Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

.၄.၂၀၁၂

ပြည်တွင်းသတင်းများ

  1. အချိန်ပိုင်း လျှပ်စစ်မီးပြတ်တောက်မှုစနစ်ကြောင့် ပြည်သူများ အခက်ကြုံ
  2. ကုန်စည်(၅)မျိုးထပ်မံ အခွန်ကင်းလွတ် လျှော့ချသတ်မှတ်ပေး

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. အမေရိကန်လွှတ်တော်အမတ်နှင့် အိန္ဒိယဝန်ကြီးချုပ်တို့ မြန်မာနိုင်ငံ လာရောက်မည်
  2. မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများ ရုတ်သိမ်းရန် အာဆီယံ စတင်တောင်းဆို
  3. ပြည်ထောင်စုလွှတ်တော်၌ NLD ဒုတိယအင်အားအကြီးဆုံးဖြစ်လာ

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

အချိန်ပိုင်း လျှပ်စစ်မီးပြတ်တောက်မှုစနစ်ကြောင့် ပြည်သူများ အခက်ကြုံ

ဧပြီလ ၂ ရက်နေ့မှစတင်၍ တစ်နေ့လျှင် ၁၂ နာရီကြာ အချိန်ပိုင်းလျှပ်စစ်မီးပြတ်တောက်မှုများကြောင့် ပြည်သူများ အခက်ကြုံတွေ့ရလျက် ရှိကြောင်း ရန်ကုန်မြို့ခံတစ်ဦးက ဆိုသည်။

“အရင် ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ မီးတွေ ပုံမှန်လာပါတယ်။ မပျက်လို့တောင် မီးကတော့ ပုံမှန်ဖြစ်သွားပြီလို့ ထင်လိုက်သေးတယ်။ ခု ၂၀၁၂ ဧပြီ ၂ ရက်နေ့ကနေစပြီး လျှပ်စစ်မီးကို အရင်လို အချိန်ပိုင်းစနစ်နဲ့ ပြန်သွားမယ်ဆိုတော့ ကျွန်တော်တို့လို အခြေခံလူတန်းစားတွေ အခက်အခဲ တွေ့တော့ တာပေါ့ဗျာ။”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

ထို့ပြင် အချိန်ပိုင်း လျှပ်စစ်မီးပေးသည့်စနစ်များကြောင့် ရေခဲအထွက်နည်း၍ ပင်လယ်ပြင်ထွက်ခွာမည့် ငါဖမ်းရေယာဉ်များလည်း စောင့်ဆိုင်း နေရပြီး ထိုသို့ ရပ်နားထားရသည့်အတွက် ငါးအဝင် သိသိသာသာလျော့ကျ၍ စီးပွားရေးလုပ်ငန်းများကို သိသာစွာရိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“လျှပ်စစ်မီးကို အလှည့်ကျပေးတဲ့စနစ်ကို လုပ်လိုက်တော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတစ်ချို့မှာ နစ်နာဆုံး ရှုံးမှုတွေ ဖြစ်လာတယ်။ ပြီးတော့ စားဝတ်နေရေးအတွက်လည်း တော်တော်ကို ခက်ခဲလာတယ်။ စက်ရုံ၊ အလုပ်ရုံ တွေမှာလည်း လျှပ်စစ်မီးအချိန်နဲ့ပဲရတော့ ပြည်တွင်းထွက်ကုန်တွေ လျော့ကျလာတော့တာပေါ့”ပာု လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

လျှပ်စစ်မီးအချိန်ပိုင်း ပေးဝေနေမှု အစီအစဉ်များကို နံနက် ၁၁ နာရီမှ ညနေ ၅ နာရီထိ နှစ်အုပ်စု၊ ညနေ ၅ နာရီမှ ည ၁၁ နာရီထိ၊ ည ၁၁ နာရီမှ ညနေ ၅ နာရီထိ၊ နံနက် ၅ နာရီမှ နေ့လည် ၁၁ နာရီ အထိကို အုပ်စု A,B,C,D ခွဲကာ ဧပြီ ၂ ရက်နေ့မှ စတင်၍ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

YC

--------------------------------------------------------------------------------------------------------------------------------

ကုန်စည်(၅)မျိုးထပ်မံ အခွန်ကင်းလွတ် လျှော့ချသတ်မှတ်ပေး

မြန်မာနိုင်ငံ၏ နိုင်ငံခြားပို့ကုန်ကဏ္ဍ မြင့်တက်လာနိုင်ရန်နှင့် ပြည်ပဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိလာနိုင်စေရန် ဧပြီလ ၁ ရက်နေ့မှ စတင်၍ ကုန်စည် (၅)မျိုးအား ထပ်မံအခွန်ကင်းလွတ်လျှော့ချ သတ်မှတ်ပေးခဲ့ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ အမိန့်ကြေငြာစာထုတ်ပြန်ခဲ့သည်။

အခွန်ကင်းလွတ်လျှော့ချသတ်မှတ်ခဲ့သည့် မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် အထူးကုန်စည်(၅)မျိုးမှာ ရေနံ၊ သဘာဝ ဓာတ်ငွေ့၊ ကျွန်းသစ်လုံးနှင့် ကျွန်း ခွဲသားများ၊ သစ်မာသစ်လုံးနှင့် သစ်ခွဲသားများ၊ ကျောက်စိမ်းနှင့် အခြားအဖိုးတန်ကျောက်များမှလွဲ၍ ကျန်ကုန်စည်များ ပြည်ပတင်ပို့ရောင်းချမှုအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် အခြေခံကုန်စည်အမျိုးအစား ၇၀ ကို ကုန်သွယ်ခွန်ကင်းလွတ်ခွင့် ပြုလိုက်သည့်အပြင် အထူးကုန်စည် ၁၈ မျိုးမှလွဲ၍ ကျန်ကုန်စည်များ အားလုံးကို အခွန် ၅ ရာခိုင်နှုန်း သတ်မှတ်ခဲ့ပြီး အထူးကုန်စည်တွင် ပါဝင်သော ဓာတ်ဆီကို ယခင်အခွန် ရာခိုင်နှုန်း ၁၇၀ မှ ယခု ၁၀ ရာခိုင်နှုန်း၊ ဒီဇယ်ကို ယခင် ၉၀ မှ ယခု ၁၀ ရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ် ခဲ့ ကြောင်း သိရသည်။

“မြန်မာနိုင်ငံရဲ့ စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် စက်မှုဇုန်တွေအပေါ် ထုတ်လုပ်တဲ့ကုန်ပစ္စည်း တွေအပေါ် ကျသင့်ကုန်သွယ်ခွန်ရဲ့ ၂၀ ရာခိုင်နှုန်းကို ကျသင့်စေဖို့ အရင်က အမိန့်ကြေငြာစာ ထုတ်ပြန်ခဲ့ပါတယ်။ အခု ပြင်ဆင်ချက်အရကတော့ စက်မှုဇုန်ထုတ် ကုန်ပစ္စည်းတွေအနေနဲ့ ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းသာ ကျသင့်မှာဖြစ်ပေမယ့် တိုင်းရင်းသားစက်မှုလုပ်ငန်းရှင်များအတွက် ၃ ရာခိုင်နှုန်းသာ ကျသင့်စေဖို့ ခွင့်ပြုခဲ့ပါတယ်”ပာု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“အခွန်တွေကို ခုလို လျှော့ချပေးလိုက်တဲ့အတွက် နိုင်ငံတွင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက်လည်း အသက်ရှုချောင်နိုင်တာပေါ့။ ပြီးတော့ လာမယ့် ၂၀၁၅ မှာ ဖြစ်ပေါ်လာမယ့် AFTA အတွက် ပြည်တွင်းလုပ်ငန်းရှင်တွေ လည်း ယှဉ်ပြိုင်နိုင်ဖို့ လုပ်ဆောင်သင့်ပါပြီ”ပာု ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

YC

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

အမေရိကန်လွှတ်တော်အမတ်နှင့် အိန္ဒိယဝန်ကြီးချုပ်တို့ မြန်မာနိုင်ငံ လာရောက်မည်

၂၀၁၂ ဧပြီလ ၁ ရက်နေ့၌ ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲများအပြီးတွင် အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်ဝက်ဘ်နှင့် အိန္ဒိယ ဝန်ကြီးချုပ် မန်မိုပာန်ဆင်းတို့မှ မြန်မာနိုင်ငံသို့ မကြာမီကာလအတွင်း လာရောက်မည်ဖြစ်ကြောင်း သိရသည်။

အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်ဝက်ဘ်သည့် ၂၀၀၀၉ ခုနှစ် သြဂုတ်လတွင်  မြန်မာနိုင်ငံသို လာရောက်၍ နိုင်ငံတော်အကြီးအကဲများ၊ နိုင်ငံရေးပါတီအသီးသီးမှ ခေါင်းဆောင်များနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အိန္ဒိယဝန်ကြီးချုပ် မန်မိုပာန်ဆင်း၏ မြန်မာနိုင်ငံခရီးစဉ်သည် ပြီးခဲ့သည့်နှစ်ပေါင်း ၂၅နှစ်အတွင်း ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်ပြီး ယခု ကဲ့သို့ အိန္ဒိယဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ လာရောက်ခြင်းသည် အနောက်တိုင်းသားတို့၏ တွန်း အားကြောင့်မပာုတ်ဘဲ အိန္ဒိယနိုင်ငံ၏ ‘အရှေ့ကြည့်မူဝါဒ’ အရဖြစ်သည်ပာု သိရသည်။

အိန္ဒိယဝန်ကြီးချုပ် မန်မိုပာန်ဆင်း၏ မြန်မာနိုင်ငံ၏ ခရီးစဉ်အတွင်း ကာကွယ်ရေးကဏ္ဍအတွက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးဖွယ်ရှိပြီး နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်မှုများများအတွက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ၂၀၁၀ ရွေးကောက်ပွဲအပြီး အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသ ခဲ့သည့်အတွက် အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေးတိုးမြှင့်လာသကဲ့သို့ မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများအတွက် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ မှာလည်း တရှိန်ထိုးဝင်ရောက်လာခဲ့ကြောင်း သိရသည်။

YC

--------------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများ ရုတ်သိမ်းရန် အာဆီယံ စတင်တောင်းဆို

မြန်မာနိုင်ငံ၌ ဧပြီလ ၁ ရက်နေ့၌ ပြုလုပ်ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲများအပြီးတွင် အာဆီယံခေါင်းဆောင်များမှ မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံ၏ ပိတ်ဆို့အရေးယူမှုများ ရုတ်သိမ်းပေးရန် ဧပြီလ ၃ ရက်နေ့၌ ကျင်းပခဲ့သည့် အကြိမ် ၂၀ မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် တောင်းဆိုခဲ့ကြသည်။

ဧပြီလ ၁ ရက်နေ့၌ ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်(၄၅) ခုအနက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီမှ နေရာအများစု အနိုင်ရရှိခဲ့သည့်အတွက် အာဆီယံမှ မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံ များ၏ အရေးယူပိတ်ဆို့မှုများ ရုတ်သိမ်းပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ပြုလုပ်ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် အာဆီယံလေ့လာသူများအပါအဝင်၊ ဥရောပသမဂ္ဂနှင့် ကုလသမဂ္ဂမှတို့မှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများကို လာရောက်ခွင့်ပေးခဲ့ပြီး ကျင်းပပြီးစီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲသည် အောင်မြင်မှုရရှိခဲ့ကြောင်း နိုင်ငံ တကာမှ လေ့လာသုံးသပ်ခဲ့ကြသည်။

“ခုဆို ကျွန်တော်တို့ရဲ့ ဒီမိုကရေစီဘက်တော်သားတွေ လွှတ်တော်ထဲမှာ နေရာရလာပြီဆိုတော့ ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်ဖို့အတွက် အနောက် နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ရုတ်သိမ်းသင့်ပါပြီ။ အခုကြားဖြတ်ရွေးကောက်ပွဲမှာ တချို့နေရာတွေမှာ အငြင်းပွားစရာတွေရှိခဲ့ပေမယ့် အရင် ၂၀၁၀ ရွေးကောက်ပွဲထက် လွတ်လပ်ပြီး တရားမျှတမှု ရှိပါတယ်”ပာု မြန်မာ့နိုင်ငံရေးလေ့လာနေသူတစ်ဦးက ဆိုသည်။

အာဆီယံနိုင်ငံအားလုံး၏ သဘောတူညီချက်အရ မြန်မာနိုင်ငံသည် လာမည့် ၂၀၁၄ တွင်အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင် ရွက်သွားမည်ဖြစ်သည်။

လွှတ်တော်တွင်း လစ်လပ်နေရာပြန်လည်ဖြည့်တင်းသည့် ကြားဖြတ်ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီမှ (၄၃)နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)မှ (၁) နေရာနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ (၁) နေရာ အသီးသီး အနိုင်ရရှိခဲ့ ကြောင်း သိရသည်။

YC

--------------------------------------------------------------------------------------------------------------------------------

ပြည်ထောင်စုလွှတ်တော်၌ NLD ဒုတိယအင်အားအကြီးဆုံးဖြစ်လာ

ပြီးခဲ့သည့် ၂၀၁၂ ဧပြီ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီမှ လစ်လပ်မဲဆန္ဒ နယ် (၄၅)နေရာအနက် (၄၃)နေရာ အနိုင်ရရှိခဲ့သည့်အတွက် ပြည်ထောင်စုလွှတ်တော်တွင် ဒုတိယအင်အားအကြီးဆုံး ပါတီတစ်ခုဖြစ်လာခဲ့ကြောင်း သိရသည်။

ယခင် ပြည်ထောင်စုလွှတ်တော်၌ ပထမအင်အားအကြီးဆုံးပါတီမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဖြစ်ပြီး ဒုတိယအင်အားအကြီးဆုံး ပါတီမှာ ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီနှင့် တတိယအင်အားအကြီးဆုံးပါတီမှာ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီတို့ဖြစ်ကြောင်း သိရသည်။

ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင် ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်တွင် လွှတ်တော်ကိုယ်စား လှယ် ဦးရေ ၂၁၉ ဦး၊ အမျိုးသား လွှတ်တော်တွင် ၁၂၄ ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၃၄၃ ဦးဖြင့် ဆက်လက်ဦး ဆောင်လျက်ရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ပြည်သူ့လွှတ်တော်တွင် ၃၇ ဦး၊ အမျိုးသားလွှတ်တော်တွင် ၄ ဦး စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ် ၄၁ ဦးဖြင့် ပြည်ထောင်စုလွှတ်တော်တွင် ဒုတိယ အင်အားအကြီးဆုံးပါတီတစ်ခု ဖြစ်လာခဲ့ကြောင်း သိရသည်။

ယခင် ဒုတိယအင်အားအကြီးဆုံးပါတီတစ်ခုဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်(ကျားဖြူ)ပါတီသည် လက်ရှိအချိန်တွင် ပြည်သူ့ လွှတ်တော်တွင် ၁၈ ဦး၊ အမျိုးသားလွှတ်တော်တွင် ၄ ဦး စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ် ၂၂ ဦးဖြင့် ပြည်ထောင်စုလွှတ်တော်တွင် တတိယ အင်အား အကြီးဆုံးပါတီတစ်ခုအဖြစ်သို့ ရောက်ရှိသွားခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော်တွင် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ ပြည်သူ့လွှတ်တော်တွင် ၁၂ ဦး၊ အမျိုးသားလွှတ်တော်တွင် ၅ ဦး စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးရှိပြီး၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ပြည်သူ့လွှတ်တော်တွင် ၉ ဦး၊ အမျိုးသားလွှတ်တော်တွင် ၇ ဦး စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ် ၁၆ ဦးတို့ဖြင့် စတုတ္ထနှင့် ပဉ္စမနေရာသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

YC

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

 “ဥပဒေတစ်ခုကို လိုအပ်လို့ ပြဋ္ဌာန်းတယ်။ အဲဒီဥပဒေ စီမံချက်ပြဋ္ဌာန်းမှုတွေကြောင့် အကျိုးအမြတ်က ဘယ်လောက်ရတယ်၊ နစ်နာဆုံးရှုံးမှုက ဘယ်လောက် ရှိတယ်ဆိုတာ နှိုင်းယှဉ်သုံးသပ်သင့်ပါတယ်။ အကျိုးအမြတ်က များတယ်ဆိုရင်တော့ ဒီဥပဒေစီမံချက်ညွှန်ကြားချက်ကို ကျင့်သုံးသင့်ပြီး အများပြည်သူ အတွက် ဆုံးရှုံးမှုက များတယ်ဆိုရင်တော့ ပြင်ဆင်ဖို့၊ ပယ်ဖျက်ဖို့ကြိုးစားရပါမယ်”

ဧပြီ ၂ ထုတ် The Messenger အတွဲ (၂) အမှတ် (၄၆) တွင်ပါသည့် “စက္ကူကျားကို အသက်သွင်းမယ်ဆိုရင်” သတင်း ဆောင်းပါးမှ ပြည်သူ့ ရေးရာစီမံခန့်ခွဲမှုပညာရပ်ကို လေ့လာသင်ယူနေသူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

“ကျွန်မတို့အနေနဲ့ မြောက်ပိုင်းကကိစ္စ ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတဲ့ အဖြေရှိလို့ရှိရင် ချက်ခြင်းပေးမှာဖြစ်ပါတယ်။ ကျွန်မရဲ့အမြင်ကတော့ အခြေခံကတော့ ယုံကြည်ချက် အားနည်းနေလို့ပဲဖြစ်ပါတယ်။ အဲဒီတော့ တိုင်းရင်းသားတွေ အားလုံးကြားမှာ ညီညွတ်မှုရှိဖို့၊ နားလည်မှုရှိဖို့ဆိုရင် တစ်ဦးကို တစ်ဦးလေးစားဖို့ လိုတယ်။ အခြေခံပင်လုံစိတ်ဓာတ် မွေးမြူဖို့လိုတယ်။ တိုင်းရင်းသားအားလုံးက ဒါကို တောင်းဆိုနေကြတာပါ။ ပင်လုံကတည်းက သဘောတူခဲ့သလို တန်းတူ ညီတူမှု၊ ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့် အဲဒီဟာတွေကို အခြေခံပြီးတော့ ကျွန်မတို့ ဒီမိုကရေစီနိုင်ငံတစ်ခု တည်ဆောက်သွားဖို့ တိုင်းရင်း သားတွေက လိုလားတာပါ။ အဲဒီဟာကို ကျွန်မတို့အားလုံးက နားလည်ရင် ဒီပြဿနာဖြေရှင်းဖို့ ခက်မယ် လို့ ကျွန်မမထင်ပါဘူး”

ဧပြီ ၄ ထုတ် Weekly ELEVEN NEWS အတွဲ (၇) အမှတ် (၂၇) တွင်ပါသည့် “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြားဖြတ်ရွေးကောက်ပွဲ ဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် ပြုလုပ်” သတင်းမှ ဒေါ်အောင် ဆန်းစုကြည်၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

“မြန်မာနိုင်ငံဟာ လျှပ်စစ်တွေ ထုတ်တောင်ရောင်းနေရတာဆိုတော့ ပိုလျှံလို့ထုတ်ရောင်းနေတယ်ဆိုတာ ငြင်းလို့မရဘူး ပေါ့။ ဒီလိုဖြစ်ပြီး ပြည်တွင်းမှာ မီးတွေ ခဏခဏပျက်နေတာကတော့ ရှက်စရာကောင်းပါတယ်။ လျှပ်စစ်အတွက် တောင်းသမျှ ဝန်ဆောင်ခကို ပေးနေရတဲ့ ပြည်သူတွေအတွက်တော့ ဝမ်းနည်းစရာကောင်းပါတယ်။ စားသုံးသူတွေဟာ မီတာထိန်းသိမ်းခတွေပေးရသလို၊ မီတာခတွေ တိုးတောင်းတိုင်းလည်းပေးရတာပဲ။ မီတာခတွေ တိုးတောင်း တိုင်း မီးမှန်ပါ့မယ် ပြောနေပြီး မရတော့ အလိမ်ခံရသလိုဖြစ်နေတာပေါ့။ နိုင်ငံတကာမှာတော့ မီးဖြတ်တောက်မယ်ဆိုရင် တောင်းပန် ရတယ်။ ဒီမှာတော့ ဒီမိုကရေစီလို့ပြောနေပြီး အဲဒီလို တောင်းပန်တာမျိုးလည်း မတွေ့ရဘူး။ သဘာဝဓာတ်ငွေ့တွေဟာ နိုင်ငံတကာမှာ အရင်တုန်းကရောင်းကုန် မဟုတ်ဘူး။ ယခုကပြည်တွင်းဖူလုံမှ ပြည်ပပိုရောင်းနိုင်တယ်ဆိုပြီး ရောင်းကုန်ဖြစ်လာတာပါ။ မြန်မာနိုင်ငံက ရောင်းနေတယ်ဆိုတော့ စွမ်းအင်တွေ ပိုလျှံနေတယ်လို့ ယူဆနိုင်တယ်။ အခုလို မီးတွေမရ တော့ အစိုးရအနေနဲ့ ဖြေရှင်းသင့်တယ်”

ဧပြီ ၄ ထုတ် Weekly ELEVEN NEWS အတွဲ (၇) အမှတ် (၂၇) တွင်ပါသည့် “မြန်မာနိုင်ငံအတွင်းရှိ ရန်ကုန်မြို့တော်အပါအဝင် မြို့ကြီးများ၌ တစ်နှစ်အတွင်း လေးလခန့် လျှပ်စစ်မီးပြတ်တောက်မှုရှိမည်ဆိုခြင်းမှာ ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံ၌ ရင်းနှီးမြုပ်နှံလိုသော နိုင်ငံတကာ အသိုင်းအဝိုင်းအတွင်း နိုင်ငံ၏ပုံရိပ်ကို ထိခိုက်စေခဲ့” သတင်းမှ စီးပွားရေးနှင့် ဥပဒေအကြံပေး ဦးတင်သန်းဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

**************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၎.၄.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ဂရန်တီနှင့် ၀ရန်တီ (Guarantee & Warranty)

****************************************

ဆောင်းပါးကဏ္ဍ

ဂရန်တီနှင့် ၀ရန်တီ (Guarantee & Warranty)

ဒေါက်တာလွင်ကို

မြန်မာတိုင်းမ်ဂျာနယ် အတွဲ ၂၉ ၊ အမှတ် ၅၆၃ (၃၀၊၃ - ၅၊၄၊ ၂၀၁၂)

Guarantee = n - ကတိပေးခြင်း၊ vt - တာဝန်ခံခြင်းဟု Dictionary တွင်ဖော်ပြထားပါသည်။ (Promise that something will be done or will happen esp; a written promise)၊ Warrant = vt - လုံလောက်စေသည် - အကြောင်းခိုင်လုံ စေသည်၊ n - ၀ရန်း၊ အမိန့်စာဟု ဖော်ပြထားရာ Warranty- - ဆိုတော့ အာမခံလက်မှတ်ပေါ့။

ကျွန်တော်တို့ ငယ်ငယ်က ဆေးဝယ်ရင် ဒီဆူဇာမှာ စိတ်ချရတယ်ဆိုသလို ( Rowe = ရိုး- ကုန်တိုက်မှာဝယ်ရင် ဂရန်တီရော ၀ရန်တီပါ ပေးပါသည်။ ဂရန်တီဆိုသည်မှာ အမျိုးအစား စစ်မှန်ကြောင်း တာဝန်ခံ၍ ၀ရန်တီဆိုသည် ဤပစ္စည်း (ဥပမာ - နာရီ) တစ်နှစ်အတွင်း ပျက်စီးပါက အသစ်ပြန်လည် ထုတ်ပေးခြင်းအတွက် အာမခံလက်မှတ် ပေးလိုက်ခြင်းပင် ဖြစ်ပါသည်။ ကျွန်တော် သုံးလေးတန်းလောက်က ကြားရုံသာ ကြားဖူးပါသည်။ ပြန်လည်ထုတ်ပေးသည် ကို မစမ်းသပ်ခဲ့ဖူးပါ။

၁၉၈၁/၈၂ တွင် အင်္ဂလန်နိုင်ငံ၌ စာသင်သားဘ၀က တွေ့ကြုံခဲ့ရပါသည်။ One year Warranty card ပေးသည့် နာရီတစ်လုံးဝယ်ပါသည်။ ၁၁ လအကြာတွင် ထိုနာရီသည် အသစ်ကဲ့သို့ပင် ကောင်းနေပါသည်။ စမ်းကြည့်ရအောင်ဟုဆို ကာ ထိုနာရီကို ခွက်တစ်ခုတွင် ထည့်၍ ရေစိမ်လိုက်ပါသည်။ ထိုခွက်ကို လှုပ်ယမ်းပါသည်။ တစ်ညတာ ရေစိမ်ပြီး နောက် တစ်နေ့နာရီစက် မသွားတော့ပါ။ ထိုအခါ ၀ယ်ခဲ့သည့်ဆိုင်သို့သွား၍ Warranty card ပြကာ ပျက်သွားကြောင်း ပြောပါသည်။ ဆိုင်မှ နာရီနံပါတ်နှင့် Warrnaty card ကို စစ်ဆေးပါသည်။ လူကြီးမင်းရဲ့နာရီ တစ်နှစ်မတိုင်မီ ပျက်စီးသွားပါသည်။ ကျွန်တော်တို့ဆိုင်မှ ပြန်လဲပေးရန် တာဝန်ရှိပါသည်။ လူကြီးမင်း၏ ယခုနာရီနှင့် အမျိုးတူနာရီတော့ လောလောဆယ်မရှိပါ။ ဤကောင်တာတွင် လူကြီးမင်း ကြိုက်သည့် နာရီတစ်လုံးကို ပြပါ။ လူကြီးမင်းဝယ်ယူခဲ့သည့် နာရီသည် ပေါင် ၈၀ ဖြစ်ပါသည်။ ယခုရွေးချယ်မည့် နာရီသည် ပေါင် ၁၀၀ တန်ဖြစ်ပါက ပေါင် ၂၀ ထပ်ပေးပါ။ ပေါင် ၅၀ တန် ရွေးချယ်ပါက ပေါင် ၃၀ ပြန်အမ်းပါဦးမယ်ဟု ချိုသာစွာ ရှင်းပြပါသည်။ စိတ်ချမ်းသာမှုနှင့်အတူ ဂရန်တီနှင့် ၀ရန်တီ၏ သဘောတရားကို ပို၍ နားလည်ရပါသည်။

၁၉၈၈ ခုနှစ်၊ နောက်ပိုင်းနှစ်ဝက်တွင် ကျွန်တော်စာသင်သားဘ၀ဖြင့် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ရှိနေခဲ့ပါသည်။ ကျွန်တော်တို့နေထိုင်ရာ Dometry အဆောင်စောင့် အဘိုးကြီးက နောက်သုံးရက်ကြာလျှင် လျှပ်စစ်ဓာတ်အားပေးစက်ရုံစက် စစ်ဆေးခြင်း ဆောင်ရွက်မည်ဖြစ်ပါ၍ လျှပ်စစ်မီးကို နံနက် ၈နာရီမှ နေ့လည် ၁၂နာရီအထိ ပိတ်ထားမည်ဖြစ်ပါကြောင်း၊ အင်္ဂလိပ်လို Notice Board တွင်လည်း ကပ်ထားပါကြောင်း တစ်ခန်းဝင် တစ်ခန်းထွက် လိုက်ပြောနေပါသည်။ တ ကယ်ပင်အတိအကျ နံနက် ၈နာရီ မီးလိုင်းအောက်သွားပြီ ၁၂နာရီတွင် ပြန်လာပါသည်။ ဤသည်ကိုလည်း Guarantee & Warranty ၏ အစိတ်အပိုင်းတစ်ခုဟု မှတ်ယူမိပါသည်။

ကျွန်တော်တို့တွင် လွန်ခဲ့သော ၁၀နှစ်ခန့်က လျှပ်စစ်မီတာခတစ်ယူနစ် ၂ ဒသမ ၅၀ကျပ် = နှစ်ကျပ်ခွဲ။ နောက်ပိုင်း ၂၅ကျပ်၊ ယခုကုမ္ပဏီတစ်ခု အား တာဝန်ပေး၍ ၀န်ဆောင်ခိုင်းမည်ဖြစ်ကြောင်းနှင့် တစ်ယူနစ် ၃၅ကျပ်အထိ တက်မည် ဖြစ်ကြောင်း မီတာဖတ်စာရေးက ဖေဖော်ဝါရီလဆန်းတွင် မီတာ ဖတ်စဉ် ပြောသွားပါသည်။

ကျွန်တော်တို့ မန္တလေးမြို့တော်တွင် ၂.၃.၂၀၁၂ ညနေက လေတိုက်ပါသည်။ ထို့ကြောင့် လျှပ်စစ်မီး ပျက်ပါသည်။ ၃.၃.၂၀၁၂ တွင် မိုးရွာပါ သည်။ ထို့ကြောင့် မီးပျက်ပါသည်။ ထို့ကြောင့် လေတိုက်လျှင် မိုးရွာလျှင် မီးပျက်မည်ကို Guarantee တာဝန်ခံခြင်းဟု သတ်မှတ်ရပါတော့သည်။ ဘယ်နှစ် နာရီကြာလျှင် မီးပြန်လာမည်ဟူသည့် Warranty အာမခံမရှိပါ။ ၄၊၅၊၆ရက်နေ့များတွင် ရာသီဥတု သာယာပါသည်။ လျှပ်စစ်မီးသည် ပျက်လိုက် ပြန်လာ လိုက်နှင့် တစ်နေ့ဆိုလျှင် ငါးကြိမ်အထက်မှာရှိပါသည်။ မည်သည့်အစိုးရဌာနကို မည်သည့် ကုမ္ပဏီကိုမဆို လွှဲပြောင်းတာဝန်ပေးလိုက်ပါ။ ဈေးကွက်စီးပွား ရေးစနစ်အရ နိုင်ငံတော်အကျိုးရှိမည်ဆိုပါက ကြိုဆိုလျက်ပါ။ သို့သော် နိုင်ငံသူနိုင်ငံသားများ စိတ်ချမ်းသာဖို့ကို ပို၍ မျှော်လင့်တောင့်တမိပါသည်။ ဖြစ်-တည်-ပျက် (ဥပါဒ်-ဌီ-ဘင်) သဘောတရားကို ရံဖန်ရံခါ နှလုံးသွင်းပါသည်။ ဖြစ်တယ်ဆိုတော့လည်း ပျက်တတ်ပါသည်။

သို့သော် (Guarantee နှင့် Warranty ) တော့ ရှိစေချင်ပါသည်။ ဒါမှ မိဘပြည်သူတစ်ရပ်လုံး Planning ချ၍ လုပ်နိုင်မည်ဖြစ်သည်။ ဤလျှပ်စစ် မီးကိစ္စသည် လတ်တလောကိစ္စမို့သာ ဖော်ပြခြင်းဖြစ်ပါသည်။ လူတစ်ဦးချင်းစီမှစ၍ အုပ်စုတစ်ခု၊ အဖွဲ့အစည်းတစ်ခု၊ ဌာနကြီးတစ်ခု၊ ပါတီကြီးတစ်ခုချင်း စီတို့သည် မိမိတာဝန်ယူရသည့် ကဏ္ဍအသီးသီး၌ တာဝန်ခံမှု၊ အာမခံမှုတို့ ရှိစေချင်ပါသည်။ သို့မှသာ တစ်ဦးချင်းမှသည် နိုင်ငံတော်အဖွဲ့အစည်းများအထိ ကျယ်ပြန့်လာပြီး ကျွန်တော်တို့ မျှော်မှန်းလျှောက်လှမ်းနေသည့် ဒီမိုကရေစီပန်းတိုင်ကို ကျန်းမာပျော်ရွှင်စွာ အတူတကွရောက်ရှိကြမည် ဖြစ်ပေမည်။

Guaranteeတွေ၊ Warrantyတွေနဲ့ ပတ်သက်လို့ အလွန်ဝမ်းသာစရာစကားမျိုး စာဖတ်သူတို့ကို မျှဝေခံစားနိုင်အောင် ဖော်ပြပါမည်။ ၂၇.၂.၂၀၁၂ ထုတ် The Voice Weekly ဂျာနယ်မှာ ၀န်ထမ်းများလစာတိုးရေးနှင့် ပတ်သက်ပြီး (ရန်ကုန်-ဖေဖော်ဝါရီ - ၂၂) လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သူ့ဘ၀နှင့်ပေးပြီး ဒီနေ့နိုင်ငံနှင့် နိုင်ငံသားများအတွက် ဆောင်ရွက်သွားပါမယ်လို့ လွှတ်တော်ကိုယ်စားလှယ်များရှေ့မှာ ကတိပြုရင်း အာမခံပေးသွားပါ တယ်။ နောက် အဲဒီဂျာနယ်ထဲမှာပဲ (ရန်ကုန်- ဖေဖော်ဝါရီ-၁၉) လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပ ဒေနှင့် တည်ဆဲဥပဒေများအား လေးစားလိုက်နာမည်ဆိုပါက မိမိရာထူးကို စွန့်လွှတ်ရလျှင်ပင် နိုင်ငံရေးပါတီများဘက်မှ အပြည့်အ၀ ရပ်တည်ပေးမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဦးတင်အေးက ပြောကြားသည်ဟု ဖော်ပြထားပါတယ်။ ဒါလည်း သူ့ရာထူးနဲ့ အာမခံသွားတာပါ။ နိုင်ငံတော်သမ္မတဦးသိန်းစိန်ကလည်း တာဝန်ထမ်းဆောင်မှုတစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန် အစည်းအဝေး မတ်လ ၁ရက်နေ့တွင် ပြောသွားတဲ့ မိန့်ခွန်းရဲ့ နိဂုံးချုပ်မှာ "ဒီကနေ့ ဒီအချိန်မှာ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးရဲ့ လိုအင်ဆန္ဒတွေ အလုံး စုံ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးသော်လည်း ကျွန်တော်တို့အစိုးရအနေနှင့် အသက်နှင့် ခန္ဓာကိုယ် စွန့်လွှတ်ပေးဆပ်ဖို့အထိ ကတိသစ္စာ ပြုထားသူများ ပီပီ အရိုးကြေကြေ၊ အရေခန်းခန်း ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း အခိုင်အမာပြော ကြားသွားပါတယ်"။ ဒါကလည်း အသက်နဲ့လဲပြီး အာမခံသွား တာပါပဲ။

ဒီတော့ကား ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ကြီးများဆီက အာမခံသံ၊ တာဝန်ခံသံတွေ ကြားရတာ အလွန်ပဲ အားတက်မိပါတယ်။ ၀မ်းသာပီတိ ဖြစ် ရပါတယ်။ ဒါပေမယ့် ၀မ်းသာပီတိနဲ့ ကြည်နူးစွာ စောင့်မျှော် ငေးမောနေရုံနဲ့တော့ ကျွန်တော်တို့ မျှော်လင့်နေတဲ့ သာယာဝပြောသော ဒီမိုကရေစီ နိုင်ငံတော် ကြီးနဲ့ အလှမ်းဝေးနေမလားပဲ။ ကျွန်တော်တို့ တစ်ဦးချင်းစီ၊ တစ်ဖွဲ့ချင်းစီကလည်း မိမိတို့ သက်ဆိုင်ရာလုပ်ငန်းများကို ဥပဒေဘောင်အတွင်းက ကြိုးစား လုပ်ကိုင်ရင်း ပြောရေးဆိုတာများနှင့် ရေးစရာများရှိက ရေးကြဖို့လိုမယ်ထင်ပါတယ်။

*****************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs