Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy News, 15th March 2010

ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲတွင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုၟကည်  အပါအဝင် အစိုးရ ဆန့်ကျင်သူများ မပါဝင်နိုင်အောင် တားဆီးထားသည့် နိုင်ငံရေး ပါတီ မှတ်ပုံတင်ခွင့် ဥပဒေနှင့် ပတ်သက်၍ အိမ်နီးချင်းနိုင်ငံ အများစုက နှုတ်ဆိတ်လျက် ရှိနေသည်။

အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံ အနက် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားကသာ တနင်္လာနေ့ကေၟကညာခဲ့သော မြန်မာ့ရွေးကောက်ပွဲ ဥပဒေအပေါ် မှတ်ချက်ပေးခဲ့ၟကသည်။

"ဒေါ်အောင်ဆန်းစုၟကည်ကို လွှတ်မပေးဘူး၊ သူမနဲ့ NLD ပါတီကို ရွေးကောက်ပွဲ ဝင်ခွင့်မပေးဘူး ဆိုရင်တော့ သိပ်ကို ရယ်စရာကောင်းတဲ့ ဟာသပြဇာတ်တစ်ပုဒ်လို ဖြစ်သွားပြီ၊ သူတို့ပြောနေတဲ့ ဒီမိုကရေစီ လမ်းညွှန်မြေပုံနဲ့ တခြားစီပဲလေ" ဟု ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး အယ်ဘတ်တို ရိုမြူလိုက ၟကာသပတေးနေ့တွင် ပြောၟကားလိုက်သည်။

မနီလာ နည်းတူပင် ဂျကာတာကလည်း မြန်မာ စစ်ဖက် အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေကို ပြစ်တင် ဝေဖန်လိုက်သည်။ "ဒီဥပဒေေၟကာင့် ရွေးကောက်ပွဲမှာ မပါဝင်သင့်သူတွေ မပါနိုင်အောင် ကန့်သတ်ထားလို့ပါပဲ" ဟု အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ တူကူဖိုင်ဇာယာက ပြောၟကားသည်။

ယခင် စစ်အာဏာရှင် နိုင်ငံအဖြစ်မှ ကမ္ဘာ့ တတိယ အကြီးဆုံး ဒီမိုကရေစီ နိုင်ငံ ဖြစ်လာသူ အင်ဒိုနီးရှား နိုင်ငံသည် မြန်မာနိုင်ငံ ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် အကောင်းဆုံး နမူနာ ဖြစ်လိမ့်မည်ဟု စီးပွားရေး ပညာရှင်များ အပါအဝင် နိုင်ငံရေး အကဲခတ်များက လေ့လာတင်ပြ ၟကသည်။

သို့ရာတွင် မြန်မာစစ်ဖက် အစိုးရသည် အင်ဒိုနီးရှား နိုင်ငံ ဆူဟာတို၏ ဂိုလ်ကာ ပါတီနှင့် ဆင်တူသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကို ဖွဲ့စည်းခဲ့သည်။

အင်ဒိုနီးရှား သမ၌တ ဘန်ဘန်းယူတိုယိုနိုက ၎င်း၏ နိုင်ငံခြားရေး ဝန်ကြီး မာတီ နာတာလီဂါဝမ်ကို မြန်မာနိုင်ငံသို့ ယခုနှစ် လကုန်တွင် စေလွှတ်ရန် စီစဉ်ထားပြီး လာမည့် ရွေးကောက်ပွဲ အတွက် အနောက်နိုင်ငံများက တောင်းဆိုထားသော အားလုံး ဝင်ခွင့်ပြုရေး ကိစ္စ အပါအဝင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ အပေါ် ထောက်ခံမှုကို ပိုမိုပြသရန် အင်ဒိုနီးရှားက မျှော်လင့်ထားသည်။

သို့ရာတွင် ကျန်အာဆီယံ တစ်ဖွဲ့လုံးမှာမူ နှုတ်ဆိတ်လျက် ရှိၟကသည်။ အာဆီယံ၏ အလှည့်ကျ ဥက္ကဋ္ဌ ကွန်မြူနစ် ဗီယက်နမ်ကလည်း မြန်မာ့ ရွေးကောက်ပွဲ ဥပဒေအပေါ် အလျင်စလို တုန့်ပြန်ေၟကညာခြင်း ပြလုပ်လိုပုံ မရပေ။

"ရွေးကောက်ပွဲမှာ အားလုံးကို ပါဝင်ခွင့်ပေးဖို့ အာဆီယံက တောင်းဆိုထားတာကို ပယ်ချထားတဲ့ ရွေးကောက်ပွဲ ဥပဒေေၟကာင့် အာဆီယံ တစ်ဖွဲ့လုံး တုန်လှုပ်သွားတယ်၊ အာဆီယံနိုင်ငံတွေ ဘာပြန်ပြောရမှန်းမသိနိုင်အောင် ဖြစ်သွားၟကတယ်" ဟု Alternative Asean Network  á€™ှ ညှိနှိုင်းရေးမှူး  Debbie Stothart က ဧရာဝတီသို့ တနင်္လာနေ့တွင် ပြောၟကားခဲ့သည်။

ပြီးခဲ့သော ဖေဖော်ဝါရီလတွင် အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်၊ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟောင်း ဆူရင်ပစ်ဆူဝမ်က BBC ဒူးတိုက် ဆွေးနွေးခန်း အစီအစဉ်သို့ ပြောၟကားရာတွင် ၂၀၁၀ မြန်မာနိုင်ငံ ရွေးကောက်ပွဲများ လက်ခံ ယုံၟကည်နိုင်မှုနှင့် ပွင့်လင်း မြင်သာမှု ရှိရန် အာဆီယံက မျှော်လင့်ထားေၟကာင်း၊ သို့သော်လည်း ရွေးကောက်ပွဲ၏ အသေးစိတ် အနေအထားကို ၟကားဝင် စွက်ဖက်နိုင်မည် မဟုတ်ေၟကာင်း မှတ်ချက်ပေးခဲ့သည်။

"ပြီးပြည့်စုံတဲ့ ရွေးကောက်ပွဲ ဆိုတာ မရှိပါဘူး၊ စလုပ်ဖို့ဘဲ လိုပါတယ်၊ ဒါေၟကာင့်လည်း မြန်မာ အစိုးရက လုပ်ငန်းစနေတာပါ၊ ဒီနှစ်ကုန်မှာ ရွေးကောက်ပွဲ လုပ်ပေးမယ်လို့ သူတို့ ကတိပေးထားပါတယ်" ဟု ဆူရင်က ပြောၟကားခဲ့ပြီး "မြန်မာ စစ်ခေါင်းဆောင်တွေရဲ့ ရွေးကောက်ပွဲ ကတိကို အပေါင်းလက္ခဏာ ဆောင်တဲ့ ရှုထောင့်က ၟကည့်သင့်ပါတယ်" ဟု ၎င်းက ဖြည့်စွက် ပြောဆိုသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံး ရင်းနှီးမြုပ်နှံသူနှင့် ကုန်သွယ်ဖက်နိုင်ငံ တစ်ခု ဖြစ်သော ထိုင်းနိုင်ငံမှာ မည့်သည့်မှတ်ချက်မှ ပေးခြင်းမရှိဘဲ လောလောဆယ်တွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာကို ထောက်ခံသူ ' ရှပ်နီ ' အုပ်စု၏ ကြီးမားသော ဆန္ဒပြပွဲများကို ထိန်းချုပ်ရန် ကြိုးစားရင်း ပြည်တွင်းရေး ရှုပ်ထွေးလျက် ရှိသည်။

အာဆီယံသည် ၎င်း၏ ၁၆ ကြိမ်မြောက် ထိပ်သီး ညီလာခံကို ဗီယက်နမ် မြို့တော် ဟနွိုင်း၌ ဧပြီ ၈-၉ ရက် တွင် ကျင်းပရန် စီစဉ်ထားသည်။ သို့သော်လည်း ညီလာခံတွင် မြန်မာ့ အရေးကို ဆွေးနွေးရန် ဟနွိုင်းက ခွင့်ပြု / မပြု မေးခွန်းထုတ်စရာ ဖြစ်နေသည်။ အာဆီယံ ဥက္ကဋ္ဌ ဗီယက်နမ်၏ ဆောင်ပုဒ်မှာ ''အာဆီယံ လူ့အဖွဲ့အစည်းသို့ ဦးတည်သည့် ရှုမြင်မှုမှ လက်တွေ့သို့'' ဟူ၍ ဖြစ်သည်။

မြန်မာနိုင်ငံ ကိစ္စသည် အာဆီယံ၏ အသွင် သဏ္ဍာန်ကို သေးသိမ်စေသည်ဟု Stothard က ပြောၟကားသည်။ မြန်မာ့ ရွေးကောက်ပွဲ ဥပဒေသည် အာဆီယံ မအောင်မြင်ရခြင်း၏ နောက်ထပ် ဥပမာ တစ်ခုပင် ဖြစ်သည်ဟု သူမက ပြောဆိုလိုက်သည်။

အာဆီယံ၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ဆက်ယူမည့် နိုင်ငံများမှာ ဘရူနိုင်း (၂၀၁၁) နှင့် ကမ္ဘောဒီးယား (၂၀၁၂) တို့ ဖြစ်သည်။ ဗီယက်နမ်ကဲ့သို့ပင် အဆိုပါနိုင်ငံများသည်လည်း မြန်မာ့ နိုင်ငံရေးကို စိတ်ဝင်စားခြင်း မရှိၟကပါ။

အရှေ့အာရှနှင့် ပစိဖိတ် ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell သည် ၎င်း၏ အာဆီယံ ၁၀ နိုင်ငံ ခရီးစဉ်ကို လှည့်လည်နေသည်။ အာဆီယံ မဟာမိတ်များနှင့် ခြားနားစွာပင် အမေရိကန်ပြည်ထောင်စုက မြန်မာ အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေကို လူသိရှင်ၟကား ကန့်ကွက်ခဲ့သည်။

၎င်းမှာ မြန်မာနိုင်ငံရှိ အဓိက နိုင်ငံရေး အင်အားစုများ အၟကား ပြည်တွင်းဆွေးနွေးပွဲ ကျင်းပ၍ အဖြေရှာရေးကို တိုက်တွန်းရန် ကြိုးစားသည့် အနေဖြင့် အမေရိကန်က ဝင်ရောက် ဆောက်ရွက်နေခြင်း ဖြစ်သည်။ လတ်တလောေၟကညာခဲ့သည့် ရွေးကောက်ပွဲ ဥပဒေ စည်းကမ်းချက်များက အဆိုပါ ဆွေးနွေး အဖြေရှာရေး အစီအစဉ်ကို နေရာပေးထားခြင်း မရှိပါဟု Kurt Campbell က သောၟကာနေ့တွင် ဘန်ကောက်၌ ပြောၟကားခဲ့သည်။

"ကၜွန်တော်တို့ အရမ်း စိတ်အနှောင့်အယှက် ဖြစ်တယ်၊ ပြီးတော့ စိုးရိမ်တယ်၊ သိပ်ကို စိတ်မကောင်းစရာပါပဲ၊ ကၜွန်တော်တို့ မျှော်လင့်ထားသလို မဟုတ်ပါဘူး၊ ဒါဟာ နှောင့်နှေး ၟကန့်ၟကာအောင် လုပ်နေတာပါ" စသဖြင့် Campbell က ပြောလိုက်သည်။

အမေရိကန် သမ၌တ အိုဘားမား အင်ဒိုနီးရှားသို့ ယခု သီတင်းပတ်တွင် သွားရောက်ရန် စီစဉ်နေသည်။ အင်ဒိုနီးရှားနိုင်ငံတွင် အၟကမ်းဖက် နှိမ်နှင်းရေး အစီအစဉ်ကို ဆွေးနွေးမည့် အပြင် ဒေါ်အောင်ဆန်းစုၟကည်နှင့် နိုင်ငံရေး အကျဉ်းသားများကို ရွေးကောက်ပွဲ မဝင်နိုင်အောင် မြန်မာ အစိုးရက ပိတ်ပင်ထားသည့် ကိစ္စကိုလည်း အပို ဆွေးနွေးၟကဖွယ် ရှိသည်။

အာဆီယံကဲ့သို့ပင် မြန်မာနိုင်ငံ၏ အိမ်နီးချင်း ဘီလူးကြီး နှစ်နိုင်ငံ ဖြစ်သော တရုတ်နှင့် အိန္ဒိယ တို့ကလည်း မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ ဥပဒေ အပေါ် လူသိရှင်ၟကား မှတ်ချက်ပေးခြင်း မပြုလုပ်သေးပါ။

မၟကာမီ အတောအတွင်း တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် မြန်မာနိုင်ငံသို့ လာရောက်လိမ့်မည်ဟု တရုတ် သတင်းရပ်ကွက်မှ သိရှိရသည်။ သို့ရာတွင် နှစ်နိုင်ငံ စီးပွားရေး ကိစ္စများထက် တရုတ် မြန်မာ နယ်စပ် တစ်လျှောက်တွင် အစိုးရစစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်များ တင်းမာမှု ကြီးထွားနေခြင်းကို ဦးစားပေး ဆွေးနွေးၟကဖွယ်ရှိသည်ဟု ဆိုသည်။

တစ်ချိန်တည်းမှာပင် မြန်မာ့ရေနံနှင့် ဓါတ်ငွေ့ ကဏ္ဍတွင် ဒေါ်လာ ၂.၅ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံနေသည့် တရုတ်နိုင်ငံကို ယှဉ်ပြိုင်သည့် အနေဖြင့် အိန္ဒိယနိုင်ငံက မြန်မာဓာတ်ငွေ့ စီမံကိန်းများတွင် ဒေါ်လာ ၁.၃၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမည့် အစီအစဉ်ကို ယခုလ အစောပိုင်းကေၟကညာခဲ့သည်ဟု သိရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါေၟကာင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Mizzima News, 15th March 2010

ယခင် KIO ခေါင်းဆောင်တစ်ဦး ဖြစ်သူ ဒေါက်တာ မနစ်တူးဂျာ ဦးဆောင်သော ကချင်ပြည်နယ် တိုးတက်ရေးပါတီ KSPP သည် ဗဟိုကော်မတီဝင် ၁၅ ဦး၊ ပါတီဝင် အင်အား ၅၀၀ ခန့်ဖြင့် ကချင်ပြည်နယ် ကိုယ်စားပြု၍ ရွေးကောက်ပွဲများကို ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ေၟကာင်း သိရှိရသည်။

"နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် ဥပဒေမှာ ဖော်ပြထားတဲ့အတိုင်း ရက်ပေါင်း ၆၀ အတွင်း ကၜွန်တော်တို့ ပါတီကို မှတ်ပုံတင်ပါမယ်" ဟု KSPP ဥက္ကဋ္ဌ ဒေါက်တာ တူးဂျာက မဇ္ဈိမသို့ ပြောၟကားလိုက်သည်။

အကယ်၍ KSPP ပါတီ အောင်ပွဲခံခဲ့ပါက ကချင် အမျိုးသားတို့၏ ပညာရေး၊ ကျန်းမာရေး နှင့် လူမှုရေး အဆင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်လိမ့်မည်ဟု ၎င်းက ဆက်လက် ပြောဆိုသွားသည်။

ဒေါက်တာ တူးဂျာသည် ၁၉၇၅ မှ ၂၀၀၉ အထိ KIO ဒုတိယ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့ပြီး KSPP ပါတီကို ဖွဲ့စည်း ဦးဆောင်ရန် အတွက် ယမန်နှစ် စက်တင်ဘာလက KIO မှ နုတ်ထွက် လိုက်ခြင်း ဖြစ်သည်။

"ပြုပြင်ပြောင်းလဲရေး အတွက် စစ်တပ်က သူလုပ်နိုင်သလောက် လုပ်နေတယ်လို့ ကၜွန်တော် ထင်ပါတယ်။ လွှတ်တော်ရဲ့ ၂၅ % ကို သူတို့ ယူထားပြီး ၇၅ % ကို ပြည်သူတွေကို ပေးပါလိမ့်မယ်။ ပြည်သူတွေ အနေနဲ့ ဒီအခွင့်အရေးကို အသုံးချသင့်တယ်လို့ ယူဆပါတယ်" ဟု ၎င်းက သုံးသပ်သည်။

သို့ရာတွင် ကချင် နိုင်ငံရေးသမား များစွာကမူ ဒေါက်တာတူးဂျာ၏ အဆိုကို သဘောမတူၟကပါ။ ကချင်ပြည်နယ် အခြေစိုက် ကချင် ဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ KDNG ၏ ဥက္ကဋ္ဌ အွန်ဝါက မဇ္ဈိမသို့ ပြောၟကားရာတွင် ၂၀၁၀ ရွေးကောက်ပွဲသို့ မည်သည့် ကချင်ပါတီအနေနှင့် ဝင်ပြိုင်စေကာမူ အနိုင်ရခဲ့သည့်တိုင်အောင် ကချင်လူထုအတွက် စစ်မှန်သော ဖွံ့ဖြိုးရေးကို ဆောင်ယူပေးနိုင်လိမ့်မည်ဟု ၎င်းအနေနှင့် မထင်ေၟကာင်း၊ စစ်တပ်က ၂၀၀၈ အခြေခံဥပဒေအား ထိန်းသိမ်းရင်း အာဏာကို ဆက်လက်ယူထားမည့် အေၟကာင်းေၟကာင့် ဖြစ်သည်ဟု ဆိုသည်။

တစ်ချိန်တည်းမှာပင် မြန်မာအစိုးရက တရုတ်နိုင်ငံ၏ အကူအညီဖြင့် ကချင်ပြည်နယ်တွင် မြစ်ဆုံဆည်ကို တည်ဆောက်နေပြီး မြန်မာနိုင်ငံ၌ အကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်းဖြစ်သော အဆိုပါ ရေလှောင်တမံေၟကာင့် လူပေါင်း ၁၅၀၀၀ ခန့်၏ နေအိမ်များ ဖယ်ရှားပေးရခြင်း အတွက် လူ့အခွင့်အရေး လှုပ်ရှားသူများက ဆန့်ကျင် ကန့်ကွက်လျက် ရှိသည်။

ထို့အပြင် KIO ၏ စစ်ရေးဌာနခွဲ KIA တပ်ဖွဲ့ကို နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲ ဖွဲ့စည်းရန် မြန်မာအစိုးရက ဖိအားပေးနေသော်လည်း KIA က ယခုအချိန်အထိ ငြင်းပယ်ထားသည်။

မြန်မာအစိုးရက ၎င်းတို့၏ အဆင့် ၇ ဆင့် ဒီမိုကရေစီ လမ်းညွှန်မြေပုံကို အကောင်အထည် ဖော်နေခြင်း ဖြစ်ပြီး နံပါတ် ၅ အဆင့်အရ ယခုနှစ်တွင် ရွေးကောက်ပွဲများ ကျင်းပပေးပါလိမ့်မည်။ ရွေးကောက်ပွဲရက်ကို မေၟကညာသေးသော်လည်း ရွေးကောက်ပွဲ ဥပဒေကိုမူ ထုတ်ပြန် အသိပေးလိုက်ပြီ ဖြစ်သည်။

ဒီမိုကရက်တစ်ပါတီ - မြန်မာ၊ Union Democracy Alliance ပါတီ နှင့် Union of Myanmar National Political Force ပါတီများ အပါအဝင် နိုင်ငံရေးပါတီအချို့က ရွေးကောက်ပွဲဝင်မည် ဖြစ်ေၟကာင်း တရားဝင်ေၟကညာခဲ့သည်။ လူထု ထောက်ခံမှု အများဆုံး ရရှိထားသော NLD ပါတီကမူ ရွေးကောက်ပွဲဝင်ရန် ယခုထိ ဆုံးဖြတ်ခြင်း မရှိသေးပါ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါေၟကာင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy, By Saw Yan Naing, 16th March 2010

ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်ပြီးချိန် မှစ၍ ကရင်ပြည်နယ်တွင် မဲဆန္ဒရှင်များ ၟကားသို့ ကွင်းဆင်း၍ မဲဆွယ်မှု လုပ်ငန်းများ စတင် လုပ်ဆောင်နေပြီ ဖြစ်ေၟကာင်း သတင်းများအရ သိရှိရသည်။

လှုပ်ရှားနေသော နိုင်ငံရေးသမားများ အၟကားတွင် အတက်ကြွဆုံးမှာ အငြိမ်းစား ဗိုလ်မှူးကြီး စောခင်စိုး ဖြစ်သည်။ ၎င်းသည် ကရင်လူမျိုး ဖြစ်ပြီး မြန်မာ့တပ်မတော်တွင် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

သူသည် နိုင်ငံရေးပါတီ ထူထောင်ထားခြင်း မရှိသေးသော်လည်း ကရင်လူမျိုးများ၏ အကျိုးကို ထောက်ပံ့ကူညီနိုင်မည့် ကိုယ်စားလှယ်များကို မဲပေး ရွေးချယ်ၟကရန် စည်းရုံးရေး ဆင်းလျက် ရှိသည်။

          ဦးစောခင်စိုးမှာ အစိုးရက ယုံၟကည်ရသူတစ်ဦး ဖြစ်ပြီး DKBA အပါအဝင် ကရင်လူထု၏ လေးစားမှုကိုလည်း ခံရသူတစ်ဦး ဖြစ်သည်ဟု ကရင်ဖက်မှ လာသော သတင်းများအရ သိရှိရသည်။

          ၎င်းသည် စစ်တက္ကသိုလ် အပတ်စဉ် (၄) မှ သင်တန်းဆင်းပြီး၊ ဂျပန်နိုင်ငံ တိုကျိုတွင် မြန်မာ စစ်သံမှူး တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။

          ၎င်းသည် အသက် ၆၀ ကျော် ရှိပြီး၊ ၎င်းအား ထောက်ခံသူများသည် စည်းရုံးလှုပ်ရှားမှုများကို ဘားအံ၊ ကော့ကရိတ်၊ လှိုင်းဘွဲ့ နှင့် သာတောတို့တွင် ပြုလုပ်လျက် ရှိသည်။

          "သူ့ဟာ ကရင်လူမျိုးတွေၟကားမှာ ပေါ်ပြူလာ ဖြစ်လာမယ်လို့ ယုံၟကည်ရပါတယ်" ဟု DKBA နှင့် နီးစပ်သော ကရင် စီးပွားရေးသမား တစ်ဦးက ပြောသည်။

တစ်ချိန်တည်းတွင် ကရင်သမားတော်ကြီး တစ်ဦး ဖြစ်ပြီး ကရင် သူပုန်များနှင့် မြန်မာ အစိုးရၟကား ငြိမ်းချမ်းရေး အကျိုးဆောင် လုပ်ခဲ့ဖူးသူ ဒေါက်တာ စောဆိုင်မွန်သာသည်လည်း ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် နိုင်ငံရေးပါတီ ထူထောင်မည် ဖြစ်ေၟကာင်း သတင်းများက ဆိုသည်။

ဒေါက်တာ စောဆိုင်မွန်သာသည် ရန်ကုန်အခြေစိုက် ကရင် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဖြစ်သည်။

ထို့အပြင် အခြား ကရင် အငြိမ်းစားများလည်း ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် ပြင်ဆင်နေၟကသည်ဟု သိရှိရသည်။

ရွေးကောက်ပွဲတွင် ပါဝင်ရန် စိတ်မဝင်စားသော ကရင်အဖွဲ့များမှာ ကရင် ခွဲထွက်ရေး အဖွဲ့များ ဖြစ်သော DKBA ၊ ဗိုလ်ချုပ်ကြီး သမူဟဲ ခေါင်းဆောင်သော ကရင် ငြိမ်းချမ်းရေး တပ်ဖွဲ့၊ ဗိုလ်ချုပ် ထိန်မောင် ဦးစီးသော KNU/KNLA အဖွဲ့ နှင့် ဖဒိုအောင်ဆန်း ဦးစီးသော အဖွဲ့များ ဖြစ်ၟကသည်။

ကရင် အောက်ခြေ လူတန်းစားများသည် ရွေးကောက်ပွဲ ဥပဒေကို စိတ်မဝင်စား ၟကေၟကာင်း၊ ရွေးကောက်ပွဲကိုလည်း စိတ်ဝင်စားမှု အနည်းငယ်သာ ပြေၟကာင်း သိရှိရသည်။ ကရင် သာမန်လူ အများစုက ရွေးကောက်ပွဲထက် ၎င်းတို့၏ နေ့စဉ်ဘဝ ရှင်သန်ရေးသည် ပို၍ အရေးကြီးသည်ဟု ပြောပြၟကသည်။

တစ်ချိန်တည်းတွင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီကလည်း ကရင်ပြည်နယ်တွင် စတင် စည်းရုံးရေး ဆင်းနေပြီ ဖြစ်သည်။ အစိုးရ နောက်ခံပြုသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကလည်း ကရင်များၟကားတွင် ငွေေၟကးဆိုင်ရာ ထောက်ပံ့မှုများ အဖြစ် ချေးငွေများ ထုတ်ပေးကာ မဲဆွယ်လျက် ရှိသည်ဟု သိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါေၟကာင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 16th March 2010

ဆိုင်ကလုန်း တိုးမတ်စ်က ပစ္စဖိတ်ကၜွန်း နိုင်ငံ၏ အရှေ့ပိုင်း နှင့် မြောက်ပိုင်းကို တိုက်ခတ် ဖျက်ဆီးလိုက်သောေၟကာင့် ဖီဂျီ နိုင်ငံ၏ အချို့ဒေသများကို သဘာဝ ဘေးအန္တရာယ် နယ်မြေအဖြစ်ေၟကညာခဲ့သည်ဟု သိရှိရသည်။

အနည်းဆုံး လူ ၅၀၀၀ ခန့်သည် ၎င်းတို့၏ နေအိမ်များကို စွန့်ခွာ ထွက်ပြေးခဲ့ၟကပြီး ယခုအချိန်အထိ နေအိမ် အဆောက်အဦး ၅၀ ခန့် ပျက်စီးသွားေၟကာင်း တွေ့ရှိရသည်ဟု ဆိုသည်။

မုန်တိုင်း အဆင့် Category Four ရှိသော ဆိုင်ကလုန်း တိုးမတ်စ်သည် တစ်နာရီလျှင် ကီလိုမီတာ ၁၇၀ နှုန်းဖြင့် တိုက်ခတ်သွားခြင်း ဖြစ်သည်။

ဖီဂျီနိုင်ငံ၏ အရှေ့ဖျား လာအော်ကၜွန်းစုများမှာ မုန်တိုင်းဒဏ်ကို နဖူးတွေ့ ဒူးတွေ့ ကြုံလိုက်ရသော်လည်း အဓိကကၜွန်းများ ဖြစ်သည့် ဗီတီလီဗူး နှင့် ဗာနော်လီဗူး ကၜွန်းများမှာမူ အဆိုးဆုံး အခြေအနေမှ လွတ်မြောက်ခဲ့သည်ဟု သိရသည်။

အမျိုးသား သဘာဝ ဘေးအန္တရာယ် ကောင်စီက နိုင်ငံ၏ အရှေ့ပိုင်း နှင့် မြောက်ပိုင်း ဒေသများကို သဘာဝ ကပ်ဘေးကျရောက်သည့် နယ်မြေ အဖြစ် အရေးပေါ်ေၟကညာထားသည်ဟု အမျိုးသား သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေးရုံးမှ အော်ပရေးရှင်း အရာရှိ Anthony Blake က ပြောၟကားသည်။

အထူးသဖြင့် ချီကိုဘီယား နှင့် ကွီလီလီဗူး ကၜွန်းများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေေၟကာင်း နှင့် တနင်္လာနေ့ ဆိုင်ကလုန်း ဝင်ရောက်ချိန် မှစ၍ မည်သည့်သတင်းမှ မၟကားသိရသေး ဟုလည်း သိရှိရသည်။

လာမည့် ရက်များအတွင်း အိုးအိမ် ပျက်စီးမှု အရေအတွက် တိုးပွားလာလိမ့်မည်ဟု မျှော်လင့်ထားေၟကာင်း Mr. Blake က ဆက်လက် ပြောၟကားသည်။

အဆိုပါ ဒေသများတွင် ကျောင်းများကို ပိတ်လိုက်ပြီး အစိုးရ ဝန်ဆောင်မှု လုပ်ငန်းများကိုလည်း ရပ်ဆိုင်းထားကာ နိုင်ငံတကာ လေေၟကာင်း ခရီးစဉ်များကိုလည်း ပယ်ဖျက် ထားသည်ဟု သိရသည်။

မုန်တိုင်း စတင် ဝင်လာချိန်တွင် အမျိုးသမီး တစ်ဦး ပင်လယ်ထဲ မျောပါသွားပြီးနောက်ပိုင်း အသေအပျောက် သတင်းများ မရရှိသေးဟုလည်း ဆိုသည်။

ဆိုင်ကလုန်း ရွှေ့လျားမှု နှေးကွေးခြင်းေၟကာင့် ပျက်စီးမှုများ ပိုမို များပြားဖွယ် ရှိနေသည်။ မုန်တိုင်းေၟကာင့် နိုင်ငံအနှံ့အပြားတွင် လျှပ်စစ်ဓာတ်အား နှင့် တယ်လီဖုန်းလိုင်းများ ပြတ်တောက်သွားပြီး ကျန်းမာရေး စောင့်ရှောက်မှု အဆောက်အဦးများလည်း ပျက်စီးသွားခဲ့သည်ဟု သိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါေၟကာင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

www.mmorning.com, 16th March 2010

ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် အိမ်နီးချင်း မြန်မာနိုင်ငံမှ ဝင်ရောက်လာသော မွတ်စလင် ဒုက္ခသည်များကို မတရား ဖမ်းဆီးခြင်း၊ တရားမဝင် နှင်ထုတ်ခြင်းများကို စီမံချက်ချ၍ လုပ်ဆောင်နေေၟကာင်း ပြီးခဲ့သည့် အပတ်က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။

မှတ်ပုံတင် မထားသည့် ထောင်ပေါင်းများစွာသော ရိုဟင်ဂျာ ဒုက္ခသည်များသည် ဆယ်စုနှစ်များစွာကပင် ဘင်္ဂလားဒေ့ရှ်တွင် နေထိုင်ခဲ့ဖူးၟကပြီး ယခုအခါ ဒုက္ခသည်စခန်းတွင် အစာရေစာ ငတ်ပြတ်အောင် ထား၍ အသက်ဆုံးပါးစေလျက် ရှိေၟကာင်း လူ့အခွင့်အရေးအဖွဲ့၏ ဆရာဝန်ကြီးများ၏ အစီရင်ခံစာက ဖော်ပြထားသည်။

"ဒီသနားစရာ ကောင်းတဲ့ လူစုကြီးကို ပြေးစရာမြေ မရှိအောင် ငတ်ပြတ်အောင် ပစ်ထားခြင်းဟာ အသိမဲ့တဲ့ သဘာဝ မကျတဲ့လုပ်ရပ် ဖြစ်ပါတယ်" ဟု PHR မှ သုတေသနနှင့် စုံစမ်း စစ်ဆေးရေး ဒါရိုက်တာ Richard Sollom က ပြောသည်။

ကုလသမဂ္ဂက ကမ္ဘာပေါ်တွင် ရက်ရက်စက်စက် နှိပ်စက်ခံရသော မျိုးနွယ်စုအဖြစ် ဖော်ပြခဲ့ပြီး၊ ထောင်ပေါင်း များစွာသော ရိုဟင်ဂျာများသည်  မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်မှ မူစလင် အများစုရှိရာ ဘင်္ဂလားဒေ့ရှ်သို့ နှစ်စဉ် နယ်စပ်ဖြတ်လျက် ထွက်ပြေးလာၟကသည်။

ဘင်္ဂလားဒေ့ရှ် အစိုးရသည် Kutupalong ရှိ ကုလသမဂ္ဂ၏ တရားဝင် ဒုက္ခသည် စခန်းတွင် နေထိုင်သော မှတ်ပုံတင်ထားသည့် ရိုဟင်ဂျာ ၂၈၀၀၀ ကိုသာ အသိအမှတ်ပြုသည်။ အဆိုပါ ကိန်းဂဏန်းသည် အစိုးရ၏ ခန့်မှန်းချက်အရ တရားမဝင် ဒုက္ခသည် ၂ သိန်း မှ ၃ သိန်း၏ အစိတ်အပိုင်းငယ်လေး တစ်ခုသာ ဖြစ်သည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ် အစိုးရသည် နှိပ်စက်မှုများ ပြုလုပ်၍ နောက်ထပ် ဒုက္ခသည်များ မလာရဲအောင် ပြုလုပ်နေခြင်း ဖြစ်ေၟကာင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ် ရဲများသည် ဒုက္ခသည်များကို စနစ်တကျ စုစည်း၍ ထောင်ချခြင်း၊ ချက်ချင်း နှင်ထုတ်ခြင်း စသည်ဖြင့် တိုင်းပြည်တစ်ခု လိုက်နာရမည့် လူ့အခွင့်အရေးများကို ဥပဒေမဲ့ တုန်လှုပ်ဖွယ် ကျူးလွန်လျက် ရှိသည်ဟု အစီရင်ခံစာတွင် စွပ်စွဲထားသည်။

နှိပ်စက်မှုများကို ဇန်နဝါရီလမှ စတင်ပြုလုပ်ခဲ့ပြီး ကုလသမဂ္ဂ ကိုင်တွယ်သည့် အဆောက်အဦးများ အနီးတွင် မှတ်ပုံတင် မထားသော ဒုက္ခသည် စခန်းကို ထားရှိသည်။ ထို့ပြင် ၎င်းတို့ကို မှတ်ပုံတင်ထားသော ဒုက္ခသည်များနှင့် ခွဲခြားထားပြီး နှိပ်စက်မှုများ ပြုလုပ်ခဲ့ေၟကာင်း၊ အစီရင်ခံစာထဲတွင် ကွင်းပြင်ထဲက ထောင် (an open air prison) အဖြစ် ဖော်ပြခဲ့သည်။

အဆိုပါ မှတ်ပုံတင် မထားသော ဒုက္ခသည်များ၏ စခန်းများတွင် အစားအသောက် အကူအညီပေးခြင်းကို အစိုးရက ငြင်းပယ်ပြီး၊ ရှေ့ဆက် ရပ်တည်၍ မရအောင်၊ ငတ်ပြတ်၍ သေဆုံးအောင် ပြုလုပ်ထားသည်ဟု အစီရင်ခံစာက ဆိုသည်။

PHR အစီရင်ခံစာ အပြင် ၟကားဝင် စေ့စပ်ရေး အဖွဲ့တစ်ခု၏ The Arakan Project အမည်ရှိ အစီရင်ခံစာ တစ်စောင်နှင့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့မှ အစီရင်ခံစာ တစ်စောင် ထွက်ပေါ် လာသေးသည်။ ၎င်းတို့တွင် အစိုးရ၏ နှိပ်စက်မှုများကို ဖော်ပြထားၟကသည်။

ဘင်္ဂလားဒေ့ရှ် အစိုးရက ၎င်းတို့နိုင်ငံရှိ မြန်မာဒုက္ခသည်များနှင့် ပတ်သက်သော အစီရင်ခံစာများသည် အခြေအမြစ် မရှိဘဲ တမင် ထိခိုက် နစ်နာအောင် ပြုလုပ်ထားေၟကာင်း ပြော၍ ပယ်ချခဲ့သည်။

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာများကို စီးပွားရှာရန် ရွှေ့ပြောင်းလာခြင်း ဖြစ်သည်ဟု မှတ်ယူပြီး တတ်နိုင်သမျှ ပြန်ပို့ရန်ကိုသာ လုပ်ဆောင်မည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါေၟကာင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ပုန်းရှောင်တတ်သော မြန်မာအစိုးရ ခေါင်းဆောင်သည် အိမ်နီးချင်း ထိုင်းနိုင်ငံမှ မင်းသမီးနှင့် တနင်္လာနေ့က တွေ့ဆုံခဲ့ပြီး၊ ၎င်းသည် စစ်ဖက် အုပ်ချုပ်သောနိုင်ငံ၏ အဝေးမြို့တော် နေပြည်တော်သို့ ထိုင်းတော်ဝင် မိသားစုက ပထမဆုံး အကြိမ် လာရောက် လည်ပတ်သာ ခရီးစဉ် ဖြစ်ေၟကာင်း တာဝန်ရှိ ပုဂ္ဂိုလ်များက ပြောၟကားသည်။

ဘန်ကောက်မှ အထူးလေေၟကာင်း ခရီးဖြင့် နေပြည်တော်သို့ ရောက်ရှိလာသည့် ထိုင်းဘုရင့်သမီးတော် ချက်ကရီ သီရိဒုံနှင့် မွန်းလွဲပိုင်းတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခဲ့ သည်ဟု သိရသည်။

ထိုင်းပြည်သူလူထု၏ ၟကည်ညိုလေးစားမှုကို ရရှိထားသူ မင်းသမီး သီရိဒုံသည် သူ၏ ၃ ရက်ၟကာ ချစ်ၟကည်ရေး ခရီးစဉ် အတွင်း နာဂစ်စ် ဆိုင်ကလုံးဒဏ်ခံ နယ်မြေမှ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၟကည့်ရှုရန် ဧရာဝတီ မြစ်ဝကၜွန်းပေါ် ဒေသသို့ သွားရောက်ရန် စီစဉ်ထားသည်။ နာဂစ်စ် ဆိုင်ကလုံးေၟကာင့် လူပေါင်း တစ်သိန်း လေးသောင်းခန့် သေဆုံးခဲ့ပြီး ပင်လယ်မြစ်ဝ ရှိ ကျေးလက် အခြေခံ အဆောက်အအုံများ ပျက်စီးခဲ့သည်။

မင်းသမီး၏ နောက်ဆုံး မြန်မာနိုင်ငံ ခရီးစဉ်မှာ ၂၀၀၃ ခုနှစ်က လာရောက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ အလယ်ပိုင်းတွင် အုပ်ချုပ်ရေး မြို့တော်သစ်ကို ၃ နှစ်ခန့် တိတ်တဆိတ် တည်ဆောက်အပြီး၊ ၂၀၀၅ ခုနှစ်ကုန်၌ စစ်ခေါင်းဆောင်များက ၎င်းတို့၏ အစိုးရ တစ်ဖွဲ့လုံးကို စီးပွားရေး အချက်အခြာ ရန်ကုန်မြို့တော်မှ နေပြည်တော်သို့ ပြောင်းရွှေ့သွားခဲ့ခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါေၟကာင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Straits Times, 15th March 2010       

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ဥပဒေ အသစ်သည် အတိုက်အခံ ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုၟကည်အား ပါတီတွင် မပါဝင်နိုင်အောင် တားမြစ်ထားသော်လည်း သူမ၏ ပါတီ အနေဖြင့် ဥပဒေ အသစ်အရ ပြန်လည် မှတ်ပုံတင်ခြင်းပြု / မပြု နှစ်ပတ်အတွင်း ဆုံးဖြတ်ရလိမ့်မည် ဖြစ်ေၟကာင်း NLD ပါတီ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က တနင်္လာနေ့က ပြောၟကားလိုက်သည်။

အစိုးရက ပြီးခဲ့သည့် အပတ်က ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲ ဥပဒေအရ ဒေါ်အောင်ဆန်းစုၟကည်သည် သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တွင် ပါဝင်ခွင့် ရရှိမည် မဟုတ်ပေ။ အေၟကာင်းမှာ ဥပဒေအရ မှတ်ပုံတင်ထားသော နိုင်ငံရေး ပါတီတွင် အကျဉ်းကျခံနေရသောသူက အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပါက ဖျက်သိမ်းခံရမည် ဖြစ်သောေၟကာင့် ဖြစ်သည်။ အဆိုပါ ဥပဒေသည် တစ်ကမ္ဘာလုံးကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးခင်မောင်ဆွေက AFP သို့ ပြောၟကားရာတွင် တနင်္လာနေ့က ရွေးကောက်ပွဲ ဥပဒေနှင့် ပတ်သက်၍ ဆွေးနွေး အပြီးတွင် ပါတီ အဖွဲ့ဝင်လူကြီးများ အနေဖြင့် အဖြူအမည်း မသဲကွဲ သေးေၟကာင်း ပြောၟကားခဲ့သည်။

ဗဟို အလုပ်အမှုဆောင် ကော်မတီ အနေဖြင့် မတ်လ ၂၉ ရက်နေ့တွင် မှတ်ပုံတင် ပြုလုပ် မလုပ်ကို ဆုံးဖြတ်ရမည် ဖြစ်ေၟကာင်း ဦးခင်မောင်ဆွေက ပြောၟကားခဲ့သည်။ နေအိမ် အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုၟကည်ကလည်း CEC မဲပေးရာတွင် ပါဝင်မည် ဖြစ်ပြီး၊ အများ၏ ဆုံးဖြတ်ချက်ကို လက်ခံမည် ဖြစ်ေၟကာင်း ၎င်းက ပြောသည်။

အာဏာပိုင်များ အနေဖြင့် ဥပဒေ ထုတ်ပြန်ပြီးနောက် မိမိတို့အနေဖြင့် ဒေါ်အောင်ဆန်းစုၟကည်နှင့် တွေ့ဆုံရမည် ဆိုသည်ကို သိရှိေၟကာင်း၊ ထို့ေၟကာင့် ဆုံးဖြတ်ချက် အတွက် သူမနှင့် တွေ့ဆုံနိုင်လိမ့်မည်ဟု မျှော်လင့်ေၟကာင်း ဦးခင်မောင်ဆွေက ပြောသည်။

ဥပဒေ အသစ်သည် NLD အနိုင်ရခဲ့သော ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကိုလည်း ပယ်ဖျက်ခဲ့ပြီး ဖြစ်ပါသည်။ NLD အနေဖြင့် မှတ်ပုံတင်ခဲ့သော်၊ ယခင်က လက်ခံရန် ငြင်းပယ်ခဲ့သော အငြင်းပွားဖွယ် ၂၀၀၈ အခြေခံ ဥပဒေကို လက်ခံရလိမ့်မည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါေၟကာင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Financial Times, By Tim Johnston, 15th March 2010

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ လုပ်ငန်းစဉ်များ ပိုမို ချောမွေ့စေရန် ရည်ရွယ်၍ နိုင်ငံတကာ အသိုင်းအဝိုင်းမှ မြန်မာ ဗိုလ်ချုပ်များနှင့် ဆက်ဆံရေး ထူထောင်ရန် ကြိုးပမ်းမှုများမှ အနည်းငယ်သာ အောင်မြင်ေၟကာင်း ဝါရှင်တန်မှ ဝန်ခံ ပြောၟကားခဲ့သည်။ သို့သော် မိမိတို့၏ ကြိုးစား အားထုတ်မှုများကို လက်လျှော့သွားလိမ့်မည် မဟုတ်ေၟကာင်း တာဝန်ရှိသူများက ပြောၟကားခဲ့သည်။

ပြီးခဲ့သည့် အပတ်က ရွေးကောက်ပွဲ ဥပဒေများေၟကညာခဲ့ရာ၌ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုၟကည်အား အနာဂတ်တွင် နိုင်ငံရေး ကဏ္ဍ၌ ပါဝင်ခြင်းကို ပိတ်ပင်ထားမှုသည် အမေရိကန် အာဏာပိုင်များၟကားတွင် မီးပွားပမာ ပျံ့နှံ့ခဲ့သည်။

အမေရိကန်၏ ချဉ်းကပ်မှုသည် အဓိက နိုင်ငံရေး လှုပ်ရှားသူများၟကားတွင် ပြည်တွင်း တွေ့ဆုံ ဆွေးနွေးရေး ဖြစ်ပေါ်ရန် အားပေးရေး ကြိုးစားခဲ့ခြင်း ဖြစ်ေၟကာင်း၊ ယခု ရွေးကောက်ပွဲ ဥပဒေကို ၟကည့်ခြင်းဖြင့် တွေ့ဆုံ ဆွေးနွေးမှု ဖြစ်ပေါ်ရန် အလားအလာ မရှိေၟကာင်း အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က သောၟကာနေ့က ပြောၟကားလိုက်သည်။

မြန်မာနိုင်ငံနှင့် ပတ်သက်၍ River of Lost Footsteps စာအုပ် ရေးသားခဲ့သော ကုလသမဂ္ဂ အရာထမ်းဟောင်း ဦးသန့်မြင့်ဦးက အမေရိကန် ပြည်ထောင်စု အနေဖြင့် အရေးကြီးသော တိုးတက်မှု တစ်ခုရသည် အထိ ဆက်လက်ကြိုးစားရန် လိုအပ်ေၟကာင်း ပြောၟကားခဲ့သည်။

မြန်မာနိုင်ငံအပေါ် နှစ်ပေါင်းနှစ်ဆယ်ခန့် အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်အပြီး မြန်မာနိုင်ငံ အပေါ်တွင် အနောက်နိုင်ငံများ၏ ၟသဇာလွှမ်းမိုးမှု ရေချိန်လည်း သုညရောက်စေပြီးမှ ယခု စကားပြောခဲ့ခြင်း ဖြစ်ေၟကာင်း ၎င်းက ပြောသည်။

အမေရိကန် နိုင်ငံခြားရေးဋ္ဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Philip Crowley က ပြောၟကားရာတွင် ဒေါ်အောင်ဆန်းစုၟကည်အား မပါဝင်စေရန် ပြုလုပ်ထားခြင်းေၟကာင့် ရွေးကောက်ပွဲကို အများက လက်ခံနိုင်လိမ့်မည် မဟုတ်ေၟကာင်း၊ မြန်မာနိုင်ငံ အပေါ် ပြန်လည် ဆက်ဆံခြင်းနှင့် ပတ်သက်၍လည်း ဒွိဟများ ဖြစ်ေၟကာင်း၊ ရွေးကောက်ပွဲပြီးလျှင် ထွက်ပေါ်လာမည့် အစိုးရကိုလည်း တရားမဝင်ဟု ယုံၟကည်ထားသဖြင့် ဆက်လက်၍ စကားပြော သင့်မသင့် စဉ်းစားစရာ ဖြစ်လာေၟကာင်း ထုတ်ဖော် ပြောၟကားခဲ့သည်။ 

ဦးသန့်မြင့်ဦးကမူ အမေရိကန်တို့ အနေဖြင့် ပြုပြင်ပြောင်းလဲလွယ်ရန် (flexible) လိုအပ်ေၟကာင်း ပြောၟကားခဲ့သည်။

အတိတ်ကို ပြန်ၟကည့်ခြင်းဖြင့် ယခုကဲ့သို့ နိုင်ငံရေး လုပ်ငန်းစဉ်မျိုးကို အမေရိကန် အစိုးရ အနေဖြင့် လက်ခံရန် ခက်ခဲမည် ဖြစ်သည်။ သို့သော် ရွေးကောက်ပွဲ အပြီးတွင် လုပ်သာ ကိုင်သာမရှိအောင် ကိုယ့်ကိုကိုယ် ထောင့်ကပ်၍ ချောင်ပိတ်မိအောင် ပြန်မရွေ့သင့်တော့ေၟကာင်း၊ နည်းလမ်းမမှားသင့်ဟု မိမိထင်ေၟကာင်း ဦးသန့်မြင့်ဦးက ပြောသည်။

အမေရိကန်တို့၏ မှတ်ချက်များသည် ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomas Ojea Quintana ၏ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အပေါ် အစီရင်ခံစာ ထွက်ပေါ်လာအပြီး ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။ Quintana ၏ အစီရင်ခံစာတွင် မြန်မာအစိုးရ အပေါ် စစ်ရာဇဝတ်မှုများ၊ လူသားချင်း မစာနာသော ရာဇဝတ်မှုများ အတွက် စုံစမ်းစစ်ဆေး ပေးရန် တောင်းဆိုထားသည်။

နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်က မြန်မာနိုင်ငံနှင့် ပတ်သက်၍ မူဝါဒ ပြန်လည် သုံးသပ်ပြီး၊ ပြောင်းလဲရသည့် အချက်တစ်ခုမှာ Bush အစိုးရ၏ မြန်မာနိုင်ငံအပေါ် အထီးကျန်စေပြီး အရေးယူ ပိတ်ဆို့မှုများ ချမှတ်သော မဟာဗျူဟာမှာ မအောင်မြင်သောေၟကာင့် ဖြစ်သည်။

သို့သော် ပြန်လည် ဆက်ဆံရေးတွင်လည်း ရလဒ် အနည်းငယ်သာ ရရှိသည်။ ပြီးခဲ့သည့် နှစ်က အမေရိကန်တို့၏ ပြန်လည် ဆက်ဆံရေး စတင်ပြီးကတည်းက ဒေါ်အောင်ဆန်းစုၟကည်အား နေအိမ် အကျယ်ချုပ် ထပ်မံ တိုးမြှင့်ခဲ့ခြင်း၊ နယ်စပ်ဒေသများတွင် တိုင်းရင်းသားများအား ပိုမို တိုက်ခိုက်လာခြင်း၊ အစိုးရကို ဝေဖန်သူများနှင့် သတင်းစာဆရာများကို ဖမ်းဆီး၍ ထောင်ချခြင်းများကို တွေ့နေရဆဲ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါေၟကာင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

www.thejakartaglobe.com, 14th March 2010

ဘင်္ဂလားဒေ့ရှ်မှ ဆောက်လုပ်ရေး လုပ်သားများ၊ ဖိလစ်ပိုင်မှ ဟိုတယ် ဝန်ထမ်းများ၊ တရုတ်နိုင်ငံမှ စားပွဲထိုးများ၊ မြန်မာနိုင်ငံမှ သင်္ဘောကျင်း ဂဟေဆော်သူများ၊ အိန္ဒိယ နိုင်ငံမှ နည်းပညာ ပညာရှင်များ၊ အားလုံးကို စင်္ကာပူက လက်ခံထားသည်။

နှစ်ပေါင်းများစွာ ၟကွယ်ဝ ချမ်းသာခဲ့ပြီး အလုပ်သမားများ လိုအပ်နေသော မြို့ပြနိုင်ငံသည် ရွှေ့ပြောင်း တရုတ်လူမျိုးများဖြင့် အဓိက တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး နိုင်ငံခြားသားများကို ကော်ဇောခင်း ကြိုဆိုခဲ့ရာ စီးပွားရေး ပေါက်ကွဲ ဖွံ့ဖြိုးခဲ့သည့် ၂၀၀၄ မှ ၂၀၀၇ အတွင်း အရေအတွက် ကြီးမားစွာ မြင့်တက်လာခဲ့သည်။

သို့ရာတွင် လတ်တလော ကၜွန်းနိုင်ငံတွင် နေထိုင်သူ အချိုးအစားမှာ နိုင်ငံခြားသား တစ်ဦးလျှင် နိုင်ငံသား ၃ ယောက် နှုန်းဖြစ်လာသဖြင့် အလုပ်ပြိုင်ဆိုင်မှု၊ အိမ်ရာနှင့် ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍများတွင် တိုင်ၟကားမှုများ ရှိလာပြီး အစိုးရက ၎င်း၏ တံခါးဖွင့် မူဝါဒအပေါ် ပြန်လည် သုံးသပ်မှု ပြုလုပ်နေရသည်။

မကျေနပ်မှုများ ကျယ်လောင်လာမှုနှင့်အတူ ရွေးကောက်ပွဲများကို သတ်မှတ်ထားသည့် ၂၀၁၂ မတိုင်မီ ကျင်းပရန် မျှော်လင့်မှုများ ရှိလာသဖြင့် အစိုးရက နိုင်ငံခြားသား မှီခိုမှုကို လျှော့ချကာ နိုင်ငံသားများကို ဦးစားပေးမည့် အစီအစဉ်များကို ထုတ်ဖော် တင်ပြလာသည်။

မိမိတို့ မည်မျှ ပို၍ လက်ခံနိုင်သည် ဆိုသော အချက်မှာ လူမှုရေးနှင့် ဖွဲ့စည်းပုံ အကန့်အသတ်များ ရှိနေသည်ဟု ဘဏ္ဍာရေး ဝန်ကြီး ရှန်မူဂါရတ်နမ်က ပါလီမန်သို့ ပြောၟကားခဲ့ပါသည်။ နိုင်ငံခြားသား ငှားရမ်းသော ကုမဏြီများ အတွက် အခွန်စည်းၟကပ်မှုကို တိုးမြှင့်ခြင်းဖြင့် ကုန်ကျစရိတ် ကြီးမားလာအောင် အစိုးရက ဆောင်ရွက်ရမည်ဟု ၎င်းက ပြောဆိုသည်။

စင်္ကာပူ လုပ်သားများ၏ ကၜွမ်းကျင်မှုနှင့် ထုတ်လုပ်မှု စွမ်းရည်ကို မြှင့်တင်ရန် လာမည့် ၅ နှစ် အတွင်း စင်္ကာပူ ဒေါ်လာ ၅.၅ ဘီလီယံ သုံးစွဲသွားရန် အစိုးရက သတ်မှတ်၊ လျာထားပြီး စင်္ကာပူ နိုင်ငံသားတို့၏ ယှဉ်ပြိုင် နိုင်စွမ်းနှင့် ဝင်ငွေကို မြှင့်တင်ပေးမည်ဟု ဆိုသည်။

အိမ်ဈေးနှုန်းများ တက်နေခြင်းကိုလည်း တားဆီးရန် အစီအစဉ်များ ချမှတ်ထားပြီး နိုင်ငံခြားသားများ အိမ်ခြံမြေ ဈေးကွက်တွင် ဝယ်ယူနေခြင်းကို အပြစ်ပုံချခဲ့ပါသည်။ PR နှင့် နိုင်ငံသားသစ်များ လက်ခံခြင်း လုပ်ငန်းစဉ်ကိုလည်း နောင်တွင် တင်းၟကပ်သွားမည် ဟု ကတိပေးလိုက်သည်။

လက်ရှိ စာရင်းဇယားများအရ မနှစ်က စင်္ကာပူ လူဦးရေ မှာ ၅ သန်း နီးပါး ရှိခဲ့ရာတွင် နေထိုင်ခွင့် PR ရသူ ၅၃၃, ၂၀၀၊ အလုပ်လုပ်ခွင့် EP ရသူ နိုင်ငံခြားသား ၁.၂ သန်း နှင့် ၎င်းတို့၏ မိသားစုများ ပါဝင်သည် ဟုသိရသည်။

"ဒီကိစ္စက ဒီနေ့ စင်္ကာပူမှာ လူပြော အများဆုံး ပြဿနာ တစ်ခု ဖြစ်လာတယ်လို့ ထင်ပါတယ်" ဟု နိုင်ငံရေး အကဲခတ် သမား Seah Chiang Nee က ပြောၟကားလိုက်သည်။

CIMB-GK သုတေသနဋ္ဌာနမှ စီးပွားရေး ပညာရှင် Song Seng Wun ကမူ ပြည်တွင်း ကုမဏြီများ၏ ဖွဲ့စည်းမှု ကျောရိုးကို အဆင့်မြင့်ရာတွင် ကူညီရေး အပြင် ရွေးကောက်ပွဲများ ကျင်းပရေး တောင်းဆိုမှုများကိုလည်း စီမံချက်အသစ်များဖြင့် ဖြေရှင်းရဖွယ် ရှိသည်ဟု ပြောၟကားသည်။

စင်္ကာပူ နိုင်ငံ၏ နောက်ဆုံး ရွေးကောက်ပွဲများကို ၂၀၀၆ တွင် ကျင်းပခဲ့ရာ လက်ရှိ အာဏာရ ပြည်သူ့ လှုပ်ရှားမှု ပါတီ PAP က ၆ နှစ် သက်တမ်း အတွက် အနိုင်ရရှိခဲ့ပြီး ၁၉၅၉ မှစ၍ ကၜွန်းနိုင်ငံ အပေါ် အဆက်မပြတ် အုပ်ချုပ်ခွင့် အာဏာရရှိခဲ့ခြင်း ဖြစ်သည်။ "အန္တရာယ် မီးပွားထွက်လာနိုင်တဲ့ ကဏ္ဍတွေမှာ အစိုးရက တစ်ခုခု လုပ်တာကို မြင်ရပါလိမ့်မယ်" ဟု 'Song ' က ဆိုသည်။

၂၀၀၈ တတိယ လေးလပတ်တွင် စတင်ခဲ့သော စီးပွားရေး ဆိုးဝါးစွာ ကျဆင်းမှု ကာလ အတောအတွင်း နိုင်ငံခြားသား အလုပ်သမားများအပေါ် အကောင်းမြင်မှု လျော့ကျခဲ့ခြင်းေၟကာင့် စွမ်းရည်မြင့်လာခြင်းကို ရရှိ ပိုင်ဆိုင်နိုင်ခဲ့သည်။ ထိုစဉ်က စင်္ကာပူသည် စီးပွားရေး ပျက်ကပ် အတွင်း ပထမဆုံး ကျရောက်သွားသည့် အာရှနိုင်ငံ ဖြစ်ခဲ့သည်။

ထိုအချိန်က အလုပ်အကိုင်များစွာ လျှော့ချခဲ့ပြီး လစာငွေ ဖြတ်တောက်မှုကို အကောင်အထည် ဖော်ခဲ့ရာ ကော်လာဖြူ ဥာဏ လုပ်သားများစွာ ထိခိုက်ခဲ့သည်။

ကော်ဖီဆိုင်များ၊ အင်တာနက်ံHချုချချcvcd.,kmmmnnnj m mmkkkmmmc ယာာာဖိုရမ်များ၊ သတင်းစာထံ ပေးစာများ၊ လွှတ်တော် ဆွေးနွေးပွဲများတွင် နိုင်ငံခြားသား အရေအတွက် လျှင်မြန်စွာ ကြီးထွားလာမှုနှင့် ပတ်သက်သည့် နိုင်ငံသား တို့၏ ဝေဖန်သံများ ပွက်လောရိုက်ခဲ့သည်။

လူပြော အများဆုံး ပြဿနာမှာ လစာငွေ နည်းနည်းဖြင့် အလုပ်လုပ်လိုသော နိုင်ငံခြားသားများေၟကာင့် စင်္ကာပူနိုင်ငံသားများ အလုပ်အကိုင် ဆုံးရှုံးနေခြင်း ကိစ္စ ဖြစ်သည်။

''နိုင်ငံခြားသားတွေက ရေစည်ပိုင်းထဲက အမှိုက်တွေလိုပဲ၊ သူတို့ ဒီမှာ အလုပ် လာလုပ်တာလား၊ ဒါမှမဟုတ် ဒေသခံတွေရဲ့ အလုပ်ကို ဖြတ်သုတ်တာလား ဆိုတာကို အရမ်း သိချင်တယ်'' ဟု နာမည်ကြီး အွန်လိုင်း ဖိုရမ် sammyboy.com  á€ွင် ဖော်ပြထားသည်။

"စင်္ကာပူနိုင်ငံက စင်္ကာပူ လူမျိုးတွေ အတွက် သူစိမ်းဆန်တဲ့ နေရာ တစ်ခုလို ဖြစ်လာတာ သိပ်မြန်ပါတယ်၊ အမျိုးသား လက္ခဏာဆိုတာ မရှိသလောက် ပျောက်နေပြီ" ဟု Online Citizen ဝက်ဘ်ဆိုဒ်တွင် Nur Muhammad က တင်ပြထားသည်။

ခါးသီးမှု အများစုမှာ နိုင်ငံခြားသား အင်ဂျင်နီယာများ၊ စာရင်းကိုင်များ၊ ဟိုတယ်မန်နေဂျာများ၊ အိုင်တီ ပညာရှင်များနှင့် တိုက်ရိုက် ယှဉ်ပြိုင်နေရသော စင်္ကာပူနိုင်ငံသားများထံမှ အများဆုံး ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု နိုင်ငံရေး ဝက်ဘ်ဆိုဒ် Little Speak.com  á€€ို တင်ဆက်နေသူ Seah က ပြောသည်။

စင်္ကာပူနိုင်ငံသား အများစု၏ ဒေါသမှာ စွမ်းရည်နိမ့် ကော်လာပြာ နိုင်ငံခြား လုပ်သားများနှင့် မသက်ဆိုင်ဘဲ စင်္ကာပူ နိုင်ငံသားတို့ လုပ်နိုင်သော အလုပ်များကို လုယူနေသည့် နိုင်ငံခြားသား ကော်လာဖြူ ဥာဏလုပ်သားမျာနှင့်သာ သက်ဆိုင်သည်ဟု ၎င်းက ဆိုသည်။

နိုင်ငံခြားသားများနှင့် ပြည့်နေသော ရထားများကို တိုးဝှေ့စီးရခြင်း၊ အစိုးရကျောင်းများ၊ ပုဂ္ဂလိက အိမ်ယာများတွင် နေရာလုရခြင်း စသည့် ကိစ္စများမှာလည်း စင်္ကာပူသားတို့ မကျေနပ်သည့် အချက်များ ဖြစ်သည်ဟု သိရသည်။

နိုင်ငံခြားသား အလုပ်သမားများသည် မြို့လယ်တွင် ယောင်ပေပေ ရပ်နေခြင်း၊ လူၟကားတွင် တံတွေးထွေးခြင်း၊ အမှိုက်ပစ်ခြင်းတို့ ပြုလုပ်သည်ဟုလည်း စွပ်စွဲခံနေရသည်။

စင်္ကာပူသားများ အတွက် အရေးကြီးသည့် နောက် ပြဿနာတစ်ခုမှာ အင်္ဂလိပ်စကား နားမလည်သော စားပွဲထိုးများ၊ အရောင်းဝန်ထမ်းများနှင့် ဆက်ဆံနေရခြင်းပင် ဖြစ်သည်။

အထက်ပါ အလုပ်မျိုးများ အတွက် စင်္ကာပူသားများကို မငှားလိုေၟကာင်း အချို့ အလုပ်ရှင်များက စောဒကတက်သည်။

အေၟကာင်းမှာ စင်္ကာပူသား ဒေသခံများသည် အလွန် ချေးများ၍ အလုပ်ရွေးေၟကာင်း၊ ထို့အပြင် ဧည့်ခံကြိုဆိုရေး ကဲ့သို့သော ဝန်ဆောင်မှု ကဏ္ဍတွင် သဘာဝ လူမှု ဆက်ဆံရေး စွမ်းရည် ချို့တဲ့ၟကသည်ဟု အလုပ်ရှင်များက အငြင်းပွားသည်။

တစ်နည်းအားဖြင့် စင်္ကာပူသည် သူ၏ အောင်မြင်မှုများအတွက် သားကောင် ပြန်ဖြစ်နေခြင်းပင် ဖြစ်သည်။

၁၉၇၀ ခုနှစ်များက စီမံချက်ဖြစ်သော မိသားစု တစ်စု ကလေး ၂ ယောက် စီမံချက်မှာ သက်ရောက်မှု ကြီးမားခဲ့ပြီး ယခုအခါ ဒေသခံ လူဦးရေကို သဘာဝ အလျှောက် ပြန်လည်ဖြည့်တင်းရန် အတွက် တစ်နှစ်လျှင် ကလေး ၆ သောင်းခန့် လိုအပ်နေသည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါေၟကာင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Bangkok Post, 15th March 2010

အာဆီယံ အဖွဲ့၏ ရင့်ကျက်မှုကို စမ်းသပ်မည့် စာမေးပွဲအား ယခုနှစ်တွင် ကျင်းပမည် ဖြစ်သည်။ ပူးပေါင်း ဆောင်ရွက်မှုကို လိုက်လျောလေ့ မရှိသော မြန်မာနိုင်ငံသည် အာဆီယံ အဖွဲ့သို့ ဝင်ရောက်သည့် ၁၉၉၇ မှ စ၍ အဖွဲ့အား စိတ်မသက်မသာ ဖြစ်အောင် အမြဲတမ်း ပြုလုပ်ခဲ့သည်။ စစ်အုပ်ချုပ်ရေး ကျင့်သုံးနေသောနိုင်ငံကို လက်ကမ်း ကြိုဆိုခြင်းဖြင့် အခြားအဖွဲ့ဝင်များ မြင်တွေ့လိုသည့်အတိုင်း လေးစားလိုက်လျော တတ်လာလိမ့်မည်ဟု အာဆီယံက မျှော်လင့်ခဲ့သည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ထွန်းကားရေးအတွက် အာဆီယံသည် စစ်အစိုးရနှင့် ယုံယုံၟကည်ၟကည် ဆွေးနွေး ညှိနှိုင်းခဲ့သည်။ မြန်မာနိုင်ငံကို အဖွဲ့မှ ထုတ်ပစ်ရမည့် အစား လက်တွဲ ခေါ်ယူခဲ့ခြင်းသည် မှန်ကန်သော နည်းလမ်းဖြစ်သည်ဟု အဖွဲ့က ဆိုသည်။

အာဆီယံသို့ မြန်မာနိုင်ငံ ဝင်ရောက်ခဲ့ပြီး ယခု ၁၃ နှစ်ခန့် ရှိလာသည့် အခါတွင်မူ မြန်မာနိုင်ငံ ပြောင်းလဲရေး အတွက် မျှော်လင့်ချက်များမှာ လုံးဝ မှားယွင်းေၟကာင်း ထင်ရှားလာခဲ့ပြီး ဖြစ်သည်။ ပို၍ ဆိုးသည်မှာ စစ်အစိုးရ ဒီဇိုင်းဆွဲထားသော ရွေးကောက်ပွဲများသည် စစ်တပ်၏ အာဏာချုပ်ကိုင်မှုကို ဆွဲဆန့် ပုံသွင်းဦးမည် ဖြစ်သည်။

SPDC ဟု ခေါ်သည့် စစ်အစိုးရသည် ရွေးကောက်ပွဲ အတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ရွေးကောက်ပွဲ ဥပဒေကို လတ်တလော ပြဋ္ဌာန်းလိုက်သည်။ အခြားနိုင်ငံများက အနီးကပ် စောင့်ၟကည့်နေသည့် မဲပေးပွဲများအပေါ် တာဝန်ခံရမည့် အဖွဲ့အဖြစ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် များသည် စစ်ဖက်အစိုးရ လက်ခံနိုင်မည့် အရည်အချင်း သတ်မှတ်ချက်များ လိုအပ်သည်။ ထင်ရှား ကျော်ၟကားသူဟု အစိုးရ သတ်မှတ်သူ ဖြစ်ရမည်၊ ရိုးသားဖြောင့်မတ်၍ အတွေ့အကြုံ ရှိရမည်၊ နိုင်ငံသားဖြစ်ပြီး နိုင်ငံတော်ကို သစ္စာစောင့်သိသူ ဖြစ်ရမည်၊ နိုင်ငံရေး ပါတီဝင်ထားသူ မဖြစ်ရ စသဖြင့် ဥပဒေတွင် ပါဝင်သည်ဟု ဆိုသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုၟကည်၏ NLD ပါတီက အလွယ်တကူ အနိုင် ရရှိသွားခဲ့သော်လည်း စစ်ဖက်ခေါင်းဆောင်များက လုံးဝ အသိအမှတ်မပြုခဲ့ဘဲ တရားမဝင်ေၟကာင်း တရားဝင်ေၟကညာခဲ့သည်။ ထိုစဉ်က လွှတ်တော် ကိုယ်စားလှယ်နေရာ ၄၈၅ နေရာတွင် NLD ပါတီက ၃၉၂ နေရာ အနိုင်ရအောင် ဒေါ်အောင်ဆန်းစုၟကည်က ဦးဆောင်ခဲ့ခြင်းကို ဗိုလ်ချုပ်ကြီးများ တုန်လှုပ်သွားခဲ့ၟကသည်။

အားလုံးထဲတွင် အဆိုးဆုံး အချက်မှာ ဒီမိုကရေစီခေါင်းဆောင် အနေဖြင့် ယခု တစ်ကြိမ် မပါဝင်ရန် သေချာသလောက် ဖြစ်နေခြင်းပင် ဖြစ်သည်။ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခွင့် ဥပဒေအရ တရားရုံး ပြစ်ဒဏ်ကျခံနေရသူများကို နိုင်ငံရေး ပါတီသို့ ဝင်ခွင့် မပြုပါ။ အဆိုပါ တားမြစ်ချက်သည် တစ်ဦးတစ်ယောက်ကို ရည်ရွယ် ရေးဆွဲထားခြင်း ဖြစ်ေၟကာင်း ထင်ရှားလှသည်။

မြန်မာ တရားရုံးက NLD ခေါင်းဆောင်အား နေအိမ် အကျယ်ချုပ် ကျခံစဉ် ဥပဒေ ချိုးဖောက်သည်ဟု စွပ်စွဲကာ လာမည့် နိုဝင်ဘာလအထိ နေအိမ် အကျယ်ချုပ် ကျခံရန် ၟသဂုတ်လက ပြစ်ဒဏ် ချမှတ်ခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲ ရလဒ်သည် စစ်ဖက် အစိုးရကို ခြောက်လှန့်နေဆဲ ဖြစ်ပြီး ၎င်းတို့ အာဏာ တရားဝင် ချုပ်ကိုင်ရန် တစ်ခုတည်းသော အခွင့်အရေး ဖြစ်သည့် လာမည့် ရွေးကောက်ပွဲတွင် အဆိုပါ အမှားမျိုး နောက်တစ်ကြိမ် မဖြစ်အောင် မည်သည့်ကိစ္စကိုမဆို လုပ်ဆောင်ၟကတော့မည် ဖြစ်ပေသည်။ နောက်ဆုံး ရွေးကောက်ပွဲ ပြီးဆုံးခဲ့သည်မှာ ဆယ်စုနှစ် ၂ စုမျှ ၟကာခဲ့ပြီ ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုၟကည်နှင့် NLD ပါတီ၏ ရေပန်းစားမှုမှာ ခိုင်မာအားကောင်းနေဆဲ ဖြစ်သည်။ အကယ်၍ ပါတီ အားလုံးသာ ကစားကွင်းထဲတွင် ညီတူမျှတ ယှဉ်ပြိုင်ခွင့်ရခဲ့ပါက အစိုးရ နောက်ခံ မည်သည့် ပါတီကိုမဆို စိန်ခေါ်ရန် NLD က အဆင်သင့် ဖြစ်နေသည်။

အာဆီယံ အဖွဲ့သည် ထိုင်းနိုင်ငံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူစဉ်က အဖွဲ့၏ သဘောထားကို ရှင်းလင်းစွာ ပြသခဲ့ပြီး မျှတသော ရွေးကောက်ပွဲ ဖြစ်ရမည်ဟု တောင်းဆိုခဲ့ပါသည်။ ''အားလုံးနှင့် သက်ဆိုင်သော'' ဟူသော စကာလုံးသည် ဒေါ်အောင်ဆန်းစုၟကည်နှင့် NLD ပါတီကို ပြိုင်ပွဲမှ ဖယ်မထားသင့်ေၟကာင်း ဆိုလိုခြင်း ဖြစ်သည်။ မြန်မာနိုင်ငံမှ စစ်ခေါင်းဆောင်များ၏ အုပ်ချုပ်မှု တရားဝင် သက်တမ်းတိုးရန် ရည်ရွယ်ချက်ဖြင့် ရွေးကောက်ပွဲများ ပြုလုပ်ခြင်းမှာ မဖြစ်သင့်ပါ။ အခြားသော ဒီမိုကရေစီ နိုင်ငံများ အားလုံးကလည်း မြန်မာနိုင်ငံ ရွေးကောက်ပွဲများနှင့် ပတ်သက်၍ တူညီသော သဘောထား ရှိၟကသည်။ ၎င်းတို့ အားလုံးက ဒေါ်အောင်ဆန်းစုၟကည် ပါဝင်သည်ကို မြင်တွေ့လိုၟကခြင်း ဖြစ်သည်။ှ

အာဆီယံ ကနဦး အဖွဲ့ဝင်များ၏ တောင်းဆိုချက်ကို မြန်မာနိုင်ငံက လေးစားလိမ့်မည်ဟု မည်သူက မမျှော်လင့်ၟကပါ။ ရွေးကောက်ပွဲသည် အိမ်တွင်းရေး ကိစ္စသာ ဖြစ်သည်ဟု မြန်မာ အစိုးရက သတ်မှတ်ထားသည်။ အာဆီယံ အနေဖြင့် တစ်ခုတည်းသော လုပ်ရမည့် ကိစ္စမှာ ဒေါ်အောင်ဆန်းစုၟကည်နှင့် သူမ၏ ပါတီကို ရွေးကောက်ပွဲ တံခါးဖွင့်ပေးရန် မြန်မာနိုင်ငံကို ဖိအားပေးရေးပင် ဖြစ်သည်။ အကယ်၍ စစ်ဖက် အစိုးရ နောက်ခံပါတီ အတွက်သာ သီးသန့် ရည်ရွယ်မှုကို ဆက်လက် ကိုင်စွဲထားပါက အာဆီယံ အနေဖြင့် အပြင်းထန်ဆုံး ဆောင်ရွက်နိုင်သည့် အချက်မှာ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုရန်ပင် ဖြစ်သည်။

အာဆီယံ၏ လှုပ်ရှားမှု အားလုံးမှာ အလှည့်ကျ ဥက္ကဋ္ဌမှ စတင်ရမည် ဖြစ်သည်။ လက်ရှိ အလှည့်ကျ တာဝန်ကို ဗီယက်နမ်နိုင်ငံက ရယူထားသည်။ ပြဿနာမှာ မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေမှုများသည် နိုင်ငံရေးကိစ္စ ဖြစ်နေသဖြင့် ဟနွိုင်းမှ ခေါင်းဆောင်များက ဂရုတစိုက် ရှိပုံမရခြင်းပင် ဖြစ်သည်။ သို့ဖြစ်၍ အာဆီယံ အနေဖြင့် ပထမဆုံး လုပ်ရမည့် ကိစ္စမှာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ထွန်းကားရေး စီမံချက် တစ်ခုကို စတင်ရန် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုၟကည်နှင့်သူမ၏ ပါတီ မပါဝင်ပါက အာဆီယံ အဖွဲ့ဝင်များ ကိုယ်စား ပေးပို့ရန် ဗီယက်နမ်ကို စည်းရုံး တိုက်တွန်းရမည် ဖြစ်သည်။ ယင်းသို့ လုပ်ဆောင်ရန်မှာလည်း ခက်ခဲလိမ့်မည်သာ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါေၟကာင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.