Transparency Myanmar

transparency.myanmar@gmail.com

၁.၅.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မြန်မာ့နိုင်ငံရေးတွင် ပြောင်းလဲမှုအမျိုးအစားသည်သာ စိန်ခေါ်မှုဖြစ်သည်

*****************************************

ဆောင်းပါးကဏ္ဍ

မြန်မာ့နိုင်ငံရေးတွင် ပြောင်းလဲမှုအမျိုးအစားသည်သာ စိန်ခေါ်မှုဖြစ်သည်

ရာမက်ရှ်ဆရက်ရှ်သာ (ယူနီဆက်ဖ်မြန်မာ)

(စာရေးသူသည် ယူနီဆက်ဖ်၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ဖြစ်သည်။)

(ခင်အောင်နှင့်ညွန့်ညွန့်ဝင်း ဘာသာပြန်ဆိုသည်။)

 (MYANMAR TIMES အတွဲ (၂၉) ၊ အမှတ် (၅၆၆)  ထုတ်နှုတ် ဖော်ပြသည်)

ကမ္ဘာပေါ်ရှိ မည်သည့်အစိုးရအဖွဲ့မျှ ၎င်းတို့၏ ပြည်သူများ မျှော်လင့်အားထားချက်ကို ပြည့်ဝစွာ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသောကြောင့် မြန်မာနိုင်ငံအဖို့လည်း ဤနေရာတွင် ခြွင်းချက်အဖြစ် မရပ်တည်နိုင်ပေ။ နိုင်ငံအစိုးရအပေါ် ပြည်သူတို့က မျှော်လင့်ချက် ကြီးမားစွာ ထားပေလိမ့်မည်။ ကမ္ဘာ့ နိုင်ငံအများကလည်း 'ယခုထက်ပိုလုပ်ဆောင်ပေးရန်' ဖိအားပေးလိမ့်မည်။ စီးပွားရေးလုပ်ငန်းများလုပ်ခွင့် ပိုမိုလုပ်ကိုင်ရေးအတွက်နှင့် ရင်းနှီး မြှုပ်နှံမှု အခွင့်အလမ်းများ ပိုမိုဖွင့် လှစ်ပေးရန်အတွက်လည်း ဖိအားပေးကြပေလိမ့်မည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးမြင်ကွင်းသည် ပြောင်းလဲနေသည်။ ပြောင်းလဲနှုန်းသည် မသေချာပေ။ လူအချို့အတွက် သိပ်မြန်သည်ဟု ထင်ရပြီး  အခြားသူများအတွက် သိပ်နှေးနေသည်ဟု ထင်ရသည်။ ဖြစ်နေသည့်အနေအထားအရ တစုံတရာ ပြောင်းလဲမှုမရှိသေးပေ။ ပြုပြင်ပြောင်းလဲ မှုများအတွက် ကတိ ပေးထားမှုများသည် စဉ်ဆက်မပြတ် အကြောင်းခံပြီး မိန့်ကြားထားသရွေ့ ပြောင်းလဲမှုနှုန်းသည် သိပ်အရေးမပါသင့်ပေ။ မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုသည် ပြောင်းလဲမှု၏ နှုန်း မဟုတ်ဘဲ စတင်တင်သွင်းသည့် ပြောင်းလဲမှုအမျိုးအစားများသာ ဖြစ်သည်။

ဒီမိုကရေစီရရှိစေရန် အဆိုပါ ပြုပြင်ပြောင်းလဲမှုများ တင်သွင်းလာသောအခါ မြန်မာနိုင်ငံအနေဖြင့် ၎င်း၏ ယဉ်ကျေးမှုဆိုင်ရာဖြင့် ရိုးရာလက္ခဏာ များနှင့် လူမှုရေးတန်ဖိုးထားမှုကို မည်သို့ထိန်းသိမ်းနိုင်မည်နည်း။ ၁၀၀ ကျော်ရှိသော တိုင်းရင်းသားမျိုးနွယ်စုများ၏ ထွေပြားသောယဉ်ကျေးမှု၊ ဘာသာ စကားနှင့် ရိုးရာကိုယ်ပိုင်လက္ခဏာများကို မြန်မာနိုင်ငံအနေဖြင့် ကာကွယ်စောင့်ရှောက်နိုင်မည်လား။ ဝန်ကြီးချုပ်ဟောင်းတစ်ဦးက သမ္မတအဖြစ် ဦးဆောင် သည့် စစ်ဘက်ဆိုင်ရာ အရာရှိဟောင်း အများအပြားပါဝင်သော အရပ်သားအစိုးရသစ်နှင့် မြန်မာနိုင်ငံ၏ ခေတ်ပြိုင်သမိုင်းတွင် ခေတ်အပိုင်း အခြားသစ် စတင်ခဲ့သည်မှာ တစ်နှစ်ရှိပါပြီ။

အစိုးရသစ်က အကြွင်းမဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုသည် လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးရုံးဖြစ်သော လွှတ်တော်သည် တစ်ဦးနှင့်တစ်ဦး၏ ဆုံးဖြတ်ချက်ချမှတ်သည့် ယန္တရားကို ဩဇာမသက်ရောက်ဘဲ မျှော်လင့်သည့်အတိုင်း လည်ပတ်နေပုံရသည်။ ဒီမို ကရေစီသို့ လမ်းပြမြေပုံခုနစ်ဆင့်သည် အမှန်တကယ်တည်ရှိသည်မှာ အထင်အရှားဖြစ်ပြီး စီစဉ်ထားသည့်အတိုင်း အရေးယူ ဆောင်ရွက်ခဲ့သည်။  အစိုးရ ဟောင်း၏ အုပ်ချုပ်မှုနှင့် စီမံ ခန့်ခွဲမှု၏ အားနည်းချက်များအားလုံးကို ကိုင်တွယ်ရန် ပြတ်ပြတ် သားသား ဆုံးဖြတ်ပြီးဖြစ်သည်။

သမ္မတ၏ အဖွင့်မိန့်ခွန်းတွင် ဖော်ပြသည့် ပြည်သူအား တာဝန်ခံသော ဒီမိုကရက်တစ် အုပ်ချုပ်မှုအတွက် ကတိပေးပြီးသော အလုပ်များဖြင့် မြန်မာ နိုင်ငံသည် ကမ္ဘာအနှံ့ ဖွံ့ဖြိုးတိုးတက်ရေး စိန်ခေါ်မှုများကို တဖြည်းဖြည်း ယုံကြည်လက်ခံလာသည်။ မကြာမီ အချိန်မရွေး ပျောက်သွားရန် အလားအလာ မရှိသော အချို့ကိစ္စတွင် သံသယရှိနေဆဲဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြောင်းလဲမှုများ အမှန်တကယ် ဖြစ်ပျက်နေသည်ဆိုသောအချက်ကို နိုင်ငံတကာအသိုင်းအဝိုင်းက ကူးပြောင်းလက်ခံရန်အချိန် ဖြစ်သည်။ ၎င်းကို အပြင်ပန်းအမြင်ဖြင့်သာ ယူရမည်။ လွန်ခဲ့သော ဆယ်စုနှစ်အချို့အတွင်း မည်သည့်နိုင်ငံရေးစနစ်မဆို လူသား ဖွံ့ဖြိုး တိုးတက်ရေး အတွက် အခြေခံအဖြစ် ဒီမိုကရေစီ၊ တစ်ဦးချင်း လွတ်လပ်မှုနှင့် ဈေးကွက်စီးပွားရေးနှင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှုမူဝါဒတွင် ကမ္ဘာတွင် ထူးထူး ကဲကဲ ပြောင်းလဲမှု ကို ရှိခဲ့သည်။

ဒီမိုကရေစီ၏ လွတ်လပ်သောသဘော တရားအသစ်၊ တစ်ဦးချင်းလွတ်လပ်မှုနှင့် လွတ်လပ်သော ဈေးကွက်စီးပွားရေးကို လူသား ရှင်သန်နိုင်ရန် မရှိမဖြစ်သည့် အပြန်အလှန် ဆက်သွယ်သော အသိုင်းအဝိုင်းအဖြစ် ကမ္ဘာအနှံ့ ဖြန့်ဝေပေးခဲ့သည်။

၎င်း၏ ကွန်မြူနစ်ဝါဒကြောင့် ဝေဖန်ခံရဆဲဖြစ်သော တရုတ်နိုင်ငံသည် ယခုအခါ အကြီးဆုံးနိုင်ငံတကာ ဦးဆောင်သူ ဖြစ်ပြီး အဓိက နိုင်ငံပေါင်းစုံ ကုမ္ပဏီအားလုံးနီးပါးတွင် ရှယ်ယာများ ရှိသည်။ တရုတ်ပြည်မှ ကွာလှမ်းသော မလေးရှားနှင့် စင်ကာပူနိုင်ငံတို့သည် အနောက်နိုင်ငံ ဒီမိုကရေစီသဘော တရားနှင့် သိသိသာသာ ကွဲပြားသည့် အုပ်ချုပ်မှုစနစ်ဖြင့် ကြီးပွားတိုး တက်နေသည်။ စီးပွားရေးကြီးပွားတိုးတက်မှု ပြုလုပ်နေစဉ် ဒီမိုကရက်တစ် အခြေခံ သဘောတရားအချို့ကို ဖီဆန်သည့် ဗီယက်နမ်နိုင်ငံသည် အခြားသာဓက ဖြစ်သေးသည်။ အထူးသဖြင့် နိုင်ငံရေး အပြန်အလှန် ဆွေးနွေးမှု၊ ကုန် သွယ်ရေး နှင့် စီးပွားရေးအတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းသို့ မြန်မာနိုင်ငံက တံခါးဖွင့်ပေးရာတွင် အလှူရှင်မြို့တော်များတွင် တန်းစီနေသော မြန်မာ့ကျွမ်းကျင်သူ များ၏ အကြံပေးခံရသော ရင်းနှီးမြှုပ်နှံသူများအား ကျေနပ်စေရန် အကြောင်း ပြချက်နှင့် စိတ်ခိုင်ခိုင် ဆုံးဖြတ်ချက်ယူရန် လိုအပ်သည်။

ဒီမိုကရက်တစ် အုပ်ချုပ်မှုကို စီးပွားရေး ပညာရှင်များ ၏ Big Mac အညွှန်း သို့မဟုတ် မြို့တွင် KFC ကြက်ကင်ဆိုင်များ၊ သို့မဟုတ် starbucks ကော်ဖီဆိုင်များ အရေအတွက် သို့မဟုတ် CocaCola အအေးပုလင်းသွင်း စက်ရုံအရေ အတွက်များနှင့် အကဲဖြတ်ရန် မသင့်ပေ။ သဘာဝ အရင်းအမြစ်များ၊ ပြည်သူများနှင့် ရင်းနှီးမြှုပ်နှံမှုသူများကို တန်းတူရည်တူ ကာကွယ်ပေးသည့် သင့်တော်သော ဥပဒေပြုပတ်ဝန်းကျင်ကို မြန်မာနိုင်ငံက ပထမခြေလှမ်းအနေဖြင့် ဖန်တီးပေးရမည်။

မြန်မာနိုင်ငံက ထုတ်ပေးမည့် ကုန်သွယ်ရေးအတွက် လိုင်စင်တိုင်းတွင် မြန်မာနိုင်ငံ၏ သဘာဝကို ကာကွယ်ရန်၊ ဧရာဝတီမြစ်ကို ညစ်ညမ်းမှုမှ တားဆီးရန်၊ သစ်တောများထဲမှ ဒေသရင်း သစ်ပင်များ၊ တိရစ္ဆာန်များကို ကာကွယ်ရန်နှင့် ပင်လယ်ကမ်းခြေနှင့် ရေနေသတ္တဝါများကို ကာကွယ်ရန် စသည့် ဆုံးရှုံးမှုဆိုင်ရာ နိုင်ငံတကာ ပူးတွဲထိန်းသိမ်းမှုအတွက် အပိုဒ်ငယ်ပါရှိရမည်။  ၎င်းတို့ပျောက်ကွယ်လျှင် အမြဲဖြစ်သွားမည် ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံ အများ အပြားတွင် ၎င်းတို့ကို ဆုံးရှုံးခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ယင်းကိစ္စများကို ထိန်းချုပ်ရန်နှင့် မျှတသော ဆုံးဖြတ်ချက်ချမှတ်ရန်အချိန် ရှိသေးသည်။ ပြည်ပကုမ္ပဏီများနှင့် တွဲဖက်လုပ်မည့် ဒေသခံစီးပွားရေး လုပ်ငန်းရှင်များအပါအဝင် လူတိုင်းသည် အကျိုးအမြတ် မြန်မြန်ရရှိရန် လိုလားကြသဖြင့် အခက်အခဲရှိနိုင်မည်။

အစိုးရသည် ၎င်း၏ အကျင့်ဟောင်းများကို ပြန်သွားရာတွင် ဝေဖန်ခံရမည်မှာ သေချာသည်။ ရေရှည်အကျိုးအတွက် မိမိ၏ စီးပွားရေး တည် ဆောက်၍ မိမိ၏ နိုင်ငံသားများအား ကာကွယ်စောင့် ရှောက်ရန်အတွက် အဆိုပါ ဝေဖန်ချက်ကို အစိုးရအနေဖြင့် သည်းညည်းခံရမည်။ နောင်လာမည့် မျိုးဆက်များအတွက် ရေရှည်အပျက်သဘောဆောင်သော အကျိုးဆက်များမှ မြန်မာနိုင်ငံအား ယခုလက်ခံသည့် လုပ်ဆောင်ချက်များက ကာကွယ်လိမ့် မည် ဖြစ်သည်။

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အစိုးရ၏ ကြိုးပမ်းမှုများကို အများပြည်သူအဖွဲ့ အစည်းများက ဖြည့်ဆည်းပေးသောကြောင့် ၎င်းတို့သည် ဧကန်မုချ အရေးကြီးသည်။ သို့သော် အခြေခံဝန်ဆောင်မှုများကို ပြည်သူများအား စီစဉ်ပေးခြင်းသည် အထူးသဖြင့် ကျန်းမာရေးနှင့်၊ ပညာရေးကိစ္စများနှင့် ပတ်သက်၍ အစိုးရ၏ အဓိကအကျဆုံး တာဝန်ဖြစ်သည်။ လောလောဆယ် ဦးစားပေးကိစ္စအဖြစ် ၎င်း၏ အခြေခံလိုအပ်ချက်များကို မြန်မာနိုင်ငံ အနေဖြင့် သတ်မှတ်ရန် လိုအပ်ပြီ။ အခြေခံပညာရေးမှ အထက်တန်း၊ ၎င်းမှ အဆင့်မြင့်ပညာရေးသို့ အကူးအပြောင်းတွင် ကွာဟချက် ကျယ်ကျယ် ရှိနေ သည်။

အသိပညာအခြေခံသော လူ့အဖွဲ့အစည်းကို ဖန်တီးရန် သမ္မတက မျှော်မှန်းထားသည့်အတိုင်း မြန်မာနိုင်ငံသည် အလယ်အလတ်မှ ရေရှည် စီမံကိန်းအထိ ရှေ့ရေးမျှော်မှန်း၍ လူသားအရင်းအမြစ်စီမံကိန်းများကို ပြင်ဆင်ရန် လိုအပ်သည်။ အနည်းဆုံး အခြေခံပညာရေးအတွက် အခြေခံ အဆောက်အအုံ တည်ရှိသည်။ သို့သော် အထက်တန်းနှင့် အဆင့် မြင့်ပညာရေးအတွက် အခြေခံအဆောက်အအုံကို ၎င်းတို့၏ အရည်အသွေးတိုးတက် ကောင်းမွန်ရန် ရည် ရွယ်၍ များပြား သော ရင်းနှီးမြှုပ်နှံမှုဖြင့် အလေးအနက် ချဲ့ထွင်ရန်လိုအပ်သည်။

