Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၄.၆.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ရိုဟင်ဂျာကိစ္စနှင့် လျှင်သူစားစတမ်း လူ့လောကသဘာဝ

*****************************************

ဆောင်းပါးကဏ္ဍ

ရိုဟင်ဂျာကိစ္စနှင့် လျှင်သူစားစတမ်း လူ့လောကသဘာဝ

အောင်မောင်း

လပေါင်းများစွာ လမ်းကြောင်းတင်ယူလာခဲ့သည့် ရိုဟင်ဂျာပြဿနာမှာ တကယ်ပင် ဖြစ်ပွားခဲ့ချေပြီ။ အမှန်တကယ်တွင် ဤကိစ္စမှာ ရည်ရွယ် ချက်ရှိရှိ တမင်ဖန်တီးသည့်ကိစ္စ ဖြစ်ကြောင်းကို နားလည်သူက အပေါ်ယံအလွှာလောက်တွင်သာ ရှိနေသည်။ တစ်နိုင်ငံလုံး အတိုင်းအတာနှင့်ယှဉ်လျှင် နက်နက်နဲနဲ မသိနိုင်ရကား ရိုဟင်ဂျာအရေးမှ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာ အရေးအခင်းအသွင်မဖြစ်စေရန် နိုင်ငံ့ခေါင်းဆောင်များရော ဘာသာ အသီးသီးမှ ခေါင်းဆောင်တွေရော အသည်းအသန် ထိန်းနေရပေပြီ။ မည်သို့ပင်ဆိုစေကာမူ လမ်းကြောင်းတင်သူတို့၏ ရည်ရွယ်ချက်မှာ အထမြောက်ခဲ့ ပြီဖြစ်သည်။ ဘာရည်ရွယ်ချက်နှင့် လမ်းကြောင်းတင်ကြသနည်း။ ရှင်းပါ၏။ ကိုယ်ကျိုးစီးပွားအတွက်သာ ဖြစ်သည်။ ဘယ်သူတွေ ဘယ်လို အကျိုးရှိနေ သနည်း။ သေချာသည်ကတော့ ရခိုင်လူမျိုးတွေမှာ ဒုက္ခတွေကို ခါးစည်းခံနေရသည်။ မြန်မာမွတ်စလင်တွေ မျက်ခုံးလှုပ်နေရပြီ။ ဒီမိုကရေစီ ဖွံ့ဖြိုးတိုး တက်ရေး မျှော်မှန်းသူတွေ တိုင်းပြည် နောက်ကြောင်းပြန်မလှည့်ရန် ရင်တမမ ဘုရားတနေရသည်။ လမ်းကြောင်းတင်သူတို့၏ နောက်ဆုံး ရည်မှန်းချက် ပန်းတိုင်ရောက်ရန်ကား အောင်မြင်လုနီးနေပြီလား။

ရိုဟင်ဂျာ အရေးဖန်တီးသူတို့ကား မြန်မာပြည်၏ ဒီမိုကရေစီအပြောင်းအလဲကို နှောင့်ယှက်ရန်ဖြစ်သည်။ ထိုသူများထဲတွင် ရခိုင်တွေကို လမ်း ပေါ်တင်မည့် ရခိုင်၊ ဗမာတွေကို လမ်းပေါ်တင်မည့်ရခိုင်၊ မွတ်စလင်မ်တွေကို လမ်းပေါ်တင်မည့် မွတ်စလင်မ် စသည်ဖြင့် တာဝန်အသီးသီးယူ၍ ၎င်းတို့ ကတော့ အကျိုးအမြတ်ရရှိလာလျှင် ခွဲဝေယူစားကြရန်သာ။ Face -book ပေါ်တွင် ဆဲနေကြသည့် သူတို့တွေမှာ ညနေဘက် ဘီယာအတူတူ သောက်ကြ ၏။ သူတို့အတွက် မည်သို့အကျိုး ရှိသနည်းဟုဆိုလျှင် လတ်တလော အကျိုးအမြတ်အဖြစ် ဒေါ်လာတွေ တနင့်တပိုးရကြမည်ဖြစ်သည်။ ထိုဒေါ်လာတွေ ကို မည်သူတွေက ပေးသနည်း။ ဗေဒင်မမေးနှင့် ဆန်ကုန်သည်။ ဗြိတိသျှသခင်ကြီးများနှင့် အန်ကယ်ဆမ်တို့ ထိပ်ဆုံးက ဖြစ်မည်။ ဘာကြောင့်ပေး သနည်း။ ဗြိတိသျှသခင်ကြီးတို့ အကွက်ချ၍ ရေးဆွဲသွားခဲ့သည့် နယ်နမိတ်ပြဿနာတွေကြောင့် နိုင်ငံမဲ့ဖြစ်ရသည့် ရိုဟင်ဂျာမွတ်စလင်မ်တွေမှာ တနေ့ တခြား လူဦးရေတိုးပွားလာသည်နှင့်အမျှ ဒေသခံရခိုင်တို့နှင့် ဝမ်းရေးပဋိပက္ခအတွက် တိုက်ပွဲဝင်ရမှု ပို၍ ပြင်းထန်လာသည်။ ထိုပစ္စည်းမဲ့ဒေါသတွေ တနေ့တခြား ကြီးထွားလာနေသော ရိုဟင်ဂျာတွေသာ အယ်ကေဒါလို အစ္စလာမ်မစ် အကြမ်းဖက်အဖွဲ့အစည်းတွေနှင့် ချိတ်မိသွားလျှင် ဗြိတိသျှသခင် ကြီးတို့ရော အန်ကယ်ဆမ်တို့အတွက်ရော ခေါင်းကိုက်ရမည့်ရန်သူတွေ တိုးလာပေလိမ့်မည်။ ထို့ကြောင့် ဟိတ်ကြီးဟန်ကြီးနှင့် လူသားချင်းစာနာသ ယောင် တစ်ဖက်တွင်လည်း သူတို့သည် အစ္စလာမ်ဘာသာဝင်တွေကို ဂရုဏာထားကြောင်း ပြသရန် ရိုဟင်ဂျာတွေကို အလွန်စာနာထောက်ထား ကြောင်း၊ မြန်မာအစိုးရအနေဖြင့် ရိုဟင်ဂျာတွေကို တိုင်းရင်းသားအခွင့်အရေး ပေးသင့်ကြောင်း ၎င်းတို့၏ ဝါဒဖြန့်ယန္တရားကြီးများဖြစ်သည့် BBC နှင့် VOA တို့မှ တဆင့်ဝါဒဖြန့်၏။ တဖက်တွင်လည်း ရိုဟင်ဂျာအရေးသည် လူမျိုးတုန်းသတ်ဖြတ်မှုပုံစံအထိ ဖြစ်လာခဲ့ပါက လုံခြုံရေးကောင်စီကို အသုံးချ၍ မြန်မာပြည်ကို ဝင်တိုက်မည်။ ရိုဟင်ဂျာတွေအတွက် လွတ်မြောက်နယ်မြေထူထောင်ပေးလိုက်မည်။ ထိုသို့ဆိုလျှင် သခင်ကြီးတို့အတွက် တရန်အေးပေ ပြီ။ ထို့ကြောင့်ပင်လျှင် ဒေါ်လာသန်းပေါင်းများစွာရင်း၍ ရိုဟင်ဂျာအရေးကို ပုံအောထားခြင်းဖြစ်ပေသည်။ ထိုအထဲတွင် ရခိုင်ပြည်က သယံဇာတတွေကို အာသာငမ်းငမ်းဝါးမြိုနေ၍ ဝေဖန်ခံနေရသည့် ကိုရွှေပေါက်ဖော်တို့လည်း ရှယ်ယာထည့်ဝင်ကောင်း ထည့်ဝင်နိုင်၏။ ယခုအရေးအခင်းသာမပေါ်လျှင် တရုတ်တွေနှင့် ရခိုင်တွေအကြား အကြီးအကျယ် ပြဿနာ တက်နိုင်စရာရှိသည်။ ယခုတော့ ရိုဟင်ဂျာနှင့်ရခိုင် စိတ်တိုင်းကျ သတ်ဖြတ်နေချိန်တွင် သူတို့ ၏ ရင်းနှီးမြှုပ်နှံမှုတွေကို တိုးမြှင့်လုပ်ဆောင်လျှက်ရှိနေသည်။

သခင်ကြီးတို့ခိုင်းသမျှလုပ်၍ ဒေါ်လာစားသည့် ရခိုင်တွေ၊ ဗမာတွေ၊ မွတ်စလင်မ်တွေက လတ်တလော ဒေါ်လာတွေကို အိပ်ထဲထည့်နိုင်မည် ဖြစ်သည့်အပြင် သူတို့ကို နှိပ်စက်ခဲ့ဖူးသော စစ်အစိုးရဟောင်းကို ဆက်ခံသည့် အစိုးရကို ဖရိုဖရဲဖြစ်အောင် လက်စားချေနိုင်သေးသည်။ အကယ်၍ တိုင်းပြည် ဖရိုဖရဲဖြစ်ခဲ့လျှင် အဆင်သင့် နေရာဝင်ယူနိုင်သေး၏။  တစ်သီး၊ နှစ်သီး၊ သုံးသီးစား အကျိုးအမြတ်များပင်တည်း။

ထို့ထက်ပို၍ အကြံကြီးသော လူတန်းစာ အလွှာတစ်လွှာလည်း ရှိသေးသည်။ INGOs, NGOs များနှင့် မြန်မာ့အရေး ကျွမ်းကျင်သူများပင် ဖြစ် သည်။ INGOs နှင့် NGOs ကြီးများတွင် လခအမြောက်အများရပြီး ဒေါ်လာတွေ တဒိုင်းဒိုင်းဝင်နေသူများမှာ လူသားချင်း စာနာထောက်ထားပါသည် ဆိုသည့် မျက်နှာဖြူများနှင့် ပြည်တွင်းက အီလစ်အလွှာများဖြစ်သည်။ ပရောဂျက်ရှာ၍ ဒေါ်လာတွေ အိတ်ထဲထည့်ရန်အတွက် ဒုက္ခသည်တွေ အမြောက် အများရှိဖို့ လိုသည်။ ယခု မြန်မာပြည်၏ အခြေအနေမှာ အပြောင်းအလဲကြီးစွာဖြစ်လာပြီး တိုက်ပွဲတွေ ရပ်သလောက်နီးပါး ဖြစ်လာသည်။ စစ်ကြောင့် ထွက်ပြေး တိမ်းရှောင်နေရသည့် ကရင်ဒုက္ခသည်များကို မြန်မာအစိုးရက စနစ်တကျ ပြန်လည်နေရာချထားရန် ပြင်ဆင်နေသည်။ ထိုအခါ နိုင်ငံတကာ အကူအညီများမှာ ယခင်က INGOs ကြီးများ NGOs ကြီးများထံ စီးဆင်းနေခဲ့ရာမှ မြန်မာအစိုးရထံသို့ ပုံအောစီးဆင်းသွားသောအခါ ထို INGOs နှင့် NGOs ကြီးများမှ ဒေါ်လာစား မျက်နှာဖြူများနှင့် မြန်မာ့အရေးလှုပ်ရှားသည့် အီလစ် အလွှာများအတွက် ထမင်းအိုးကွဲကိန်း ဆိုက်လေတော့သည်။ ကရင် အရေးအတွက် ကရင်ဒုက္ခသည်တွေကို ဗန်းပြ၍ ပရောဂျက်ရှာနေသူများ ထိုအဖွဲ့အစည်းကြီးများမှ ကရင်အီလစ်အလွှာများ၊ ကချင်ဒုက္ခသည်များကို ခုတုံးလုပ်၍ ဝင်ငွေကောင်းနေသည့် ကချင်အချို့၊ မိမိဗမာအချင်းချင်းကို ပြည့်တန်ဆာဇာတ်သွင်း၍ AIDS ကာကွယ်ရေးဟူ၍ ပရောဂျက်ရှာစားနေ သည့် ဗမာအီလစ်များအတွက် ဒုက္ခသည်မရှိတော့လျှင် ဆန်တောင်းစရာ မျောက်မရှိတော့သည့် အဖြစ်နှင့် ကြုံရပေတော့မည်။ မွတ်စလင်များတွင်လည်း ထိုနည်းနှင်နှင်သာ။ ရိုဟင်ဂျာအစစ်ကြီးများက အမေရိကားနှင့် အရှေ့အလယ်ပိုင်း သူဌေးနိုင်ငံများတွင် နေထိုင်၍ အာရပ်သူဌေးတွေထံမှ ပရောဂျက် တွေ တောင်းစား၏။ ရိုဟင်ဂျာမှာ လူနည်းစုလေးသာဖြစ်၍ ရိုဟင်ဂျာဦးရေ မတိုးတိုးအောင် ကလေးမွေးသန်သော ဘင်္ဂလီတွေကိုပါ ရိုဟင်ဂျာဟု ခေါင်း စဉ်တပ်၍ မြန်မာပြည်အတွင်း ဝင်ရောက်နေထိုင်စေသည်။ မွတ်စလင်တွေအတွက်ဟု ဗန်းပြ၍ အာရပ်သူဌေးနိုင်ငံများမှ ငွေကို သဲ့ယူ၍ အိပ်ထဲထည့်၏။ နိုင်ငံတကာက ကူညီထောက်ပံ့နေသည့် အကူအညီများမှာ ရိုဟင်ဂျာဆိုသည့် လူနည်းစုလေးထံသာ အမှန်အကန်ရောက်ပါက  ရိုဟင်ဂျာတွေမှာ ဝမ်းရေး အတွက် ဒေသခံရခိုင်တို့နှင့်တိုက်ခိုက်ရန် မလိုအပ်ပေ။ စင်စစ်တွင် ပဋိပက္ခများ၏ အဓိကအကြောင်းအရင်းမှာ ဆင်းရဲခြင်းကြောင့်ဖြစ်ကာ ရခိုင်တွေ ရိုဟင်ဂျာတွေမှာ စားဝတ်နေရေးအတွက် မပူပန်ရလျှင် ပစ္စည်းမဲ့ဒေါသများလည်း ရှိလာတော့မည်မဟုတ်ပေ။ ယခုမူ ချမ်းသာသွားကြသူတွေက လုပ်စား ကြသူ မျက်နှာဖြူများ၊ မြန်မာများ နှင့် မုတ်ဆိတ်ပြ၍ မွတ်စလင်အကျိုးသယ်ပိုး ယောင်ဆောင်သူများပင်ဖြစ်ကြသည်။ ဘယ်ရိုဟင်ဂျာမှ ဝလင်အောင် မစားရသလို ရခိုင်တွေမှာလည်း မိမိမြေပေါ်က မိမိလယ်မြေဥစ္စာတွေ မဆုံးရှုံးအောင် အသန်းအသန်ကာကွယ်နေရသည်။  ယခု ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများတွင် ဘင်္ဂလီဘက်ရော ရခိုင်ဘက်ရောမှ သွေးထိုးပေးနေသူများ တွင် INGO နှင့် NGO ကြီးတချို့မှ ဝန်ထမ်းများ ပါဝင် ပတ်သက်နေသည်ဟု သတင်းများ ထွက်ပေါ်နေခြင်းက ဤအချက်တွေကို သက်သေပြနေသကဲ့သို့ရှိပါသည်။

အစိုးရအဖွဲ့ထဲမှ အာဏာပြန်သိမ်းလိုသည့် ခေါင်းမာဂိုဏ်သားတို့ကလည်း ရသင့်အခွင့်အရေးကို ဒိုက်ဗင်ဝင်ထိုးလေသည်။ တိုင်းပြည်ဆူအောင် နိုင်ငံပိုင်မီဒီယာကနေ ဖွပြန်သည်။ နိုင်ငံရေးအကျဉ်းသားကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်ကိစ္စများ လူထုအကြား ရေပန်းစားနေလျှင် တိုင်းပြည်၏ အင်တာ နက်က အလွန်နှေးကွေး၏။ ယခုမူ အင်တာနက်လိုင်းတွေက အလွန်ကောင်းနေပြန်သည်။ Facebook ပေါ်မှ အမျိုးသားရေး ကြွေးကြော်၍ လမ်းကြောင်း တင်သူများတွင် ပြန်ကြားရေးနှင့် အစိုးရအရာရှိကြီးများလည်း ပါနေသည်။  သူတို့ကား တပ်မတော်မှ အာဏာပြန်သိမ်းသည်နှင့် ယခင်ရွှေထီးဆောင်း၍ အဘအခေါ်ခံခဲ့ရသည့် ဘဝများကို အိပ်မက်နေကြပေပြီ။

နိုင်ငံရေးဆိုသည်မှာ အလွန်ညစ်ပတ်သောအရာဖြစ်၍ အသုံးမတတ်လျှင် ကိုယ်ကျင့်တရားမကောင်းသူတွေပါလာလျှင် တိုင်းပြည်ပျက်ကိန်း ဆိုက်ရောက်တတ်သည်။ ပို၍ဆိုးသည်မှာ ပြည်သူတွေက အတွေးအခေါ်ခေါင်းပါးသူ အများစု ဖြစ်နေပြီး ထိုညစ်ပတ်သည့်နိုင်ငံရေး (Dirty Politic) ကို ကစားနေသူများက ပညာတတ်လျှင် ပို၍ဆိုးသည်။ ယခု ရိုဟင်ဂျာအရေးမှ ဘာသာရေး အဓိကရုဏ်းများ၏ နောက်ကွယ်မှ Invisible Hands ပိုင်ရှင် အသီးသီး၏ ရည်မှန်းချက်များ အထမြောက်ရန် နီးသထက် နီးနေပေပြီ။ ယင်းတို့၏ ရည်မှန်းချက်များ အောင်မြင်သွားခဲ့ပါကလည်း ရိုဟင်ဂျာအရေးမှာ လည်သူတွေက စားသွားကြသည်ဟု ဖြေသိမ့်ရန် ရှိပေတော့မည်ဖြစ်သည်။

*****************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle2011
yangonchronicle2011

၁၄.၆.၂၀၁၂

ပြည်တွင်းသတင်းများ

  1. အမေရိကန်ဘဏ်၌ အပ်နှံထားသော မြန်မာလုပ်ငန်းရှင်အချို့၏ ငွေများ ပြန်ထုတ်ခွင့်ရရှိပြီ
  2. မြန်မာ့ငြိမ်းချမ်းရေးကိစ္စများအတွက် PDSG အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ဗြိတိသျှ နန်းဓလေ့ထက်ပို၍ ဒေါ်အောင်ဆန်းစုကြည်အား နေရာပေးမှုအပေါ် ခေါင်းဆောင်ပိုင်း သဘောထားကွဲ
  2. ပထမအကြိမ် လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးများ ကျင်းပရန် ခေါ်ယူ
  3. ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီတည်ထောင်ခွင့်ရရှိ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

************************

ပြည်တွင်းသတင်းများ

အမေရိကန်ဘဏ်၌ အပ်နှံထားသော မြန်မာလုပ်ငန်းရှင်အချို့၏ ငွေများ ပြန်ထုတ်ခွင့်ရရှိပြီ

အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် ထပ်မံဖြေလျော့မှုအဖြစ် လွန်ခဲ့သည့် ၁၀ နှစ်ကျော်က အမေရိကန်ဘဏ်မှ ပိတ်သိမ်းထားသော မြန်မာ လုပ်ငန်းရှင်အချို့၏ ငွေများကို ပြန်လည်ထုတ်ယူခွင့်ပြုလိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံငွေကြေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရ သည်။

“လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက အမေရိကန်ဘဏ်က ပိတ်သိမ်းထားတဲ့ မြန်မာလုပ်ငန်းရှင်တွေရဲ့ ငွေတွေကို ခုပြန်ထုတ်ခွင့်ရနေပါပြီ။ ပြီး တော့ စတင်ပိတ်ကတည်းက အတိုးနှုန်းတွေနဲ့ အခုရရှိမယ့် ငွေရင်းကိုပါ ထည့်ပြီးတွက်ပေး မယ်လို့ပြောပါတယ်။ အရင် ၁၀ နှစ်ကျော်ကတည်းကဆိုတော့ အတိုးနှုန်းကို တွက်ကြည့်ရင် တော်တော်ကိုမနည်းဘူး”ပာု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

အမေရိကန်ဘဏ်တွင် မြန်မာနိုင်ငံတော် ဗပိာုဘဏ်၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဘဏ်တို့မှ ငွေများ အပ် နှံထားခြင်းမရှိကြောင်း သိရသည်။

ထို့ပြင် ၂၀၁၂ ဇွန်လ ၇ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၊ ကုလသမဂ္ဂအဆောက်အအုံ၌ ကျင်းပပြုလုပ်ခဲ့သော (၁၀၀) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ၌ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးနှင့် အကူအညီပေးရေးဆိုင်ရာ ကန့်သတ်မှုများကို အမြန်ဆုံးရုတ်သိမ်းပေးရန် မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က တောင်းဆိုခဲ့သေးကြောင်း သတင်းများအရ သိရသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အတွက် မြန်မာနိုင်ငံ အား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့အရေးယူမှုများပြုလုပ်ထားသည့် အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ ပိတ်ဆို့အရေးယူမှု တစ်ချို့အား ရုတ်သိမ်းမှုများ၊ ဆိုင်းငံ့မှုများ ပြုလုပ်ပေးခဲ့သည်ဟု သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

မြန်မာ့ငြိမ်းချမ်းရေးကိစ္စများအတွက် PDSG အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မည်

မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေးဗပိာုဌာန (Myanmar Peace Center) ဖွဲ့စည်းထူထောင်ပြီးဖြစ်သည့်အတွက် Peace Donor Support Group (PDSG) အဖွဲ့နှင့် ငြိမ်းချမ်းရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသွားကြောင်း နိုင်ငံပိုင်သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗပိာုကော်မတီဥက္ကဋ္ဌ ဦးသိန်းစိန်သည်  ၂၀၁၂ ဇွန်လ ၁၂ ရက်နေ့တွင် PDSG မှ ဦးဆောင်ဆက် သွယ်နိုင်ငံဖြစ်သည့် နော်ဝေနိုင်ငံနှင့် ကမ္ဘာ့ကုလသမဂ္ဂများအဖွဲ့၊ သြစတြေးလျနိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ ကမ္ဘာ့ဘဏ်နှင့် ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့နှင့် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗပိာုဌာန (MICC) ဧည့်ခန်းမတွင် တွေ့ဆုံခဲ့ရာတွင် ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

“အခုလို PDSG အဖွဲ့က မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် ပါဝင်ပူးပေါင်းဆောင်ရွက်ဖို့ လာရောက်တဲ့ အတွက် ကျေးဇူးတင် ပါတယ်။ မိမိတို့နိုင်ငံအနေနဲ့လည်း မြန်မာနိုင်ငံဗပိာုဌာန (Myanmar Peace Center) ကို ဖွဲ့စည်းထူထောင်ပြီးဖြစ်တဲ့အတွက် PDSG အဖွဲ့နဲ့ ပူးပေါင်း ပြီးတော့ ငြိမ်းချမ်းရေးကိစ္စတွေအတွက် မပာာာဗျူပာာလုပ်ငန်းစဉ်တွေ ချမှတ်ပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ပာု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

ထို့ပြင် ရခိုင်ပြည်နယ်အတွင်း လက်ရှိ ဖြစ်ပွားနေသော ဘင်္ဂလီပဋိပက္ခများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယခု ဖြစ်ပွားနေ သည့် ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်များသည် ရှုပ်ထွေးနက်နဲသော နောက်ခံအကြောင်းအရာများကို အခြေခံပြီး ဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ အစိုးရအနေ ဖြင့် အတက်နိုင်ဆုံး ပျက်စီးဆုံးရှုံးနည်းပါးအောင် စနစ်တကျ ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အိုးအိမ် ပျက်စီးဆုံးရှုံးခဲ့ရသည့် ပြည်သူများအတွက် အစိုးရအနေဖြင့် ထောက်ပံ့မှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံ၏ အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့သည့်အပြင် နိုင်ငံတစ်ဝန်းလုံး ထာဝ ရငြိမ်းချမ်းရေးရရှိနိုင်စေရန် ပြည်တွင်းရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းခဲ့ရာတွင် ယခုအခါ လက်နက်ကိုင်အဖွဲ့ အစည်း (၁၁)ဖွဲ့အနက်၊ (၁၀)ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

YC

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ပထမအကြိမ် လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးများ ကျင်းပရန် ခေါ်ယူ

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးများကို ၂၀၁၂ ဇူလိုင် ၄ ရက်နေ့တွင်လည်းကောင်း၊ ပထမအကြိမ် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးများကို ၂၀၁၂ ဇူလိုင် ၄ ရက်နေ့တွင် နေပြည်တော်ရှိ လွှတ်တော်အစည်းအဝေးခန်းမ များတွင် စတင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ၂၀၁၂ ဇွန် လ ၁၃ ရက်နေ့ထုတ် နိုင်ငံပိုင်မီဒီယာများ၏ ဖော်ပြချက်အရ သိရှိရသည်။

“ပထမအကြိမ် လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေးတွေ ပြန်စနိုင်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေဆီကို ဖိတ်စာတွေရနေပါပြီ။ ဇူလိုင် ၄ ရက်နေ့မှ လွှတ်တော် အစည်းအဝေးတွေအကုန်လုံး ပြန်စမှာပါ။ ဒီအစည်းအဝေးမှာ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ ပါလာပြီဆိုတော့ အရင်ကထက်ပိုပြီးတော့ စစ်မှန်တောင့်တင်းခိုင်မာတဲ့ ဥပဒေတွေ ပြုပေးလာနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်”ပာု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

ပထမအကြိမ် လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေးများ ပြန်လည်စတင်နိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် အစည်းအဝေးဖိတ်စာများ လက်ခံရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ နေပြည်တော်လွှတ်တော်ရုံးသို့ ဇူလိုင် ၂ ရက်ထက် မစော ၃ ရက်ထက် နောက်မကျစေဘဲ သတင်းပို့ရမည်ဖြစ်ပြီး ကိုယ်စားလှယ်အသိအမှတ်ပြုလွှာနှင့် ကိုယ်စားလှယ်စိစစ်ရေးကတ်ပြားတို့ကို ယူဆောင် လာရမည်ဖြစ်ကြောင်း သိရှိရသည်။

ပထမအကြိမ် တတိယပုံမှန်အစည်းအဝေးများကို မေလ ၂ ရက်နေ့တွင် ရပ်နားခဲ့ကြောင်း သိရပြီး ၂၀၁၂ ဧပြီလ ၁ ရက်နေ့၌ ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)မှ မဲအများဆုံးအနိုင်ရရှိခဲ့ပြီး အဆိုပါ လွှတ်တော်အစည်းအဝေးသို့ တက်ရောက် ခဲ့ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ဗြိတိသျှ နန်းဓလေ့ထက်ပို၍ ဒေါ်အောင်ဆန်းစုကြည်အား နေရာပေးမှုအပေါ် ခေါင်းဆောင်ပိုင်း သဘောထားကွဲ

ဗြိတိသျှ နန်းဓလေ့များထက်ပိုမို၍ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေရာပေးသည့်အတွက် ဗြိတိသျှ ခေါင်းဆောင် ပိုင်းများအကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၏ ၁၇ ရက်ကြာ ဥရောပခရီးစဉ်အတွင်း ယူကေနိုင်ငံ လန်ဒန်မြို့ ဝက်စ်မင်စ တာခန်းမ၌ အထက်အောက်လွှတ်တော်နှစ်ရပ်လုံးအား မိန့်ခွန်းပြောကြားမည့် ကိစ္စရပ်များအပေါ် ကန့်ကွက်မှုများရှိသည့်အတွက် ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး ဝီလျံပိာတ်စ်နှင့် အထက်အောက် လွှတ်တော်ခေါင်းဆောင်အချို့ အငြင်းပွားလျက်ရှိကြောင်း သိရသည်။

“မြှောက်လွန်းအားကြီးတဲ့အတွက် လန်ဒန်လွှတ်တော်မှာ ပြဿနာအနည်းငယ်ပိုတဲ့ သဘောမျိုးပါပဲ။ တစ်ဖက်နဲ့တစ်ဖက် နည်းနည်း ထိန်းထိန်း သိမ်းသိမ်းရှိဖို့အတွက် အငြင်းပွားမှုဖြစ်နေတာပါ”ပာု ဗြိတိန် အထက်လွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနှင့် အောက်လွှတ်တော်ဥက္ကဋ္ဌ ဂျွန်ဘာကောင်းတို့မှ လန်ဒန်မြို့ရှိ ဝက်မင်စတာခန်းမ၌ ဒေါ်အောင်ဆန်းစု ကြည်မိန့်ခွန်းပြောကြားရန် သဘောတူညီခဲ့သော်လည်း အထက်လွှတ်တော်ခေါင်းဆောင် လော့ဒ်စထရက်သ်ကလိုက်နှင့် ဘုရင်မကြီး၏ ပါလီမန်ကိုယ် စားလှယ် ဘလက်ရော့ဒ်တို့က ကန့်ကွက်ခဲ့သည့်အတွက် ယခုကဲ့သို့ အငြင်းပွားရခြင်းဖြစ်ကြောင်း သိရသည်။

“လန်ဒန်မြို့မှာရှိတဲ့ ဝက်စ်မင်စတာခန်းမမှာ လူတိုင်းကို ပြောခွင့်ပေးတာမပာုတ်ပါဘူး။ အစဉ်အလာအရ နယ်လ်ဆင်မင်ဒဲလားနဲ့ ဘားရက်အို ဘားမားတို့လို ကမ္ဘာသိနိုင်ငံခေါင်းဆောင်တွေကိုပဲ ပြောခွင့်ပေးခဲ့တာပါ။ ဗြိတိန်နိုင်ငံရဲ့ လုပ်ထုံးလုပ်နည်းအရ ဒေါ်အောင်ဆန်းစုကြည်ကို ဝက်စ်တက် ခန်းမမှာမပာုတ်ဘဲ အောက်လွှတ်တော် အဆောက်အဦးတွင်းက ရွိုင်ယယ်လ်ဂယ်လာရီခန်းမမှာ မိန့်ခွန်းပြောဖို့ ပြောဆိုမှုတွေအပေါ်မှာ အငြင်းပွားရတာ ပါ”ပာု လန်ဒန်လွှတ်တော်အမတ်တစ်ဦးက ဆိုသည်။

၂၀၁၂ ဇွန်လ ၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုသည်၏ နှစ်ပေါင်း ၂၀ ကျော်အတွင်း ဒုတိယအကြိမ် နိုင်ငံခြားခရီးစဉ်အဖြစ် ဥရောပရှိ နိုင်ငံ ၅ နိုင်ငံသို့ ၁၇ ရက်ကြာ သွားရောက်မည်ဖြစ်ကြောင်း သတင်းများအရ သိရှိရ သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီတည်ထောင်ခွင့်ရရှိ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၂၀၁၂ ခုနှစ် ဇွန်လ ၁၂  ရက်နေ့မှ စတင်၍ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်အား နိုင်ငံရေးပါတီ အဖြစ် တည်ထောင်ခွင့်ပြုလိုက်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ကြေညာချက်အမှတ် (၃၀/၂၀၁၂) ဖြင့် နိုင်ငံရေးပါတီတည်ထောင်ရန် ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီမှတ်ပုံတင်အမှတ်စဉ်မှာ (၅၆)ဖြစ်သည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီရုံးချုပ်ကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၅)ရပ်ကွက်၊ (၉)မိုင်၊ ပြည်လမ်း၊ အမှတ်(၂၆)တွင် ဖွင့် လှစ်ထားရှိပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီတည်ထောင်ခွင့် လျှောက်ထားချက်သည် ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွှတ်ကြောင်း တွေ့ရှိရသည့်အ တွက် ပါတီမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ နှင့်အညီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ပါတီတည်ထောင်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

YC

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"အခုရခိုင်မှာ ဖြစ်နေတဲ့ကိစ္စက ဗြိတိသျှတွေရဲ့ အမွေဆိုးလို့ မှတ်ယူပါတယ်။ ပြည်ပကလာတဲ့ လူမျိုးစုကလည်း လူတွေဖြစ်လို့ လူသားအခွင့်အရေးတော့ ရသင့်ပါတယ်။ ဒါပေမယ့် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကိုတော့ လေးစားလိုက်နာမှု ရှိရပါမယ်။ တိုင်းရင်းသားအသွင်ဆောင်လာပြီး အတင်းအကြပ် လက်နက်ကိုင် အကြမ်းဖက်မှုဖန်တီးပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသဖြစ်ဖို့ ကြိုးစားနေတာ ကြာပါပြီ။ အခုကြေညာချက်ကလည်း သမိုင်းကိုလိမ်တာ။ တစ် ခြားလူမျိုးတစ်စုကို တိုင်းရင်းသားမျိုးနွယ်စုအဖြစ် သတ်မှတ်ပြီး နိုင်ငံရေးဇာတ်ခုံပေါ် တက်ချင်လာတဲ့ပုံစံ ရှိပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ သံရုံးကပဲဖြစ်ဖြစ် ကုလသမဂ္ဂကပဲဖြစ်ဖြစ် ထုတ်ပြန်ချက် လေ့လာချက်တစ်ခုကို ထုတ်ပြန်တော့မယ်ဆိုရင် ဒေသခံတွေရဲ့ သဘောထားနဲ့ အမှန်တကယ်ဖြစ်ပျက်နေတဲ့ အခြေအနေကို သိဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ဘဲ မူရင်းဒေသမှာနေထိုင်ကြတဲ့ တိုင်းရင်းသားတွေကို ထိပါးစော်ကားမှုမျိုး ရှိလာပြီဆိုရင်တော့ ကန့်ကွက်မှု ကို ခံရပါလိမ့်မယ်။ ဒီအချိန်မှာ ရိုဟင်ဂျာ ဘင်္ဂါလီတွေကို တိုင်းရင်းသားအဖြစ် သတ် မှတ်လိုက်မယ်ဆိုရင် နောက်နှစ်ပေါင်းနှစ်ဆယ်လောက်မှာ ရခိုင်ကို သူများပေးလိုက်ရပါလိမ့်မယ်။ ဒါကြောင့် ဒီကိစ္စဟာ တိုင်းရင်းသားလူမျိုးတစ်မျိုးတည်းရဲ့ တာဝန် မဟုတ်တော့ဘူး။ တိုင်းရင်းသားအားလုံးမှာ တာဝန်ရှိ လာပါပြီ"

ဇွန်လ (၁၄)ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်အတွဲ(၅)၊ အမှတ်(၁၁)တွင် ပါရှိသည့်"ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော အကြမ်းဖက် မှုများနှင့်စပ်လျဉ်း၍အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကြေညာချက်ထုတ်ပြန် ရခိုင်တိုင်းရင်းသားလူမျိုးဟူသော စကားရပ်ပါဝင်ခြင်းမရှိ"သတင်းမှ ရခိုင် တိုင်းရင်းသားများတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"၁၀၀ဦးစာရင်းထဲမှာ ကုမ္ပဏီကြီးတွေ၊ ကုမ္ပဏီခွဲတွေ အလိုက်ဆောင်ထားတာတွေ ပါလာတယ်။ အများသိထားတာ၊ ထင်ထားတာတွေလောက်တော့ ထိပ်ဆုံးမှာပါရမှာ မပါလာဘူး။ ကုမ္ပဏီကြီးအချို့ ပါလာတယ်ဆိုပေမယ့် အပြည့်အဝဆောင်တာမျိုး မဟုတ်သေးဘူးလို့ပြောတာ။ နောက် မြန်မာနိုင်ငံမှာ UMFCCI ဆိုတာ စီးပွားရေးခေါင်ချုပ်အဖွဲ့ပဲ။ UMFCCI ရဲ့ ထိပ်ပိုင်းမှာ တာဝန်ယူထားတဲ့ လုပ်ငန်းရှင်တွေရဲ့ကုမ္ပဏီတွေ ပြည်ထောင်စု ဝန်ကြီးတွေပိုင် တဲ့ ကုမ္ပဏီကြီးတွေ ပါမလာသေးဘူး။ ပြီးတော့ အဲဒီကုမ္ပဏီတွေနဲ့ နှိုင်းရင် အခွန်ထိပ်ပိုင်း ၁၀၀ ဦးစာရင်းမှာ ပါလာစရာအကြောင်းမရှိတဲ့ ကုမ္ပဏီအလတ် တွေ အခွန်ဆောင်ပြီး ၁၀၀ဦးစာရင်းဝင်နေတယ်။ လူတိုင်းသိတဲ့ ကုမ္ပဏီကြီးတွေ ပါသင့်ရက်နဲ့မပါတာ။တချို့မလေးရှား Casino မှာ တစ်ရက်တည်းနဲ့ ဒေါ်လာ သန်း၄၀လောက် အရှုံးခံကစားပေမယ့် ဒီမှာ တစ်နှစ် ဒေါ်လာလေးသန်းလောက်တောင် အခွန်မဆောင်ဘူး။ ဒီစာရင်းကိုလည်း ထုတ်ပြန်ရင် ထုတ်ပြန်ဦးမှာ။ အဲဒီကျရင် အားလုံးမြင်ကြရမှာပါ"

ဇွန်လ(၁၄)ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်အတွဲ(၅) အမှတ်(၁၁)တွင် ပါရှိသည့်"၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း အခွန်အများဆုံးထမ်း ဆောင်ထားသည့် အခွန်ထမ်း ၁၀၀ဦးစာရင်းထုတ်ပြန် နာမည်ကျော်ကုမ္ပဏီကြီးအချို့နှင့် ၁၀၀ ဦးစာရင်းတွင် ပါဝင်သင့်သည့် ကုမ္ပဏီများ ပါဝင်လာမှု မရှိ" သတင်းမှ ပါသင့်လျက်မပါရှိသည့်အပေါ် အခွန်ပေးဆောင်ထားသူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"ဒါက စိစစ်သင့်လို့ စိစစ်တာပါ။ ဒါဟာ NATION SECURITY အရ လုပ်တာပါ။ ဒီဟာကိုတော့ လျှော့ဖို့မရှိဘူး။ လွယ်လွယ်ကူကူ လုပ်လို့မရဘူး။ များ သွားနိုင်တယ်။ နိုင်ငံသားမရသင့်တဲ့လူကို မပေးမိအောင် ကာကွယ်ရမှာ ကျွန်တော်တို့ဝန်ကြီးဌာန တာဝန်ရှိပါတယ်။ ဒီလိုမရသင့်တဲ့လူရသွားရင် တစ်ချိန် မှာ နိုင်ငံတော်သမ္မတထိ ရွေးချယ်ပိုင်ခွင့်ရှိရင် ကျွန်တော်တို့နိုင်ငံ အနာဂတ်အတွက် ဘယ်လိုမှမကောင်းနိုင်ဘူး။ စိစစ်ရေးလုပ်ငန်းဟာ ကျွန်တော်တို့ ဝန်ကြီးဌာနအလုပ်ပါ"

ဇွန်လ (၁၃)ရက်နေ့ထုတ် မြန်မာပို့စ်ဂလိုဘယ်ဂျာနယ် အတွဲ(၄)အမှတ်(၂၂)ပါ "သွေးနှောနိုင်ငံသားများကို နိုင်ငံသားကတ်ပြားထုတ်ပေးရေးအတွက် ချမှတ်ထားသောဥပဒေများကို လျှော့ပေါ့ပေးရန်မရှိ"သတင်းမှ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

******************************

 

 

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs