Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၉. ၄.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ယခင်အခွန်ကင်းလွတ်ခွင့်ရထားသော စီးပွားရေးလုပ်ငန်းများ အခွန်ဆောင်ရတော့မည်
  2. ဒေါ်လာဈေးအပြောင်းအလဲများကြောင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်
  3. ရန်ကုန်လျှပ်စစ်ဓာတ်အားပိုမိုရရှိနိုင်ရန် ရွှေလီရေအားလျှပ်စစ်မှ လျှပ်စစ် ပြန်လည် ဝယ်ယူမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်မှ ဖယောင်းသုတ် မဲလက်မှတ်များနှင့်ပတ်သက်၍ စစ်ဆေးမည်
  2. ဧပြီ ၇ ရက်နေ့တွင် ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ NLD ပါတီမှ ကြေညာချက်ထုတ်ပြန်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

ယခင်အခွန်ကင်းလွတ်ခွင့်ရထားသော စီးပွားရေးလုပ်ငန်းများ အခွန်ဆောင်ရတော့မည်

ဧပြီလ ၁ ရက်နေ့မှစတင်၍ မြန်မာအခွန်ကောက်ခံမှု စနစ်နှစ်ရပ်ဖြစ်သည့် ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန်နှုန်းထားများကို လျှော့ချကောက် ခံတော့မည်ဖြစ်ပြီး ထိုသို့ အခွန်ကောက်ခံရန် ပြင်ဆင်သတ်မှတ်လိုက်သည့်အတွက် ယခင် အခွန်ကင်းလွတ်ခွင့် ရရှိထားသော စီးပွားရေးလုပ်ငန်းကြီးများပါ အခွန် ပေးဆောင်ရတော့မည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက အရင်က ကုန်ပစ္စည်းတန်ဖိုးရဲ့ ၂၀ရာခိုင်နှုန်းကို ၄၅၀နဲ့မြှောက်ပြီး ပေးသွင်းရတဲ့ အကောက်ခွန်နှုန်းတွေကို ကုန်ပစ္စည်းတန်ဖိုးရဲ့ ၅ရာခိုင်နှုန်းကို ၈၁၅ကျပ်နဲ့မြှောက်ပြီး ပေးသွင်းရမယ်လို့ သတ်မှတ်ခဲ့ပါတယ်။ ဒီလို အခွန် ပြောင်းလဲပြင်ဆင် ကောက်ခံတဲ့နေရာမှာ အရင်အခွန်ဆောင်ပြီး တရားဝင်အလုပ်လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေကော၊ အခွန်ကင်းလွတ်ခွင့်ရရှိထားတဲ့ စီးပွားရေးလုပ်ငန်းတွေအားလုံး အခုတန်းတူ အခွန်ဆောင်ရတော့မှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

ထို့ပြင် ယခင် ၂၅ရာခိုင်နှုန်း၊ ၂၀ရာခိုင်နှုန်းနှင့် ၁၀ရာခိုင်နှုန်း ကောက်ခံလျက်ရှိသော အခွန်နှုန်းထားများကို ယခုအခါ ၅ရာခိုင်နှုန်းအဖြစ်သို့ လျှော့ ချပြောင်းလဲကောက်ခံရန် သတ်မှတ်ခဲ့ပြီး တစ်နှစ်လျှင် ကျပ်သိန်း ၃၀၀အထက် လစာငွေရရှိသူများထံမှ ၃၀ရာခိုင်နှုန်း အခွန်စတင်ကောက်ခံရန် သတ်မှတ် ခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“အခုလို နိုင်ငံတော်က အခွန်နှုန်းထားတွေကို ပြင်ဆင်ကောက်ခံတော့မယ်ဆိုတာ လုပ်ငန်းရှင်ကြီးတွေအတွက်ကော၊ အခုမှစတင်ဖို့ ကြိုးစား နေတဲ့ လုပ်ငန်းငယ်လေးတွေအတွက်ပါ တော်တော်ကို အဆင်ပြေပါတယ်။ အားလုံးကို တန်းတူရည်တူ အခွန်ကောက်ခံတော့မှာဆိုတော့ ဘယ်သူ့ ဘယ်သူမှ နစ်နာမှုမရှိတော့ဘူးပေါ့”ပာု ပြည်တွင်းလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံ၏ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် အခွန်အရပ်ရပ်ပေါင်း ၁၂၂၂၈၇၅ သန်းရရှိခဲ့ပြီး မြန်မာနိုင်ငံ၏ သွင်းကုန်တင်သွင်းမှုပမာဏမှာ ဒေါ်လာ ၈ ဘီလျံဝန်းကျင်ခန့်ရှိသည့်အတွက် ယခင်နှစ်များထက် သွင်းကုန်ပမာဏမြင့်တက်လျက်ရှိကြောင်း သိရသည်။

  YC

--------------------------------------------------------------------------------------------------------------------------------

ဒေါ်လာဈေးအပြောင်းအလဲများကြောင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်

စက်သုံးဆီ တင်သွင်းသည့် အခွန်နှုန်းထားများ လျှော့ချလိုက်သော်လည်း မြန်မာနိုင်ငံအတွင်း ငွေကြေးလဲလှယ်မှုနှုန်းထားများကို နှုန်းရှင်စနစ် ကျင့်သုံးရန် တရားဝင် ပြောင်းလဲ သတ်မှတ်လိုက်သည့်အတွက် ဓာတ်ဆီ၊ ဒီဇယ်နှင့် အောက်တိန်းဆီဈေးနှုန်းများမှာ ဆက်လက်မြင့်တက်လျက်ရှိကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချသူများအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“စက်သုံးဆီဈေးတွေက မြင့်တက်လာမယ်လို့ ဘာကြောင့်ပြောလဲဆိုရင် ရှင်းပြစရာတွေရှိနေပါတယ်။ အရင်က စက်သုံးဆီတင်သွင်းတဲ့လူတွေ အတွက် လုပ်သာကိုင်သာရှိအောင် ဒေါ်လာဈေးနဲ့ အခွန်မှာ အထူးလျှော့ပေါ့ခွင့်တွေ ရှိပါတယ်။ အခုတစ်ပြေးညီ သတ်မှတ်လိုက်တဲ့ အခွန်နှုန်းထားနဲ့ ငွေလဲလှယ်နှုန်းတွေကြောင့် စက်သုံးဆီတင်သွင်းတဲ့ လူတွေအတွက် အခက်အခဲဖြစ်စေတာ မပာုတ်ပေမယ့် အထူးလျှော့ပေါ့ခွင့်တွေ မရတော့လို့ ဈေးနှုန်း ပြောင်းပြီး အတက်ဘက်ကို ဈေးကသွားနေတာပါ”ပာု မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချသူများအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးဇော်လင်းက ပြောကြားခဲ့ကြောင်း ဧပြီ ၁၀ ရက်နေ့ထုတ် The Nation ဂျာနယ်တွင် ဖော်ပြပါရှိသည်။

ပြည်တွင်း စက်သုံးဆီရောင်းချမှုများတွင် ဆိုင်များပေါများလာခြင်း၊ မည်သည့်ကုမ္ပဏီမဆိုလွတ်လပ်စွာ စက်သုံးဆီတင်သွင်းရန် ခွင့်ပြုထား ခြင်းနှင့် မှောင်ခိုစက်သုံးဆီရောင်းချမှုများကြောင့် စက်သုံးဆီရောင်းချမှုများတွင် ပေါက်ဈေးအတိုင်းသာရောင်းချနိုင်ပြီး ဈေးနှုန်းကြီးမြင့်၍ ယခင်ကဲ့သို့ ဈေးကစား၍ မရနိုင်တော့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“အရင်က တစ်ဒေါ်လာကို (၄၅၀)ကျပ်နဲ့ စက်သုံးဆီတင်သွင်းတဲ့လူတွေအတွက် သတ်မှတ်ချက်က အခုကျတော့ နှုန်းရှင်အဖြစ် တစ်ပြေးညီ  သတ်မှတ်ပြီး (၈၁၈)ကျပ်ဖြစ်သွားလို့ ဒေါ်လာဈေးတက်လာတယ်။ နောက်အခွန်ကိစ္စမှာလဲ ဒီဇယ်ကို နိုင်ငံတော်ကနေ အထူးလျှော့ပေါ့ခွင့်ဆိုပြီး (၉)ရာခိုင် နှုန်းပဲ အခွန်ကောက်တယ်။ ဓာတ်ဆီနဲ့ အောက်တိန်းကို (၁၇၀)ရာခိုင်နှုန်းသတ်မှတ်ထားပေးတယ်။ (၁၇) ရာခိုင်နှုန်းပဲကောက်တယ်။ အခုကျတော့ ဒီဇယ်က အရင်က (၉)ရာခိုင်နှုန်းကနေ တရားဝင်ဖြစ်သွားလို့ (၁)ရာခိုင်နှုန်းတိုးသွားတယ်။ ဓာတ်ဆီကတော့(၇)ရာခိုင်နှုန်းကျသွားတယ်။ အခွန်က အတိုင်းအတာ တစ်ခုထိ ကျပေမယ့် ဒေါ်လာဈေးက ယခု (၈၂၁)ကျပ်ထိဖြစ်နေတော့ ကျွန်တော်တို့ သွင်းရတဲ့ဈေးတင် ဒီဇယ်တစ်ဂါလံကို (၁၂၀)ကျပ်နဲ့ ဓာတ်ဆီတစ်ဂါ လံကို(၄၀)ကျပ်လောက် ဈေးမြင့်သွားတယ်”ပာု စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချသူများအသင်းမှ ဒုတိယဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်း ဧပြီ ၁၀ရက် နေ့ထုတ် The Nation ဂျာနယ်တွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံအတွင်း အစိုးရသစ်လက်ထက်မှ စတင်၍ ပုဂ္ဂလိကလုပ်ငန်းရှင်မျး စက်သုံးဆီလွတ်လပ်စွာ တင်သွင်းဖြန့်ဖြူးရောင်းချနိုင်ရန် တရားဝင် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

Ref:The Nation

-----------------------------------------------------------------------------------------------------------------------------------

ရန်ကုန်လျှပ်စစ်ဓာတ်အားပိုမိုရရှိနိုင်ရန် ရွှေလီရေအားလျှပ်စစ်မှ လျှပ်စစ် ပြန်လည် ဝယ်ယူမည်

ရန်ကုန်မြို့တွင်း ပြည်သူများလျှပ်စစ်ဓာတ်အား ပိုမိုရရှိနိုင်စေရန် တရုတ်နိုင်ငံနှင့် ဖက်စပ်လုပ်ကိုင်လျှက်ရှိသော ရွှေလီရေအားလျှပ်စစ်မှ လျှပ်စစ် ဓာတ်အားများကို ပြန်လည်ဝယ်ယူ၍ ပြည်တွင်းလျှပ်စစ်ဓာတ်အား သုံးစွဲနိုင်စေရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၂၀၁၂ ဧပြီ ၆ရက်နေ့တွင် ပြု လုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထို့ပြင် ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲနိုင်စေရေးအတွက် လက်ရှိ ရပ်နားထားသည့် သဘာဝဓာတ်ငွေ့ တာဘိုင်စက်ငါးလုံးကို ပြန် လည် လည်ပတ်နိုင်ရေးအတွက် သဘာဝဓာတ်ငွေ့များပြန်လည် တောင်းခံသွားမည်ဖြစ်ပြီး သဘာဝဓာတ်ငွေ့ရရှိ၍ ယင်းတာဘိုင်စက်များ ပြန်လည် လည် ပတ်နိုင်ပါက ရန်ကုန်မြို့တွင်းသို့ ၆၉ မဂ္ဂါဝပ် ထပ်မံထုတ်လွှတ်နိုင်မည်ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

“ကျွန်တော်တို့မှာ လက်ရှိ ရပ်နားထားတဲ့ သဘာဝဓာတ်ငွေ့တာဘိုင်စက်ငါးလုံးရှိပါတယ်။ ဒါတွေ လည်ပတ်နိုင်ဖို့အတွက်က သဘာဝဓာတ်ငွေ့ လိုပါတယ်။ အဲဒီဓာတ်ငွေ့ရရင် ၆၉ မဂ္ဂါဝပ်လောက် လျှပ်စစ်ဓာတ်အား ထပ်ထုတ်နိုင်မှာပါ။ အခုရပ်ထားတဲ့ သဘာဝဓာတ်ငွေ့ တာဘိုင်စက်ငါးလုံးအတွက် သဘာဝဓာတ်ငွေ့လိုအပ်ချက်က ကုန်တွင်းဓာတ်ငွေ့ ကုဗပေ ၂၄သန်း၊ ကမ်းလွန်ဓာတ်ငွေ့ကုဗပေ ၁၁သန်းကို တောင်းထားပါတယ်”ပာု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့နေ လူနေရပ်ကွက်အားလုံးကို ညနေ ၅ နာရီမှ နံနက် ၅ နာရီထိတိုင် လျှပ်စစ်မီးပေးသွားမည်ဖြစ်ပြီး ထိုသို့ ရန်ကုန်မြို့ ရပ်ကွက်အား လုံးကို လျှပ်စစ်ဓာတ်အားပေးချိန်တွင် စက်မှုဇုန်များရှိ စက်မှုလုပ်ငန်းများကို လျှပ်စစ်မီးပေးမှု ယာယီရပ်ထားမည်ဖြစ်ကြောင်း ယင်းသတင်းစာရှင်းလင်း ပွဲတွင် ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ကျွန်တော်တို့ ပြည်သူကိုပေးနိုင်ဖို့ လိုအပ်တဲ့ လျှပ်စစ်ကိုရနိုင်တဲ့ဘက်ကရှာမယ်။ ရေအားလျှပ်စက်ရုံ ရွှေလီကနေ ဓာတ်အား ထပ်တိုးတောင်း မယ်။ သူတို့ဆီက ဝယ်ထားတဲ့ စက်နှစ်လုံးကို အပြည့်မောင်းပေးပါဆိုပြီး လုပ်ပါမယ်။ မနေ့က ရွှေလီကို ၁၈၀မဂ္ဂါဝပ်အထိ တိုးထုတ်ခိုင်းပါတယ်။ လက်ရှိ ရှိနေတဲ့ စက်တွေကို တိုးထုတ်ခိုင်းပါတယ်။ အရန်ရလာတဲ့ မဂ္ဂါဝပ် ၁၀၀နဲ့ ညဦးပိုင်းမှာ အုပ်စုသုံးအုပ်စုလုံးကို မနေ့ညကစပြီး စမ်းပြီးမီးပေးပါတယ်။ အများ ပြည်သူကို ပေးနိုင်ပါတယ်။ လက်ရှိအခြေအနေအရ ညပိုင်းကိုမီးပေးပါမယ်။ ညပိုင်းမှာ အုပ်စုသုံးအုပ်စုလုံးကို ပေးပါမယ်။ ညနေ ၅ နာရီကနေ နံနက် ၅ နာရီထိ လူနေရပ်ကွက်အားလုံးကို ညပိုင်းမီးပေးသွားမှာပါ။ နေ့ခင်းပိုင်းမှာ အုပ်စုနှစ်အုပ်စုစီခွဲပေးပါမယ်။ ဒါကလည်း ပြည်သူတွေရဲ့ အသံကြောင့်ပါ။ ဒီ လောက်ပူတဲ့အချိန် လျှပ်စစ်မီးမရှိဘဲ အိပ်ရတာ ဘယ်လောက်ဆိုးတယ်ဆိုတာ ကျွန်တော်တို့ကြားပါတယ်။ သို့သော် တစ်ချိန်ထဲမှာ စက်မှုဇုန်တွေ၊ စက်မှု လုပ်ငန်းတွေကို မီးပိတ်ထားရပါမယ်”ပာု ပြောကြားခဲ့သည်။။

YC

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်မှ ဖယောင်းသုတ်မဲလက်မှတ်များနှင့် ပတ်သက်၍ စစ်ဆေးမည်

ဧပြီလ ၉ရက်နေ့မှစ၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကြားဖြတ်ရွေးကောက် ပွဲကျင်းပခဲ့သည့် မဲဆန္ဒနယ် ၄ခုတွင် စုံစမ်းစစ်ဆေးရေးအဖွဲ့များဖွဲ့၍ မဲပြားများပေါ်တွင် ဖယောင်းသုတ်ထားခြင်းနှင့် ပတ်သက်သည့် သတင်းများအား ဖော်ထုတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယင်းသို့ စုံစမ်းစစ်ဆေးမှုများနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုမှ “မဲဆန္ဒနယ် ၄ခုမှာ အဖွဲ့လေး ဖွဲ့ဖွဲ့ပြီး စုံစမ်းဖော်ထုတ်သွားမှာပါ။ ဒီတနင်္လာနေ့ကစပြီး လုပ်မှာပါ”ဟု ဒီဗွီဘီသတင်းဌာနမှ မေးမြန်းထားမှုအား ပြန်လည်၍ ကောက်နုတ်ဖော်ပြခြင်း ဖြစ်သည်။

ထို့ကဲ့သို့ မဲပြားများပေါ်တွင် ဖယောင်းသုတ်ထားခြင်းနှင့် ပတ်သက်၍ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၄၃နေရာ အနိုင်ရရှိသည့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ရွေးကောက်ပွဲကော်မရှင်ထံသို့ တိုင်ကြားမှုများ ပြုလုပ်ခဲ့ပြီး တစ်ချို့တိုင်းနှင့် ပြည်နယ်အသီးသီမှ မဲဆန္ဒနယ်အချို့များ တွင်လည်း မဲပေးခွင့်ရှိသည့် နာမည်စာရင်းများ မပါရှိခြင်းနှင့် ပတ်သက်၍လည်း ယင်း NLDရုံးချုပ်သို့ သက်ဆိုင်ရာ NLDရုံးခွဲများမှ သတင်းပေးပို့မှုများ ရှိသည်ဟုလည်း NLDပါတီမှ အဖွဲ့ဝင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

ဧပြီ ၇ ရက်နေ့တွင် ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ NLD ပါတီမှ ကြေညာချက်ထုတ်ပြန်

၂၀၁၂ ဧပြီ ၇ရက်နေ့တွင် ကြားဖြတ်ရွေးကောက်ပွဲ၌ ကိုယ်စားလှယ်အများဆုံးအနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ရွေးကောက်ပွဲအနိုင်ရကြေညာစာတမ်းကို ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ယင်းကြေညာစာတမ်း၌ ဧပြီ ၁ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲသည် ပြည်သူများ၏ အောင်ပွဲတစ်ခုဖြစ်သည်ကို NLD ပါတီမှ အခိုင်အမာ ယုံကြည်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဒီမိုကရေစီဖြစ်စဉ်ဆိုသည်မှာ ပြည်သူများ ပါဝင်ပတ်သက်မှသာလျှင် ပြည်သူများအားလုံး တမ်းတ နေသည့် စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းလာနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဧပြီ ၁ရက်နေ့၌ ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက် ပွဲဖြစ်စဉ်တွင် ရှေ့ဆုံးမှ ပါဝင်ခဲ့သော ပြည်သူလူထု၊ နိုင်ငံတော်သမ္မတကြီးနှင့် ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့သော နိုင်ငံရေးပါတီ များ၊ အခြားအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် ပြည်တွင်းမီဒီယာသမားများကို ကျေးဇူးတင်စွာဖြင့် ဂုဏ်ပြုအပ်ပါကြောင်း ဖော်ပြပါရှိသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအနေဖြင့် ရွေးကောက်ပွဲရလဒ်များပေါ်မှ ပေါ်ထွက်လာသည့် ပြည်သူလူထု၏ဆန္ဒနှင့် မျှော်လင့် ချက်များကို အလေးထားကာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အုတ်မြစ်ပေါ်တွင် အခြေခံသော ဒီမိုကရေစီအဆောက်အအုံများ ထူထောင်ရေး ပြည်သူ များ၏  စားဝတ်နေရေး ချောင်လည်တိုးတက်ရေးများကို ရွေးကောက်ပွဲမူဝါဒများပါ ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင် ဆင်ရေးဘောင်အတွင်းမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း NLD ပါတီ ထုတ်ပြန်ကြေညာချက်၌ ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံ၌ ယခုအခါ လွှတ်တော်တွင်း လစ်လပ်နေရာပြန်လည်ဖြည့်တင်းသည့် ကြားဖြတ်ရွေးကောက်ပွဲမှာလည်း ပြီးဆုံးသွားပြီဖြစ်သည့်အ တွက် အဖွဲ့ချုပ်အနေဖြင့် ပြည်သူများ လိုလားတောင့်တနေသော စီးပွားရေး၊ လူမှုရေးပြုပြင်ပြောင်းလဲရေးများကို ဒီမိုကရေစီမူများနှင့် ကိုက်ညှိပြီး အမြန် ဆုံး စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် ဧပြီ ၁ရက်နေ့၌ ကျင်းပခဲ့သည့်လွှတ်တော်တွင်း လစ်လပ်နေရာပြန်လည်ဖြည့်တင်းသည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် လစ်လပ်မဲ ဆန္ဒနယ် (၄၅)နေရာအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ မဲဆန္ဒနယ်(၄၃)နေရာတွင် အနိုင်ရရှိခဲ့သည်။

Ref:Envoy

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ဒီနေ့ ကျွန်မတို့ ကရင်အမျိုးသားကိုယ်စားလှယ်များအဖွဲ့အနေနဲ့ NLD ပါတီခေါင်းဆောင်များနဲ့အတူဒေါ် အောင်ဆန်းစုကြည်ကိုတွေ့ခွင့်ရတဲ့အတွက် အများကြီးဂုဏ်ယူဝမ်းသာမိပါတယ်။ ဒီနေ့ ကျွန်မတို့ရဲ့ တွေ့ဆုံပွဲဟာအဓိကအားဖြင့်တော့ ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ တိုင်းပြည်ငြိမ်းချမ်းရေး အကောင်အထည် ဖော်ဖို့ ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်များနဲ့ ပတ်သက်ပြီးတော့ ပြောခဲ့တယ်။ ပြီးလို့ရှိရင် စစ်မှန်တဲ့ငြိမ်းချမ်းရေး ပေါ်ပေါက်ဖို့အတွက်ကို ကရင်တိုင်းရင်းသားများအနေနဲ့ရောတိုင်းရင်းသားတွေရဲ့လိုအပ်ချက်တွေကဘာလဲ၊ လိုလားချက်တွေကဘာလဲလို့ ဆွေးနွေးတာဖြစ်တယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုဖော်ထုတ်တဲ့အခါမှာ ပြည်သူတွေရဲ့ အခန်းကဏ္ဍဟာအများကြီးအရေးကြီးပါတယ်။ ထိုနည်းတူစွာပဲ နိုင်ငံတော်အစိုးရရဲ့ ပါဝင်မှုနဲ့ လုပ် ဆောင်မှုတွေဟာလည်းအများကြီးအရေးပါတယ်ဆိုတာ ကျွန်မတို့ လက်ခံထားပါတယ်”

ဧပြီ ၁၁ ထုတ် Weekly ELEVEN NEWS အတွဲ (၇) အမှတ် (၂၈) တွင်ပါသည့် “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)တို့တွေ့ဆုံ”သတင်းမှ ကရင်အမျိုးသား အစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

မေး- ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၅ရာခိုင်နှုန်းသော တပ်မတော်သားကိုယ်စားလှဝ်တွေရဲ့ အင်အားကိုရယူပြီး လွှတ်တော်ကို ပိုမိုတောင့်တင်းလာ အောင် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါသလား။

ဖြေ- ၂၅ ရာခိုင်နှုန်းကတော့ လောလောဆယ်ရှိနေနိုင်သေးတယ်။ လွှတ်တော်နိုင်ငံရေး စတယ်ဆိုတာကလည်း အခုမှ အစပဲရှိသေးတာလေ။ အတိုင်း အတာတစ်ခုအထိ လွှတ်တော်နိုင်ငံရေးနဲ့ ကျင့်သားရသွားပြီဆိုရင် လွှတ်တော်နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေသူတွေအားလုံး နိုင်ငံရေးပါတီ၊ ပြည်သူတွေရဲ့ အနေအထားပေါ်မှာမူတည် ပြီးဒီ ၂၅ရာခိုင်နှုန်းဟာ နည်းသွားနိုင်တယ်လို့ ကျွန်တော်ခန့်မှန်းပါတယ်။ ပါသင့်တယ်၊ မပါသင့်ဘူး ဆိုတာကတော့ နောင်တစ် ချိန်မှာ ပြည်သူတွေကအဆုံးအဖြတ်ပေးမယ်လို့ ကျွန်တော်ထင်တယ်။ လွှတ်တော်နိုင်ငံရေးမှ တစ်ဆင့် ပြည်သူတွေကအဆုံးအဖြတ်ပေးလာနိုင်တယ်လို့ ယူဆပါတယ်။

ဧပြီ ၁၁ ထုတ် The Myanmar Post အတွဲ (၄) အမှတ် (၁၅) တွင်ပါသည့် “ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ)နှင့် အင်တာဗျူးကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

ဒီဥပဒေမှာ ကျူးလွန်တဲ့ ပြစ်ဒဏ်ကစီမံကိန်းအနေနဲ့ ကြည့်ရင် မတန်ဘူးပေါ့။ ဥပမာ စီမံကိန်းတွေက သိန်းနဲ့ သန်းနဲ့ချီ အလုပ်လုပ်ရတာ၊ တစ်နှစ်၊ နှစ်နှစ် အများဆုံး ထောင်ငါးနှစ်ကျမယ်။ ၁၀သိန်း၊ အလွန်ဆုံးသိန်း ၂၀ဒဏ်ငွေဆိုတာက စီမံကိန်းနဲ့ယှဉ်ရင် ရတဲ့ငွေနဲ့ယှဉ်လိုက်ရင် ဘာမှမဟုတ်ဘူးလေ။ စီမံ ကိန်းကြောင့် ပေးလိုက် ရတဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုက အများကြီးဖြစ်တယ်။ ဆုံးရှုံးမှုက စီမံကိန်းကြီးလေ ပတ်ဝန်းကျင်ကို ထိခိုက်မှုများလေပဲ။ ပေးထားတဲ့ပြစ်ဒဏ်နဲ့ မတန်ဘူးလို့ထင်တယ်

ဧပြီ ၁၂ ထုတ် Venus News အတွဲ(၃) အမှတ် (၃၉) တွင်ပါသည့် “ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ ပြည့်စုံခြင်းမရှိဟု ပညာရှင်များသုံး သပ်” သတင်းမှ မြန်မာ့အစိမ်းရောင်ကွန်ရက်ဥက္ကဋ္ဌ ဒေါ်ဝီသန့်စင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

**************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၈.၄.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. တည်ဆောက်ရဦးမည့် စတုတ္ထမဏ္ဍိုင်

*****************************************

ဆောင်းပါးကဏ္ဍ

တည်ဆောက်ရဦးမည့် စတုတ္ထမဏ္ဍိုင်

အောင်မောင်း

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက လုံးဝလွတ်လပ်သော မီဒီယာအဖြစ် ခွင့်မပြုနိုင်သေးခြင်းမှာ နိုင်ငံရေး အပြောင်းအလဲတွင် ဒီမိုကရေစီကို တလွဲအသုံးချ၍ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည့် စကားမှာ မီဒီယာတို့အတွက် မျက်စိစပ်စရာ ဖြစ်ခဲ့ရ သည်။ စာရေးသူ ကိုယ်တိုင်ပင်လျှင် မီဒီယာသမားတစ်ဦး၊ လွတ်လပ်သော သတင်းသမားတစ်ဦးအနေဖြင့် ဦးကျော်ဆန်း၏ မှတ်ချက်စကားကို ကျွဲမြီးတို ခဲ့ရသည်။ ယခု မီဒီယာဥပဒေကိုလည်း လူထုဦးစိန်ဝင်းက ကိုယ့်လည်ပင်း ကြိုးကွင်းစွပ်မယ့် ဥပဒေကို ဘာကြောင့် ထောက်ခံရမည်နည်းဟု ဆိုလိုရင်း ရှိသည့် ဆောင်းပါးတစ်ပုဒ်ကို ရေးသားခဲ့သည်။

ပွင့်လင်းစ မြန်မာ့စာနယ်ဇင်းလောကတွင် စာပေစိစစ်ရေးနှင့် စာပေလောကမှာ ယခင်အစိုးရလက်ထက်က လင်ဆိုးမယားတဖားဖား ဖြစ်ခဲ့ရ သော်လည်း လက်ရှိအခြေအနေမှာ မတည့်အတူနေဆိုသည့်အဆင့်ထိ အထိုက်အလျောက် တိုးတက်လာသည်ဟုသာ ဆိုရပေမည်။ သို့ရာတွင် အစိုးရ ဘက်က ဖြေလျော့ပေးသမျှ မီဒီယာဘက်ကလည်း အပြုသဘောဆောင်သော တုန့်ပြန်မှု လိုအပ်နေသေးသည်ကတော့ အသေအချာပင် ဖြစ်ပါသည်။ ဆိုရ လျှင် စာရေးသူတို့ နိုင်ငံတွင်  အကြောင်းအမျိုးမျိုးဖြင့် ရှိခဲ့သော ပိတ်ဆို့မှုများ၊ တင်းကျပ်မှုများကြောင့် မတိုးတက်ရသည့် အထဲတွင် မီဒီယာလည်း ပါဝင် သည်။ ယခု ဒီမိုကရက်တိုက်ဇေးရှင်းဖြစ်စဉ်တွင် ဇောင်းပေးပြောဆိုနေကြရသည့် Capacity  ဆိုသော အရည်အသွေးဆိုင်ရာ ကိစ္စတွင် မီဒီယာ၏ Capacity မှာ များစွာ လိုအပ်နေသေးပြီး ပရော်ဖက်ရှင်နယ် မဖြစ်သေးပါဟု ဆိုရမည်ဖြစ်သလို စာရေးသူကိုယ်တိုင်လည်း ထိုသံသရာမှ ရုန်းမထွက် နိုင်သေးပါ။ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် အရာရာသည် ပရော်ဖက်ရှင်နယ်သဘောကို ဆောင်သည်။ နိုင်ငံရေးသမားလုပ်မည့်သူမှာ လက်သီးလက်မောင်း တန်းတတ်ရုံမျှ မရတော့ဘဲ အနည်းဆုံး နိုင်ငံရေးသိပ္ပံမဟာဘွဲ့၊ ဥပဒေမဟာဘွဲ့၊ စီးပွားရေးမဟာဘွဲ့ တစ်ခုခုတော့ လိုပေလိမ့်မည်။ တက္ကစီမောင်း သူမှာလည်း ယာဉ်အကြောင်း၊ လမ်းအကြောင်း သိရုံသာမက အင်္ဂလိပ်လိုပါ အခြေတော့ တတ်မှရသည့် အနေအထားသို့ ရောက်လာသည်။ ကုန်ကုန်ပြော ရလျှင် စားပွဲထိုး၊ ပန်းကန်ဆေးရာထူးများပင်လျှင် ဖြစ်ကတတ်ဆန်းလုပ်၍ မရတော့ပြီဖြစ်သဖြင့် ယနေ့ဟိုတယ်ကြီးများတွင် ဧည့်ခံကျွေးမွေးရေး သင်တန်း များ ရှိနေရခြင်းဖြစ်တော့သည်။

စာရေးသူတို့ မီဒီယာသမားများလည်း ပရော်ဖက်ရှင်နယ်ဖြစ်ဖို့ လိုအပ်နေသည်မှာ အသေအချာပင်ဖြစ်ပါသည်။ ယနေ့မြန်မာသတင်းမီဒီယာ လောကကိုကြည့်လျှင် တတ်လို့လုပ်သည့် မီဒီယာသမားနည်းပြီး  ဝါသနာတစ်ခုတည်းဖြင့် လုပ်နေကြရသည့် မီဒီယာသမားက အများစုဖြစ်သည်။ မဖြစ်စ လောက် ငွေကြေးအနည်းငယ်ဖြင့် မိုးရွာရွာနေပူပူ သတင်းတစ်ပုဒ်ရရေးအတွက်  တစ်နေကုန်နေ၍ ရေတစ်ဗူးပင် မသောက်လိုက်ရသည့် မြန်မာမီဒီယာ သမား လူငယ်များ၏ စိတ်ဓာတ်အခံကို လေးစားမိပါသည်။ သို့ရာတွင် ထိုခံယူချက်များကို ထိထိရောက်ရောက် အသုံးမချနိုင်ခြင်းမှာ အလွန် နှမြောဖွယ် ဖြစ်သည်။ ယနေ့မြန်မာမီဒီယာသမား လူငယ်များ၏ အရည်အသွေးမှာ စိုးရိမ်ဖွယ်ရှိလောက်အောင်ပင် လိုအပ်လျှက်ရှိပါသည်။ အထူးသဖြင့် ဝမ်းစာအား နည်းခြင်းပင်ဖြစ်သည်။  သတင်းမီဒီယာသမားဆိုသည်မှာ “ဘခြောက်လုံး” ကို အခြေခံ၍ အလုပ်လုပ်သည်၊ မိမိ၏ အမြင်၊ မိမိ၏ အာဘော်မဖြစ်စေရဟု လှေနံဓားထစ်မှတ်ယူ၍ မေးခွန်းထုတ်ခြင်း နည်းလာသည်။ လေ့လာမှုအားလည်း အလွန်နည်းသည်။ ဧပြီလ ၆ ရက်နေ့က ကျင်းပသည့် K.N.U နှင့် ပြည် ထောင်စုအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် မြန်မာလူငယ်သတင်းထောက်များ၏ အရည်အသွေးကို စိတ်ပျက်ဖွယ် ကောင်းလောက်အောင် တွေ့ခဲ့ရသည်။ သတင်းယူခြင်း၊ မေးခွန်းမေးခြင်းတွင်သာမက ကိုယ်ရည်ကိုယ်သွေးအရပါ များစွာ ကျဆင်းနေပြီး လေ့လာမှုအား လည်း အလွန်နည်းသည့် ဖြစ်ရပ်များတွေ့ခဲ့ရသည်။ သတင်းထောက်တစ်ဦးက ယခု အပစ်အခတ် ရပ်စဲရေးများသည် ပြည်နယ်အဆင့်ဟု ဆိုလျှင် ပြည် ထောင်စုအဆင့်တွင် အပစ်အခတ်ရပ်စဲနိုင်ရန် အချိန်မည်မျှ ယူရမည်နည်းဟု K.N.U မှ တာဝန်ရှိသူတစ်ဦးကို မေးမြန်းခဲ့သည်။ ထိုသတင်းထောက်လူငယ် အမျိုးသမီးမှာ ယခု ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲသည် ငြိမ်းချမ်းရေးအတွက်ဖြစ်ပြီး အပစ်အခတ်ရပ်စဲရေးမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရပ်စဲပြီး သည်မှာ လွန်ခဲ့သည့် လအနည်းငယ်ကပင် ဖြစ်သည်ဆိုသည့်အချက်ကို လုံးဝသိရှိပုံမရပေ။ သတင်းဂျာနယ်များတွင် K.N.U နှင့် ၆၃နှစ်တာကာလ အတွင်း လုံးဝအပစ်ရပ်ရန် သဘောတူလက်မှတ်ထိုးကြောင်း ဓာတ်ပုံများနှင့်ဝေဝေဆာဆာ ဖော်ပြခဲ့ခြင်းကို ထိုသတင်းထောက် လုံးဝသိရှိခြင်း မရှိသည့် ပုံစံပင်။ အချို့နေရာများတွင် နားလည်မှု အသေးအဖွဲကြောင့် အကျအဆုံးမရှိသည့် ပစ်ခတ်မှုအချို့ ရှိသည်မှလွဲ၍ လုံးဝအပစ်ရပ်ထားကြောင်း K.N.U မှ ဗိုလ်မှူး ကြီးများနှင့် ဦးအောင်မင်း၊ ဦးခင်ရီတို့က တရားဝင်ပြောကြားထားသည်။ သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းကြသည့် မေးခွန်းများမှာလည်း အလွန်ပင် ယေဘုယျဆန်ပြီး ငြိမ်းချမ်းရေးအကြောင်း၊ အပစ်အခတ်ရပ်စဲရေးအကြောင်း၊ K.N.U သမိုင်းစသည်တို့နှင့် ပတ်သက်၍ ချိတ်ဆက်မေးမြန်းသည့် မေးခွန်းမျိုး လုံးဝ မတွေ့ခဲ့ရပေ။

ပို၍ ဆိုးသည်မှာ ကိုယ်ရည်ကိုယ်သွေး ကျဆင်းသည့် ပြဿနာပင်ဖြစ်သည်။ သတင်းစာရှင်းလင်းပွဲမလုပ်မီ မီဒီယာများကို ဓာတ်ပုံရိုက်ခွင့်ပြု ထားသည်။ သို့ရာတွင် သတင်းစာရှင်းလင်းပွဲလုပ်သည့် အချိန်မှသာ မေးခွန်းများမေးရန် မေတ္တာရပ်ခံထားသည်။ ထို့ကြောင့် ဓာတ်ပုံရိုက်ခွင့်ပြုသည်နှင့် တပြိုင်နက် သူ့ထက်ငါ အလုအယက် ရိုက်ကြရသည်။ ဓာတ်ပုံကောင်း တစ်ပုံရရန် ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုနိုင်သော်လည်း ရုပ်ပျက်ဆင်း ပျက် ဖြစ်လောက်အောင်ပင် အတင်းတိုးဝှေ့ရိုက်ကြခြင်း၊ သတင်းထောက်အချင်းချင်း အပြန်အလှန်အော်ဟစ်ကြခြင်း၊ အဆိုးဆုံးမှာ K.N.U ခေါင်းဆောင် များ၊ ပြည်ထောင်စုဝန်ကြီးများ၏ ခေါင်းပေါ်မှ ကျော်၍ ရိုက်ကြသည့် အဆင့်ပင်ဖြစ်သည်။ သတင်းထောက်တစ်ဦးမှာ ဓာတ်ပုံအလုအယက်ရိုက်ရင်း ကရင် တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၏ ခေါင်းပေါ်ကျော်၍ ရိုက်ရာ လက်နှင့်ခေါင်းထိသွားပြီး ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး မျက်နှာပျက် သွားသည်မှာ မဖြစ်သင့်မဖြစ်ထိုက်သည့် ကိစ္စဖြစ်သည်။ ဓာတ်ပုံရိုက်ပြီးကြသော်လည်း သတင်းစာရှင်းလင်းပွဲ မလုပ်သေးသဖြင့် မီဒီယာသမားများ ထိုင် စောင့်ကြရသည်။ အပြင်ဘက်တွင် မီဒီယာသမားများ ထိုင်စောင့်ရန် ခုံများချပေးထားသည်။ အတွင်းတွင် ထိုင်စရာခုံမရှိသည်မှာ မှန်သော်လည်း ကြမ်းပြင် ပေါ်တွင် ခြေပစ်လက်ပစ် ထိုင်ခြင်း၊ လှဲအိပ်ခြင်းတို့မှာ မြန်မာသတင်းထောက်များအတွက် လွန်စွာသိက္ခာကျဆင်းစေသည့် အပြုအမူများဖြစ်သည်။ ထိုင်ခုံ မလုံလောက်၍ဟု အကြောင်းပြ၍ရသော်လည်း နိုင်ငံခြား သတင်းထောက်များအားလုံး တစ်ချက်မျှ မထိုင်ဘဲ စိတ်ရှည်လက်ရှည် မတ်တပ်ရပ် စောင့်သွား ကြသည်မှာ မြန်မာသတင်းထောက်များ ပရော်ဖက်ရှင်နယ်ဖြစ်ရန် များစွာ လိုအပ်နေသေးကြောင်း ပြသသွားသလိုပင်ဖြစ်သည်။

ယနေ့ မြန်မာသတင်းမီဒီယာမှာ အချက်အလက်ပေးပို့သည့် အဆင့်ထက် မပိုသေးပေ။ ဆိုလိုသည်မှာ တစ်ဖက်က ဘာပြောသည်၊ တစ်ဖက်က ဘာပြန်ပြောသည်၊ ယခင်က မည်သို့ဖြစ်ခဲ့သည်ဆိုသည့် အချက်များကိုသာ အခြေခံ၍  Data Reporting လုပ်သည့် အခြေအနေပင်ဖြစ်သည်။ ဆင့်ပွား မေးခွန်းများ၊ နောက်ကြောင်းနှင့်ချိတ်ဆက်၍ မေးခွန်းများ၊ ရှေ့လာမည့်အခြေအနေများနှင့် ချိတ်ဆက်မေးသည့် မေးခွန်းများလည်း မတွေ့ခဲ့ရပေ။ လေ့ လာမှု အားနည်းသည့် အပိုင်းတွင်လည်း ဆိုစရာမရှိ။ လွန်စွာရိုးအပုံရသော ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက စကားတစ်လုံးမျှ မပြောဘဲ သတင်းစာရှင်း လင်းပွဲုပ်သည့်အချိန်မှသာ သတင်းသမားများက မိမိအား အဘိုးနာမည် ဘယ်လိုခေါ်သလဲဟု ခနခန လာမေးကြကြောင်း၊ မေးတိုင်းဖြေနေရ၍ မပြော သေးကြောင်း ယခုမိမိမှာ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဖြစ်ကြောင်း၊ မိမိနာမည်ကို ရေးမှတ်ထားကြစေလိုကြောင်း ပညာသားပါပါဖြင့် ပြောကြားသွား သည်။ သတင်းစာရှင်းလင်းပွဲတွင်လည်း စိတ်ဝင်စားစရာကောင်းလောက်သော မေးခွန်းများ မေးမြန်းသည်ကို မတွေ့ရ။ မေးခွန်း နှစ်ခုသုံးခုသာ စိတ်ဝင်စား လောက်သည့် အခြေအနေရှိသည်။ နိုင်ငံခြားသတင်းထောက်များသည် မြန်မာလို အတော်အသင့် နားလည်ကြပြီး အချို့က ဘာသာပြန်များ ခေါ်လာသည်။ နိုင်ငံခြား သတင်းထောက်အချို့ကမူ ခေါင်းဆောင်များဖြစ်သည့် ဦးအောင်မင်းနှင့် ဦးစိုးသိန်း၊ နော်စီဖိုးရာစိန်နှင့် နော်မေဦးတို့ကို အဓိကထား၍ မေးသွား သည်။ ထိုနိုင်ငံခြားသတင်းထောက်များမှာ K.N.Uအကြောင်း နောကျေအောင် သိပြီးဖြစ်ကြသလို ဦးအောင်မင်း၊ ဦးစိုးသိန်းတို့၏ ရာဇဝင်ကိုလည်း မြန်မာ သတင်းထောက်များထက် ပို၍သိသည်မှာ ပရော်ဖက်ရှင်နယ် စစ်စစ်ဖြစ်ကြောင်း အထင်အရှား ပြနေသလိုပင်။ မေးမြန်းသည့် မေးခွန်းများသည်လည်း ပညာသားပါလှသည်။ မည်သူ့ကို မေးရမည်၊ မည်သည့်ရာထူးဖြစ်သည်ကို နိုင်ငံခြားသတင်းထောက်များ ကောင်းစွာသိပြီးဖြစ်သည်။

မီဒီယာဆိုသည်မှာ ခံစားချက်ကင်းရမည်၊ မည်သည့်ဘက်မှ မယိမ်းရဟု ဆိုနေကြသော်လည်း စိတ်ခံစားမှု၊ အများကြိုက်မှုနှင့် ကျင့်ဝတ်မဆန်မှု တွေ များစွာတွေ့ရသည်။ မီဒီယာသည် တိုင်းပြည်အတွက် မဏ္ဍိုင်ကြီးတစ်ခုဖြစ်၍ နိုင်ငံရေးလုပ်ခြင်း တစ်မျိုးဟု ဆိုနိုင်သော်လည်း အစိုးရကို အတိုက်အခံ လုပ်ရန် မဟုတ်ပေ။ အစိုးရအဖွဲ့ဆိုလျှင် ခပ်နာနာရေးမည်။ အတိုက်အခံဆိုလျှင် မြှောက်ပင့်ရေးမည်၊ အစိုးရကို နာနာဆဲနိုင်လေ သတင်းစာရောင်းကောင်း လေဟူသည့် မှတ်ချက်မျိုးကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးဖြစ်ခဲ့သူ ဦးသန့်က မှတ်ချက်ပြုခဲ့ဖူးသည်။ ယနေ့လည်း ထိုနည်းနှင်နှင်ပင်။ ကြား ဖြတ်ရွေးကောက်ပွဲသတင်းများကို ပြည်သူစိတ်ဝင်တစားရှိ၍ ဝေဝေဆာဆာ ဖော်ကြသည်မှာ သဘာဝကျသော်လည်း အချို့သတင်းများမှာ စေတသိက် တွေပါသည်။ အချို့သတင်းများမှာ ရှုံးနိမ့်သွားသည့် ပြည်ခိုင်ဖြိုးပါတီကို ရိတိတိရေးသည့်၊ သရော်သည့် ပုံစံတွေဖြစ်သည်။ မတော်တဆ ရှုံးမဲမဲသွား၍  တိုင်းပြည်နောက်ကြောင်းပြန်သွားလျှင် အဓိက လက်သည်မှာ မီဒီယာဟု စွပ်စွဲရတော့မည်ဖြစ်သည်။

တိုင်းပြည်တွင် မီဒီယာအပါအဝင် မဏ္ဍိုင်ကြီးလေးခုရှိရာ တစ်ခုချို့ယွင်းနေလျှင် တိုင်းပြည်လည်း ယိုင်နဲ့နဲ့သာဖြစ်နေမည် ဖြစ်သည်။ မီဒီယာမှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးကဲ့သို့ မဟုတ်သော်လည်း ထိုမဏ္ဍိုင်ကြီးသုံးခု တိုးတက်ကောင်းမွန်လာစေရေးအတွက် အဓိက စောင့်ကြည့် စစ်ဆေးသူ အကဲဖြတ်သူဖြစ်သည်။ ထို့ကြောင့် တိုင်းပြည်၏ မဏ္ဍိုင်ကြီးသုံးခု အားကောင်းခိုင်မာရေးသည် မီဒီယာဟူသည့် မဏ္ဍိုင်အပေါ်တွင် များစွာ မူတည်နေသည်။ မီဒီယာမခိုင်လျှင် ထိုမဏ္ဍိုင်ကြီးများလည်း ဆက်လက်ယိုင်နဲ့နဲ့ ဖြစ်နေဦးမည်ဖြစ်ရာ မိမိတို့ မီဒီယာအနေဖြင့် ခိုင်မာသည့် ပရော်ဖက်ရှင် နယ် ပီသသည့် မီဒီယာဖြစ်စေရန် အထူးကြိုးပမ်းရတော့မည်ဖြစ်ပါကြောင်း…………………………………။

*****************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs