Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

၉.၅.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံမှ သတင်းများက အစိုးရအဖွဲ့အတွင်း ပြောင်းလဲမှုများအတွက် ပိုမို တွက်ဆလာ

(6 May 2012 ရက်စွဲပါ The Financial Times မှ Gwen Robinson ရေးသားသော Myanmar reports fuel talk of cabinet reshuffle ကို ဘာသာပြန်သည် )

  1. မြန်မာနိုင်ငံအနာဂတ်အတွက် တည်ဆောက်ရန် အတူလုပ်ကိုင်

(6 May 2012 ရက်စွဲပါ VOA News မှ ခေါင်းကြီးပိုင်းဖြစ်သော Working together to build Burma’s future ကို ဘာသာပြန်သည် )

  1. ကရင်တပ်ဖွဲ့များ နယ်စပ်မှ ဆုတ်ခွာရန် မြန်မာတပ်မတော် ညွှန်ကြား

(Bangkok Post မှ 8 May 2012 ရက်စွဲပါ “Karen rebels ordered to leave border area” သတင်းကို ဘာသာပြန်သည် )

  1. ပြုပြင်ပြောင်းလဲမှုကို တပ်မတော်က ထောက်ခံကြောင်း ထိပ်တန်းအကြံပေး ပြောကြား

(Brisbane Times မှ 8 May 2012 ရက်စွဲပါ “Military backs reform, top aide says” သတင်းကို ဘာသာပြန်ဆိုသည်)

**************************************

မြန်မာနိုင်ငံမှ သတင်းများက အစိုးရအဖွဲ့အတွင်း ပြောင်းလဲမှုများအတွက် ပိုမို တွက်ဆလာ

( 6 May 2012 ရက်စွဲပါ The Financial Times မှ Gwen Robinson ရေးသားသော Myanmar reports fuel talk of cabinet reshuffle ကို ဘာသာပြန်သည် )

မြန်မာနိုင်ငံတွင် သြဇာရှိပြီး ပြုပြင်ပြောင်းလဲရေးများကို မလိုလားသူ ဒုသမ္မတဦးတင်အောင်မြင့်ဦး နှုတ်ထွက်စာ တင်သည့်သတင်းမှာ အစိုးရ အဖွဲ့အတွင်း ကြီးစွာသော အပြောင်းအလဲလုပ်မည်ဆိုသော တွက်ဆချက်ကို ပို၍ အားကောင်းလာစေခဲ့သည်။

တနင်္ဂနွေနေ့က မြန်မာမီဒီယာနှင့် VOA မြန်မာပိုင်းအစီအစဉ်က ဒုသမ္မတသည် စင်္ကာပူတွင် ကျန်းမာရေး ဆေးကုပြီး ပြန်ရောက်ပြီးနောက် မေလ (၃) ရက်နေ့က ကျန်းမာရေးအကြောင်းပြချက်ဖြင့် နှုတ်ထွက်စာတင်ခဲ့သည်ဟု သတင်းများ ထုတ်ပြန်ခဲ့သည်။ ၎င်းသည် အငြိမ်းစားဗိုလ်ချုပ်ကြီး ဖြစ်ပြီး အငြိမ်းစားအာဏာရှင် ဦးသန်းရွှေ၏ တပည့်ဖြစ်သည်။

အစိုးရတာဝန်ရှိသူများကို တနင်္ဂနွေနေ့ညက ဆက်သွယ်၍ မရနိုင်ခဲ့သော်လည်း ၎င်းနှုတ်ထွက်မည့် ကောလဟာလမှာ ပြီးခဲ့သည့် အပတ်က ပိုမိုထွက်ပေါ်လာခဲ့သည်ဟု ရန်ကုန်အခြေစိုက် သံတမန်များက ပြောကြားသည်။

ဦးတင်အောင်မြင့်ဦးမှာ ရိုင်းစိုင်းပြီး သမ္မတ၏ ပြုပြင်ပြောင်းလဲမှုများကို ဝေဖန်သူဟု လူသိများပြီး၊ ပြီးခဲ့သော ရက်သတ္တပတ်များအတွင်း လူမြင်ကွင်းမှ ပျောက်နေခဲ့သည်။

၎င်းရာထူးမှ နှုတ်ထွက်သွားမှုမှာ အရေးကြီးကြောင်း သံတမန်တစ်ဦးက ပြောကြားသည်။ အဘယ်ကြောင့်ဆိုသော် ၎င်း ကိုင်တွယ်နေသော နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကြောင့် လည်းကောင်း၊ ၎င်း၏ ယခင်ရှေးဟောင်းနည်းအတိုင်း ခရိုနီပုံစံစီးပွားရေးကို ထောက်ခံမှုတို့ကြောင့် ဖြစ်ကြောင်း ဆိုသည်။

၎င်း နှုတ်ထွက်မှုသည် ပြုပြင်ပြောင်းလဲရေးသမားများ၏ အောင်ပွဲလက္ခဏာဟု ပြောရန်လိုအပ်မည် မဟုတ်ပေ။ မြန်မာနိုင်ငံ၏ နိုင်ငံရေး စနစ်အရ ဒုသမ္မတတစ်ဦး အစားထိုးရန် ၎င်းအား လွှတ်တော်မှ ရွေးချယ်အမည်စာရင်း တင်သွင်းပေးခဲ့သော တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့မှ အမည်စာရင်းတင်သွင်းရမည် ဖြစ်သည်။

ဦးတင်အောင်မြင့်ဦးသည် ကုန်သွယ်ရေးကောင်စီ ဥက္ကဋ္ဌဟောင်းဖြစ်ပြီး သွင်းကုန်ထုတ်ကုန်လိုင်စင်များကို ကိုင်တွယ်ခဲ့ရသဖြင့် တကိုယ်ရည်   ကြွယ်ဝမှုအများအပြားနှင့် တရုတ်အကျိုးစီးပွားနှင့် ဦးဇော်ဇော်ကဲ့သို့သော သူဌေးများ အပါအဝင် အဆက်အသွယ်ကောင်းများလည်း ရရှိခဲ့သည်။

၎င်းသည် မြန်မာနိုင်ငံ၏ သယံဇာတထုတ်ယူရေး စီမံကိန်းကြီးများနှင့် အခြေခံအဆောက်အဦးများအတွက် တရုတ်နှင့် ညှိနှိုင်းရာတွင် များစွာ ပါဝင်ပတ်သက်မှုရှိသည်ဟု ဆိုကြသည်။ အဆိုပါ ကိစ္စရပ်များတွင် သမ္မတကြီးရပ်ဆိုင်းခဲ့သော ဒေါ်လာ 3.6 ဘီလီယံတန်ဖိုးရှိ မြစ်ဆုံရေလှောင်တမံ စီမံကိန်းလည်း ပါဝင်သည်ဟု ဆိုသည်။

၎င်း နှုတ်ထွက်စာတင်သော သတင်းမှာ ဦးသိန်းစိန်က ၎င်း၏ အစိုးရအဖွဲ့ကို ပြင်ဆင်ရန်လုပ်ဆောင်နေချိန်တွင် ဖြစ်သည်ဟု အစိုးရနှင့် နီးစပ် သူများ၏ အဆိုအရ သိရှိရသည်။ အဖွဲ့ဝင် (၃၇) ဦး ပါဝင်သော အစိုးရအဖွဲ့တွင် သဘောထားတင်းမာသူများဟုခေါ်သော လေးငါးခြောက်ဦး ရှိသည့် အနက်၊ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၊ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းနှင့် လယ်ဆည်ဝန်ကြီး ဦးမြင့်လှိုင်တို့မှာ ရာထူးမှဖယ်ရှားခြင်း (သို့မဟုတ်) အရေး မပါသောဌာနသို့ ပို့ခြင်းများ ဖြစ်နိုင်ကြောင်း သတင်းများက ဆိုသည်။

ယခု အပြောင်းအလဲများသည် အနောက်နိုင်ငံများက အရေးယူမှုများဖြေလျော့ပေးနေချိန်တွင် သမ္မတသည် ၎င်း၏ အစိုးရအဖွဲ့အတွင်း ပြုပြင် ပြောင်းလဲရေးကို မလိုလားသူများအား ကိုင်တွယ်ရာ၌ နိုင်ငံရေးအရ ယုံကြည်မှုများ ပိုမိုတိုးပွားလာစေသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကိုယ်စားလှယ်များ လွှတ်တော်ထဲ ဝင်ရောက်လာခြင်းအား တုန့်ပြန်သည့် အနေဖြင့် တပ်မတော်က ဧပြီလ (၂၃) ရက်နေ့တွင် ၎င်းတို့၏ လွှတ်တော်ကိုယ်စားလှယ် (၅၉) ဦး အား အဆင့်မြင့် အရာရှိကြီးများနှင့် လဲလှယ်ခဲ့သည်။ ထိုလုပ်ရပ်သည် လုပ်ရိုးလုပ်စဉ် ထက်စာလျှင် အတိုက်အခံနှင့် ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်များအပေါ် ပို၍မလိုလားသောဖက်မှ ရပ်တည်ရန်ဖြစ်ကြောင်း သုံးသပ်သူများက ပြောကြား သည်။

သို့သော် အခြားသူများက အဆိုပါ တပ်မတော်သားကိုယ်စားလှယ်များကို ရွေးချယ်သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်သည် သမ္မတ၏ ပြုပြင်ပြောင်းလဲရေးကို ထောက်ခံသူဟု ဆိုကြပြန်သည်။ “ရာထူးကြီးတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ ကျတော့ ပိုပြီးလွတ်လွတ်လပ်လပ် စဉ်းစားပြီး၊ ကိုယ်ပိုင်ဆုံး ဖြတ်ချက်နဲ့ မဲပေးနိုင်လာဖို့ အလားအလာရှိတာပေါ့” ဟု မြန်မာအကြောင်းသုံးသပ်သူ Richard Horsey က ပြောကြားသည်။

“တင်အောင်မြင့်ဦးဟာ သဘောထားတင်းမာသူလို့ ဆိုကြပြီး၊ လက်ရှိပြုပြင်ပြောင်းလဲမှုတွေကို သိပ်မလိုလားသူ ဖြစ်ပါတယ်။ သူ ရာထူးမှ နှုတ် ထွက်သွားတဲ့အတွက် အစိုးရထိပ်ပိုင်းမှာ ပိုပြီးစည်းလုံးလာနိုင်ပါတယ်။ ဒါပေမယ့် သူ့နေရာ ဘယ်သူဆက်ခံမယ်ဆိုတာ စောင့်ကြည့်ရဦးမှာပါ” ဟု Richard Horsey က ပြောကြားသည်။

******************************

မြန်မာနိုင်ငံအနာဂတ်အတွက် တည်ဆောက်ရန် အတူလုပ်ကိုင်

( 6 May 2012 ရက်စွဲပါ VOA News မှ ခေါင်းကြီးပိုင်းဖြစ်သော Working together to build Burma’s future ကို ဘာသာပြန်သည်)

မြန်မာနိုင်ငံ၏ အတိုက်အခံ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ တခြားအဖွဲ့ဝင်များသည် လွှတ်တော်သို့ ဝင်ရောက် ခဲ့ပြီး ဖြစ်သည်။ အစပိုင်းတွင် 2008 အခြေခံဥပဒေပါ ကျမ်းကျိန်သည့်စာသားတွင် “ကာကွယ်စောင့်ရှောက်ပါမည်” ဟူသော စာသားအား ပြင်ဆင်ပေး ရန်တောင်းဆိုပြီး လွှတ်တော်တက်ရန် ငြင်းဆန်ခဲ့သည်။ သို့သော် နောက်ဆုံးတွင် ညှိနှိုင်းအပြီး မေလ (၂) ရက်နေ့က လွှတ်တော်တွင် ကျမ်းကျိန်ခဲ့ရာ ၎င်းတို့သည် အနာဂတ် မြန်မာနိုင်ငံတွင် တိုင်းပြည်တည်ဆောက်ရေးအတွက် အစိုးရနှင့်အတူ လုပ်ကိုင်နိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။

ခြေခံဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်များ၏ လေးပုံတစ်ပုံကို စစ်တပ်အတွက် ချန်ထားရပြီး၊ ကျန်နေရာများ တွင်လည်း အာဏာရပါတီက နေရာယူထားရာ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီသည် အနည်းစုသာ ရှိသည်။ မည်သို့ဆိုစေ ကျမ်းကျိန်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ရာတွင် သူနှင့် သူ၏ပါတီမှ အဖွဲ့ဝင်များသည် လွှတ်တော်အား စစ်မှန်သော ဒီမိုကရေစီကျကျဖြစ်ရန် လုပ်ဆောင်သွားမည်ဟု ဆိုသည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် အဆိုပါ အဖြစ်အပျက်အား မြန်မာအစိုးရစတင်ခဲ့သော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် ဆက်လက် လုပ် ဆောင်နိုင်ရေးအတွက် မျှော်လင့်ချက်အပြည့်ရှိသော ခြေလှမ်းအဖြစ် ရှုမြင်သည်။ ကျွန်ုပ်တို့ သည် ပိုမို၍စံပြုရမည့် အုပ်ချုပ်မှုအတွက်လမ်းကြောင်းတွင် နောက်ထပ်တိုးတက်မှုများအား အားတက်ရသည်။ ကျွန်ုပ်တို့နှင့်အတူ အခြားနိုင်ငံတကာအသိုင်းအဝိုင်းသည် သံတမန်ဆက်ဆံရေး အဆင့်မြင့်ခြင်း၊ USAID မစ်ရှင်ကို ပြန်လည်တည် ထောင်ခြင်းနှင့် ကျွန်ုပ်တို့ ပိတ်ပင်ထားသော ငွေကြေးဆိုင်ရာဝန်ဆောင်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများကို စတင်ဖြေလျော့ ပေးခြင်း အပါအဝင် ခိုင်မာသောလုပ်ဆောင်မှုများနှင့် မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ထောက်ခံသည့် ခြေလှမ်းများ လှမ်းလျက် ရှိသည်။

သို့သော် မြန်မာနိုင်ငံနှင့် ပတ်သက်၍ နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာနှင့် တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများဖြစ်ပွားနေခြင်း အပါအဝင် အရေးကြီးသော လူ့အခွင့်အရေးကိစ္စ စိုးရိမ်ပူပန်ရမှုများ ရှိနေသေးသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် အခွင့်အရေးရတိုင်း မြန်မာအစိုးရအား ကာလကြာရှည် ရှိနေသော အဆိုပါ စိုးရိမ်ဖွယ်ကိစ္စများအား ကိုင် တွယ်ဖြေရှင်းရန် တိုက်တွန်းလျက်ရှိသည်။ တိုးတက်မှုများ တွေ့ရှိရသည်နှင့် ကျွန်ုပ်တို့ သည် အဆိုပါ တိုးတက်မှုများကို အသိအမှတ်ပြုရန် နောက်ထပ်လုပ်ဆောင်မှုများ လုပ်ဆောင်ပေးမည်ဖြစ်ပြီး၊ တိုးတက်ဖွံ့ဖြိုးမှုများကို အနီးကပ် ဆက် လက်ကြည့်ရှုသွားမည် ဖြစ်သည်။

 ******************************

ကရင်တပ်ဖွဲ့များ နယ်စပ်မှ ဆုတ်ခွာရန် မြန်မာတပ်မတော် ညွှန်ကြား

( Bangkok Post မှ 8 May 2012 ရက်စွဲပါ “Karen rebels ordered to leave border area” သတင်းကို ဘာသာပြန်သည် )

မဲဆောက်ခရိုင်တလျှောက် ထိုင်းနိုင်ငံနယ်စပ်အနီးမှ DKBA စစ်သားများကို ဆုတ်ခွာရုတ်သိမ်းရန် ဗိုလ်မှူးချုပ် နှုတ်ခမ်းမွှေး ဦးဆောင်သော ကရင်လက်နက်ကိုင်တပ်ဖွဲ့ကို မြန်မာ့တပ်မတော်က ညွှန်ကြားထားကြောင်း သိရှိရသည်။

မြန်မာစစ်တပ်က အဆိုပါ ညွှန်ကြားချက်ကို မနေ့က ထုတ်ပြန်ခဲ့ရခြင်းမှာ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေးတွင် တင်းမာမှု ကြီး ထွားမည်ကို မမြင်တွေ့လိုသောကြောင့်ဖြစ်သည်ဟု နယ်စပ်သတင်းရပ်ကွက်က ဆိုသည်။ DKBA အုပ်စုအား ယင်းတို့၏ တပ်ဖွဲ့များ ဖြစ်နိုင်သမျှ အမြန် ဆုံးဆုတ်ခွာရန် အကြောင်းကြားထားသည်ဟု အဆိုပါ သတင်းအရ သိရှိရသည်။

DKBA ကရင်လက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်စောလားဘွယ် (ဗိုလ်နှုတ်ခမ်းမွှေး)သည် သူ့အား နယ်စပ်မူးယစ်ဆေးဝါး အရောင်း အဝယ်တွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲထားသော ထိုင်းအာဏာပိုင်များကို တုန့်ပြန်သည့်အနေဖြင့် မဲဆောက်ခရိုင် ဘန်မဲကွန်ကန်ရွာနှင့် ဆက်နေ သော မြန်မာစစ်တပ်ကို ယခင်သီတင်းပတ်အတွင်း ၎င်း၏ တပ်ဖွဲ့ဝင်များဖြင့် တပ်စွဲကာ ပိတ်ဆို့ထားခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ၏ မူးယစ်ဆေးဝါး နှိမ်နင်းရေးကိစ္စများကို ကိုင်တွယ်ကြီးကြပ်ရသော ဒုတိယဝန်ကြီးချုပ် ချာလမ်ယူဘမ်ရန်က ထိုင်းနိုင်ငံ မူးယစ်ဆေး ဝါးနှိမ်နင်းရေးအဖွဲ့၏ အလိုရှိသော ရာဇဝတ်ကောင် ၂၅ ဦးစာရင်းတွင် ကရင်သူပုန်ခေါင်းဆောင်သည် နံပါတ် ၅ နေရာတွင် ပါဝင်နေကြောင်းနှင့် ယင်း အား ဖမ်းဆီးနိုင်ပါက ဆုငွေဘတ် ၁ သန်း ချီးမြှင့်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့ပြီးနောက် ယခုကဲ့သို့ဖြစ်ရပ်များ ဆက်တိုက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

မြန်မာစစ်တပ်က ယခု ဗိုလ်မှူးချုပ်စောလားဘွယ် စစ်တပ်များ ချထားသော ယ်စပ်ဧရိယာသည် တပ်မတော် ထိန်းချုပ်နယ်မြေဖြစ်၍ DKBA တပ်များ ဝင်ရောက်တပ်စွဲခွင့် မရှိကြောင်း ကန့်ကွက်အကြောင်းကြားထားသည်ဟု နယ်စပ် သတင်းရပ်ကွက်က ဆက်လက်ပြောကြားသည်။

မြန်မာတပ်မတော်က မဲဆောက်နှင့် မြဝတီအကြား နယ်စပ်ကုန်သွယ်ရေးကို အားပေးမြှုင့်တင်ရန်အတွက် နှစ်ဖက် ပြည်သူများ လွတ်လပ်စွာ နယ်စပ်ဖြတ်ကူးသွားလာစေလိုသည်ဟုလည်း သိရှိရသည်။

တပ်ခ်ခရိုင် အန်ပန်းနှင့် ပေါ့ဖရားတို့၏ မျက်နှာခြင်းဆိုင် မြန်မာနယ်စပ်ဂိတ် ၁၂ ခုကို ကရင်တပ်ဖွဲ့များက ပိတ်ဆို့ ထားကြောင်း ဗိုလ်မှူးချုပ် စောလားဘွယ်က ပြောကြားခဲ့သည်ဟု နယ်စပ်သတင်းရပ်ကွက်က ဆိုသည်။ ထိုကိစ္စကြောင့် အနီးတဝိုက်ရွာများ၏ လုံခြုံရေးကို တင်းကြပ်ရန်အတွက် ထိုင်းစစ်တပ်က ၎င်း၏ တပ်ဖွဲ့များကို စေလွှတ်ထားသည်။

******************************

ပြုပြင်ပြောင်းလဲမှုကို တပ်မတော်က ထောက်ခံကြောင်း ထိပ်တန်းအကြံပေး ပြောကြား

(Brisbane Times မှ 8 May 2012 ရက်စွဲပါ “Military backs reform, top aide says” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ယခင်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေပြီဖြစ်၍ မြန်မာ့တပ်မတော်ခေါင်းဆောင်များသည်လည်း အာဏာ ပြန်သိမ်းရန် ရည်ရွယ်ချက်လုံးဝမရှိသူများသာ ဖြစ်ကြသည်ဟု သမ္မတဦးသိန်းစိန်၏ ထိပ်တန်းနိုင်ငံရေးအကြံပေးက ပြောကြားလိုက်သည်။

“ကြားဖြတ်ရွေးကောက်ပွဲရလာဒ်တွေကို တပ်မတော်က လက်ခံပါတယ်။ ကျွန်တော်တို့ တပ်မတော်ဟာ အမိန့်နာခံသေဝပ်မှု ရှိတဲ့အဖွဲ့အစည်း တစ်ခုပါ။ အကြီးတန်းခေါင်းဆောင်တွေကလည်း ပညာကောင်းကောင်းတတ်တဲ့ သူတွေပါ။ နောက်ထပ် အာဏာသိမ်းမှုတွေ ရှိမှာမဟုတ်တော့ပါဘူး” ဟု အကြံပေး ဦးကိုကိုလှိုင်က ဆိုသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သော တစ်နှစ်ကျော်က အာဏာရရှိလာခဲ့သော သမ္မတသစ်ဦးသိန်းစိန်သည် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း၊ မီဒီယာများအပေါ် ချုပ်ချယ်မှုဖြေလျှော့ပေးခြင်း၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ပါတီကို လွှတ်တော်ရွေးကောက်ပွဲဝင်ရန် ကမ်းလှမ်းစည်းရုံးခြင်းတို့ကို ပြုလုပ်ခဲ့ပြီးနောက်တွင်မူ ကမ္ဘာတစ်လွှားမှခေါင်းဆောင်များ ဝိုင်းဝန်းချီးကျူးဂုဏ်ပြုခြင်းကို ခံယူခဲ့ရသည်။ ဦးသိန်းစိန်၏ ပြည်ခိုင်ဖြိုးပါတီ အနိုင်ရခဲ့သော ၂၀၁၀ ရွေးကောက်ပွဲများသည် ပြည်တွင်းပြည်ပ အသိုင်းအဝိုင်း၏ ဝိုင်းဝန်းပြစ်တင်ရှုတ်ချခြင်းကို ခံခဲ့ရသော်လည်း နှစ် ပေါင်း ၅၀ စစ်အုပ်ချုပ်ရေး အာဏာရှင်စနစ်ကို အဆုံးသတ်ပေးနိုင်ခဲ့သည်။

မြန်မာနိုင်ငံသည် ၂၀၀၅ တွင် ပိုမိုကျယ်ပြန့်၊ လွတ်လပ်၊ မျှတဖွယ်ရှိသည့် အထွေထွေရွေးကောက်ပွဲများ ကျင်းပ ရန် မျှော်ကြည့်နေပြီဖြစ်ရာ နိုင်ငံရေးပွင့်လင်းမှု မြန်ဆန်စွာ ဖြစ်ပေါ်လာမှာလား (သို့) အမြစ်တွယ်နေသော ကိုယ်ကျိုးရှာအုပ်စု၏ ဆန့်ကျင်မှုကို ရင်ဆိုင်ရမလားဆိုသည်ကို အားလုံးက အကဲခတ်စောင့်ကြည့်လျက်ရှိသည်။

ဦးသိန်းစိန်သည် သမ္မတ ဒုတိယသက်တမ်းအတွက် ဝင်အရွေးခံမလား ဆိုသည်ကို မဆုံးဖြတ်ရသေးပါဟု ဦးကိုကိုလှိုင်က ပြောကြားသည်။

“ကျွန်တော်တို့ သမ္မတကြီးက လာမယ့်သက်တမ်းနဲ့ပတ်သက်လို့ ဘာကိုမှထုတ်ဖော်ပြောကြားထားခြင်း မရှိပါဘူး။ ဒါကြောင့် နောက်ရွေး ကောက်ပွဲမှာ သူဝင်ပြိုင်မှာလား၊ မပြိုင်ဘူးလား ဆိုတာကို ကျွန်တော်မပြောင်းနိုင်ပါဘူး” ဟု ဦးကိုကိုလှိုင်က ဆိုသည်။

သမ္မတဦးသိန်းစိန်သည် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အုတ်မြစ်ကို ချပေးခဲ့ပြီးဖြစ်၍ သူ၏ အာဏာသက်တမ်းအတွင်း လုံးဝအောင်မြင်မှု ရရှိမည် ဆိုပါက သူလုပ်ခဲ့သော ကိစ္စများအပေါ် ကျေနပ်နှစ်သိမ့်မှု ရှိလိမ့်မည်ဟု အဆိုပါ အကြံပေးပုဂ္ဂိုလ်က ယခင်အပတ်က ပြောကြားခဲ့သည်။

ယခင် တပ်မတော်အစိုးရအဖွဲ့တွင် နံပါတ် ၃ အဆင့်ရှိခဲ့ပြီး၊ ယခု ပြည်သူ့လွှတ်တော် (အောက်လွှတ်တော်) ဥက္ကဋ္ဌနေရာ ရရှိထားသူ ဦးရွှေမန်း သည် ၂၀၁၅ တွင် အလားအလာကောင်းသော သမ္မတလောင်း ပြိုင်ဖက်တစ်ဦး ဖြစ်သည်ဟု International Crisis Group က ဆိုသည်။

“ဒီနိုင်ငံမှာ အခြေခံကျကျ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့လိုအပ်တယ်ဆိုတဲ့အချက်ကို နိုင်ငံရေးအာဏာရ အီလစ်အလွှာကြားမှာ ကျယ်ကျယ်ပြန့် ပြန့် သဘောတူညီမှုရရှိထားပါတယ်။ ဒါကြောင့် နောက်ပြန်ဆုတ်မယ့် အန္တရယ်ဖြစ်နိုင်ချေနည်းပါတယ်” ဟု မူဝါဒ လေ့လာရေးအုပ်စု ICG ၏ ဧပြီ ၁၁ ရက် အစီရင်ခံစာတွင် သုံးသပ်ထားသည်။

*************************************************************************************

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၈.၅.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မူဝါဒများ၊ လုပ်ထုံးလုပ်နည်းဟန်များ၊ ဆက်လက်လုပ်ဆောင်ခြင်းများ

*****************************************

ဆောင်းပါးကဏ္ဍ

မူဝါဒများ၊ လုပ်ထုံးလုပ်နည်းဟန်များ၊ ဆက်လက်လုပ်ဆောင်ခြင်းများ

ဒေါက်တာလှိုင်မိုး

(Weekly Eleven Journal No.31 Vol.7 မှ ကောက်နှုတ်ဖော်ပြချက်)

မည်သည့်လုပ်ငန်းလုပ်လုပ်၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ (Aims & Objectives) များ ပြည့်မီအောင်မြင်ရန် ထိပ်ပိုင်းမှ တာဝန်ရှိသူများက မူဝါဒ များ (policies) ရေးဆွဲကြရလေသည်။

၎င်းမူဝါဒများကို လွှတ်တော်တွင်းမှာ အဖွဲ့ငယ်များဖွဲ့၍ဖြစ်စေ (သို့မဟုတ်) သက်ဆိုင်ရာဝန်ကြီးဌာနတစ်ခု(သို့မဟုတ်) ၀န်ကြီးဌာနနှစ်ခုသုံးခုနှင့် ဆက်စပ်နေလျှင်လည်း ပါဝင်သင့်သော ၀န်ကြီးဌာနများကိုလွှဲအပ်၍ဖြစ်စေ မူဝါဒများရေးဆွဲစေခြင်းများ ရှိကောင်းရှိပါမည်။

မူဝါဒများ၏ ဘောင်အတွင်း၌ ရှိနေမည့် လုပ်နည်းလုပ်ဟန်များ (Procedures) ကို ထပ်ဆင့် ဆွေးနွေးရေးဆွဲကြရပါမည်။ ၎င်းလုပ်နည်းလုပ်ဟန် များသည် လိုက်နာကျင့်သုံးဆောင်ရွက်ကြရမည့် စည်းမျဉ်းစည်းကမ်း (Rules & Regulations) အဖြစ်  ပေါ်ပေါက်လာကြမည်ဖြစ်သည်။ ၎င်းအဆင့်အထိ မှာ ၀န်ကြီးဌာန၌သာ ဒုဝန်ကြီးများ၊ ညွှန်ချုပ်များ၊ ညွှန်မှူးများနှင့် စည်းဝေးဆွေးနွေး ရေးဆွဲကြရမည်ဟု ထင်မြင်မိပါသည်။ သည်နောက်မှသာ ဆက်လက် လုပ်ဆောင်ခြင်းများ (Procedings) အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ တာဝန်ရှိပုဂ္ဂိုလ်များထံ ညွှန်ကြားချက်များ ပို့ကြရလိမ့်မည်ဟု မြင်မိပါ သည်။

သို့ရာတွင် ကျွန်ုပ်တို့မြန်မာနိုင်ငံ၌ မူဝါဒများ ရေးဆွဲရာတွင်သော်လည်းကောင်း၊ စည်းမျဉ်းစည်းကမ်းများ ရေးဆွဲရာတွင်သော်လည်းကောင်း အသေးစိတ် ညှိနှိုင်းတိုင်ပင်ဆွေးနွေးခြင်းကို ပေးသင့်သောအချိန်ပေး၍ မပြုလုပ်ခဲ့ကြခြင်းကြောင့်လော၊ တတ်သိနားလည်သော ပညာရှင်များ ပါဝင်ခဲ့ခြင်း မရှိသောကြောင့်လော၊ ပီပြင်မှု နည်းပါးသည်ကို တွေ့နေရသည်။

ဥပမာ- ကားများတင်သွင်းသည့်ကိစ္စ၌ ပထမပိုင်းကတည်းက ပီပြင်သော စည်းမျဉ်းစည်းကမ်းများ ထွက်ပေါ်မလာခဲ့ချေ။ မကြာခဏ ပြုပြင်နေခဲ့ ကြရသည်ကို ကားကိစ္စ စိတ်ဝင်စားသူတိုင်း သိရှိနေပြီးဖြစ်သည်။

ဤသို့ မဖြစ်သင့်ဟုထင်ပါသည်။ ပေးသင့်သောအချိန်ပေး၍ ပါဝင်သင့်သူများပါဝင်ကာ စည်းဝေးဆွေးနွေးခြင်းများကို လိုအပ်သလို တစ်ကြိမ်မက နှစ်ကြိမ်သုံးကြိမ် ကျယ်ကျယ်ပြန့်ပြန့် နက်နက်ရှိုင်းရှိုင်း ဆောင်ရွက်သင့်ပါသည်။ သည့်တိုင် တာဝန်ခံရသည့်ဝန်ကြီး စသည်ထံ ပြန်လည် တင်ပြသင့်ပါ သေးသည်။ တာဝန်ခံရသည့်ပုဂ္ဂိုလ်က ပြင်ဆင်သင့်သည်များ ပြင်ဆင်အတည်ပြုပြီးမှသာ စည်းမျဉ်းစည်းကမ်းများအဖြစ် ထွက်ပေါ်သင့်ပါသည်။ ဤသို့မ ဟုတ်ဘဲ အကြီးအကဲတစ်ဦးတည်း၏ သဘောဆန္ဒဖြင့် ညွှန်ကြားခြင်း (Directing) မျိုးကို ရှောင်ရှားသင့်ပေသည်။

မြန်မာနိုင်ငံ၌ ဖြစ်စဉ်အချို့ကိုကြည့်လျှင် လုံလောက်သောအချိန် မပေးဘဲ ဆွေးနွေးခြင်းမျိုး၊ ပါသင့်သောပညာရှင်များ တာဝန်ရှိသူများ မပါဝင်ခဲ့ ဘဲ ဆွေးနွေးခဲ့ခြင်းမျိုး၊ တစ်ဦးတစ်ယောက်၏ ညွှန်ကြားခြင်းဖြင့်သာ ဆုံးဖြတ်ခဲ့ကြခြင်းမျိုးများကြောင့် ဆုံးဖြတ်ချက်အမှားများ ပေါ်ပေါက်ခဲ့ကြရပေသည်။ မြစ်ဆုံပြဿနာသည် ထင်ရှားသောသာဓက ဖြစ်ပါသည်။

အင်္ဂလိပ်တို့ လက်ကိုင်ထားသည့် Slow and steady wins the race ကို မမေ့သင့်ပေ။ ယခုခေတ်သည် Slow မဖြစ်သင့်တော့ပါဟု စောဒက တတ်လိုပါက တက်နိုင်ပါသည်။ အလျင်အမြန် (Fast) မဖြစ်သင့်ဆိုသည်ကိုလည်း သတိမူသင့်ပေသည်။ အမြန်လိုလျှင် အမှားတွေတွေ့တတ်ခြင်းမှာ သဘာဝနိယာမပင် ဖြစ်ပါသည်။ နှေးလွန်းခြင်း၊ မြန်လွန်းခြင်းမဟုတ်ဘဲ မနှေးမမြန် (Steady) ကိုဖြင့် အများစုလက်ခံနိုင်မည် ထင်ပါသည်။ စည်းစနစ် ကျနဖို့က အဓိက၊ အရည်အသွေးပါပါနှင့် ပီပီပြင်ပြင်ဖြစ်ဖို့က အဓိကဖြစ်သည်ဟု ယူဆပါသည်။ အလွန်အရေးကြီးသော အကြောင်းအရာဖြစ်လျှင် Slow + Steady ကပင် ပီပီပြင်ပြင်နှင့် အောင်မြင်မှုကို ဖြစ်ထွန်းစေနိုင်ပါသည်။ အရေးပေါ်ကိစ္စများအတွက်ကိုမူ အလျင်အမြန် ဆောင်ရွက်ခြင်းသည် သဘာဝကျ ပါသည်။

မြန်မာနိုင်ငံ၌ ဖြစ်စဉ်အချို့ကို ကြည့်လျှင် လုံလောက်သောအချိန် မပေးဘဲ ဆွေးနွေးခြင်းမျိုး၊ ပါသင့်သောပညာရှင်များ တာဝန်ရှိသူများ မပါဝင်ခဲ့ ဘဲ ဆွေးနွေးခဲ့ခြင်းမျိုး၊ တစ်ဦးတစ်ယောက်၏ ညွှန်ကြားခြင်းဖြင့်သာ ဆုံးဖြတ်ခဲ့ကြခြင်းမျိုးများကြောင့် ဆုံးဖြတ်ချက်အမှားများ ပေါ်ပေါက်ခဲ့ကြရပေသည်။ မြစ်ဆုံပြဿနာသည် ထင်ရှားသောသာဓကဖြစ်ပါသည်။

ဆင်းရဲသားလျော့ပါးရေးအစီအစဉ်ပင်လျှင် စည်းစနစ်ကျနပီပြင်မှု နည်းပါးသည်ဟုဆိုလျှင် မှားမည်မထင်ပါ။ မူအားဖြင့်ကောင်းသော်လည်း စည်းမျဉ်းစည်းကမ်းနှင့် အကောင်အထည်ဖော်မှုမှာအလွန် အားပျော့နေလေသည်။

ယနေ့လိုဒီမိုကရေစီကိုစတင် အကောင်အထည်ဖော်နေသည့် ကာလတွင် ပြည်သူအများစုနှင့် သက်ဆိုင်သော လုပ်ငန်းရပ်တိုင်းအတွက် ဆောင် ရွက်ရန် ရှိလာပြီဆိုသောအခါ တာဝန်ရှိသူများ၊ တတ်သိပညာရှင်များပါဝင်သည့် စည်းဝေးဆွေးနွေးခြင်းမျိုးကို တစ်ကြိမ်မက လိုအပ်လျှင်လိုအပ်သလို နှစ်ကြိမ်သုံးကြိမ် (သို့မဟုတ်) အကြိမ်ကြိမ် ကျယ်ကျယ်ပြန့်ပြန့် နက်နက်ရှိုင်းရှိုင်း ပြုလုပ်သင့်ပါသည်။ ပေးသင့်သည့်အချိန်များ ပေးကြရပါမည်။ ၎င်းနောက် ပြန်လည်သုံးသပ်ခြင်း၊ အတည်ပြုခြင်းများအဆင့်ဆင့် ပြုလုပ်ပြီးမှသာ အကောင်အထည်ဖော်ရန် ညွှန်ကြားချက်များ ပေးပို့သင့်ပါသည်။ တစ်ချို့လုပ်ရပ်မှာ အမျိုးသားအဆင့်အထိ ဆွေးနွေးပွဲများ ပြုလုပ်ရမည်ဖြစ်သော်လည်း တစ်ချို့မှာ ပြည်ထောင်စုဝန်ကြီးဌာနအဆင့်၌သာ ပြုလုပ်ကြရပါမည်။ တစ်ချို့မှာ လည်း ပြည်ထောင်စုဝန်ကြီးဌာနအဆင့်၌ပင် ပြုလုပ်ကြရပါမည်။ တချို့မှာလည်း တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်အစိုးရအဆင့်များ၌သာ စည်းဝေး ဆွေးနွေးခြင်းများ ပြုလုပ်ကြရမည်ဖြစ်ပါသည်။ သို့မှသာ အများပြည်သူတို့အတွက် တရားမျှမှု၊ ညီမျှမှု၊ လွတ်လပ်မှုဆိုသည့် လောကပါလတရားများ ဖြစ် ထွန်းပါလိမ့်မည်။

 *****************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs