Transparency Myanmar

transparency.myanmar@gmail.com

၂၁.၆.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မြန်မာလားဘားမားလား

*****************************************

ဆောင်းပါးကဏ္ဍ

မြန်မာလားဘားမားလား

မောင်အံ့ (မဟာဝိဇ္ဖာ-ဘုံဘေ)

(ဇွန် ၂၁ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၈) အမှတ် (၃၂) မှ ထုတ်ယူဖော်ပြသည်)

မြန်မာတို့သည် နိုင်ငံကို မြန်မာနိုင်ငံဟူ၍လည်းကောင်း၊ လူမျိုးကို မြန်မာလူမျိုးဟူ၍လည်းကောင်း ခေါ်ဆိုသုံးနှုန်းခဲ့ကြသည်မှာ နှစ်ပေါင်း ထောင်ချီ၍ ကြာမြင့်ခဲ့လေပြီ။ အိမ်နီးချင်းဖြစ်သောတရုတ်လူမျိုးများက (မြန်) ဟူ၍ စကားလုံးတစ်လုံးတည်းဖြင့် ခေါ်ဆိုသုံးနှုန်းကြသည်။ တိဗက်လူမျိုးများ ကလည်း ကျွန်ုပ်တို့ကို ‘မြန်’ ဟူ၍ ခေါ်ဆိုကြသည်။

သို့ရာတွင် အန္ဒိယနိုင်ငံသားများက ကျွန်ုပ်တို့ကို (ဗြဟ္မာ(ဗရမာ)= ဗားရမား) ဟူ၍ ခေါ်ဆိုသုံးနှုန်းကြသည်။ မြန်မာနိုင်ငံကို ဗရမားဒေးရှ်ဟူ၍ ခေါ် ဆိုပြီး မြန်မာနိုင်ငံသားတို့ကို (ပရမားဒေးရှီး) ဟူ၍ ခေါ်ဆိုကြသည်။ အဆိုပါ အိန္ဒယနိုင်ငံသားများမှတစ်ဆင့် အင်္ဂလိပ်လူမျိုးများက ကျွန်ုပ်တို့ကို (ဘားမား) (Burma) ဟူ၍ ခေါ်ဆိုပြီး ဂျာမန်လူမျိုးများက အင်္ဂလိပ်ထံမှတစ်ဆင့် (ဗူးရမား) ဟူ၍ ခေါ်ဆိုကြသည်။ ဂျပန်လူမျိုးများက (ဘိရှုမာ) ဟူ၍ ခေါ်ဆိုကြသည်။ ထိုင်းလူမျိုးများက (ဖမ) ဟူ၍ ခေါ်ဆိုကြသည်။

ထို့ကြောင့် (မြန်မာ) ဟူသောဝေါဟာရနှင့် (ဗမာ) ဟူသောဝေါဟာရဟာ နှစ်မျိုးကွဲပြားလာခဲ့သည်။ ယင်းဝေါဟာရနှစ်မျိုးအနက် (မြန်မာ) ဟူ သောဝေါဟာရမှာ နှစ်ပေါင်းထောင်းချီ၍ ကြာမြင့်ခဲ့ပြီးဖြစ်သည်။ ပုဂံခေတ်ကျောက်စာများ၌ မြန်မာဟူ၍သာ သုံးနှုန်းရေးထိုးခဲ့ကြသည်။ အင်းဝခေတ်တိုင် အောင် ဗမာဟူသောဝေါဟာရအသုံးအနှုန်း မပေါ်ခဲ့သေးချေ။

အန္ဒိယနိုင်ငံသားစကားပြန်များမှ တစ်ဆင့်ရရှိသော (ဘားရမား) ဟူသောအသုံးအနှုန်းကို အင်္ဂလိပ်များက တွင်ကျယ်စွာသုံးနှုန်းခဲ့သဖြင့် (Burma) ဟူသောအသုံးအနှုန်းသည် ကမ္ဘာသို့ ပြန့်နှံ့သွားခဲ့သည်။

လွတ်လပ်ရေးရသောအခါ နိုင်ငံအကြီးအကဲဖဆပလခေါင်းဆောင်များက ကျွန်ုပ်တို့နိုင်ငံ၏ တရားဝင်ရုံးသုံးအမည်နာမကို (ပြည်ထောင်စု မြန်မာနိုင်ငံတော်) ဟူ၍ နိုင်ငံတော်တံဆိပ်အတွင်း၌ စာတန်းထိုး၍ အတည်ပြုသုံးနှုန်းခဲ့ကြသည်။ သို့ရာတွင် အင်္ဂလိပ်ဘာသာဝေါဟာရအတိုင်း (ဘား မား) ဟူ၍ အတည်ပြုသုံးနှုန်းခဲ့သည်။

ယင်းBurma  ဟူသော အသုံးအနှုန်းမှာ အခြေခံဥပဒေနှင့်အညီ ပြဋ္ဌာန်းထားသော (မြန်မာ) ဟူသောဝေါဟာရကို တိုက်ရိုက် အသံပြောင်း လဲခြင်း (Direct Transcription) မဟုတ်သဖြင့် တိုက်ရိုက်အသံထွက် ပြောင်းလဲခြင်း၊ (အက္ခရာ) ပြောင်းလဲခြင်းနည်းကို အသုံးပြု၍ (မြန်မာ) (Myanmar) ဟူ၍ တပ်မတော်အစိုးရ (န.ဝ.တ) က ပြောင်းလဲသုံးစွဲလိုက်သည်။

ထိုအခါ အင်္ဂလိပ်တို့၏ ဝေါဟာရ (ဗားမား)ကို အစွဲအလမ်းကြီးနေသော လူငယ်တစ်ချို့က ဒီလိုသာ ဗထက်ခြိုက်ကို (မ) ပြောင်းတမ်းဆိုရင် (ဗုဒ္ဓကိုလဲ=မုဒ္ဓလို့ပြောင်းပါတော့လား)ဟူ၍ မကျေမနပ်ထုတ်သံကို ကြားလိုက်ရဖူးပါသည်။

အမှန်စင်စစ် မြန်မာလူမျိုး၊ မြန်မာနိုင်ငံ၊ မြန်မာပြည်ဟူ၍ စတင်ခေါ်ဝေါ်သုံးစွဲမှု ဖြစ်ပေါ်လာပုံမှာ ပျူလူမျိုးအများစုနေထိုင်သော သရေခေတ္တရာ တိုင်းပြည်ကြီး ဖရိုဖရဲပြိုကွဲပျက်စီးသွားသောအခါ ဗျူ၊ ကမ်းယံ၊ သက် အုပ်စုသုံးစုကွဲသွားပြီးလျှင် (ကမ်း၊ ယံ) သည် ရခိုင်လူမျိုးဖြစ်သွားခဲ့၍ (သက်) မှာ စစ်တကောင်းတောင်တန်းတစ်လျှောက် (မစ္ဆဂီရိ) တိုင်းပြည်ဟူ၍ ဖြစ်ပေါ်လာခဲ့ကြသည်။

ပျူလူမျိုးအုပ်စုသည် ပုဂံဒေသသို့ ရောက်ရှိပြီးရွာကြီး ၁၉ ရွာကို စုပေါင်းပြီး တိုင်းပြည်တည်ထောက်ခဲ့ကြောင်း ယင်းသောအခါ လူမျိုးစု ခေါင်းဆောင် ထက်မြက်သူတစ်ဦးကို အကြီးအကဲဘုရင်မင်းအဖြစ် တင်မြှောက်ကြသည်။ ယင်းအကြီးအကဲကို (သမ္မုတိရာဇာ) (ပြည်သူအများကတင် မြှောက်သော ဘုရင်) ဟူ၍ အဓိပ္ပယ်ရသည်။ ထိုဘုရင်ကို (သမ္မုတိရာဇ်) (သမုဒ္ဒရာဇ်) မင်းဟူ၍လည်း ခေါ်ဆိုကြသည်။ အဆိုပါ သမုဒ္ဒရာဇ်မင်းကြီးသည် တိုင်းသစ်ပြည်သစ် နိုင်ငံသစ်တည်ထောင်ရာ၌ မိမိနိုင်ငံအတွင်း လူမျိုးစုအသီးသီးကွဲပြားနေသည်ကို မလိုလားသဖြင့် နိုင်ငံတွင်းရှိ လူမျိုးအားလုံးကို (လျင် မြန်-သန်မာ-သောလူမျိုး)ဟူ၍ အဓိပ္ပယ်ဖြင့် (မြန်မာ) ဟူ၍ မှည့်ခေါ်လိုက်လေသည်။ မြန်လည်းမြန်သည်။ မာရေကျောရေလည်းရှိသည်။ ထိုကြောင့် နိုင်ငံ အတွင်းရှိလူမျိုးအားလုံးသည် မြန်မာလူမျိုးဖြစ်ကြ၍ နိုင်ငံသည်လည်း မြန်မာနိုင်ငံဟူ၍ ဖြစ်ပေါ်လတော့သည်။

ဤကဲ့သို့ အတိတ်ကောင်း၊ နိမိတ်ကောင်းအနက်အဓိပ္ပယ်နှင့် ပြည့်ဝသော မင်္ဂလာအပေါင်းခညောင်းသော အမည်နာမအသစ်ဖြင့် တိုင်းသစ်၊ ပြည်သစ်၊ လူမျိုးသစ်အဖြစ် တည်ထောင်ခဲ့သည်ကို အစွဲပြု၍ ပုဂံခေတ်ကျောက်စာများ၌ မြန်မာလူမျိုး၊ မြန်မာပြည်ဟူ၍ ရေးထိုးမှတ်တမ်းတင်ခဲ့ကြသည်။ ကျွန်ုပ်တို့ မြန်မာများ၏ ယဉ်ကျေးမှုအစဉ်အလာ၊ မျိုးရိုးအစဉ်အလာကို မသိသူများ (သိသော်လည်း မြန်မာ့အစဉ်အလာ မြန်မာ့ယဉ်ကျေးမှုကို လက်မခံလို သော ပယ်ဖျက်လိုသောလူအချို့သည် မြန်မာလူမျိုး၊ မြန်မာပြည်၊ မြန်မာနိုင်ငံဟူသော မြန်မာအသုံးအနှုန်းကို မသုံးနှုန်းဘဲ ကိုလိုနီနယ်ချဲအင်္ဂလိပ်များ အမည်ပေးသုံးစွဲခဲ့သော (ဗားမား) (Burma) ဟူသောဝေါဟာရကိုသာ သည်းခြေခြိုက် စွဲလမ်းနှစ်သက်စွာ ဆက်လက်သုံးစွဲနေကြလေတော့သည်။

ဤတိုင်းပြည်နှင့် ဤနိုင်ငံသားအားလုံးတို့ကို (မြန်မာ- Myanmar) အခြေခံဥပဒေ၌ ထည့်သွင်းပြဋ္ဌာန်းချက်အရ ကုလသမဂ္ဂသို့ အမည်စာရင်း ပေးသွင်းရာ၌ ယခင်ကရေးသားခဲ့သော (ဗားမား) (Burma) ဟူသောအမည်အစား (မြန်မာ) (Myanmar) ဟူ၍ အမည်သစ်တင်သွင်းခဲ့သည်ကို ကုလ သမဂ္ဂအဖွဲ့ကြီးက အတည်ပြု သုံးစွဲလျက်ရှိပေသည်။ သို့ရာတွင် အင်္ဂလိပ်၊ အမေရိကန်အုပ်စုနှင့် ယင်း၏ သြဇာခံသတင်းစာများ၊ အသံလွှင့်ဌာနများကမူ ကျွန်ုပ်တို့ဥပဒေနှင့် အညီ အတည်ပြုထားသော (မြန်မာ) ဟူသောဝေါဟာရကို လုံးဝမသုံးစွဲဘဲ (ဗားမား) ဟူ၍သာ ခေါင်းမာစွာ အစွဲကြီးလွန်းစွာ သုံးနှုန်း ပြောဆိုလျက်ရှိကြသည်။

အင်္ဂလိပ်တို့သည် သီဟိုဋ္ဌ်နိုင်ငံကို ယခင်က စီလုံ (Celon) ဟု ခေါ်ဆိုခဲ့ကြသော်လည်း လွတ်လပ်ရေးရသောအခါ သီရိလင်္ကာ (Srilanka) ဟူ၍ အမည်ပြောင်းလိုက်သည့်အတိုင်း လိုက်နာ ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်။ ၁၉၅၆ ခုနှစ် ဆဋ္ဌသဂါင်္ယနာ တင်ပြီးသည့်အချိန်ထိ ယိုးဒယားနိုင်ငံကို စီယမ် (SIAM) ဟူ၍ သတ်မှတ်သုံးစွဲခဲ့သော်လည်း နောက်ပိုင်းတွင် စီယမ် (SIAM) ဟူသောအမည်ကိုဖျောက်၍ ထိုင်းလင်း/ ထိုင်းနိုင်ငံ (Thaialnd) ဟူသော အမည်သစ်ပြောင်းလိုက်သည်ကို အင်္ဂလိပ်၊ အမေရိကန်တို့သည် ကျေနပ်စွာ လိုက်နာသုံးနှုန်းခဲ့ကြသည်ကို တွေ့ရှိရပေသည်။

သို့ရာတွင် ကျွန်ုပ်တို့နိုင်ငံ၏ အမည်ကို (ဘားမား) (Burma) ဟူသောဝေါဟာရမှ (မြန်မာ) (Myanmar) ဟူ၍ အခြေခံဥပဒေဖြင့် ပြောင်းလဲသတ် မှတ် ပြဋ္ဌာန်းလိုက်သည်ကို အဘယ်ကြောင့် လက်မခံနိုင်ရပါသနည်။ ကျွန်ုပ်တို့လူမျိုးနှင့် ကျွန်ုပ်တို့နိုင်ငံသည် နှစ်ပေါင်း (၆၀)ကျော် လွတ်လပ်ရေးရပြီးဖြစ် သော်လည်း အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံတစ်ခုဖြစ်နေပြီဆိုသည်ကို ဘဝင်မကျ အသိအမှတ်မပြုနိုင်ဘဲ (တချိန်တစ်ခါက ငါတို့ရဲ့ ခြေဖဝါး အောက်မှာနေခဲ့ရပြီး မျက်နှာဖြူတို့ရဲ့ မျက်နှာတော်ကိုမော်၍မျှမကြည့်ရဲသော ဒီတိုင်းပြည်၊ ဒီလူမျိုးက မင်းတို့ပြောင်းချင်းရာပြောင်းလို့မရဘူး၊ ငါပေးထား တဲ့နာမည်ပဲ ဆက်လက်ခံယူရမည်) ဟူ၍ စွဲလမ်းနေပုံရသည်။

ထို့ကြောင့် အသင်စာရှု့သူအနေဖြင့် ဤနိုင်ငံသည် မြန်မာ(Myanmar)လော၊ ဘားမား(Burma)လော သင်ကိုယ်တိုင် ကြိုက်နှစ်သက်ရာ ဆုံးဖြတ်ပါလော့။

(မြန်မာမင်းသားကြီး (ဝန်ထောက်မင်း) ဦးမောင်မောင်တင် ရေးသားပြုခဲ့သော ရွှေနန်းသုံးဝေါဟာရအဘိဓာန် စာမျက်နှာ-၂၅၇-၈)

*****************************************

 

 

 

 

 

Document Attached: yangonchronicle2011 Op-Ed
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle2011
yangonchronicle2011

 ၂၂.၆.၂၀၁၂

ပြည်တွင်းသတင်းများ

  1. နိုင်ငံကူးလက်မှတ်ရုံးခွဲတစ်ခု ထပ်မံဖွင့်လှစ်မည်
  2. The Voice အမှု ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်ပြမည်
  3. စစ်တွေမြို့တွင်းရှိ နောက်ဆုံးကျန် မွတ်စလင်ရပ်ကွက် ပြောင်းရွှေ့

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. သမ္မတဦးသိန်းစိန် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားမည်
  1. ၈၈ မျိုးဆက်ကျောင်းသားများနှင့် အမေရိကန်အခြေစိုက် အဖွဲ့အစည်းတွေ့ဆုံ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************

ပြည်တွင်းသတင်းများ

နိုင်ငံကူးလက်မှတ်ရုံးခွဲတစ်ခု ထပ်မံဖွင့်လှစ်မည်

မြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲတစ်ခုအား မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ ရဲသတင်းတပ်ဖွဲ့ခွဲမှူးရုံး၌ ဇူလိုင်လတွင်း စတင်ထပ်မံဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းများအရ သိရသည်။

"ပတ်စ်ပို့ရုံးကို မန္တလေးမှာရှိတဲ့ ရဲသတင်းတပ်ဖွဲ့ခွဲမှူးရုံးမှာ ရုံးခွဲဖွင့်မှာပါ။ ဇူလိုင်လ ပထမဦးဆုံးအပတ်ထဲမှာပဲ စဖွင့်ဖြစ်မယ်လို့ သိရတယ်။ အဲဒီ လို ရုံးခွဲဖွင့်ရတဲ့ ရည်ရွယ်ချက်က မြန်မာပြည်အထက်ပိုင်းက ပြည်သူတွေအနေနဲ့ နိုင်ငံကူးလက်မှတ်လုပ်ရတာ လွယ်ကူစေအောင် ဖွင့်တာလို့လည်း သိရ တယ်။ ဒါပေမယ့် ရန်ကုန်က ပတ်စ်ပို့ရုံးမှာလို ငွေသွင်းတာကို တစ်ရုံးထဲမှာမဟုတ်ပဲ ရုံးအပြင်က မြန်မာ့စီးပွားရေးဘဏ်မှာ ငွေသွင်းရမှာဖြစ်တယ်"ဟု ရန်ကုန်ရှိ ပတ်စ်ပို့ရုံး၌ အလုပ်လုပ်နေသည့် ဝန်ထမ်းတစ်ဦးက ဆိုသည်။

ထို့ပြင် ယင်းသို့ နိုင်ငံကူးလက်မှတ်ရုံးအား ရုံးခွဲအဖြစ် မန္တလေးတိုင်းတွင် ဖွင့်လှစ်ပြီးနောက် ရန်ကုန်၌ နိုင်ငံကူးလက်မှတ် ပြုလုပ်သည့်အချိန်အား ၂၁ရက်အတွင်း ရရှိစေရန်ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါရုံးခွဲ၌လည်း ကုန်ကျစရိတ်များနှင့် လိုအပ်သည့်အချက်အလက်များနှင့် ပတ်သက်၍ ရန်ကုန်ရှိ နိုင်ငံကူးလက်မှတ်ရုံး၌ နိုင်ငံကူးလက်မှတ်ပြုလုပ်သည်နှင့် အတူတူဖြစ်ကြောင်း ၎င်း၏ ထပ်မံပြောပြချက်အရ သိရှိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

The Voice အမှု ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်ပြမည်

ပြည်တွင်းအပတ်စဉ်ထုတ် The Voice ဂျာနယ်အား သတ္တုတွင်းဝန်ကြီးဌာနမှ ပုဒ်မ ၅၀၀ ဖြင့် စွဲဆိုထားသည့်အမှုအား ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံရုံးသို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတ္တုတွင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားချက်အရ သိရသည်။

“The Voice ဂျာနယ်ကို တရားစွဲဆိုထားတဲ့အမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီမညီဆိုတာကို စစ်ဆေးနိုင်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံရုံးကို တင်ပြပြီး ဆက်လက်ဆောင်ရွက်သွားမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

ယင်းကဲ့သို့ သတ္တုတွင်းဝန်ကြီးဌာနမှ The Voice ဂျာနယ်အား ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်ပြ ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် တင်ပြဆောင်ရွက်နေစဉ် ကာလအတွင်း လက်ရှိစစ်ဆေးနေမှုများကို ခေတ္တဆိုင်းငံ့ပေးရန် The Voice ဂျာနယ်မှ တောင်းဆိုမှုအပေါ် ဒဂုံမြို့နယ်တရားရုံးက ပယ်ချခဲ့ခြင်းကြောင့် အထက်ရုံးအဆင့်ဆင့်သို့ ပြင်ဆင်မှုတက်သွားမည်ဖြစ်ကြောင်း The Voice ဂျာနယ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“မီဒီယာမှာလည်း မီဒီယာကျင့်ဝတ်ဆိုတာရှိတယ်။ ဒီကျင့်ဝတ်တွေကို မဖောက်ဖျက်သမျှကာလပတ်လုံး ကျွန်တော်တို့အနေနဲ့ ဆက်လက် ရပ် တည်နေနိုင်မှာပါ။ သတ္တုတွင်းအမှုမှာ ကျွန်တော်တို့ဘက်က သက်သေတွေ ခိုင်ခိုင်လုံလုံရှိပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ ကြောက် စရာ မရှိပါဘူး။ အလင်းရောင်မှာနေတဲ့သူပာာ အမှောင်ကို လုံးဝ မကြောက်ပါဘူး”ပာု The Voice ဂျာနယ်မှ သတင်းထောက်တစ်ဦးက ဆိုသည်။

သတ္တုတွင်းဝန်ကြီးဌာနမှ ပြည်တွင်းအပတ်စဉ်ထုတ် ဂျာနယ်တစ်စောင်ဖြစ်သည့် The Voice Weekly ဂျာနယ်ကို ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆို ထားသည့်အမှုတွင် သတ္တုတွင်းဝန်ကြီးဌာနမှ သတင်းရေးသားသူဖော်ထုတ်ပေးရန် The Voiceအား တောင်းဆိုထားသည့် တင်ပြလျှောက်ထားမှုကို ၂၀၁၂ မေလ ၂၃ ရက်နေ့တွင် ဒဂုံမြို့နယ်တရားရုံးက ပလပ်ခဲ့ကြောင်း သတင်းများအရ သိရသည်။

 YC

--------------------------------------------------------------------------------------------------------------------------------

စစ်တွေမြို့တွင်းရှိ နောက်ဆုံးကျန် မွတ်စလင်ရပ်ကွက် ပြောင်းရွှေ့

လူမျိုးရေး အဓိကရုဏ်းများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်းရှိ နောက်ဆုံးကျန် မွတ်စလင်ရပ်ကွက်ဖြစ်သော အောင် မင်္ဂလာ(အောင်းဘားလာ)ရပ်ကွက်အား ဒေသခံအာဏာပိုင်များမှ အတင်းအကျပ် ပြောင်းရွှေ့နေပြီဖြစ်ကြောင်း သိရသည်။

လူဦးရေ သုံးသောင်းကျော်နေထိုင်နေသည့် အဆိုပါရပ်ကွက်အား ပြောင်းရွှေ့မှသာလျှင် စစ်တွေမြို့တွင် ဖြစ်ပွားနေသည့် အဓိကရုဏ်းများ လျော့နည်းသွားမည်ဖြစ်ခြင်းကြောင့် ပြောင်းရွှေ့ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဒီရပ်ကွက်ထဲက မွတ်စလင်တွေက လူလစ်ရင် ရခိုင်အိမ်တွေကို မီးရှို့တာရှိတော့ ရခိုင်တွေက ဒီရပ်ကွက်ကို ဖျက်ခြင်နေကြတာလေ။ ဒီတော့ ရခိုင်တွေဝင်ဖျက်ရင် ပြဿနာတွေက ကြီးလာဦးမှာပဲ။ ဒါကြောင့် ဒီရပ်ကွက်နေ ပြည်သူတွေကို အမြန်ပြောင်းဖို့ စီစဉ်နေရတာ”ဟု ၎င်းက ပြောသည်။

ယနေ့ မနက် ၁၀ နာရီခွဲမှ စတင်ကာ အောင်မင်္ဂလာရပ်ကွက်နေ ပြည်သူများကို စစ်တွေမြို့ အပြင်ဘက်ရှိ ဘုမယ်ရွာနှင့် သဲဖြူချောင်ရွာများသို့ အသုတ်လိုက် ပြောင်းရွေ့နေပြီး၊ ယင်းပြည်သူများ၏ အသက်အန္တရယ်ကို စိုးရိမ်ရခြင်းမရှိစေရန် အဓိကထား စီစဉ်ဆောင်ရွက်နေကြောင်း ရဲတပ်ရင်း (၆) မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“သူတို့တွေကို နေရာရွှေ့ပေးမှ ဖြစ်မှာ၊ နေရာမရွှေ့ပေးဘူးဆိုရင်တော့ ဒီပြဿနာတွေက ကြီးထွားလာဖို့ပဲရှိတယ်”ဟု  စစ်တွေမြို့ အခြေစိုက် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ပါတီဝင်တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့က စစ်တွေမြို့ရှိ သံဃာထုက မွတ်စလင်လူမျိုးများအား  စစ်တွေမြို့နှင့်ဝေးလံသည့် အရပ်ဒေသများတွင် နေရာချ ထားပေးရေးနှင့် ရခိုင်လူမျိုးများနေထိုင်သည့် ရပ်ကွက်နှင့် မွတ်စလင်လူမျိုးများ နေထိုင်သည့် ရပ်ကွက်ကြားတွင် လုံခြုံရေးတပ်ရင်းများ ချထားပေးရေး ကိစ္စရပ်များကို တောင်းဆိုခဲ့ကြသည်။

KP

*****************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

သမ္မတဦးသိန်းစိန် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားမည်

မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်သည် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ပာာဆီးနာ၏ ဖိတ်ကြားချက်အရ ဇူလိုင်လ ၁၅ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သုံးရက်ကြာခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း ပြည်တွင်းသတင်းဂျာနယ်များ၏ ဖော်ပြချက်အရ သိရသည်။

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ သုံးရက်ကြာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခရီးစဉ်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ၏ လမ်းပန်းဆက်သွယ်ရေး ကိစ္စ၊ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ စီးပွားရေးပူးပေါင်းမြှင့်တင်ရေးကိစ္စ၊ နယ်စပ်ရေးရာ လုံခြုံရေးကိစ္စ၊ နိုင်ငံခြားခရီးသွားလုပ်ငန်း မြှင့် တင်ရေးကိစ္စ၊ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့်ကိစ္စများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လက်ရှိ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားလျက်ရှိသော ရိုပာင်ဂျာအကြမ်းဖက်မှုများနှင့် ပတ်သက်၍ သမ္မတကြီး၏ ယခုခရီးစဉ်တွင် ဘင်္ဂ လားဒေ့ရှ်နိုင်ငံရှိ တာဝန်ရှိသူများနှင့် အဓိကထား ဆွေးနွေးသွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုများ ဖြစ်ပေါ် လာနိုင်စေရန် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံခရီးစဉ်အား စီစဉ်ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမောင် မြင့်သည် ဇူလိုင် ၁ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကားမြို့သို့ သွားရောက်မည်ဖြစ်ကြောင်း ပြည်တွင်းသတင်းဂျာနယ်များတွင် ဖော်ပြပါရှိသည်။

Ref:မြန်မာသံတော်ဆင့်

 -----------------------------------------------------------------------------------------------------------------------------------

၈၈ မျိုးဆက်ကျောင်းသားများနှင့် အမေရိကန်အခြေစိုက် အဖွဲ့အစည်းတွေ့ဆုံ

အမေရိကန် အခြေစိုက် လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေး၊ အသွင်ကူးပြောင်းရေး စသည့် ဖြစ်စဉ်များကို လေ့လာ ထောက်ပံ့ကူညီပေး နေသည့် Center On Democracy, Development And The Rule of Law (CDDRL) မှ ညွှန်ကြားရေးမှူးဖြစ်သူ Mr.Larry Diamond သည် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ဦးကိုကိုကြီး၊ ဦးဂျင်မီ၊ ဦးပြုံးချို၊ ဦးမြအေးတို့နှင့် ပြည်လမ်းရှိ အမေရိကန်သံရုံး တာဝန်ခံနေအိမ်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ယင်းတို့၏ တွေ့ဆုံဆွေးနွေးမှုမှာ မြန်မာနိုင်ငံတွင် လတ်တလော လိုအပ်နေသည့် တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ် များဖြစ်ကြောင်း ဦးကိုကိုကြီးက ရန်ကုန်ခရော်နီကယ်သို့ ပြောကြားသည်။

“နှစ်နာရီအတွင်းမှာ သူတို့ရဲ့ လုပ်ငန်းစဉ်တွေကို ရှင်းပြတယ်။ ကျွန်တော်တို့ ဘက်ကလဲ မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ အခွင့်အရေးတွေကို ရှင်း ပြတယ်။ ဘယ်လိုကူညီနိုင်မယ်ဆိုတာ တင်ပြတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

CCDRL အဖွဲ့အစည်းသည် နိုင်ငံပေါင်း ၆၂ နိုင်ငံတွင် အသွင်ကူးပြေင်းရေး လုပ်ငန်းစဉ်များ၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များကို ကူညီပေးနေသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး၊ မြန်မာနိုင်ငံနှင့် ပက်သက်၍ မည့်သို့သော နည်းပညာဆိုင်ရာ ထောက်ပံ့မှုများ ကူညီပေး မည်ကို တိတိကျကျ ပြောဆိုသွားခြင်း မရှိကြောင်း သိရသည်။

KP

*****************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“အလုပ်ရုံတစ်ခုက အလုပ်သမားတွေရဲ့ တောင်းဆိုချက်ထဲမှာ ဘာပါသလဲဆိုတော့ မနက် ၇ နာရီကနေ ည ၇နာရီအထိ အလုပ်ချိန် သတ်မှတ်ပေး ဖို့ဆိုတာကို အလုပ်သမားတွေဘက်က တောင်းဆိုတယ်။ အင်မတန် ကြေကွဲဖို့ကောင်းပါတယ်။ သူတို့တောင်းဆိုနေကြတာကိုကြည့်ရင် ဥပဒေတွေ အခွင့် အရေးတွေကို နားလည်လို့ တောင်းဆိုနေကြတာမဟုတ်ဘဲနဲ့ တစ်နေ့အလုပ်ချိန် ၈ နာရီဆိုတာတောင်မှ တောင်းဆိုရမှန်းမသိဘဲနဲ့ တစ်နေ့ကို ၁၄ နာရီ ၁၅ နာရီလုပ်ရာကနေ ပြီးတော့ တစ်နေ့ ၁၂ နာရီလောက်တော့ သတ်မှတ်ပေးပါလို့ တောင်းဆိုနေကြတယ်”

ဇွန် ၂၁ ထုတ် Popular News အတွဲ (၄) အမှတ် (၂၄) တွင်ပါသည့် “အလုပ်ချိန် ၈ နာရီ တောင်းဆိုရကောင်းမှန်း စက်မှုဇုံလုပ်သားများမသိဟု ကိုကိုကြီးဆို” သတင်းမှ ကောက်နှုတ်ချက်

 -----------------------------------------------------------------------------------------------------------------------------------

“ငြိမ်းချမ်းရေးက လက်မှတ်ထိုးရုံနဲ့ ရသွားမလားဆိုတော့ လက်မှတ်ထိုးရုံနဲ့တော့ ပြီးသွားမှာမဟုတ်ဘူး။ ဓာတ်ပုံပြပွဲတွေလုပ်ရမယ်။ ပြည်သူတွေကို လှုံ့ ဆော်ပေးမယ်။ ဂီတသမားတွေ၊ အနုပညာသမားတွေကလည်း အနုပညာနဲ့ ပတ်သက်ပြီးတော့ တာဝန်ယူပြီးတော့ အားလုံးဝိုင်းပြီးတော့ တာဝန်ယူပြီး တည်ဆောက်သွားရမယ်လို့ ကျွန်တော်တို့ကယုံကြည်လို့ လက်မှတ်ထိုးပြီး ဆန္ဒပြတဲ့လှုပ်ရှားမှုကို လုပ်ဆောင်နေတာဖြစ်ပါတယ်”

ဇွန် ၂၁ ထုတ် ပြည်သူ့ခေတ် အတွဲ (၂) အမှတ် (၉၉) တွင်ပါသည့် “ထာဝရ ငြိမ်းချမ်းရေး ၆၇ လှုပ်ရှားမှု ပြည်သူများ၏လက်မှတ်ပေါင်း တစ်သိန်းကျော်ရရှိ ထား” သတင်းမှ ယင်းလှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်နေသူ ကိုကြည်ဇင်သာ (GW) ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ကျွန်တော်တို့က ဒေသခံတွေရဲ့ လုပ်ခကို ထိုင်းအလုပ်သမားတွေနဲ့ တန်းတူမဖြစ်ဘူးဆိုရင်တောင် ရသင့်ရထိုက်တဲ့နှုန်းတစ်ခု ရလာအောင် တောင်းဆို ပေးသွားမှာပါ။ အခုအခြေအနေက ကျွန်တော်တို့ဒေသမှာလာပြီး တည်ဆောက်နေတဲ့ ဒီစီမံကိန်းမှာ ဒေသခံတွေရဲ့ အကျိုးခံစားခွင့်က သူတို့ရဲ့အလုပ်သ မားတွေနဲ့ ယှဉ်မယ်ဆို ကွာဟချက်များနေတုန်းပါပဲ”

ဇွန် ၂၁ ထုတ် 7DAY NEWS အတွဲ (၁၁) အမှတ် (၁၅) တွင်ပါသည့် “ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် မြန်မာလုပ်သားများ၏ လုပ်ခ ထိုင်းလုပ် သားများ၏ ထက်ဝက်သာရဆဲ” သတင်းမှ ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (Dawei Development Associat- ion-DDA) မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

 **********************************************

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs