Transparency Myanmar

transparency.myanmar@gmail.com

၁၃.၃.၂၀၁၁

ပြည်တွင်းသတင်းများ



  မြဝတီလမ်းကြောင်း ပိတ်ထားသော်လည်း ကုန်ပစ္စည်းများ ဆက်လက်ဝင်ဆဲဖြစ်

မတ်၁၂။


သတင်းဌာနတချို့တွင်   မြန်မာနိုင်ငံသို့ ထိုင်းကုန်စည်များ အဓိက တင်ပို့ရာ လမ်းကြောင်းအား မြန်မာ အာဏာပိုင်များက စီမံချက်ဟူသော အကြောင်းပြချက်ဖြင့်  ပိတ်ဆို့ခဲ့သည် ဟူသော သတင်းများ ထွက်လာသော်လည်း ယခုအချိန်ထိ ကယ်ရီများ ဆင်းနေဆဲဖြစ်ကြောင်း ကော့ကရိတ်မြို့နယ်ဒေသခံတစ်ဦးမှ ဆိုသည်။

“စုံတက်၊ မဆင်းလေ၊ တိုက်ပွဲရှိလည်း အတက်၊ အဆင်း ရှိနေတာပဲ။ အာဏာပိုင်တွေကလည်း စစ်တာကတော့ ပုံမှန် ရှိနေတာပဲလေ။ မြဝတီမြို့က အထွက် ကုန်သွယ်ရေးဂိတ်မှာရယ်၊ မြဝတီကနေ တောင်ပေါ်အတက်မှာရှိတဲ့ အဖွဲ့စုံ ဂိတ်လို့ခေါ်တဲ့ တောင်ကြားဂိတ်မှာရယ်၊ ကော့ကရိတ်မြို့ဝင်ဂိတ်မှာရယ်က စစ်ဆေးရေးက တောင်တက်၊တောင်ဆင်း အမြဲရှိနေကြတာပဲလေ။ဒါပေမယ့် အဆင်းနေ့တိုင်း ပစ္စည်းကတော့ ရောက်နေတာပါပဲ”ဟုဆိုသည်။

မြဝတီနှင့် ကော့ကရိတ်လမ်းပိုင်းကြားရှိ စစ်ဆေးရးဂိတ်များတွင် စစ်ဆေးသောစစ်ဆေးမှုများ မည်သို့ပင် ပြင်း ထန်သည် ဖြစ်စေ၊ ပစ္စည်းအဝင်မှာ ပုံမှန်သာ ရှိပြီး၊ ကယ်ရီကြေးလည်း မတက်သွားကြောင်း၊ သံတောင် အမှတ်တံဆိပ် တပ်ဆင်ထားသော ဟိုင်းလပ်ယာဉ်ဖြင့် ကယ်ရီချနေသူယာဉ်မောင်းတစ်ဦးမှဆိုသည်။

“ပိတ်လည်း တစ်ရက်၊ စစ်ဆေးရေး ဝင်လည်းတစ်ရက်၊ စစ်သားနဲ့ငပွေးကလွဲလို့ဘယ်သူမှ ဒီလမ်းဒီခရီးက ဂိတ်တွေမှာ မနေနိုင်ဘူး။ တောင်ကြားဂိတ်ကလူတွေတောင် ညနေစောင်းရင် မြဝတီပြန်ရတယ်။ကျွန်တော်တို့က ဒီလမ်း ပိတ်လည်း၊ နောက်တစ်လမ်းပဲ။ ဒီပတ်ဝန်းကျင်တစ်ခုလုံး ထမင်းစားနေရတာက ဒီလမ်းမှာ ပစ္စည်းချလို့ပဲ၊ အခုက တံတား ပိတ်ထားတော့ ကုန်အဝင်လည်းနည်းတယ်။ကျွန်တော်တို့လည်း ပစ္စည်းရတာနည်းတယ်။ ဒါပေမယ့် ကယ်ရီကြေးတော့ မတက်ဘူး။ ပစ္စည်း သယ်တဲ့သူလည်း အရင်ကထက်စာရင် စီးပွားရေးကျတယ်။ ကျွန်တော်တို့လည်း သူတို့နည်းတူ စီးပွား ရေးကျတယ်။ တစ်ဦးနဲ့ တစ်ဦးက ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီဆိုတော့ ကယ်ရီဈေးကို အခုအချိန်တက်ဖို့ စိတ်ကူး မရှိ သေးပါဘူး။”ဟု ဆိုသည်။

“မနေ့က လမ်းပိတ်တယ်လို့တော့ ကြားတယ်။ ဒါပေမယ့် ကျွန်တော် ဒီနေ့ဘားအံကိုဆင်းမှာပါ။ပြီးမှ ကယ်ရီ ကား နဲ့ မြဝတီကို ထပ်တက်မယ်။ လမ်းပိတ်လည်း လမ်းကြောင်းတော့ရှိနေတာပဲ။ ကျွန်တော်က တစ်လကို သုံးခေါက်လောက် တော့ ပုံမှန်ဆင်းတယ်”ဟု ရန်ကုန်မြို့ အောင်မင်္ဂလာ အဝေးပြေးဝင်းသို့ ညနေ ၇နာရီထွက်သော ဘားအံကားမှီရန် ပြင် ဆင်နေသည့် ကိုအောင်သူ(အမည်ပြောင်းထား)မှ အထုပ်အပိုးပြင်ဆင်ရင်း ပြောကြားသည်။

 “အဓိကကတော့ ထိုင်းကုန်စည်တွေကို ပိတ်ဆို့နေတာက နိုင်ငံရေးအရပဲဗျ။ ဒီမဲဆောက်မှာရှိတဲ့ မြန်မာ့နိုင်ငံရေး အတိုက်အခံတွေကို ထိုင်းက လက်ခံထားတာကို မြန်မာနိုင်ငံဘက်ကလက်မခံကြောင်းပြချင်လို့ သူတို့တွေရဲ့ ကုန်စည်ကို မြန်မာဘက်က ပိတ်ဆို့နေတာ၊အခုဆို ထားဝယ်ရေနက်ဆိပ်ကမ်း ဆောက်လုပ်ရေး ပရော့ဂျက် ကိုင်ထားတဲ့ အီတာလျံ- ထိုင်း ကုမ္မဏီရဲ့ လုပ်ငန်းတွေကို ခဏနားခိုင်းထားတယ်။ ဒီတော့ဗျာ ထိုင်းမှာကျွန်တော်တို့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ ရှိနေရင် မြန်မာနိုင်ငံမှာ ထိုင်းနိုင်ငံရဲ့ မြန်မာပြည်မှာ ရင်းနှီးမြုပ်နှံထားတဲ့ စီးပွားရေးလုပ်ငန်းတွေ လွတ်လွတ်လပ်လပ် လုပ်လို့ မရဘူးဆိုတာကို အသိပေးချင်တဲ့ သဘောပါ”ဟု မဲဆောက်အခြေစိုက် မြန်မာအရေး လှုပ်ရှားသူတစ်ဦးမှ ဆိုသည်။

ထိုင်းနိုင်ငံမှ ထုတ်ကုန်တချို့ကြောင့် ကျန်းမာရေးအား ထိခိုက်စေသည် ဟုဆိုကာ မြန်မာနိုင်ငံတွင် လွန်ခဲ့သော ၅နှစ်က အားဖြည့်အချိုရည်နှင့် အချိုမှုန့်များအား အခမ်းအနားများ ကျင်းပ၍ ဖျက်ဆီးမှုများ ရှိခဲ့ကြောင်း၊ ယင်းကိစ္စများမှာ မြန်မာနိုင်ငံက ထိုင်းနိုင်ငံအပေါ် ထားရှိသော ပေါ်လစီကြောင့် ဖြစ်ရခြင်းဖြစ်ပြီး ထိုဖြစ်ရပ်များ ဖြစ်ပေါ်ပါက အဓိက ထိခိုက် သူမှာ End User ဟု သတ်မှတ် နိုင်သည့် မြန်မာနိုင်ငံမှ စားသုံးသူများ ဖြစ်ကြောင်း၊ ထိုင်းကုန်စည်များ နေရာတွင် အစားထိုးနိုင်သည့် သွင်းကုန် အစားထိုးလုပ်ငန်းများ မရှိသေးသည့်အတွက် ထိုင်းကုန်စည်များ အားသိသာစွာ မှီခိုနေရခြင်းများ ရှိကြောင်း၊ ထိုင်းကုန်စည်များ ဝင်ရောက်ရာလမ်းကြောင်းအား အမှန်တကယ် ပိတ်ဆို့ထားခြင်း ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ၊ လမ်းပိတ်သည်ဟူသော သတင်းထွက်ပါက ထိုင်း ကုန်စည်ဈေးနှုန်းသည် လက်ရှိ ရောက်ရှိနေသော ဈေးနှုန်းထက် ပိုမို ဈေးတက်နိုင်ကြောင်း ညောင်ပင်လေးဈေးမှ သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြသည်။

-------------------------------------------------------------------------------------------------------------

‘ကျောက်ဖြူ’ကို ကန့်ကွက်သော်လည်း ‘ထားဝယ်’ကို လက်ရှောင်နေ

မတ် ၁၂။


မြန်မာ့အရေး လှုပ်ရှားနေသူများသည် တရုတ်နိုင်ငံနှင့် ဖက်စပ် လုပ်ကိုင်သော စီမံကိန်းများကို အပြင်းအထန် ကန့်ကွက်ပြီး ထိုင်းနိုင်ငံနှင့် ဖက်စပ်လုပ်ကိုင်သော စီမံကိန်းကိုမှု အကျိုးစီးပွားအရ မျက်စီမှိတ်နေခြင်းများရှိကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်မှ ထွက်ရှိသော ရေနံနှင့်သဘာဝဓာတ်ငွေ့ကို တရုတ်နိုင်ငံသို့  ပိုက်လိုင်းဖြင့် သွယ်တန်းကာ ပို့ ဆောင်သော စီမံကိန်းနှင့် အရှေ့အလယ်ပိုင်းမှ ထွက်ရှိသော ရေနံများကို သဘောင်္ဖြင့် သယ်ဆောင်ကာ မလက္ကာရေ လက်ကြားအား ဖြတ်၍ တရုတ်နိုင်ငံသို့ သယ်ပို့နေသည့် လမ်းကြောင်းအစား ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် မဒေး ကျွန်းမှ တဆင့် ပိုက်လိုင်းဖြင့် ရေနံအား တရုတ်ပြည်သို့ တွန်းပို့သည့် စီမံကိန်းများ စတင်ချိန်တွင် ရခိုင်ပြည်နယ်နှင့် ပိုက်လိုင်းဖြတ်သန်းရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လူ့အခွင့်အရေး ချိုးဖောက်သည် ဟူသော အကြောင်းပြ ချက်များဖြင့် ကန့်ကွက်ခြင်း၊ ဆန္ဒပြခြင်းများ ပြုလုပ်ခဲ့ကြသော မြန်မာနိုင်ငံအရေး လှုပ်ရှားသူများ၊ လူ့အခွင့်အရေး လှုပ်ရှားသူများသည် တင်္နသာရီတိုင်း၊ ထားဝယ်မြို့တွင် စတင်နေပြီဖြစ်သော ထားဝယ် ရေနက်စီမံကိန်းနှင့် ပက်သက်၍ မည်သို့မျှ ကန့်ကွက်ခြင်း၊ ဆန္ဒပြခြင်းများ ပြုလုပ်သည်ကို တွေ့ရှိရခြင်း မရှိကြောင်း ပြည်တွင်းသတင်းဂျာနယ် အယ်ဒီတာ တစ်ဦးမှ ဆိုသည်။

“ကျွန်တော်က သတင်းတွေကို စိတ်ဝင်စားသူ တစ်ယောက်မို့လို့ ပြည်ပသတင်းဝက်ဆိုက်တွေကို စောင့်ကြည့်နေတာ လွန်ခဲ့တဲ့နှစ်၂၀၀၉-၂၀၁၀ ကဆို ကျောက်ဖြူနဲ့ မဒေးကျွန်းမှာ အခြေစိုက်တဲ့ တရုတ်က ရင်းနှီးမြုပ်နှံတဲ့ စီမံကိန်းကြောင့် ရလာတဲ့ ဆိုးကျိုးတွေ၊ လူ့အခွင့်အရေးတွေ ချိုးဖောက်ပါတယ်ဆိုပြီး သတင်းတွေ တက်လာတာ ခန့်မှန်းပြောရရင် အဲဒီဒေသတွေနဲ့ ဆိုင်တဲ့ သတင်းတွေကို သတင်းဌာနပေါင်းစုံက တင်ပြတာ တစ်ပတ်ကို၂ ပုဒ်လောက် ရှိတယ်။ ဒီလို တက်လာတဲ့ သတင်းတွေအပြင် ဒီစီမံကိန်းကို တစ်သီးတစ်သန့် ဆန့်ကျင်တဲ့ ထိုင်းနိုင်ငံ အခြေစိုက် ရွှေဂက်(စ်)လို အဖွဲ့တွေ၊ Arakan Oil Watch လိုအဖွဲ့တွေက ရခိုင်ပြည်နယ်မှာ ဆန္ဒပြတာတို့၊ လက်ကမ်းကြော်ငြာ ဝေတာတို့ နိုင်ငံတကာကို သွားပြီး ဒီစီမံကိန်းကြောင့် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှု တွေ ပိုများလာပါကြောင်းကို လော်ဘီ လုပ်တာတွေ၊ သုတေသနစာတမ်း ထုတ်တာတွေ ရှိတယ်။ မြစ်ဆုံမှာလုပ်တဲ့ ရေကာတာကိစ္စကိုလည်း ကချင်ပြည်နယ်က တက်ကြွလှုပ်ရှားသူတွေကလည်း ပုံစံမျိုးစုံနဲ့ ကန့်ကွက်တာတွေ လုပ်တယ်။ ဒီနေရာမှာက အခုပြောတဲ့ စီမံကိန်းကို ဦးစီးဦးဆောင် လုပ်တာက တရုတ်နိုင်ငံနဲ့ ပြည်တွင်းက ခရိုနီ အုပ်စုဝင် ကုမ္မဏီတွေပဲ။ ဒါပေမယ့် အခုနှစ်မှာ စလုပ် တဲ့ ထားဝယ် ရေနက်စီမံကိန်း လုပ်ငန်းကျတော့ ကန့်ကွက်တာတို့ ဆန္ဒပြတာတို့ ဒီရေနက်ဆိပ်ကမ်းရဲ့ဆိုးကျိုးတွေကို ပြည်သူတွေဆီ ဖြန့်ဝေတာတို့ မလုပ်ကြသေးဘူးဗျ။ ဒီစီမံကိန်းကို ဦးစီးတာက အီတာလျံ-ထိုင်းကုမ္မဏီဗျ။ ပြီးတော့ ဒီကုမ္မဏီရဲ့ ရလာမယ့် အကျိုးစီးပွားကထိုင်း နိုင်ငံအတွက်တော့ တော်တော်လေး အကျိုးအမြတ်ရှိတယ်။ ဒီကုမ္မဏီက မြန်မာစစ်အစိုးရနဲ့ ဒီစီမံကိန်းအတွက် MOU ထိုး လိုက်တာနဲ့ သူ့ရဲ့ ရှယ်ယာက ၂၅ရာခိုင်နှုန်းကို တက်လာတာတွေ့ရတယ်”ဟု ပြောကြားသွားပါသည်။

ထားဝယ် ရေနက်စီမံကိန်းကြောင့် ရရှိလာမည့် အကျိုးရလဒ်များသည် ထိုင်းနိုင်ငံအတွက် အကျိုးအမြတ်များစွာ ရရှိနိုင်ပြီး ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေး ပေါ်လစီဖြစ်သော စစ်ဖြစ်ပွားရာ ဇုန်များကို စီးပွားရေးဇုန်များအဖြစ် အသွင်ပြောင်းရန်အတွက် ခြေလှမ်းအား အရှိန်ပြင်းစွာ လှမ်းခြင်းဖြစ်ကြောင်း၊ ယင်းသို့ ထိုင်းနိုင်ငံအစိုးရနှင့် မြန်မာအစိုးရတို့ ရင်းနှီးစွာ ဆက်ဆံနေခြင်းသည် ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေသူများအတွက် စိုးရိမ်ဖွယ်ရာဖြစ်သည်ဟု တတိယ နိုင်ငံ ရောက် မြန်မာ့အရေး လှုပ်ရှားသူတစ်ဦးမှ ဆိုသည်။

“ကျွန်တော်တို့ ဒီစီမံကိန်းရဲ့ အကျိုးရလဒ်တွေကို အကောင်း၊အဆိုး နှိုင်းယှဉ်ပြီး ပြည်သူတွေကို ပြောဖို့ လုပ်နေ တာတွေ ရှိပါတယ်။ အခုတော့ လေ့လာဆဲကာလမို့ ဘာမှသေချာပြောလို့ မရသေးပါဘူး”ဟု ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအားလေ့လာနေသူတစ်ဦးမှဆိုသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ 

အောင်သိန်းလင်း ကတိ ပျက်ဟု ပြည်သူများပြောကြား

ရန်ကုန်၊ မတ် ၁၂။


 ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ အနိုင်ရခဲ့သည့် ဦးအောင်သိန်လင်း၏ မဲဆွယ်ကတိသည် ပျက်ပြယ်သွားပြီဟု ရန်ကုန်မြို့ခံများက ပြောဆိုနေကြကြောင်း သတင်းရရှိသည်

ပြီးခဲ့သော၂၀၁၀ ရွေးကောက်ပွဲတွင် တောင်ဥက္ကလာပပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၌ ပြည်သူ့လွှတ်တော် ကိုယ် စားလှယ်လောင်းနေရာမှဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ပြည်ခိုင်ဖြိုးပါတီအနိုင်ရစေရန် ရှေ့တန်းမှ ဆောင်ရွက်ခဲ့သည် ဟုသိရှိရသော ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်း၏ ရွေးကောက်ပွဲ အနိုင်ရရေး မဲဆွယ် ရာတွင် အသုံးပြုခဲ့သော ကတိသည်  “ ပြည်ခိုင်ဖြိုးပါတီ အနိုင်ရပါက ပြည်သူတွေ၏ဘဝ တိုးတက်မြှင့်တင်ဖို့ ဦးစွာ ကြိုးစား ပေးမယ်။ လမ်းပန်းဆက်သွယ်ရေး လွယ်ကူစေရန် လမ်းတိုင်း ကွန်ကရစ်ခင်းပေးမယ်။ ပြည်သူတွေရဲ့ ဘဝ ရေ၊ မီးစုံလင် စေရမယ်။” ဟူသော ရွေးကောက်ပွဲကတိ ဖြစ်ကြောင်း  သိရသည်။
       
“ကျွန်မတို့လမ်းကို လာမဲဆွယ်တုန်းက ဒီလိုပြောခဲ့တာပါ”ဟု တောင်ဥက္ကလာပမြို့ခံတစ်ဦးက ဆိုသည်။ ရန်ကုန် မြို့၏ ဆင်ခြေဖုံးရပ်ကွက်များတွင် ကွန်ကရစ်လမ်းခင်းရန် မြေသား ဖော်ထုတ်မှုများအား တပိုင်းတစဖြင့် လုပ်ငန်းများ ရပ်တန့်နေမှုများရှိကြောင်း မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက “ရွေးကောက်ပွဲမတိုင်ခင် တစ်လလောက်က တစ်အိမ် ကို ၂၀၀၀၀ ထည့်ခိုင်းပြီး တစ်အိမ်ကို တစ်ယောက် လမ်းခင်းဖို့ လုပ်အားပေးခိုင်းတယ်။ လမ်းကမြေသားတွေက်ု ဖဲ့ချပြီး လမ်းမြေကို ညှိနေတာ အခု ရွေးကောက်ပွဲ ပြီးတာပဲ (၃)လ ကျော်နေပြီ။ လမ်းက မြေသားညှိနေတာနဲ့တင် ရပ်နေတယ်။စည်ပင်က လူတွေလည်း မလာတော့ဘူး။သွားပြောတာလည်း အထက်က ဒီထက်အရေးကြီးတဲ့ အလုပ်တွေ ခိုင်းနေလို့ပါ ဆိုတဲ့ အဖြေပဲရတယ်။ အခု မိုးက တဖြိုက်၊နှစ်ဖြိုက် ရွာနေပြီဆိုတော့ လမ်းမှာမြင်တဲ့ အတိုင်းဗွက်ထနေတယ်”ဟုဆိုသည်။
        
ပြည်ခိုင်ဖြိုးပါတီအား မဲပေးပါက လက်ရှိရနေသည့် လူနေမှု အဆင့်အတန်းထက် အနည်းငယ်ပြောင်းလဲ သွားနိုင်မည်ဟူသော အတွေးနဲ့ ထောက်ခံမဲ ပေးခဲ့သူတစ်ဦးက “ပိုကောင်းလာမလားလို့ မဲပေးလိုက်ပါတယ်။ ဒုံရင်းကဒုံရင်းပါပဲ။ နွေရောက်တာနဲ့ မီးပြတ်တာလည်း ပုံမှန်ပဲ၊ ရေမလာတာလည်း ပုံမှန်ပါပဲ။ အခုတောင် နေအရမ်းပူလာတာနဲ့ ကန်ရေက ခန်း၊ သူတို့ သွယ်ထားတဲ့ ရေပိုက်က ရေပြတ်နေပြီ”ဟု တောင်ဒဂုံမြို့နယ်နေ ပြည်သူတစ်ဦးက ဆိုသည်။
        
ဦးအောင်သိန်းလင်းပေးခဲ့သော ကတိသည် မြို့တော်ဝန်အဖြစ် ၎င်းတာဝန်ယူခဲ့ချိန်က ပေးခဲ့သောဂတိ ဖြစ်ပြီး ယခု သူရောက်ရှိနေသော နေရာသည် လွှတ်တော်အမတ်နေရာဖြစ်သဖြင့် ယခင်သူပေးခဲ့ဖူးသည့် ကတိကို အကောင်အထည်ဖော်ရန် မဖြစ်နိုင်တော့ကြောင်း၊ မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မဲဆွယ်ကတိပေါ်မှ ရလာမည့်အကျိုးအမြတ်ကိုသာ ကြည့်ပြီး၊ဖြစ်လာနိုင်မည့် အလား အလာများကို သေချာစွာမစူးစမ်းမည်သည့်အတွက်၊ ဤသို့သော ကတိပျက်မှု ဖြစ်လာရခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ နှစ်ပေါင်း၂၀ အကြာတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ပြည်သူ့မဲဆန္ဒကိုရစေရန် လိမ်လည်မှု၊ ကတိပျက်မှုများကို နောက်၅နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မဖြစ်နိုင်ရန် ပြည်သူများအနေဖြင့် ရွေးချယ်မှု မမှားစေရန် ကိုယ်စားလှယ်လောင်း တစ်ဦးခြင်းစီ၏ အကြောင်း၊ မဲဆွယ်စည်းရုံးစဉ်တွင် ပေးသည့်ကတိများကို လည်းကောင်း တိကျသေချာစွာ ဆန်းစစ်ရန် လိုကြောင်း သတင်းစာဆရာတစ်ဦးက ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီသည် ရွေးကောက်ပွဲတွင် အနိုင်ရစေရန် ရန်ကုန်မြို့တစ်ဝှမ်းလုံး၌ ကွန်ကရစ်လမ်း ခင်းပေးခြင်း၊ ‘ကြံ့ခိုင်ရေးရေ’ဟု ပြည်သူအများက ခေါ်ကြသည့် ငမိုးရိပ်ရေလှောင်ကန်မှ ရေကို ယခင်က အသုံးပြုရသည့် ဂျိုးဖြူရေထက် လျော့သောဈေးဖြင့် ဖြန့်ဖြူးပေးခြင်းများကို ရွေးကောက်ပွဲကျင်းပသောရက်ဖြစ်သည့် နိုဝင်ဘာ(၇)ရက်နေ့ မတိုင်မှီအထိ အင်တိုက်အားတိုက် ပြုလုပ်ပေးခဲ့ ကြောင်း သိရှိရသည်။

-------------------------------------------------------------------------------------------------------------

အမြဲတမ်းကော်မတီများ အဆက်မပြတ်တာဝန်ထမ်းဆောင်နေမည်
 

 ပြည်ထောင်စု လွှတ်တော် အစည်းအဝေးများ ရပ်နားပြီးနောက် အမျိုးသား လွှတ်တော်နှင့် ပြည်သူ့ လွှတ်တော် များတွင် အမြဲတမ်း ကော်မတီ လေးခုစီကို ဖွဲ့စည်းခဲ့ပြီးဖြစ်ရာ အဆိုပါ ကော်မတီများသည် အမြဲတမ်း ကော်မတီများ ဖြစ်သည့်အတွက် လွှတ်တော် ရပ်နားထားချိန်များတွင်ပင် သက်ဝင် လည်ပတ်နေမည် ဖြစ်ကြောင်း အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် တစ်ဦးဖြစ်သူ ဒေါက်တာမြတ်ဥာဏစိုးမှ ပြောကြားခဲ့သည်။

"လွှတ်တော် အစည်းအဝေးတွေ မရှိချိန်မှာလည်း ဒီကော်မတီတွေဟာ လွှတ်တော်ကြီးရဲ့ လုပ်ငန်းဆောင်တာတွေကို ဆက်ပြီး အကောင်အထည် ဖော်နေမယ်။ ဒါကြောင့် ဥပဒေပြုရေး အပိုင်းဟာ တစ်ချိန်လုံး အသက်ဝင်နေမယ်။ အုပ်ချုပ်ရေး အပိုင်းဟာ သမ္မတတွေ၊ ဝန်ကြီးတွေနဲ့ တစ်ချိန်လုံး အသက်ဝင်နေမယ်"ဟု ဒေါက်တာ မြတ်ဥာဏစိုးမှ ပြောကြား ခဲ့သည်။

ဖွဲ့စည်းလိုက်သော ကော်မတီများတွင် အမျိုးသား လွှတ်တော်ကော်မတီတွင် ဦးအောင်ထွန်း၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီတွင် ဒေါက်တာအေးမောင်၊ပြည်သူ့ လွှတ်တော်ရှိ ကော်မတီကို အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သူ ဦးသူရိန်ဇော်တို့က တာဝန်ယူထားပြီး လွှတ်တော် အခွင့်အရေး ကော်မတီများကိုမူ လွှတ်တော် ဥပဒေများအရ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌများကသာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြသည်။

 ကော်မတီများ ဖွဲ့စည်းရာတွင် ကော်မတီတစ်ခုလျှင် အဖွဲ့ဝင် ၁၅ ဦးဖြစ်၍ ပြည်ခိုင်ဖြိုးပါတီက ၁၀ဦးစီ၊ အခြား ပါတီများက ၅ဦးစီ ဖြစ်ရာ ပြည်ခိုင်ဖြိုးက သုံးပံနှစ်ပုံ ရယူထားသည်ကို တွေ့ရသည်။

အဆိုပါ ကော်မတီများ၏ အစီရင်ခံစာများပေါ် မူတည်ကာ လွှတ်တော် ခေါ်ယူသင့်သည်ဟု လွှတ်တော် ဥက္ကဋ္ဌက ယူဆပါက လွှတ်တော်ကို ထပ်မံခေါ်ယူမည် ဖြစ်ပြီး ယခုကော်မတီများတွင်  အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အစိုးရ ၀န်ထမ်းများ အများစု ပါဝင်နေသဖြင့် ထိရောက်စွာ လုပ်ဆောင်ခွင့်ရရန် ကော်မတီဝင်များက မျှော်လင့်လျက်ရှိနေကာ လိုအပ်မှုရှိလျှင် အခြားကော်မတီများကိုလည်း အချိန်ကာလ သတ်မှတ်၍ ဖွဲ့စည်းခွင့်ရှိကြောင်း သိရသည်။


 
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ


အစိုးရအဖွဲ့ ရုံးစိုက်ရာ နေပြည်တော်တွင် ကျောက်မျက်ရတနာ အရောင်းပြပွဲကို မတ်လ ၁၀ ရက်နေ့၌ စတင်ပြုလုပ်တော့ မည်ဖြစ်ရာ ကျောက်မျက်ကုန်သည်များအား တစ်ခါသုံး GSM ဖုန်းကတ်များအား ပြန်လည်ရောင်းချပေးမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သဖြင့် The Voice Weekly က မတ်လ ၈ ရက်နေ့ မွန်းလွဲပိုင်းတွင်  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို အတည် ပြုမေးမြန်ခဲ့ရာ “ဈေးကွက် လိုအပ်ချက်အရ ပြန်လည်ရောင်းချဖို့ လူကြီးတွေ ဆုံးဖြတ်လိုက်တာပါ။ ရှေ့အပတ်မှာ FEC 20 တန် ကတ် အရင်ဆုံးထွက်လာပါမယ်။ ငါးသိန်းဖုန်း မလျှောက်နိုင်တဲ့ လူတန်းစားတွေပါမကျန် ဖုန်းအသုံးပြုနိုင်မှာပါ” မြန်မာ့ဆက်သွယ်ရေး ရုံးချုပ် အခြေစိုက် မိုဘိုင်းလ် ဆက်သွယ်ရေးစခန်းမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
 
The Voice Weekly ဂျာနယ် အတွဲ (၇)၊ အမှတ်(၁၄) တွင်ပါရှိသည့် “တစ်ခါသုံး GSM SIM Card များ ပြန်လည်ရောင်းချ မည်” သတင်းမှ ကောက်နှုတ်ဖော်ပြချက်
-------------------------------------------------------------------------------------------------------------

“ကျွန်တော်တို့နိုင်ငံက သဘာယ သယံဇာတ ထွက်ကုန်တွေ Primary Product(ကုန်ကြမ်း)တွေကိုပဲ ပြည်ပ ဈေးကွက်ကို အဓိက တင်ပို့နိုင်သေးတာဆိုတော့ ပြည်ပနိုင်ငံတွေရဲ့ ဝယ်လိုအားပေါ်မှာ အခြေခံပြီး တစ်ချိန်မဟုတ် တစ်ချိန် ပို့ကုန် ဈေးကျလာမှာပဲ။ ဝယလိုအား အကန့်အသတ်ရှိသလို တင်ပို့နိုင်တဲ့ ဈေးကွက်ကလည်း အကန့်အသတ်ပဲရှိတော့ ဝယ်သူက ဈေးကိုင်နိုင်တယ်။ ပို့ကုန်ဈေးကွက် မြှင့်ဖို့ဆိုရင် တစ်ဖက်ရဲ့ ဝယ်လိုအားကို သိရမယ်။ တစ်ဖက်က ဝယ်လိုအားရှိပြီး ဈေးကွက်ထဲမှာ အပြိုင် တင်ပို့တဲ့ နိုင်ငံလည်း မရှိဘူးဆိုရင် ထုတ်လုပ်မှု လျော့တဲ့အတွက် ဈေးတိုးပြီး ဝယ်လာရမှာပဲ။ ဒါပေမယ့် အဲဒီလို မဟုတ်ရင် ကိုယ့်ရဲ့ ဗျူဟာကို ပြောင်းပစ်နိုင်ရမယ်” စီးပွားရေး မူဝါဒရေးရာ ပညာရှင် ဒေါက်တာ အောင်ကိုကိုက လက်ရှိ ရေချိုငါး ပြည်ပဈေးကွက်တွင် ဖြစ်ပေါ်နေမှုနှင့် ပတ်သတ်၍ သုံးသတ်ပြသည်။
 
The Voice Weekly ဂျာနယ် အတွဲ (၇)၊ အမှတ်(၁၄) တွင်ပါရှိသည့် “ရေချိုငါး မွေးမြူမှု ၄၀ ရာခိုင်နှုန်း လျှော့ချလိုက်သောကြောင့် ဘဏ္ဍာနှစ်သစ်တွင် ရေချိုငါး ဈေးမြင့်နိုင် ” သတင်းဆောင်းပါးမှ ကောက်နှုတ်ဖော်ပြချက်

-------------------------------------------------------------------------------------------------------------

  "၁၀၈ ပေါင် ဆန်တစ်အိတ်ကို သယ်ယူပို့ဆောင်ခက ကျပ် ၃,၀၀၀၊ ၄,၀၀၀ လောက် ဖြစ်သွားတော့ ဆန်ဈေးတွေပါ လိုက်တက် သွားခဲ့တယ်။ ပြည်တွင်းမှာ ဆန်ဈေးတွေ တက်တော့ ပြည်ပတင်ပို့မှုလည်း ရပ်ဆိုင်းသွားတယ်။ ဈေးနှုန်း မြင့်တာကြောင့် အရောင်းအဝယ် အေးပြီး တစ်နယ်နဲ့တစ်နယ် ဆန်တင်ပို့မှုကလည်း နည်းသွားတယ်။ ပြည်တွင်း စီးဆင်းမှု နှေးတာကြောင့် တင်ပို့မှု နည်းသွားတာမို့ စက်သုံးဆီဈေး မကျပေမယ့် သယ်ယူပို့ဆောင်ခက တစ်အိတ်ကို ကျပ် ၁,၀၀၀၊ ၂,၀၀၀ ကြား ပြန်ကျသွားတယ်။

သယ်ယူ ပို့ဆောင်ခ ကျလာလို့ ဆန်ဈေး ပြန်ကျလာပေမယ့် အရောင်းအဝယ်က မှန်မှန်ပါပဲ။ လက်ကားရောင်းတဲ့ သူတွေက ကုန်သလောက်ပဲ မှာရောင်းကြသလို၊ စားသုံးသူတွေမှာလည်း တစ်ခါတည်း များများဝယ်ထားတဲ့သူ တော်တော် နည်းလာပြီ"ဟု မန္တလေးမှ ဆန်ကုန်သည်တစ်ဦးက ပြောကြားသည်။

Myanmar Times ဂျာနယ် အတွဲ ၂၆ ၊ အမှတ် ၅၀၉ တွင်ပါရှိသည့် “ပြည်တွင်းစီးဆင်းမှု နည်းသဖြင့် ဆန်းဈေး ပြန်လည် ကျဆင်း” သတင်းမှ ကောက်နှုတ် ဖော်ပြချက်

 
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
သတင်းဆောင်းပါး

ရွေးချယ်စရာမရှိ၍သာ

            ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေခံသော ၂၀၁၀ ရွေးကောက်ပွဲ နီးလာချိန်နှင့် ရွေးကောက်ပွဲအပြီး ကာလ ယနေ့အထိတွင် မြန်မာ့နိုင်ငံရေး အိုင်ဒီယိုလိုဂျီ အငြင်းပွားမှုမှာ ကျယ်လောင်စွာ ရှိနေဆဲပင်ဖြစ်သည်။ အထူး သဖြင့် ရွေးကောက်ပွဲ မတိုင်ခင် အချိန်က စတင်ခဲ့သော အငြင်းပွားမှုများ ဖြစ်သည်။ ထိုကဲ့သို့ အငြင်းပွားမှုမျိုးသည် မြန်မာ့နိုင်ငံရေး သမိုင်းတွင် ထုံးစံတစ်ခုလို ဖြစ်နေရာ အဆန်းတကြယ်တော့ မဟုတ်ပါဟု ဆိုရပေလိမ့်မည်။

            ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရန် အမျိုးသား ညီလာခံ ကျင်းပစဉ် ကာလများတည်းက စစ်အစိုးရ ကမကထ ပြုသော ရွေးကောက်ပွဲကို လက်ခံသည့် အုပ်စုနှင့် လက်မခံသည့် အုပ်စုဟူ၍ ကွဲပြားခဲ့သည်။ လက်ခံသည့် အုပ်စုများသည် ရွေးကောက်ပွဲကို ထောက်ခံပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများနှင့် တတိယ အုပ်စုဟု ခေါ်တွင်သော မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို လိုလားသည့် ပါတီနိုင်ငံရေးနှင့် မပတ်သက်သော ပညာရှင်များ၊ စီးပွားရေး အုပ်စုများ အဖြစ် တွေ့မြင်ရသည်။ လက်မခံသည့် အုပ်စုများမှာ NLD နှင့် အခြားသော တိုင်းရင်းသား အဖွဲ့အစည်းအချို့နှင့် ပြည်ပ ရောက် မြန်မာစစ်အစိုးရ ဆန့်ကျင် လှုပ်ရှားသူများ  ဖြစ်ကြသည်။

            ဤနေရာတွင် နိုင်ငံရေး ပါတီတစ်ခုမှ ပုဂ္ဂိုလ်တစ်ဦး၏ မှတ်ချက်ကို ဖော်ပြလိုပါသည်။ NLD သည် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ပါတီဖြစ်ပြီး ထိုရလဒ်ကို စစ်အစိုးရက လက်မခံ၍ တနည်း NLD ကို စစ်အစိုးရက အသိအမှတ် မပြု၍ NLD ကလည်း စစ်အစိုးရကို အသိအမှတ် မပြုခြင်းမှာ ဖြစ်သင့်ဖြစ်ထိုက်သည်ဟု ဆိုသည်။ ထို့ကြောင့် NLD က လက်ရှိ ရွေးကောက်ပွဲနှင့် လက်ရှိ နိုင်ငံရေး အခင်းအကျင်းကို လက်မခံနိုင်သည့် အကြောင်းအရာသည် လုံလောက်သည်ဟု ဆိုရမည်ဖြစ်သည်။

            တဖန် ပြည်ပရောက် မြန်မာအစိုးရ ဆန့်ကျင်ရေး ပြုလုပ်သည့် အဖွဲ့အစည်းများ အနေဖြင့်လည်း ၎င်းတို့ ရပ်တည်ချက်နှင့် ခံယူချက် ရှိပေလိမ့်မည်ဟု ယူဆမိပါသည်။ အချို့မှာ ဒီမိုကရေစီစံ နှုန်းပြည့် နိုင်ငံကြီးများတွင် နေထိုင်ရသည့် ဘဝကို အသားကျ သွားသည်ဖြစ်ရာ မြန်မာနိုင်ငံတွင် ယခုဖြစ်ပေါ်နေသော အပြောင်းအလဲလေးများကို အားမရခြင်းမျိုး ဖြစ်ကြသလို အချို့ကလည်း ပြည်တွင်းတွင် ရှိစဉ်က စစ်အစိုးရ၏ ဖိနှိပ်ညှဉ်းပန်းမှုများကို ခံခဲ့ရပြီး နာကြည်း ချက်များ ရှိနေကြသည်ဖြစ်ရာ ပြည်ပရောက မြန်မာများ အနေဖြင့် ရွေးကောက်ပွဲကို လက်မခံ နိုင်ကြသည် ကိုလည်း စာနာ နားလည်မိပါသည်။

            တတိယ အင်အားစုများ အကြောင်းကို တင်ပြလိုပါသည်။ ဤလူတန်းစားတွင် အထက်က ဆိုခဲ့သလို ရွေးကောက်ပွဲဝင် ပါတီများနှင့် ပညာရှင် အုပ်စုများ( လွယ်လွယ်ကူကူ အီလစ်များ) ပါဝင်ကြသည်ဖြစ်ရာ ပါတီများကိုမူ ရွေးကောက်ပွဲဝင်သည့် ပါတီနိုင်ငံရေး ဖြစ်သည့် အတွက် များစွာ မဆွေးနွေးလိုပါ။ ထိုပါတီများသည်  ရွေးကောက်ပွဲ ဝင်ရသည့် အိုင်ဒီယိုလိုဂျီကို ကြေညာပြီး ဖြစ်သောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် တတိယ အင်အားစုများမှ အီလစ်များ အကြောင်းကို ဆွေးနွေးလိုပါသည်။ ၎င်းတို့၏ အဆိုအရ မည်သည့် နိုင်ငံရေး အုပ်စုနှင့်မဆို တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် ပူးပေါင်း လုပ်ဆောင်မည်။ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုကို သီအိုရီများအရ လက်သင့်ခံသင့်သည်။ ပြောင်းလဲမှုများ ရှိနေသည်ဟု သုံးသပ်ပြကြသည်။

            အထက်ပါ အမျိုးအစား သုံးခုလုံးသည် ခံယူချက် ကိုယ်စီဖြင့် မှန်ကန်နေကြသည်ဖြစ်ရာ ထိုအဆင့်အထိသည် ပြသနာ မရှိဟုသာ ဆိုရပါလိမ့်မည်။  ဒီမိုကရေစီတွင် လွတ်လပ်စွာ သဘောထား ကွဲလွဲခြင်းကို လက်ခံသောကြောင့် ဖြစ်သည်။ ပြသနာ အစပြုသည်မှာ ထိုအုပ်စုများသည် တစ်ဖက်နှင့်တစ်ဖက်  အိုင်ဒီယိုလိုဂျီ အငြင်းပွားမှုများမှ အကျိုးအကြောင်းမဲ့ ဝေဖန် တိုက်ခိုက်ကြခြင်း ဖြစ်သည်။ စစ်အစိုးရကို ဆန့်ကျင်သည့် အုပ်စုများနှင့် ရွေးကောက်ပွဲကို လက်ခံသော အုပ်စုများ အပြန်အလှန် စွပ်စွဲ တိုက်ခိုက်ကြခြင်းဖြစ်သည်။ စစ်အစိုးရ၏ အလိုတော်ရိများဟု စွပ်စွဲကြသလို တစ်ဖက်ကလည်း အတွေးအခေါ် မရှိသော တက်ကြွလှုပ်ရှားသူများ၊ ဒေါ်လာစား နိုင်ငံရေးသမား စသည်ဖြင့် အပြန်လှန်ပုတ်ခတ် စွပ်စွဲကြသည်။ ထိုသို့ အပြန်အလှန် စွပ်စွဲကြခြင်းသည် မည်သည့် နိုင်ငံရေး တိုးတက်မှုမှ မဖြစ်ပေါ်စေသည်ကို သတိပြုမိပါသည်။ ရှေးယခင် သမိုင်း အဆက်ဆက်က အငြင်းပွားခဲ့ကြသလိုသာ ရှိပါသည်။

            ဤနေရာတွင် တတိယ အင်အားစုများဘက်မှ ရှေ့နေလိုက်ခြင်းဟု မထင်မှတ်ကြစေလိုပါ။ မြန်မာနိုင်ငံတွင် အကြီးမားဆုံး လူထုအုံကြွမှုဖြစ်သည့် ၈၈  အရေးအခင်း၊ နောက် ၉၆ အရေးအခင်း၊ ထို့နောက် ၂၀၀၇ သံဃာ့ အရေးအခင်း စသည်ဖြင့် ဖြစ်ပွားခဲ့ရာတွင် လူထုအုံကြွမှုများကို စစ်အစိုးရက ပြင်းထန်စွာ နှိမ်နှင်းခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ပြည်သူလူထု များစွာမှပင် အထိနာခဲ့သည်။ အကျိုးဆက်မှာ ပြည်သူသည် လူမဆန်သော စစ်တပ်၏ ရက်စက် ကြမ်းကြုတ်မှုကို လက်တွေ့ ခံစားခဲ့ရပြီး ၂၀၀၇ တွင် သံဃာကိုပင် ငဲ့ညှာမှုမရှိခဲ့သော စစ်တပ်၏ လုပ်ရပ်သည် မည်သည့် အရေးအခင်းမျိုးကိုမဆို တရားမျှတသည် ဖြစ်စေ တရားမမျှတသည် ဖြစ်စေ ချေမှုန်းတော့မည်ကို လက်တွေ့ ပြသလိုက်ခြင်းပင် ဖြစ်သည်။

            ထို့ကြောင့် စစ်အာဏာရှင် စနစ်ကိုလည်း မလိုလား၊ နိုင်ငံရေး အပြောင်းအလဲကိုလဲ မျှော်လင့်၊ အထိနာခဲ့သော အတွေ့ အကြုံများကိုလည်း ထိတ်လန့်လျှက်ပင် ရှိနေသေးသော ပြည်သူတို့သည် နိုင်ငံရေး အခင်းအကျင်း အသစ်ကို မျှော်လင့်လာကြ သည်။ ထိုအထဲတွင် အထက်က ဆိုခဲ့သော တတိယ အင်အားစု ဆိုသူများက သွေးမြေမကျသော အပြောင်းအလဲကို လုပ်ဆောင်ရန် ကြိုးပမ်းလာကြသည်။ ရည်ရွယ်ချက်မှာ စစ်အာဏာရှင် ကွယ်ပျောက်သွားရေးသာ ဖြစ်ပါသည်။ ပြည်သူကို အထိ မနာစေလိုသော လမ်းကြောင်းဖြင့် ရွေးချယ် ဖြတ်သန်းရခြင်း ဖြစ်သည့်အတွက်  စစ်တပ်နှင့် ထိပ်တိုက်တွေ့မည့် လမ်းကြောင်း မှန်သမျှကို အလျော့ပေး ဆက်ဆံရသဖြင့် ချက်ချင်းပင် အပြောင်းအလဲ လိုလားသော အုပ်စုများ အမြင်တွင် စစ်အစိုးရ အလိုတော်ရိများအဖြစ် မြင်လာကြခြင်း ဖြစ်ပါသည်။ ရှုပ်ထွေးလှသော မြန်မာ့ နိုင်ငံရေး အခြေအနေနှင့် လူမဆန်သော စစ်တပ်၏ သဘောထားတို့ကြောင့် မြန်မာ့ နိုင်ငံရေးသည် ထင်သလောက် ခရီးမပေါက်နိုင်သည်ကို လက်ခံနားလည် ပေးကြစေလိုပါသည်။ 

             မည်သို့ပင် ဆိုစေကာမူ လက်ရှိအခင်း အကျင်းတွင် အားမလို အားမရမှုများ ရှိလင့်ကစား အာဏာရှင်စနစ် အောက်မှ ပါလီမန်စနစ်သို့ ကူးပြောင်းလာပြီ ဖြစ်ပါသည်။ တစ်ဦးတည်း အုပ်ချုပ်သော စနစ်ဟောင်းမှ ပါဝါအပြိုင် အုပ်ချုပ်ပြီး ယခင်အစိုးရဟောင်းမှ လူများပင် အပြန်အလှန် ထိန်းကျောင်းသွားသော စနစ်တစ်ခုကိုလည်း တွေ့မြင်နေရပြီ ဖြစ်ပါသည်။ မာရှယ်လော၊  အကြောင်းမဲ့ ဖမ်းဆီးမှု စသည်တို့ထက် သာလွန်သော စနစ်တစ်ခု ဖြစ်ပေါ်နေပြီဖြစ်ကာ ယခင်မသိခဲ့ရသော အစိုးရ အသုံးစားရိတ်၊ အစိုးရ သဘောထားများကို အပြောင်းအလဲ မပြုနိုင်သည့်တိုင် မေးမြန်းခွင့်၊ ဝေဖန်ခွင့် စသည်ဖြင့် ရရှိလာ ခဲ့ပြီဖြစ်ရာ ထိုအလေ့အကျင့်များ ရင့်ကျက်လာလျှင် ဒီမိုကရေစီနှင့် အရပ်သား အုပ်ချုပ်မှုများ ဖြစ်ပေါ်လာလိမ့်မည် ဖြစ်ပါသည်။

            နိဂုံးချုပ် ဆိုရလျှင် တတိယ အင်အားစုများသည် အခြားသော အင်အားစုများနည်းတူ စစ်အာဏာရှင် စနစ်ကို ပြုတ်ကျစေလိုသည်မှာ ယုံမှားသံသယ မရှိစေလိုပါ။ အခြားသော လမ်းကြောင်းများ ရွေးချယ်စရာ မရှိ၍သာ ဖြစ်သင့် ဖြစ်ထိုက်သော လက်ရှိ အခြေအနေနှင့် ကိုက်ညီသော သီအိုရီများ၊ ဖြစ်တန်ချေများဖြင့် နိုင်ငံရေး လမ်းကြောင်း တစ်ခုကို ဖောက်ထွက်ကြည့်ခြင်း ဖြစ်ပါသည်။ ထိုသို့ လမ်းကြောင်းသစ် ဖောက်ထွက်ရခြင်းပင်လျှင် အခြားရွေးစရာ လမ်း ကြောင်းများ အိုင်ဒီယိုလိုဂျီများ မရှိသောကြောင့်ပင် ဖြစ်ပါသည်။
 
Sent to transparency.myanmar@gmail.com: unsubscribe | update profile | forward to a friend
Email Marketing Powered by MailChimp
 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။

The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.


--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

၁၂.၃.၂၀၁၁

ပြည်တွင်းသတင်းများ

8 Days ဂျာနယ် သတင်းထောက်တစ်ဦး ထိမ်းသိမ်းခံရ
ရန်ကုန်၊ မတ် ၁၀။


အင်းစိန်မြို့နယ်တွင် ဖေဖော်ဝါရီင်္လ ၂၇ရက်(တနင်္ဂနွေနေ့)  ညပိုင်းက ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုနှင့် ဆက်စပ် နေသည် ဟုဆိုကာ 8 Days ဂျာနယ်မှ သတင်းထောက်တစ်ဦး အထိန်းသိမ်းခံခဲ့ရကြောင်း ၎င်းဂျာနယ် အသိုင်းအဝိုင်းမှ သိရှိရသည်။

ထိန်းသိမ်းခံရသူမှာ စောမြင့်အောင် အမည်ဖြင့်  8 Days  ဂျာနယ်တွင်  ရေးသားနေကြောင်း၊ သို့သော် ပင်တိုင်ရေးသူ မဟုတ်ကြောင်း၊  ဗုံးဖောက်ခွဲသည်ဟု မသင်္ကာသူ ဇော်မင်းသန်းနှင့် အဆက်အသွယ်ရှိကြောင်း သတင်းများကဆို သည်။ 8 Days ဂျာနယ်သည် ရန်ကုန် မီဒီယာဂရုပ်မှ ထုတ်ဝေသော ထင်ရှားသည့် ပေါ့ပ်ဂျာနယ်တစ်စောင်ဖြစ်သည်။

ဇော်မင်းသန်းနှင့် အဆက်အသွယ် ရှိသောသူများကို လိုက်လံ စစ်ဆေးလျှက်ရှိရာ အချို့မှာမူ ထိန်းသိမ်းခံထားရ ကြောင်း၊ အထူးသဖြင့် ၎င်း၏ အဆက်အသွယ်များမှာ အလုံမြို့နယ်၊ အင်းစိန်မြို့နယ်တွင် ရှိနေကြောင်း၊ ထင်ရှားသည့် အီလက်ထရောနစ် သင်တန်းဆရာတစ်ဦးဖြစ်သူ ဦးနေလင်းသည်လည်း စစ်ဆေးခံရကြောင်း၊ ထိုကိစ္စနှင့်ပါတ်သက်၍ ဖမ်းဆီး ထိန်းသိမ်းခံရသူ ၁၀ဦး ထက်မနည်း ရှိနေပြီး အများစုမှာ လျှို့ဝှက် ထိမ်းသိမ်းခံရခြင်းဖြစ်ကြောင်း ထောက်လှမ်းရေး သတင်းရပ်ကွက်များနှင့် နီးစပ်သူများထံမှ စုံစမ်း သိရှိရသည်။

နိုင်ငံသားများကို ဖမ်းဆီးစစ်ဆေးမှုသည် ဥပဒေနှင့်အညီသာ ဖြစ်သင့်ကြောင်း၊ လုံခြုံရေးအရ ပြုလုပ်ရသည်ဟု ဆိုသော်လည်း နိုင်ငံသား အခွင့်အရေးများကို လေးစားသင့်ကြောင်း၊ ဖမ်းဆီး စစ်ဆေးမှုများနှင့်အတူ ပြစ်မှု ထင်ရှားပါက လည်း ပွင့်လင်းမြင်သာသော တရားစီရင်ရေးဖြင့်သာ စစ်ဆေး စီရင်သင့်ကြောင်း၊ အစိုးရ အနေဖြင့် တရားစီရင်ရေးအပေါ် လေးစားမှု ရှိမှသာ ပြည်သူများ၏ ယုံကြည် ကိုးစားမှုကို ရရှိမည်ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြသည်။

ဗုံးပေါက်ကွဲမှုအပြီး လုံခြုံရေး တင်းကျပ်ခဲ့ရာ အချို့သော လုံခြုံရေး တာဝန်ရှိသူများ၏ လုပ်ဆောင်မှုများမှာ မင်းမဲ့ စရိုက်ဆန်ကြောင်း၊ အစိုးရ အနေဖြင့် ပြည်သူများ၏ ယုံကြည် ကိုးစားမှုကို ရရှိအောင် လုပ်ဆောင်ရာတွင် အဓမ္မနည်းဖြင့် လုပ်ဆောင်၍ မရကြောင်း ၄င်းတို့က ထပ်လောင်းပြောကြားသည်။

The CJs News

-------------------------------------------------------------------------------------------------------------



အထူးစီးပွားရေးဇုန်၏ အာမခံလုပ်ငန်းများကို မြန်မာ့အာမခံလုပ်ငန်းဖြင့်သာ ဆောင်ရွက်ရပာုဥပဒေ၌ပါရှိ

  အထူး စီးပွားရေးဇုန်အတွင်း စီးပွားရေးလုပ်ငန်းများလုပ်ကိုင်မည့် လုပ်ငန်းရှင်များအနေဖြင့် အာမခံ ထားရှိရန် အတွက် အာမခံလုပ်ငန်းနှင့်ပတ်သတ်သည့် ကိစ္စရပ်များကို မြန်မာ့ အာမခံလုပ်ငန်းဖြင့်သာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 အထူး စီးပွားရေးဇုန်အတွင်း လုပ်ဆောင်မည့် မည်သည့်လုပ်ငန်းမဆို မြန်မာ့ အာမခံလုပ်ငန်းနှင့်သာ အာမခံ လုပ်ဆောင်ထားရမည် ဖြစ်ကြောင်း၊ စီးပွားရေး လုပ်ငန်းများကို စတင် လုပ်ဆောင်မည်ဆိုသည့် အချိန်မှ စတင်၍ အာမခံ ထားသင့်ကြောင်း၊ မြန်မာ့ အာမခံလုပ်ငန်းမှ သတ်မှတ်ထားသည့် အမျိုးအစား အားလုံးမှာ ငွေကြေး အတိုင်းအဆမရှိ ထားနိုင်ကြောင်း မြန်မာ့ အာမခံလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

 အထူး စီးပွားရေးဇုန် ဥပဒေ ပုဒ်မ ၄၀၌လည်း ဖော်ပြထားသည်မှာ နိုင်ငံခြား အာမခံ ကုမ္ပဏီများ၊ ဖက်စပ် အာမခံ ကုမ္ပဏီများသည် အထူး စီးပွားရေးဇုန်အတွင်း ယင်းတို့၏ ကိုယ်စားလှယ်ရုံးများနှင့် အာမခံ လုပ်ငန်းများကို သတ်မှတ်ချက်များနှင့်အညီ လုပ်ကိုင်ခွင့် ရှိကြောင်း အထူး စီးပွားရေးဇုန်ဥပဒေတွင် အတိအလင်း ဖော်ပြထားရှိခဲ့သည်။

-------------------------------------------------------------------------------------------------------------

မြန်မာ-သြစတြေးလျ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေးမည်
 

  မြန်မာနိုင်ငံနှင့် သြစတြေးလျ လုပ်ငန်းရှင်များ အကျိုးတူ ပူးပေါင်း ဆောင်ရွက်၍ ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ကုန်သည်စက်မှုအသင်းချုပ် UMFCCI ၌ မတ်လ ၁၇ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

   ၂၀၁၀ ရွေးကောက်ပွဲပြီး နောက်ပိုင်းကာလများတွင် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များ မကြာခဏ လာရောက်၍ ဆွေးနွေးလေ့ရှိကြောင်း၊ ယခု သြစတြေးလျ နိုင်ငံကပါ စိတ်ဝင်စားလာ၍ ဆွေးနွေးရန် လာရောက်ခြင်း ဖြစ်မည်ပာု ထင်ကြောင်း UMFCCI  အထွေထွေအတွင်းရေးမှူး ဒေါက်တာမောင်မောင်လေးက ပြောကြားခဲ့သည်။

ယခု သြစတြေးလျ နိုင်ငံနှင့် ရင်းနှီးမြှုပ်နှံရန် ဆွေးနွေးသွားမည့် ကိစ္စရပ်များမှာ ရေအားလျှပ်စစ်၊ စိုက်ပျိုးရေးသုံး စက်ယန္တယား၊ သစ်လုပ်ငန်း၊ ဆက်သွယ်ရေး၊ နည်းပညာ၊ ထောက်ပံ့သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ အီလက်ထရွန်းနစ် နည်းပညာဆိုင်ရာ ထုတ်ကုန်လုပ်ငန်း၊ ဆေးရုံသုံးပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း၊ ရေနွေးငွေ့တာဘိုင်စက် ဝန်ဆောင်မှု၊ အီလက်ထရွန်းနစ် ငွေပေးချေမှုစနစ်၊ ဘဏ်လုပ်ငန်း၊ အတိုင်ပင်ခံလုပ်ငန်း၊ မီးရထားလမ်း၊ စက္ကူ၊ ပုံနှိပ်စက်၊ ဆည်မြောင်းနည်းပညာ၊ မီးသတ်ယာဉ်၊ ဆန်ရောင်းဝယ်ရေး၊ သံမဏိ၊ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစသည့် လုပ်ငန်းရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

 သြစတြေးလျနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် အယောက် ၃၀ ဝန်းကျင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း ၊ ၎င်းဆွေးနွေးပွဲအတွက် ထိုင်းနိုင်ငံအခြေစိုက် သြစတြေးလျသံရုံးမှ စီးပွားရေးသံတမန် ဒေါက်တာမောင်မောင်လေးနှင့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကတည်းက UMFCCI တွင် ကြိုတင် ညှိနှိုင်း ဆွေးနွေးထားကြကြောင်း ၎င်းမှပင် ဆက်လက် ပြောကြားခဲ့သည်။

-------------------------------------------------------------------------------------------------------------


ရေးမြို့တွင် ဆိုင်ကယ်များ အုပ်စုဖွဲ့သောင်းကျန်း
ရေး၊ မတ် ၉။


တနင်္သာရီ တိုင်းဒေသကြီး ရေးမြို့တွင် ဆိုင်ကယ်များ မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ သောင်းကျန်းနေကြောင်း ယင်းနယ်ခံများနှင့် ရန်ကုန်-ရေး - ထားဝယ်- မြိတ် ပြေးဆွဲနေသော ယာဉ်မောင်းများထံမှ သိရှိရသည်။

ဆိုင်ကယ်များမှာ မြို့ပြင် ဟိုင်းဝေးလမ်းများနှင့် မြို့တွင်း လမ်းများပေါ်တွင် အုပ်စုဖွဲ့ မောင်းနှင်နေကြကြောင်း၊ အချို့ဆိုလျှင် ယာဉ်ကြောအပြည့် မောင်းနှင်နေကြကြောင်း၊ ခရီးသွားယာဉ်များမှာ များစွာ အခက်အခဲ တွေ့နေကြကြောင်း ပြောသည်။

ကုန်တင် ယာဉ်မောင်းတစ်ဦးက “ ဆိုင်ကယ်တွေက အုပ်စုလိုက်မောင်းနေတာ တော်တော်ဆိုးတယ်ဗျ။ ၉ရက်နေ့ ည ၈နာရီ ကျော်လောက်ကလည်း ရေးအ၀င်လမ်းမှာ ဆိုင်ကယ်၈စီး အုပ်စုဖွဲ့မောင်းနေတာ၊ ကိုယ်ပိုင်ကားတစ်စီးက ကျော်တက်ဖို့လုပ်တာ သူတို့ကို ဆဲပါတယ်ဆိုပြီး ဆိုင်ကယ်သမားတွေက ကားကိုဝိုင်းပြီး ရိုက်ကြတယ်။ အဲဒီမှာတင် ကားတွေလဲ အကုန်ပိတ်ပြီးတော့ တစ်နာရီလောက် ကြာသွားတယ်” ဟုပြောသည်။

အစိုးရ အနေဖြင့် လမ်းပန်း ဆက်သွယ်ရေး လုံခြုံ ချောမွေ့စေရန် ဆောင်ရွက်လျှက်ရှိရာ ထို့ကဲ့သို့သော ဖြစ်ရပ်များကို ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းသင့်ကြောင်း ခရီးသွား ပြည်သူများကလည်း ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို လေးစား လိုက်နာသင့်ကြောင်း ခရီးသွား ပြည်သူတစ်ဦးက ပြောကြားသည်။

The CJs News


×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ 

လွှတ်တော်အတွင်းမေးခွန်းများမေးခွင့်ရသော်လည်း တာဝန်ရှိသူများမှ တိကျသောအဖြေပေးခြင်းမရှိ
နေပြည်တော်၊ မတ်၉။


ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် ကိုယ်စားလှယ်များမှ မေးခွန်းများ မေးခွင့် ရရှိသော်လည်း တာဝန်ရှိ ၀န်ကြီးများမှ ပြန်လည် ဖြေကြားမှုများတွင် မေးခွန်းများနှင့် ပတ်သက်ပြီး တိကျသော အဖြေများ ဖြေကြားခဲ့ခြင်း  မရှိကြောင်း  တွေ့ရသည်။

အမျိုးသားလွတ်တော် ကိုယ်စားတစ်ဦးဖြစ်သော ဒေါက်တာမြတ်ဥာဏစိုးမှ မေးခဲ့သော မေးခွန်းတွင် ကြိုးမဲ့ တယ်လီဖုန်း  ဝန်ဆောင်မှုနှင့် ပတ်သက်ပြီး ကြိုးမဲ့တယ်လီဖုန်း တပ်ဆင်ရာ နိုင်ငံတကာတွင် တပ်ဆင်ခပေးရခြင်းမရှိပဲ simcard အတွက် ကျသင့်ငွေသာ ပေးရဖြင်းဖြစ်ခြင်းနှင့် ယှဉ်ပြီး မြန်မာနိုင်ငံတွင် ထိုကဲ့သော စနစ်မျိုး ထားရှိပါက လူတန်းစားမျိုးစုံ ဆက်သွယ်ရေးအတွက် လွယ်ကူစွာ လက်ကိုင်ဖုန်းများ ကိုင်ဆောင်နိုင်မည် ဖြစ်သောကြောင့် ၎င်းကိစ္စနှင့် ပတ်သက်ပြီး တာဝန်ရှိသူမှ ဖြေကြားပေးရန် တောင်းဆိုခဲ့သော်လည်း ဆက်သွယ်ရေးနှင့်  ကြေးနန်းစာတိုက်ဝန်ကြီး ဦးသိန်းဇော် ဖြေကြားမှုတွင် ၄င်းကိစ္စနှင့် ပတ်သက်ပြီး မည့်ကဲ့သို့ လုပ်ဆောင်ပေးမည် ဆိုသည်ကို တိတိကျကျ ဖြေကြားထားခြင်း မရှိကြောင်း တွေ့ရသည်။ အလားတူ အခြားသော လွှတ်တော် ကိုယ်စားလှယ်များ၏ မေးခွန်းများ အတွက်လည်း တိကျသော အဖြေများ ဖြေကြားခဲ့ခြင်း မရှိကြောင်း  တွေ့ရသည်။

လွှတ်တော် စတင် ခေါ်ယူခဲ့ပြီးအချိန်မှ စတင်၍ ယခုအချိန်ထိ လွှတ်တော် အတွင်းတွင် ပြည်သူ့ရေးရာ မှုဝါဒများနှင့် ပတ်သက်ပြီး တိကျသော ဆုံးဖြတ်ချက်များ ချမှတ်ပေးခြင်း မရှိကြောင်း တွေ့ရသည်ဟု နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြသည်။

The CJs News

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ


ဖွံ့ဖြိုးဆဲနိုင်ငံများ အနေဖြင့်မူ စီးပွားရေး ဖွံ့ဖြိုးမှုနောက်ကျသည့် အခြေအနေမှ အားနည်း ချည့်နဲ့သော လူလတ်တန်းစား ပီပီပြင်ပြင် မရှိသေးသော အရပ်ဘက် အဖွဲ့အစည်းများဖြင့် ဒီမိုကရေစီရေးကို အစပြုနေကြသည်။ ထိုကာလအတွင်း၌ လူလတ်တန်းစား ပေါ်ထွန်းရေးကို ထိခိုက်စေနိုင်သော ကုန်ဈေးနှုန်း ပြဿနာက ဖွံ့ဖြိုးဆဲနှင့် ဒီမိုကရေစီ အစပြုသော နိုင်ငံများအတွက် များစွာ ထိခိုက် နစ်နာမှုများ ဖြစ်ပေါ်စေနိုင်သည်။ ဤပြဿနာများကို ပြေလည်စေရန်အတွက် ခိုင်မာသော ဈေးကွက်ကို  ဈေးကစားခြင်း မပြုလုပ်နိုင်အောင် ထိန်းညှိပေးနိုင်သော အင်စတီကျူးရှင်းများ တည်ဆောက် ကြရမည် ဖြစ်သလို စီးပွားရေး အသားပေးသော ဈေးကွက်သဘောကို ဆန့်ကျင်ဘက် အကျိုးဆက်များဖြင့် ဘေးယိုင်မထွက်သွားဘဲ လူလတ်တန်းစား အလွှာတစ်ရပ်အပေါ် ဗဟိုပြုသော ဈေးကွက် စီးပွားရေး မူတစ်ရပ် ထွန်းတောက်လာရန် အရေးကြီးကြောင်း မြန်မာပို့စ် ဂလိုဘယ်ဂျာနယ်က ထင်မြင်သုံးသပ်မိပါသည်။

မတ် ၁၁ထုတ် Myanmar Post ဂလိုဘယ်ဂျာနယ် အတွဲ(၁)၊ အမှတ်(၁) မှာပါသည့် "ဖွံ့ဖြိုး ဆဲနိုင်ငံ စီးပွားရေးတိုးတက်မှုနှင့် လူလတ်တန်းစား" ခေါင်းကြီးမှ အာဒီတာ အာဘော် ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

          "အခု ဒီဇယ်တစ်ပီပါကျပ် ၁၈၅၀၀၀ရတော့ ရွာခံတွေ ရေနံတူးဖို့ပဲ စိတ်ဝင်စားကြတယ်၊ အနီးအနားမှာ ရှိတဲ့ မြိုင်ငယ်မှော်၊ ကျော၊ နတ်ထိပ်၊ ကျောက်ပန်းတို့မှာ တူးကြတယ်၊ တစ်ပိုင်တစ်နိုင် တူးကြတာဖြစ်လို့ ပေ၁၅၀၀၊ ၁၇၀၀ လောက်တူးတယ်"

မတ် ၁၁ ထုတ် မော်ဒန်သတင်းဂျာနယ်အတွဲ(၂၆) အမှတ် (၅၀၉)မှာပါသည့် "ရေနံဈေးကြောင့် မြတ်သူမြတ်၊ ခက်သူခက်" သတင်းမှ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ကျောင်းတိုက်ရွာက ရွာခံဦးမင်းဆွေ၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

          "ကျွန်တော် အင်တာနက် သုံးနေတုန်း ကွန်နက်ရှင်တွေ နှေးသွားလို့ ဘာမှဆက်လုပ်လို့ မရတဲ့ အချိန်မှာ ရတနာပုံ ဝက်ဘ်ပေါ်တယ်ကို ဝင်ကြည့်တာ ဝင်လို့ရတယ်။ အဲဒါကျတော့ မနှေးဘူးဗျ။ အွန်လိုင်း ဗီဒီယိုတွေတောင် အဆင်ပြေပြေနဲ့ ကြည့်လို့ရနေတယ်"

မတ် ၁၁ ထုတ် မြန်မာတိုင်း(မ်) အတွဲ(၂၆)၊ အမှတ်(၅၀၉) မှာပါသည့် "အင်တာနက် နှေးကွေး ပြတ်တောက်မှုကြောင့် သုံးစွဲသူများ အခက်အခဲကြုံတွေ့နေရ" သတင်းမှ ရန်ကုန်မြို့မှ အင်တာနက်ပြော သူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

"မုန်တိုင်းသတင်း နားထောင်တဲ့ နေရာမှာ သတိပေးချက်ဆိုတဲ့ စကားလုံး ပါ၊ မပါ ဂရုစိုက်ဖို့ လိုတယ်။ သတိပေးချက်ဆိုရင် မြန်မာနိုင်ငံကို မုန်တိုင်း ဝင်နိုင်တယ်။ မုန်တိုင်းကို အဝါရောင်အဆင့် သတ်မှတ်တယ်ဆိုရင် မဝင်သေးဘူး။ လိမ္မော်ရောင်အဆင့်ဆို မုန်တိုင်း ဝင်နေပြီ၊ အညိုရောင်အဆင့်ဆို မုန်တိုင်း ဖြတ်သန်းနေပြီ၊ အစိမ်းရောင် အဆင့်ဆို မုန်တိုင်းကင်းစင်တာကိုပြောတာ၊ အစိမ်းရောင်အဆင့်သတ် မှတ်မှသာ အန္တရာယ်ကင်းပြီး ခိုလှုံရာ နေရာတွေကနေ အပြင်ထွက်နိုင်ပြီ"

မတ် ၁၀ ထုတ် Venus Newsအတွဲ(၂)၊ အမှတ် (၃၂) မှာပါသည့် "၂၀၁၁ရာသီဥတုသည် နာဂစ်မုန် တိုင်းဖြစ်ပွားခဲ့သည့် ၂၀၀၈ ခုနှစ်နှင့် ဆင်တူနေသည့် အတွက် မုန်တိုင်းအန္တရာယ်ကို သတိပြုရန်လို" သတင်းမှ မိုးလေဝသပညာရှင် ဦးထွန်းလွင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်
 
           
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းဆောင်းပါး

ထိပ်သီး စီးပွားရေးလုပ်ငန်းရှင်ဦးတေဇ ကောက်ကြောင်း

  ဖေဖော်ဝါရီ ၂၄ရက် နံနက် ၁၁ ခန့်၌ အန္တရာယ် ကင်းရှင်းစွာဖြင့် ပူတာအိုမြို့သို့ ရောက်ရှိ လာသော ထူးကုမ္ပဏီ ဥက္ကဋ္ဌ ဦးတေဇနှင့် အဖွဲ့ဝင် ၆ ဦးသည် ၃ ရက်ကြာ ရေခဲတောင်ဒေသ ရေခဲပြင်တွင် ရဟတ်ယာဉ် ကျွံကျရာမှ ရေခဲလျှိုအတွင်း ပိတ်မိနေခဲ့သည်။ "ကျွန်တော်တို့ (၆)ဦးစလုံး ယခုအချိန်ထိ ကျန်းမာရေး ကောင်းမွန်ပါတယ်။ အသက် အန္တရာယ်အတွက် စိုးရိမ်စရာ လုံးဝမရှိပါဘူး၊ အားတက်စရာ တစ်ခုက ရဟတ်ယာဉ်ပေါ်မှာ နယ်မြေခံ လမ်းပြတစ်ဦး ပါတယ်၊ ကယ်ဆယ်ရေး အဖွဲ့ များနဲ့ တွေ့ဆုံတဲ့အထိ လမ်းလျှောက်ပြီး ရေခဲတောင်ကြား အတွင်းကနေ အပြင် ရောက်အောင် ဖောက်ထွက်မယ်" ဟု ၂၃ရက် မတ်လ နံနက်စောစောပိုင်းအချိန်တွင် ဦးတေဇနှင့် အဆက်အသွယ် ရရှိခဲ့ချိန်၌ ပြောကြားခဲ့သည်။ ၂၄ ရက်နေ့ နံနက် ၁၁နာရီ၌ ကယ်ဆယ်ရေး ရဟတ်ယာဉ်မှ ဦးတေဇနှင့် အဖွဲ့ဝင် (၆)ဦးကို ကြိုးဖြင့် ဆွဲယူ ကယ်တင်နိုင်ခဲ့ပြီး ပူတာအိုမြို့သို့ ရောက်ရှိခဲ့သည်။ ဤသည်ကား မြန်မာနိုင်ငံ၏ ထိပ်သီး စီးပွားရေး လုပ်ငန်းရှင် ဦးတေဇနှင့်အဖွဲ့ ခါကာဘိုရာဇီ တောင်ကြားမှာ တင်ဆက်ခဲ့သော တစ်ခန်းရပ် ပြဇာတ်ဖြစ်သည်။

ဦးတေဇသည် မြန်မာနိုင်ငံအတွင်း အတော်ဆုံး စီးပွားရေး လုပ်ငန်းရှင် တစ်ဦးအဖြစ် ရပ်တည် နေသလို တချို့လူများက တပ်မတော် အစိုးရ၏ အရှင်မွေး သူကောင်းပြုကာ မွေးထုတ်လိုက်သော စီးပွားရေး ရေပေါ်ဆီ လူတန်းစားအဖြစ် သဘောထားကြသည်။ မည်သို့ ထင်မြင်ချက်များ ရှိစေ အကယ်၍ နိုင်ငံခြား စီးပွားရေး လုပ်ငန်းများ  မြန်မာနိုင်ငံ၌ ရင်းနှီးမြုပ်နှံမည်ဆိုပါက ဦးတေဇနှင့် ထူးကုမ္ပဏီသည်သာ ယှဉ်ပြိုင်နိုင်စွမ်း ရှိမည်။ ထူးကုမ္ပဏီပိုင် လုပ်ငန်းခွဲသစ်များမှလည်း မြန်မာနိုင်ငံရှိ လူငယ်များကို အလုပ်အကိုင်များ အထိုက်အလျောက် ပေးနိုင်ခဲ့သည်။ "ကျွန်တော် Singapore မှာ singapore နိုင်ငံသားအနေ နဲ့ ခံယူပြီး စီးပွားရေးလုပ်ဖို့  အခွင့်အရေးရခဲ့တယ်။ တကယ်လည်း စဉ်းစားခဲ့တယ်။ ဒါပေမဲ့ အဖေက မင်းSingapore မှာသွား ရင်းနှီးမြုပ်နှံရင် Singapore  နိုင်ငံသားတွေပဲ အလုပ်ရမှာပေါ့။ မြန်မာပြည်မှာ မင်းလုပ်မှ မြန်မာတွေ အလုပ်ရမှာပေါ့။ ကျန်တဲ့ ကိစ္စတွေ ဘာမှ ကြောက်နေစရာ မလိုဘူး ဆိုပြီး ဆုံးမတဲ့အတွက် ဒီနေ့ ကျွန်တော့်မှာ ရှိသမျှ မြန်မာပြည်မှာပဲ ရင်းနှီးပြီး မြန်မာတိုင်းရင်းသားတွေ အတွက် ထမင်းအိုးတွေ တတ်နိုင်သမျှ တည်ပေးတယ်" ဟု သုံးသပ် ပြောကြားသွားခဲ့သည်။

  ဖေဖော်ဝါရီ လကုန်ပိုင်းက စင်ကာပူနိုင်ငံတွင် ကျန်းမာရေး စစ်ဆေးမှုခံယူခဲ့ပြီး ယခုအခါတွင် နေပြည်တော်တွင် ကျင်းပမည့် ကျောက်မျက်ရတနာ ပြပွဲသို့ တက်ရောက်ရန် ပြင်ဆင်လျက်ရှိကြောင်း ၎င်း၏ မိသားစုဝင် တစ်ဦးက ဆိုသည်။ "ကျန်းမာရေး အခြေအနေ ကောင်းပါတယ်။ လိုအပ်တဲ့ ဆေးစစ်မှုတွေ စင်ကာပူမှာ လုပ်ပြီးတာနဲ့ ရန်ကုန်ကို ပြန်လာပြီး အနားယူနေပါတယ်။ မတ်လ ၁၀ရက် မှာ ကျင်းပမယ့် နေပြည်တော် ကျောက်မျက်ရတနာပြပွဲ တက်ရောက်ဖို့ ပြင်ဆင်နေပါတယ်" ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောကြားသွားခဲ့သည်။ ဦးတေဇသည် ကျောက်မျက်ရတနာ တူးဖော်ရေး လုပ်ငန်းနှင့် ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းများ၊ ဥပဒေများ၊ အခွန်အကောက်များပေါ်မှာ လက်ရှိ အနေအထားအရ  ပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်သင့်ကြောင်း ပြောကြားသွားခဲ့သည်။ "လက်ရှိ နိုင်ငံတော်ရဲ့ Policyတွေ၊ Taxတွေနဲ့ ပတ်သက်လို့ အားလုံး fair ဖြစ်တယ်။ ပေးရတာ တန်တယ်လို့ ရှိသမျှ လုပ်ငန်းရှင်တွေက သတ်မှတ်ထားကြပါတယ်။ ဒါကြောင့် တရားမဝင် ပြည်ပ သယ်သွားခဲ့တဲ့ ကျောက်တွေတောင် မြန်မာ ပြည်သယ်ပြီး Emporium ကို ပြန်တင်ပြီး ရောင်းချကြတယ်။ Tax လဲ Fair ဖြစ်တယ်။ ဈေးလည်း ဈေးကောင်း ရတယ်။ တရားမဝင်သွားတဲ့ ကျောက်စိမ်းတွေလို ဈေးလည်း အနှိမ်မခံရတော့ အားလုံး လုပ်နိုင် ကိုင်နိုင် ရှိပါတယ်" ဟု ရှင်းလင်း ပြောကြားသွားခဲ့သည်။

  ယခုအချိန်သည် မြန်မာနိုင်ငံ၏နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲ၌ လူပြောများနေသည့် စီးပွားရေး ပိတ်ဆို့မှုကိစ္စနှင့် ပတ်သက်ပြီး ပိတ်ဆို့မှုကို ဖြုတ်သင့်၊ မဖြုတ်သင့် အငြင်းပွားလျက်ရှိသည်။ ဦးတေဇမှာ ဘယ်ဘက်မှ မရပ်ဘဲ သူရဲ့ စီးပွားရေး ပိတ်ဆို့မှုကို တုန့်ပြန်မှုမှာ တစ်မျိုး ထူးခြားလျက်ရှိ သည်။ "အထူးသဖြင့် ကျောက်စိမ်းဈေးကွက်က တရုတ်နိုင်ငံက ပိုကြိုက်တော့ တရုတ် ပြည်မ ကြီးကလဲ စီးပွားရေး အရမ်းတက်နေတော့ အဲဒီပိတ်ဆို့မှုဟာ ဘာမှမထိရောက်ပါဘူး။ ကျွန်တော်တို့ကတောင် Counter Sanction လုပ်တဲ့အနေနဲ့ အနောက်နိုင်ငံတွေကို မရောင်းလိုပါဘူး။ အခု ကျွန်တော်တို့ ကျောက်မျက် Mine တွေထဲမှာ ကုမ္ပဏီအားလုံးနီးပါး Counter Sanction လုပ်တဲ့အနေနဲ့ အနောက် နိုင်ငံကထုတ်တဲ့ စက်တွေဖြစ်တဲ့ Excavator တွေ Dozer တွေ သိပ် မသုံးတော့ဘူး။ Asia ထုတ်ပစ္စည်း တွေပဲ သုံးတော့တယ်။ သူတို့ ပိတ်ဆို့မှုကလည်း လုံးဝတရားမျှတတဲ့ ပိတ်ဆို့မှု မဟုတ်ပါဘူး။ သူတို့ ရဲ့အကျိုး USD Billionချီ နှစ်စဉ်ရတဲ့ မြန်မာနိုင်ငံ သဘာဝဓာတ်ငွေ့လုပ်ငန်းမှာ ဝင်လုပ်နေတဲ့  Amer ican နိုင်ငံပိုင် Cheveron နဲ့ ပြင်သစ်နိုင်ငံပိုင် Total တို့ကျတော့ ဘာမှ အရေးမယူဘူး" ဟု ပြောကြား သွားခဲ့သည်။

ဦးတေဇမှာ တပ်မတော်အစိုးရ၏ မွေးထုတ်ပေးလိုက်သည့် စီးပွားရေးသမား ဖြစ်ခြင်းကြောင့် အပြိုင်အဆိုင်မရှိ တက်လာခဲ့သည့် National Champion တစ်ဦးအဖြစ် ယူဆနိုင်သော်လည်း တစ်ဖက်တွင် အခြေခံကျကျ ကြိုးစားမှုသာ မရှိပါက ယခုကဲ့သို့ အခြေအနေမျိုး ရောက်ဖို့မလွယ်ပေ။ "ကျွန်တော် ဆို ၁၉၈၄ ကတည်းက စီးပွားရေး နယ်ပယ်ထဲ စဝင်ခဲ့ပါတယ်။ အရင်းအနှီးဆိုတာ ကျပ် တစ်သောင်းတောင် မပြည့်ခဲ့ပါဘူး။ ပြီးတော့ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်ဆိုတော့ လုပ်ရတာ ကြပ်ပါတယ်။ ဒါပေမဲ့ ရတဲ့အခွင့်အလမ်း အားလုံး နေ့စဉ် စဉ်းစားပြီး ရသမျှ လုပ်တယ်။ တစ်နေ့ကို အလုပ်ချိန် ၁၂ နာရီကနေ ၁၄ နာရီ အနည်းဆုံးထားလုပ်တယ်။ ၁၉၈၈ နောက်ပိုင်းကျတော့ ဈေးကွက် စီးပွားရေး ဖြစ်လာတော့ တစ်နေ့ ၁၆ နာရီ အထိပိုလုပ်တယ်။ ကျွန်တော် ၁၉၈၄ မှ ၂၀၀၄ အထိ နှစ် ၂၀ အတွင်း ရာနှုန်းပြည့် Holiday ဆိုပြီး မနားဖူးပါဘူး" ၎င်း၏ ဖြတ်သန်းမှုကို သုံးသပ် ပြောကြားသွားခဲ့ သည်။

စွန့်ဦးတီတွင် စီးပွားရေးလုပ်ကိုင်လိုသည့် လူငယ်များအနေဖြင့် ဦးတေဇလို အောင်မြင်သည့် စီးပွားရေး လုပ်ငန်းရှင်များကို အားကျသည်မှာ ဓမ္မတာပင်ဖြစ်သည်။ သို့လို နိုင်ငံတကာနှင့်ယှဉ်ပြိုင်နိုင် သည့် အရည်အချင်းမျိုးကို သဘောကျ နှစ်ခြိုက်မိမည်သာ ဖြစ်သည်။ ယင်းကို ဦးတေဇမှ သုံးသပ်ပြော ကြားရာတွင်" အဓိက မြန်မာ လူငယ်ကလေးတွေအတွက် ပြောချင်တာကတော့ အောင်မြင်မှု ရဖို့ဆိုတာ ရှေ့လူကြီးတွေ ပြောသလိုပဲ ကံ၊ ဉာဏ်၊ ဝီရိယ အဓိကပါပဲ။ ဒါပေမဲ့ အသေးစိတ်တော့ ကျွန်တော် နည်း နည်းထပ် ပြောချင်ပါတယ်၊ ကံဆိုတာ အဓိက Luck ကို မဆိုလိုပါဘူး။ ကံဆိုတာ ကမ္မ (ကမ္မ= အလုပ်) ပါပဲ၊ ကံကောင်းတယ်ဆိုတာ အလုပ်ကောင်းတာပါပဲ၊ ဒီတော့ ကိုယ်လုပ်မယ့် အလုပ်ကို အမှန်စီးပွား ဖြစ်မဲ့အလုပ်၊ ကိုယ့်အတွက် တိုင်းပြည်အတွက် အကျိုးပြုနိုင်မယ့် အလုပ် မှန်၊ မမှန် အစကတည်းက သေသေချာချာ စဉ်းစားရွေးစေချင်ပါတယ်။ ဉာဏ်ပိုင်းနဲ့ ပတ်သက်လို့လည်း ဘာလုပ်လုပ် သေသေချာချာ ကိုယ်လုပ်မယ့် လုပ်ငန်းနှင့် ပတ်သက်ပြီး Demand and Supply ကစပြီး သေသေချာချာ Analy sis လုပ်ပြီးမှ လုပ်စေချင်ပါတယ်၊ ဝိရိယပိုင်းနှင့် ပတ်သက်လို့လည်း ကိုယ့်အလုပ်ကို အစကတည်းက သေသေချာချာ ဖိဖိစီးစီးလုပ်ပြီး အဆုံးထိတိုင် ပြီးစီးမှ  Mission Complete ဆိုတဲ့  စိတ်ဓာတ်ထားပြီး လုပ်ကိုင်ကြဖို့ အကြံပြု ပြောကြားလိုက်ပါတယ်"

Ref:      မြန်မာပို့စ် ဂလိုဘယ်သတင်းဂျာနယ် အတွဲ(၁)၊ အမှတ်(၁)

            The Hot News weekly အတွဲ(၁)၊ အမှတ်(၃၁)

            TRUE NEWS အတွဲ(၃)၊ အမှတ်(၂၈)
Sent to transparency.myanmar@gmail.com: unsubscribe | update profile | forward to a friend
Email Marketing Powered by MailChimp
 

၁၁.၃.၂၀၁၁


ြ ပည်တွင်းသတင်းများ

ပြည်တွင်းရှိ ဘော်ဒါကျောင်း ၁၈ ကျောင်းအတန်းတင်စစ်ခွင့်ရ
ရန်ကုန်၊ မတ် ၁၀။


၂၀၁၀-၂၀၁၁ ပညာသင်နှစ်မှ စတင်၍ ပဉ္စမတန်းနှင့် နဝမတန်းအထိ ပညာသင်ကြားခွင့်နှင့် အတန်းတင် စာမေးပွဲ စစ်ဆေးခြင်းတို့အား ပြုလုပ်နိုင်ရန် ပြည်တွင်းရှိ ပုဂ္ဂလိက ဘော်ဒါကျောင်း (၁၈) ကျောင်းအား ဆောင်ရွက်ရေး ခွင့်ပြုမိန့် ချပေးခဲ့ကြောင်း ဘော်ဒါဆောင် ဖွင့်ထားသူ တစ်ဦးက ပြောကြားခဲ့သည်။

ယင်း အချိန်ုပြည့် ပညာသင်ကြားပိုင်ခွင့်နှင့် အတန်းတင် စစ်ဆေးပိုင်ခွင့် ခွင့်ပြုခဲ့သည့် ဘော်ဒါကျောင်း များမှာ ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ဘော်ဒါကျောင်း (၁၀)ကျောင်း၊ မန္တလေးနှင့် ပြင်ဦးလွင်မှ ဘော်ဒါကျောင်း (၁၀) ကျောင်း တို့ပင်ဖြစ်သည်။ ၎င်း ခွင့်ပြုမိန့်အား ရရှိရန် ယင်းကျောင်းများသည် ရွေးကောက်ပွဲ မတိုင်မီ ကာလများထဲက ခွင့်ပြုမိန့် တင်ထားခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

 ၅ တန်းမှစတင်၍ ၉ တန်းအထိ မိမိတို့ကျောင်း၌ ပညာသင်ခွင့်ရရှိနိုင်ပြီး တက္ကသိုလ်ဝင်တန်းဖြစ်သည့် ၁၀ တန်းပညာသင်ခွင့်အား အစိုးရကျောင်းမှာပင် ဖြေဆိုရမည်ဖြစ်ကြောင်း ယင်းမှပင်ထပ်လောင်းပြောကြားခဲ့သည်။

မိမိတို့ ဘော်ဒါဆောင်သည် သက်ဆိုင်ရာ နယ်မြေမှ အထက်တန်း ကျောင်းများနှင့် ချိတ်ဆက်ထားကြောင်း၊ ၅ တန်းမှစတင်၍ ၉ တန်း မေးခွန်းများကို မိမိတို့ဘာသာ ကိုယ်တိုင်ထုတ်၍ စစ်ဆေးရမည် ဖြစ်ကြောင်း၊ ခွင့်ပြုမိန့် တွင်လည်း ယခုကဲ့သို့ပင် ဖော်ပြထားကြောင်း၊ ပုဂ္ဂလိက ပညာရေး ဥပဒေမှာလည်း လောလောလတ်လတ်၌ မထွက်ရှိသေးကြောင်း ရန်ကုန်မြို့ရှိ ဘော်ဒါဆောင် ဖွင့်ထားသူ အဆောင်ပိုင်ရှင် တစ်ဦးက ပြောကြားခဲ့သည်။


-------------------------------------------------------------------------------------------------------------

လှိုင်မြို့နယ် ဗဟိုလမ်း သီရိမြိုင်အနီး အိမ်များပြောင်းရွှေ့ရမည်
ရန်ကုန်၊ မတ် ၁၀။


လှိုင်မြို့နယ် ၇ရပ်ကွက် ဗဟိုလမ်းမကြီးဘေး(သံလမ်းမှတ်တိုင်အနီး)တွင် ဆောက်လုပ်ထားသော ကျူးကျော်တဲ များအပါအဝင် နေအိမ်အချို့ ပြောင်းရွှေ့ပေးရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လေ့လာ စုံစမ်းမှုများအရ ဗဟိုလမ်းဘေး ဒေါ်ကျင်ချောရေကန် (ကန်စွန်းခင်းများ စိုက်ထားသောကန်)နှင့် ကိုက်တစ်ရာ ဝန်းကျင်ရှိ အဆောက်အဦးများ ဖယ်ရှားပေးရမည် ဖြစ်ကြောင်း၊ အများအားဖြင့် ၁၀ပေ ပတ်လည် ကျူးကျော် အဆောက်အဦးများ ဖြစ်ကြောင်း၊ ၎င်း အဆောက်အဦးများမှာ ဓနိ၊ ဝါးထရံ၊ ပလတ်စတစ် စသည့် ရရာပစ္စည်းများဖြင့် ဆောက်လုပ်ထားပြီး ပြွတ်သိပ်လျှက် ရှိကြောင်း၊ ဆီဆိုင် ဆောက်လုပ်သောအခါ မီးဘေးအန္တရာယ်နှင့် လုံခြုံရေးအရ ထိုသို့ ပြောင်းရွှေခိုင်းခြင်း ဖြစ်မည်ဟု ဆိုကြောင်း၊ ကျူးကျော် အဆောက်အဦး တရာဝန်းကျင်ခန့်နှင့် သီရိမြိုင် ၁လမ်း၊၂လမ်းရှိ နေအိမ်အချို့ စီမံကိန်းဧရိယာတွင် ပါဝင်ကြောင်း၊ မကြာသေးမီ(၂၀၁၀ နိုဝင်ဘာ၊ဒီဇင်ဘာ)က အသစ်ပြန်လည် ဆောက်လုပ်ထားသော စည်ပင်ဝန်ထမ်း နေအိမ်အချို့လည်း ပါဝင်ကြောင်း သက်ဆိုင် ရာ အမည်ပေါက်နေအိမ်များမှာ အလုံး၃၀ ကျော်ရှိကြောင်း၊ ယင်းရပ်ကွက်သည် မကြာခဏ မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်လေ့ရှိပြီး ၂၀၀၅ခုနှစ် ကလည်း မီး အကြီးအကျယ် လောင်ကျွမ်းခဲ့ဘူးကြောင်း၊ လမ်းများမှာ ကျဉ်းမြောင်းရှုပ်ထွေးပြီး မီးသတ်ကား မဝင်နိုင်ကြောင်း၊ သို့သော် ၂၀၁၀ ရွေးကောက်ပွဲ ကာလက ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်ရေး အစီအစဉ်ဖြင့် ကွန်ကရစ်များ ခင်းထားကြောင်း၊ အချို့လမ်းများမှာ လူနှစ်ဦး ရင်ဘောင်တန်း သွားရုံသာ ရှိကြောင်း ယင်းရပ်ကွက်တွင် နေထိုင်သူများနှင့် ရပ်ကွက် အာဏာပိုင်အချို့ထံမှ စုံစမ်း သိရှိရသည်။

ယင်းရပ်ကွက်သား တစ်ဦးက “ ဒီနားက အစုကို သရက်မြိုင်လို့ခေါ်ကြတာပေါ့။ ၁လမ်း၂လမ်း၃လမ်း စသည်ဖြင့် ရှိတယ်။ အိမ်တွေကတော့ အမည်ပေါက်တွေရော ကျုးကျော်တွေရောရှိတယ်။ အခုအဲဒီကျူးကျော်တွေနေရာကို ထူး ကုမ္ပဏီက ဆီဆိုင်ဆောက်မယ်လို့ ကြားတယ်။ လာပြီးတော့ တိုင်းတာထွာတာတွေ လုပ်နေတယ်။ ဒါပေမဲ့ ဘယ်နေ့ ရွှေ့ရ မယ်။ လျှော်ကြေးကိစ္စ ဘယ်လိုပေး မယ်ဆိုတာတော့ သေချာမသိရသေးဘူး။” ဟု ယင်းရပ်ကွက်အနီး နေထိုင်သူများက ဆိုသည်။

ထူးကုပ္မဏီသို့ဆက်သွယ်မေးမြန်းခဲ့ရာတွင် ယင်းကိစ္စနှင့်ပါတ်သက်၍ တစုံတရာမသိရှိကြောင်းဖြေကြားခဲ့သည်။

The CJs News


-------------------------------------------------------------------------------------------------------------

လျှပ်စစ်မီးအချိန်ပြည့်ပေးနိုင်သေးသည်ဟု ဆိုသော်လည်း မကြာခဏမီးပြတ်မှုများဖြစ်နေ
ရန်ကုန်၊ မတ် ၁၀။


ရန်ကုန်မြို့တော် လျှပ်စစ် ဓါတ်အားပေးရေးအဖွဲ့က မြို့တော်အား အချိန်ပြည့် လျှပ်စစ်ဓါတ်အားပေး နိုင်သေးကြောင်း ပြောကြားခဲ့သော်လည်း ဖေဖော်ဝါရီ လကုန်ပိုင်းမှစ၍ မြို့တော်အဝှမ်း လျှပ်စစ်မီး ပြတ်တောက်မှုများ ကြုံတွေ့နေရကြောင်း၊ အထူးသဖြင့် မြို့တွင်း ၆ မြို့နယ် အပါအဝင် တာမွေ၊ ဒဂုံမြို့သစ်မြို့နယ်များ၊ ရန်ကင်း စသည့် မြို့နယ်များတွင် ပြတ်တောက်မှု ဆိုးရွားကြောင်း ယင်းမြို့နယ်များတွင် နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။

တာမွေမြို့နယ်တွင် နေထိုင်သူတစ်ဦးက “ မီးကခုတလော ခဏခဏကို ပြတ်နေတယ်၊ မှတ်မှတ်ရရ ၅ ရက်နေ့က ဆိုရင် ဟင်းချက်နေတုန်း မီးပျက်သွားတာ။ ထမင်းအိုးလဲပျက်၊ ဟင်းချက်ရတာလဲ ကသီလင်တနဲ့ တော်တော်ဒုက္ခ ရောက်သွားတယ်။ သူတို့က မီးအပြည့်လာမယ်ဆိုတော့ အိမ်မှာမီးသွေးလဲ ဆောင်မထားမိဘူးလေ။ ဂက်စ်ကလဲ သုံးနေမကျတော့ မသုံးဖြစ်ဘူး။ တိုက်ခန်း တွေမှာကျတော့ မီးသွေးတို့ ဂက်စ်တို့က အရမ်းအန္တရာယ်ကြီးပါတယ်။ မီးသွေးဆို ပါတ်ဝန်းကျင် ညစ်ညမ်းတာရော၊ ကျန်းမာရေး ထိခိုက်တာရော ရှိတယ်။ သဘာဝဓါတ်ငွေ့တွေလဲ ကိုယ့်နိုင်ငံက အလျှံအပါယ် ထွက်နေ တာပဲ မီးလေးတော့ မှန်မှန်လာစေချင်ပါတယ်” ဟု ပြောကြားသည်။

လသာမြို့နယ်တွင် အင်တာနက်ဆိုင် ဖွင့်လှစ်ထားသူ တစ်ဦးကလည်း “ခုတလောက ကွန်နက်ရှင်ကလဲ မကောင်း၊ ဒီကြားထဲ မီးကပျက်တော့ ပိုဆိုးတယ်။ ဒီဇယ်ဈေးတွေကလဲ အခုတော်တော်မြောက်နေတာလေ။ လုပ်ရ ကိုင်ရတာ မလွယ်ပါဘူးဗျာ” ဟု ပြောကြားသည်။

လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် စီးပွားရေး ကိစ္စရပ်များအပြင် နေ့စဉ်လူမှုဘဝများကိုပါ ရိုက်ခတ်မှု ရှိလာကြောင်း၊ အထူးသဖြင့် ရန်ကုန်ကဲ့သို့ လူဦးရေ ၆ သန်းကျော် နေထိုင်သော အာရှအဆင့် မြို့ကြီးတစ်မြို့တွင် လျှပ်စစ်မီး ပုံမှန်ရရှိရေး ကိစ္စမှာ မဖြစ်မနေဆောင်ရွက်ရမည့် ကိစ္စတစ်ခုဖြစ်ကြောင်း၊ နေပြည်တော်နှင့် လျှို့ဝှက် စစ်လက်နက် ထုတ်လုပ်ရေး စက်ရုံများတွင် သုံးစွဲနေသော လျှပ်စစ်အားပမာဏကို အနည်းငယ် ခြွေတာသုံးစွဲနိုင်လျှင်ပင် ပြည်သူများအတွက် များစွာ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း နိုင်ငံရေး မူဝါဒလေ့လာသူများက သုံးသပ် ပြောကြားသည်။

မကြာသေးမီက ပြည်တွင်း မီဒီယာများတွင် ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့က ရန်ကုန်မြို့တော်အား ၂၄နာရီလျှပ်စစ်မီးအလုံအလောက် ပေးနိုင်ကြောင်း၊ ယခင်နှစ်များကဲ့သို့ အပိုင်းလိုက်(အချိန်ပိုင်း) ပေးရန် အစီအစဉ် မရှိသေးကြောင်း တာဝန်ရှိသူများက ပြောကြားသည်ကို ဖော်ပြပါရှိခဲ့သည်။

ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့(YESB) ကွန်ပလိန်းစင်တာကို ဆက်သွယ်မေးမြန်းခဲ့ရာ မီးပျက်မှု များမှာ Break Down ဝန်အား မနိုင်မှုများကြောင့်သာ ဖြစ်ပေါ်ရကြောင်း ဖြေကြားခဲ့သည်။ မတ်လ ၈ရက်နေ့ကလည်း YESB အထူး အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြောင်း ၄င်းအသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

The CJs News

 
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ 

အီးယူကိုဒီမိုကရေစီ(၁၀)ပါတီက ဆန်ရှင်ရုတ်သိမ်းရန်စာပို့မည်
ရန်ကုန်၊ မတ် ၁၀။


မြန်မာနိုင်ငံတွင် နှစ်ပေါင်း နှစ်ဆယ်နီးပါး ပိတ်ဆို့ထားသော စီးပွားရေး အရေးယူ ပိတ်ဆို့မှုသည် အဓိက ရည်ရွယ်ချက်များအပေါ်တွင် အကျိုးသက်ရောက်ခြင်း မရှိဘဲ နိုင်ငံ၏ စီးပွားရေးနှင့် ပြည်သူတို့၏ ရပ်တည်မှုကိုသာ ကြီးမားစွာ ထိခိုက်နေသည့်အတွက် စီးပွားရေး အရေးယူ ပိတ်ဆို့သော အီးယူအဖွဲ့ဝင် နိုင်ငံများသည် စီးပွားရေး အရေးယူ ပိတ်ဆို့မှုအား ရုတ်သိမ်းပါရန် ၂၀၁၀ ရွေးကောက်ပွဲ ဝင်ခဲ့သော ဒီမိုကရေစီ မိတ်ဆွေ (၁၀) ပါတီက ဥရောပ ကော်မရှင်၏ အစည်းအဝေးကို အကြောင်းကြားစာ ပို့မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ထို အကြောင်းကြာစာကို ယခုလာမည့် မတ်လ(၁၁)ရက်နေ့တွင် တာမွေမြို့နယ်၊ မေတ္တာညွှန့်ရပ်ကွက်ရှိ အမျိုး သား ဒီမိုကရေစီ အင်အားစု ပါတီရုံးခန်းတွင် ဒီမိုကရေစီ မိတ်ဆွေပါတီ (၁၀)ပါတီက လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်းကို ဒီမိုကရေစီ မိတ်ဆွေ(၁၀)ပါတီတွင် ပါဝင်သော ပြည်ထောင်စု ဒီမိုကရေစီပါတီမှ ဦးသိန်းတင်အောင်ကပြောကြားသည်။

“ကျွန်တော်တို့က ဒီဆန်ရှင်ကို ရုတ်သိမ်းစေချင်တာပါ။ အမေရိကားနဲ့ အီးယူက စီးပွားရေး ပိတ်ဆို့ထားတယ် ဆိုတာက မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပေါ်ထွန်းစေချင်တဲ့အတွက် စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှုကို သူတို့က ပြင်းပြင်းထန်ထန်ကို စီးပွားရေး ပိတ်ဆို့တာ သူတို့ ဒီလို စီးပွားရေး ပိတ်ဆို့တာက ထိခိုက်စေချင်သူတွေကို မထိခိုက်ဘဲ ပြည်သူတွေကို ထိခိုက်တယ်။ ပြီးတော့ ကျွန်တော်တို့ နိုင်ငံကို ဖွံဖြိုးမှု အကူအညီတွေ သိသိသာသာ မလာဘူး။ ဒီတော့ အိမ်နီးချင်း နိုင်ငံတွေနဲ့စာရင် ကျွန်တော်တို့ နိုင်ငံက ပြည်သူတွေ ပိုထိခိုက်ရတယ်။ နိုင်ငံရဲ့ ဖွံဖြိုးမှု နောက်ကျ သွားတယ်။ ဒီတော့ ကျွန်တော်ထင်ပါတယ်။ကျွန်တော်တို့ ပြည်သူတွေခင်ဗျာ ဗူးလေးရာဖရုံဆင့်ဖြစ်နေရတယ်”ဟုဆိုသည်။

ဖေဖော်ဝါရီလ (၈) ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)က စီးပွားရေး ပိတ်ဆို့မှု သုံးသပ်ချက် စာတမ်းကို ထုတ်ဝေခဲ့ပြီး စီးပွားရေး ပိတ်ဆို့မှုသည် အလုပ်ဖြစ်ကြောင်း ပြည်သူများကို ထိခိုက်ခြင်းမရှိဘဲ ပစ်မှတ်ထားသူများကို ထိခိုက်စေသောကြောင့် စီးပွားရေးအရ အရေးယူပိတ်ဆို့မှုကို ဆက်လက် ပြုလုပ်ပါရန် အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနှင့် ဖြန့်ဝေခဲ့သည်ကို တွေ့ရှိရသည်။ NLD၏ ထိုကြေညာချက်တွင် နိုင်ငံရေး အကျဉ်းသားများကို ဦးစွာလွှတ်ပေးရန်ကိုလည်း ဖော်ပြထားသည်ကို တွေ့ရှိရသည်။

“NLDကလည်း သူ့ယုံကြည်တဲ့ လမ်းစဉ်အတိုင်း လျှောက်လှမ်းနေတာပါ။ မှားတယ်မှန်တယ်လို့တော့ ပြောလို့ မရပါဘူး။ ဒီဆန်ရှင်ကို အနောက်အုပ်စုဝင် နိုင်ငံတွေက ပိတ်ဆို့နေတာက မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည် သင့်မြတ် ရေး လမ်းစဉ်လည်း ပေါ်လာတာ မရှိသေးလို့ပါ။ ဒီလို လမ်းစဉ်တစ်ရပ် ပေါ်လာတာနဲ့ အနောက်အုပ်စုက ပိတ်ဆို့ ထားတဲ့ ဆန်ရှင်လည်း ကွာကျသွားမှာ သေချာပါတယ်။ မြန်မာနိုင်ငံမှာ ဆန်ရှင်ကြောင့် စီးပွားရေး ကျဆင်းနေတာလည်း မဟုတ် ပါဘူး။ အရင်နအဖရဲ့ စီးပွားရေးပေါ်လစီတွေမှာက Miss Managenent ဖြစ်နေတာတွေလည်း ရှိတာကြောင့်လည်း ပါဝင် ပါတယ်။ ဒီဆန်ရှင်ကို အနာက်အုပ်စုက ဖယ်ပေးလိုက်တယ် ဆိုရင်လည်း ကျွန်တော်တို့က အရင်ကလို Case by Case လုပ်နေတာတွေ အစား Institutionlizationတွေ အခြေခိုင်အောင်၊ မူဘောင်တွေနဲ့ လုပ်တတ်အောင်၊ အရင်အုပ်ချုပ်သူ တွေလို Miss Management တွေမဖြစ်အောင် ကျွန်တော်တို့အနေနဲ့Capacity Building တွေလုပ်ဖို့ လိုအပ်ပါတယ်။ အနောက်အုပ်စု နိုင်ငံတွေက စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှုတွေကို ဖယ်ရှားလိုက်ရင်တော့ ဒီထက် ပိုပြီးတော့ လုပ်သာ ကိုင်သာ ရှိသွားမှာပါ” ဟု ဦးသိန်းတင်အောင်က ထပ်လောင်း ပြောကြား သည်။

အီးယူ အစည်းအဝေးသို့ စီးပွားရေး ပိတ်ဆို့မှု ရုတ်သိမ်းရန် အကြောင်းကြာစာ ပို့မည်ဖြစ်သော ဒီမိုကရေစီ မိတ်ဆွေပါတီ (၁၀)ပါတီတွင် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၊ ဖလုံစဝေါ ဒီမိုကရက်တစ် ပါတီ၊ ပြည်ထောင်စု ဒီမို ကရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ အမျိုးသား နိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်၊ ဒီမိုကရက်တစ် ပါတီ(မြန်မာ)၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီ၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ ဝံသာနု NLD ပါတီ၊ တို့ ပါဝင်ကြောင်း သိရသည်။

ပြည်ထောင်စုနေ့က စီးပွားရေးပိတ်ဆို့မှုအား ရုတ်သိမ်းရန် လက်မှတ်ထိုးခဲ့ကြသော ပါတီ(၁၁)ခု ရှိသော်လည်း ယခုအခါ အီးယူသို့ စီးပွားရေး ပိတ်ဆို့မှု ရုတ်သိမ်းရန် အကြောင်းကြားစာ ပို့သောအခါတွင်မူ (၁၀)ပါတီသာ ပါဝင်ပြီး ပြည်ထောင်စု ကရင် အမျိုးသားများ အဖွဲ့ချုပ် မပါဝင်ကြောင်း သိရှိရသည်။

-------------------------------------------------------------------------------------------------------------


စက်မှု(၁)၀န်ကြီး ဦးအောင်သောင်း မဲဆွယ်စရိတ် ကန်ဒေါ်လာ ၅သန်းကျော် သုံးစွဲခဲ့ဟုဆို
ရန်ကုန်၊ မတ် ၁၀။


စက်မှု(၁) ဝန်ကြီး ဦးအောင်သောင်းသည် ရွေးကောက်ပွဲကာလက မဲဆွယ်စရိတ် ကန်ဒေါ်လာ ၅.၅သန်း (ကျပ်ငွေ သိန်းပေါင်း ၅သောင်းကျော်) သုံးစွဲခဲ့ကြောင်း ၎င်းနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

အိုင်အန်ဂျီအို တစ်ခုတွင် အလုပ်လုပ်နေသော အကြီးတန်း ဝန်ထမ်းတစ်ဦးက “ဒေါ်လာငါးသန်းဆိုတာ နည်းတဲ့ ပမာဏမဟုတ်ဘူးဗျ။ အခုဆို နာဂစ် ပြီးသွားတာ ၃နှစ်ကျော်ပြီ။ ခုထက်ထိ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ အခြေကျ ဖို့ လိုသေးတယ်။ ဒီငွေ ပမာဏနဲ့ဆိုရင် ဆိုင်ကလုန်း shelter တွေနဲ့ စီမံကိန်းရွာပေါင်း တစ်ရာကျော်လောက် ကောင်း ကောင်း cover ဖြစ်နိုင်တယ်” ဟု သုံးသပ်ပြောကြားသည်။

ဥပဒေအရ ထုတ်ပြန်ထားသော ရွေးကောက်ပွဲ မဲဆွယ်စားရိတ်မှာ အမတ်တစ်ဦးလျှင် ကျပ်သိန်းတစ်ရာ (ကန်ဒေါ် လာ တစ်သောင်း) ထက် မပိုရကြောင်း၊ ရွေးကောက်ပွဲအပြီးတွင် မိမိတို့ သုံးစွဲခဲ့သည့် အသုံးစားရိတ်များကို စာရင်းရှင်းလင်း တင်ပြရကြောင်း၊ သို့သော် ရွေးကောက်ပွဲဝင် အမတ်အချို့ စာရင်းမရှင်းလင်းမှုများ ရှိခဲ့ကြောင်း၊ ရှင်းလင်းတင်ပြသူများ၏ စာရင်းမှာလည်း ပွင့်လင်း မြင်သာမှုမရှိဘဲ အဖြစ်သဘောာ လုပ်နေကြကြောင်း၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ အချို့က ဆိုသည်။

ဦးအောင်သောင်းသည် ထိုမျှလောက် ငွေကြေးပမာဏကို သုံးစွဲခဲ့သော်လည်း လာမည့်အစိုးရသစ်တွင် ၎င်း မျှော်မှန်း ထားသလို နေရာ မရရှိသည့်အတွက် မကျေလည်မှုများ ရှိနေကြောင်း၊ ၄င်းသည် မိန်းကလေး ဆိုင်ရာကိစ္စများတွင် လည်း ရှုပ်ထွေးမှု ရှိသည့်အတွက် နောင်တွင် လူထု အကြည်ငြို ပျက်စရာ ဖြစ်လာနိုင်သည်ဟု ရွေးကောက်ပွဲ မဝင်မီကပင် ၎င်းအား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ထိပ်ပိုင်းအသိုင်းအဝိုင်းက သတိပေးခဲ့သည်ဟု ဆိုကြောင်း၊ ပါတီတွင်းတွင်လည်း ၎င်း၏ သြဇာမှာ ကျဆင်းနေကြောင်း သတင်းဆန်းစစ်သူ အချို့က ဆိုသည်။

ဝီကီလိခ်မှ ထွက်ပေါ်လာသော သတင်းအချို့တွင်လည်း ဦးအောင်သောင်းသည် နိုင်ငံတော်အာဏာသိမ်းရန် ကြိုးစား အားထုတ်မှုများ ရှိခဲ့ကြောင်း၊ ယင်းမှာ စီးပွားရေး စားကျက်လုမှုကို အခြေခံကြောင်း၊ ထို့ပြင် ၎င်းသည် မြန်မာ နိုင်ငံ၏ စတုတ္ထ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်သည်ဟု ဆိုကြောင်း သိရှိရသည်။

The CJs News

-------------------------------------------------------------------------------------------------------------

နိုင်ငံတော်အချုပ်အခြာအာဏာမဆုံးရှုံးစေရေးအတွက် ဥပဒေထုတ်ပြန်
         
 နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားတို့ထံတွင် ရှိရေးအတွက် အာဏာမဆုံးရှုံးစေရေး အရေးတကြီးလိုအပ်သော အသုံးစရိတ်များ သုံးစွဲနိုင်ရန် ဥပဒေ ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။

ယင်း ဥပဒေအား နိုင်ငံတော် အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲစေရေးအတွက် လိုအပ်သော အသုံးစရိတ် ဆိုင်ရာ အထူးရန်ပုံငွေဥပဒေပာု ခေါ်တွင်စေရမည်ပာု သိရသည်။

ဥပဒေပုဒ်မ ၁ (ခ) အရ အဆိုပါဥပဒေသည် နိုင်ငံအတွက် ချက်ချင်း အာဏာတည်ရမည်ပာု ဖော်ပြထားသည်။ နိုင်ငံတော် အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲစေရေးအတွက် လိုအပ်သော အသုံးစရိတ်ဆိုင်ရာ အထူး ရန်ပုံငွေဆိုသည်မှာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို စောင့်ရှောက်ရာတွင် လည်းကောင်း၊ နိုင်ငံတော်အား ပြည်တွင်း ပြည်ပ အန္တရာယ်များမှ ကာကွယ်ရာတွင် လည်းကောင်း၊ အထူး လိုအပ်သည်များကို သုံးစွဲနိုင်ရေးအတွက် ထူထောင် ထားသော ရန်ပုံငွေကို ဆိုကြောင်း ဥပဒေပုဒ်မ ၂(ဂ) တွင် ပြဋ္ဌာန်းထားသည်။

အထူးရန်ပုံငွေ သို့မပာုတ် နှစ်စဉ် လိုအပ်သော ငွေကြေးပမာဏအား နိုင်ငံတော် သမ္မတ၏ သဘောတူ ညီချက်ဖြင့် ဖြည့်ဆည်းပေးရမည် ဖြစ်သည်။ ဥပဒေပါ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ လုပ်ပိုင်ခွင့်များမှာ ပြည် ထောင်စု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး တာဝန်များကို ထမ်းဆောင်ရာတွင် ကုန်ကျသော အသုံး စရိတ်များကို အထူးရန်ပုံငွေမှ ပြည်တွင်းသုံးငွေ (သို့) နိုင်ငံခြားသုံးငွေဖြင့် သုံးစွဲခွင့်ရှိကြောင်း၊ ၎င်း အသုံးစရိတ်များနှင့် ပတ်သတ်၍ သုံးငွေများကို မည်သည့်အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များက မေးမြန်းခြင်း၊ တင်ပြစေခြင်း၊ စာရင်းစစ်ဆေးခြင်း ခံယူရန် အမိန့်ပေးဆောင်ရွက်စေခြင်း မလိုအပ်ကြောင်း၊ နှစ်စဉ်အထူးရန်ပုံငွေ အသုံးစရိတ်များကို နှစ်စဉ်ဘဏ္ဍာရေးနှစ် ကုန်ဆုံးသည့်အခါ နိုင်ငံတော်သမ္မတထံသို့ ရှင်းလင်းတင်ပြဆောင်ရွက်ခြင်း ပြုရမည် ဖြစ်ကြောင်း သိရသည်။
               
             
 
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ


"လွှတ်တော် အစည်းအဝေးတွေ မရှိချိန်မှာလည်း ဒီကော်မတီတွေဟာ လွှတ်တော်ကြီးရဲ့ လုပ်ငန်းဆောင်တာတွေကို ဆက်ပြီး အကောင်အထည်ဖော်နေမယ်။ ဒါကြောင့် ဥပဒေပြုရေးအပိုင်းဟာ တစ်ချိန်လုံး အသက်ဝင်နေမယ်။ အုပ်ချုပ်ရေးအပိုင်းဟာ သမ္မတတွေ၊ ဝန်ကြီးတွေနဲ့ တစ်ချိန်လုံးအ သက်ဝင်နေတယ်"

မတ် ၁၁ထုတ် မြန်မာတိုင်းမ် အတွဲ(၂၆) အမှတ် (၅၀၉) မှာပါသည့် “အမြဲတမ်းကော်မတီဝင်များ ထိရောက်စွာ လုပ်ဆောင်နိုင်ရန် မျှော်မှန်း” သတင်းဆောင်းပါးမှ အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် တစ်ဦးဖြစ်သူ ဒေါက်တာ မြတ်ဉာဏစိုး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

"ပြည်ပကို ဆန်တင်ပို့ခွင့်ပိတ်လိုက်တယ်လို့ ကောလဟာလတွေ ထွက်နေပါတယ်။ ဒါက မဟုတ်ပါဘူး။ လက်ရှိမှာ ဆန် ကုန်သည်တွေက ပြည်ပကို တင်ပို့တဲ့ ဆန်အိတ်စ်ပို့တွေကိ မလုပ်သေးတာ လောလောဆယ်မှာ ပြည်ပကို ဆန်တင်ပို့ဖို့ အစီအစဉ်တွေမရှိသေးတာပါ"

မတ် ၁၁ ထုတ် The Hot News အတွဲ(၁) အမှတ်(၃၂) မှာပါသည့် “ပြည်ပဆန်တင်ပို့မှုပိတ်လိုက်ပြီဟု ကောလာဟာလ ဖြစ်ပေါ်”သတင်းမှ မြန်မာနိုင်ငံ ဆန်စပါး စိုက်ပျိုး ထုတ်လုပ်သူများ အသင်းမှ ဦးကျော်ကျော်ဝင်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

"အရေးယူမှုတွေတော့ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နေတာ တွေ့ရပါတယ်။ ဒါပေမယ့် အဓိက ရည်ရွယ်ချက်က ယာဉ် အန္တရာယ် ကင်းရှင်းရေး ဖြစ်တဲ့အတွက် အဲဒီအပိုင်းကို ဦးစားပေးပြီး အားလုံးပူးပေါင်း ဆောင်ရွက်ဖို့လိုလာပါပြီ။ နေ့စဉ်နဲ့ အမျှ ဖြစ်ပေါ်နေလို့ အရေးမကြီးဘူး၊ ဖြစ်ရိုးဖြစ်စဉ်တို့ ပြောလို့ မရပါဘူး။ ဒါတွေဟာ အဓိက ခြိမ်းခြောက်လာတဲ့ လူ့ အသက်တွေ ဆုံးရှုံးနေရတဲ့ အနေအထားတွေပါ။ အဓိက ဦးစားပေး ဆောင်ရွက်သင့်တဲ့ ကိစ္စရပ်တွေကို ဦးစားပြီး ကျန်တာ တွေကိုလည်း တွဲပြီးဆောင်ရွက် သွားရမှာပါ။ အရေးယူမှုအပိုင်းက အရေးယူနေသလို၊ တစ်ဖက်က ဖြည့်စွက် ဆောင်ရွက် ပေးဖို့ လိုအပ်ပါတယ်"

မတ် ၁၁ ထုတ် BiWeeklyEleven အတွဲ(၃) အမှတ်(၅၀) မှာပါသည့် "ရန်ကုန်မြို့တော်အတွင်း ယာဉ်တိုက်မှုအန္တရာယ်လျော့ ကျရေးနှင့် ယာဉ်စည်းကမ်းထိန်းသိမ်းမှုအတွက် စတေကာယာဉ်များအား စီမံချက်များဖြင့် ထိရောက်စွာအရေးယူနေ" သတင်းဆောင်းပါးမှ မြို့ပြရေးရာလေ့လာသုံးသပ်သူတစ်ဦး ၏ ပြောကြားချက်အပေါ်ကောက်နှုတ်ချက်


×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းဆောင်းပါး

ရွှေ၊ ဒေါ်လာနှင့် စက်သုံးဆီဈေးကွက်ပူပေါင်းလေးများ

 ယခု လက်ရှိအချိန်၌ ပြည်တွင်းဈေးကွက်တွင် နိုင်ငံတော်မှ ရွှေများ ထုတ်ရောင်းခြင်း၊ နိုင်ငံပိုင် အဆောက်အအုံများကို လေလံတင်နေခြင်း စသည့်တို့မှရရှိသော ငွေများကို ဒေါ်လာငွေအသွင်ဖြင့် သိမ်းဆည်း၍ ဒေါ်လာဈေး အနည်းငယ် ပြန်လည် မြင့်တက်လာခြင်း ဖြစ်နိုင်ကြောင်း ငွေကြေးပညာရှင် တစ်ဦး၏ ပြောကြားချက်အရ သိရသည်။ သို့သော် ပြည်တွင်းဈေးကွက်တွင် ဒေါ်လာဈေးများ အနည်းငယ် ပြန်လည် မြင့်တက်လာခြင်းကို ငွေကြေးဈေးကွက် ပြန်လည် ကောင်းမွန်လာပြီဟု မယူဆနိုင်ကြောင်း ကုန်သည်များနှင့် ဈေးကွက်ကျွမ်းကျင်သူများက ပြောကြားသည်။

 ၂၀၁၀ ခုနှစ် ဇန်နဝါရီလတွင် အမေရိကန် ဒေါ်လာဈေး ကျပ် ၈၃၀ အထိကျဆင်းခဲ့သော အနိမ့်ဆုံး အနေအထားမှ တဖြည်းဖြည်း ပြန်လည် မြင့်တက်လာကာ ဖေဖော်ဝါရီလဆန်းတွင် တစ်ဒေါ်လာလျှင် ကျပ် ၈၆၀ ဝန်းကျင် နှင့် ပြည်ပပို့ကုန်မှ ရငွေဈေးမှာ ကျပ် ၈၉၀ ဝန်းကျင်အထိ ကျဆင်း သွားခဲ့ရာမှ ဖေဖော်ဝါရီ လဆန်းတွင် ကျပ် ၉၀၀ကျော် ပြန်ဖြစ်လာခဲ့သည်။ ယင်း ဖေဖော်ဝါရီလ ဒုတိယပတ်တွင်ပင် အမေရိကန်ဒေါ်လာဈေးကျပ် ၉၅၀ ဝန်းကျင်အထိ ရောက်ရှိခဲ့ ပြီးနောက် လကုန်ပိုင်းတွင် ကျပ် ၉၀၀ အောက်သို့ ပြန်လည် ကျဆင်းခဲ့ပြန်သည်။ ယင်းနောက် အတက်အကျ အနိမ့်အမြင့် အနည်းငယ် စီရှိနေပြီး မတ်လ ၆ ရက်နေ့တွင်မူ အမေရိကန် တစ်ဒေါ်လာလျှင် ၈၈၅-၈၈၈ကျပ်၊ ပြည်ပပို့ကုန်မှ ရငွေမှာ ၉၀၂ကျပ်နှင့် အက်ဖ်အီးစီ ၈၇၃-၈၇၈ ကျပ်ဝန်းကျင် ရှိနေကြောင်း သိရှိရသည်။ "ရွှေဈေးတက်တဲ့ အထဲမှာတော့ အပြည်ပြည်ဆိုင်ရာ ပေါက်ဈေးတက်လို့ လိုက်တက်တာလည်းပါးတယ်။ ပြီးတော့ ဒီဇယ်၊ ဓာတ်ဆီဈေးတွေက အရှေ့ အလယ်ပိုင်းဒေသ မငြိမ်မသက်မှုတွေကြောင့် အခုတလောတော်တော်လေး တက်လာတယ်။ ပြည်တွင်းဈေးကွက်မှာ ဒေါ်လာဈေးကနေတာ အချိန် တော်တော်လေး ကြာနေပါပြီ။ အမေရိကန်မှာ သူ့ငွေတန်ဖိုးချတာရော၊ အာရှဈေးကွက်ကို ရင်းနှီးမြုပ်နှံမှု ကဏ္ဍတွေမှာ hot money တွေအနေနဲ့ လိမ့်ဝင်တာတွေကို ခံနိုင်ရည်ရှိတဲ့ နိုင်ငံတွေရှိပေမယ့် သိပ်မခံနိုင်တဲ့ အနေအထားရှိတဲ့ နိုင်ငံမှာတော့ ဒေါ်လာဈေးတွေ အတက်အကျဖြစ်နေတာလို့ သုံးသပ်ကြပါတယ်" ဟု စီးပွားရေး လုပ်ငန်း ရှင် တစ်ဦးကသုံးသပ် ပြောကြားခဲ့သည်။

 လက်ရှိ စက်သုံးဆီ ဈေးကွက်တွင် ပုဂ္ဂလိက အရောင်းဆိုင်များတွင် ဓာတ်ဆီဈေးနှုန်း တည်ငြိမ်နေသော်လည်း ပြင်ပစက်သုံးဆီ အရောင်းဆိုင်များတွင်မူ စက်သုံးဆီ အမျိုးအစားအားလုံး အတက်ကြမ်းနေကြောင်း သိရသည်။ မတ်လ ၁ရက်တွင် ပြင်ပစက်သုံးဆီ အရောင်းဆိုင်တချို့၌ ဓာတ်ဆီ၊ ဒီဇယ်နှင့် အော့တိန်းဆီ ဈေးနှုန်းများသည် တစ်ဂါလန်လျှင် ကျပ် ၄၀၀၀ နှုန်းဖြင့် တစ်ညီတစ်ညာတည်း မြင့်တက်နေကြောင်း သိရသည်။ ယင်းကဲ့သို့ မြင့်တက်လာခြင်းကြောင့် သယ်ယူပို့ဆောင် စရိတ်များလည်း မြင့်တက်ကာ စားသောက်ကုန် ပစ္စည်းများလည်း မြင့်တက်နေကြောင်း သိရသည်။ "စားသောက်ကုန် ပစ္စည်းမှာ အဓိက ဆန်တို့၊ ဆီတို့တက်တာပါ။ ဆန်ဈေးက ဒီတစ်ပတ်ထဲမှာ တစ်အိတ်ကို ကျပ် ၃၀၀၀ လောက်တက်တယ်။ ပဲဆီကတော့ တစ်ပိဿာ ကျပ် ၄၀၀၀ဝန်းကျင်နဲ့ စားအုန်းဆီက ကျပ် ၃၀၀၀လောက်ရှိတယ်။ တခြား စားသောက်ကုန်တွေလည်း လိုက်တက်တယ်" ဟု ရန်ကုန်မြို့ လှည်းတန်းဈေးမှ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြောပြခဲ့သည်။

            "အရင်တစ်ပတ်က ဒေါ်လာဈေးတွေ တော်တော် တက်သွားတယ်။ လန့်သွားတဲ့ သဘောလည်း ပါတယ်။ ဘဏ်တွေနဲ့ ပတ်သက်တဲ့ သဘောလည်းပါတယ်။ ဘဏ်တွေနဲ့ ပတ်သက်တဲ့ သတင်းတွေကြောင့်လည်း ဖြစ်နိုင်တယ်။ အခုတော့ ပြန်ငြိမ်သွားပါတယ်။ အခုတော့ Supply and Demand က သူ့အတိုင်းပဲသွားမှာပါ။ ကမ္ဘာ့ဈေးကွက်မှာ Currency တစ်ခု ဘယ်လောက် ခိုင်မာ လဲဆိုတဲ့ အပေါ်မှာ လိုက်ပြီး အပြောင်းအလဲဖြစ်နိုင်သလို အာရှ ဈေးကွက်ကို ရောက်လာတဲ့ hot money တွေကြောင့်လည်း ရိုက်ခတ်မှုရှိနိုင်ပါတယ်" ဟု ဒေါက်တာ နေဇင်လတ်ကလည်း သုံးသပ် ပြောကြား ခဲ့သည်။

Ref: Biweekly Eleven အတွဲ(၃)၊ အမှတ် (၅၀)

       The Voice weekly အတွဲ(၇)၊ အမှတ်(၁၃)   
      
       Yangon Time အတွဲ(၇)၊ အမှတ် (၁၀)
 
 
Sent to transparency.myanmar@gmail.com: unsubscribe | update profile | forward to a friend
Email Marketing Powered by MailChimp
 

၁၀.၃.၂၀၁
 
ပြည်တွင်းသတင်းများ

စာပေစိစစ်ရေးနေရာယူမှု အားနည်းတော့မည်ဟုဆို
ရန်ကုန်၊ မတ် ၉။


၂၀၁၀ ရွေးကောက်ပွဲ ကာလတွင် နိုင်ငံရေး ပါတီများအား ပါတီအာဘော်၊ လက်ကမ်းကြော်ငြာများ ထုတ်ဝေရာတွင် စာပေစိစစ်ရေး၏ ပုံမှန်အတိုင်း သတင်းဂျာနယ်များတွင် ကျင့်သုံးနေသည့် စိစစ်ရေးစနစ်မှ ခွဲထွက်ကာ ကြိုတင်ငွေတင်၍ စည်းကမ်းချက်အချို့သာ သတ်မှတ်ပြီး၊ ထိုစည်းကမ်းချက်ကို ဖောက်ဖျက်ပါက ကြိုတင်ငွေထဲမှ ထုတ်ယူ ဒဏ်ခတ်သော စနစ်အား ပြည်တွင်း သတင်းဂျာနယ်များကို ကျင့်သုံးစေတော့မည် ဖြစ်ကြောင်း စာပေစိစစ်ရေး အသိုင်းအဝိုင်းမှ သိရှိရသည်။

အထက်ပါ သတင်းနှင့် ပတ်သက်၍ ပြန်ကြားရေး ဝန်ကြီးဌာနမှ အကြီးတန်း ဝန်ထမ်းတစ်ဦးအား ဆက်သွယ်မေးမြန်းရာ ထိုစနစ်အား မည်သည့်အချိန်တွင် စတင်ကျင့်သုံးမည်ကို သက်ဆိုင်ရာအာဏာပိုင်များမှ ထုတ်ပြန်ရန် ဆိုင်းငံ့ ထားကြောင်း ဖြေကြားသည်။

ပြည်တွင်း သတင်းဂျာနယ်မှ “သတင်းအယ်ဒီတာတစ်ဦးက အစိုးရသစ် ပေါ်လာချိန်မှာ ဒီလို စတုတ္ထမဏ္ဍိုင်အတွက် လမ်းဖွင့်ပေးတာ ကြိုဆိုရမှာပါ။ ဒီစနစ်ကို မြန်မြန်လာပါစေလို့ မျှော်လင့်ပါတယ်။ ဒီစနစ် ပေါ်လာတဲ့အခါမှာလည်း ဈေကွက် စီးပွားရေးမူအတိုင်း ပြိုင်ဆိုင်မှုတွေ ပြင်းလာနိုင်လို့ ဒီလိုပြိုင်ဆိုင်မှုတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ ဘယ်လို ပြန်ထိန်းချုပ်မယ်ဆိုတာကို ဥပဒေတွေနဲ့ ထုတ်ပြန်မှာလား၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတွေမှာလို ကိုယ့်စာစောင်မှာ ဖော်ပြတဲ့သတင်းရဲ့ ကောင်းမွေ၊ ဆိုးမွေကို ကိုယ်တိုင်လက်ခံ ရမှာလား ဆိုတာကိုတော့ စောင့်ကြည့်ဖို့ လိုပါတယ်” ဟုဆိုသည်။

“ဒီလို စိစစ်ရေးကို ကြိုတင်ငွေတင်ပြီး၊ ကိုယ်ရေးချင်တဲ့ သတင်းကို ရေးပြီးရင် ကိုယ်တင်ထားတဲ့ ပိုက်ဆံထဲက ဖြတ်တယ်  ဆိုတာက မီဒီယာသမား မပီသတဲ့သူတွေအတွက်တော့ အခွင့်ကောင်းဖြစ်နိုင်ပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆို သည်။ စာပေစိစစ်ရေးမှ ဝန်ထမ်းတစ်ဦးကလည်း “ဒီလိုစနစ်ကို ပြဌာန်းတာ သေချာရင်တော့ ကျွန်တော်တို့အတွက်တော့ တော်တော် ဝန်ပေါ့သွားမယ်’ ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် ၄လအလိုတွင် နိုင်ငံရေးပါတီများအား နိုင်ငံရေးစာပေ ထုတ်ဝေခွင့် န/သ အား စည်းကမ်းချက်များ သတ်မှတ်ကာ ကြိုတင်ငွေတင်၍ ထုတ်ဝေခွင့်ပြုခဲ့ပြီး၊ ထိုကြိုတင်ငွေ ဖြတ်တောက် ခံခဲ့ရသော နိုင်ငံရေးပါတီ မရှိခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲပြီး ကာလတွင်လည်း ၈၈ မျိုးဆက် ကျောင်းသားများ ပါတီက နိုင်ငံရေးစာပေ ထုတ်ဝေခွင့်ဖြင့် ပါတီအာဘော် ဂျာနယ်များ ထုတ်ဝေကာ ပါတီရန်ပုံငွေ ရှာဖွေလျှက်ရှိကြောင်း သိရသည်။

-------------------------------------------------------------------------------------------------------------

နိုင်ငံပိုင် ဂြိုလ်တု လွှတ်တင်ရန် ကော်မတီဖွဲ့စည်း
ရန်ကုန်၊ မတ် ၉။


နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီမှ အမိန့်ကြေငြာစာအမှတ် ၁၁/၂၀၁၁ ၌ ဖော်ပြထားရှိ ခဲ့သည့် နိုင်ငံအတွက် အရေးပါသည့် ဆက်သွယ်ရေးနှင့် ပြန်ကြားရေး စွမ်းဆောင်ရည် မြင့်မားနိုင်စေရန် နိုင်ငံတော်ပိုင် ဂြိုလ်တု လွှတ်တင်ရေး ဗပိာုကော်မတီနှင့် လုပ်ငန်းကော်မတီအား ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ၂၀၁၁ ဇန်နဝါရီ ၂၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာ လိုက်ကြောင်းသိရသည်။

၎င်း ဗပိာုကော်မတီမှ လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများမှာ နိုင်ငံတော်ပိုင် ဆက်သွယ်ရေးဂြိုလ်တု လွှတ်တင်ရေးဆိုင်ရာ မူဝါဒ ချမှတ်ပေးသည့် ကိစ္စရပ်များ၊ စာချုပ်စာတန်းများ အတည်ပြုနိုင်ရေး လမ်းညွှန်ကော်မတီနှင့် အကာသ ဆိုင်ရာနည်းပညာများ ပြန့်ပွားနိုင်ရေး လုပ်ငန်းစဉ်များကို ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း သိရသည်။

ယင်းလုပ်ငန်း ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် ကော်မတီအဖွဲ့ဝင် (၇) ဦးထားရှိပြီး ဥက္ကဋ္ဌအဖြစ် ဆက်သွယ်ရေး ညွှန်ကြားရေးမှူး၊ ဆက်သွယ်ရေး ညွှန်ကြားရေးမှူးရုံး၊ ကာကွယ်ရေး ဝန်ကြီးဌာန အတွင်းရေးမှူးအဖြစ် ဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာနတို့မှ တာဝန်ယူပြီး သိပ္ပံနှင့် နည်းပညာဝန်ကြီးဋ္ဌာန၊ အမှတ်(၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန နှင့် ကာကွယ်ရေး ဝန်ကြီးဌာန များမှ တာဝန်ရှိသူများပါဝင်ကြောင်းသိရသည်။

အဆိုပါ ပုဂ္ဂိုလ်များသည် နိုင်ငံတော်ပိုင် ဆက်သွယ်ရေးဂြိုလ်တု လွှတ်တင်ရေး လုပ်ငန်းစဉ်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး၊ ပြည်တွင်းပြည်ပ ပညာရှင်များ ပေါင်းစည်း၍ နည်းပညာဆိုင်ရာ ကိစ္စရပ်များ တိုးတတ်အောင် ဆောင်ရွက်ရေး၊ ဂြိုလ်တု လွှတ်တင်ခြင်း၊ ထိန်းချုပ်ခြင်း၊ သုံးစွဲခြင်းနှင့် အခြားလိုအပ်သည့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ စီမံဆောင်ရွက်နိုင်ရေး၊ International Telecon munication Union (ITU) အပါအဝင် ပြည်ပအဖွဲ့အစည်းများနှင့် ဆက်သွယ်ရေးနှင့် အကာသဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ခြင်း၊ သဘောတူညီမှု ကိစ္စရပ်များ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း နှင့် အကာသဆိုင်ရာ နည်းပညာများ ရရှိပြန့်ပွားနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရေး စသည့် လုပ်ငန်းကိစ္စရပ်များကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။

-------------------------------------------------------------------------------------------------------------

သီရိမင်္ဂလာဈေးသစ် အနီးတ၀ိုက်တွင် ပစ္စည်းအခိုးခံရမှုများ ယခင်ထက် ပိုမိုများပြားလာ
ရန်ကုန်၊ မတ် ၈။


ယခုနှစ်ဆန်းပိုင်းက ပိတောက်ချောင်းသို့ အသစ်ပြောင်းရွှေ့ ဖွင့်လှစ်လိုက်သော သီရိမင်္ဂလာဈေးသစ်ကြီး၏ အနီးအနား ရပ်ကွက်များတွင် စက်ဘီး၊ အဝတ်အထည်၊ အိုးခွက် အသုံးအဆောင်များ မကြာခဏ ပျောက်ဆုံးလျှက် ရှိကြောင်း ယင်းဈေး အနီးတွင်နေထိုင်သူများ၏ ပြောဆိုချက်များအရ သတင်းရရှိသည်။

ဈေးသစ်ကြီးနှင့်အတူ ပျံကျဈေးသည်များနှင့် ပျံကျလုပ်သားများပါ လိုက်လံပြောင်းရွှေ့လာပြီး ယင်းတို့ထဲတွင် ခိုး၊ ဆိုး၊ နှိုက်များလည်း ပုံသဏ္ဍာန် အမျိုးမျိုးဖြင့် ပါလာကြောင်း၊ အနီးအနား ရပ်ကွက်များရှိ အိမ်ရှင်များ၏ ပေါ့လျော့မှုကို အခွင့်ကောင်းယူ၍ အလစ်သုတ်မှုများ မကြာခနဖြစ်လေ့ရှိကြောင်း၊ တရားခံအများစုမှာ ဈေးသစ်ကြီးရှိ အောက်ခြေ လူ တန်းစားများနှင့် ဆက်စပ်နေကြောင်း ယင်းဈေးသစ်ကြီးအနီး လုံခြုံရေး တာဝန်ကျ အသက်၄၀အရွယ် ရဲတပ်ကြပ်ကြီး တစ်ဦးကဆိုသည်။

“ အိမ်ပေါ်မှာ ပစ္စည်းတစ်ခုသွားယူတုန်း စက်ဘီးကို ဒေါက်ထောက်ထားခဲ့တာ ပြန်ဆင်းလာတော့ မရှိတော့ဘူး။ ဟိုတစ်နေ့ကလဲ ကျွန်တော့်သူငယ်ချင်း စက်ဘီး ပါသွားသေးတယ်။ ရဲစခန်းလဲ သွားမတိုင်တော့ပါဘူးဗျာ။ နောက်တစ်ခါ ကိုယ့်ဟာကိုယ် သတိလေးနဲ့ ထိန်းသိမ်းရမှာပေါ့။” ဟု စက်ဘီးအခိုးခံခဲ့ရသူ အသက် ၃၀၀န်းကျင်ရှိ ဗီဒီယိုအခွေဌား ဆိုင်ရှင်တစ်ဦးက ပြောကြားခဲ့သည်။

ယခင် သီရိမင်္ဂလာ ဈေးဟောင်းနေရာသည် ပြည့်တန်ဆာများ၊ လူဆိုး၊ လူမိုက်များ ကျက်စားရာနေရာ ဖြစ်ခဲ့သောကြောင့် ယခု သီရိမင်္ဂလာ ဈေးသစ်နေရာတွင် ယင်းကဲ့သို့ ဒုစရိုက်လုပ်ငန်းများ ကူးစက် ပြန့်ပွားလာမည်ကို ဒေသခံ ပြည်သူများက စိုးရိမ်လျှက်ရှိသည်။

The CJs

-------------------------------------------------------------------------------------------------------------

ညအိပ်ဆီတန်းစီသည့်ကားများ ပစ္စည်းအခိုးခံရ
ရန်ကုန်၊ မတ် ၈။


ရန်ကုန်မြို့ ကားလမ်းမများတွင် အချိန်ပြည့် နေရာယူလျှက်ရှိသော ဓါတ်ဆီတန်းစီသည့် ကားတန်းများသည် ညဘက် ဆိုင်ပိတ်ချိန်တွင် ဆိုင်ရှေ့၌ ညအိပ်တန်းစီလေ့ရှိရာ အချို့သော ဖြုတ်ရလွယ်သည့် ကားများ၏ နောက်မီးလုံးများ၊ ကားတံဆိပ်များ ခိုးယူခြင်းခံနေရကြောင်း ဓါတ်ဆီဆိုင် အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

ပါပလေကာ၊ ဆန်နီ စသည့် ကားများ၏ နောက်မီးလုံးများမှာ ဖြုတ်ရလွယ်ကူသောကြောင့် မကြာခဏ ခိုးယူခြင်း ခံနေရပြီး ဆူပါဆလွန်း၊ ကိုရိုနာ စသည့် ဆလွန်းကားများ၏ ကားတံဆိပ်များလည်း ဖြုတ်ယူခံနေရကြောင်း ညအိပ် ဆီတန်းစီသည့် ကားပိုင်ရှင်အချို့က ပြောကြားခဲ့သည်။

အချို့သော ဓါတ်ဆီဆိုင်များ၌ ဆိုင်ပိုင်လုံခြုံရေး ဝန်ထမ်းများ ထားရှိပြီး ညအိပ်တန်းစီသည့် ယာဉ်များအား လိုက်လံ စစ်ဆေးမှုများ ရှိသော်လည်း တန်းစီသည့် ကားတန်းမှာ အစီး ၃၀မှ ၅၀ခန့်အထိ ရှည်လျားသောကြောင့် ထိရောက်သော လုံခြုံရေးဝန်ဆောင်မှုများ မပေးနိုင်ကြောင်း၊ အချို့သော ဆီဆိုင်များတွင်မူ လုံခြုံရေး ဝန်ထမ်းများပင် မထားရှိကြောင်း ဗဟန်းမြို့နယ်ရှိ ဓါတ်ဆီဆိုင် တစ်ခုမှ ဝန်ထမ်းတစ်ဦးကဆိုသည်။

ပါပလေကာ၊ ဆန်နီ စသည့်ကားများ၏ နောက်မီးခွက်များမှာ ဈေးကွက်တွင်း ဘားမားမိတ် အသစ်တစ်စုံလျှင် ကျပ်ငွေ ထောင်ဂဏန်းသာ ရှိကြောင်း၊ ဆလွန်းကား တံဆိပ်များမှာမူ ကား၏ အနေအထားပေါ်လိုက်၍ ကျပ်သောင်း ဂဏန်းထိ ရှိကြောင်း၊ ယင်းကဲ့သို့ ကားတံဆိပ်များအား ကားပစ္စည်းဆိုင်များမှ ဝယ်ယူလေ့ရှိကြောင်း၊ တခါတရံတွင် ယာဉ်ပိုင်ရှင်က မှာထားသဖြင့် ကားပစ္စည်း အရောင်းဆိုင်များကလည်း လိုက်လံရှာဖွေခိုင်းလေ့ရှိကြောင်း တာမွေ အခွန်လွတ်ဈေးအနီး ကားပစ္စည်း အရောင်းဆိုင်များတွင် ပွဲကြိုလုပ်နေသော အသက် ၂၀အရွယ် လူငယ်တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံ၏ စက်သုံးဆီ ဈေးနှုန်းများသည် သမိုင်းတစ်လျှောက် အမြင့်ဆုံးဈေးနှုန်းသို့ ရောက်ရှိနေပြီး မှောင်ခိုဈေးသည် ဆိုင်ထုတ်ဈေးထက် ကျပ်၁၀၀၀ ခန့် အမြတ်အစွန်း ရနေသဖြင့် ပင်စင်စားများ၊ အိမ်ရှင်မများနှင့် မော်ဒယ်၊ အက္ခရာနိမ့် ကားပိုင်ရှင်များသည် ဆီဆိုင်များ၌ ဆီတန်းစီ၍ မှောင်ခိုပြန်လည် ရောင်းချနေကြပြီး တစ်လလျှင် ၃သိန်းခန့် အသားတင် အမြတ်ငွေ ကျန်သော ကြောင့် စီးပွားရေးတစ်ခုအနေဖြင့် လုပ်ကိုင်လာကြကြောင်း ကားပိုင်ရှင်များ အသိုင်း အဝိုင်းက ဆိုသည်။

The CJs
 
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ 

ရွေးကောက်ပွဲရှုံးနိမ့် တစ်သီးပုဂ္ဂလအမတ်နှစ်ဦး စာအုပ်ထုတ်မည်
ရန်ကုန်၊ မတ် ၉။


၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ပြီး ရှုံးနိမ့်ခဲ့သော တစ်သီးပုဂ္ဂလ အမတ်နှစ်ဦး ဖြစ်သည့် မြောက်ဥက္ကလာပ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော ဦးဘတင့်ဆွေနှင့် ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော ဦးရန်ကျော်တို့က ရွေးကောက်ပွဲကာလ တစ်လျှောက်လုံး ပြည်တွင်း သတင်းဂျာနယ်များတွင် ၎င်းတို့အကြောင်း ဖော်ပြခဲ့သော သတင်းနှင့် သတင်း ဆောင်းပါးများကို “ပြည်သူတို့ထံ ပေးထားခဲ့သောကျွန်တော်တို့၏ ဂတိများ” အမည်ဖြင့် မကြာမီ စာအုပ် ထုတ်ဝေတော့မည် ဖြစ်ကြောင်း သိရှိရသည်။

မကြာမှီ ထုတ်ဝေမည်ဖြစ်သော ယင်းစာအုပ်တွင် ဂျာနယ်၁၁စောင်မှ ဆောင်းပါးပေါင်း၂၉ စောင် ပါဝင်မည် ဖြစ်ကြောင်း သိရှိရသည်။ ယခုအခါ စိစစ်ရေးတွင် စာအုပ်ထုတ်ဝေရန်နှင့် စာအုပ်အတွင်း ထည့်သွင်းဖော်ပြမည့် ဆောင်းပါးများကို စီစစ်ရန် တင်ပြထားပြီး ဖြစ်ကြောင်း၊ သို့သော် စာအုပ်တွင် ရွေးကောက်ပွဲကာလ တစ်ဦးချင်း မဲဆွယ်စည်းရုံးမှုနှင့် တစ်သီးပုဂ္ဂလအမတ်တို့ စုပေါင်းပြု လုပ်ခဲ့သော အစည်းအဝေးများ၊ မဲဆွယ် စည်းရုံးမှုမှတ်တမ်း ဓာတ်ပုံများကို ထည့်သွင်း ဖော်ပြရန် ကြံရွယ်ထားသော်လည်း ဓာတ်ပုံအချို့မှာ ပျောက်ဆုံးနေသဖြင့် ဓာတ်ပုံများ စိစစ်ရေးတင်ရန အခက်အခဲ တွေ့နေရကြောင်း သိရသည်။

ယင်း စာအုပ်ထုတ်ဝေရာတွင် ပါဝင်သည့် စီစဉ်သူတစ်ဦးက “ကျွန်တော်တို့ စာအုပ်မှာဖော်ပြမယ့် ဆောင်းပါးတွေ၊ ဓာတ်ပုံတွေက စိစစ်ရေးက ခွင့်ပြုပြီးသားတွေ ဖြစ်တဲ့အတွက် စာအုပ်ထုတ်ဝေခွင့်ပြုဖို့က သူတို့မှာ အခက်အခဲမရှိပါဘူးလို့ ထင်ပါတယ်” ဟု ဆိုသည်။ ထုတ်ဝေမည့် စာအုပ်တွင် ဖော်ပြမည့် သတင်း ဆောင်းပါးများကို ရေးသားခဲ့သူနှင့် ဖော်ပြခဲ့သည့် ဂျာနယ်များကို ဥာဏ်ပူ ဇော်ခ မည်ရွေ့မည်မျှပေးမည်ကို တိုင်ပင်နေဆဲဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ်မှ ဆက်လက် ပြောကြားသည်။

“ကျွန်တော်က ဂျာနယ်မှာဦးရန်ကျော်နဲ့ ဦးဘတင့်ဆွေတို့ မဲဆွယ်စည်းရုံးပုံကိုသတင်းဆောင်းပါး ရေးထားတာရှိတော့ သူတို့လွှတ်လိုက်တဲ့ တစ်ယောက်က ကျွန်တော့်ရုံးကိုလာပြီး၊ ကျွန်တော်ရေးတဲ့ စာမူကို စာအုပ်မှာ ထည့်သွင်းဖော် ပြဖို့ ခွင့်လာတောင်းတယ်။ ကျွန်တော်လည်း အယ်ဒီတာကို ခွင့်တောင်းပြီး ပေးလိုက်ပါတယ်။ ဒီစာမူကို ယူတဲ့အတွက် ဘယ်ရွေ့ဘယ်မျှ ပေးမယ်ဆိုတာ ကတော့ သူတို့ဘက်က စကားမစလို့ ဘာမှမပြောလိုက်ရပါဘူး”ဟု ပြည်တွင်းသတင်း ဂျာနယ်တစ်ခုတွင် နိုင်ငံရေးသတင်း အစဉ်အမြဲရေးသားသူ သတင်းထောက်တစ်ဦးမှဆိုသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

 
"နိုင်ငံတစ်နိုင်ငံကို အကူအညီပေးတဲ့အခါ အီးယူရဲ့ တင်းကြပ်တဲ့ စည်းမျဉ်းတွေကို လိုက်နာရတယ်။ ဗြိ တိန်က ဒီစည်းမျဉ်းတွေနဲ့ အညီအကူအညီပေးတယ်။ ဒီအကူအညီတွေကို ဘယ်လိုသုံးစွဲရမယ် ဆိုတာကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်း တိုင်ပင်ဖို့လိုတယ်"

မတ် ၁၀ ထုတ် Popular News အတွဲ(၃) ၊ အမှတ် (၁၀) မှာပါသည့် ဗြိတိန်အစိုးရ မြန်မာအပေါ် ကူညီမှုအများဆုံး သတင်းမှ မြန်မာနိုင်ငံအခြေစိုက် ဗြိတိန်နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာန ပေါလ်ဝှစ်တင်ဂမ် ၏ ပြောကြားချက်အပေါ်ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

လွတ်လပ်ဈေးကွက်နှင့် ဒီမိုကရေစီသည် ဒဂါင်္းတစ်ခု၏ ခေါင်းနှင့်ပန်း ဖြစ်သည်။ အတွဲအစပ်အမှန်လည်း ဖြစ်သည်။ ဒီမိုကရေစီတွင် လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိသည်။ လွပ်လပ် ဈေးကွက်တွင်လည်း စားသုံးသူတို့အနေဖြင့် လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိသည်။  ဈေးကွက်တွင် လွတ်လပ်စွာ ငြင်းပယ်ပိုင်ခွင့်ရှိသည်။ ဒီမိုကရေစီတွင်လည်း ထိုနည်းတူ ပင်ဖြစ် သည်။ နိုင်ငံရေးစနစ်၏ ဒီမိုကရေစီမှာပင် ရွေးချယ်ခံတို့သည် သက်တမ်းတစ်ခုမျှ အာမခံချက် ရှိနေသော်လည်း ဈေးကွက်တွင်  အာမခံချက်  သက်တမ်းတစ်ခုမျှ အာမခံချက် ရှိနေနိုင်သော်လည်း  ဈေးကွက်တွင် အာမခံချက် သက်တမ်း မရှိ။ ပို၍ သာလွန်သော ယှဉ်ပြိုင်သူ ပေါ်လာလျှင် မူလကုန်ပစ္စည်းပေါ် မှီခိုမှု သက်တမ်းသည် ချက်ချင်းချုပ်ငြိမ်း ရရှာသည်။

စားသုံးသူများက ကုန်ပစ္စည်းအပေါ် Money for Value ဟူသော ရှုထောင့် (မိမိပေးသော ငွေအပေါ် ပြန်ရသည့် တန်ဖိုး)မှ အမြဲကြည့်ရှု တတ်သည်။ အပြိုင်အဆိုင်များသော ခေတ်ဖြစ်၍ ကုန်ပစ္စည်း ထုတ်လုပ်သူတို့အပေါ် Value for money ဖြင့် (ပေးသောငွေအတွက် တန်ဖိုးမြင့်) ပြန်လည် ပေးဆက်ကြရသည်။ တစ်နည်းဆိုလျှင် ကုန်ထုပ်လုပ်သူနှင့် စားသုံးသူတို့ကြား အပြန်အလှန် လေးစားမှု ဖြစ်သည်။ ဒီမိုကရေစီတွင်လည်း အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံ လူတန်းစားတို့ကြား အပြန်အလှန် လေးစားမှု၊ တန်ဖိုးထားမှုတို့ ရှိကြရသည်။

မတ် ၉ ထုတ် The Myanmar Post အတွဲ(၃)၊ အမှတ် (၁၀) မှာပါသည့် "နေဇင်လတ်၏ ပြုပြင်ပြောင်း လဲခြင်းဖြင့် တိုးတက်မှုမှ ဖွံ့ဖြိုးရေးဆီသို့" ဆောင်းပါး ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

"တိုင်းပြည်ရဲ့ စီးပွားရေးဟာ လူဘယ်လောက်ရဲ့ လက်ထဲကို ဖြန့်ခွဲပြီး ရောက်နေသလဲ မသိဘူးဆိုတဲ့ကိစ္စ အရေးကြီးတယ်။ လူတစ်စုလက်ထဲ ရောက်နေလို့ မဖြစ်ဘူး။ ဈေးကွက်မှာ လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ရှိရင်လူတစ်စုက လက်ဝါးကြီး အုပ်ထားလို့မရဘူး။ လွတ်လပ်စွာ ယှဉ်ပြိုင်မှုအရ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းကလည်း အရည်အသွေး ပိုကောင်းအောင်၊ ဈေးနှုန်းကလည်း ချိုသာ သထက် ချိုသာအောင် ကြိုးစားကြလိမ့်မယ်။ အဲဒီလိုမဟုတ်ဘဲ လူတစ်စု သို့မဟုတ် တစ်ယောက် ထဲကနေ လက်ဝါးကြီး အုပ်ထားတာဆိုရင် သူတို့က ညှိမယ်၊ ဒီပစ္စည်းကို ဈေးဘယ်လောက်အထိ မချဘူးဆိုတာမျိုး လုပ် ကြမယ်။ monopoly ပေါ့။ အဲဒါကြောင့် လူတစ်စုလက်ထဲမှာ တိုင်းပြည်ရဲ့ သွင်းအားစုတွေ ရှိနေခဲ့ရင် အန္တရာယ် အရမ်းများတယ်"

မတ် ၁၀ ထုတ် ပြည်သူ့ခေတ် ဂျာနယ် အတွဲ ၁၊ အမှတ် ၃၅ မှာပါသည့် ပါမောက္ခ ဦးမော်သန်းနှင့် အင်တာဗျူး ကောက်နှုတ် ချက်

-------------------------------------------------------------------------------------------------------------

 "ကုမ္ပဏီတစ်ခု ပြိုလဲသွားတာက အဲဒီ့ကုမ္ပဏီရဲ့ အစုရှယ်ယာတွေကိုပဲ ထိခိုက်တယ်။ ဘဏ်တစ်ခု ပြိုလဲသွားရင်  ဘဏ်အစုရှယ်ယာရှင်တွေသာ မဟုတ်ဘူး။ ပြည်သူ တစ်ဦးချင်းစီရဲ့ စီးပွားရေးကိုလည်း ထိခိုက်နိုင်တာပေါ့။ အဲဒီတော့ ဘဏ်တွေဟာ တိုင်းပြည်စီးပွားရေးရဲ့ အဓိက သော့ချက်လိုလည်း ဖြစ်နေတာပေါ့။ ဒါကြောင့် ဘဏ်တွေဘက်ကလည်း သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း လုပ်မယ်၊ ပြည်သူတွေဘက်ကလည်း ဖြစ်ပေါ်လာတဲ့ သတင်းပေါ်မှာ အယုံအကြည်မဲ့မယ် ဆိုရင်လည်း ဝုန်းခနဲ မယုံကြည်တာမျိုး၊ ယုံကြည်တာမျိုး မဖြစ်သင့်ဘူး။ ဒါပေမဲ့ လူတွေက ဘဏ်တွေကို တစ်ချိန်လုံး လေ့လာ စောင့်ကြည့်ရမယ်။ ဘဏ်တွေဘက်ကလည်း Transparency (ပွင့်လင်းမြင်သာမှု) ရှိရမယ်။ အဲဒီလိုရှိ ရင်ပြိုလဲစရာ မရှိဘူး" ဟု ဘဏ်ပညာရှင်ဦးဝင့်ကျောက်က ၂၀၁၀ ဇွန်လ ၁၉ ရက်ပြုလုပ်ခဲ့သော 7Day News နှင့် သီးသန့် အင်တာဗျူးတွင် အထက်ပါအတိုင်းပြောကြားသွားသည်။

မတ် ၁၀ 7Day အတွဲ(၁၀)၊ အမှတ် (၁) မှာပါသည့် သင်ခန်းသားများပေးခဲ့သော ဘဏ်များလဲပြိုမှု သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းဆောင်းပါး

စိုက်ပျိုးစီးပွားကို ဒီမိုကရေစီအစိုးရသစ်မှ အဓိကတည်ဆောက်ရန်လို

 ယခုအခါ၌ ပြင်ပသို့ ဆန်တင်ပို့မှုများ ရပ်ဆိုင်းနေသည်ဖြစ်ရာ ဆန်ဈေးကွက်မှာ အတက်အကျ များမည်ဟု အကဲခတ်များက ထင်ကြေး ပေးနေကြသည်။ ထိုအခြင်းအရာနှင့်အတူ လွှတ်တော်သို့ ရောက်ရှိသွားသော နိုင်ငံရေး သမားများ၊ ပညာရှင်များသာမက စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်နေကြသော စီးပွားရေးသမားများပါ စိုက်ပျိုးတောင်သူ လယ်သမားအရေးကို ထည့်သွင်း စဉ်းစားလျက် ရှိလေသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးမှာ လယ်ယာ စိုက်ပျိုးရေး အခြေခံသည့် စီးပွားရေးလုပ်ငန်းဖြစ်သည့် အားလျှော်စွာ နိုင်ငံ GDP၏ အများဆုံး ကဏ္ဍအနေဖြင့် ရပ်တည်လျက်ရှိသည်။ လယ်ယာစိုက်ပျိုး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရုံမျှမက ကျေးလက်နေပြည်သူများ၏ လူမှုဘဝသည်လည်း ဖွံ့ဖြိုးလာစည်ပင်လာမည်။ "မြန်မာနိုင်ငံရဲ့ အဓိက အရေးကြီးဆုံး အချက် အဖြစ်ရှိနေတယ်။ ဈေးကွက် အခြေအနေတွေ အချိန်နဲ့ တစ်ပြေးညီ ချိန်ညှိလုပ်ပေးဖို့ လိုသလို လယ်ယာကဏ္ဍ သွင်းအားစုတွေရဲ့ ဈေးနှုန်းကို အတက်နိုင်ဆုံး တည်ငြိမ်မှုရှိအောင် လုပ်ဆောင်ပေးဖို့လိုတယ်။ နောက်ပြီး လယ်ယာကဏ္ဍတွေနဲ့ ကျေးလက်နေ ပြည်သူတွေရဲ့ လူမှုအဆင့်အတန်း မြင့်မားတိုးတက်စေမယ့် ပညာပေး အစီအစဉ် အမျိုးမျိုးကို အဆက်မပြတ် လေ့ကျင့်ပေးနေဖို့ လိုတယ်။ ဘဏ်စနစ်တွေနဲ့ အကျွမ်းဝင်မှုရှိအောင် ပံ့ပိုးပေးဖို့ လိုသလို လယ်ယာကဏ္ဍမှာ ပုန်းကွယ်လျှိုး ပိုလျှံလုပ်သားအင်အားများ Disguised Labours တွေကို အတက်နိုင်ဆုံး ဝင်ငွေ အခွင့်အလမ်း ဖော်ထုတ်ပေးဖို့လိုတယ်။ ကျေးလက်နေပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေး အဆင့်မြင့်တင်ပေးနိုင်မှ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး၊ ပညာရေး အဆင့်မြင့်တင်ပေးနိုင်မှ မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ ကောင်မွန်လာမယ်။ လယ်သမားများတွေ ချမ်းသာမှ တိုင်းပြည်ချမ်းသာမယ်" ဟု စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုက သုံးသပ်ပြောကြား သွားသည်။

 မတ် ၂ ထုတ် နိုင်ငံပိုင် သတင်းမီဒီယာ၏ ထုတ်ပြန်ချက်တွင် လွှတ်တော်ဥပဒေကြမ်းကော်မတီ ကော်မတီများ ဖွဲ့စည်းပြီးစီးခဲ့လေပြီ။ ထို့အပြင် ပြည်သူများနှင့် ပညာရှင်များမှ လွှတ်တော်ဥပဒေကြမ်း ကော်မတီသို့ ဥပဒေရေးရာ အကြံပြုခွင့် စတင်ရရှိဖြစ်ကြောင်းကို ကော်မတီလုပ်ပိုင်ခွင့် ၂(ခ) မှ ဖော်ပြထားသည့်အတွက် လယ်ယာစိုက်ပျိုးရေးနှင့် ပက်သတ်သည့် မူဝါဒရေးရာများကို စိုက်ပျိုးရေး ပညာရှင်များ၏ အကြံဉာဏ်ကို ရယူနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံမှာ ပို့ကုန်လုပ်ငန်းများ၏ ၆၅ ရာခိုင်နှုန်းသည် တောင်ယာလုပ်ငန်းများဖြစ်သဖြင့် လယ်ယာ အခန်းကဏ္ဍသည် များစွာ အရေးပါလျက်ရှိသည်။ သို့ဖြစ်၍ အဆိုပါ အခန်းကဏ္ဍတို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်နှင့် လိုက်လျော ညီထွေဖြစ်သည့် ဥပဒေပြုရေးအပိုင်းကိုလည်း ဥပဒေမူကြမ်း ရေးဆွဲရေးကော်မတီက ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ " လယ်သမားတွေကို လိုအပ်ချက်တွေကို မေးမယ်။ ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ရေး ကြိုးစားရမယ်။ သက်ဆိုင်ရာ လွှတ်တော်ကို တင်ပြပြီး ကြိုးစားရမယ်။ လယ်သမားတွေအတွက် အကျိုးရှိရင် တိုင်းပြည်အတွက်လဲ အကျိုးရှိရင် ဥပဒေကို အတည်ပြုရမှာဖြစ်တယ်။ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေကလဲ လိုက်နာဆောင်ရွက် သွားရမှာ ဖြစ်တယ်" ဟု အမျိုးသား လွှတ်တော် လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။

 ပေါ်ထွန်းလာမည့် ဒီမိုကရေစီ အစိုးရသစ်နေဖြင့်လည်း လယ်ယာစိုက်ပျိုးရေး ကဏ္ဍအတွက် ငွေကြေး၊ နည်းပညာ အစရှိသော မူဝါဒကောင်းများကို ချမှတ်ပေးဖို့အလွန်ပင်လိုပါသည်။ ၂၀၀၀ ပြည့်နှစ် တွင် ကုလသမဂ္ဂက ချမှတ် လိုက်သော Market Information Service စီမံကိန်းကြီးတွင် စိုက်ပျိုးရေး လုပ်ငန်းမှ ဝန်ထမ်းများက တစ်တပ်တစ်အား ပါဝင်ခဲ့ကြောင်း၊ တစ်နိုင်ငံလုံးရှိ ကုန်စည်ဒိုင်များသို့ ဝန်ထမ်းများအား စေလွှတ်ပြီး ဈေးကွက် အနေအထားများ စုံစမ်းလေ့လာမှု များပြားခဲ့ကြောင်း သိရသည်။ အဆိုပါ စီမံကိန်းအရ ယခင်က မြန်မာအသံမှနေ၍ ညနေခင်းအချိန်အခါတွင် ကုန်ဈေးနှုန်း သတင်းများ ထုတ်ပြန် ကြေညာခဲ့သည်ဟုလည်း သိရသည်။ ယခုအခါတွင် လယ်ယာစီးပွားသတင်းမှ တောင်သူကြီးတို့ လိုအပ်သည့် သတင်း အချက်အလက်များအား ဖြန့်ဝေလျက်ရှိပေသည်။

"၂၁ရာစု IT ခေတ်ဖြစ်တဲ့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အစိုးရကလဲ Informatio-n သတင်း အချက်အလက်တွေရအောင် လုပ်ရမယ်။ မီဒီယာလဲလိုတယ်။ တချို့ တောင်သူလယ်သမားတွေက အရိုးစွဲနေတယ်။ မြင်မှ လုပ်တတ်တယ်။ ဒါကြောင့် သူတို့ကို လက်တွေ့ပြဖို့လိုတယ်။ မြန်မာ့ စိုက်ပျိုးရေးဝန်ထမ်းတွေ ပုဂ္ဂလိကကုမ္ပဏီတွေက လက်တွေ့ပြဖို့လိုပါတယ်။ ပုဂ္ဂလိက ကုမ္ပဏီတွေက လက်တွေ့ပြဖို့လိုပါတယ်။ ပုဂ္ဂလိက ကုမ္ပဏီတွေက နည်းပေးလမ်းပြလုပ်ပြီး ခေါ်သွားဖို့လိုတယ်။ တောင်သူလယ်သမားတွေအနေနဲ့ ဖောက်ထွက်နိုင်တဲ့ အတွေးအခေါ်ရှိမယ်။ ဘယ်နိုင်ငံက ဘာကမ်းလှမ်းတယ်ဆိုတာသိရမယ်" ဟု ဦးမြတ်စိုး(လှိုင်) က သုံးသပ် ပြောကြားသွားခဲ့သည်။

Ref: The Flower News အတွဲ(၇)၊ အမှတ် (၁၀)

        The Voice Weekly အတွဲ(၇)၊ အမှတ်(၁၃)
 
Sent to transparency.myanmar@gmail.com: unsubscribe | update profile | forward to a friend
Email Marketing Powered by MailChimp