ကိုယ်ပိုင်ရိုးရာဓလေ့များ၊ ယဉ်ကျေးမှုနှင့် ဘာသာစကားများဖြင့် မြန်မာနိုင်ငံ၏ တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ စုကို ထိန်းသိမ်းထား ရမည်။ မျိုးနွယ်စု ယဉ်ကျေးမှုနှင့် ပြည်နယ်နယ်နိမိတ်များ သာမက အမျိုးသားဂုဏ်ဆောင်မှု၊ အသိတရား ရှိဖို့လည်း လိုအပ်သည်။ လော လောဆယ် အတိတ်က သမိုင်းသည် အကောင်းဆုံးကို ဖန်တီးနိုင်ခြင်း မရှိသေးပေ။ များမကြာမီက လက်နက်ကြီးများ အပြည့်အ၀ တပ်ဆင်ထားသော တိုင်းရင်းသား လူနည်းစုများနှင့် အပစ် အခတ်ရပ်စဲမှု ရယူ နိုင်ခဲ့ခြင်းသည် စိတ်အားတက်ကြွဖွယ်ရာဖြစ်သည်။

တိုင်းရင်းသားလူနည်းစု အခြေခံသော ခေါင်းဆောင်အဖွဲ့အစည်းများအနေဖြင့် အုပ်စုကွဲပြားအောင်ပြု၍ အုပ်ချုပ်ကွပ်ကဲခြင်းခံရမှုမှ ရှောင်ရှားနိုင် စေရန် - ဒေသဆိုင်ရာ အစိုးရ၊ နိုင်ငံတော်အစိုးရတို့နှင့် လက်တွဲဆောင်ရွက်ရန် လမ်းစဉ်များ ချမှတ်ထားသင့်ပေသည်။ ယခုအချိန်တိုင်မူ အဆိုပါ ဒေသဆိုင်ရာနှင့် နိုင်ငံတော်အစိုးရတို့၏ အုပ်ချုပ်မှုအောက်ရှိ ဒေသများတွင် စီးပွားကုန် သွယ်မှုဆိုင်ရာ လွတ်လပ်မှု သို့မဟုတ် တစ်ဆင့်ခံအုပ်ချုပ်မှုအတွက် အားသွန် လုပ်ဆောင်မှု ပြုနေကြခြင်းဖြစ်သည်။

ပြည်တွင်းနှင့် ပြင်ပမှ ဖျက်မြင်းများ အမြောက်အမြားတည်ရှိနေဆဲ ဖြစ်သည်။ ၎င်းတို့၏ သဘောကွဲလွဲမှုများကို စေ့စပ်ပေါင်းစည်းရန် နိုင်ငံရေး ဆိုင်ရာ စိတ်ဆန္ဒကင်းမဲ့မှု ရှိနေကြသော်လည်း ၎င်းတို့ နိုင်ငံတကာအသိုင်းအဝိုင်းမှ ရရှိနေကြသော ဇွတ်မှိတ် ထောက်ခံအားပေးမှုများ ရပ်တန့်ပစ်ကြရမည် ဖြစ်သည်။  အမျိုးသားပြန်လည် ပေါင်းစည်း သင့်မြတ်ရေး ဟူသည့် မြန်မာ့အနာဂတ် မျိုးဆက်သစ်များအတွက် ဖြစ်သည်။

ဗဟိုချုပ်ကိုင်မှုဖျက်ပယ်ထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို အတည်ပြုပြဋ္ဌာန်းခဲ့ခြင်းသည် တိုင်းဒေသကြီးအဆင့်တွင် သန့်ရှင်း၍ ထင်သာမြင်သာ ရှိသော ကောင်းမွန်ပီပြင်သည့် အုပ်ချုပ်မှုအာဏာကို ချမှတ်ပေးရန် ကောင်းမွန်သော ခြေလှမ်းဖြစ်သည်။ ယင်းအုပ်ချုပ်မှု အာဏာကို ဒေသ ဆိုင်ရာလွှတ်တော်များက နိုင်ငံတော်နှင့် မဲဆန္ဒနယ်မြေများသို့ တာဝန်နှင့် ဝတ္တရားသိစွာဖြင့် အသုံးပြုသွားရမည်ဖြစ်သည်။ ၎င်းပြင် သဘာဝ သယံဇာတများမှ ရရှိသောဘဏ္ဍာငွေကို သက်ဆိုင်ရာ ဒေသအစိုးရအဖွဲ့အစည်းများ၏ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု စီမံချက်များကို အထောက်အကူ ပြုရန်အတွက် မျှတစွာ ခွဲဝေပေးရန်လည်း လိုအပ်ပေသည်။ ဤကဲ့သို့သော ကြွယ်ဝချမ်းသာမှုကို မျှဝေခံစားစေခြင်းသည် တိုင်းဒေသကြီး အစိုးရများနှင့် နိုင်ငံတော် အစိုးရတို့အကြား ယုံကြည်မှု တည်ထောင်ရေးနှင့် မျှတမှုအတွက် လိုအပ်ချက်ဖြစ်သည်။

ကမ္ဘာပေါ်ရှိ မည်သည့်အစိုးရအဖွဲ့မျှ ၎င်းတို့၏ ပြည်သူများ မျှော်လင့်အားထားချက်ကို ပြည့်ဝစွာဖြည့်ဆည်းပေးနိုင်ခြင်း မရှိသောကြောင့် မြန်မာ နိုင်ငံအဖို့လည်း ဤနေရာတွင် ခြွင်းချက်အဖြစ် မရပ်တည်နိုင်ပေ။ နိုင်ငံအစိုးရအပေါ် ပြည်သူတို့က မျှော်လင့်ချက် ကြီးမားစွာထားပေလိမ့်မည်။

ကမ္ဘာ့နိုင်ငံအများကလည်း 'ယခုထက် ပိုလုပ်ဆောင်ပေးရန်' ဖိအားပေးလိမ့်မည်။ စီးပွားရေးလုပ်ငန်းများ လုပ်ခွင့် ပိုမိုလုပ်ကိုင်ရေးအတွက်နှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ပိုမိုဖွင့်လှစ်ပေးရန်အတွက်လည်း ဖိအားပေးကြပေလိမ့်မည်။ ယင်းဖိအားပေးမှုများအတွက် အဆုံးအဖြတ်ပေးမှုများကို သတင်းအချက်အလက် ပြည့်ပြည့်စုံစုံနှင့် ဆင်ခြင်တုံတရား ပြည့်ဝစွာ ပြုလုပ်ရပေလိမ့်မည်။ မှန်ကန်သော ရွေးချယ်မှုနှင့် အဆုံးအဖြတ်ပေးမှုတို့အား ချစ် ခြင်း၊ မုန်းခြင်းစသော အဂတိတရား များနှင့် ဖိအားပေးမှုများက မလွှမ်းမိုးစေရန် အရေးကြီးပေသည်။

ကုန်သွယ်မှုတစ်ခုခု၊ ရင်းနှီးမြှုပ်နှံမှုတစ်ခုခုနှင့် အခြားနိုင်ငံလုံးဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်မှု တစုံတခုပြုရန် အတွက် ထိန်းချုပ်ကွပ်ကဲမှုစည်းမျဉ်း စည်းကမ်းများပြုစုရန်နှင့် စည်းမျဉ်းဥပဒေများ ရေးဆွဲအတည်ပြုရန် အစိုးရအနေဖြင့် လုံလောက်သော အချိန်ယူဖို့ အရေးကြီးပေသည်။ ယခု လောလောဆယ် တစ်မျိုးသားလုံးအတွက် အရေးပါသော ပြဿနာ မှာ စွမ်းအင်ဖြန့်ဝေရေး ဖြစ်သည်။

မြန်မာနိုင်ငံအဖို့ စက်မှုနိုင်ငံအသွင် ပြောင်းလဲရေးနှင့် ပြည်သူတို့၏ နေအိမ်များ အလင်းရရေးအတွက် ကြီးမားသော လျှပ်စစ်စွမ်းအင် ဖြန့်ဝေမှု လိုအပ်ပါသည်။ မြန်မာနိုင်ငံ၏ကြီးမားသော ရေအားလျှပ်စစ် အလားအလာများကို ပြည်တွင်းသုံးစွဲမှု လုံလောက်ရေးနှင့် ပိုလျှံသော စွမ်းအင်တို့ကို အိမ်နီး ချင်းနိုင်ငံများသို့ တင်ပို့ရောင်းချရေးအတွက် မြန်မာနိုင်ငံအနေဖြင့် 'အမျိုးသား စွမ်းအင်ပေါ်လစီ' တစ်ရပ် လိုအပ်ပေသည်။ ယင်းအမျိုးသား ပေါ်လစီ အနေဖြင့် သင့်တော်သော သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းမှုဆိုင်ရာ တိုင်းတာချိန်ဆမှုများ သေချာအောင် လုပ်ဆောင်ကြောင်းနှင့် ပတ်ဝန်းကျင် ညစ် ညမ်းမှု လျော့နည်းအောင် လုပ်ဆောင်မှုများ ထည့်သွင်းအသုံးချကြောင်း သေချာစေရန် လုပ်ဆောင်ရမည်ဖြစ်သည်။ ကြီးမားသော စီမံကိန်းတစ်ရပ်ကို လုပ် ဆောင်ရာတွင် မိမိတို့နေရပ်များမှ ပြောင်းရွှေ့ပေးရမည့် ပြည်သူလူထုအား သင့်တော်သော လျော်ကြေးပေးမှု အစီအစဉ်များ ပါဝင်ရမည်လည်း ဖြစ်ပါသည်။  ၎င်းတို့သည် မှန်ကန်သော တွေးတောဆင်ခြင်မှု ပြုရမည့် ပြဿနာများဖြစ်ပြီး ယင်းအစီအစဉ်များကို မြန်မာ့အနာဂတ်ကို စောင့်ကြပ် ထိန်းသိမ်းသူများဖြစ်သည့် ဗျူရိုကရက်အရာရှိများနှင့် နည်းပညာကျွမ်းကျင်သူများက ထည့်သွင်းစဉ်းစားနေကြပြီး ဖြစ်သည်ဟု ကျွန်တော် ယုံကြည်ပါသည်။ စွမ်း အင်ပေါ်လစီ ကို အကောင်အထည်ဖော်ရာတွင် သဘာဝပတ်ဝန်းကျင် စောင့်ကြပ်ရေးသမားများ ဆန့်ကျင်ကြမည်သာ ဖြစ်သည်။ 'အပူစွမ်းအင်' အသုံးချနိုင်ရန် လုပ်ဆောင်မှုသည် စရိတ်ကြီးမားလှပြီး လေထုကိုညစ်ညမ်းစေသည်။

များမကြာမီက တွေ့ရှိချက်များအရ ဒီမိုကရေစီကို လွတ်လပ်သောကုန်သွယ်မှုနှင့် ဈေးကွက်စီးပွားရေးတို့နှင့် ပူးတွဲ တည်ထောင်သည့် အယူအဆသည် တစ်ဦးချင်းလွတ်လပ်ခွင့် မညီမျှမှုနှင့် စီးပွားရေး ဝေါဟာရသုံး 'အသန်စွမ်းဆုံး တို့သာ အသက်ရှင်ကျန်ရစ်မည်' ဟူသောအချက်များကို ရှင်သန်စေကြောင်း တွေ့ရှိရသည်။ ဂရိ၊ အိုင်ယာလန်နှင့် အိုင်စလန်နိုင်ငံတို့ တွေ့ကြုံခဲ့ကြသော ပြဿနာများသည် ခေတ်သစ်စီးပွားရေးစနစ်ကို လွတ်လပ် သော ကုန်သွယ်မှုနှင့် ဒီမိုကရေစီတို့နှင့် ပေါင်းစပ်ထားရာမှ ပေါက်ပေါက်လာသော ထင်ရှားသော သာဓကများ ဖြစ်သည်။ ဒီမိုကရေစီ စင်မြင့်ပေါ်သို့ အသစ် စက်စက်ရောက်ရှိလာသည့် မြန်မာနိုင်ငံအဖို့မှာမူ ဒီမိုကရေစီအကြောင်း သင်ကြားပြသနေသော ဆရာကြီးများနှင့် လွတ်လပ်သော ဈေးကွက်စီးပွားရေး လက်သစ်ဆရာကြီးများ၏ ဩဝါဒများကို တစ်သွေမတိမ်း လိုက်နာခြင်းအားဖြင့် တွေ့ကြုံရမည့် အမှားများကို ယခင်လူများနောက်သို့ လိုက်၍မမှားမိရန် သာဓကမြောက်မြားစွာမှ ရှောင်ရှားနိုင်ပေလိမ့်မည်။

မြန်မာနိုင်ငံသည် နိုင်ငံရပ်ခြားမှ ကူညီထောက်ပံ့မှုများကို အနည်းပါးဆုံး ခံစားရရှိသည့်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံသည် ဤရာစုခေတ် ခြောက် ခေတ်လုံးသောကာလတွင် နိုင်ငံခြားကူညီ ထောက်ပံ့မှုအနည်းဆုံးဖြင့် ရပ်တည်ရှင်သန်ခဲ့သော နိုင်ငံဖြစ်သည်။ သို့သော် အခက်အခဲမရှိခြင်း မဟုတ်သော် ငြား စီးပွားရေးအခြေအနေချင်း တူညီသော၊ ဒေါ်လာ ဘီလျံ ပေါင်းများစွာ ကူညီထောက်ပံ့ ရင်းနှီးမြှုပ်နှံခံခဲ့ရသော အခြား မျက်နှာသာအရဆုံး အာရှနှင့် အာဖရိက နိုင်ငံများနှင့်စာလျှင် မြန်မာနိုင်ငံ၏ အခြေခံအဆောက် အအုံများနှင့် လူမှုရေးအခြေပြ အချက်အလက်များသည် ကောင်းမွန်သည့် အနေအထား ရှိနေဆဲ ဖြစ်ကြောင်း တွေ့ရှိရပေလိမ့်မည်။

မြန်မာနိုင်ငံသည် နိုင်ငံရေးနှင့်စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို စတင်အကောင်အထည်ဖော်နေပြီဖြစ်ရာ ခေါင်းဆောင်များသည် အဆိုပါ ပြောင်းလဲမှုများ၏ မလိုအပ်သော ထိခိုက်နစ်နာစေမှုများလည်း ပေါ်ပေါက်လာမည်ဖြစ်ရာ ၎င်းတို့၏ ထိခိုက်နစ်နာစေမှုများ ပျော့ပျောင်း သက်သာစေရန် ထိန်းသိမ်းမှု စည်းကမ်းနည်းလမ်းများ ကြို၍လုပ်ဆောင်ထားကြောင်း သေချာစေရပေလိမ့်မည်။ ယင်း စည်းကမ်းနည်းလမ်းများက အချို့သော နိုင်ငံရပ်ခြား အစိုးရအဖွဲ့များနှင့် အတိုက်အခံအုပ်စုတို့အား မကျေမချမ်းဖြစ်စေမည် မှန်သော်လည်း ယင်းသည် ပြုပြင် ပြောင်းလဲမှုများအတွက် မြန်မာက ပေးဆပ်ရမည့်အရာများသာ ဖြစ်ပါသည်။

လက်သစ် လွတ်လပ်သော စီးပွားရေးဝါဒီများက လွတ်လပ်စွာ ရွေးချယ်ခွင့်ကို အကြောင်းပြုပြီး လိုသည်ထက်ပိုသော ရွေးချယ်မှုကိုပြုရန် အကြံ ဉာဏ်ပေးကောင်း ပေးပေလိမ့်မည်။ မြန်မာနိုင်ငံသည် အပြိုင်အဆိုင် ဝယ်ယူလိုကြသည့် ဝယ်လက်နိုင်ငံများ များပြားသည့် သဘာဝသယံဇာတများ ပေါများ ကြွယ်ဝသော ကိုယ့်ကိုယ့်ကိုယ် အားကိုးနိုင်သည့်နိုင်ငံ ဖြစ်ပြီး မြန်မာနိုင်ငံ၏ တံခါးဝသို့ မိမိတို့ထုတ်ကုန်များ ရောင်းချလိုသည့်နိုင်ငံများ မလွဲမသွေ ရောက်ရှိလာကြပေလိမ့်မည်။

မြန်မာနိုင်ငံသည် ၎င်း၏ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးမှုအတွက်နှင့် ပြည်သူလူထုအား အကျိုးပြုနိုင်ရေးအတွက် နည်းပညာဆိုင်ရာ လုပ်နည်း ကိုင်နည်းများနှင့် အဆင့်မြင့် နည်းပညာ စက်ပစ္စည်းများ လိုအပ်ပေသည်။ မြန်မာနိုင်ငံသည် ကြီးပွား တိုးတက်ရေးအတွက် အသုံးထက် အဖြုန်းကို အားပေးသော 'များများသုံး၊ များများထုတ်၊ များများ ရောင်း' အယူအဆ ထောင်ချောက်တွင်းသို့ မကျရောက်ရန် အရေးကြီးပေသည်။ ယင်းသို့ မကျရောက် စေရန် မြန်မာ့သဘာဝဝန်းကျင်နှင့် သစ်တောများအား စောင့်ကြပ်ထိန်းသိမ်းရေး၊ မြန်မာ့စီးပွား ကုန်သွယ်ရေးအား စောင့်ကြပ်ထိန်း သိမ်းရေး၊ မြန်မာ့ ရိုးသားဖြောင့်မတ်မှုကို မပျက်ပြားအောင် ထိန်းသိမ်းစောင့်ရှောက်မှုတို့ လိုအပ်ပေသည်။ ဤ အကြောင်းခြင်းရာများ ရရှိရန် အချိန်ပေးရန် လိုအပ်ပြီး ဖြတ်လမ်းလိုက်၍ မရပေ။ ပြည်တွင်းကုမ္ပဏီများ ဆုံးရှုံးပျက်စီးခြင်း မရှိအောင် အကာအကွယ်ပေးခြင်းနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ သဘာဝဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ခြင်း သည် လွတ်လပ်သော ကုန်သွယ်မှု လုပ်ငန်းများ တွင် ပါဝင်ခြင်းမရှိပေ။

လွတ်လွတ်လပ်လပ် ရောင်းဝယ်မှုပြုသော စီးပွားရေးအယူအဆရှိသည့် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံသည် ၎င်း၏ သဘာဝသယံဇာတများအား ရောင်း ချပြီး အပြန်အလှန်အားဖြင့် ကုန်ချောများ နိုင်ငံခြားတိုင်းပြည်တစ်ခုမှ တင်သွင်းခြင်းသည် မြန်မာလို နိုင်ငံတစ်နိုင်ငံအဖို့ ဘေးအန္တရာယ် ကြီးမား လှပေသည်။ မြန်မာနိုင်ငံက ၎င်း၏စီးပွားရေးကို လွတ်လပ်စွာ လုပ်ဆောင်ခွင့်ပြုသည်နှင့်အမျှ ၎င်း၏ အာရုံစူးစိုက်မှုသည် အလုပ်အကိုင်ဖန်တီးရေးနှင့် ညီညွတ်မျှတမှု ရှိသော ကုန်သွယ်ရေးတို့အပေါ်တွင် ဖြစ်စေရမည်။

အလုပ်အကိုင် ဖန်တီးရေးသည် အလယ်အလတ်နှင့် အဆင့်မြင့်တန်ဖိုးရှိသော ထုတ်ကုန်များထုတ်လုပ်မှုကို ပြည်တွင်းနှင့် ပြည်ပဈေးကွက် အတွက် ရည်ရွယ်ထုတ်လုပ်မှုများ ဖြစ်စေရမည်ဖြစ်ပြီး ငယ်ရွယ်သူဆယ်ကျော်သက် လုပ်သားများကို ခေါင်းပုံဖြတ်စားသည့် နဖူးကချွေး ခြေမကျအောင် ခိုင်းစေသည့်လုပ်ငန်းများ ပေါ်ပေါက်ရေး ဦးစားပေးမှု မဖြစ် စေရပေ။ တရုတ်ပြည်တွင် လုပ်အားခများ တိုးမြှင့်လျက်ရှိရာ မြန်မာနိုင်ငံသည် လုပ်ခဈေးပေါ ပေါရသည့် လုပ်သားဈေး ကွက်သစ်ဖြစ်လာရန် အလားအလာ ရှိနေပြီး နိုင်ငံအများအပြားတွင် ခွ၍ လုပ်ငန်းလုပ်သော မဟာကုမ္ပဏီကြီးများအဖို့ အမြတ် အစွန်း မာဂျင်များပြားစွာ ကျန်သည့် ပစ်မှတ်နိုင်ငံ ဖြစ်လာနိုင်ပေသည်။

မြန်မာနိုင်ငံအနေဖြင့် ယင်း အဖြစ်မျိုးသို့ မည်သည့်အခါမျှ ကျရောက် မခံသင့်ပေ။ အနှစ်ချုပ်ကို ပြောရပါမူ မြန်မာနိုင်ငံအနေဖြင့် မိမိနှင့် သင့် တော်သည့် ခြေလှမ်းဖြင့် လှမ်းလျှောက်ပြီး မိမိနိုင်ငံအတွင်းရှိ ပြည်သူသန်းပေါင်း ၆၀ ၏ ကောင်းစားရေးကို ဦးထိပ်ပန်ဆင်လုပ်ဆောင်ရန် ဖြစ်သည်။ မြန်မာရွှေနိုင်ငံ၏ ကာလကြာရှည်စွာ သီးပွင့်ခံစားရမည့် စီးပွားရေး တိုးတက်မှုနှင့် နိုင်ငံရေးတည်ငြိမ်မှုကို လတ်တလော အကျိုးခံစားရမှုနှင့် အစားထိုးလဲလှယ်မှု မပြုရန် အရေးကြီးလှပေသည်။

*****************************************

 

Document Attached: yangonchronicle2011 Op-Ed
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle2011
yangonchronicle2011

၁. ၅.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ကော့သောင်းပြည်သူအချို့မှ သမ္မတထံသို့ အသနားခံစာတစ်စောင် ပေးပို့
  1. ပြည်ပပို့ကုန်ရငွေအပေါ်မှ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းဖြတ်တောက်မှုအား ပယ်ဖျက်
  2. The Voice ၏အမှုအား သတင်းလိုက်သည့် သတင်းထောက်တစ်ဦး ခေါ်ယူသတိပေးခံရ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ကုလ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းမှ ဒေါ်အောင်ဆန်းစုကြည်အား UNသို့ လာရောက်ရန် ဖိတ်ခေါ်
  1. နေပြည်တော်၌ ဗြိတိန် သံတမန်ဆက်ဆံရေးရုံးဖွင့်လှစ်မည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

ကော့သောင်းပြည်သူအချို့မှ သမ္မတထံသို့ အသနားခံစာတစ်စောင် ပေးပို့

ကော့သောင်းမြို့ရှိ ကော့သောင်းကျောက်မီးသွေးဓါတ်အားပေးစက်ရုံအား လူနေရပ်ကွက်များအနီး၌ ဆောက်လုပ်ထားခြင်းကြောင့် ယင်းပတ် ဝန်းကျင်တွင် နေထိုင်နေသည့် ပြည်သူအချို့မှ ယင်းကျောက်မီးသွေး ဓါတ်အားပေးစက်ရုံအား လူနေရပ်ကွက်နှင့် ဝေးရာသို့ ပြောင်းရွှေ့ပေးပါရန် ဆိုသည့် အသနားခံစာ တစ်စောင်အား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ တင်ပြထားကြောင်း ယင်းကိစ္စရပ်အား လုပ်ဆောင်ပေးသူတစ်ဦး၏ ပြောပြချက်အရ သိရ သည်။

“ကျောက်မီးသွေးစက်ရုံက ကျွန်တော်တို့ နေတဲ့နေရာနဲ့ဆို ၁၀ပေလောက်ပဲ ဝေးတာ။ ကြားထဲမှာက ရေမြောင်းတစ်ခုခြားတယ်။ ပြီးတော့ သူတို့ ဆီကထွက်တဲ့ မီးခိုးတွေ၊ ပြာတွေက တော်တော်ဆိုးတယ်။ ကြာရင် ရောဂါရနိုင်တယ်”ဟု ၎င်းမှ ပြောသည်။

ထို့ပြင် ကော့သောင်းမြို့နယ်ပြည်သူများမှ အဓိကသောက်သုံးနေသည့် ယင်းဝါရေလှောင်တမံထဲသို့လည်း ယင်းစက်ရုံမှ ရေအညစ်အညမ်းများ ဆီးဝင်မှုရှိနေသောကြောင့် ပြည်သူများအတွက် အန္တရာယ်ဖြစ်နိုင်ကြောင်းနှင့် ယင်းစက်ရုံအား လူနေအိမ်များနှင့် ဝေးသည့် ၁၀မိုင်အကွာအဝေးသို့ ပြောင်း ပေးပါကြောင်းကိုလည်း ယင်းစာထဲတွင် ဖော်ပြပါရှိသည်။

ထိုကျောက်မီးသွေးဓါတ်အားပေးစက်ရုံသည် ယခင်အချိန်က ထိုင်းနိုင်ငံတွင် တည်ဆောက်ထားပြီး ထိုင်းပြည်သူများ ကန့်ကွက်သောကြောင့် မလည်ပတ်သောစက်ရုံတစ်ခုဖြစ်ပြီး ယခုတွင် သန်းဖြိုးသူကုမ္ပဏီမှ ဝယ်ယူ၍ ယင်းကဲ့သို့ တည်ဆောက်ထားခြင်းဖြစ်ကြောင်းကိုလည်း ယင်းစာထဲတွင် ထည့်သွင်းရေးသားထားသည်။

ထို့နောက် ယင်းစာထဲတွင်လည်း ကော့သောင်းမြို့နယ်မှ မီတာခဈေးနှုန်းသည် တစ်ယူနစ်လျှင် ကျပ် ၄၃၀ ပေးရသည့်အချိန်တွင် ယင်းဓါတ်အား ပေးစက်ရုံသည် မီတာခဈေးနှုန်းအား ထိုကဲ့သို့ ကျသင့်ခနှုန်းမှ တစ်ဝက်သာ ပေးဆောင်ရခြင်းကြောင့် ပြည်သူများမှ ဝမ်းမြောက်ဝမ်းသာဖြစ်သော်လည်း ယခုလိုမျိုး မြို့နှင့်နီးသည့်နေရာတွင် လာရောက်ဆောက်လုပ်ထားသောကြောင့် ပါတ်ဝန်းကျင်ညစ်ညမ်းမှုများဖြစ်ပေါ်လာပြီး နာတာရှည်ရောဂါများ ဖြစ်ပွား နိုင်ကြောင်းကိုလည်း ယင်းမြို့နယ်ရှိ ပြည်သူများအနေဖြင့် ထိတ်လန့်မှုများ ဖြစ်ပေါ်နေကြောင်းကိုလည်း ယင်းစာထဲတွင် ထည့်သွင်းဖော်ပြထားခြင်းမှ သိရှိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

ပြည်ပပို့ကုန်ရငွေအပေါ်မှ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းဖြတ်တောက်မှုအား ပယ်ဖျက်

မြန်မာနိုင်ငံအတွင်း ပြည်ပပို့ကုန်ရငွေအပေါ်မှ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ဖြတ်တောက်နေမှုများကို ၂၀၁၂ မေလ ၁ ရက်နေ့မှ စတင်၍ ပယ်ဖျက် လိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗပိာုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်၊ မြန်မာရင်းနှီးမြှုပ်နှံမှုဘဏ်နဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ်တွေက နိုင်ငံခြားငွေစာရင်းမှာရှိတဲ့ ဒေါ်လာတွေကို ပြည်ပပို့ကုန်ရငွေအဖြစ် သတ်မှတ်လိုက်ပါတယ်။ ဒီပြည်ပပို့ကုန်ရငွေအပေါ်မှာ အရင်က ဖြတ်တောက်လေ့ရှိတဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို မေလ ၁ ရက်နေ့ ကစပြီးတော့ ပယ်ဖျက်လိုက်တာပါ”ပာု အထက်ပါပုဂ္ဂိုလ်ကဆက်လက်ဆိုသည်။

မြန်မာနိုင်ငံတော် ဗပိာုဘဏ်အနေဖြင့် ပြည်တွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းထားများ တည်ငြိမ်နိုင်စေရန် မှောင်ခို နိုင်ငံခြားငွေလဲလှယ်ဈေးကွက် ပပျောက်သွားနိုင်စေရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ယခင် နိုင်ငံခြားငွေလဲလှယ်နှုန်း အထူးထုတ်ယူခွင့် (SDR) တစ်ယူနစ်လျှင် ၈ ဒဿမ ၅၀၈၄၇ ဖြင့် ချိတ်ဆက် ဆောင်ရွက်သည့်စနစ်မှ ၂၀၁၂ ဧပြီ ၂ ရက်နေ့မှစတင်၍ ထိန်းကျောင်းမှုရှိသည့် နှုန်းရှင်ငွေလဲလှယ်နှုန်းစနစ် (Managed Floating Exchange Rate Regime) စနစ်သို့ စတင်ပြောင်းလဲကျင့်သုံးခဲ့ကြောင်း သိရသည်။

“အခုလို မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေလဲလှယ်နှုန်း စနစ်တွေကို တည်ငြိမ်စေနိုင်ဖို့ ပြောင်းလဲပေးနေတဲ့အတွက် လုပ်ငန်းရှင်တွေအတွက် တော် တော်ကို အဆင်ပြေလာပါတယ်။ ခုဆို ပြည်ပပို့ကုန်ကဏ္ဍ မြင့်တက်လာဖို့ရအတွက် ပို့ကုန်ရငွေအပေါ်မှာ အရင်ကဖြတ်တောက်လေ့ရှိတဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကိုပါ ပယ်ဖျက်ပေးလိုက်ပြီဆိုတော့ လုပ်ငန်းရှင်တွေအနေနဲ့လည်း ပြည်ပကို ပို့ကုန်များများပို့ပြီး မြန်မာနိုင်ငံရဲ့ GDP တက်လာဖို့အတွက် စတင် လုပ်ဆောင်သင့်နေပါပြီ”ပာု မြန်မာ့စီးပွားရေးလေ့လာနေသူတစ်ဦးက ဆိုသည်။

ထို့ပြင် မကြာသေးမီကာလအတွင်းက ၁၉၄၇ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်အက်ဥပဒေကို ဖျက်သိမ်းခဲ့ပြီး မြန်မာနိုင်ငံအ တွင်း နိုင်ငံခြားငွေတရားဝင်ကိုင်ဆောင်ခွင့်ပြုပေးခဲ့သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

The Voice ၏အမှုအား သတင်းလိုက်သည့် သတင်းထောက်တစ်ဦး ခေါ်ယူသတိပေးခံရ

The Voice Weekly နှင့် လည်/ဆည် ဝန်ကြီးဌာန ၏ သတင်းအမှုလိုက်သည့် Weekly Eleven မှ သတင်းထောက် ကိုဇင်ကိုလွင်အား ဒဂုံမြို့ နယ်တရားသူကြီးနှင့် တွဲဖက်မြို့နယ်တရားသူကြီးတို့မှ ခေါ်ယူတွေ့ဆုံ၍ သတိပေးစကားပြောကြားခဲ့ပြီး ရိုက်ကူးထားသည့် ဓာတ်ပုံများကို ဖျက်ခိုင်းခဲ့ ကြောင်း သိရသည်။

“ကျွန်တော်က The Voice ဂျာနယ်အမှုရုံးချိန်းကို သတင်းသွားယူခဲ့ပါတယ်။ အမှုစစ်ဆေးတာကိုလည်း နားထောင်ခဲ့ပါတယ်။ အမှုစစ်ဆေးပြီး တော့မှ တရားရုံးအပြင်ဘက်ကို ထွက်ခဲ့ပါတယ်။ ပြီးတော့ တရားလိုနဲ့ တရားလိုသက်သေတွေကို တရားရုံးခြံဝင်းအပြင် ပလက်ဖောင်းပေါ်က ဓာတ်ပုံရိုက်ခဲ့ တာပါ။ နောက်တော့ တရားသူကြီးတွေရောက်လာပြီး တရားရုံးမှာ ဓာတ်ပုံရိုက်တာတွေပာာ ဥပဒေနှင့်မညီဘူးဆိုပြီး ဓာတ်ပုံတွေကို ပြန်ဖျက်ပေးဖို့ ပြောပါတယ်။ ကျွန်တော်က တရားရုံးအပြင်ဘက်က ရိုက်ခဲ့တာလို့ ပြန်ပြောခဲ့ပါတယ်။ ဓာတ်ပုံတွေပြပါလို့ ပြောတဲ့အတွက် ဓာတ်ပုံတွေပြလိုက်ပါတယ်။ အဲဒီ အခါ တရားရုံးနောက်ခံတွေ ပါနေတဲ့အတွက် ဥပဒေနဲ့ ငြိစွန်းတယ်ဆိုပြီး ပုံတွေဖျက်ပေးပါလို့ ထပ်ပြောလို့ ဖျက်ပေးခဲ့ပါတယ်။ The Voice ဂျာနယ်ဘက်က အမှုလိုက်ပါဆောင်ရွက်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးဝင်းရွှေကို သိချင်တာတွေ မေးနေတဲ့အချိန်မှာ တရားရုံးက တစ်ယောက်လာပြီး တရားသူကြီးနဲ့ တွေ့ဖို့ ခေါ်ပါတယ်။ တရားရုံးပေါ်မှာ တရားသူကြီးနဲ့ ထပ်တွေ့ခဲ့ပါတယ်။ တရားသူကြီးက စစ်ဆေးဆဲအမှုကို ဓာတ်ပုံရိုက်ခွင့် မရှိဘူး။ သတင်းတောင်ရေး ခွင့်မရှိဘူး။ စီရင်ချက်ချပြီးရင်တောင် ခွင့်ပြုချက်မရှိဘဲ ရေးခွင့်မရှိဘူးလို့ ပြောပါတယ်။ ဓာတ်ပုံရိုက်ရင် ခွင့်တောင်းရမယ်။ တရားရုံးတွေကို ဓာတ်ပုံရိုက်ခွင့် မရှိဘူးလို့လည်း ပြောပါတယ်”ပာု သတင်းထောက် ကိုဇင်ဘိုလွင်က ပြောကြားခဲ့ကြောင်း အပတ်စဉ်ထုတ် Weekly Journals တွင် ဖော်ပြခဲ့သည်။

ယင်းကိစ္စရပ်နှင့် ပတ်သက်၍ သတင်းမီဒီယာတစ်ခုမှ အယ်ဒီတာတစ်ဦးက “ဥပဒေကို ချိုးဖောက်နေတာပာာ သတင်းထောက်တွေ မပာုတ်ပါဘူး။ တရားသူကြီးတွေကိုယ်တိုင် ဖြစ်နေပါတယ်။ တရားရုံးကို ဓာတ်ပုံရိုက်ခွင့်မရှိဘူး။ သတင်းရေးခွင့်မရှိဘူးဆိုတာ ဘယ်ဥပဒေ ပြဋ္ဌာန်းချက်တွေမှာမှ မပါဝင်ပါ ဘူး။ မှန်ကန်တဲ့သူတွေဆိုရင်တော့ ဒီကိစ္စအပေါ်ကို ဘာမှဖြစ်နေမှာ မပာုတ်ပါဘူး။ ခုလို ဖိအားပေး ဓာတ်ပုံဖျက်ခိုင်းတဲ့ ကိစ္စကတော့ တော်တော်ကို အကျဉ်းတန်ပါတယ်။ ဒီမိုကရေစီလမ်းကို လျှောက်ပြီဆိုရင်တော့ မီဒီယာလွတ်လပ်ခွင့်တွေလည်း လိုအပ်ပါတယ်”ပာု ပြောကြားခဲ့သည်။

ပြည်တွင်း အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင်ဖြစ်သည့် The Voice Weekly ဂျာနယ်၏ အတွဲ(၈)၊ အမှတ်(၁၃)တွင် ပါရှိသော “ဝန်ကြီးဌာန အချို့ ၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ”ခေါင်းစီးပါ သတင်းရေးသားချက်တွင် သတ္တုတွင်းဝန်ကြီးဌာနနှင့် ပတ်သက်၍ မမှန်မကန် သတင်းဖော်ပြခဲ့သည်ပာုဆိုကာ သတ္တုတွင်းဝန်ကြီးဌာနမှ တရားစွဲဆိုရန် ပြင်ဆင်လျက်ရှိကြောင်း နိုင်ငံပိုင်သတင်းစာများမှ ကြေညာခဲ့သည်။

Ref:Weekly Eleven

 *****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ကုလ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းမှ ဒေါ်အောင်ဆန်းစုကြည်အား UNသို့ လာရောက်ရန် ဖိတ်ခေါ်

မေလ ၁ရက်နေ့ မနက် ၁၀နာရီခွဲတွင် ကုလသမဂ္ဂမှ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် တက္ကသိုလ်ရိပ်သာလမ်းရှိ ၎င်း၏နေအိမ်၌ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ပြီး မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုနှင့်ပတ် သက်၍ ထည့်သွင်းဆွေးနွေးကြကြောင်း သတင်းရရှိသည်။

ယင်းသို့ တွေ့ဆုံမှုတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ကျေနပ်အားရမှုရှိကြောင်း၊ နိုင်ငံတကာမှ ရင်းနှီးမြှပ်နှံ ရန် စိတ်ဝင်စားကြပြီး ကုလသမဂ္ဂမှ ကူညီပံ့ပိုးမှုများ ဆက်လက်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေမှာ တိုးတက်လာ ဖွယ်ရှိကြောင်း ၎င်းတို့နှစ်ဦး တွေ့ဆုံမှုအပြီးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြော ကြားသည်။

ထို့ပြင် ၎င်းတို့သည် တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး ဘန်ကီမွန်းမှ UNသို့ လာရောက်ရန် ဖိတ်ခေါ်မှုအား ဒေါ်အောင် ဆန်းစုကြည်မှ ယင်းကိစ္စနှင့် ပတ်သက်၍ အစီအစဉ်ရှိသော်လည်း မည်သည့်အချိန်တွင် လာရောက်ရမည်ကို မဆုံးဖြတ်ရသေးသောကြောင့် လာရောက်ခဲ့ ပါက အကြောင်းပြန်မည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

ထို့နောက် NLDပါတီမှ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၄၃ဦးတို့သည် မေလ ၂ရက်နေ့တွင် လွှတ်တော်အစည်း အဝေးသို့ တက်ရောက်ခြင်းနှင့် ပတ်သက်၍ ချီးကျူးသွားပြီး မေလ ၁ရက်နေ့ နေ့လည် ၃နာရီတွင် White Rice Restaurant တွင် မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ခုအား ထပ်မံပြုလုပ်သွားမည်ဟုလည်း သိရသည်။  

ATM

 -----------------------------------------------------------------------------------------------------------------------------------

နေပြည်တော်၌ ဗြိတိန် သံတမန်ဆက်ဆံရေးရုံးဖွင့်လှစ်မည်

မြန်မာနှင့် ဗြိတိန် နှစ်နိုင်ငံ ဆက်ဆံမှုများ ယခုထက်ပို၍ အရှိန်အပာုန်မြှင့် ဆောင်ရွက်သွားနိုင်စေရန် နေပြည်တော်၌ ဗြိတိန်သံတမန် ဆက်ဆံရေး ရုံးများ ထပ်မံ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလျံပိာတ်၏ မြန်မာနိုင်ငံခရီးစဉ်တွင် ပြောကြားခဲ့သည်။

ယခုကဲ့သို့ နေပြည်တော်၌ ဗြိတိန်သံတမန်ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်ရခြင်းမှာ ရန်ကုန်ရှိ ဗြိတိန်သံရုံး၏ လုပ်ငန်းဆောင် တာများကို အင်အားဖြည့်တင်းရန်နှင့် မြန်မာပြည်သူများအပါအဝင် အစိုးရနှင့် ထိတွေ့ဆက်ဆံမှုများ အရှိန်အပာုန်မြှင့် ဆောင်ရွက်သွားနိုင်ရန်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် ဗြိတိန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် အတားအဆီးတစ်ခုဖြစ်သည့် ကုန်သွယ်ရေး အားမပေး သည့် မူဝါဒကို ပြန်လည်ရုတ်သိမ်းပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ဗြိတိန်နိုင်ငံ နှစ်နိုင်ငံ စီးပွားရေးကုန်သွယ်မှုများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

“ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် သေသေချာချာ စဉ်းစားဆုံးဖြတ်ပြီးတဲ့အခါမှာတော့ မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေးလုပ်ဖို့ အားမပေးတဲ့ ကျွန်တော်တို့ရဲ့ မူဝါဒကို ရုတ်သိမ်းသွားမှာဖြစ်ပါတယ်”ပာု ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ပြောကြားခဲ့သည်။

“အခုလို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ဗြိတိန်နိုင်ငံအနေနဲ့ နေပြည်တော်မှာ  စီးပွားရေး တိုးမြှင့်ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ အတွက်  ဗြိတိန်သံတမန်ဆက်ဆံရေးရုံးတွင် လာရောက်ဖွင့်လှစ်တာကို ကြိုဆိုပါတယ်။ မြန်မာအစိုးရအနေနဲ့လည်း နောက်ပြန်မလှည့်ဘဲ ပြုပြင်ပြောင်းလဲ မှုတွေကို ဆက်လုပ်နေမယ်ဆိုရင်မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီပန်းတိုင်ပာာ မဝေးတော့ပါဘူး”ပာု မြန်မာ့အရေးလေ့ လာနေသူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အတွက် ပြည်တွင်းသို့ နိုင်ငံတကာ၏ စီးပွားရေးရင်းနှီးမှုများ တရှိန်ထိုးဝင်ရောက်လာသည့်အပြင် မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့ အရေုးယူမှုများ ပြုလုပ်ထားသည့် အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ ဖြေလျော့မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

YC

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီးဖြေရှင်းဖို့ ဖော်ထုတ်ဖို့အတွက် အဖွဲ့တစ်ဖွဲ့ လိုနေပါပြီ။ တရားရေးရာနဲ့ ပတ်သက်တာတွေကိုလည်း အခုလွှတ်တော်မှာ ဥပဒေအဟောင်းတွေကို ပြန်လည်သုံးသပ်ပြီး ပြင်သင့်တာတွေပြင်၊ ဖျက်သင့်တာတွေ ဖျက်ရပါတော့မယ်။ ဒါမှ ပြည်သူတွေ ကိုယ့်ကိုယ်ကိုယ် လုံခြုံတယ် လို့ ထင်လာကြမှာပါ”

ဧပြီ ၃၀ ထုတ် The Messenger အတွဲ (၂) အမှတ် (၄၉) တွင်ပါသည့် “အနာဂတ်တွင် အုပ်ချုပ်ရေးမဏ္ဍိုင်လွှမ်းမိုးသော တရားစီရင်ရေးစနစ် မရှိတော့ဟု ဆို’ သတင်းမှ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကို၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“လွှတ်တော်အစည်းအဝေးဆိုတာက တိုင်းပြည်နဲ့ ပြည်သူတွေအတွက် ရည်ရွယ်ကျင်းပတာ ဖြစ်တဲ့အတွက် ပြည်သူတွေကလည်း လွှတ်တော်မှာ ဘာတွေ ဘယ်လို ဆွေးနွေးနေကြသလဲဆိုတာကိုသိချင်ကြပါတယ်။ ကျွန်တော်တို့နဲ့ နီးစပ်တဲ့ ထိုင်းတို့ ဖိလစ်ပိုင်တို့မှာဆိုရင် လွှတ်တော်အစည်းအဝေး ကျင်းပနေ တာကို TV ကနေတိုက်ရိုက်လွှင့်ပေးနေတယ်။ ကျွန်တော်တို့ဆီမှာ ဒါမျိုးမလုပ်နိုင်ရင်တောင် လူတိုင်းဝယ်ဖတ်နိုင်တဲ့ နိုင်ငံပိုင်သတင်းစာမှာ အပြည့်အဝ ဖော်ပြပေးဖို့ ကောင်းပါတယ်”

ဧပြီ ၃၀ ထုတ် The Messenger အတွဲ (၂) အမှတ် (၄၉) တွင်ပါသည့် “လွှတ်တော်တွင်း ဆွေးနွေးခဲ့သော အကြောင်းအရာများကို နိုင်ငံပိုင်သတင်းစာ များတွင် အပြည့်အစုံ ဖော်ပြပေးသင့်” သတင်းမှ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“သမိုင်းတရားခံတွေ၊ ဘာတွေအထိတွေးထားပုံမရပါဘူး။ လက်ရှိအဖွဲ့အစည်းလုပ်သမျှ ဆန့်ကျင်ရင် ဟုတ်သနဲ့ ထင်ကြတာ။ ပေါ်ပင်နိုင်ငံရေးပေါ့ဗျာ။ ဘာ ပဲဖြစ်ဖြစ် နိုင်ငံရေးသမားလို့ ခံယူရင်တော့ ကိုယ့်ကိုယ်ကို မရပ်မနား သင်ကြားကြဖို့လိုသလို ကိုယ့်ရဲ့သောက်သုံးမကျတဲ့ ဗီဇစိတ်တွေကိုလည်း ပညာအသိ နဲ့ ပြုပြင်ဖို့ ဝန်မလေးရဘူးဆိုတာသိမှဖြစ်မယ်။ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံ၊ နိုင်ငံရေးသမိုင်းစဉ်တွေကို ပြန်ကြည့်ဖို့၊ ဖတ်ဖို့ လိုသလို ဒီကနေ့ ဒီမိုကရက် တိုက်ဇေးရှင်းနဲ့ ပတ်သက်ပြီး အရေးအသားအားလုံးကိုလည်း မခြွင်းမချိန် ဖတ်မှတ်ထားဖို့ လိုအပ်မယ်ထင်တယ်ဗျ”

မေ ၂ ထုတ် The Myanmar Post အတွဲ (၄) အမှတ် (၁၆) တွင်ပါသည့် ဆောင်းပါးရှင် ပေါ်ဦးသစ်၏ “ဘယ်လိုဉာဏ်မျိုးလဲ” ဆောင်းပါးမှ ကောက်နှုတ် ချက်

**************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs