Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၂၄.၁၁.၂၀၁၁

ပြည်တွင်းသတင်းများ

  1. နေအိမ် မရွေ့ချင်လျှင် စည်ပင်အား တစ်နေ့ဒဏ်ကြေးတစ်သောင်း ပေးရမည်
  2. ဘဏ္ဍာရေးစနစ်သစ်အရ မြန်မာလေကြောင်း ကိုယ်ပိုင်ဘတ်ဂျက်ဖြင့် ရပ်တည်ရမည်
  3. နိုင်ငံခြားငွေလဲလှယ်နှုန်း တစ်ခုတည်းသာထားရှိမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. NLD ပါတီ ခမောက်တံဆိပ်ကိုစွန့်ပြီ
  1. ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မတီဖွဲ့စည်း

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

***********************************************

ပြည်တွင်းသတင်းများ

နေအိမ် မရွေ့ချင်လျှင် စည်ပင်အား တစ်နေ့ဒဏ်ကြေးတစ်သောင်း ပေးရမည်

မြောက်ဥက္ကလာပမြို့နယ်ရှိ နေအိမ် နှစ်ဆယ်ကျော်ကို တစ်နေ့လျှင် ဒဏ်ကြေးတစ်သောင်းပေးဆောင်မှသာ နှစ်ပေါင်းနှစ်ဆယ်နေလာသည့် ခြံပေါ်တွင် ဆက်လက်နေထိုင်ခွင့်ပြုမည် ဖြစ်ကြောင်း မြို့နယ်စည်ပင်က စာထုတ်ပြန်လိုက်သည်ဟု သိရသည်။

“ဒဏ်ကြေးတစ်သောင်းက အနည်းဆုံးကိုပြောတာ တစ်ချို့အိမ်တွေဆို လေးသောင်းလောက် တောင်းတယ်”ဟု မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်ကျော်မှစတင်ကာ သမ၀ါယမပိုင်မြေနေရာအား အခကြေးငွေဖြင့် ငှားရမ်းနေထိုင်လာသည့် နေအိမ်များအား ရှင်းလင်းစေရန် ရည်ရွယ်ပြီး မြို့နယ်စည်ပင်မှ စာထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့တွေကို ဖယ်စေချင်လို့ တစ်ရက်ကို ဒဏ်ကြေးတစ်ရာ ကောက်တာကစပြီး ကောက်လာလိုက်တာ နောက်ဆုံးကောက်တာ တစ်ရက် တစ်သောင်းပဲ” ဟု ယင်းရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

အဆိုပါ စည်ပင်မှ ဒဏ်ကြေးငွေ မတန်တဆ ကောက်ခံခြင်းကို ခံစားနေရသည့် အိမ်ထောင်စုများမှာ (ဌ)ရပ်ကွက်၊ ပုလဲလမ်းတွင် နေထိုင်သည့် အိမ်ထောင်စုများဖြစ်ပြီး ယင်းဖြစ်ရပ်အတွက် ဒေသခံအာဏာပိုင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံတော်သမ္မတထံ စာတင်ပို့ပြီး ဖြစ်ကြောင်း သိရသည်။

သမ၀ါယမပိုင် မြေနေရာအား ငှားရမ်းကာနေထိုင်သည့် မိသားစုနှစ်ဆယ်ကျော်တွင် ကျောင်းသားဦးရေ သုံးဆယ်ကျော်နှင့် မိသားစုဝင် တစ်ရာ ကျော် နေထိုင်လျက်ရှိသည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

ဘဏ္ဍာရေးစနစ်သစ်အရ မြန်မာလေကြောင်း ကိုယ်ပိုင်ဘတ်ဂျက်ဖြင့် ရပ်တည်ရမည်

မြန်မာ့လေကြောင်းအနေဖြင့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစနစ်သစ်အရ မိမိလေကြောင်းလိုင်းမှရရှိသည့် ကိုယ်ပိုင်ဘတ်ဂျက်ဖြင့် ရပ်တည်ရ တော့မည် ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လွန်ခဲ့သော နှစ်များအတွင်း မြန်မာ့လေကြောင်းလိုင်းအတွက် ပြင်ဆင်စရိတ်နှင့် အာမခံလုပ်ငန်းများကို နိုင်ငံတော်ဘတ်ဂျက်ဖြင့် စိုက်ထုတ် သုံးစွဲပေးနေရသည့်အတွက် လာမည့်နှစ်မှ စတင်၍ မြန်မာ့လေကြောင်းလိုင်းအနေဖြင့် ကိုယ်ပိုင်ဘတ်ဂျက်ငွေဖြင့်သာ ရပ်တည်ရန် ဆုံးဖြတ်လိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အမျိုးသားအလံတင် လေကြောင်းလိုင်း (National Flag Carrier) ကို နိုင်ငံပိုင်လေကြောင်းလိုင်း တစ်ခုတည်းသာ လုပ်ဆောင်ခွင့် ရရှိမည်ဆိုသည့် အချက်ပါဝင်သည့် လေကြောင်း စီးပွားဆိုင်ရာဥပဒေကို မကြာမီကာလအတွင်း အထောင်အထည်ဖော် ဆောင်ရွက်နိုင်တော့မည် ဖြစ်ကြောင်း ပြည်တွင်းလေကြောင်းလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

၎င်း ဥပဒေအရ မြန်မာ့လေကြောင်းလိုင်းသည် အမျိုးသားအလံတင် လေကြောင်းဖြစ်ခွင့်အပြင် လေယာဉ်စီးပွား ရေးလုပ်ငန်းများနှင့် ဆက်စပ် လျက်ရှိသော လေယာဉ်လက်မှတ် အရောင်းအေးဂျင့်များ လုပ်ကိုင်ခွင့်၊ လေဆိပ်အတွင်း မြေပြင်ဝန်ဆောင်မှုလုပ်ငန်းများ အပါအဝင် လေကြောင်းနှင့် ဆက်စပ်လုပ်ငန်းများအားလုံးကို လုပ်ကိုင်ခွင့် ရရှိတော့မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံတော်အလံအား လွှင့်တင်ပျံသန်းလျက်ရှိသည့် လေကြောင်းလိုင်းမှာ အစိုးရနှင့် ဖက်စပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာအဲလ်ဝေးအင်တာနေရှင်နယ်(MAI) လေကြောင်းလိုင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့လေကြောင်းလိုင်းကို ၁၉၆၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး စတင်တည်ထောင်ခဲ့စဉ်အချိန်တွင် လေကြောင်းသယ်ယူပို့ဆောင်ရေး ဥပဒေ အသက်ဝင်နေသည့်အတွက် ယခုကဲ့သို့ မြန်မာ့လေကြောင်းလိုင်းမှ ရရှိသော ကိုယ်ပိုင်ဘတ်ဂျက်ဖြင့် သုံးစွဲရေးမှာ အဆင်ပြေခဲ့သော်လည်း လက်ရှိအချိန်တွင် ပြည်တွင်းလေကြောင်းလိုင်း ပြိုင်ဆိုင်မှု များပြားနေသည့်အတွက် ကိုယ်ပိုင်ဘတ်ဂျက် ကိုယ်တိုင်သုံးစွဲရေးမှာ ခက်ခဲနိုင်မည် ဖြစ်ကြောင်း သိရသည်။

                                                                                                                                                      YC

-----------------------------------------------------------------------------------------------------------------------------------

နိုင်ငံခြားငွေလဲလှယ်နှုန်း တစ်ခုတည်းသာထားရှိမည်

မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေလဲလှယ်နှုန်းထားများ တစ်မျိုးတည်းသာ ထားရှိနိုင်စေရန် လက်ရှိနိုင်ငံခြား ငွေလဲလှယ်နှုန်း အမျိုးမျိုးထားရှိနေ မှုအား ဖယ်ရှားသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိ အခြေအနေတွင် ပြည်တွင်း တရားဝင်နိုင်ငံခြားငွေ လဲလှယ်ခွင့်ရ ကောင်တာနှင့် ပြင်ပတရားမဝင် နိုင်ငံခြားငွေ လဲလှယ်နှုန်းထားများမှာ တူညီမှုမရှိဘဲ ဈေးကွာပာမှုများ ဖြစ်ပေါ်လျက်ရှိသည့်အတွက် နိုင်ငံခြားငွေလဲလှယ်နှုန်း ပေါင်းစည်းရေးလုပ်ငန်းစဉ်များကို အဓိထား ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားငွေလဲလှယ်နှုန်း တစ်ခုတည်းထားရှိရေး ကိစ္စရပ်နှင့် ပတ်သက်၍ စီးပွားရေးလေ့လာနေသူတစ်ဦးက “မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေ လဲလှယ်နှုန်း တစ်ခုတည်း ထားလိုက်မယ်ဆိုရင်တော့ ပို့ကုန်လုပ်ငန်းရှင်တွေအတွက်တော့ ကောင်းသွားတာပေါ့။ တရားမဝင် နိုင်ငံခြားငွေလဲလှယ်နှုန်း ဈေးကွက်လည်း ပပျောက်သွားစေနိုင်တာပေါ့” ပာု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေလဲလှယ်နှုန်း ပေါင်းစည်းလုပ်ငန်းစဉ်များကို လုပ်ဆောင်နိုင်ရန် သက်ဆိုင်သည့် ကမ္ဘာ့ငွေကြေးဆိုင်ရာ အဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းမှုများကို လုပ်ဆောင်လျက်ရှိကြောင်း ဘဏ်ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

ပြည်တွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း တစ်ခုတည်းဖြစ်စေရန် လုပ်ဆောင်ရာတွင် အက်ဖ်အီးစီ အပါအဝင် ပို့ကုန်ရငွေနှင့် ပြင်ပနိုင်ငံခြားငွေ လဲလှယ်နှုန်းဈေးကွက် တစ်ခုဖြစ်သည့် ပွာန်ဒီဈေးကွက်အား ဖြုတ်ချပစ်ရန် လိုအပ်ကြောင်း စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

ပြင်ပ နိုင်ငံခြားငွေလဲလှယ်နှုန်း ဈေးကွက်တစ်ခုဖြစ်သည့် ပွာန်ဒီဈေးကွက်သာ မရှိတော့ပါက မြန်မာနိုင်ငံရှိ ပို့ကုန် စီးပွားရေးလုပ်ငန်းရှင် အချို့အကြား သဘောထားကွဲလွဲမှုများ ရှိလာစေနိုင်မည်ဖြစ်ပြီး ဘဏ္ဍာရေးမူဝါဒ၊ ငွေရေးကြေးရေး မူဝါဒများအပေါ် လိုအပ်သလို ပြုပြင်ပြောင်းလဲ ဆောင်ရွက်မှုများ ရှိလာနိုင်မည်ဖြစ်ကြောင်း ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တစ်ဦးမှ သုံးသပ်ပြောကြားခဲ့သည်။

                                                                                                    Ref: Popular News

 ***************************************************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

NLD ပါတီ ခမောက်တံဆိပ်ကို စွန့်ပြီ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီသည် နှစ်ပေါင်းနှစ်ဆယ်ကျော်ကာလအထိ အသုံးပြုခဲ့သော ခမောက်တံဆိပ်ကို ပါတီအား မှတ်ပုံ ပြန်တင်သည့်အချိန်တွင် အသုံးပြုတော့မည်မဟုတ် ကြောင်း NLDဗဟိုအလုပ်မှုဆောင် ဦးဝင်းထိန်က ပြောကြားသည်။

ခမောက်အစား ပါတီ၏အလံကို တံဆိပ်အဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ NLD ပါတီအလံ တံဆိပ်သည် အနီရောင်နောက်ခံအပေါ်တွင် ဘယ်ဘက်အပေါ်ဒေါင့်ရှိ ကြယ်ကို ခွပ်ဒေါင်းက ဦးတည်နေပုံ ဖြစ်သည်။

“တံဆိပ်ပဲ ပြောင်းတာပါ။ ပါတီယူနီဖောင်းကိုတော့ မပြောင်းပါဘူး” ဟု ဦးဝင်းထိန်က ပြောကြားသည်။ ယင်းယူနီဖောင်းကို ပါတီဝင်များသည် မဝတ်ဆင်သော်လည်း ရနိုင်ကြောင်း သိရသည်။

NLD ပါတီသည် မှတ်ပုံပြန်တင်မည်ဟု ကြေငြာလိုက်ပြီး ပါတီအတွင်း အပြောင်းအလဲအမြောက်အများကို ပြုလုပ်လျက်ရှိပြီး ယင်းသို့ ပြောင်းလဲမှုများ အပေါ်တွင်လည်း အမျိုးမျိုး ဝေဖန်ပြောဆိုလျက်ရှိကြောင်း သိရသည်။

“NDF(အမျိုးသားဒီမိုကရေစီအင်အားစု)နဲ့ ဦးသိန်းညွန့်ပါတီ တံဆိပ်တွေနဲ့ တူနေမှာစိုးလို့ ပြောင်းလိုက်တာနဲ့ တူတယ်” ဟု လွှတ်တော် ကိုယ်စားလှယ် အဟောင်းတစ်ဦးက သုံးသပ်ပြောကြားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြစ် NLDနှင့် ခမောက်ကို တပူးတည်းသိမြင်ကြသည့်အတွက် ခမောက်မရှိတော့သော်လည်း NLD ပါဟု စည်းရုံးနိုင်သဖြင့် တံဆိပ်ပြောင်းလဲလိုက်ခြင်းကြောင့် ဆိုးကျိုးမရှိကြောင်း NLD မှစည်းရုံးရေးမှူးတစ်ဦးက ပြောကြားသည်။

လာမည့်ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပမည့်ရက် မသတ်မှတ်ရသေးကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားလိုက်သော်လည်း လစ်လပ် နေရာများတွင် ရွေးကောက်ပွဲပြုလုပ်ရန် လိုအပ်သည်များကို အထက်မှညွှန်ကြားချက်အရ ပြင်ဆင်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့ရှိ မြို့နယ် အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောကြားသည်။

Peace Press

-----------------------------------------------------------------------------------------------------------------------------------

ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မတီဖွဲ့စည်း

နိုဝင်ဘာ (၁၆) ရက်နေ့၌ ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၄၈ ရက်မြောက်နေ့တွင် ပြည်သူ့ လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

၎င်း ကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယခင် သြဂုတ်လ ၂၈ ရက်နေ့အစည်းအဝေး၌ ပြည်သူ့လွှတ်တော်တွင် ဖွဲ့စည်း ခဲ့သည့် တည်ဆဲဥပဒေများ စိစစ်သုံးသပ်ရေးကော်မရှင်ကိုပင် အမည်ပြောင်းလဲ၍ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုဖွဲ့စည်းလိုက်သည့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်၊ သုံးသပ်ရေးကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ဒုတိယဥက္ကဋ္ဌများအဖြစ် အမ်းမဲဆန္ဒနယ်မှ ဦးဌေးမြင့်တို့မှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မတီတွင် အဖွဲ့ဝင်များအဖြစ် သံအမတ်ကြီး(ငြိမ်း) ဦးလင်းမြိုင်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးမြသိန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးသန်းထွန်း၊ ပါမောက္ခ(ငြိမ်း) ဒေါက်တာအောင်ထွန်းသက်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်ဥပဒေရုံးမှ ဒုတိယဗိုလ်မှူးကြီး အောင်ခင်သိန်း၊ ပါမောက္ခဒေါက်တာ တင်မေထွန်း၊ ပါမောက္ခ ဒေါက်တာသီတာဦး၊ တရားရုံးချုပ် ညွှန်ကြားရေးမှူး(ငြိမ်း) ဦးတင်ဝင်း၊ တိုင်းဒေသကြီး ဥပဒေအရာရှိ(ငြိမ်း) ဦးခင်မောင်ဦး၊ တရားလွှတ်တော်ရှေ့နေ ဦးမြင့်လွင်၊ တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင်နှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယ ညွှန်ကြားရေးမှူး (ငြိမ်း) ဒေါ်သန်သန်းရီတို့ပါဝင်ကြောင်း သိရသည်။

                                                                                                    Ref: ပြည်သူ့ခေတ်

 ***************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ကျွန်တော့်အနေနဲ့ ဆင်းရဲနွမ်းပါးပြီး အမှုအတွက် အကူအညီလိုအပ်နေသူတွေကို အခမဲ့ဆောင်ရွက်ပေးနေပါတယ်။ အဲဒီလိုလုပ်ပေးတာကလဲ ပြောရရင် နိုင်ငံတော်အေးချမ်းမှုကို အနှောင့်အယှက်ဖြစ်စေမယ့် မတရားမှုတွေ၊ လာဘ်စားမှုတွေ ပပျောက်စေချင်လို့ပါ။ တချို့က အမှုအကြောင်း နားမလည်လို့ ခံရ၊ တချို့ကျတော့ ငွေကြေးမတတ်နိုင်လို့ အနိုင်ကျင့်ခံရတာတွေ အဲဒါတွေကိုကူညီချင်လို့ အခုလိုမျိုး အခမဲ့ဆောင်ရွက်ဖြစ်ခဲ့ရတာပါ။ အဓိကကတော့ အမှုအတွက် မတတ်နိုင်သူတွေအတွက် တစ်ဖက်တစ်လမ်းကနေ အကူအညီရအောင်၊ ပြီးတော့ မတရားမှုတွေ ပပျောက်ပြီး သန့်ရှင်းပြီး တရားမျှတတဲ့ ဥပဒေတစ်ရပ်ပေါ်ထွက်လာစေရေးအတွက် ဥပဒေဘောင်အတွင်းက တစ်ဖက်တစ်လမ်းကနေ ကူညီတဲ့ သဘောပဲဖြစ်ပါတယ်”

နိုဝင်ဘာ ၂၂ ထုတ် The Flower News အတွဲ (၇) အမှတ် (၄၅) တွင်ပါသည့် “ဥပဒေကြောင်းအရ အကူအညီ လိုအပ်သူများကို အခမဲ့ ကူညီဆောင်ရွက်ပေးမည်” သတင်းမှ ဥပဒေကျွမ်းကျင်ပညာရှင်တစ်ဦး Robert  စန်းအောင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ကျွန်တော် နောက်ထပ်ပြောချင်တာက ပြည်ပကသူတွေဟာ ပြည်တွင်းမှာ ကြုံတွေ့နေရတဲ့ အနေအထားကို ဘာမှမသိဘဲနဲ့ ဝေဖန်တာတွေ မလုပ်သင့်ဘူး၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သကိုဘယ်တော့မှ သစ္စာဖောက်မယ့်သူ မဟုတ်ဘူးဆိုတာ ယုံကြည်ပေးထားဖို့တော့ လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ထဲနှလုံးသားထဲမှာ ဘာတွေရှိတယ် ဆိုတာသေချာမသိရင် မဝေဖန်ပါနဲ့။ လက်တွေ့ ဘာဖြစ်လာမယ်ဆိုတာပဲ စောင့်ကြည့်စေချင်တယ်”

နိုဝင်ဘာ ၂၂ ထုတ် The Flower News အတွဲ (၇) အမှတ် (၄၅) တွင်ပါသည့် “ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်ချက် မှန်သမျှကို ထောက်ခံသွားမည်ဟု ဦးကျော်သူပြောကြား” သတင်းမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အားလုံးဟာ ကျွန်မတို့နိုင်ငံမှာပညာရေးကဏ္ဍဖွံ့ဖြိုးစေချင်တယ်၊ ကျွန်မတို့လူငယ်တွေဟာကမ္ဘာ့အဆင့်အ တန်းနဲ့ မီအောင်လို့ ပညာတွေ ရစေချင်တယ်။ ဒါကတော့ ဘယ်သူကမှ ငြင်းမယ်လို့မထင်ဘူး။ အဲဒီလို ပညာရဖို့အတွက် လုပ်နေတဲ့အခါမှာ ဒီလိုဒီမိုကရေစီကွန်ရက်က လူငယ်တွေက ကိုယ့်နည်း ကိုယ်ဟန်နဲ့ အားပေးတာဟာအနာဂတ်အတွက် အင်မတန်မှ ကောင်းတဲ့လက္ခဏာပါပဲ”

နိုဝင်ဘာ ၂၄ ထုတ် Venus News အတွဲ (၃) အမှတ် (၁၉) တွင်ပါသည့် “ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ယှဉ်ပြိုင်မည်” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အပေါ် ကေက်နှုတ်ချက်

***************************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၄.၁၁.၂ဝ၁၁

ဘာသာပြန်သတင်းများ

  1. ကလင်တန်၏ ခရီးစဉ်တွင် အရေးယူမှုများ မရုတ်သိမ်းပာု အမေရိကန်ပြော

(23 Nov 2011 ရက်စွဲပါ AFP မှ No easing of Myanmar sanctions in Clinton trip: US ကို ဘာသာပြန်ဆိုသည်)

  1. ကလင်တန် တောင်ကိုရီးယားနှင့် မြန်မာနိုင်ငံသို့ သွားမည်

(24 Nov 2011 ရက်စွဲပါ Channel News Asia မှ Cliton to visit S.Korea,Myanmar ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာနိုင်ငံ အပေါ် သတိထားလျက်

(22 November 2011 ရက်စွဲပါ The Diplomat မှ Joshua Kurlantzick ရေးသားသော Being Cautious on Burma ကို ဘာသာပြန်ဆိုသည် )

 

**********************************************************

ကလင်တန်၏ ခရီးစဉ်တွင် အရေးယူမှုများ မရုတ်သိမ်းပာု အမေရိကန်ပြော

(23 Nov 2011 ရက်စွဲပါ AFP မှ No easing of Myanmar sanctions in Clinton trip: US ကိုဘာသာပြန်ဆိုသည်)

              ပီာလာရီကလင်တန်သည် လာမည့်အပတ်တွင် မြန်မာနိုင်ငံသို့ စတင် သွားရောက်မည်ဖြစ်သော်လည်း အရေးယူပိတ်ဆို့မှုများ ရုတ်သိမ်းရန် အချိန်မပာုတ်သေးကြောင်း အကြီးတန်း အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးက အင်္ဂါနေ့က ပြောကြားလိုက်သည်။

                ကလင်တန်သည် တိုင်းရင်းသားလူမျိုးများအပေါ်ဆက်ဆံရေး အပါအဝင် လူ့အခွင့်အရေးတိုးတက်မှုများကို ကြည့်ရှုမည် ဖြစ်သည်။ သို့သော် စစ်တပ်နောက်ခံပြု အစိုးရအပေါ် အရေးယူမှုများ ရုတ်သိမ်းရေး ဆွေးနွေးရန် အချိန် မတိုင်သေးကြောင်း အိမ်ဖြူတော် တာဝန်ရှိပုဂ္ဂိုလ် Ben Rhodes ကပြောကြားခဲ့သည်။

                “ဝန်ကြီးရဲ့ ခရီးစဉ်ပာာ ဖြစ်ပျက်ခဲ့တာတွေ ရှေ့ကို အရှိန်အပာုန်မပျက် ရှေ့ဆက်နိုင်ရေးနဲ့ ရှေ့မှာ လုပ်ဆောင် စရာတွေ ရှာဖွေသွားမှာဖြစ်ပေမယ့် အရေးယူမှုတွေ ရုတ်သိမ်းဖို့ အခုအစီအစဉ်မရှိသေးပါဘူး” ပာု ၎င်းက သတင်းထောက်များသို့ ပြောကြားခဲ့သည်။

                သမ္မတ ဘားရက်အိုဘားမားသည် ပြီးခဲ့သည့် အပတ်က ဘာလီတွင် ကျင်းပသော အရှေ့တောင်အာရှ ထိပ်သီး အစည်းအဝေးတွင် ကြေညာခဲ့ရာ၌ ကလင်တန်သည် နှစ်ပေါင်းငါးဆယ်အတွင်း မြန်မာနိုင်ငံသို့ သွားရောက်မည့် ပထမဆုံး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဖြစ်သည်ပာု ကြေညာခဲ့သည်။

                မြန်မာနိုင်ငံသည် တိုင်းရင်းသားများနှင့် လည်းကောင်း၊ အတိုက်အခံနှင့် လည်းကောင်း စတင် စကားပြောနေပြီ ဖြစ်သည်။ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီကလည်း ရွေးကောက်ပွဲများသည် တရားမျှတမှု မရှိပာုဆိုကာ သပိတ်မှောက်ထားခဲ့ရာမှ နိုင်ငံရေးပင်မ ရေစီးကြောင်းသို့ ပြန်လည်ဝင်ရောက်ရန် မကြာသေးမီက ဆုံးဖြတ်ခဲ့သည်။

                “အမေရိကန်ပြည်ထောင်စုအနေဖြင့် အရေးကြီးတဲ့ အာရုံပြုမှုကိုပြုလုပ်နိုင်ခဲ့ပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဖိဖိစီးစီး လုပ်ဆောင်နိုင်ခဲ့တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။” ပာု Rhodeo က ပြောသည်။

                Obama အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် ယခုတွေ့ရသော ပြုပြင်ပြောင်းလဲမှုများအတိုင်း ရှေ့ဆက်သွားသည်ကို တွေ့မြင်ရန် မျှော်လင့်ကြောင်း ၎င်းကပင်ပြောသည်။

                Obama အစိုးရသည် ၎င်း၏ နိုင်ငံခြားရေးမူဝါဒ၏ အဓိကအပိုင်းအဖြစ် အမေရိကန်နှင့် ဆက်ဆံရေး အဆင်မပြေသူများနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ ၂၀၀၉ ခုနှစ်တွင် ထိုစဉ်က မြန်မာစစ်အစိုးရအား ဒီမိုကရေစီ တိုးတက်မှုများ ရှိပါက အရေးယူမှုများ ရုတ်သိမ်းပေးမည်ပာု အဆိုပြု၍ စတင် စကားပြောခဲ့သည်။

                အမေရိကန်ပြည်ထောင်စုသည် အကျိုးအမြတ်များသော ကျောက်မျက်ရောင်းဝယ်ရေး အပါအဝင် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုအားလုံးကို ပိတ်ပင် ထားသည်။ အရေးယူမှုများ ဖြေလျော့ပေးရန် ကွန်ဂရက်၏ အတည်ပြုမှုလိုအပ်သည်။ သို့သော် ကွန်ဂရက်တွင် အရေးယူမှုများကို ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံလျက် ရှိသည်။

                သုံးသပ်သူများက မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အဖိနှိပ်ဆုံးနိုင်ငံများတွင် အပါအဝင်ဖြစ်ပြီး ၂၀၀၇ ခုနှစ် ဆန္ဒပြပွဲတွင် ပါဝင်သူအများစုမှာ ထောင်ထဲတွင်ပင် ရှိနေဆဲဖြစ်ကြောင်း ပြောဆိုလျက်ရှိနေသည်။

*********************************************************

ကလင်တန် တောင်ကိုရီးယားနှင့် မြန်မာနိုင်ငံသို့ သွားရောက်မည်

(24 Nov 2011 ရက်စွဲပါ Channel News Asia မှ Cliton to visit S.Korea,Myanmar ကို ဘာသာ ပြန်ဆိုသည်)

              အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်သည် လာမည့်အပတ်တွင် အကူအညီပေးရေးနှင့် ပတ်သက်၍ နိုင်ငံတကာ ဆွေးနွေးပွဲ တက်ရောက်ရန် တောင်ကိုရီးယားသို့ သွားရောက်မည်ဖြစ်သည်။ ထို့နောက် သမိုင်းဝင် မြန်မာနိုင်ငံသို့ ခရီးစဉ်ကို သွားရောက်မည်ဖြစ်ကြောင်း တာဝန်ရှိသူ များ ဗုဒ္ဓပာူးနေ့က ပြောကြားလိုက်သည်။

                ကလင်တန်သည် နိုဝင်ဘာ(၃၀)ရက်တွင် တောင်ကိုရီးယားနိုင်ငံ ဘူဆန်သို့ သွားရောက်၍ စတုတ္ထ အကြိမ်မြောက် အဆင့်မြင့်ပုဂ္ဂိုလ်များအဆင့် အကူအညီများ ထိရောက်မှုဆိုင်ရာ ဖိုရမ်သို့ တက်ရောက်မည်ဖြစ်ရာ ကုလသမဂ္ဂ အကြီးအကဲ ဘန်ကီမွန်းနှင့် ဂျော်ဒန်ဘုရင်မ ရာနီယာတို့လည်း တက်ရောက် မည် ဖြစ်သည်။

                ကလင်တန်၏ ပါဝင်မှုသည် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး၊ ကြီးပွားတိုးတက်ရေးနှင့် ဒီမိုကရေစီ တိုးတက်မှုများ အတွက် အဓိကကျသော အစိတ်အပိုင်း အဖြစ် အမေရိကန်၏ ပြင်းပြသော တိုးတက်မှုအတွက် နိုင်ငံရေးဆိုင်ရာ ကတိ ကဝတ်များကို ထင်ပာပ်ကြောင်း၊ နိုင်ငံခြားရေးဌာနက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

                ထို့နောက် ကလင်တန်သည် နိုဝင်ဘာ(၃၀) မှ ဒီဇင်ဘာ(၂) ရက်ထိ မြန်မာနိုင်ငံ နေပြည်တော်နှင့် ရန်ကုန်သို့ သွားရောက်မည်ဖြစ်ပြီး ယင်းမှာ နှစ်ပေါင်း ငါးဆယ် အတွင်း ပထမဆုံးအကြိမ်အဖြစ် သွားရောက်ခြင်းဖြစ်သည်။

                အမေရိကန်ပြည်ထောင်စုသမ္မတ Barak Obama က ပြီးခဲ့သည့်အပတ်က အင်ဒိုနီးရှားနိုင်ငံတွင် ကြေညာခဲ့ရာ မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ရက်သတ္တပတ်များ အတွင်း နှစ်ပေါင်းများစွာ အမှောင်ကျနေရာမှ တိုးတက်မှုအလင်းရောင် တွေ့ရှိရသဖြင့် ကလင်တန်ကို မြန်မာနိုင်ငံသို့ စေလွှတ်မည် ဖြစ်ကြောင်း ပြောခဲ့သည်။

                အဆိုပါကြေညာချက်သည် အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ပါတီက မြန်မာနိုင်ငံ၏ တရားဝင် နိုင်ငံရေး စင်မြင့်သို့ ပြန်လည် ဝင်ရောက်မည်ပာု ပြောဆိုချိန်နှင့် တစ်ချိန်တည်းဖြစ်နေသည်။

                နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားရာတွင် ကလင်တန်၏ ခရီးစဉ်သည် မိမိတို့၏ လမ်းနှစ်သွယ်ချဉ်းကပ်မှု၏ အစိတ်အပိုင်းအဖြစ် အမေရိကန်၏ မူရှိသော ဆက်ဆံရေးနှင့် တိုက်ရိုက်စကားပြောခြင်း မူဝါဒအပေါ် အမေရိကန်၏ ကတိကဝတ်အား ပို၍ လေးနက်သည်ပာု ဆိုသည်။

                “သူမသည် မိမိတို့ မကြာသေးမီလများက တွေ့ရသော ပြုပြင်ပြောင်းလဲမှုများအတွက် ထောက်ခံမှုကို တရားဝင်အောင် ပြုလုပ်မည်ဖြစ်ပြီး အဓိက နယ်ပယ်များတွင် နောက်ထပ်ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်နှင့် တိုးတက်မှုများကို အမေရိကန်က အားဖြည့်ကူညီနိုင်သည်များကိုလည်း ရှာဖွေသွားမည်” ပာု ကြေညာချက်တွင် ဖော်ပြထားသည်။

                ကလင်တန်နှင့်အတူ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell၊ Michael Posner နှင့် မြန်မာနိုင်ငံ အတွက် အထူးကိုယ်စားလှယ် ဒဲရက် မစ်ချယ် (Derek Mitchell) တို့လည်း ပါဝင်ကြမည်ဖြစ်သည်။

************************************************

မြန်မာနိုင်ငံ အပေါ် သတိထားလျက်

(22 November 2011 ရက်စွဲပါ The Diplomat မှ Joshua Kurlantzick ရေးသားသော Being Cautious on Burma ကို ဘာသာပြန်ဆိုသည်)

(Joshua Kurlantzick သည် Council on Foreign Relation မှ အရှေ့တောင် အာရှဆိုင်ရာ ဖဲလိုး ဖြစ်သည်)

                 အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန်သည် ဒီဇင်ဘာလဆန်းတွင် မြန်မာနိုင်ငံသို့သွားရောက်မည်ဟူသော ကြေညာချက်နှင့်အတူ နှစ်ပေါင်း ၅၀ ကျော်အတွင်း ဤကဲ့သို့ အဆင့်မြင့် အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦး၏ ပထမဦးဆုံးခရီးစဉ် ဖြစ်ခြင်းကြောင့် အမေရိကန်-မြန်မာ ဆက်ဆံရေးသည် လျင်မြန်စွာပြောင်းလဲဖြစ်ပေါ်နေခြင်းကို အချိန်နှင့် အမျှလိုက်၍ပင် မမှီနိုင်အောင်ရှိရသည်။ တစ်ခါတရံ ကျွန်ုပ်သည် မြန်မာနိုင်ငံအကြောင်း ယခုလိုရေးရ လိမ့်မည်ဟု စိတ်ပင် မကူးမိခဲ့ပေ။ ကလင်တန်၏ ခရီးစဉ်မှာ နီးကပ်နေပြီဖြစ်ခြင်းကြောင့် ယခုမှစ၍ မည်သို့ ခရီးဆက်ကြမည်ဆိုသည်ကို စစ်ဆေးကြည့်ရှု ရန်မှာ မလုပ်မဖြစ် အရေးပါလှသည်။ သမ္မတသစ်ဦးသိန်းစိန်၏ အစိုးရသည် အနှစ်နှစ်ဆယ်အတွင်း အခြားအစိုးရများထက်စာလျှင် လမ်းဖွင့်ပေးရန် လုပ်ပေးခဲ့သည်။ သို့သော် အဆိုပါ ပြုပြင်ပြောင်းလဲမှုများ ဆက်လက်တိုးတက်မှုရှိမရှိ အစိုးရကို အောက်ပါ အဓိကပေတံများဖြင့် စောင့်ကြည့်သင့်လှပေ သည်။

(၁) ဦးသိန်းစိန်သည် ဝါရင့်နေသော စစ်တပ်၊လွှတ်တော် နှင့် အဓိကဝန်ကြီးဌာနများကဲ့သို့သော အရေးကြီးသည့် အာဏာ၏ ဗဟိုချက်များ၏ ကျောထောက် နောက်ခံပြုမှုကို ဆက်လက်ရရှိသလော။ ယခုအထိတော့ ၎င်းသည် ထောက်ခံမှုရရှိနေပုံပေါ်သည်။ စစ်တပ်မှ တပ်မှူးများက သမ္မတကို ထောက်ခံမည်ဟု ဆိုခဲ့ကြသော်လည်း၊ ၎င်းတို့၏ သစ္စာရှိမှုမှာ မသေချာလှသေးပေ။ ထိပ်တန်းဗိုလ်ချုပ်တော်တော်များများသည် ၎င်းတို့ အဆိုပါရာထူး ရောက်ရှိလာခြင်းအတွက် ယခင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပေါ်တွင် ကျေးဇူးများရှိနေဆဲဖြစ်သည်။ သို့သော် အချို့စစ်တပ်မှ ထိပ်တန်းပုဂ္ဂိုလ်အချို့က အကယ်၍ ၎င်းတို့သည် ပြုပြင် ပြောင်းလဲမှုများကို ဆက်လက်ထောက်ခံပါက 2015 ခုနှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် သမ္မတ သို့မဟုတ် ထိပ်တန်းနေရာများ ရနိုင်သည်ဟူသော အမြင် ရှိနေကြသည်။

                 သို့သော် အချို့အရာရှိကြီးများက ပြုပြင်ပြောင်းလဲရေးများ ဆက်လက်ဖြစ်ပေါ်နေပါက စစ်တပ်က ယခင်ပြုလုပ်ခဲ့သော ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်ပေးခံရမှုများ ဖြစ်လာနိုင်သည်ဟု စိုးရွံ့နေမှုများရှိသည်ဟု သတင်းများကဆိုသည်။ ထို့ကြောင့် အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံခြားမှ အဓိက ပါဝင်ပတ်သက်မှုများသည် ဦးသိန်းစိန်၏ အာဏာအခြေခိုင် တည်ငြိမ်ရေးကို အနီးကပ်ထိတွေ့လုပ်ဆောင်ပေးရန်လိုအပ်လှသည်။ 2000 ခုနှစ် အစောပိုင်းကာလများက အမေရိကန်နှင့် အခြားနိုင်ငံများမှ ပုဂ္ဂိုလ်များသည် အလားအလာရှိသော ပြုပြင်ပြောင်းလဲရေးသမား ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ရာထူး မှ အနားပေးခဲ့ရာ ကြီးစွာအံ့သြခဲ့ကြရသည်။ ပြန်စဉ်းစားကြည့်လျှင် ခင်ညွန့်သည် ၎င်း၏အောင်မြင်မှုအတွက် တကယ်တမ်းအာဏာကို အခြေခိုင်အောင် တည်ဆောက်နိုင်ခဲ့ခြင်း မရှိသေးပေ။

(၂) နေ့စဉ်အုပ်ချုပ်ရေးစနစ်တွင် ပြုပြင်ပြောင်းလဲရေးများကို မည်သို့ကောင်းစွာ အကောင်အထည်ဖော်မည်နည်း။ မြန်မာနိုင်ငံတွင် အလွန်တစ်ရာ ညံ့ဖျင်းသော ယန္တရားရှိသည်ဖြစ်ရာ စီးပွားရေးပုဂ္ဂလိကပိုင်ဖြစ်ရေး၊ ပိတ်ဆို့ထားမှုများ ဖြေလျော့ရေး၊ စစ်တပ်မှ စစ်တပ်ပီသအောင် ပိုမိုပြုလုပ်ရေးစသည့် မူဝါဒသစ်များ အကောင်အထည်ဖော်ရာတွင် ကျရှုံးမှုများရှိမည်ကို မျှော်လင့်ထားရမည်ဖြစ်သည်။ အတိတ်ကလည်း ခေါင်းဆောင်ဟောင်းများ ချမှတ်ခဲ့သော အချို့ လေးစားလောက်သည့် ရည်မှန်းချက်များကို အောက်ခြေတွင် အကောင်အထည်ဖော်လိုစိတ်မရှိခြင်းများကြောင့် လုံးလုံး မှေးမှိန်ပျောက်ကွယ်မှုများ ရှိခဲ့ဖူးသည်။ ဦးသိန်းစိန်သည် မြန်မာနိုင်ငံကို ဈေးကြီးကြီးပေးဝယ်ရလေမလား။ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးများ မအောင်မြင်၍ နောက်ကြောင်း ပြန်လှည့်သည် အချိန်တွင် ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ခဲ့သူများ ပြစ်ဒဏ်ချခံရမည်ကို ကြောက်ရွံ့သည့် အစိုးရတာဝန်ရှိသူများ နှင့် ဗျူရို ကရက်များ မည်မျှရှိလေမည်နည်း။

(၃) ဒေါ်အောင်ဆန်းစုကြည်မှ လွဲ၍ အခြား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ သာမန်အဖွဲ့ဝင်များသည် ရန်ကုန် ၊ မန္တလေး မဟုတ်ပဲ တိုင်းပြည်၏ အခြား ဒေသများတွင် မည်မျှအထိ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ရမည်နည်း။ Obama  အစိုးရသည်လည်းပြီးခဲ့သည့် အမေရိကန်အစိုးရနည်းတူ ၎င်း၏ မူဝါဒ အတော်များများကို ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားထင်ဟပ်မှုပေါ် မူတည်ချမှတ်ခဲ့ရာ၊ သမ္မတ Obama သည် ပြီးခဲ့သည့်အပတ်က မြန်မာနိုင်ငံ အကြောင်း ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က ဆက်ဆံရေးပိုမိုပြုလုပ်ရေးကို မရှိမဖြစ်ထောက်ခံသည်ဟု ပြောကြားခဲ့ကြောင်းကို ထည့်သွင်း ပြောကြားခဲ့သည်။ သေချာအောင်ပြောရလျှင် ဒေါ်အောင်ဆန်းစုကြည်သည် ယခင်က Nelson Mandela ကဲ့သို့ပင် အရေးပါသော ဇာတ်ကောင်ဖြစ်သည်။ NLD နှင့် အခြားအတိုက်အခံပါတီများ လှုပ်ရှားနိုင်ခွင့် ရှိ မရှိ အမှန်တရားကို အကဲဖြတ်ရန် ပိုမိုကျယ်ပြန့်သော မှန်ဘီလူးလိုအပ်မည် ဖြစ်သည်။ အမှန်တရား ကိုပြောရလျှင် ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရ၏ ပြင်းထန်သော နှိပ်ကွပ်ခံရမှုမှ ကင်းလွတ်ခွင့် ရခဲ့သည်သာဖြစ်သည်။ အမေရိကန်ပြည်ထောင်စုနှင့် အခြား နိုင်ငံခြားမှ အဓိက ပါဝင်ပတ်သက်သူများသည် မြန်မာနိုင်ငံတွင် သေးငယ်သော မြို့ငယ်များအထိ သွားရောက်၍ အတိုက်အခံပါတီများ ပါတီရုံး ဖွင့်ခြင်း၊ ဆိုင်းဘုတ်ထောင်ခြင်း နှင့် မိန့်ခွန်းပြောခြင်းများကို မည်မျှထိ ထိထိရောက်ရောက် လွတ်လွတ်လပ်လပ် ဆောင်ရွတ်နိုင်သည်ကို အနီးကပ် လေ့လာသင့်ပေသည်။

(၄) အမေရိကန်၊ ဥရောပ၊ ဩစတြေးလျ၊ ကုလသမဂ္ဂ နှင့် ဂျပန် တို့မှအစပြု၍ ထိတွေ့ဆက်ဆံလာခြင်းအပေါ် မြန်မာအစိုးရက မည်သို့တုန့်ပြန်မည်နည်း။ အခြား ဒီမိုကရေစီများက အကူအညီများ ပိုမိုဖွင့်ပေးသွားရန် ရှိနေချိန်တွင် အမေရိကန်က သံတမန်ဆက်ဆံရေး တိုးမြှင့်ခြင်း၊ မြန်မာအစိုးရနှင့် ပိုမိုနီးကပ်စွာ ဆက်ဆံခြင်းများ ပြုလုပ်လာသည်။ ယခင် မြန်မာအစိုးရများလက်ထက်က ပြင်ပကမ္ဘာနှင့် ဆက်ဆံရေးကို တရုတ် (ထိုင်းနိုင်ငံနှင့်) နှင့် ဆက်ဆံရေး၊ အတိုး အလျော့ပြုလုပ်နိုင်ရေး အတွက်သာ စိတ်ဝင်စားခဲ့ရာ၊ ဆက်ဆံရေးမှာ အနောက်နိုင်ငံနှင့် ပြေလည်မလိုရှိလိုက် အေးခဲသွားလိုက်နှင့် ရှိခဲ့သည်။

(၅) တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပဋိပက္ခကို ဖြေရှင်းရန် အစိုးရက မည်မျှအထိ လေးနက်သနည်း။ မြန်မာအစိုးရသည် တိုင်းရင်းသား လက်နက် ကိုင် များနှင့် ဆွေးနွေးမှုအသစ်များ ပြုလုပ်ရန်တွန်းအားပေးလျက်ရှိရာ၊ အထောက်အကူပြုနိုင်မည့် ငြိမ်းချမ်းရေးကော်မတီများ ဖွဲ့စည်းခဲ့သည်။ သို့သော် တစ်ချိန်တည်းမှာပင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကဲ့သို့သော အုပ်စုများကို ချဉ်းကပ်ရာတွင် ခက်ခဲလျက်ရှိသည်။ တိုင်းပြည်တွင် ဦးသိန်းစိန်၏ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းများနှင့် တက်ကြွနေသည်ဟု ထင်ရချိန်တွင် မြောက်ဖက်နှင့်အရှေ့မြောက်ရှိ တိုင်းရင်းသားဒေသများတွင် လွန်ခဲ့သော တစ်နှစ်၊ နှစ်နှစ် ကထက်စာလျှင် ပို၍တည်ငြိမ်ဖြစ်လာသည်ကို တွေ့ရသည်။ အဆိုပါ ပဋိပက္ခများအတွက် အဖြေကို မရှာနိုင်မချင်း၊ မြန်မာနိုင်ငံတွင် စစ်မှန်သော စနစ်တကျ ပြောင်းလဲမှုများ ဖြစ်လာနိုင်မည် မဟုတ်ပေ။

 ***********************************************************************************************************

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs