Transparency Myanmar

transparency.myanmar@gmail.com

(FAO report news မှ 3 February 2011 ရက်စွဲပါ "India Adding 300,000 Hectares of Forests Every Year" ကို ဘာသာ ပြန်ဆိုသည်)

အိန္ဒိယ နိုင်ငံသည် တရုတ်၊ ဩစတြေးလျ၊ အင်ဒိုနီးရှား၊ မြန်မာ နိုင်ငံ တို့နှင့် အတူ ကမ္ဘာ့သစ်တော ဧရိယာ ၇၄ ရာခိုင်နှုန်း ခန့်ကို ပိုင်ဆိုင် ထားသည့် တိုင်အောင် နှစ်စဉ် သစ်တော ဧရိယာ ဟတ်တာ သုံးသိန်း တိုးချဲ့ စိုက်ပျိုးနေသည်ဟု ကုလ သမဂ္ဂ အစီရင်ခံစာ အရ သိရှိရသည်။

"နိုင်ငံတကာ သစ်တောများနှစ်" တွင် ကမ္ဘာ့သစ်တော ဖုံးလွှမ်းဧရိယာ တိုးတက် လာသည့် အတွက် ဂုဏ်ပြုရခြင်း ဖြစ်သည်ဟု ကုလသမဂ္ဂ စားနပ် ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ (FAO) က ၂ နှစ် တစ်ကြိမ် ထုတ်ဝေသော "State of the World Forest" အစီရင်ခံစာက ဆိုသည်။

ကမ္ဘာပေါ်တွင် အကြီးမားဆုံး သစ်တော ဖုံးလွှမ်း ဧရိယာကို ပိုင်ဆိုင်ထားသည့် အဆိုပါ ငါးနိုင်ငံ အနက် တရုတ်နှင့် ဩစတြေးလျ နှစ်နိုင်ငံတည်းကပင် အာရှ-ပစိဖိတ် ဒေသ၏ သစ်တော ဧရိယာ ထက်ဝက်ခန့်ကို ပိုင်ဆိုင် ထားသည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

အာရှတိုက်သည် ကမ္ဘာ့သစ်တော ပြန့်ပွားရေး လှုပ်ရှားမှုတွင် သိသိ သာသာ ပါဝင် ဆောင်ရွက်ခြင်းဖြင့် ဦးဆောင် နေသည်ဟု FAO ၏ သစ်တော ဒါရိုက်တာ အက်ဒူရာဒို ရိုဂျာစ် ဘရာလက်စ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

"အရေးကြီးတဲ့ အပင် အရေအတွက် တိုးချဲ့ရေးကို ဆောင်ရွက်နေတဲ့ အိန္ဒိယကို ချီးကျူး လိုပါတယ်၊ အိန္ဒိယရဲ့ သစ်တော ဧရိယာဟာ တစ်နှစ်ကို ဟတ်တာ သုံးသိန်း စိုက်ပျိုး တိုးချဲ့ နေပါတယ်" ဟု ၎င်းက ဆိုသည်။

၁၉၉၀ ခုနှစ်များ အတွင်းက တစ်နှစ်လျှင် ပျမ်းမျှ သစ်တော ဧရိယာ ဟတ်တာ ၀.၇ သန်း ဆုံးရှုံးခဲ့သည့် အာရှ- ပစိဖိတ် ဒေသသည် ထို အနေအထားကို ပြောင်းပြန် လှန်ပစ် နိုင်ခဲ့သည်ဟု ယူဆ ရပြီး ၂၀၀၀-၂၀၁၀ ကာလ အတွင်း နှစ်စဉ် သစ်တော ဧရိယာ ဟတ်တာ ၁.၄ သန်း တိုးပွား လာခဲ့သည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Thai Political Prisoners.wordpress.com မှ 2 February 2011 ရက်စွဲပါ "Abhisit Regime Again Targets Refugees" ကို ဘာသာ ပြန်ဆိုသည်)

မြန်မာ နိုင်ငံတွင် ကြမ်းကြုတ်သော ရက်စက် ညှဉ်းပမ်းမှု အန္တရာယ်နှင့် ကြုံတွေ့ ရဖွယ် ရှိနေသော အထိန်းသိမ်းခံ ရိုဟင်ဂျာ လှေစီး ဒုက္ခသည် ၂၀၀ ကျော်ကို ကုလ သမဂ္ဂ ဒုက္ခသည် အေဂျင်စီက တွေ့ဆုံလိုခြင်းကို အရေး တကြီး ခွင့်ပြုရန် Human Rights Watch က ထိုင်းအစိုးရအား တောင်းဆိုထားသည်။

ယခု လတ်တလော ထိုင်းနိုင်ငံတွင် ထိန်းသိမ်း ထားသည့် ရိုဟင်ဂျာ ၂၂၆ ဦးကို မြန်မာ နိုင်ငံသို့ ပြန်ပို့ရန် စီစဉ်နေပြီ ဖြစ်ရာ "ဒုတိယ အကြိမ် အဓမ္မ ပြန်မောင်းထုတ်မှု" ဟု ဆိုရမည် ဖြစ်သည်။

