ်''ဟု တက္ကစီယာဉ်မောင်းတစ်ဦးက ပြောကြားခဲ့သည်။
Day Club အများစုသည် စီပွားရေး ပြုလုပ်နေခြင်းဖြစ်သော်လည်း လူမှုရေးအရ ကိုက်ညီမှုမရှိ သည့် ၁၈နှစ်အောက် ကျောင်းသား၊ လူငယ်များကို ၀င်ရောက်ခွင့်မပြု သင့်ကြောင်း ကျောင်းသားမိဘများက ဆိုပါသည်။ ''ကျွန်မတို့က အပြင်ကိုသွားရင်းနဲ့ ကျောင်းနေအရွယ်ကလေးတွေက ဟော့ရှော့ဒီဇိုင်းတွေနဲ့ အဲဒီ အဆောက်အအုံကို အ၀င်အထွက် ပြုနေတာတွေ့ရလို့ အနားပတ်ဝန်း ကျင်ကလူတွေကို မေးကြည့်တော့ အဲဒီဟာက Day Club လို့ပြောတယ်။ တချို့လူငယ်မိန်းကလေး တွေဆိုရင် အရမ်းကိုပေါ်လွင်စေတဲ့ အ၀တ်အစားဒီဇိုင်းတွေကို တွေ့ရတယ်။ ဒီအခြေအနေတွေကို မြင်လိုက်တော့ အရမ်းစိုးရိမ်စိတ်တွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ အဲဒီအရွယ်တွေရှိတဲ့ ကလေး၂ ဦးရဲ့ အုပ်ထိန်းသူ ဖြစ်နေလို့ပါ။ ကျွန်မတို့ရဲ့မျက်ကွယ်မှာ ဒီလိုနေရာတွေမျိုး သွားနေမှာကို အရမ်းစိုးရိမ်မိပါတယ်။ ဒီလိုနေရာ မျိုးတွေများလာလို့ ကလေးတွေကို ထိန်းမနိုင်ဘူးဆိုရင် ဘယ်လိုလုပ်ရမလဲ။ ကလေးတွေရဲ့အနာဂတ် စိုးရိမ်စရာနေရာ တစ်ခုလို့မြင်မိပါတယ်''ဟု အသက် ၁၀ နှစ်အရွယ် နှင့် ၁၇နှစ်အရွယ်ရှိ ကျောင်းသား၊ ကျောင်းသူတို့၏ မိခင်တစ်ဦးက ပြောကြားခဲ့သည်။
အ.ထ.က(၄)အလုံမှ ကျောင်း အုပ်ဆရာမကြီး ဒေါက်တာသက် သက်စံက ''၁၈နှစ်အောက်ကလေးတွေဆိုတာ သူတို့ကိုသူတို့ ထိန်းထိန်းသိမ်းသိမ်း မလုပ်နိုင်သေးတဲ့ အရွယ်တွေပါ။ ကလေးတွေအနေနဲ့ ခေတ်ရဲ့ရေစီး ကြောင်းတွေအရ အချိန်မရွေးပျက် စီးမှုလမ်းကြောင်းပေါ် ရောက်ရှိသွားနိုင်ပါတယ်။ သူတို့တွေအနေနဲ့ထူး ဆန်းတာတွေ့ရင် သွားချင်မယ်။ ဒီလိုမျိုးသွားတဲ့အခါမှာ ခေတ်ရေစီးကြောင်းအရ မကောင်းတဲ့ အကျင့် စရိုက်တွေ အရင်ဆုံးကူးစက်လာမယ်။ ဒီလိုမျိုးမဖြစ်အောင် ကျောင်းမှာ ကလေးတွေအတွက် ခွင့်တိုင်မယ်ဆိုရင် မိဘတွေကိုယ်တိုင် ခွင့်တိုင်မှခွင့်ပေးပါတယ်။ ဒီလိုမှမလုပ်ရင် မိဘတွေကလည်း ကလေးတွေ ကျောင်းသွားတယ် ဆိုပြီးစိတ်ချနေကြမှာပဲ။ ဒီပုံစံမျိုးက ကလေးတွေကို ကျောင်းကနေတစ်ဆင့် မြန်မာ့ယဉ်ကျေးမှုနဲ့ ကိုက်ညီမှုမရှိတဲ့ နေရာတွေကို ရောက်ရှိမသွားအောင် ထိန်းသိမ်း တဲ့သဘောပါ''ဟုပြောကြားခဲ့သည်။
အလားတူ အ. ထ.က (၁) ဒဂုံ ကျောင်းအုပ်ကြီးဖြစ်သူ ဒေါက်တာကိုကိုအောင်ကလည်း Day Club ဖွင့်တဲ့သူတွေအနေနဲ့ ဘာလုပ်ပေးရ မလဲဆိုရင် ကျောင်းသား ကျောင်းသူ အရွယ်တွေကို ၀င်ခွင့်မပြုဖို့လုပ်ပေးရမယ်။ သူတို့ရဲ့စီးပွားရေးကိုတော့ ဘာမှမပြောလိုပါဘူး။ ကျွန်တော်တို့ ကျောင်းသူကျောင်းသားတွေရဲ့ တာဝန်ရှိသူတွေ အနေနဲ့က ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်က အစည်းအဝေးတစ်ခုလုပ်ခဲ့တယ်။ အဓိက ကကျောင်းကို မလာဘူးဆိုရင်အတန်း ပိုင်ဆရာမအနေနဲ့ ဘာကြောင့်လဲဆို တာမိဘတွေဆီကိုဆက်သွယ်စုံစမ်း မေးမြန်းရမယ်။ တချို့ကျတော့ လည်းခွင့်တိုင်ပြီး ပျက်တာရှိတယ်။ တချို့ကျတော့လည်း ခွင့်မတိုင်ဘဲပျက်တာရှိတယ်။
တချို့မိဘတွေကျတော့လည်း ဆက်သွယ်မေးမြန်းရ တာခက်တယ်။ ကျွန်တော်တို့ အခု လုပ်မယ့်အစီအစဉ်က ကျောင်းတက် ရမယ့်အချိန်တွေမှာ ပြင်ပမှာ ကျောင်းသူကျောင်းသားလို့ ထင်ရတယ်ဆိုရင် သက်ဆိုင်ရာပညာရေးမှူး ကနေတစ်ဆင့် ဒီကျောင်းသား ကျောင်းသူနောက်ကို လိုက်ရမယ်။ စစ်ဆေးမှုတွေ ပြုလုပ်ပါမယ်။ ဒီDay Clubတွေကြောင့်လည်း ကျောင်းသူ ကျောင်းသားတွေ လမ်းမှားမရောက်ဖို့ အတတ်နိုင်ဆုံး ဆောင်ရွက်သွားပါမယ်။ မိဘတွေအနေနဲ့ကလည်း မိမိရဲ့ကလေးကို ထိန်းကြပ်မှု ပိုလုပ်သင့်ပါတယ်''ဟုပြောကြား ခဲ့ပါသည်။
ဥပဒေပညာရှင်တစ်ဦးက ''အခု Day Club တွေကိုသွားနေတဲ့ အရွယ် တွေထဲမှာကျောင်းနေအရွယ်ကလေး တွေပါနေတယ်လို့သိရတယ်။ ဒါက ဥပဒေနဲ့ ငြိစွန်းနိုင်တယ်။ ဘယ်လို ငြိစွန်းနိုင်သလဲဆိုရင် အသက်၁၆ နှစ်မပြည့်သေးတဲ့ ကလေးသူငယ် တွေကို အရက်ရောင်းချတဲ့ အရက်ဆိုင်မှာ ကလေးတွေကို အလုပ် လုပ်ခိုင်းတာ(သို့မဟုတ်) အရက်သောက် ဖို့ခွင့်ပြုတာတွေက ကလေးသူငယ် ဥပဒေအရ ထောင်ဒဏ်ရောငွေဒဏ် ပါကျခံရနိုင်တယ်။ နောက်ပြီး ဒီ Day Club တွေထဲမှာ အရက်ရောင်းနေ တာတွေကြားသိရတယ်။
အဲဒီတော့ သွားတဲ့ ကလေးငယ်တွေအနေနဲ့ အနည်းနဲ့ အများသောက်မိဖို့ ရာခိုင် နှုန်းများတယ်။ အဲဒီလို သောက်နေတာကိုသိသိနဲ့ ခွင့်ပြုထားသူတွေ အနေနဲ့ အရေးယူခံရနိုင်ပါတယ်။ ပြီးတော့ ကလေးသူငယ်တွေအကျင့် စာရိတ္တပျက်ပြား စေတာတွေကို လုပ်ခွင့်ပြုတာတွေကလည်း ဥပဒေအရ အရေးယူ ခံရနိုင်ပါတယ်။ အဲဒီလိုမျိုးတွေကို ကလေးသူငယ် ဥပဒေပုဒ်မ ၆၅အရ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံနိုင်ပါတယ်''ဟု ပြောကြားခဲ့သည်။
ကျောင်းသားမိဘတစ်ဦးက ''ဒီလိုမျိုးနေရာမျိုးတွေမှာ လူငယ် တွေအကျင့်စာရိတ္တ ပျက်ပြားစေမယ့် အရာတွေ အများကြီးရှိပါတယ်။ ကလေးတွေကတော့ လူများတကာတွေ သွားနေတဲ့အသံတွေကို အဆင့်ဆင့်ကြားပြီးတော့ စူးစမ်းကြပါတယ်။ ဒါပေမယ့်လည်း လူငယ်တွေ အနေနဲ့သောက်စားမူးယစ် ပျော်မြူးရင်းနဲ့ နောက်ဆက်တွဲပြဿနာတွေ ထပ်ဖြစ်မှာစိုးရိမ်ပါတယ်။ ကျွန်မတို့အနေနဲ့လည်းသား၊ သမီးတွေ အပေါ်ထိန်းသိမ်းမှုက အပြည့်အ၀ မလွမ်းခြုံနိုင်ပါဘူး။ ကလေးတွေကို Day Club တွေအနေနဲ့ ပေးမ၀င်ဖို့ လိုပါတယ်'' ဟုပြောကြားခဲ့သည်။
ယင်းကဲ့သို့ ခေတ်ရေစီးကြောင်း အရဖြစ်ပေါ်လာသည့် Day Club များအပေါ် လူငယ်များမျောပါစီး ၀င်မှုနည်းပါး လာစေရန် မိဘများ အနေဖြင့် စိုးရိမ်ပူပန်စွာစောင့်ကြည့် ထိန်းသိမ်းမှုများ လိုအပ်သလို အုပ်ထိန်းသူကျောင်းဆရာ၊ ဆရာမ များအနေဖြင့်လည်း မိမိတပည့် များ၏အခြေအနေ အမှန်ကိုစဉ်ဆက် မပြတ်စောင့်ကြည့်အကဲခတ်ရန် လိုအပ်မည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ယခုကိစ္စရပ် အပေါ်အားလုံးက၀ိုင်းဝန်းအဖြေရှာ ဆောင်ရွက်သွားသင့်သလို လူငယ်လူရွယ်များ အနေဖြင့်လည်း ခေတ်၏ တိုးတက်ပြောင်းလဲလာမှု အပေါ်မှ မိမိဘ၀အတွက် မည်သည်ကအကျိုး၊ မည်သည်ကအပြစ် ဆိုသည်များကို မှန်မှန်ကန်ကန် ရွေးချယ်နိုင် ရန် စဉ်းစားချင့်ချိန်သွားကြရန်။
Day Club များသို့ ၁၈ နှစ်အောက်လူငယ်များ သွားရောက်နေမှုအပေါ် မိဘများစိုးရိမ် --
ဟင်း[မ်] မြန်မာပိုင်းသို့ အိတ်ခ်ျအိုင်ဗီ ကျန်းမာရေး ပညာပေးနှင့် သက်ဆိုင်လျှင် ဆက်သွယ်နိုင်ပါသည်။ ကျနော်/ ကျမတို့ ထံမှ အိတ်ခ်ျအိုင်ဗီနှင့် ပတ်သက် သော သတင်းအချက်အလက်များ ရယူလိုပါက himburmese[at]gmail [dot] comကိုဆက်သွယ် နိုင်ပြီး၊ မိမိတို့ရဲ့ အီးမေးလ်လိပ်စာများအား အခြားသူများထံ မပေါက်ကြား စေရန် တာဝန်ယူပါသည်။ အိတ်ခ်ျအိုင်ဗီဖြင့် ပတ်သက်သော မိမိတို့ကိုယ်တိုင်ရေး အတွေ့အကြုံများ၊ အခြားအတွေ့အကြုံများ၊ သတင်း အချက်အလက် များကိုလည်း အထက်ပါ လိပ်စာသို့ ပေးပို့နိုင်ပါသည်။

--
Posted By icypress to Sensible Rumour at 11/01/2009 10:25:00 PM