အထက်ပါ အထိန်းသိမ်းခံ ဒုက္ခသည်များအား ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က တွေ့ဆုံ လိုခြင်းကို ထိုင်းနိုင်ငံက အကြိမ်ကြိမ် ငြင်းပယ် ခဲ့သည်ဟု HRW က ပြောကြားသည်။ အနေအထား မည်သို့ ရှိစေ အစိုးရ၏ မူဝါဒသာ ဖြစ်သည်ဟု ထိုင်းတို့က ပြောဆိုခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(The Straits Times မှ 3 Feb 2011 ရက်စွဲပါ Thailand invites Obama to patch up" သတင်းကို ဘာသာ ပြန်ဆိုသည်။

အမေရိကန် ပြည်ထောင်စုက အရှေ့တောင် အာရှ အပေါ် အာရုံ ထားမှုကို အရှိန်မြှင့်လျက် ရှိပေရာ ရှေးကပင် ဝါရှင်တန်၏ မဟာမိတ် ဖြစ်ခဲ့သော ထိုင်းနိုင်ငံက ယခင်နှစ် နိုင်ငံရေး အကြမ်းဖက်မှု ပုံရိပ်များကို ခွာချရန် ကြိုးစားသည့် အနေဖြင့် သမ္မတ ဘားရက် အိုဘားမားကို လာရောက် လည်ပတ်ရန် ဖိတ်ကြားလိုက်သည်။

ထိုင်းနိုင်ငံ အနေဖြင့် တည်ငြိမ်မှုဆီ ပြန်လည် ဦးလှည့်နေပြီ ဖြစ်ပြီး ထစ်ကနဲရှိ လမ်းပေါ် ရောက်လာသော ထိုင်းနိုင်ငံ အရေးကို မဲပုံးများဆီသို့ ပြန်ပို့ရန် ဆုံးဖြတ်ထားကြောင်း အမေရိကန် လွှတ်တော် အမတ်များအား စည်းရုံးရန် အတွက် ဝန်ကြီးချုပ် အဘီဆစ် ဂျာဂျီဗားက ဝါရှင်တန်သို့ ယခု တစ်ပတ်တွင် အထူး ကိုယ်စားလှယ် အဖွဲ့ စေလွှတ်ခဲ့ပြီး ဖြစ်သည်။

ထိုင်းအစိုးရ အဖွဲ့၏ ယာယီ ပြောရေးဆိုခွင့် ရှိသူ အဖြစ် ဆောင်ရွက်နေသော အထူး ကိုယ်စားလှယ် ပန်နီတန် ဝပ်တာနရာဂုံက "ကျွန်တော်တို့ တာဝန် ကတော့ ကျွန်တော်တို့ စီးပွားရေး ဖက်ကို ပြန်လှည့်နေပြီလို့ သူတို့ကို ပြောဖို့ လိုပါတယ်" ပာု ဗုဒ္ဓပာူးနေ့တွင် AFP သို့ ပြောကြားသည်။

ဝါရှင်တန်၏ အရှေ့ အလယ်ပိုင်းနှင့် အာဖဂန် နစ္စတန် ကိစ္စရပ်များကြောင့် အမေရိကန် ပြည်ထောင်စုနှင့် အရင်းနှီးဆုံး ဖြစ်သည့် အပြင် အရှိန် အပာုန် ကောင်းသော ဒေသကို လျစ်လျူ ရှုသလို ဖြစ်ခဲ့သည်ပာု ယူဆထားသည့် သမ္မတ အိုဘားမား အစိုးရက အရှေ့တောင် အာရှ ဒေသနှင့် ဆက်ဆံရေး တည်ဆောက်မှုကို ဦးစားပေး လုပ်ဆောင်လျက် ရှိသည်။

          အင်ဒိုနီးရှား အပန်းဖြေကျွန်း ဘာလီတွင် အောက်တိုဘာလ၌ ကျင်းပရန် အကြမ်းဖျင်း သတ်မှတ်ထားသော အရှေ့အာရှ ထိပ်သီး ဆွေးနွေးပွဲကို တက်ရောက်မည် ဖြစ်ကြောင်း အိုဘားမားက ကတိပြုထားပြီး ထိုမှ နောက်တစ်လ အကြာတွင် သမ္မတ အိုဘားမား က ၎င်း၏ ဇာတိ ပာာဝိုင်ရီတွင် နှစ်ပတ်လည် ထိပ်သီး ဆွေးနွေးပွဲ တက်ရောက်လာကြမည့် အာရှ ပစိဖိတ် ခေါင်းဆောင်များကို ကြိုဆိုမည် ဖြစ်သည်။

          ကြီးမား ကျယ်ပြန့်ပြီး သဘောထား ပျော့ပြောင်းသော မွတ်ဆလင် နိုင်ငံ ဖြစ်ကာ ဒီမိုကရေစီ စနစ်သို့ လျှင်မြန်စွာ ကူးပြောင်း နိုင်ခဲ့ခြင်းကြောင့် "စံပြ မိတ်ဖက်" အဖြစ် အိုဘားမား အစိုးရက ရှုမြင်ထားသော အင်ဒိုနီးရှား နိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုတို့၏ နွေးထွေးသော ဆက်ဆံရေးကို ထိုင်းနိုင်ငံက ကြိုဆိုမည်ပာု အထူး ကိုယ်စားလှယ် ပန်နီတန်က ဆက်လက် ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(AFP သတင်းဌာနမှ 2 Feb 2011 ရက်စွဲပါ Pro-Mubarak rallies spring up after exit pledge သတင်းကို ဘာသာ ပြန်ဆိုသည်။)

          စက်တင်ဘာလတွင် နုတ်ထွက် ပေးမည်ဟု အီဂျစ်သမ္မတ မူဘာရတ် ကတိပြု ခဲ့ပြီးနောက် တစ်ရက် အကြာ ဗုဒ္ဓဟူးနေ့တွင် မူဘာရတ်အား ထောက်ခံသော ဆန္ဒပြ ချီတက်မှုများ ကိုင်ရို မြို့တော်တွင် အံ့အားသင့်ဖွယ် ထွက်ပေါ် လာခဲ့သော်လည်း ၎င်း၏ အစိုးရကို ဆန့်ကျင်သည့် ဆန္ဒပြ ပွဲကြီးများ၏ အောက်တွင် တိမ်မြုပ်သွားသည်။

ဗုဒ္ဓဟူးနေ့တွင် ၉ ရက်မြောက် အဖြစ် ဆက်လက် လှုပ်ရှားခဲ့သည့် ဆန္ဒပြပွဲများ၏ ဗဟိုစုရပ် ဖြစ်သော တာရစ် ရင်ပြင်တွင် ညလုံးပေါက် အချိန် ဖြုန်းကာ ညမထွက်ရ ကာဖျူး အမိန့်ကို ထပ်မံ အာခံခဲ့ကြသည့် ထောင်နှင့် ချီသော လူအုပ်ကြီးက စစ်မှုထမ်းဟောင်း ခေါင်းဆောင်၏ အင်္ဂါနေ့ နှောင်းပိုင်း ကြေညာချက်ကို လှောင်ပြောင် ဆဲဆိုခဲ့ကြသည်ဟု သိရသည်။

သို့သော်လည်း အညံ့မခံသည့် ခေါင်းဆောင်အပေါ် သစ္စာ စောင့်သိမှုကို ဗုဒ္ဓဟူးနေ့ မနက်ခင်းတွင် ပြသခဲ့သည့် ခပ်ကျဲကျဲ လူစု လူအုပ်လေးများက မူဘာရတ်သည် မလုံခြုံမှု ကြီးထွား လာသည့် ကြားမှပင် တည်ငြိမ်မှုကို ကိုယ်စား ပြုနေကြောင်း ပြောကြားခဲ့ပြီး မူဘာရတ် ချက်ချင်း ဆင်းပေးသည်ကို မြင်လိုသူများအား သစ္စာဖောက်များဟု ခေါ်ဝေါ်ခဲ့ကြသည်။

တာရစ် ရင်ပြင်နှင့် တစ် ကီလိုမီတာခန့် ကွာဝေးသည့် နိုင်ငံပိုင် ရုပ်သံ ဌာနချုပ် အနီးတွင် စုဝေးခဲ့သည့် လူ ၅၀၀ အုပ်စုလေးက "မူဘာရတ်ကို ထောက်ခံသည်၊ တည်ငြိမ်မှုကို ကာကွယ်မည်" ဟု ကြွေးကြော်ခဲ့သည်။

အဆိုပါ လူစုက မူဘာရတ် ဆန့်ကျင်ရေး ဆန္ဒပြသူများကို မောင်းထုတ်ရန် ရည်ရွယ်ကာ ချီတက်ခြင်း ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုနေချိန်တွင် အထက်ပါ မူဘာရတ် ထောက်ခံ ချီတက်ပွဲတွင် ပါဝင်သူများအား စည်းရုံး လှုပ်ရှားသူများက အီဂျစ်ပေါင် ၁၀၀ ( စင်ကာပူ ဒေါ်လာ ၂၂) စီ ပေးနေသည်ဟု မျက်မြင် သက်သေများက ပြောကြသည်။

အခြား မူဘာရတ် ထောက်ခံ ချီတက်ပွဲများသည်လည်း မိုဟန်ဆင်း လူဂုဏ်ထံ ရပ်ကွက်နှင့် အနီး အနားရှိ ရမ်ဆက် ရင်ပြင်တွင် ထွက်ပေါ်လာခဲ့ပြီး တာရစ် ရင်ပြင်သို့ ဦးတည်နေသည့် ပြည်သူများကို အနှောင့် အယှက် ပြုခဲ့သည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(AFP သတင်းဌာနမှ 3 February 2011 ရက်စွဲပါ "US says no to easing pressure in Myanmar" ကို ဘာသာ ပြန်ဆိုသည်)

မြန်မာ နိုင်ငံ အပေါ် အရေးယူ ဒဏ်ခတ်မှု များအပေါ် ဖြေလျော့ ပေးရန် အချိန် မကျသေးဟု အမေရိကန် ပြည်ထောင်စုက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပြီး အငြင်းပွားဖွယ် ရွေးကောက်ပွဲ နောက်ဆက်တွဲ အဖြစ် ခေါင်းဆောင်ပိုင်း ပြန်လည် ဖွဲ့စည်း ပြင်ဆင်နေသော မြန်မာ အစိုးရကို ပိုမို မှန်ကန် ခိုင်မာသော ဆောင်ရွက်ချက်များ ပြုလုပ်ရန် တိုက်တွန်း လိုက်သည်။

အရှေ့အာရှ ပစိဖိတ် ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က အရှေ့တောင် အာရှ နိုင်ငံများနှင့် တိုင်ပင် ညှိနှိုင်းရန် ခရီး လှည့်လည် ခဲ့ပြီးနောက် "အမေရိကန် ပြည်ထောင်စု အနေဖြင့် မြန်မာ နိုင်ငံနှင့် ပတ်သက်၍ များစွာ စိတ်ပျက် လက်ပျက် ဖြစ်ရသော်လည်း တွေ့ဆုံ ညှိနှိုင်းမှုကိုမူ ဆက်လက် ပြုလုပ် သွားမည်" ဟု ပြောကြား ခဲ့သည်။

"အရှေ့တောင် အာရှ နိုင်ငံ တော်တော် များများက အရေးယူမှု အစီအစဉ်တွေကို ရုတ်သိမ်းဖို့ အချိန်တန်ပြီလို့ ထုတ်ပြောလာပါတယ်၊ အချိန် မကျသေးတာကို ထင်သာ မြင်သာ တွေ့နေရတယ်လို့ ကျွန်တော်တို့ ယူဆတဲ့ အကြောင်း ရှင်းရှင်းလင်းလင်း ပြန်ပြောခဲ့ပါတယ်" ဟု Campbell က သတင်းထောက်များကို ပြောကြားသည်။

"သူတို့က ကိစ္စမျိုးစုံနဲ့ ပတ်သက်တဲ့ အစိုးရသစ် မူဝါဒကို ပုံဖော်နေတာ ဖြစ်လို့ ဒီအစိုးရသစ်က မှန်ကန် ခိုင်မာတဲ့ ပြုပြင် ဆောင်ရွက်မှုတွေ ပြုလုပ်လာတာကို ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်" ဟု ယင်းက ပြောဆိုခဲ့သည်။

ကမ္ဘာတွင် Burma ဟုသာ လူသိများသည့် မြန်မာ နိုင်ငံတွင် ယခု သီတင်းပတ်၌ တပ်မတော် ဩဇာခံ လွှတ်တော်ကို ခေါ်ယူ စည်းဝေးလျက် ရှိရာ ဒီမိုကရေစီ လမ်းညွှန် မြေပုံဟု ခေါ်သော လုပ်ငန်းစဉ်၏ အရေးကြီးဆုံး အဆင့်ဟု မြန်မာ အစိုးရက ပြောဆိုနေသည်။

သို့သော်လည်း အနောက် နိုင်ငံများနှင့် အတိုက် အခံ အုပ်စုများက "ဒိုင်ညစ်သည်" ဟု ဝိုင်းဝန်း ဝေဖန် ခဲ့ကြသည့် ယခင်နှစ်က ရွေးကောက်ပွဲများသည် ဒီမိုကရေစီ အင်အားစု များနှင့် တိုင်းရင်းသား လူမျိုးစုများကို ဘေးဖယ် ထုတ်ရန် ကြံစည် လှည့်ဖြား ထားသော သိက္ခာမဲ့ ညစ်ညမ်းမှု အဖြစ် စွပ်စွဲ အပြစ် တင်ခဲ့ကြသည်။

"လက်ရှိ အစိုးရ အနေဖြင့် ၎င်းတို့၏ ရည်ရွယ် ကြံစည်မှုများကို ရှင်းရှင်းလင်းလင်း ပြောကြားရန် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုထားခြင်းကို အမေရိကန် ပြည်ထောင်စုက ပံ့ပိုး ရပ်တည်သွားမည်" ဟု Campbell က ဆိုသည်။

၁၉၉၀ ခုနှစ်က နောက်ဆုံး ရွေးကောက်ပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ အနိုင် ရရှိခဲ့သော်လည်း စစ်ဖက် အုပ်ချုပ်သူများက အသိ အမှတ်ပြု အာဏာ လွှဲပြောင်းပေးခြင်း မရှိခဲ့ပါ။ နိုဘယ် ဆုရှင် လူထု ခေါင်းဆောင်ကို နှစ်ပေါင်း များစွာ အကျယ်ချုပ် ထိန်းသိမ်း ထားခဲ့ပြီးနောက် ပြီးခဲ့သော နိုဝင်ဘာလတွင် အစိုးရက လွှတ်ပေးခဲ့သော်လည်း ရွေးကောက်ပွဲများ အပြီး တစ်ပတ်ကြာမှသာ လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

အမေရိကန် ပြည်ထောင်စုကို ဆန့်ကျင်သော နိုင်ငံများနှင့် ဆက်ဆံ ညှိနှိုင်းရန် သမ္မတ အိုဘားမား အစိုးရ၏ ကြိုးပမ်းမှု အစီအစဉ် တစ်ရပ် အဖြစ် ၂၀၀၉ ခုနှစ်တွင် Campbell က မြန်မာ အစိုးရနှင့် တွေ့ဆုံ ညှိနှိုင်းမှုကို စတင် ပြုလုပ် ခဲ့သည်။

"ဖြစ်စဉ် တစ်ခုလုံးကို အခြေခံ ကျကျ သုံးသပ်ရမယ် ဆိုရင် ကျွန်တော်တို့ စိတ်ပျက် လက်ပျက် ဖြစ်ရပါတယ်" ဟု ပြောကြားခဲ့သော Kurt Campbell က အမေရိကန် ပြည်ထောင်စုသည် တွေ့ဆုံ ဆွေးနွေးမှု ရလဒ်ကို ပိုမို ဈေးခေါ်ရန် လုံးဝ ကြိုးစားခဲ့ခြင်း မရှိဟု အခိုင်အမာ ပြောလိုက်သည်။

"ဒီကိစ္စမှာ ဘယ်လိုပဲ ဖြစ်ဖြစ် တွေ့ဆုံ ဆွေးနွေးမှု အတိုင်းအတာ ဒီဂရီဟာ အမေရိကန် ပြည်ထောင်စုရဲ့ အကောင်းဆုံး စိတ်ကူးတွေနဲ့ ကျွန်တော်တို့ရဲ့ ဒေသတွင်း မူဝါဒတွေကို လုပ်ဆောင် ပေးနိုင်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်" ဟု Campbell က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Hindustan Times သတင်းဌာနမှ 2 February 2011 ရက်စွဲပါ "Mizoram Anticipating Security Problems Post-Kaladan" ကို ဘာသာ ပြန်ဆိုသည်)

အိန္ဒိယ အရှေ့မြောက်ရှိ ငြိမ်းချမ်းသော နယ်မြေ (Island of Peace) မီဇိုရမ်သည် ကုလားတန် သယ်ယူ ပို့ဆောင်ရေး ဘက်စုံသုံး စီမံကိန်း စတင် လည်ပတ်သည့် အချိန်မှ စ၍ လုံခြုံရေး ပြဿနာကို စိုးရိမ် လာရသည်။

နယူးဒေလီနှင့် ရန်ကုန်တို့သည် ၂၀၀၈ ခုနှစ် ဧပြီလက အိန္ဒိယ အစိုးရက ငွေကြေး ထောက်ပံ့မည့် ဒေါ်လာသန်း ၁၂၀ တန် ကုလားတန် စီမံကိန်း အတွက် သဘော တူညီချက် လက်မှတ် ရေးထိုးခဲ့ပြီး အဆိုပါ စီမံကိန်းကြောင့် အနာဂတ်တွင် ကုလားတန် မြစ်တလျှောက် အိန္ဒိယနှင့် မြန်မာ ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်း ဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်သည်။

ကုလားတန် မြစ်သည် မီဇိုရမ်မှ စတင် စီးဆင်းပြီး ဘင်္ဂလား ပင်လယ်အော်သို့ မြန်မာ နိုင်ငံ စစ်တွေတွင် စီးဝင်သည်။ စစ်တွေတွင် ဆိပ်ကမ်း ဆောက်လုပ် ခြင်းအား အိန္ဒိယမှ ကူညီလျက် ရှိသည်။ သို့သော် ၎င်းသည် မီဇိုရမ်နှင့် နယ်စပ်ချင်း ထိနေသော မြန်မာ နိုင်ငံမှ စက်ပစ်ပြင် (Setpyitpyin) အထိ ရေကြောင်းမှ သွားလာနိုင်ပြီး ထိုဒေသအထိ အိန္ဒိယ အရှေ့မြောက်မှ ကုန်ပစ္စည်းများ ကုန်းလမ်းမှ သယ်ပို့နိုင်သည်။

"လိုအပ်တဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှု တွေနဲ့ အတူ မလိုလားတဲ့ အရာတွေလည်း ဝင်လာမှာ၊ ထွက်သွားမှာကို မျှော်လင့် ထားပါတယ်၊ ဒီတော့ ဖြစ်လာနိုင်တဲ့ အရာတွေကို လက်ခံ ကိုင်တွယ်ဖို့ ထိရောက်တဲ့ မဟာဗျူဟာ တဖြည်းဖြည်း ချမှတ်ဖို့ အချိန် ရောက်နေပါပြီ၊ ဘာကြောင့်လဲ ဆိုတော့ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းပါတယ်" ဟု မီဇိုရမ် ပြည်နယ် ဝန်ကြီးချုပ် Lal Thanhawla က နယူးဒေလီတွင် ပြည်နယ် ဝန်ကြီးချုပ်များ ကွန်ဖရင့်၌ ပြောကြားခဲ့သည်။

၎င်းက ဖြည့်စွက် ပြောကြား ရာတွင် ပြည်နယ်များ လုံခြုံရေး အသုံး စရိတ် အတွက် လက်ရှိ ကျင့်သုံးနေသော လိုအပ်ချက် အရသာ ရွေးချယ်၍ ဗဟိုမှ ထောက်ပံ့သော စနစ်ကို ပြန်လည် ပြုပြင် သင့်ကြောင်း ဆိုသည်။ "မီဇိုရမ် ဆိုရင် နှစ်ပေါင်းများစွာ အနှောင့် အယှက်တွေ ရှိရာကနေ ငြိမ်းချမ်းရေး ပြန်ရလာပြီ ဖြစ်ပေမဲ့ ငြိမ်းချမ်းရေးကိုလည်း ထိန်းသိမ်း ထားရပါမယ်၊ ငြိမ်းချမ်းရေး ရပြီ ဆိုပြီး အခြား ပြည်နယ်တွေနဲ့ ခွဲခြား ဆက်ဆံဖို့ မသင့်ပါဘူး" ဟု ၎င်းက ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးကို ထိန်းသိမ်း ထားနိုင်ရေး အတွက် မက်လုံး ပေးသည့် အနေဖြင့် ပြည်နယ် လုံခြုံရေးကို ထိန်းသိမ်း စရိတ် ကာမိအောင် ဗဟိုက အထောက် အပံ့ ပေးသင့်ကြောင်း Thanhawla က ပြောသည်။ "ကျွန်တော်တို့ ငြိမ်းချမ်းရေး အတွက် တန်ဖိုး ကြီးကြီး ပေးခဲ့ရပြီးပါပြီ၊ ငြိမ်းချမ်းရေးကို ထိန်းသိမ်း နိုင်ဖို့ကိုလည်း တန်ဖိုး တစ်ခု ပေးရမှာပဲ" ဟု ၎င်းက ဆိုသည်။

မီဇိုရမ် ပြည်နယ် ဝန်ကြီးချုပ်က ပြည်နယ် လုံခြုံရေး ထိန်းသိမ်း ထားနိုင်ရေး အတွက် လူမျိုးစုများ ရှိရာ အရပ်တွင် ရိုးရာ ဒေသဆိုင်ရာ အဖွဲ့ အစည်းများ ဖွဲ့စည်း နိုင်ရေး လိုအပ်ချက်ကို အလေးပေး ပြောကြားခဲ့သည်။

"ဥပမာ အားဖြင့် မီဇိုရမ်မှာ ကျေးရွာ ကောင်စီ ဒါမှ မဟုတ် နာဂမြေမှာ ကျေးရွာ ဖွံ့ဖြိုးရေး ဘုတ်အဖွဲ့ တွေဟာ ကိုယ့် ဒေသမှာ ငြိမ်းချမ်းရေး ထိန်းသိမ်းရာမှာ ထိရောက်တဲ့ ကဏ္ဍက ပါဝင်နိုင်ပြီး ငြိမ်းချမ်းရေး ပျက်ပြား စေမယ့် ပြင်ပက လှုပ်ရှားမှုတွေကို ကာကွယ် တားဆီးနိုင်မှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

ယင်းက ပြည်ထဲရေး ဝန်ကြီးဌာနအား ပြည်နယ်များနှင့် တိုင်ပင်၍ အဆိုပါ ကိစ္စအား အမျိုးသား အဆင့် စီမံကိန်း ရေးဆွဲရန် တိုက်တွန်း ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(AFP သတင်းဌာနမှ 3 February 2011 ရက်စွဲပါ "Moderate 5.6 Quate Hits off India's Andamans" ကို ဘာသာ ပြန်ဆိုသည်)

အိန္ဒိယ အန်ဒမန် ကျွန်းစုများ၏ ကမ်းရိုးတန်းတွင် အင်္ဂါနေ့က အင်အား ၅.၆ မဂ္ဂနီကျုရှိ ငလျင် တစ်ခု လှုပ်သွားသည်ဟု အမေရိကန် ဘူမိဗေဒ တိုင်းတာရေး ဌာန (USGS) က ပြောကြား သော်လည်း လတ်တလော ပျက်စီးမှု သတင်းများနှင့် ဆူနာမီ သတိ ပေးချက်များ ထုတ်ပြန်ခြင်း မရှိဟု သိရသည်။

အန်ဒမန် ကျွန်းစု ပို့ဘလဲ ဆိပ်ကမ်း၏ အရှေ့တောင်ဘက် ၁၉၂ ကီလိုမီတာ အကွာ ရေအောက် အနက် ၂၅ ကီလိုမီတာတွင် ပင်လယ် ရေအောက် ငလျင် လှုပ်သွားသော နေရာသည် ဘင်္ဂလား ပင်လယ်အော်တွင် တည်ရှိပြီး အချိန်မှာ ဒေသ စံတော်ချိန် ည ၇:၃၉ တွင် ဖြစ်သည်ဟု USGS က ပြောကြားသည်။

ဟာဝိုင်ယီ အခြေစိုက် ပစိဖိတ် ဆူနာမီ သတိပေး စင်တာကမူ မည်သည့် အကြောင်း ကြားမှုမျှ မရရှိခဲ့ဟု ဆိုသည်။

အန်ဒမန် ကျွန်းစုများ၏ မြောက်ဘက်တွင် မြန်မာ နိုင်ငံ၊ တောင်ဘက်တွင် အင်ဒိုနီးရှား နိုင်ငံနှင့် အနောက်မြောက်ဘက် ၂၅၀၀ ကီလိုမီတာ အကွာတွင် နယူးဒေလီတို့ တည်ရှိသည်။

အင်ဒိုနီးရှား ဆူမားတြား ကျွန်းစု ငလျင်မှ အစပြု လိုက်သော ပင်လယ် ရေလှိုင်းကြီးများက အိန္ဒိယ သမုဒ္ဒရာ ပတ်လည် နိုင်ငံများကို တိုက်ချ သွားခဲ့သည့် ၂၀၀၄ အာရှ ဆူနာမီကြောင့် အန်ဒမန် ကျွန်းစုတွင် ဆိုးဝါးစွာ ထိခိုက် ပျက်စီးခဲ့ဖူးသည်။

အန်ဒမန် ပြတ်ရွေ့ကြော တစ်လျှောက်ရှိ အိန္ဒိယ မြေလွှာနှင့် မြန်မာ မြေလွှာငယ်တို့ ဆုံတွေ့မှု ကြောင့် မကြာခဏ ဖြစ်ပေါ်သော မြေငလျင်များကို အန်ဒမန် ပင်လယ် တဝိုက်တွင် အမြဲ စောင့်ကြည့် လေ့လာ နေရသည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(AFP သတင်းဌာနမှ 1 February 2011 ရက်စွဲပါ "Military Calls Egyptian People's Demand Legitimate"ကို ဘာသာ ပြန်ဆိုသည်)

အီဂျစ် ပြည်သူတို့၏ တောင်းဆိုမှုများသည် တရားဝင်ကြောင်း အီဂျစ် ဩဇာကြီး တပ်မတော်က တနင်္လာနေ့တွင် ပြောကြားလိုက်ပြီး အင်္ဂါနေ့တွင် စီစဉ် ထားကြသော အစိုးရ ဆန့်ကျင်ရေး ဆန္ဒ ပြပွဲကြီးများကို နှိမ်နင်းမည် မဟုတ်ဟု အခိုင် အမာ ပြောဆိုခဲ့သည်။

"ကြီးမြတ်သော အီဂျစ် ပြည်သူများ ခင်ဗျာ၊ သင်တို့ရဲ့ လက်နက်ကိုင် တပ်မတော်ဟာ ပြည်သူ တွေရဲ့ တရားဝင် အခွင့်အရေးတွေကို အသိအမှတ် ပြုပါတယ်၊ အီဂျစ် ပြည်သူ တွေ အပေါ် အင်အား သုံးပြီး နှိမ်နင်း ခဲ့ခြင်း မရှိ သလို နောင်ကိုလည်း အင်အား သုံးမှာ မဟုတ်ပါဘူး" ဟု အီဂျစ် တပ်မတော်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

"ငြိမ်းချမ်းသော လွတ်လပ်စွာ ပြောဆိုခွင့်ကို လူတိုင်း အတွက် ခွင့်ပြုထားသည်" ဟု တပ်မတော် ပြောရေးဆိုခွင့် ရှိသူက ပြောကြားခဲ့သည့် အတိုင်း အီဂျစ် နိုင်ငံပိုင် ရုပ်သံနှင့် နိုင်ငံပိုင် MENA သတင်း ဌာနက ထုတ်လွှင့် ဖော်ပြ ခဲ့သည်။

သမ္မတ ဟော့စနီ မူဘာရက်၏ အနှစ် သုံးဆယ် အာဏာ ချုပ်ကိုင်မှု အပေါ် မကြုံစဖူး ကြီးမားစွာ စိန်ခေါ်ခဲ့သည့် ဆန္ဒ ပြပွဲများသည် တနင်္လာနေ့တွင် ၇ ရက် မြောက် အဖြစ် ကိုင်ရို မြို့တွင်း ပြည့်လျှံ သွားခဲ့ပြီး မူဘာရက် လက်အောက်မှ အစိုးရ အဖွဲ့သစ်ကို ပယ်ချခဲ့ကြသည်။

အနည်းဆုံး ၁၂၅ ဦး သေဆုံးကာ ထောင်နှင့် ချီ၍ ဒဏ်ရာ ရရှိခဲ့ကြသော တစ်ပတ်ကြာ ဆန္ဒပြ တော်လှန်မှု အပြီး အင်္ဂါနေ့တွင် မြို့တော် ကိုင်ရို၌ လူပေါင်း တစ်သန်း ချီတက် ဆန္ဒ ပြမည်ဟု စည်းရုံး လှုပ်ရှား သူများက ကတိ ပြုထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Associated Press မှ 1 February 2011 ရက်စွဲပါ "Last Internet Provider in Egypt Goes Dark" ကို ဘာသာ ပြန်ဆိုသည်)

အီဂျစ် နိုင်ငံ၏ အဓိက အင်တာနက် Service Providers များ အနက်မှ နောက်ဆုံး ကျန်နေသော Noor Group အမှောင် ကျသွားပြီ ဖြစ်ကြောင်း သိရသည်။

အီဂျစ်၏ အဓိက Providers လေးခု ဖြစ်သော Link Egypt၊ Vodafone/Raya၊ Telecom Egypt၊ Etisalat Misr တို့ သောကြာနေ့ မနက်တွင် ပြည်ဝင် ပြည်ထွက် အင်တာနက် ဆက်သွယ်မှုကို ရုတ်တရက် ရပ်ဆိုင်း လိုက်သည့် နောက်ပိုင်း၌ပင် အွန်လိုင်း ပေါ်၌ Noor Group ကျန်နေခဲ့ သေးသည်ဟု သိရသည်။

တနင်္လာနေ့ည ဒေသ စံတော်ချိန် ၁၁ နာရီတွင်မူ Noor Group ကို ချိတ်ဆက်၍ မရနိုင်တော့ ဟု နယူးဟမ့်ရှိုင်းယား၊ မန်ချက်စတာ အခြေစိုက် Renesys နည်းပညာ ဌာန အကြီးအကဲ James Cowie က ပြောကြားခဲ့သည်။ Noor Group ၏ လမ်းကြောင်းများကို စောင့်ကြည့် ရှာဖွေ ခဲ့သော်လည်း မတွေ့ရတော့ဟု ၎င်းက ဆိုသည်။

Noor Group နှင့် အခြား Internet Service Providers များမှ အင်ဂျင်နီယာများက ပရိုဂရမ် ဖိုင်များကို ပြောင်းကာ အင်တာနက်ကို အလျင် အမြန် ပိတ်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု Mr. Cowie က ပြောကြားခဲ့သည်။ သောကြာနေ့က ကနဦး အင်တာနက် အမှောင် ချမှု လုံးဝ ပြီးစီးရန် မိနစ် ၂၀ မျှသာ ကြာခဲ့သည် ဟုလည်း သိရှိရသည်။

အီဂျစ်တွင် မိုဘိုင်းဖုန်း ဝန်ဆောင်မှုများကို မနေ့က ပြန်လည် ဖွင့်ပေး ခဲ့သော်လည်း ဆန္ဒပြပွဲများ ရှိနေသရွေ့ Text Message စာပို့လွှာကို ဖြတ်တောက် ထားမည်ဟု ဆိုသည်။

ထို အတော အတွင်း Google က ပြောကြားရာတွင် အင်တာနက် ပြတ်တောက် နေသော်လည်း အီဂျစ် ပြည်သူများ Twitter Message ပို့နိုင်မည့် ဝန်ဆောင်မှု အသစ်ကို ယခု သီတင်းပတ် အတွင်း ဆောင်ရွက် ခဲ့သည်ဟု ဆိုသည်။

Speak-to-Tweet ဟုခေါ်သော ဝန်ဆောင်မှု အသစ်ကို Google၊ Twitter နှင့် ပြီးခဲ့သော အပတ်တွင် Google က သိမ်းယူ ခဲ့သော Say Now တို့မှ အင်ဂျင်နီယာများက အကောင် အထည် ဖော် ဆောင်ရွက် ပေးခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Associated Press မှ 2 February 2011 ရက်စွဲပါ "Malaysia to Evacuate 11000 Students from Egypt" ကို ဘာသာ ပြန်ဆိုသည်)

အီဂျစ် နိုင်ငံကို လှုပ်ခါ သွားစေသည့် ဆန္ဒပြပွဲများ ကြားမှပင် ကိုင်ရို မြို့တော်မှ ကျောင်းသား ၁၁၀၀၀ ကျော်ကို ပြန်လည် ခေါ်ယူရန် အတွက် သင်္ဘော တစ်စီးနှင့် လေယာဉ်များ စေလွှတ်မည်ဟု မလေးရှား နိုင်ငံက ပြောကြားသည်။

အေဒင် ပင်လယ်ကွေ့ရှိ ဆိုမာလီ ပင်လယ် ဓားပြများ၏ ရန်မှ မလေးရှား သင်္ဘောများကို ကာကွယ် ပေးနေသော ရေတပ်က အသုံး ပြုနေသည့် ကုန်သင်္ဘောသည် ကျောင်းသား ၅၀၀ ခန့်ကို ခေါ်ဆောင်ရန် အတွက် ကိုင်ရို တောင်ဘက် ဆိပ်ကမ်းသို့ ယခု သီတင်းပတ် ကုန်တွင် ရောက်ရှိမည်ဟု မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇတ်က ပြောကြားခဲ့သည်။

အခြား ကျောင်းသားများ မှာမူ မလေးရှား လေတပ်၊ မလေးရှား လေကြောင်းလိုင်းများနှင့် Air Asia တို့မှ လေယာဉ်များဖြင့် ပြန်လည် ရောက်ရှိလာကြမည်ဟု ဝန်ကြီးချုပ်က ပြောကြားသည်။

၎င်းက Bernama National News Agency မှတစ်ဆင့် အင်္ဂါနေ့က ကြေညာချက် ထုတ်ပြန် ရာတွင် အချို့ ကျောင်းသားများမှာ ဆော်ဒီ အာရေဗျ နှင့် အခြား အိမ်နီးချင်း တိုင်းပြည်များသို့ သွားကြမည် ဖြစ်ပြီး ဆက်စပ် လေကြောင်းလိုင်းများမှ တစ်ဆင့် မလေးရှားသို့ ပြန်လာကြမည်ဟု ဆိုသည်။